Issues
Select Version
Bhikkhupātimokkhapāḷi
  • Nidānaṃ
  • Nidānuddeso
  • Pārājikuddeso
  • Saṅghādisesuddeso
  • Aniyatuddeso
  • Nissaggiyapācittiyā
  • Suddhapācittiyā
  • Pāṭidesanīyā
  • Sekhiyā
  • Adhikaraṇasamathā
Bhikkhupātimokkhapāḷi
  • Nidānaṃ
  • Nidānuddeso
  • Pārājikuddeso
  • Saṅghādisesuddeso
  • Aniyatuddeso
  • Nissaggiyapācittiyā
  • Suddhapācittiyā
  • Pāṭidesanīyā
  • Sekhiyā
  • Adhikaraṇasamathā

Saṅghādisesuddeso

Author: 草稿 @ sirīnanda

.
အသျှင်တို့ တစ်ဆယ့်သုံးပါးကုန်သော သံဃာဒိသိသ် သံဃာဒိသေသ ကို သံဃ အာဒိသေသ-ဟု ပုဒ်ခွဲ၊သံဃာကို အစ၌လည်းကောင်း၊အကြွင်း(အလယ်,အဆုံး)၌လည်းကောင်း အလိုရှိရသောကြောင့် သံဃာဒိသိသ်အာပတ် မည်၏။အမည်ရကုန်သော ဤအာပတ်တို့သည် သရုပ်အားဖြင့် ပြအပ်သည့် အဖြစ်သို့ရောက်ကုန်၏။
အိပ်မက်၌ သုက်လွှတ်ခြင်းမှတစ်ပါး စေတနာတှင့်တကွဖြစ်သော သုက်လွှတ်ခြင်းသည် သံဃာဒိသိသ် အာပတ်သင့်၏။
အကြင်ရဟန်းသည် ရာဂဘီလူး ပူးဝင်အပ်သည်ဖြစ်၍ဖောက်ပြန်သောစိတ်ဖြင့် မတုဂါမနှင့် အတူတကွ ကိုယ်လက်နှီးနှောခြင်းသို့ ရောက်ငြားအံ့၊လက်ကို ကိုင်ခြင်းသို့လည်းကောင်း၊တစ်ပါးပါးသော အင်္ဂါကြီးငယ်ကို သုံးသပ်ကိုင်တွယ်ခြင်းသို့လည်းကောင်း ရောက်ငြားအံ့၊(ထိုရဟန်းအား)သံဃာဒိသိသ်အာပတ် သင့်၏။ (ဝိ မြန် ၁၊၁၇၈)
အကြင်ရဟန်းသည် ရာဂဘီလူး ပူးဝင်အပ်သည်ဖြစ်၍ဖောက်ပြန်သောစိတ်ဖြင့်မိန်းမကို ရုန့်ရင်းကြမ်းတမ်း‌သောစကားတို့ဖြင့် လုလင်ပျိုကို မေထုန်နှင့်စပ်သော စကားတို့ဖြင့် ပြက်ရယ်ပြောဆိုသကဲ့သို့ ပြက်ရယ်ပြောဆိုငြားအံ့၊ (ထိုရဟန်းအား)သံဃာဒိသိသ်အာပတ် သင့်၏။ (ဝိ မြန် ၁၊၁၉၁)
အကြင်ရဟန်းသည် ရာဂဘီလူး ပူးဝင်အပ်သည်ဖြစ်၍ဖောက်ပြန်သောစိတ်ဖြင့်မိန်းမ၏ အထံ၌ မိမိအလိုရှိသော ကာမဖြင့်လုပ်ကျွေးခြင်း၏ကျေးဇူးကို ပြောဆိုငြားအံ့၊“နှမအကြင်မိန်းမသည် အကျင့်သီလရှိသော ကောင်းသော တရားရှိသော မြတ်သောအကျင့်ကို ကျင့်လေ့ရှိသော ငါကဲ့သို့ သောသူကို ထိုမေထုန်အမှုဖြင့် လုတ်ကျွေးခြင်းတကာတို့တွင် အမြတ်ဆုံးပေတည်း”ဟု မေထုန်နှင့်စပ်သော စကားဖြင့် ပြောဆိုငြားအံ့၊ (ထိုရဟန်းအား)သံဃာဒိသိသ်အာပတ် သင့်၏။ (ဝိ မြန် ၁၊၁၉၈)
