Issues
Select Version
云台教理组
中文
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Sīlakkhandhavaggaṭṭhakathā
(DN) Sīlakkhandhavaggaṭṭhakathā

Paṭhamajjhānakathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ပန၊ ဆက်။ [ပြတ်ပြီးကို ဆက်သည်။ ရှေးနိဿယ၌ ပက္ခန္တရဇောတက ဟုယူ၏။] သော၊ ပေ၊ ဝိဟရတီတိ အာဒိ၊ အစရှိသော စကားကို။ ဥပစာရ သမာဓိနာ၊ ဥပစာရသမာဓိဖြင့်။ စိတ္တေ၊ စိတ်ကို။ သမာဟိတေ၊ ကောင်းစွာအာရုံ၌ထားအပ်ပြီးသော်။ ဝါ၊ တည်ကြည်ပြီးသော်။ ဥပရိ၊ အထက်၌။ ဝိသေသဒဿနတ္ထံ၊ အကျိုးထူးကို ပြခြင်းအကျိုးငှာလည်းကောင်း။ အပ္ပနာသမာဓိနာ၊ အပ္ပနာသမာဓိ ဖြင့်။ စိတ္တေ၊ ကို။ သမာဟိတေ၊ သော်။ ဝါ၊ သော်။ တဿ သမာဓိနော၊ ထိုပဌမဈာန်အစရှိသောသမာဓိ၏။ ပဘေဒဒဿနတ္တံ၊ အထူးအပြားကို ပြခြင်းအကျိုးငှာလည်းကောင်း။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ဣတိ၊ သို့။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။သော ဝိဝိစ္စေဝ ၊ပေ၊ ဝုတ္တံ။ ။ ပါဠိတော်၌ "စိတ္တံ သမာဓိယတိ" ဟု ဥပစာရ သမာဓိ အပ္ပနာသမာဓိ ၂ မျိုးလုံးကိုဟောတော်မူပြီးဖြစ်ပါလျက် အဘယ်အကျိုးငှာ သမာဓိတို့ကိုပြသော"သော ဝိဝိစ္စေဝ ကာမေဟိ-အစရှိသောစကားကိုထပ်၍ ဟောတော်မူအပ်ပါသနည်း" ဟု မေးဘွယ်ရှိသောကြောင့်၊ "သော၊ ပေ၊ အာဒိ ပန ဝုတ္တံ" ဟု မိန့်သည်၊ ထိုဝါကျကိုမြန်မာပြန်လျှင် အဖြေဖြစ်တော့၏။
ဥပရိ ဝိသေသဒဿနတ္ထံ။ ။ "ဥပစာရသမာဓိဖြင့်စိတ်တည်ကြည်ပြီးသည်မှ အထက်" ဟူသည်ပဌမဈာန် သမာဓိ ဒုတိယဈာန် သမာဓိစသောသမာဓိများတည်း၊ မှန်၏ ဒုတိယဈာန်စသည်ကိုရအောင် အားထုတ်ရာ၌လည်း"ပါမောဇ္ဇံ ဇာယတိ ၊ပေ၊ စိတ္တံသမာဓိ ယတိ" ဟူသောပုဗ္ဗဘာဂဘာဝနာနှင့်တကွ ဥပစာရသမာဓိများဖြစ်ရသေးသည်သာ၊ ထိုဒုတိယ ဈာန် စသည်သည်ထို ဥပစာရသမာဓိ၏ ဝိသေသ (အကျိုးထူး)တည်း၊ ထို့ကြောင့် ဥပစာရ သမာဓိနာအရ ဒုတိယဈာန် စသည်တို့၏ ရှေ့ဖြစ်သောဥပစာရသမာဓိကိုလည်းယူပါ၊ ထိုဥပစာရသမာဓိ၏အကျိုးကိုပြတော်မူခြင်းငှာ "သော ဝိဝိစ္စေဝ ကာမေဟိ" စသည်ကိုဟောတော်မူပါသည်။
သမာဓိနော ပဘေဒဒဿနတ္ထံ။ ။ "သုခိနော စိတ္တံ သမာဓိယတိ" တုန်းကဥပစာရသမာဓိ အပ္ပနာသမာဓိ ၂ မျိုးလုံးနှင့် ဆက်ဆံအောင် သာမညအားဖြင့်ဆိုခဲ့သော်လည်း"သမာဓိနော ပဘေဒ" ၌ ဤသမာဓိကား အပ္ပနာသမာဓိသာတည်း၊ ပါဠိတော်၌ ပဌမဈာန် နောက်ဝယ် ဒုတိယဈာန်စသည်ကိုလည်းကောင်း, ပဌမ အဘိညာဉ်စသည်ကိုလည်းကောင်း ဟောတော်မူ၏၊ ထိုဈာန်အဘိညာဉ်တို့သည်အပ္ပနာသမာဓိ၏ အထူးအပြားတို့တည်း၊ ထိုအပြားကိုပြခြင်းငှာလည်း"သော ဝိဝိစ္စေဝ" စသည်ကိုဟောတော်မူသည်။
