၅၈။ [ပဉ္စကနိပါတ်စာပိုဒ် (၁၀၇)သီလသုတ်(စာမျက်နှာ-၂၂၅)ကြည့်)] ဘိက္ခဝေ၊ ရဟန်းတို့။ ဣဓ၊ ဤသာသနာတော်၌။ ဘိက္ခုနော၊ ရဟန်းသည်။ ယေ အာသဝါ၊ (ကာမာသဝအစရှိသော) အကြင်အာသဝတရားလေးပါးတို့ကို။ သံဝရာ ၁။ သံဝရာ-၌ ဝစနတ္ထ, အဘိဓေယျတ္ထ, ဝိဘတျတ္ထ။ ။သံဝရတိ ပိဒဟတိ ထကေတီတိ သံဝရော၊ ပိတ်ဖုံးကာဆီးတတ်သော သတိတရား၊ စက္ခုအစရှိသော (စက္ခု အစရှိသော) ဒွါရခြောက်ပေါက်တို့၌ ကိလေသာတို့ ဖြစ်ခွင့်(ဝင်ခွင့်)မရ အောင် ပိတ်ဖုံးကာဆီးတတ်သော သတိတရား၊ ၎င်းကို သတိသံဝရဟု ခေါ်၏။ ၊ ပိတ်ဖုံးကာဆီးတတ်သောသတိတရားဖြင့်။ ပဟာတဗ္ဗာ၊ ပယ်သင့်ပယ်ထိုက်ကုန်၏။ တေ(အာသဝါ)၊ ထိုပယ်ထိုက်သော အာသဝတရားလေးပါးတို့သည်။ သံဝရေန၊ ပိတ်ဖုံးကာဆီးတတ်သော သတိတရားဖြင့်။ ပဟီနာ၊ ပယ်အပ်ပြီးကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ အာသဝါ၊ တို့ကို။ ပဋိသေဝနာ အဋ္ဌကထာ၌ “လောကုတ္တရာယ ဗောဇ္ဈင်္ဂဘာဝနာယ”ဟု နောက်ပိုင်း၌ဖွင့်၏ထို့ကြောင့် "ဘာဝေတဗ္ဗာတိ ဘာဝနာ၊ ဖြစ်ပွားစေထိုက်သော လောကုတ္တရာဗောဇ္ဈင် တရား”ဟု ဝစနတ္ထပြု။ ၊ (ဆင်ခြင်စဉ်းစား၍)မှီဝဲသုံးစွဲကြောင်းဉာဏ်ဖြင့်။ ပဟာတဗ္ဗာ၊ ကုန်၏။ တေ(အာသဝါ)၊ တို့သည်။ ပဋိသေဝနာယ၊ (ဆင်ခြင်စဉ်းစား၍) မှီဝဲသုံးစွဲကြောင်း ဉာဏ်ဖြင့်။ပ။
ယေ အာသဝါ၊ တို့ကို။ အဓိဝါသနာ၊ ချုပ်တည်းသည်းခံကြောင်းဖြစ်သော ခန္တိသံဝရတရားဖြင့်။ ပဟာတဗ္ဗာ၊ ကုန်၏။ တေ(အာသဝါ)၊ တို့သည်။ အဓိ ဝါသနာယ၊ ဖြင့်။ပ။ ပရိဝဇ္ဇနာ၊ ရှောင်ရှားကြောင်းဖြစ်သော သီလသံဝရဖြင့်။ [နောက်၌ အကျယ်ပြလိမ့်မည် ဖြစ်သောကြောင့် ဘာကို ချုပ်တည်းသည်းခံသည်။ ဘာကို ရှောင်ရှားသည်ဟူ၍ ဤနေရာ၌ ဖော်၍ဆိုဖို့ မလိုသေး]။ပ။ ဝိနောဒနာ၊ ထိုးနှက်ပယ်ထုတ်ကြောင်း ဝီရိယသံဝရဖြင့်။ပ။ ဘာဝနာ၊ လောကုတ္တရာဖြစ်သော ဗောဇ္ဈင်္ဂဘာဝနာဖြင့်။ ဝါ၊ ဖြစ်ပွားစေအပ်သော လောကုတ္တရာဗောဇ္ဈင်တရားဖြင့်။ပ။ ["သံဝရာ ပဟာတဗ္ဗာ"ဟူသော ဝါကျ၌ မူလပဏ္ဏာသဋီကာအဖွင့်နှင့်အညီ သ္မာဝိဘတ်ကို အာပြု၍ "သံဝရ"ဟု ရုပ်ပြီး၏။ ပဋိသေ ဝနာ, အဓိဝါသနာ, ပရိဝဇ္ဇနာ, ဝိနောဒနာ ဘာဝနာ-ဟူသော ဣတ္ထိလိင်ရုပ်တို့၌ကား သ္မာဝိဘတ်ကို အာယပြုပြီးနောက် ယကိုချေသည်ဟုကြံ။]
