အတိတ်၌ သောမနဿဖြစ်ပုံ
အတီတန္တိ ပဋိလဒ္ဓံ။ ပစ္စုပ္ပန္နံ တာဝ အာရဗ္ဘ သောမနဿံ ဥပ္ပဇ္ဇတု၊ အတီတေ ကထံ ဥပ္ပဇ္ဇတီတိ။ အတီ-တေပိ “ယထာဟံ ဧတရဟိ ဣဋ္ဌာရမ္မဏံ အနုဘဝါမိ၊ ဧဝံ ပုဗ္ဗေပိ အနုဘဝိ”န္တိ အနုဿရန္တဿ ဗလဝသောမနဿံဥပ္ပဇ္ဇတိ။ (မ၊ဋ္ဌ၊၄၊၁၈၆။)
= ပစ္စုပ္ပန်အာရုံ (၆)ပါးကို အာရုံပြု၍ သောမနဿဝေဒနာ ဖြစ်တန်စေ၊ အတိတ်ကရအပ်ခဲ့ဖူးသော အတိတ်အာရုံ (၆)ပါး၌ အဘယ်သို့လျှင် သောမနဿဝေဒနာ ဖြစ်နိုင်ပါသနည်းဟု မေးရန်ရှိ၏။ အဖြေမှာ ဤသို့ ဖြစ်၏။ “ငါသည် ယခုအခါ၌ ဣဋ္ဌာရုံကို ခံစားရသကဲ့သို့ အလားတူပင် ရှေး၌လည်း ခံစားခဲ့ဖူးလေပြီ”ဟု လက်ငင်းခံစားဆဲ အာရုံကို ပိုင်းခြားယူခြင်းကို အစဉ်လျှောက်သဖြင့် အတိတ်အာရုံကို အစဉ်လျှောက်၍ အောက်မေ့ သတိရသော ပုဂ္ဂိုလ်၏ သန္တာန်၌ အားကောင်းသည့် ဗလဝသောမနဿဝေဒနာသည် ဖြစ်ပေါ်လာပေ၏။ (မ၊ဋ္ဌ၊၄၊၁၈၆။)