ဋီကာသစ်။ ။ အပ္ပနာသမာဓိနာတိ ပဌမဇ္ဈာနာဒိ အပ္ပနာသမာဓိနာ ၊ပေ၊ ပဘေဒဒဿနတ္ထတိ ဒုတိယဇ္ဈာနာဒိ ဝိဘာဂဿစေဝ ပဌမာဘိညာဒိ ဝိဘာဂဿစ ပဘေဒဒဿနတ္ထံ။ [တဿ သမာဓိနော၌ တဿဖြင့်ပဌမဈာန်စသောသမာဓိကိုညွှန်ပြအပ်ပြီးဖြစ်၍ ဝိဘာဂအရ ဒုတိယဈာန်သမာဓိမှစသောအထက်သမာဓိအပြားကိုယူရသည်၊ ပဌမဈာန် သမာဓိ၏ အထူးအပြားသည် ဒုတိယဈာန်သမာဓိစသည်ဖြစ်၍, ဒုတိယဈာန်သမာမိ၏ အထူးအပြားသည် တတိယဈာန်စသောသမာဓိများဖြစ်၏, ထိုဈာနသမာဓိ၏ အထူးအပြားသည်အဘိညာဉ်သမာဓိတည်း။]
**ဣမမေဝ ကာယန္တိ**၊ ကား။ ဣမံ ကရဇကာယံ၊ ဤကရဇကာယကို။ [ပါဠိတော်၌ ရှေ့နားဝယ် "ကာယော" ဟု ပါခဲ့သောကြောင့် "ဣမမေဝ" ဟု ဧဝထည့်သည်။ သို့သော် အရကောက်ချင်းကား မတူကြ။ ထို့ကြောင့် အဋ္ဌကထာ၌ ဧဝအနက် မဖွင့်ဘဲ "ဣမံကရဇကာယံ" ဟုသာ ဖွင့်သည်။ ဧဝကို အနက်မရှိကြံပါ။]
အဘိသန္ဒေတီတိ (အဘိသန္ဓေတီတိ)၊ ကား။ တေမေတိ၊ စိုစေ၏။ သ္နေဟေတိ၊ စေးကပ်စေ၏။ သဗ္ဗတ္ထ၊ အလုံးစုံသောကိုယ်အရပ်၌။ ပဝတ္တပီတိသုခံ၊ ဖြစ်သောပီတိသုခရှိသည်ကို။ ကရောတိ၊ ပြု၏။ကရဇကာယံ။ ။ "ပီတိမနဿ ကာယော" တုန်းကကဲ့သို့ ကာယံအရ နာမ ကာယကိုယူရမည်ဟု ထင်မှားမည် စိုးသောကြောင့် "ကရဇကာယံ" ဟု ဖွင့်သည်၊ ကရဇကာယ ဟူသည်ဤရုပ်ခန္ဓာကိုယ်တည်း၊ ရုပ်ခန္ဓာဟူသည်လည်းကမ္မဇရုပ်အစဉ်, စိတ္တဇရုပ်အစဉ်, ဥတုဇရုပ်အစဉ်, အာဟာရဇရုပ်အစဉ်တည်း၊ ထိုရုပ်ခန္ဓာအစဉ်အတိုင်းတွင် မဟာဘုတ် ၄ ပါးသည် အထည်ကိုယ်အမာခံဖြစ်၏၊ ထို့ကြောင့် "ကရဇကာယံတိ စဟုသန္တတိရူပသမုဒါယ ဘူတံ စာတုမဟာဘူတိကကာယံ" ဟု ဋီကာသစ်ဖွင့်သည်။
ဝစနတ္ထ။ ။ ကရီယတိ ဂဗ္ဘာသယေတိ ကရော-သားအိမ်၌ပြုအပ် (ထည့်ထားအပ်)သောကြောင့် အမိ၏သွေး အဘ၏ သုတ်သည်"ကရ" မည်၏၊ (တစ်နည်း) ကရောတိ ပုတ္တေ နိဗ္ဗတ္တေတီတိ ကရော-သားသမီးတို့ကိုဖြစ်စေတတ်သောကြောင့် ထိုသုတ်သွေး ၂ မျိုးသည်"ကရ" မည်၏၊ ကရတော-မိဘတို့၏ သုတ်သွေးကြောင့်၊ ဇာတော-ဖြစ်သောကိုယ်တည်း၊ ကရဇော-ကိုယ်၊ အန္ဓဇ ဇလာဗုဇအဖြစ်ဖြင့်အမိဝမ်း၌ဖြစ်ရသောစတုသန္တတိ ရုပ်အပေါင်းတည်းဟူသောခန္ဓာကိုယ်ရ၏။
မှတ်ချက်။ ။ ဩပပါတိက-သံသေဒဇသတ္တဝါတို့လည်းပါဠိတော်၌ ပြုအပ်သောသမာဓိကိုရနိုင်ကြ၏၊ သို့သော် ဂဗ္ဘသေယျကသတ္တဝါတို့က မျက်မြင်အားဖြင့်သမာဓိရပုံ ထင်ရှားသောကြောင့် ဂဗ္ဘသေယျကကာယကိုသာ ပြတော်မူသည်။ ["ဂဗ္ဘသေယျက ပုဂ္ဂိုလ်တို့က သမာဓိရပုံများသောကြောင့်" ဟုလည်းဋီကာသစ်၌ အကြောင်းပြသေး၏၊ သို့သော် ဗြဟ္မာတို့လောက် မများနိုင်သောကြောင့် ထိုအကြောင်းပြကိုကား စဉ်းစားပါ။]
ရူပကာယကိုသာ ယူရပုံ။ ။ နာမကာယလည်းဝိဝေကဇပီတိသုခမှ ရအပ်သောအထောက်အပံ့ကြောင့် သမာဓိ တိုးတက်နိုင်ပါပေ၏၊ သို့သော် နောက်၌ "ဣမမေဝ ကာယံ အဘိသန္ဓေကိ, ပရိသန္ဓေတိ" စသည်ဖြင့်ဟောတော်မူအပ်သောသဒ္ဒန္တရိက် (အနီး၌ဖြစ်သောသဒ္ဒါ) က "တစ်ကိုယ်လုံးစိုစေ၏" ဟု ဆိုသောကြောင့် ထို သဒ္ဒန္တရိက်ကိုထောက်၍ စိုစေနိုင်ရာ ရုပ်ခန္ဓာ (ကရဇကာယ)ကိုသာ ယူရပါသည်။ [အဘိသန္ဓေတီတိအာဒိ သန္တရာဘိသမ္ဗန္ဓတော ဟိ ရူပကာယောဧဝ ဣဓ ဘဂဝတာ ဝုတ္တောတိ အဓိဂမီယတိ (သိအပ်သိနိုင်ပါသည်၊) (ဘာကြောင့်နည်း) တဿေဝ အဘိသဒ္ဓနာဒိကြိယာယောဂျတ္တာ (ထိုရူပကာယ၏သာ အဘိသဒ္ဓန ပရိသဒ္ဓန စသောကြိယာအား လျောက်ပတ်သည်၏ အဖြစ်ကြောင့်တည်း)။ ဋီကာသစ်။]
