Issues
Nibbāna Gāminipaṭipadā Vol 2
Nibbāna Gāminipaṭipadā Vol 2

NGP-Vol2-[386]a အာလောကိတေ ဝိလောကိတေ သမ္ပဇာနကာရီ ဟော

කතුවරයා: IAPT

အာလောကိတေ ဝိလောကိတေ သမ္ပဇာနကာရီ ဟောတိ၊

= တည့်တည့်ကြည့်ရာ စောင်းငဲ့ကြည့်ရာ၌ သမ္ပဇဉ်ဉာဏ်ဖြင့် ပြုလေ့ရှိ၏။

ဤ၌ ရှေ့တူရူကြည့်ခြင်း = ရှေ့တည့်တည့်ကြည့်ခြင်းသည် အာလောကိတ မည်၏၊ အထောင့်အရပ်ကို ကြည့်ခြင်း = တစောင်းကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းသည် ဝိလောကိတ မည်၏။ အောက်သို့ကြည့်ခြင်း အထက်သို့ ကြည့်ခြင်း နောက်သို့ ကြည့်ခြင်းတို့ကား ရဟန်းတော်တို့အဖို့ ကြည်ညိုဖွယ်ဂုဏ်ကို ဆောင်နိုင်သော လျောက်ပတ်သော ကြည့်ခြင်းမျိုးတို့ မဟုတ်၍ ဤ၌ ဟောတော်မမူခြင်း ဖြစ်သည်၊ တည့်တည့် ကြည့်ခြင်းစောင်းငဲ့ကြည့်ခြင်း ဤနှစ်မျိုးတို့သည်သာလျှင် ရဟန်းတော်တို့နှင့် လျော်လျောက်ပတ်သော ကြည့်ခြင်းမျိုးများ ဖြစ်သောကြောင့် ဤနှစ်မျိုးကိုသာ ယူ၍ ဘုရားရှင်သည် ဟောကြားထားတော်မူပေသည်။ တစ်နည်းဆိုရသော်ကြည့်ခြင်းအားလုံးတို့ကိုလည်း ဤတည့်တည့်ကြည့်ခြင်း စောင်းငဲ့ကြည့်ခြင်းကို အဦးမူသဖြင့် သိမ်းကျုံးယူအပ်ပြီးသာလျှင် ဖြစ်ပေသည်။ (အဘိ၊ဋ္ဌ၊၂၊၃၃၉-၃၄၀။ မ၊ဋ္ဌ၊၁၊၂၆၅-၂၆၆။)