ပန၊ ကား။
ဗောဓိပရိစ္ဆေဒေ၊ ဗောဓိိပင်ကိုပိုင်ခြားခြင်း၌။
(အတ္ထော ဧဝံ ဝေဒိတဗ္ဗော။)
ပါဋလိယာ မူလေတိ၊ ကား။
ပါဋလိ ရုက္ခဿ၊ သခွတ်ပင်၏။
ဟေဋ္ဌာ၊ အောက်၌။
(အဘိသမ္ဗုဒ္ဓေါ၊ ၌စပ်။)
ပန၊ ဆက်။
တဿာပါဋလိယာ၊ ထိုသခွတ်ပင်၏။
ခန္ဓော၊ ပင်စည်သည်။
တံဒိဝသံ၊ ဘုရားပွင့်တော်မူရာ ထိုနေ့၌။
ပဏ္ဏာသရတနော၊ အတောင်ငါးဆယ်ရှိသည်။
ဟုတွာ၊ ဖြစ်၍။
အဗ္ဘုဂ္ဂတော၊ အထက်သို့တက်ပြီ။
သာခါ၊ သစ်ကိုင်းတို့သည်။
ပဏ္ဏာသရတနာ၊ အတောင်ငါးဆယ်ရှိကုန်သည်။
(ဟုတွာ အဗ္ဘုဂ္ဂတာ)။
ဣတိ၊ ထို့ကြောင့်။
ဥဗ္ဗေဓေန၊ အစောက်အားဖြင့်။
ရတနသတံ၊ အတောင်တရာသည်။
အဟောသိ၊ ပြီ။
[ဘေးပတ်လည်၌လည်း ဝဲဘက်အတောင်ငါးဆယ် ယာဘက်အတောင်ငါးဆယ်ပြန့်ကျယ်သောကြောင့် အတောင်တရာပင်ရှိ၏။]
စ၊ ဆက်။
တံဒိဝသံ၊ ဘုရားပွင့်တော်မူရာ ထိုနေ့၌။
သာပါဋလီ၊ သည်။
ကဏ္ဏိကာဗဒ္ဓေဟိဝိယ၊ အချက်တို့ဖြင့်ဖွဲ့အပ်သကဲ့သို့ဖြစ်ကုန်သော။
ပုပ္ဖေတိ၊ ပန်းတို့ဖြင့်။
မူလတော၊ အရင်းမှ။
ပဋ္ဌာယ၊ စ၍။
ဧကသဉ္ဆန္နာ၊ တပေါင်းတည်းဖုံးအုပ်အပ်သည်။
အဟောသိ၊ ပြီ။
ဒိဗ္ဗဂန္ဓံ၊ နတ်၌ ဖြစ်သော အနံ့သည်။
ဝါယတိ၊ လှိုင်၏။
စ၊ သည်သာမကသေး။
ကေဝလံ၊ အခြားသစ်ပင်တို့နှင့်မဖက် သက်သက်။
တဒါ၊ ဘုရားပွင့်တော်မူရာထိုနေ့၌။
အယမေဝ၊ ဤဗောဓိပင်ဖြစ်သောသခွတ်ပင်သည်သာ။
ပုပ္ဖိတာ၊ ကောင်းစွာဖြစ်သော ပန်းတို့သည်။
န၊ မဟုတ်သေး။
[ပုပ္ဖံ+သဉ္ဇာထံ+ဧတိဿာတိပုပ္ဖိတာ။
သဉ္ဇာတ အဿတ္ထိ အနက်၌ ဣတပစ္စည်း။]
ဒသသဟဿစက္ကဝါဠေ၊ တသောင်းသော စကြဝဠာ၌။
သဗ္ဗပါဋလိယော၊ အလုံးစုံသော သခွတ်ပင်တို့သည်။
ပုပ္ဖိတာ၊ ကောင်းစွာဖြစ်သော ပန်းရှိကုန်သည်။
ဟောန္တိ။
စ၊ သေး။
ကေဝလံ၊ အခြားသစ်ပင်တို့နှင့်မဖက် သက်သက်။