အကြင်ရဟန်းသည် မိန်းမအားမူလည်း ယောကျာ်း၏အလိုကိုမယားဖြစ်စေလိုသောကြောင့်သော်လည်းကောင်း၊ ယောကျာ်းအမူလည်းမိန်းမ၏အလိုကို လင်ဖြစ်စေလိုသောကြောင့်လည်းကောင်း အောင်သွယ်မှုကို ပြုငြားအံ့၊ အယုတ်ဆုံးအားဖြင့် ထိုခဏမျှ ပေါင်းဖော်အပ်သောအခိုက်အတန့် မယားအားလည်း အောင်သွယ်မှုကို ပြုငြားအံ့၊ (ထိုရဟန်းအား)သံဃာဒိသိသ်အာပတ် သင့်၏။ (ဝိ မြန် ၁၊၂၀၈)
ကိုယ်တိုင်တောင်းအပ်သော အရာဝတ္ထုဖြင့် (ဆောက်လုပ်သူဒါယကာ) အရှင်မရှိသော မိမိဟူသော ရည်ညွှန်းအပ်သော ပုဂ္ဂိုလ်ရှိသောကျောင်းကို ဆောက်လုပ်စေလိုသော ရဟန်းသည်ကား အတိုင်းအရှည်ပမာဏရှိသော ကျောင်းကို ဆောက်လုပ်စေအပ်၏။
ဤ (ဆိုလတ္တံ့ကား) ထိုကျောင်း၏ အတိုင်းအရှည်ပမာဏတည်း၊မြတ်စွာဘုရားအထွာတော်ဖြင့် အလျား နှစ်ဆယ်ထွာ အနံခုနှစ်ထွာတို့တည်း၊ရဟန်းတို့ကို ကျောင်းရာကြားစေရန် ပင့်ဆောင်အပ်ကုန်၏၊ထိုရဟန်းတို့သည် (ပိုး-ရွ-ခြပုန်းစသော) ဘေရန်ပိုး-ရွ စသော ဘေရန်းဟူသည်- (၁) ပုရွက်ဆိတ်တို့နေရာ၊ (၂) ခြတို့နေရာ၊(၃) ကြွက်တို့နေရာ၊(၄) မြွေတို့နေရာ၊(၅) ကင်းမြီးကောတို့နေရာ(၆) ကင်းခြေများတို့နေရာ၊(၇) ဆင်တို့နေရာ၊(၈) မြင်းတို့နေရာ၊(၉) ခြင်္သေ့တို့နေရာ၊(၁၀) ကျားတို့နေရာ၊(၁၁) သစ်တို့နေရာ၊(၁၂) ဝ့တို့နေရာ၊(၁၃) အောင်းတို့နေရာ၊(၁၄) အမှတ်မရှိသော သတ္တဝါတို့နေရာ၊(၁၅) စပါးခင်းကိုမှီသောနေရာ၊(၁၆) ပဲခင်းကိုမှီသောနေရာ၊(၁၇) ခိုးသူသတ်သော ‌ထောင်ကိုမှီသောနေရာ၊(၁၈) လူသတ်ကုန်းကိုမှီသောနေရာ၊(၁၉) သင်္ချိုင်းကိုမှီသောနေရာ၊(၂၀) ဥယျာဉ်ကိုမှီသောနေရာ၊(၂၁) မင်းနေရာကိုမှီသောနေရာ၊(၂၂) ဆင်တင်းကုပ်ကိုမှီသောနေရာ၊(၂၃) မြင်းတင်းကုပ်ကိုမှီသောနေရာ၊(၂၄) နှောင်အိမ်ကိုမှီသောနေရာ၊(၂၅) သေတင်းကုပ်ကိုမှီသောနေရာ၊(၂၆) အမဲတင်းကုပ်ကိုမှီသောနေရာ၊(၂၇) ခရီးလမ်းကိုမှီသောနေရာ၊(၂၈) ခရီးဆုံကိုမှီသောနေရာ၊(၂၉) သဘင်ကိုမှီသောနေရာ၊(၃၀) ထုတ်ချင်းထွင်းခရီးကိုမှီသောနေရာတို့တည်း။ (ဝိ၊ ၁၊၂၂၆)မရှိသော လှည်းလှည့်လည်လောက်သော ဥပစာရှိသော ကျောင်းရာကို ပြောကြားအပ်ကုန်၏၊ ရဟန်းသည်း (ပိုး-ရွ-ခြပုန်းစသော) ဘေးရန် ရှိ‌သော လှည်းလှည့်လည်လောက်သော ဥပစာမရှိသော ကျောင်းရာ၌ ကိုယ်တိုင်တောင်းအပ်သော အရာဝတ္တုတို့ဖြင့် ‌ကျောင်းကို ဆောက်လုပ်စေငြားအံ့၊ရဟန်းတို့ကိုလည်း ကျောင်းရာပြောကြားခြင်းငှာ မပင့်ဆောင်ငြားအံ့၊အတိုင်းအထွာပမာဏကိုလည်း လွန်စေငြားအံ့၊ (ထိုရဟန်းအား) သံဃာဒိသိသ်အာပတ်သင့်၏။ (ဝိ မြန် ၁၊၂၃၁)
(ဆောက်လုပ်သူ ဒါယကာ) အရှင်ရှိသော မိမိဟူသောရည်ညွှန်းအပ်သော ပုဂ္ဂိုလ်ရှိသော ကြီးသောကျောင်းကို ‌ဆောက်လုပ်စေလိုသော ရဟန်းသည်ကား ရဟန်းတို့ကို ကျောင်းရာကို‌ပြောကြားခြင်းငှာပင့်ဆောင်အပ်ကုန်၏။
ထိုရဟန်းတို့သည် ဘေးရန်မရှိသော လှည်းလှည့်လ်ညလောက်သော ဥပစာရှိသော ကျောင်းရာ၌ ကြီးသောကျောင်းကို ‌ဆောက်လုပ်စေငြားအံ့၊ရဟန်းတို့ကိုသော်လည်း ကျောင်းရာကို ပြောကြားခြင်းငှဦ မပင့်ဆောင်ငြားအံ့၊(ထိုရဟန်းအား) သံဃာ ဒိသိသ်အာပတ် သင့်၏။ (ဝိ မြန် ၁၊၂၅၀)
အကြင်ရဟန်းသည် ရဟန်းကို ဒေါသဖိစီး ဖျက်ဆီးလိုသောစိတ်ရှိသောဖြစ်၍,မနှစ်လိုသည်ဖြစ်၍ အခြေအမြစ် မရှိသော ပါရာဇိကအာပတ်ဖြင့် ထိုရဟန်းကို ဤမြတ်သောအကျင့်မှ ရွေ့လျောစေနိုင်ရာ၏ဟုကြံ၍ စွပ်စွဲ ဖျက်ဆီးငြားအံ့၊ထိုမှ နောက်အခါ၌ (သူတစ်ပါးတို့)မေးစိစစ်အပ်၍သော်လည်းကောင်း၊မမေးစိစစ်အပ်ဘဲသော်လည်းကောင်းထို အဓိကရုဏ်းသည်လည်း အခြေအမြစ်မရှိသည် ဖြစ်အံ့၊(စွပ်စွဲသော)ရဟန်းသည်လည်း အပြစ်ဒေါသကို ဝန်ခံအံ့၊(ထိုရဟန်းအား) ဿံဃာဒိသိသ်အာပတ် သင့်၏။ (ဝိ မြန် ၁၊၂၆၄)
အကြင်ရဟန်းသည် ရဟန်းကို ဒေါသဖိစီး ဖျက်ဆီးလိုသောစိတ်ရှိသောဖြစ်၍,မနှစ်လိုသည်ဖြစ်၍,အခြားဝတ္တုတစ်ခုနှင့် သက်ဆိုင်၍သိက္ခာပုဒ်နှင့် ငြိစွန်းလောက်သော အချက်တ်စခုခုကို ဆင်တူယိုးမှားကောက်ယူပြီးလျှင် ထိုရဟန်းကို ဤမြတ်သော အကျင့်မှ ရွေ့လျောစေနိုင်ရာ၏ဟု ကြံ၍ ပါရာဇိကအာပတ်ဖြင့် စွပ်စွဲ ဖျက်ဆီးငြားအံ၊ ထိုမှနောက်အခါ၌ (သူတစ်ပါးတို့) မေးစိစစ်အပ်၍သော်လည်းကောင်း၊မမေးစိစစ်အပ်ဘဲသော်လည်းကောင်းထို