အဘိသန္ဒေတိ (အဘိသန္ဓေတိ)။ ။ အဘိ+သတ္တုဓာတ်သည်ပဿဝ (ယိုစီးခြင်း) အနက်ကိုဟော၏၊ သဒ္ဓဓာတ်ကား ကိလေဒ (စိုစွတ်ခြင်း) အနက်ကိုဟော၏၊ "တေမေတိ" အဖွင့်ကိုထောက်လျှင် သဒ္ဓဓာတ်နှင့် သာ၍လျော်၏၊ ဋီကာသစ်၌ကား "အဝဿုတဘာဝံ" ဟု သန္ဒူဓာတ်၏ အနက်ကိုပင် ဖွင့်လေသည်။
**ပရိသန္ဒေတီ**တိ (ပရိသဒ္ဒေတီတိ)၊ ကား။ သမန္တတော၊ ထက်ဝန်းကျင်၌။ သန္ဒေတိ (သဒ္ဓေတိ)၊ စိုစေ၏။
**ပရိပူရေတီ**တိ၊ ကား။ ဘသ္တံ၊ ဖားဖိုကို။ ဝါ၊ သားရေအိတ်ကို။ ဝါယုနာ၊ လေဖြင့်။ ပူရေတိဝိယ၊ ပြည့်စေသကဲ့သို့။ ပူရေတိ၊ ပြည့်စေ၏။တေမေတိ။ ။ တိမဓာတ်သည်ကိလေဒအနက်ကိုဟော၏၊ စုရာဒိလည်းရှိပါ၏၊ သို့သော် ဤ၌ ကာရိတ်ဝင်သောဟေတုကတ္တုရုပ်သာတည်း၊ သ္နေဟေတိသည်တေမေတိ၏ အဖွင့်တည်း၊ သိနိဟဓာတ်လည်းစိုခြင်းအနက်ကိုပင် ဟော၏၊ "စို" ဟူရာ၌ ပဏီတဖြစ်သောစိတ္တဇရုပ်တွေ တစ်ကိုယ်လုံး ပြန့်နှံ့နေသောကြောင့် ခန္ဓာကိုယ် (ကရဇကာယ)သည်ခြောက် ကပ်ကပ်ဖြစ်မနေဘဲ စိုစိုဖတ်ဖတ်ဖြစ်နေခြင်းကိုဆိုလိုသည်၊ ထို့ကြောင့် "သဗ္ဗတ္ထ ပဝတ္တပီတိ သုခံ ကရောတိ" ဟု ဖွင့်သည်။
မှတ်ချက်။ ။ဤအဖွင့်များကိုထောက်၍ "ဣမေဝ ကာယံ ဝိဝေကဇေန ပီတိ သုခေန အဘိသဒ္ဓေတိ-ဤကာယကိုဝိဝေကဇပီတိသုခဖြင့်စိုစေ၏" ဟူသောကိလေဒ အနက်သာဖြစ်နိုင်၏၊ "ယိုစီးစေ၏" ဟူသောအဘိဿဝအနက်ကား မဖြစ်နိုင်ပါ၊ အဘိဿဝအနက် မဖြစ်နိုင်လျှင် သန္ဒူဓာတ်လည်းမသင့်၊ သဒ္ဓုဓာတ်သာ သင့်တော့သည်ဟု မှတ်ပါ။
ပဝတ္တပီတိသုခံ။ ။ ပဝတ္တံ+ပီတိသုခံ ယဿာတိ ပဝတ္တပီတိသုခေါ (ကရဇ ကာယော၊) ဤသို့ ပဝတ္တပီတိသုခအရ ကရဇကာယနှင့်အရတူသောကြောင့် သဗ္ဗတ္ထနှင့် အရမတူနိုင်၊ ထို့ကြောင့် "သဗ္ဗတ္ထ-အလုံးစုံသောကိုယ်၌" ဟု မပေးရ၊ "အလုံးစုံသောအရပ်၌" ဟု ပေးပါ၊ "သဗ္ဗတ္ထ-ခန္ဓာကိုယ်၏ အလုံးစုံသောအရပ်၌+ပဝတ္တ-ဖြစ်သောပီတိသုခ" ဟူလို။
မှတ်ချက်။ ။ "သောဣမမေဝကာယံ အဘိသန္ဓေတိ" ၌သောအရလည်း ကရဇကာယရှိသောပုဂ္ဂိုလ်ရ၏၊ ကာယအရလည်းကရဇကာယရ၏။ ထို့ကြောင့် အဘေဒဘေဒူ ပစာရဟု ကြံပါ၊ (တစ်နည်း)သောအရ ခန္ဓာ ၅ ပါးလုံးရ၍ ကာယံအရ ရူပက္ခန္ဓာသာ ရသောကြောင့် အပေါင်း+အစိတ် ကွဲပြားသည်ဟုလည်းကြံပါ၊ ထိုရဟန်းသည်တစ်ကိုယ်လုံးကိုစိုစေလိုသောစိတ်ဆန္ဒမရှိသော်လည်းတစ်ကိုယ်လုံး၌ ပဏီတရုပ်တွေ ပြန့်နှံ့နေရကား စိုစေသကဲ့သို့ပင်ကြံဆ၍ ပြောဆိုအပ်သောပရိကပ္ပ စကားဟုလည်းမှတ်ပါ။
ဘသ္တံဝိယ ပူရေတိ။ ။ သက္ကတ၌ ဘသ္တြာသည်ပါဠိ၌ "ဘသ္တာ" ဟုဖြစ်၏၊ ဘဿတိ ဒိပ္ပတိ ဧတာယာတိ ဘသ္တာ-မီးတောက်အောင် မှုတ်ကြောင်းဖြစ်သောဖားဖို၊ "ရွှတ်တီး" ဟုလည်းခေါ်၏၊ ဘသဓာတ်, တပစ္စည်းဖြင့်ပြီးသောဘသ္တာသဒ္ဒါသည်ပန်းဘဲသွားတို့ အသုံးဖြစ်သောဖားဖိုအနက်ကိုဟော၏၊ သားရေဖြင့်လုပ်အပ်သောအရာဝတ္ထုဖြစ်သောကြောင့် "ဘသ္တာ စမ္ပပသိဗ္ဗကံ (သားရေအိတ်)" ဟု အဘိဓာန် (၅၂၆) ၌ ဆိုသည်၊ ထိုဖားဖိုကိုလေဖြင့်ပြည့်စေသကဲ့သို့ ဤကရဇကာယကိုလည်းဝိဝေကဇပီတိသုခဖြင့်ပြည့်စေသည်။