ပါဋလိယော၊ သခွတ်ပင်တို့သည်သာ။
(ပုပ္ဖိတာ၊ ကုန်သည်။)
န၊ သေး။
ဒသသဟဿစက္ကဝါဠေ၊ ၌။
သဗ္ဗရုက္ခာနံ၊ တို့၏။
ခန္ဓေသု၊ ပင်စည်တို့၌။
ခန္ဓပဒုမာနိ၊ ပင်စည်၌ပွင့်သော ပဒုမ္မာကြာပန်းတို့သည်လည်းကောင်း။
သာခါသု၊ သစ်ကိုင်းတို့၌။
သာ ခါ ပုဒုမာနိ၊ သစ်ကိုင်း၌ ပွင့်သော ပဒုမ္မာကြာပန်းတို့သည်လည်းကောင်း။
လတာသု၊ နွယ်တို့၌။
လတာပဒုမာနိ၊ နွယ်၌ပွင့်သော ပဒုမ္မာကြာပန်းတို့သည်လည်းကောင်း။
အာကာသေ၊ ကောင်းကင်၌။
အာကာသပဒုမာနိ၊ ကောင်းကင်၌ ပွင့်သော ပဒုမ္မာကြာပန်းတို့သည်လည်းကောင်း။
ပုပ္ဖိတာနိ၊ ကုန်သည်။
(ဟောန္တိ)။
ပထဝိတလံ၊ မြေအပြင်ကို။
ဘိန္ဒိတွာပိ၊ ဖောက်ခွဲ၍လည်း။
မဟာပဒုမာနိ၊ ကြီးစွာသော ပဒုမ္မာကြာပန်းတို့သည်။
ဥဋ္ဌီတာနိ၊ ပေါ်ထွက်ကုန်ပြီ။
မဟာသမုဒ္ဒေါပိ၊ မဟာသမုဒြာသည်လည်း။
ပဉ္စဝဏ္ဏေဟိ၊ ငါးမျိုးသောအဆင်းရှိကုန်သော။
ပဒုမေဟိ၊ ပဒုမ္မာကြာပန်းတို့ဖြင့်လည်းကောင်း။
နီလုပ္ပလရတ္တုပ္ပလေဟိစ၊ ကြာညို ကြာနီတို့ဖြင့်လည်းကောင်း။
သဉ္ဆန္ဒော၊ ကောင်းစွာဖုံးလွှမ်းအပ်သည်။
အဟောာသိ၊ ပြီ။
သကလဒသသဟဿစက္ကပါဠံ၊ သည်။
ဓဇမာလာကုလံ၊ တံခွန် အလံအစဉ်တို့ဖြင့် ရောပြွမ်းသည်။
(ဟုတွာ)။
တတ္ထတတ္ထ၊ ထိုထိုအရပ်၌။
နိဗဒ္ဓပုပ္ဖဒါမ ဝိသဋ္ဌမာလာဂုဠ ဝိပ္ပကိဏ္ဏနာနာဝဏ္ဏကုသုမသမုဇ္ဇလံ၊ တွဲရရွဲဆွဲလတ်,ဖွဲ့အပ်သောပန်းဆိုင်း,ပစ်လွှတ်အပ်သော ပန်းအပေါင်းအထူးထူးအပြားပြားရောပြွမ်းလျက် အထူးထူးသော အဆင်းရှိသောပန်းတို့ဖြင့် လွန်စွာတောက်ပသည်လည်းကောင်း။
နန္ဒနဝနစိတ္တလတာဝနမိဿကဝနဖာရုသကဝနသဒိသံ၊ နန္ဒနဝန်ဥယျာဉ်,စိတ္တလတာဥယျာဉ်,မိဿကဥယျာဉ်,ဖာရုသကဥယျာဉ်နှင့် တူသည်လည်းကောင်း။
အဟောသိ။
ပုရတ္တိမစက္ကဝါဠမုခဋိယံ၊ အရှေ့ စကြဝဠာနခမ်းရစ်၌။