**၁။ ၂၄-မျိုးသော အာသဝ**။ ။ဒွါရတပေါက်၌ အာသဝ(၄)မျိုးဖြစ်၍ ဒွါရခြောက်ပေါက်၌ အာသဝ(၂၄)မျိုး ဖြစ်သည်။
သံဝရာ၊ ပိတ်ဖုံးကာဆီးတတ်သော သတိတရားဖြင့်။
ပဟာတဗ္ဗာ၊ ပယ်ထိုက်ကုန်၏ဟူ၍။
ယေ၊ (ပယ်ထိုက်သော) ယင်းအာသဝတို့သည်။
သံဝရေန၊ ဖြင့်။
ပဟီနာ၊ ပယ်အပ်ပြီးကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏ဟူ၍။
ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။**၁။ ယောနိသော ပဋိသေဝတိ**။ ။ချမ်း၍ သင်္ကန်းကို ဝတ်ရုံလျှင် အချမ်းကို ကာကွယ်ခြင်းဟူသော အကြောင်းသည်လည်းကောင်း ပူ၍ဝတ်ရုံလျှင် အပူကိုကာကွယ် ခြင်းဟူသော အကြောင်းသည်လည်းကောင်း သင့်လျော်သောအကြောင်း (ယောနိ) မည်၏၊ ထိုအကြောင်းသည်ပင်လျှင် (ဝတ်ရုံခြင်းကြောင့် ရရှိသော)အကျိုးလည်းမည်၏။ ထိုအကျိုးကို ဉာဏ်ဖြင့် ဆင်ခြင်၍ သင်္ကန်းကို ဝတ်ရုံသုံးစွဲ၏ဟူလို။
၊ သင့်လျော်သောအကြောင်းအားဖြင့်။
ပဋိသင်္ခါ၊ ၍။
စီဝရံ၊ သင်္ကန်းကို။
ပဋိသေဝတိ၊ ဝတ်ရုံသုံးစွဲမှီဝဲ၏။**၂။ ဟိရိကောပီန**။ ။ဟိရီ၊ အရှက်+ကောပီန=ကွဲကြောင်း(ပျက်စီးကြောင်းကိုယ်အင်္ဂါ၊ (ဖုံးအုပ်မထားလျှင် အရှက်ကွဲကြောင်းဖြစ်သော အင်္ဂါဇာတ်စသည်)၊ ကုပဓာတ် တပစ္စည်း (ဤနပြု)။ ဟိရီ ကုပ္ပတိ ဝိနဿတိ ဧတေနာတိ ဟိရိကောပီနံ။ (တနည်း) ကုပိ အစ္ဆာနေကုပနံ ကု=ဖုံးအုပ်ခြင်း၊ ကုပံ အရဟတီတိ ကောပီနံ =ဖုံးအုပ်ခြင်းကို ထိုက်သောကိုယ်အင်္ဂါကုပပုဒ်နောင် ဤနဏ်ပစ္စည်းသက်ဝုဒ္ဓိပြု၊ ဟိရီယိတဗ္ဗာတိ ဟိရီ=ရှက်ဖွယ်။ ဟိရီ စ သာ ကောပီနံ စာတိ ဟိရိကော ပီနံ=ရှက်ဖွယ်ဖြစ်၍ ဖုံးအုပ်ထားထိုက်သော ကိုယ်အင်္ဂါ။
၊ (ဖုံးအုပ်မထားလျှင်) အရှက်တရား ကွဲပျက်ပြားကြောင်းဖြစ်သော ကိုယ်အင်္ဂါကို ဖုံးအုပ်ခြင်းအကျိုးငှာသာလျှင်။
ဝါ၊ ရှက်ဖွယ်ဖြစ်၍ဖုံးအုပ်ထားထိုက်သော ကိုယ်အင်္ဂါကို ဖုံးအုပ်ခြင်း အကျိုးငှာသာလျှင်။