**ပရိပ္ဖရတီ**တိ၊ ကား။ သမန္တတော၊ ထက်ဝန်းကျင်၌။ ဖရတိ၊ ဖြန့်၏။ ["ဖုသတိ၊ ထိ၏"ဟု ရှိသည်ကား မူကွဲ။]
**သဗ္ဗာဝတော ကာယဿာ**တိ၊ ကား။ အဿ ဘိက္ခုနော၊ ထိုရဟန်း၏။ သဗ္ဗကောဋ္ဌာသဝတော၊ အလုံးစုံသော ကောဋ္ဌာသရှိသော။ ကာယဿ၊ ကရဇကာယ၏။ ကိဉ္စိ၊ တစ်စုံတစ်ခုသော။ ဥပါဒိန္နကသန္တတိပဝတ္တိဋ္ဌာနေ၊ ကမ္မဇရုပ်အစဉ်၏ဖြစ်ရာဌာန၌။ပရိပ္ဖရတိ။ ။ [ သက္ကတ၌ "သ္ဖရ" ဟုရှိသောကြောင့် သ်အစား ဒွေဘော်လာသည်။] ဤကရဇကာယကိုဝိဝေကဇပီတိသုခဖြင့်ပရိ-ထက်ဝန်းကျင်+ဖရတိ-ဖြန့်၏၊ ပရိကို"သမန္တတော" ဟု ဖွင့်၍ ဖရတိကို "ဖရတိ" ဟုပင် ဖွင့်သင့်၏၊ သျာမူ၌ "ဖရတိ" ဟုပင်ရှိပါသတဲ့၊ စာအုပ်တို့၌ကား "သမန္တတော ဖုသတိ" ဟု တွေ့ရ၏၊ ဋီကာသစ်လည်းဖုသတိကြိယာကိုအတည်ပြု၍ "သမန္တတော ဖုဋ္ဌော ဘဝတီတိ အတ္ထော, ဖုသနကြိယာယေဝေတ္ထ ဥပပန္နာ, န ဗျာပနကြိယာ-တွေ့ထိခြင်းကြိယာသာ သင့်၏, ပြန့်နှံ့ခြင်းကြိယာ မသင့်" ဟု ဖွင့်သွားလေသည်။
ဖရတိသာ သင့်ပုံ။ ။ "ကရဇကာယကို ပီတိသုခဖြင့် ထက်ဝန်းကျင်ဖြန့်၏" ဟူသောအနက်သည်ပီတိသုခကြောင့်ဖြစ်သောစိတ္တဇရုပ်တို့၏ ပြန့်နှံ့ခြင်းကိုရည်ရွယ်သောကြောင့် အလွန်သင့်မြတ်လျက်ရှိ၏၊ "ဖရဏာပီတိ သကလသရီရံ ဖရိတွာ (ဖြန့်၍) တိဋ္ဌတိ" ဟု အဋ္ဌသာလိနီ၌ရှိသောကြောင့် ဖရဓာတ်သည်သကမ္မကလည်းရှိ၏၊ နောက်၌ "အဏုမတ္တံပိ ဌာနံ ပဌမဇ္ဈာနသုခေန အဖုဋံနာမ န ဟောတိ" ဟူသောစကားနှင့်လည်းရှေ့နောက်ညီ၏၊ ထို့ကြောင့် ဖရတိပါဌ်သည်အလွန် သင့်မြတ်၏။
ဖုသတိ မသင့်ပုံ။ ။ဖရဓာတ်၏ ဖုသနအနက်ကိုဓာတ်ကျမ်းတို့၌ မတွေ့ပါ၊ ဗျာပနအနက်ကား အလွန်ထင်ရှားစွာရှိပါသည်၊ ကရဇကာယဝယ် ပီတိသုခဖြစ်ခြင်းကိုဆိုလိုရင်းဖြစ်ရကား "အိမ်ရှင်သည်အိမ်ကိုရေဖြင့်ထိတွေ့၏" ဟု အဓိပ္ပာယ်မဖြစ်နိုင်၊ "အိမ်ကိုရေဖြင့်စိုစေ၏, ဖြန်း၏, ပြန့်နှံ့စေ၏" ဟုသာဖြစ်နိုင်သကဲ့သို့ "ရဟန်းသည်ကရဇကာယကိုပီတိသုခဖြင့်ထိတွေ့ ၏" ဟု မဖြစ်နိုင်, "ဖြန့်၏, ပြန့်နှံ့စေ၏" ဟုသာဖြစ်နိုင်၏၊ ထို့ကြောင့် ဖုသတိပါဌ်သည်မသင့်ပါ။
သဗ္ဗာဝတော။ ။ "သဗ္ဗကောဋ္ဌာသဝတော" ဟု ဖွင့်သည်၊ ကောဋ္ဌာသဟူသည်ကရဇကာယ၏ အစိတ်အပိုင်းဖြစ်သော ဆဝိမံသလောဟိတ (တစ်နည်း-ကေသာ လောမာ နခါ) စသောကောဋ္ဌာသတို့တည်း၊ သဗ္ဗံ ဧတဿ အတ္တီတိ သဗ္ဗဝါ (ကာယော)-အလုံးစုံ အစိတ်အပိုင်းရှိသောကရဇကာယ၊ ဤဋီကာသစ်၌ "ဂုဏဝါ"ကိုဥပမာပြ၍ "သဗ္ဗဝါ" ဟု တွေ့ရ၏၊ မေတ္တာဘာဝနာအခန်း, သဗ္ဗာဝန္တံ လောကံကိုဖွင့်သော ဝိသုဒ္ဓိမဂ် မဟာဋီကာ၌ကား "သတ္တဝိသယော သဗ္ဗသဒ္ဓေါ၊ သောစ ဒီယံကတွာ ဝုတ္တော၊ ပေ၊ သဗ္ဗာဝန္တံ သဗ္ဗသတ္တဝန္တံတိ အာဟ" ဟု ဗ္ဗာဒီယဖြင့်ဖွင့်သည်။
