Issues
Nibbāna Gāminipaṭipadā Vol 2
Nibbāna Gāminipaṭipadā Vol 2

NGP-Vol2-[572] သတိပဋ္ဌာန်လေးပါး - ဒုတိယဆင့်

ຜູ້ຂຽນ: IAPT

သတိပဋ္ဌာန်လေးပါး - ဒုတိယဆင့်

ဣတိ အဇ္ဈတ္တံ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ကာယေ ကာယာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၁။)

ဤသို့လျှင် အဇ္ဈတ္တ ကာယ၌မူလည်း (= ရူပကာယ၌မူလည်း, တစ်နည်း --- ရူပကာယ, နာမကာယ၌မူလည်း) ကာယဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ ဗဟိဒ္ဓ ကာယ၌မူလည်း ကာယဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ အဇ္ဈတ္တ ဗဟိဒ္ဓ ကာယ၌မူလည်း ကာယဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ (ကာယာနုပဿနာ- အာနာပါနပိုင်း, ဣရိယာပထပိုင်း, သမ္ပဇဉ်ပိုင်း, ပဋိကူလမနသိကာရပိုင်း, ဓာတုမနသိကာရပိုင်း, နဝသိဝထိကပိုင်းဟူသော အပိုင်းကြီး (၁၄)ပိုင်းတို့တွင် ပုံစံတူ ဟောကြားထားတော်မူပေသည်။)

ဣတိ အဇ္ဈတ္တံ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဝေဒနာသု ဝေဒနာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၅။)

ဤသို့လျှင် အဇ္ဈတ္တ ဝေဒနာတို့၌မူလည်း ဝေဒနာဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ဗဟိဒ္ဓ ဝေဒနာတို့၌မူလည်း ဝေဒနာဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ အဇ္ဈတ္တ ဗဟိဒ္ဓ ဝေဒနာတို့၌မူလည်း ဝေဒနာဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ (မ၊၁၊၇၅။)

ဣတိ အဇ္ဈတ္တံ ဝါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ စိတ္တေ စိတ္တာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၆။)

= ဤသို့လျှင် အဇ္ဈတ္တ စိတ်၌မူလည်း စိတ်ဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ဗဟိဒ္ဓ စိတ်၌မူလည်း စိတ်ဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ အဇ္ဈတ္တ ဗဟိဒ္ဓ စိတ်၌မူလည်း စိတ်ဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ (မ၊၁၊၇၆။)

ဣတိ အဇ္ဈတ္တံ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ ဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ၊ အဇ္ဈတ္တဗဟိဒ္ဓါ ဝါ ဓမ္မေသု ဓမ္မာနုပဿီ ဝိဟရတိ။ (မ၊၁၊၇၇-၇၈-၈၀-၈၁-၉၀။)

ဤသို့လျှင် အဇ္ဈတ္တ ဓမ္မသဘောတရားတို့၌မူလည်း ဓမ္မသဘောတရားဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ ဗဟိဒ္ဓ ဓမ္မသဘောတရားတို့၌မူလည်း ဓမ္မသဘောတရားဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏၊ အဇ္ဈတ္တ ဗဟိဒ္ဓ ဓမ္မသဘောတရားတို့၌မူလည်း ဓမ္မသဘောတရားဟု အဖန်ဖန် အထပ်ထပ် ရှုလေ့ရှိသည် ဖြစ်၍ နေ၏။ (မ၊၁၊၇၇-၇၈ ...) (ဓမ္မာနုပဿနာ-နီဝရဏပိုင်း, ခန္ဓပိုင်း, အာယတနပိုင်း,ဗောဇ္ဈင်ပိုင်း, သစ္စာပိုင်းဟူသော ငါးပိုင်းလုံး၌ ပုံစံတူ ဟောကြားထားတော်မူပေသည်။)