(စီဝရံ၊ သင်္ကန်းကို။
ပဋိသေဝတိ၊ ဝတ်ရုံသုံးစွဲမှီဝဲ၏။)**၁။ ဣတိသဒ္ဒါပါသင့်**။ ။ပဋိဟင်္ခါမိဟူသော အမှယောဂ ကြိယာနှင့် မေသဒ္ဒါတို့ ပါနေသောကြောင့် “ဣတိ ပုရာဏဥအစရှိသော ဝါကျတို့သည် “ဣဓ ဘိက္ခဝေ ဘိက္ခု”မှ ဘိက္ခုကိုယ်တိုင် ဆင်ခြင်၍ မှီဝဲစားသောက်နေပုံ (ပဋိသေဝနာကာရ)ကို ပြသောဝါကျများ ဖြစ်၏၊ ထို့ကြောင့် ပဋိသေဝတိကြိယာ၏ ပဋိသေဝနာကာရ ဝါကျများဖြစ်သည်နှင့်လျော်ညီစွာ ထိုဝါကျတို့၏ အဆုံး၌ “ဖာသုဝိဟာရော စာတိ” ဟူ၍ ဣတိသဒ္ဒါပါသင့်၏၊ ဤဆွမ်းပစ္စဝေက္ခဏာပါဠိ၌ နောက်ထပ်အနက်ဖွင့် အမျိုးမျိုးနှင့် ရေးသင့်ဖွယ်ရာတို့ကို တိကနိပါတ်စာပိုဒ် (၁၆) အပဏ္ဏကသုတ်၌ ရေးခဲ့ပြီ။
၊ ဤသို့ဆင်ခြင်၍။
(ပဋိသေဝတိ၊ မှီဝဲစားသောက်၏။)**၂။ သေနနှင့် အာသနမျာ**။ ။သေတိ ဧတ္ထာတိ သေနံ-ဟူသော ဝစနတ္ထနှင့် အညီ အိပ်ရာ(လျောင်းစက်ရာ)ဖြစ်သော ဝိဟာရ(ကျောင်း), အခုယောဂ(တဖက်ရပ် မိုးကျောင်း), ပါသာဒ(ပြာသာဒ်) စသည်နှင့် မဉ္စ(ညောင်စောင်း) အစရှိသောအခင်းကို “သေန”ဟု ခေါ်၏၊ အာသတိ နိသီဒတိ ဧတ္ထာတိ အာသနံ-ဟူသော ဝစနတ္ထနှင့်အညီ ထိုင်နေရာဖြစ်သော ထိုဝိဟာရ, အနုယောဂ စသည်နှင့် ပီဌ(အင်းပျဉ်) သန္တတ(အခြား သော ထိုင်နေရာအခင်း)တို့ကို “အာသန”ဟု ခေါ်၏၊ သေနဉ္စ အာသနဉ္စ သေနာသနံ၊ အိပ်ရာနေရာကျောင်းအခင်း။
၊ အိပ်ရာနေရာကျောင်းနှင့် အခင်းကို။
ပဋိသေဝတိ၊ မှီဝဲသုံးစွဲ၏။ယောနိသော၊ ဖြင့်။ ပဋိသင်္ခါ၊ ၍။ (ဆင်ကြမ်း မြင်းကြမ်း စသည်ကို ရှောင်ရှားခြင်း၏အကျိုးနှင့် ရွာတွင်းသို့ဝင်ခြင်း၏ အကျိုးစသည်ကို ဉာဏ်ဖြင့် ဆင်ခြင်သိမြင်၍) စက္ခုံ၊ ကြမ်းတမ်းသော။ ဟတ္ထိံ၊ ဆင်ကို။ ပရိဝဇ္ဇေတိ၊ ရှောင်ရှား၏။ စဏ္ဍံ၊ သော။ အဿံ၊ မြင်းကို။ ပရိဝဇ္ဇေတိ၊ ၏။ပ။ ဂေါဏံ၊ နွားကို။ပ။ ကုက္ကုရံ၊ ခွေးကို။။ အဟိ၊ မြွေကိုလည်းကောင်း။ ခါဏုံ၊ သစ်ငုတ်ကိုလည်းကောင်း။ ကဏ္ဋကဋ္ဌာနံ၊ ဆူးရှိရာ အရပ်ကိုလည်းကောင်း။ သောရွှံ့၊ ဝန်းကျင်ပတ်ပတ် ကမ်းပါးပြတ်လျက် နက်ရှိုင်းသော