ဥဿိတဒ္ဓဇာ၊ ထောင်မတ်နေသော တံခွန်အလံတို့သည်။
[ဥဿာပိတုဟု မရှိသောကြောင့် "ထောင်မတ်စေအပ်စိုက်ထူအပ်"ဟုမပေးရ။]
ပစ္ဆိမစက္ကဝါဠမုခဝဋိံ၊ အနောက်စကြဝဠာနခမ်းရစ်ကို။
အဘိဟနန္တိ၊ ထိုခိုက်ကုန်၏။
[တံခွန်အလံချင်းထိနေသည်ဟူလို။]
(ပေယျာလမြှုပ်ထားသည် ဖော်ပေးပါမည်)။
ပစ္ဆိမစက္ကဝါဠမုခဝဋိယံ၊ ၌။
ဥဿိတဒ္ဓဇာ၊ တို့သည်။
ပုရတ္တိမစက္ကဝါဠမုခဝဋိံ၊ ကို။
အဘိဟနန္တိ၊ ကုန်၏။
ဒက္ခိဏစက္ကဝါဠမုခဝဋိယံ၊ ၌။
ဥဿိတဒ္ဓဇာ၊ တို့သည်။
ဒက္ခိဏစက္ကဝါဠမုခဝဋိံ၊ တောင်စကြဝဠာနခမ်းရစ်ကို။
အဘိဟနန္တိ။
ဧဝံ၊ ဤသို့။
ဝါ၊ ဤနည်းအားဖြင့်။
အညမညသိရီသမ္ပတ္တာနိ၊ အချင်းချင်း အသရေတို့သို့ ကောင်းစွာရောက်ကုန်သော။
စက္ကဝါဠာနိ၊ တို့သည်။
အဟေသုံ၊ ကုန်ပြီ။
အဘိသမ္ဗုဒ္ဓေါတိ၊ ကား။
သကလံ၊ အလုံးစုံသော။
ဗုဒ္ဓဂုဏဝိဘဝသိရိံ၊ ဘုရားရှင်တို့ ရထိုက်သော ဂုဏ်တော်တို့၏ တင့်တယ်ခြင်းဟူသော အသရေကို။
ပဋိဝိဇ္ဈမာနော၊ ထိုးထွင်း၍ သိတော်မူလျက်။
စတ္တာရိ၊ လေးပါးကုန်သော။
သစ္စာနိ၊ တို့ကို။
အဘိသမ္ဗုဒ္ဓေါ၊ ထိုးထွင်း၍ သိတော်မူပြီ။
[စတ္တာရိ သစ္စာနိ အဘိသမ္ဗုဒ္ဓေါသာ အဘိသမ္ဗုဒ္ဓေါ၏ အဖွင့်တည်း။
ထိုသို့ သစ္စာလေးပါးကို သိရာ၌ ဘုရားရှင်တို့ ရတော်မူထိုက်သော အခြားဂုဏ်တော်များကိုလည်း ရတော်မူ၏ဟု ပြလိုသောကြောင့် "ဗုဒ္ဓဂုဏဝိဘဝသိရိံ ပဋိဝိဇ္ဈမာနော"ဟု ဆိုသည်။]
ဘိခီဘိက္ခဝေ၊ ပ။
အဘိသမ္ဗုဒ္ဓေါတိအာဒီသုပိ၊ အစရှိသောပါဠိရပ်တို့၌လည်း။
ဣမိနာဝနယေန၊ ဤနည်းဖြင့်သာ။
ပဒဝဏ္ဏနာ၊ ပုဒ်တို့၏အဖွင့်ကို။
ဝေဒိတဗ္ဗာ၊ ၏။
ပန၊ အထူးကား။
ဧတ္ထ၊ သိခီဘိက္ခဝေ အစရှိသောပါဠိရပ်၌။
ပုဏ္ဍရီကောတိ၊ ကား။
