Issues
Chọn phiên bản
နိဿယ-1
မြန်မာဘာသာ
Jātakapāḷi(Paṭhamo bhāgo)
Jātakapāḷi(Paṭhamo bhāgo)

3. Serivavāṇijajātakaṃ

Tác giả: နိဿယ-1 @ IAPT

(၃) နတ်နှင့်တကွသောလောကကိုဆုံးမတော်မူတတ်သောသဗ္ဗညု မြတ်စွာဘုရားသည်။ ဣဓစေနံဝိရာဓေသိ,အစရှိသောဂါထာပုဒ်ဖြင့်တန်းဆာဆင်အပ်သောဤသေရိဝဝါဏိဇဇာတ်ကို၊သာဝတ္ထိပြည်ဇေတဝန်ကျောင်းကြီး၌နေတော်မူစဉ်၊တယောက်သော လျော့သောဝီရိယရှိသည်သာလျှင်ဖြစ်သောရဟန်းကိုပင်အကြောင်းပြု၍ဟောတော်မှု၏။ ။

သေရိဝေါ၊ သေရိဝအမည်ရှိသော။ အယံဝါဏိဇော၊ ဤရွဲကုန်သည်မိုက်သည်။ အနုတပ္ပတိဣဝ၊ အဖန်တလဲလဲစိုးရိမ်ရ၏သို့။ ဧဝံတထာ၊ ထို့အတူ။ တွံ၊ သင်သည်။ ဣဓ၊ ဤသာသနာတော်၌။ သဒ္ဓမ္မဿ၊ သူတော်ကောင်းတရား၏။ နိယာမကံ၊ မှတ်ကြောင်းမြဲကြောင်းဖြစ်သောသောတာပတ္တိမဂ်ကို။ စေဝိရာဓေသိ၊ အကယ်၍ချွတ်ယွင်းစေအံ့။ စိရံ၊ အခါလေးမြင့်။ အနုတပ္ပေသိ၊ အဖန်တလဲလဲစိုးရိမ်ရလတ္တံ့။ ။

အဓိပ္ပါယ်ကား။ ရှေး၌သေရိဝ အမည်ရှိသော ရွဲကုန်သည်သည် အဖိုးတစ်သိန်းထိုက်သောရွှေခွက်ကိုမရ၍ထိုရွှေခွက်ကိုယူအံ့သောငှါ လုံ့လကိုမပြုမူ၍ ထိုရွှေခွက်မှယုတ်သည်ဖြစ်၍ အဖန်တလဲလဲစိုးရိမ်ရ၏။ ထို့အတူသင်သည်လည်း ဤသာသနာတော်၌စပ်သော ရွှေခွက်နှင့်တူသောအရိယမဂ်ကိုလျှော့သောဝီရိယရှိသည်၏အဖြစ်ကြောင့်မရ၍ထိုအရိယမဂ်မှယုတ်သည်ဖြစ်၍အဖန်တလဲလဲအစဉ်စိုးရိမ်ရလတ္တံ့။ဝီရိယကိုအကယ်၍မလျှော့လတ္တံ့။ပညာရှိသောရွဲကုန်သည်သည်ရွှေခွက်ကိုရ၏သို့။ထို့အတူငါဘုရားသာသနာတော်၌ကိုးပါးအပြားရှိသည်လည်းဖြစ်သော လောကုတ္တရာတရားကိုရလတ္တံ့ ဟူလိုသော်။ ။ ဤသို့လျှင်ထိုရဟန်းအား မြတ်စွာဘုရားသည် အရဟတ္တဖိုလ်ဖြင့်ဒေသနာတော်၏အထွတ်ကိုယူလျက်။ဤဓမ္မဒေသနာတော်ကိုပြတော်မူပြီး၍သစ္စာလေးပါးတို့ကိုပြတော်မူ၏။သစ္စာကိုပြတော်မူသည်၏အဆုံး၌လျှော့သောဝီရိယရှိသောရဟန်းသည်မြတ်သောအရဟတ္တဖိုလ်၌တည်၏။

သေရိဝဇာတကံတတိယံ။ ။