တွင်းကိုလည်းကောင်း။ ဝါ၊ ထူးအိုင်ကိုလည်းကောင်း။ ပပါတံ၊ ကမ်းပါးတဖက်ပြတ် ချောက်ကိုလည်းကောင်း။ [သောဏ္ဏော နာမ သမန္တတော ဆိန္နတဋော ဂမ္ဘီရော အာဝါဋော။ ပပါတောတိ ပဗ္ဗတန္တရေ ဝါ ထလန္တရေ ဝါ ဧကတော ဆိန္နော ဟောတိ။ ပါရာဇိကဏ်အဋ္ဌကထာ၊ ဒု-၄၂] စန္ဒနိကံ၊ မစင်ညွန်ပုပ်တွင်းကိုလည်းကောင်း။ (မသန့်ရှင်းသောရေနှင့်ကိုယ်ဝန်အညစ်အကြေးစသည်စွန့်ရာမစင်ညွှန်ပုပ်တွင်းကိုလည်းကောင်း) သြဠိဂလ္လံ၊ ထိုမစင်ညွန်ပုပ်စီးဆင်းရာမြောင်းကိုလည်းကောင်း။ ပရိဝဇ္ဇေတိ၊ ရှောင်ရှား၏။ ယထာရူပေ၊ အကြင်သို့သဘောရှိသော။ အနာသနေ၊ မထိုင်သင့်သောနေရာ၌။ (မာတုဂါမနှင့် တယောက်ချင်းချင်း ထိုင်နေရာဖြစ်၍ အနိယတသိက္ခာပုဒ်၏ အကြောင်းဖြစ်သော ဆိတ်ကွယ်ရာ, နံရံစသည် ဖုံးကွယ်ရာဌာန၌) နိသိန္န၊ ထိုင်နေသောရဟန်းကိုလည်းကောင်း။ ယထာရူပေ၊ သော။ အဂေါစရေ၊ သွားလာဝင်ထွက် မကျက်စားသင့်သော ပြည်တန်ဆာမအထံ စသည်၌။ စရန္တံ၊ သွားလာဝင်ထွက်ကျက်စားသော ရဟန်းကိုလည်းကောင်း။ ယထာရူပေ၊ အကြင်သို့သဘောရှိကုန်သော။ ပါပကေ၊ ယုတ်မာကုန်သော။ မိတ္တေ၊ ဒုဿီလဖြစ်သော မိတ်ဆွေအတုအယောင်တို့ကို။ ဘဇန္တိ၊ မှီဝဲဆက်ဆံသော ရဟန်းကိုလည်းကောင်း။ ဝိညူ၊ ပညာရှိဖြစ်ကုန်သော။ သဗြဟ္မစာရီ၊ သီတင်းသုံးဖော်ရဟန်းတို့သည်။ ပါပကေသု၊ ယုတ်မာကုန်သော။ ဌာနေသု၊ (မေထုန်လွန်ကျူးမှုအစရှိသော) အမှုအပြစ်ရေးရာ ဌာနတို့၌။ ဩကပ္ပေယျုံ၊ ယုံယုံကြည်သတ်မှတ်ဆုံးဖြတ်ကြကုန်ရာ၏။ (အမှန်တကယ် လွန်ကျူးပြီးပြီ၊ လွန်ကျူးလိမ့်မည်ဟု ယုံကြည်သတ်မှတ် ဆုံးဖြတ်ကုန်ရာ၏။)
သော၊ ထိုရဟန်းသည်။ (ထိုအာသဝတို့ကို ပယ်ရှားသော ရဟန်းသည်) တဉ္စ အနာသနံ၊ ထိုမထိုင်သင့်သောနေရာကိုလည်းကောင်း။ တဉ္စ အဂေါစရံ၊ ထိုသွားလာဝင်ထွက်မကျက်စားသင့်သော ပြည့်တန်ဆာမစသည်ကိုလည်းကောင်း။ ပါပကေ၊ ယုတ်မာကုန်သော။ တေ စ မိတ္တေ၊ ထိုဒုဿီလဖြစ်သော မိတ်ဆွေအတုအယောင်တို့ကိုလည်းကောင်း။ ယောနိသော၊ ဖြင့်။ ပဋိသင်္ခါ၊ ၍။ ပရိဝဇ္ဇေတိ၊ ၏။
ဘိက္ခဝေ၊ တို့။