ကိဉ္စိ ၊ပေ၊ ဌာနံ။ ။ပါဠိတော်၌ နာဿကိဉ္စိဝယ် ကိဉ္စိကို"ဥပါဒိန္နက၊ ပေ၊ ဌာနံ" ဟု သရုပ်ဖေါ်သည်၊ ကာယပသာဒ ဘာဝရုပ်တို့နှင့် တကွဖြစ်သောဥပါဒိန္နက ကမ္မဇရုပ်တို့၏ ပြန့်နှံ့ရာအရပ်ဝယ် အရေအသား အသွေးတို့သည်အစဉ်လိုက်အပ်သောအဏုမြူလောက်ဖြစ်သောအရပ်ကို"ကိဉ္စိ" ဟု ဆိုသည်၊ "ကိဉ္စိ-စိုးစဉ်းအနည်းငယ်သောအရပ်" ဟူလို။
ဆဝိမံသလောဟိတာနုဂတံ၊ အရေအသားအသွေးတို့သည် အစဉ်လိုက်အပ်သော ("အရေ အသား အသွေးပါရှိ၍ ခြောက်မနေသော" ဟူလို။) အဏုမတ္တံပိ၊ အဏုမြူမျှ ပမာဏရှိသည်လည်းဖြစ်သော။ ဌာနံ၊ အရုပ်သည်။ ဝါ၊ ကို။ ပဌမဇ္ဈနသုခေန၊ ပဌမဈာန်ချမ်းသာသည်။ အဖုဋံနာမ၊ မဖြန့်အပ်သောအရပ်မည်သည်။ န ဟောတိ၊ မရှိ။
**ဒက္ခော**တိ၊ ကား။ ဆေကော၊ ကျွမ်းကျင်သော။ နှာနီယစုဏ္ဏာနိ၊ ရေချိုးကြောင်း ဆပ်ပြာမှုန့်တို့ကို။ ကာတုဉ္စေဝ၊ ပြခြင်းငှာလည်းကောင်း။ ပယောဇေတုဉ္စ၊ ရောစပ်ခြင်းငှာလည်းကောင်း။ သန္နေတုဉ္စ၊ တစ်ပေါင်းတည်း ဆောင်ခြင်းငှာလည်းကောင်း။ ဝါ၊ အခဲပြုခြင်းငှာလည်းကောင်း။ ပဋိဗလော၊ လျော်သောအားရှိသော။ ဝါ၊ စွမ်းနိုင်သော။ (နှပကော, နှာပကန္တေဝါသီ၌စပ်။)ပဌမဇ္ဈာန သုခေန။ ။ ပဌမဈာန် သုခသည်တစ်ကိုယ်လုံး၌ မပြန့်နိုင်ပါ၊ ထို ပဌမဈာန် သုခကြောင့်ဖြစ်သောပဏီက စိတ္တဇရုပ်သာ ပြန့်နိုင်ပါသည်။ ထို့ကြောင့် အကြောင်း သုခ၏အမည်ကိုအကျိုး စိတ္တဇရုပ်၌ တင်စားသောကာရဏူပစာရအားဖြင့်"ပဌမဇ္ဈာန သုခေန" ဆိုသည်ဟု မှတ်ပါ။ (အဖုဋံနာမ န ဟောတီတိ ယတ္ထယတ္ထ ကမ္မဇရုပံ တတ္ထတတ္ထ စိတ္တဇရူပဿ အဘိဗျာပနတော၊ ဋီကာ၊]
မှတ်ချက်။ ။ "ယတ္ထ ယတ္ထ ကမ္မရူပံ"ကိုထောက်၍ "ဥပါဒိန္နက သန္တတိ" တုန်းကလည်းကမ္မဇရုပ်ကိုသာ ဥပါဒိန္နကဟု ယူခဲ့ရသည်။ [အချို့နေရာ၌ကား ဥပါဒိ မဆိုဘဲ ဥပါဒိန္နကဟု ဆိုလျှင် ကမ္မဇရုပ်ရှိသောခန္ဓာကိုယ်ကိုယူရသည်။] အဖုဋံ၌လည်းဖရဓာတ်၏ ပြန့်နှံ့ခြင်း အနက်ကိုသာ ယူသင့်ပါသည်။ [စေတသာ ဖုဋောတိ စိတ္တေန ဖရိတော၊-ဧကင်္ဂုတ္တရ, ကာယဂတာသတိဝဋီကာ။]
ဒက္ခော။ ။ ဒက္ခဓာတ်သည်သီယ အနက်ကိုလည်းဟော၏၊ ဒက္ခတိ ကိစ္စာ ကိစ္စေသု သီယံ ပဝတ္တတိတိ ဒက္ခော-ကိစ္စအငယ် အကြီးဟူသမျှတို့၌ လျင်စွာဖြစ်တတ်, ပြီးစီးအောင်ပြုလုပ်တတ်၍ ဖျတ်လတ်သွက်လက်သောဉာဏ်ရှိသူသည်"ဒက္ခ" မည်၏။ ထို့ကြောင့် "ဆေကော" ဟုလည်းကောင်း၊ ဆေကောကို"ပဋိဗလော" ဟုလည်းကောင်း ဖွင့်၍, ထိုစွမ်း နိုင်ရာကိစ္စကို"နှာနီယစုဏ္ဏာနိ ကာတုံစေဝ" စသည်ဖြင့်ဖွင့်သည်၊ ဤသို့ ဖွင့်ခြင်းမှာလည်းပါဠိတော်ဝယ် "ကံသထာလေ နှာနီယစုဏ္ဏာနိ အာကိရိတွာ" စသောသဒ္ဒန္တရိက်ကိုထောက်၍လည်းကောင်း, နှာပက နှာပကန္တေဝါသီတို့ကိုပြရာ ပကရဏအားဖြင့်လည်းကောင်းဖွင့်ခြင်းတည်း။ [ဆိဒီဓာတ် ဏပစ္စည်းဖြင့်"ဆေက" ဟုဖြစ်၏။ ဆိန္ဒတိ-မလိုရာကိုပယ်၍ လိုရာကိုရွေးချယ်ဖြတ်တောက်တတ်၏၊ ဣတိ ဆေကော၊ ပတိရူပံ+ဗလံ ယဿာတိ ပတိဗလော ထိုကိစ္စအားလျော်သောအားရှိသူ။]