အဓိကရုဏ်းသည် အခြားဝတ္တုတစ်ခုနှင့် သက်ဆိုင်သည်လည်း ဖြသ်အံ့၊သိက္ခာပုဒ်နှင့် ငြိစွန်းလောက်သော အချက်တ်စခုခုကို ဆင်တူယိုးမှားကောက်ယူအပ်သည်လည်းဖြစ်အံ့၊(စွပ်စွဲသော)ရဟန်းသည်လည်း အပြစ်ဒေါသကို ဝန်ခံအံ့၊(ထိုရဟန်းအား) ဿံဃာဒိသိသ်အာပတ် သင့်၏။ (ဝိ မြန် ၁၊၂၇၂
အကြင်ရဟန်းသည် ညီညွတ်သော သံဃာ၏ ကွဲပြားခြင်းငှာလုံ့လပြုငြားအံ့၊ကွဲပြားခြင်းကို ဖြစ်စေတတ်သော အကြောင်းကိုသော်လည်း ခိုင်မြဲစွာ စွဲယူ ပြုမူ၍ တည်ငြားအံ့၊ထိုရဟန်းကို ရဟန်းတို့သည်"အသျှင်သည်ညီညွတ်သောသံဃာ၏ ကွဲပြားခြင်းငှာ လုံ့လမပြုပါလင့်၊ကွဲပြားခြင်းကို ဖြစ်စေတတ်သော အကြောင်းကိုသော်လည်း ခိုင်မြဲစွာစွဲယူ ပြုမူ၍ မတည်ပါလင့်၊အသျှင်သည် သံဃာနှင့် ညီညွတ်ပါလော၊ညီညွတ်သည်သာလျှင်ဖြစ်သော သံဃာသည် ကောင်းစွာ ဝမ်းမြောက်သည်ဖြစ်၍,မငြင်းခုံသည်ဖြစ်၍ တူသော ပါတိမောက် ပြခြင်းရှိသည်ဖြစ်၍ချမ်းသာစွာ နေရ၏"ဟု ပြောဆိုရာ၏၊ ရဟန်းတို့သည် ဤသို့ဆိုအပ်လျက် ထိုရဟန်းသည် ရှေးနည်းအတူပင် ပြုမူငြားအံ့၊ထိုရဟန်းကိုရဟန်းတို့သည် သုံးကြိမ်တိုင်အောင် ထိုအယူကို စွန့်စိမ့်‌သောငှာကောင်းစွာ ဆိုဆုံမအပ်၏၊ အကယ်၍ သုံးကြိမ်တိုင်အောင် ဆိုဆုံးမအပ်သည်ရှိသော် ထိုအယူကို စွန့်ငြားအံ့၊ ဤသို့ စွန့်ခြင်းသည်ကောင်း ၏၊ အကယ်၍ မစွန့်ငြားအံ့၊ (ထိုရဟန်းအား) သံဃာဒိသိသ်အာပတ် သင့်၏။ (ဝိ မြန် ၁၊၂၈၀)
ထိုရဟန်း၏သာလျှင် နောက်သို့ လိုက်၍ အသင်းကွဲပြားရေး စကားကို ဆိုတတ်သော တစ်ပါးသော်လည်းကောင်း ရဟန်းတို့သည် ရှိကြကုန်၏၊ ထိုရဟန်းတို့သည်"အသျှင်တို့သည် ထိုရဟန်းကို တစ်စုံတစ်ခုံမျှမပြောဆိုကြပါကုန်လင့်၊ထိုရဟန်းသည် တရားသည်ကိုလည်း ဆိုလေ့ရှိပါသည်ထိုရဟန်းသည် တပည့်တော်တို့၏ အလိုကိုလည်းကောင်း၊ထောက်ခံချက်ကိုလည်းကောင်း ယူ၍ သုံးနှုန်းပါသည်၊ တပည့်တော်တို့၏(အလို,ထောက်ခံချက်ကို) သိလည်း သိပါသည်၊တပည့်တော်တို့ကိုနှင့်အတူ ပြောဆို (တိုင်ပင်) ပါသည်၊ထိုအမှုကို တပည့်တော်တို့လည်းနှစ်သက်ပါည်"ဟု ပြောဆိုကုန်ငြားအံ့၊ ထိုရဟန်းတို့ကို ရဟန်းတို့သည် “အသျှင်ဘုရားတို့သည် ဤသို့ မပြောဆိုကြပါကုန်လင့်၊ထိုရဟန်းသည် တရားသည်ကို ဆိုလေ့ရှိသည်လည်း မဟုတ်ပါ၊အသျှင်ဘုရားတို့သည် သံဃာကွဲပြားခြင်းကို မနှစ်သက်အပ်ပါ၊အသျှင်ဘုရားတို့သည် သံဃာနှင့် ညီညွတ်သည်သာလျှင် ဖြစ်သော သံဃာသည်ကောင်းစွာ ဝမ်းမြောက်သည်ဖြစ်၍,တူသော ပါတိမောက် ပြခြင်းရှိသည်ဖြစ်၍ ချမ်းသာစွာ နေရ၏"ဟု ပြောဆိုရာ၏၊ ရဟန်းတို့ကားဤသို့ဆိုအပ်လျက် ထိုရဟန်းတို့သည် ထို(ရှေးနည်း)အတိုင်းပင် ပြုမူကုန်ငြားအံ့၊ထိုရဟန်းတို့ကိုရဟန်းတို့သည် သုံးကြိမ်တိုင်အောင် ထိုအယူကို စွန့်စိမ့်‌သောငှာကောင်းစွာ ဆိုဆုံမအပ်၏၊ အကယ်၍ သုံးကြိမ်တိုင်အောင် ဆိုဆုံးမအပ်သည်ရှိသော် ထိုအယူကို စွန့်ကုန်ငြားအံ့၊ဤသို့ စွန့်ခြင်းသည်ကောင်း ၏၊ အကယ်၍ မစွန့်ငြားအံ့၊ (ထိုရဟန်းတို့အား)သံဃာဒိသိသ်အာပတ် သင့်၏။ (ဝိ မြန် ၁၊၂၈၃-၄)
ရဟန်းသည် ပါတိမောက်လာ သိက္ခာပုဒ်တို့ဖြင့် ဆိုဆုံးမမခက်သော သဘောရှိသည်သာလျှင် ဖြစ်၏၊ ရဟန်းတို့သည် သိက္ခာပုဒ်တို့ဖြင့် ဆိုဆုံးမအပ်သည်ရှိသော် “အသျှင်တို့သည် အကျွန်ုပ်ကို တစ်စုံတစ်ခခု ကောင်းသည်ကိုလည်းကောင်း၊ မကောင်းသည်ကိုလည်းကောင်း မဆိုပါကုန်လင့်၊ တပည့်တော်ကလည်း အသျှင်တို့ကို တစ်စုံတစ်ခုကောင်းသည်ကိုလည်းကောင်း၊မကောင်းသည်ကိုလည်းကောင်း မဆိုပါအံ့၊အသျှင်တို့သည် တပည့်တော်ကို ဆိုခြင်းမှ ရှောင်ကြဉ်ကြပါကုန်လော့”ဟု မိမိကိုယ်ကို မပြောဆိုသင့်သည်ကို ပြု၏၊ ထိုရဟန်းကို ရဟန်းတို့သည် “အသျှင်သည် မိမိကိုယ်ကို မပြောဆိုသင့်သည်ကို မပြုပါလင့်၊ အသျှင်သည်မိမိကိုယ်ကို ဆိုသင့်သည်ကိုသာ ပြုပါလော့၊ အသျှင်ကလည်း ရဟန်းတို့ကိုတရားနှင့်အညီ ဆိုပါလော့၊ ရဟန်းတို့ကလည်း အသျှင့်ကို တရားနှင့်အညီ ဆိုကြပါလိမ့်မည်၊ ဤသို့ အချင်းချင်း ဆိုဆုံးမခြင်း၊အချင်းချင်းအာပတ်မှ ထစေခြင်းဖြင့်သာလျှင် ထိုမြတ်စွာဘုရား၏ ပရိသတ်သည်ကြီးပွားခြင်းသို့ ရောက်နိုင်၏”ဟု ဆိုရာ၏၊ ဤသို့လျှင် ရဟန်းတို့ကဆိုအပ်သည်ဖြစ်လျက် ထိုရဟန်းကို ရဟန်းတို့ညသ် ထိုအယူကို စွန့်စေခြင်းငှာ သုံးကြိမ်တိုင်အောင် ဆိုဆုံးမအပ်၏၊အကယ်၍ သုံးကြိမ်တိုင်အောင် ဆိုဆုံးမအပ်သည်ရှိသော် ထိုအယူကို စွန့်ကုန်ငြားအံ့၊ဤသို့ စွန့်ခြင်းသည်ကောင်း ၏၊ အကယ်၍ မစွန့်ငြားအံ့၊ (ထိုရဟန်းတို့အား)သံဃာဒိသိသ်အာပတ် သင့်၏။ (ဝိ မြန် ၁၊၂၈၇)