ဟိ၊ ရှောင်ကြဉ်ရခြင်း၏အကျိုးကား။
ယံ၊ အကြင်ဆင်ကြမ်း မြင်းကြမ်းစသည်ကို။
အပရိဝဇ္ဇယတော၊ မရှောင်ရှားသော။
အဿ၊ ထိုရဟန်းမှာ။
ယံ(ယေ)အာသဝါ၊ တို့သည်လည်းကောင်း။
ယံ(ယေ) ဝိဃာတပရိဠာဟာ၊ အကြင်စိတ်ကိုညှဉ်းပန်းနှိပ်စက်တတ်သော ကိလေသာအပူမီးတို့နှင့် ယင်းတို့၏ အနာဂတ်အကျိုးဝိပါက် အပူမီးတို့သည်လည်းကောင်း။
ဥပ္ပဇ္ဇေယျုံ၊ ဖြစ်ပေါ်ထာကုန်ရာ၏။
(တံ၊ ထိုဆင်ကြမ်း မြင်းကြမ်း စသည်ကို)
ပရိဝဇ္ဇယတော၊ ရှောင်ရှားသော။
အဿ၊ ထိုရဟန်းမှာ။
ဧဝံ၊ ဤသို့ရှောင်ရှားခြင်းကြောင့်။
တေ အာသဝါ၊ တို့သည်လည်းကောင်း။ပ။
ဣမေ အာသဝါ၊ တို့ကို။
(ဆင်ကြမ်း မြင်းကြမ်း စသည်ကို မတိမ်းရှောင်လျှင် ဖြစ်လာနိုင်၍ တိမ်းရှောင်လျှင် မဖြစ်လာနိုင်သော ဤအာသဝတို့ကို)
ပရိဝဇ္ဇနာ၊ ရှောင်ကြဉ်ကြောင်းသီလသံဝရဖြင့်။
၁။ ဆင်ကြမ်း မြင်းကြမ်း စသည်မှ ရှောင်ရှားမှုအားလုံး သီလသံဝရ။ ၊ ဤနေရာ၌ ဟောတော်မူအပ်သော ရှောင်ကြဉ်မှုအားလုံးသည် အဘယ်နည်းဖြင့် သီလ သံဝရဖြစ်နိုင်မည်နည်းဟူမူ၊ ဆင်ကြမ်းမြင်းကြမ်း စသည်ကို တိမ်းရှောင်ခြင်းသည် အာစာရသီလဖြစ်၏၊ ဘေးရန်ကင်းကြောင်း ကောင်းမြတ်သော အစဉ်အလာအကျင့် သီလဟု ဆိုလို၏။
ဆိတ်ကွယ်ရာ၌ မာတုဂါမနှင့် တဦးချင်းထိုင်မှုမှ ရှောင်ကြဉ်ခြင်း (အနာ သနပရိဝဇ္ဇန)သည် မေထုန်ကာယသံသဂ္ဂစသည်မှ ရှောင်ကြဉ်မှု(အနာစာရပရိဝဇ္ဇန) ဟူသော သီလသံဝရပင် ဖြစ်၏၊ သစ်သီးပေးခြင်း, ပန်းပေးခြင်း စသော မိစ္ဆာဇီဝ (အနာစာရ)မှလည်းကောင်း၊ သွားလာဝင်ထွက် မဆက်ဆံသင့် မကျက်စားသင့်သော ပြည်တန်ဆာမှ မုဆိုး, အပျိုကြီး, ပဏ္ဍုက်, အရက်ဆိုင်, ဘိက္ခုနီဟူသော အဂေါစရမှ လည်းကောင်း ရှောင်ကြဉ်ခြင်းသည် စာရိတ္တသီလ အနေအားဖြင့် သီလ သံဝရ ဖြစ်၏။ ဤသုတ်ဋီကာ၊ ၁၃၀။ ၁၃၁။ မူလပဏ္ဏာသဋီကာ၊ ပ-၁၄၅။