ကာတုံ, ပယောဇေတုံ, သန္နေတုံ။ ။ ဆပ်ပြာခဲ ပြုလုပ်သောအခါဆိုင်ရာအမှုန့်တို့ကိုသီးခြားပြုလုပ်ရ၏။ ထိုပြုလုပ်မှုကို"ကာတုံ" ဟု ဆိုသည်၊ ထိုအမှုန့်ပြုပြီးနောက် တဆ, နှစ်ဆစသောအဆအားဖြင့်သင့်တော်သလိုရောစပ်ခြင်းကို"ပယောဇေတုံ" ဟု ဆိုသည်၊ ထိုသို့ ရောစပ်ပြီးနောက်ရေဖြင့်နယ်၍ အခဲပြုလုပ်မှုကို "သန္နေတုံ" ဟု ဆိုသည်။ "သံ (သမ္ပိဏ္ဍတွာ)-ပေါင်း၍+နေတုံ-ဆောင်ခြင်း" ဟူသည်ဆပ်ပြာခဲပြုခြင်းပင်တည်း၊ ထို့ ကြောင့် "ပိဏ္ဍံကရေယျ" ဟု နောက်၌ ဖွင့်လိမ့်မည်၊ "သန္ဒေတုံ-စိုစေခြင်းငှာ" ဟု မူကွဲရှိသည်ကား "ပိဏ္ဍံ ကရေယျ" ဟူသောလာလတံ့အဖွင့်နှင့် မလျော်ပါ။
**ကံသတ္ထာလေ**တိ၊ ကား။ ယေနကေနစိ၊ အမှတ်မရှိ တစ်စုံတစ်ခုသော။ လောဟေန၊ ကြေးဖြင့်။ ကတဘာဇနေ၊ ပြုအပ်သောခွက်၌။ (အာကိရိတွာ၌စပ်။)
ပန၊ ဆက်။ မတ္တိကဘာဇနံ၊ မြေခွက်သည်။ ထိနံ၊ ခိုင်မြဲသည်။ န ဟောတိ၊ မဖြစ်။
သန္နေန္တဿ၊ တစ်ပေါင်းတည်း ဆောင်စဉ်။ ဝါ၊ အာဲပြုစဉ်။ ဘိဇ္ဇတိ၊ ကွဲတတ်၏။
တသ္မာ၊ ကြောင့်။ တံ၊ ထိုမြေခွက်ကို။ န ဒဿတိ၊ ပြတော်မမူ။
**ပရိပ္ဖေါသကံ ပရိပ္ဖေါသကံ**တိ၊ ကား။ သိဉ္စိတွာ သိဉ္စိတွာ၊ သွန်းဖြန်း၍ သွန်းဖြန်း၍။ကံသတ္ထာလေ။ ။ သက္ကတ၌ "သ္တာလံ" ဟုရှိသောကြောင့် ရှေ့ပုဒ်နှင့် တွဲသောအခါ ဒွေဘော်ရှိရသည်၊ ကံသသဒ္ဒါသည်ကြေးတစ်မျိုး (ကြေးဖြူ)ကိုဟော၏ဟု အဘိဓာန် (၉ဝ၅) ၌ ဆို၏၊ "ယေန ကေနစိ လောဟေန" ဟု ဆိုသောကြောင့် ကြေးနီ ကြေးဝါစသောကြေးအမျိုးမျိုးကိုလည်းဟောနိုင်စရာရှိ၏၊ ကံသေန+ကတံ+ထာလံ+ကံသတ္ထာလံ။
မတ္တိကဘာဇနံ။ ။ ဥပမာသာမညကိုပြခြင်းမဟုတ်ပါလော, အဘယ့်ကြောင့် မြေခွက်ကိုမပြပါသနည်း-ဟု မေးဘွယ်ရှိသောကြောင့် "မတ္တိကဘာဇနံ ပန" စသည်မိန့်၊ "အခဲလုပ်ဘို့ရန် အမှုန့်တို့ကိုရေဖြန်း၍ ရေဖြန်း၍ နယ်သောအခါ မြေခွက်သည်ကွဲတတ်ကြောင့် မြေခွက်ကိုပြတော်မမူပါ" ဟူလို။
သန္နေန္တဿ။ ။ သံ+နီဓာတ်သည်"ပေါင်း၍+ဆောင်" ဟု သဒ္ဒတ္ထ, "ပိဏ္ဍိကရဏ အပေါင်း (အခဲ) ပြုခြင်း" ဟု အဓိပ္ပာယတ္ထဖြစ်၏၊ ထို့ကြောင့် သံ+နီ+အန္တပစ္စည်းဖြင့်"သန္နေန္တဿ" ဟု ပါဌ်မှန်ရှိပါစေ၊ "သန္နေန္တဿ" ကား ပါဌ်ပျက်တည်း၊ [စုဏ္ဏံ သန္နေတဗ္ဗန္တိ နှာနစုဏ္ဏံ ဥဒကေန တေမေတ္တာ ပိဏ္ဍိ (အခဲကို) ကာတဗ္ဗာ၊-ဝိနယ မဟာဝဂ္ဂ မဟာခန္ဓက, ဥပဇ္ဈာယ ဝတ္တ အဋ္ဌကထာ။] "သန္နေယျာတိ ၊ပေ၊ ပိဏ္ဍံ ကရေယျ" ၌လည်းနည်းတူ။ [ဤပုဒ်ကို"အနာဒရလက္ခဏေစေတံ သာမိဝစနံ" ဟု ဋီကာသစ်ဆို၏၊ ကစ္စည်းဘာသာဋီကာ ကာရက "အနာဒရေစ" သုတ်၌ အကျယ်ပြထားပြီ။]
ပရိပ္ဖောသကံ။ ။ ပရိ-ပတ်ဝန်းကျင်+ဖုသနံ-သွန်းဖြန်းဖြင်း၊ ပရိပ္ဖောသော-ခြင်း၊ ဤနေရာ၌ ဖုသဓာတ်သည်ပရိသိဉ္စန အနက်ဟောတည်းဟု ဋီကာသစ်ဆို၏။ [သက္ကတ၌ "သွရ်သ" ဟုရှိသောကြောင့် "ပရိပ္ဖောသ" ဟု ဒွေဘော်လာရသည်။] ပရိပ္ဖောသောယေဝ ပရိပ္ဖောသကော၊ သွတ္ထ၌ က ပစ္စည်း၊ ကြိယာဝိသေသန (ဘာဝနပုံသက) အနက်၌ ဒုတိယာ သက်၍ "ပရိပ္ဖောသကံ" ဟုဖြစ်၏၊ "ဝိစ္ဆာဘိညေသု ဒွေ" ဟူသောမောဂ္ဂလ္လာန်, ၁ ကဏ္ဍ (၅၄) သုတ်ဖြင့်ဒွိ ရုပ်ပြု။