အမျိုးတို့ကိုဖျက်ဆီးတတ်သော အမျိုးတို့ကို ဖျက်ဆီးတတ်သော ရဟန်း ဟူသည် ပန်းပေခြင်း စသည်တို့ဖြင့်လူတို့၏ သဒ္ဓါတရားကို ဖျက်ဆီးတတ်သော ရဟန်းတည်း။ယုတ်မာသောအကျင့်ရှိသောရဟန်းသည် တစ်ခုသော ရွာနိဂိုးကို အမှီပြု၍ နေ၏ ၊ ထိုရဟန်း၏ယုတ်မာသော အကျင့်တို့ကို မြင်လည်း မြင်အပ်ကုန်၏၊ကြားလည်းကြားအပ်ကုန်၏၊ထိုရဟန်းသည် ဖျက်ဆီးအပ်ကုန်သော အမျိုးတို့ကိုလည်း မြင်လည်း မြင်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ ထိုရဟန်းကို ရဟန်းတို့သည် “အသျှင်သည်ကား အမျိုးကို ဖျက်ဆီးတတ်၏၊ ယုတ်မာသော အကျင့်ရှိ၏၊ အသျှင်၏ ယုတ်မာသောအကျင့်”တို့ကို မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊အသျှင်သည် ဖျက်ဆီးအပ်ကုန်သော အမျိုးတို့ကိုလည်း မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ အသျှင်သည် ဤကျောင်းတိုင်မှ ဖဲသွားပါလော့၊ အသျှင့်အား ဤကျောင်းတိုင်၌နေခြင်းဖြင့် အကျိုးမရှိသော ထိုရဟန်းသည် ရဟန်းတို့ကို“ရဟန်းတို့သည် ဆန္ဒာဂတိသို့လည်းလိုက်ကုန်၏၊ဒေါသာဂတိသို့လည်း လိုက်ကုန်၏၊ မောဟာဂတိသို့လည်းလိုက်ကုန်၏၊ ဘယာဂသို့လည်း လိုက်ကုန်၏၊ ထိုသို့ သဘောရှိသောအာပတ်ဖြင့် ရဟန်းအချို့ကို နှင်ထုတ်ကုန်၏”ဟု ဆိုငြားအံ့၊ ထိုရဟန်းကို ရဟန်းတို့သည် “အသျှင်သည် ဤသို့ မဆိုပါလင့်၊ ရဟန်းတို့သည် ဆန္ဒာဂတိသို့လည်း မလိုက်ကြပါ၊ ဒေါသာဂတိသို့လည်း မလိုက်ကြပါ၊ မောဟာဂတိသို့လည်း မလိုက်ကြပါ၊ ဘယာဂတိသို့လည်း မလိုက်ကြပါ၊ အသျှင်သည်သာ အမျိုးတို့ကို ဖျက်ဆီးတတ်၏၊ ယုတ်မာသော အကျင့်ရှိ၏၊ အသျှင်၏ ယုတ်မာသောအကျင့်တို့ကို မြင်လည်း မြင်အပ်ကုန်၏၊ကြားလည်း ကြားအပ်ကုန်၏၊အသျှင်သည် ဖျက်ဆီးအပ်ကုန်သော အမျိုးတို့ကိုလည်း မြင်လည်း မြင်အပ်ကုန်၏၊ ကြားလည်း ကြားအပ်ကုန်၏၊ အသျှင်သည် ဤကျောင်းတိုင်မှ ဖဲသွားပါလော့၊ အသျှင့်အား ဤကျောင်းတိုင်၌နေခြင်းဖြင့် အကျိုးမရှိပါ”ဟု