ကာယာနုပဿနာ သတိပဋ္ဌာန်(က) အာနာပါနပဗ္ဗ = အာနာပါနပိုင်း ပထမဆင့်
သော သတောဝ အဿသတိ၊ သတောဝ ပဿသတိ။
- ၁။ ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ။ ဒီဃံ ဝါ ပဿသန္တော ဒီဃံ ပဿသာမီတိ ပဇာနာတိ။
- ၂။ ရဿံ ဝါ အဿသန္တော ရဿံ အဿသာမီတိ ပဇာနာတိ။ ရဿံ ဝါ ပဿသန္တော ရဿံ ပဿသာမီတိ ပဇာနာတိ။
- ၃။ သဗ္ဗကာယပဋိသံဝေဒီ အဿသိဿာမီတိ သိက္ခတိ။ သဗ္ဗကာယပဋိသံဝေဒီ ပဿသိဿာမီတိ သိက္ခတိ။
- ၄။ ပဿမ္ဘယံ ကာယသင်္ခါရံ အဿသိဿာမီတိ သိက္ခတိ။ ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။
သေယျထာပိ ဘိက္ခဝေ ဒက္ခော ဘမကာရော ဝါ ဘမကာရန္တေဝါသီ ဝါ ဒီဃံ ဝါ အဉ äန္တော “ဒီဃံ အဉ္ဆာမီ”တိ ပဇာနာတိ၊ ရဿံ ဝါ အဉ္ဆန္တော “ရဿံ အဉ္ဆာမီ”တိ ပဇာနာတိ။ ဧဝမေဝ ခေါ ဘိက္ခဝေ ဘိက္ခု ---
ဒီဃံ ဝါ အဿသန္တော ဒီဃံ အဿသာမီတိ ပဇာနာတိ။ ပ ။ ပဿမ္ဘယံ ကာယသင်္ခါရံ ပဿသိဿာမီတိ သိက္ခတိ။ (မ၊၁၊၇၀-၇၁။)
ထိုရဟန်းသည် ---
သတိရှိလျက်သာလျှင် ဝင်သက်လေကို ဖြစ်စေ၏။ သတိရှိလျက်သာလျှင် ထွက်သက်လေကို ဖြစ်စေ၏။
- ၁။ ရှည်စွာမူလည်း ဝင်သက်လေကို ဖြစ်စေသည်ရှိသော် ရှည်စွာ ဝင်သက်လေကို ဖြစ်စေ၏ဟု သိ၏။ ရှည်စွာမူလည်း ထွက်သက်လေကို ဖြစ်စေသည်ရှိသော် ရှည်စွာ ထွက်သက်လေကို ဖြစ်စေ၏ဟု သိ၏။
- ၂။ တိုစွာမူလည်း ဝင်သက်လေကို ဖြစ်စေသည်ရှိသော် တိုစွာ ဝင်သက်လေကို ဖြစ်စေ၏ဟု သိ၏။ တိုစွာမူလည်း ထွက်သက်လေကို ဖြစ်စေသည်ရှိသော် တိုစွာ ထွက်သက်လေကို ဖြစ်စေ၏ဟု သိ၏။
- ၃။ ဝင်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ ထွက်သက်လေ၏ အစ-အလယ်-အဆုံး အကုန်လုံးကို ထင်ထင်ရှားရှား သိလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။
- ၄။ ရုန့်ရင်းကြမ်းတမ်းသော ဝင်သက်လေကို ငြိမ်းစေလျက် ဝင်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ ရုန့်ရင်းကြမ်းတမ်းသော ထွက်သက်လေကို ငြိမ်းစေလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။
ရဟန်းတို့ ...ဥပမာသော်ကား --- ကျွမ်းကျင်သော ပွတ်သမားသည်သော်လည်းကောင်း, ပွတ်သမား၏တပည့်သည်သော်လည်းကောင်း ပွတ်ကြိုးကို ရှည်ရှည် ဆွဲငင်လျှင်လည်း ရှည်ရှည်ဆွဲငင်၏ဟု သိ၏၊ ပွတ်ကြိုးကို တိုတိုဆွဲငင်လျှင်လည်း တိုတိုဆွဲငင်၏ဟု သိ၏။ ရဟန်းတို့ ...ဤဥပမာအတူပင် ယောဂါဝစရရဟန်းသည်-
ရှည်စွာမူလည်း ဝင်သက်လေကို ဖြစ်စေသည်ရှိသော် ရှည်စွာ ဝင်သက်လေကို ဖြစ်စေ၏ဟု သိ၏။ ပ ။ ရုန့်ရင်းကြမ်းတမ်းသော ထွက်သက်လေကို ငြိမ်းစေလျက် ထွက်သက်လေကို ဖြစ်စေအံ့ဟု ကျင့်၏။ (မ၊၁၊၇၀-၇၁။)
ဤကား အာနာပါနပဗ္ဗ = အာနာပါနပိုင်း ပထမဆင့် ဖြစ်ပါသည်။ ဤအာနာပါနပိုင်း ပထမဆင့်တွင် -
- ၁။ အာနာပါန စတုတ္ထဈာန်သို့တိုင်အောင် သမာဓိကို ထူထောင်ပုံ အပိုင်းကိုလည်းကောင်း,
- ၂။ အဿာသပဿာသကာယ --- အမည်ရသော ရုပ်တရား,
- ၃။ ထိုအဿာသပဿာသကာယ၏ မှီရာဖြစ်သော ကရဇကာယ အမည်ရသော စတုသမုဋ္ဌာနိကရုပ်တရား,
- ၄။ ထိုရုပ်တရားကို အာရုံပြု၍ ဖြစ်ပေါ်လာကြကုန်သော နာမ်တရား,
- ၅။ အာနာပါန ပထမဈာန် ဒုတိယဈာန် တတိယဈာန် စတုတ္ထဈာန် နာမ်တရား ---
ဤ ရုပ်တရား နာမ်တရားတို့ကို သိမ်းဆည်းပုံ အပိုင်းကိုလည်းကောင်း ရေးသားတင်ပြခဲ့ပြီးလေပြီ။ အာနာပါနပိုင်းဆိုင်ရာ ကာယာနုပဿနာသတိပဋ္ဌာန် ပထမဆင့်ပင် ဖြစ်သည်။