မှတ်ချက်။ ။ "ပိဏ္ဍုက္ခေပကံတိ ပိဏ္ဏ ဥက္ခိပိတွာ ဥက္ခိပိတွာ၊ ကာယပ္ပစာလကံတိ ကာယံ ပစာလယိတွာ ပစာလယိတွာ" ဤသို့ စသည်ဖြင့်သေခိယအဋ္ဌကထာတို့ ဖွင့်လေ့ရှိကြ၏၊ ထိုသို့ ဖွင့်ရာဝယ် အာဘိက္ခညအနက်၌ ယဏ္ (ယ အနုဗန် ဏ အနုဗန်ရှိသောအ ပစ္စည်း) သက်ဟု မောဂ္ဂလ္လာန် ၅ ကဏ္ဍ, ၆၃ သုတ် နိဿယ၌ မိန့်တော်မူ၏။ ထိုအတိုင်းဆိုလျှင် ဤ၌လည်းပရိပ္ဖောသကံ တစ်ပုဒ်တည်းကပင် "သိဉ္စိတွာ သိဉ္စိတွာ" ဟူသောအာဘိက္ခညအနက်ကိုဟောနိုင်၏ဟု ယူဘွယ်ရှိရကား ပရိပ္ဖောသကံ တစ်ပုဒ်ပိုသည်ဟု ကြံသင့်ပေသည်။
**သန္နေယျာ**တိ၊ ကား။ ဝါမဟတ္ထိန၊ လက်ဝဲလက်ဖြင့်။ ကံသလတ္ထာလံ၊ ကြေးခွက်ကို။ ဂဟေတွာ၊ ကိုင်၍။ ဒက္ခိဏဟတ္ထေန၊ လက်ျာလက်ဖြင့်။ ပမာဏယုတ္တံ၊ အတိုင်းအရှည်နှင့်ယှဉ်သော။ (သင့်တော်ရုံဖြစ်သော။) ဥဒကံ၊ ရေကို။ သိဉ္စိတွာ သိဉ္စိတွာ၊ သွန်ဖြန်း၍ သွန်ဖြန်း၍။ ပရိမဒ္ဒန္တော၊ နယ်လျက်။ ပိဏ္ဍံ၊ အခဲကို။ ကရေယျ၊ ပြုရာ၏။
**သ္နေဟာနုဂတာ**တိ၊ ကား။ ဥဒကသိနေဟေန၊ ရေတည်းဟူသော အစေးသည်။ အနုဂတာ၊ အစဉ်လိုက်အပ်သည်။
**သ္နေဟပရေတာ**တိ၊ ကား။ ဥဒကသိနေဟေန၊ ရေတည်းဟူသောအစေးဖြင့်။ ပရိဂတာ၊ ထက်ဝန်းကျင်ဖြစ်သည်။
ဝါ၊ ပြန့်သည်။ **သန္တရ ဗာဟိရာ**တိ၊ ကား။ အန္တောပဒေသေန စေဝ၊ အတွင်းအရပ်နှင့်လည်းကောင်း။ ဗဟိပဒေသေနစ၊ အပြင်အရပ်နှင့်လည်းကောင်း။ သဒ္ဓိံ၊ တကွ။ သဗ္ဗတ္ထကမေဝ၊ အလုံးစုံသောအရပ်၌ဖြစ်လောက်အောင်သာလျှင်။ ဥဒကသိနေဟေန၊ သည်။ ဖုဋာ၊ ဖြန့်အပ်သည်။ (ဟောတိ)။ ဣတိ အတ္ထော၊ နက်။သ္နေဟာနုဂတာ။ ။သိနေဟနှင့်သောသည်သဘောတူ၏။ သက္ကတ၌ သ္နိဟဓာတ်, ပါဠိ၌ "သိနိဟ" ဓာတ်ဟုရှိ၏၊ ဏ ပစ္စည်း, နိ၌ ဝုဒ္ဓိပြု၊ သ္နေဟေန-ရေတည်းဟူသောအစေးသည်+အနုဂတာ-အစဉ်လိုက်အပ်သောဆပ်ပြာခဲတည်း၊ သ္နေဟာနုဂတာ၊ "ဆပ်ပြာခဲတစ်ခဲလုံး၌ ရေတည်းဟူသောအစေးသည် ပြန့်နှံ့လျက်ရှိသည်" ဟူလို။
သ္နေဟပရေတာ။ ။ ပရေတာ၌ "ပရိ+ဣတာ" ဟု ပုဒ်ခွဲ၊ ဣဓာတ်သည်ဂတိအနက်ရှိသောကြောင့် "ဥဒကသိနေဟ ပရိဂတာ" ဟု ရှေးစာအုပ်တို့၌ အဖွင့်ရှိသည်၊ ထိုပရိဂတာကိုပင် "ပရိတော+ဂတာ-သမန္တတော၊ ဖုဋာ" ဟု ဋီကာဟောင်းဖွင့်သည်၊ ဋီကာသစ်၌ "ဥဒက သိနေဟေန ပရိဂ္ဂဟိတာ" ဟူသောပါဌ်ကိုယူ၍ "ပရိတော+ဂဟိတာ" ဟု ဖွင့်သွားလေသည်၊ ပရေတာ၏ ပရိဂ္ဂဟိတအနက်ဖြစ်ဖို့ရန်မှာ ခဲယဉ်းလှ၏။ ["သ္နေဟာနုဂကာ"ဖြင့်အတွင်းသို့ အစဉ်လိုက်ပုံကိုပြ၍, "သ္နေဟပရေတာ"ဖြင့်အပြင်၌လည်း ရေအစေးဖြင့်သိမ်းခြုံပြီးသားဖြစ်ပုံကိုပြ၏၊ ထို ၂ မျိုးသောအဓိပ္ပာယ်ကိုပင် "သန္တရဗာဟိရာ ဖုဋာ သ္နေဟေန" ဟု ဆိုသည်။
သန္တရဗာဟိရာ။ ။ အန္တရ (အတွင်းအရပ်)+ဗာဟိရ (အပြင်အရပ်၊) အန္တရော စ+ဗာဟိရောစ အန္တရဗာဟိရံ၊ သဟ+အန္တရဗာဟိရေန ယာ ဝတ္တတီတိ သန္တရ ဗာဟိရာ၊ ပါဠိတော်၌ "ဖုဋာ သ္နေဟေန" ဟု စပ်ပုဒ်ရှိသည်၊ "အတွင်းအပြင်အရပ်နှင့်တကွ ဆပ်ပြာခဲသည် ရေအစေးဖြင့်ပြန့်နှံ့လျက်ရှိသည်" ဟူလို။