သေတမ္ဗရုက္ခော၊ ဖြူသောအသီးရှိသော သရက်ပင်တည်း။
[သေသမ္ဗရုက္ခောတိ သေတဝဏ္ဏဖလော အမ္ဗရုက္ခော။
၊ ဋီကာ။]
တဿာပိ၊ ထိုသရက်ဖြူပင်သည်လည်း။
တဒေဝ၊ ထိုအတောင်တရာသည်ပင်။
ပရိမာဏံ၊ အတိုင်းအရှည်တည်း။
စ၊ ဆက်။
တံဒိဝသံ၊ ဘုရားပွင့်တော်မူရာ ထိုနေ့၌။
သောပိ၊ ထို သရက်ဖြူပင်သည်လည်း။
ဒိဗ္ဗဂန္ဓေဟိ၊ နတ်၌ဖြစ်သော အနံ့ရှိကုန်သော။
ပုပ္ဖေဟိ၊ ပန်းတို့ဖြင့်။
သုသဉ္ဆန္နော၊ ကောင်းစွာဖုံးလွှမ်းအပ်သည်။
အဟောသိ၊ ပြီ။
စ၊ သည်သာမကသေး။
ကေဝလံ၊ အသီးမဘက်သက်သက်။
ပုပ္ဖေဟိ၊ တို့ဖြင့်သာ။
(သဉ္ဆန္နော၊ အပ်သည်။
အဟောသိ။
အဿ၊ ထိုသရက်ဖြူပင်၏။
ဧကတော၊ တဘက်သောဘေး၌။
[ဧကတောတိ ဧကပဿေ။
၊ ဋီကာ။]
တရုဏာနိ၊ နုကုန်သော။
ဖလာနိ၊ အသီးတို့သည်လည်း။
ဧကတော၊ ၌။
မဇ္ဈိမာနိ၊ အလယ်အလတ် ဖြစ်ကုန်သော။
ဖလာနိ၊ လည်းကောင်း။
ဧကတော၊ ၌။
နာတိပက္ကာာနိ၊ အလွန် မမှည့်ကုန်သော။
ဖလာနိ။
ဧကတော၊ ၌။
သုပက္ကာနိ၊ ကောင်းစွာ မှည့်ကုန်သော။
ဖလာနိ၊ တို့သည်လည်းကောင်း။
ပက္ခိတ္တဒိဗ္ဗောဇာနိဝိယ၊ ထည့်အပ်သောနတ်၌ဖြစ်သော ဩဇာရှိကုန်သကဲ့သို့။
သုရသာနိ၊ ကောင်းသော အရသာရှိကုန်သည်။
(ဟုတွာ)။
ဩလမ္ဗန္တိ၊ တွဲရရွဲဆွဲနေကုန်၏။
သော၊ ထိုသရက်ဖြူပင်သည်။
(ပုပ္ဖေဟိ၊ တို့ဖြင့်လည်းကောင်း။
ဖလေဟိ၊ အသီးတို့ဖြင့်လည်းကောင်း။
ပဋိမဏ္ဍိတော၊ တန်ဆာဆင်အပ်သည်။
အဟောသိ) ယထာ၊ ဖြစ်သကဲ့သို့။
ဧဝံ၊ တူ။
သကလဒသသဟဿစက္ကဝါဠေသု၊ တို့၌။
ပုပ္ဖူပဂရုက္ခာ၊ အပွင့်သို့ကပ်ရောက်ကုန်သော သစ်ပင်တို့သည်။
ဝါ၊ အပွင့်ပွင့်ကုန်သောသစ်ပင်တို့သည်။
ပုပ္ဖေဟိ၊ တို့ဖြင့်လည်းကောင်း။
ဖလူပဂရုက္ခာ၊ အသီးသို့ ကပ်ရောက်ကုန်သောသစ်ပင်တို့သည်။
ဝါ၊ အသီးသီးကုန်သော သစ်ပင်တို့သည်။
ဖလေဟိ၊ တို့ဖြင့် လည်းကောင်း။