ဆိုရာ၏၊ရဟန်းတို့သည် ဤသို့ ဆိုအပ်လျက် ထို့အတူပင်ဆက်လက် ပြုမူနေငြားအံ့၊ ထိုရဟန်းကို ရဟန်းတို့သည် ထိုအယူကိုစွန့်စေခြင်းငှာ သုံးကြိမ်တိုင်အောင် ကောင်းစွာဆိုဆုံးမအပ်၏၊ အကယ်၍ သုံးကြိမ်တိုင်အောင် ‌ကောင်းစွာ ဆိုဆုံးမအပ်သည်ရှိသော် ထိုအယူကို စွန့်ငြားအံ့၊ ဤသို့ စွန့်ခြင်းသည်ကောင်း ၏၊ အကယ်၍ မစွန့်ငြားအံ့၊ (ထိုရဟန်းတို့အား)သံဃာဒိသိသ်အာပတ် သင့်၏။ (ဝိ မြန် ၁၊၂၉၇)
အသျှင်တို့ကျူးလွန်ဆဲခဏ၌ သင့်သော အာပတ်ကိုးပါး, သုံးကြိမ်တိုင်အောင် ဉတ်ကမ္မဝါစာဖြင့် ဆုံးမပြီး ‌နောက်၌ သင့်သော အာပတ်လေးပါးအားဖြင့် တစ်ဆယ့်သုံးပါးသော သံဃာဒိသိသ် အာပတ်တို့ကိုသရုပ်အားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊
ရဟန်းသည် ယင်း (တစ်ဆယ့်သုံးပါး)တို့တွင့် တစ်ပါးပါးသို့လည်း သင့်ရောက်၍ အကြင်မျှလောက်သော ရက်တို့ပတ်လုံး သိလျက် ဖုံးထား၏
ထိုမျှလောက်သောရက်တို့ပတ်လုံး ထိုရဟန်းသည် အလိုမရှိဘဲ ပရိဝါသ် နေရမည်၊ ပရိဝါသ်နေပြီးသော ရဟန်းသည် နောက်ထပ် ခြောက်ညဉ့်ပတ်လုံးရဟန်းတို့ နှစ်သက်ခြင်းငှာ မာနတ် ကျင့်ရမည်၊ မာနတ်ကျင့်ပြီးသောရဟန်းကို ရဟန်းသံဃာ နှစ်ကျိပ်အရေအတွက်ရှိသော သိမ်၌ အဗ္ဘာန်သွင်းရမည်၊ ရဟန်းသံဃာသည် တစ်ပါးယုတ်သော နှစ်ကျိပ်ဖြင့်သော်လည်း ထိုရဟန်းကို အဗ္ဘာန်သွင်းငြားအံ့၊ ထိုရဟန်းလည်း အဗ္ဘာန်အပ်၏ မမည်၊
ထို(အဗ္ဘာန်သွင်းသော) ရဟန်းတို့ကိုလည်းကဲ့ရဲ့အပ်ကုန်၏၊ ဤသည်ကား ထို (သံဃာဒိသိသ်သင့်ရာ)၌ လိုက်နာရမည့်အကျင့်တည်း။ (ဝိ မြန် ၁၊၃၀၀)
ထိုသံဃာဒိသိသ် တစ်ဆယ့်သုံးပါးတို့၌ အသျှင်တို့ကို မေးပါ၏၊အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊နှစ်ကြိမ်မြောက်လည်း မေးပါ၏၊အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊သုံးကြိမ်မြောက်လည်း မေးပါ၏၊အာပတ်မှ စင်ကြယ်ကြပါကုန်၏လော၊ အသျှင်တို့သည် ဤ (သံဃာဒိသိသ် တစ်ဆယ့်သုံးပါး) တို့၌ အာပတ်မှ စင်ကြယ်ကြပါကုန်၏၊ထို့ကြောင့် ဆိတ်ဆိတ်နေသဖြင့် ဤအာပတ်မှ စင်ကြယ်သည့်အဖြစ်ကို သိမှတ်ရပါသည်။
သံဃာဒိသိသ် ၁၃-ပါး ပြီး၏။