သဗ္ဗတ္ထတမေဝ။ ။ သဗ္ဗတ္ထ-ဆပ်ပြာခဲ၏ အလုံးစုံသောအရပ်၌ +ပဝတ္တော (သ္နေဟော) သဗ္ဗတ္ထကော၊ ကြိယာဝိသေသနအနက်၌ ဒုတိယာသက်၍ "သဗ္ဗတ္ထကံ" ဟုဖြစ်၏၊ ရေအစေးသည်ဆပ်ပြာခဲ၏ အလုံးစုံသောအရပ်၌ ပြန့်နှံ့နေသည်-ဟူလို၊ ဋီကာသစ်၌ "သဗ္ဗတ္ထ+ပဝတ္တနံ သဗ္ဗတ္ထကံ" ဟု ပြုလေ၏။]
**န စ ပဂ္ဃရဏီ**တိ၊ ကား။ စ၊ ထိုသို့ပင် အတွင်းအပြင်နှင့်တကွ ရေအစေးသည် ဖြန့်အပ်ပါသော်လည်း။ ဗိန္ဒုံ ဗိန္ဒုံ၊ တစ်စက်တစ်စက်။ ဥဒကံ၊ ရေကို။ နပဂ္ဃရတိ၊ မယိုချ။ ["သာယံနှာနီယပိဏ္ဍိ" ဟု ကတ္တားရှိသောကြောင့် "ဥဒကံ"ကို ဒုတိယန္တကြံ၍ "ဓေနု ခီရံ ပဂ္ဃရတိ"၌ကဲ့ သို့ "မယိုချ" ဟု အနက်ပေးပါသည်။] ဟတ္ထေနပိ၊ လက်ဖြင့်လည်းကောင်း။ ဒွီဟိ၊ ၂ ချောင်းကုန်သော။ အင်္ဂုလီဟိပိ၊ လက်ချောင်းတို့ဖြင့်လည်းကောင်း။ တီဟိ၊ ၃ ချောင်းကုန်သော။ အင်္ဂုလီဟိပိ၊ လည်းကောင်း။ ဂဟေတုံ၊ ယူခြင်းငှာ။ သက္ကာ၊ တတ်ကောင်းသည်။ ဟောတိ။ ဩဝဋ္ဋိကာယပိ၊ ပုဆိုးခါးပိုက်၌သော်မှလည်း။ ကာတုံ၊ ပြုခြင်းငှာ။ ဝါ၊ ထည့်ထားခြင်းငှာ။ (သက္ကာ ဟောတိ။) ဣတိ အတ္ထော။မှက်ချက်။ ။ "သဗ္ဗတ္ထကမေဝ" ဟူသောဤ ကြိယာဝိသေသနသည်သန္တရဗာဟိရ ၏အနက်ကိုအဖြောင့်ပြောသောတပ္ပာကဋီကရဏတည်း၊ ထို့ကြောင့် သန္တရဗာဟိရာ၌လည်း"သန္တရဗာဟိရံ" ဟု ကြိယာဝိသေသနရှိလျှင် သဗ္ဗတ္ထကံနှင့် လိုက်လျောရုံမက, "သဒ္ဓိံ၊ ပေ၊ ဗဟိပဒေသေန" ဟူသောအဖွင့်နှင့်လည်းသာ၍လိုက်လျောမည်ထင်သည်၊ ထိုသို့ဖြစ်လျှင် "သန္တရဗာဟိရံ"ကိုလည်းဗဟုဗွီဟိမကြံဘဲ တပ္ပုရိသ်ကြံရလိမ့်မည်။
နစ ပဂ္ဃရဏီ။ ။ နှာနီယပိဏ္ဍိတစ်ခဲလုံး၌ ရေအစေးတွေ အတွင်းအပြင်ပြန့်နေလျှင်"ရေမယိုပေဘူးလား" ဟု ယုံမှားဖွယ်ရှိသောကြောင့် "စ-ထို့သို့ပင် အတွင်းအပြင်နှင့်တကွ ရေအစေးသည်ဖြန့်အပ်ပါသော်လည်း၊ နု ပဂ္ဃရဏီ-တစ်စက်တစ်စက် ယိုထွက်ခြင်းမရှိပါ" ဟု ပါဠိတော်၌ပင် မိန့်တော်မူသည်။ ["သန္တရဗာဟိရံ"ဖြင့်ဆပ်ပြာတစ်ခဲလုံး၌ ရေသည်ပြန့်နှံ့နေကြောင်းကိုပြ၏၊ "နစ ပဂ္ဃရဏီဖြင့်ရေတွေ ပြန့်နေသော်လည်းရေ မယိုကြောင်း, ယခု ခေတ်ဆပ်ပျာ့ခဲများလို မာနေကြောင်းကိုပြသည်။]
သက္ကာ ဟောတိ ၊ ပေ၊ အတ္ထော။ ။ ဤဝါကျကား ရေမယိုပုံ ရေမစိုပုံကိုထင်ရှာ ပြသောတပ္ပာကဋီကရဏဝါကျတည်း၊ ရေ မယိုသောကြောင့် လက်ဖြင့်ဆုပ်ယူခြင်းငှာလည်းကောင်း, လက်ချောင်း ၂ ချောင်း ၃ ချောင်းဖြင့်ကိုင်ယူခြင်းငှာလည်းကောင်း ရနိုင်ရုံမက, ပုဆိုးခါးပိုက်ထဲ၌ပင်ထည့်၍ ယူနိုင်ပါသေးသည်-ဟူလို။
ဩဝဋ္ဋိကာယပိ။ ။ အဝဝဋ္ဋနံ-အောက်၌ လုံး (ဝိုင်း)ခြင်း၊ ဩဝဋ္ဋော-ခြင်း၊ ဩဝဋ္ဋော ယဿာ အတ္ထီတိ ဩဝဋ္ဋတာ၊ "ခါးပိုက်၏အောက်၌ ဝိုင်းနေသောကြောင့် ဩဝဋ္ဋိကာ" ဟု ဆိုသည်၊ ပုဆိုးတောင်ရှည်၏ အိတ်ထောင့်လည်း"ဩဋ္ဋိကာ"ပင်တည်း၊ ပိ (အပိ)သည် ရေမယိုခြင်းကိုချီးမြှောက်သောသမ္ဘာဝနာဇောတကတည်း၊ "ရေမယိုသောကြောင့် ခါးပိုက် (ပုဆိုးအိတ်ထောင့်) ထဲတောင်မှ ထည့်၍ ယူနိုင်ပါသေးသည်"ဟူလို။ [ဋီကာသစ်၌ တစ်မျိုး ဖွင့်လေသည်။]