Issues
Nibbāna Gāminipaṭipadā Vol 2
Nibbāna Gāminipaṭipadā Vol 2

NGP-Vol2-[532] ဣတိ ရူပဿ သမုဒယော၊ ဣတိ ရူပဿ အတ္ထင်္ဂ

Author: IAPT

ဣတိ ရူပဿ သမုဒယော၊ ဣတိ ရူပဿ အတ္ထင်္ဂမော

ဣတိ ရူပဿ သမုဒယောတိ ဧဝံ အဝိဇ္ဇာသမုဒယာဒိဝသေန ပဉ္စဟာကာရေဟိ ရူပဿ သမုဒယော။ ဣတိ ရူပဿ အတ္ထင်္ဂမောတိ ဧဝံ အဝိဇ္ဇာနိရောဓာဒိဝသေန ပဉ္စဟာကာရေဟိ ရူပဿ အတ္ထင်္ဂမော။ ဝေဒနာဒီသုပိ ဧသေဝ နယော။ (ဒီ၊ဋ္ဌ၊၂၊၃၇၃။ မ၊ဋ္ဌ၊၁၊၂၉၁။)

  • ၁။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံဟူသော အတိတ်အကြောင်းတရားတို့ကြောင့် တစ်နည်းဆိုရသော်ရှေးရှေးဘဝက ပြီးစီးခဲ့သော အကြောင်းတရားတို့ကြောင့် ကမ္မဇရုပ်တို့၏ ထင်ရှားဖြစ်ပုံကိုလည်းကောင်း,
  • ၂။ စိတ်ကြောင့် စိတ္တဇရုပ်တို့၏ ထင်ရှားဖြစ်ပုံကိုလည်းကောင်း,
  • ၃။ ဥတုကြောင့် ဥတုဇရုပ်တို့၏ ထင်ရှားဖြစ်ပုံကိုလည်းကောင်း,
  • ၄။ အာဟာရကြောင့် အာဟာရဇရုပ်တို့၏ ထင်ရှားဖြစ်ပုံကိုလည်းကောင်း,
  • ၅။ ယင်း ကမ္မဇရုပ်, စိတ္တဇရုပ်, ဥတုဇရုပ်, အာဟာရဇရုပ်တို့၏ နိဗ္ဗတ္တိလက္ခဏာဟူသော ဖြစ်ခြင်းသဘော

တရားကိုလည်းကောင်း ဉာဏ်ဖြင့် ရှုမြင်ခဲ့သော် ရုပ်တရား၏ ဖြစ်ကြောင်းသဘောနှင့် ဖြစ်ခြင်းသဘောကို ရှုမြင်သည် မည်၏။

  • ၁။ အဝိဇ္ဇာ-တဏှာ-ဥပါဒါန်-သင်္ခါရ-ကံ စသော အကြောင်းတရားတို့၏ အရဟတ္တမဂ်ကြောင့် နောင်တစ်ဖန်မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းဟူသော အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းသွားသောအခါ ပရိနိဗ္ဗာနစုတိ၏ နောက်ဆွယ်ဝယ် ကမ္မဇရုပ်တို့၏ နောင်တစ်ဖန် မဖြစ်သော ချုပ်ခြင်းဖြင့် ချုပ်ငြိမ်းခြင်းဟူသော အနုပ္ပါဒနိရောဓ သဘောအားဖြင့် ချုပ်ငြိမ်းပုံကိုလည်းကောင်း,
  • ၂။ စိတ်ချုပ်ခြင်းကြောင့် စိတ္တဇရုပ်တို့၏ ချုပ်ငြိမ်းပုံကိုလည်းကောင်း,
  • ၃။ ဥတုချုပ်ခြင်းကြောင့် ဥတုဇရုပ်တို့၏ ချုပ်ငြိမ်းပုံကိုလည်းကောင်း,
  • ၄။ အာဟာရချုပ်ခြင်းကြောင့် အာဟာရဇရုပ်တို့၏ ချုပ်ငြိမ်းပုံကိုလည်းကောင်း,
  • ၅။ ယင်း ကမ္မဇရုပ် စိတ္တဇရုပ် ဥတုဇရုပ် အာဟာရဇရုပ်တို့၏ ပျက်ခြင်း ဘင်ဟူသော ဝိပရိဏာမလက္ခဏာကိုလည်းကောင်း ဉာဏ်ဖြင့် ရှုမြင်ခဲ့သော် ရုပ်တရား၏ ချုပ်ကြောင်းသဘောနှင့် ချုပ်ခြင်းသဘောကို ရှုမြင်သည် မည်၏။

ဝေဒနာက္ခန္ဓာ စသည်တို့၌လည်း နည်းတူပင် မှတ်ပါ။ (အကျယ်ကား ပဋိစ္စသမုပ္ပါဒ်ပိုင်းတွင်လည်းကောင်း,ဝိပဿနာပိုင်းတွင်လည်းကောင်း ထင်ရှားပေလတ္တံ့။)