ဘိက္ခဝေ၊ တို့။ ဣဓ၊ ၌။ ဘိက္ခု၊ သည်။ ယောနိသော၊ ဖြင့်။ ပဋိသင်္ခါ၊ ဉာဏ်ဖြင့်ဆင်ခြင်သိမြင်၍။ (သတိသမ္ဗောဇ္ဈင်ကို မဖြစ်ပွားစေခြင်း၌အပြစ်, ဖြစ်ပွားစေခြင်း၌အကျိုးအာနိသင်ကို ဉာဏ်ဖြင့် ဆင်ခြင်သိမြင်၍) သတိသမ္ဗောဇ္ဈင်္ဂံ၊ သတိသမ္ဗောဇ္ဈင်ကို။ ဝိဝေကနိဿိတံ၊ သင်္ခတတရားအားလုံးကင်းဆိတ်သုဉ်းသော နိဗ္ဗာန်ကို အမှီတကဲပြုနေအောင်။ ဝိရာဂ နိဿိတံ၊ သင်္ခတတရားအားလုံး ပျက်စီးရာနိဗ္ဗာန်ကို အမှီတကဲပြုနေအောင်။ နိရောဓနိဿိတံ၊ သင်္ခတအားလုံး ချုပ်ဆုံးရာနိဗ္ဗာန်ကို အမှီတကဲပြုနေအောင်။ ဝေါသဂ္ဂပရိဏာမိံ ဤ၌ ထိုဝေါသဂ္ဂတပုဒ်တည်းဖြင့် ထိုပရိစ္စာဂဒေါသဂ္ဂ ပက္ခန္ဒနဝေါသဂ္ဂနှစ်မျိုး လုံး သိမ်းကြုံးယူနိုင်အောင် “ဝေါသဂ္ဂေါ စ ဝေါသဂ္ဂေါစ ဝေါသဂ္ဂေါ ဟု ဧကသေသ် ပြု။ ပရိဏမိ ပရိပစ္စတိ ပရိဏာမီ၊ ရင့်ကျက်ပြီးသော အရိယမဂ်၊ ဝါ=ထိုအရိယမဂ် ခဏ၌ဖြစ်သောအရိယမဂ်၌ ပါဝင်ယှဉ်တွဲသော)သတိသမ္ဗောဇ္ဈင်။ ဝေါသဂ္ဂေန ပရိဏာမီ ဒေါသဂ္ဂပရိဏာမီ=ကိလေသာတို့ကို အကြွင်းမဲ့ ပယ်ဖြတ်စွန့်ပစ်ခြင်း, နိဗ္ဗာန်သို့ ပြေးဝင်ခြင်းအားဖြင့် ရင့်ကျက်ပြီးသော အရိယမဂ်။ ဤဝစနတ္ထနှင့်အညီ “သတိ သမ္ဗောဇ္ဈင်္ဂီ ဘာဝေတိ ဒေါသဂ္ဂပရိဏာမိ”ဟူသော ပါဠိတော်၏ ဆိုလိုရင်းမှာ “(သတိ သမ္ဗောဇ္ဈင်ကို ဖြစ်ပွားစေရာ၌) ထိုကဲ့သို့ ရင့်ကျက်ပြီးသော အရိယမဂ်အဆင့်သို့ ရောက်အောင် ဖြစ်ပွားစေသည်”ဟု ဆိုလို၏ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂီ ဘာဝေတိ-စသည် ၌လည်း ဤနည်းအတိုင်းပင်။ ၊ ကိလေသာတို့ကိုအကြွင်းမဲ့ ပယ်ဖြတ်စွန့်ပယ်ခြင်း, နိဗ္ဗာန်သို့ ပြေးဝင်ခြင်းအားဖြင့် ရင့်ကျက်ပြီးဖြစ်အောင်။ ဘာဝေတိ၊ ဖြစ်ပွားစေ၏။
ယောနိသော၊ ဖြင့်။ ပဋိသင်္ခါ၊ ၍။ (ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို မဖြစ်ပွားစေခြင်း၌ အပြစ်, ဖြစ်ပွားစေခြင်း၌အကျိုးကို ဉာဏ်ဖြင့်ဆင်ခြင်သိမြင်၍) ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂံ၊ ဓမ္မဝိစယသမ္ဗောဇ္ဈင်ကို။ ဝိဝေကနိဿိတံ၊ အောင်။ပ။ ဝေါသဂ္ဂပရိဏာမိ၊ အောင်။ ဘာဝေတိ၊ ၏။ ယောနိသော၊ ဖြင့်။ ပဋိသင်္ခါ၊ ၍။ ဝီရိယသမ္ဗောဇ္ဈင်္ဂံ၊ ဝီရိယသမ္ဗောဇ္ဈင်ကို။ ဝိဝေကနိဿိတံ၊ အောင်။ပ။