ပဋိမဏ္ဍိတာ၊ တန်ဆာဆင်အပ်ကုန်သည်။
အဟေသုံ၊ ကုန်ပြီ။
[ပုပ္ဖံဥပဂစ္ဆန္တီတိ ပုပ္ဖူပဂါ။
"ဖလူပဂါ"၌လည်း နည်းတူ။]
သာလောတိ၊ ကား။
သာလရုက္ခော၊ အင်ကြင်းပင်တည်း။
တဿာပိ၊ ထိုအင်ကြင်းပင်၏လည်း။
တဒေဝ၊ ထို အတောင်တရာသည်ပင်။
ပရိမာဏံ၊ တည်း။
တထေဝ၊ ထို့အတူပင်။
ပုပ္ဖသိရီဝိဘဝေါ၊ ပန်းတို့၏အသရေဖြင့်တင့်တယ်ခြင်းကို။
ဝေဒိတဗ္ဗော၊ ၏။
သိရီသရုက္ခေပိ၊ ကုက္ကိုပင်၌လည်း။
ဧသေဝနယော၊ တည်း။
ဥဒုမ္ဗရရုက္ခေ၊ ရေသဖန်းပင်၌။
ပုပ္ဖါနိ၊ အပွင့်တို့သည်။
နာဟေသုံ၊ မရှိကုန်။
ပန၊ ဆက်။
ဧတ္ထ၊ ဤရေသဖန်းပင်၌။
ဖလပိဘူတိ၊ အသီး၏တင့်တယ်ပုံသည်။
ဝုတ္တနယာဝ၊ ဆိုအပ်ပြီးသောနည်းရှိသည်သာ။
နိဂြောဓေ၊ ပင်ညောင်ပင်၌။
တထာ၊ ထို့အတူတည်း။
[တထာဖြင့် ဖလဝိဘူတိ အမ္ဗေဝုတ္တနယာဝ ကိုညွှန်းသည်။]
အဿတ္ထေ၊ ညောင်ဗုဒ္ဓဟေပင်၌။
တထာ၊ ထို့ အတူတည်း။
ဣတိ၊ ဤသို့လျှင်။
သဗ္ဗဗုဒ္ဓါနံ၊ တို့၏။
ပလ္လင်္ကော၊ ပလ္လင်တည်ရာအရပ်သည်။
ဧကောဝ၊ တမျိုးတည်းသာတည်း။
ရုက္ခာပန၊ သစ်ပင်တို့သည်ကား။
အညေပိ၊ အခြားသော သစ်ပင်တို့သည်လည်း။
ဟောန္တိ။
တေသု၊ ထို သစ်ပင်တို့တွင်။
ယဿယဿ ရုက္ခဿ၊ အကြင်အကြင်သစ်ပင်၏။
မူလေ၊ အနီးအောက်၌။
စတုမဂ္ဂဉာဏသင်္ခါရတဗောဓိံ၊ လေးပါးသော မဂ်ဉာဏ်ဟု ဆိုအပ်သော ဗောဓိကို။
ဗုဒ္ဓါ၊ တို့သည်။
ပဋိဝိဇ္ဈန္တိ၊ ထိုးထွင်း၍ သိတော်မူကုန်၏။
သော သော၊ ထိုထိုသစ်ပင်ကို။
(လေးပါးသောမဂ်ဉာဏ်ဟု ဆိုအပ်သောဗောဓိကို ထိုးထွင်း၍ သိတော်မူရာ ထိုထိုသစ်ပင်ကို)။
ဗောဓီတိ၊ ဗောဓိဟူ၍။
ဝုစ္စတိ၊ ၏။
အယံ၊ ဤ ဆိုအပ်ပြီးကား။
ဗောဓိပရိစ္ဆေဒေါနာမ၊ ဗောဓိပင်၏အပိုင်းအခြားမည်၏။
[ဗုဇ္ဈန္တိ၊ ဧတ္ထာာတိဗောဓိ။
ဧတ္ထ၊ ဤသစ်ပင်၌။
ဝါ၊ ဤသစ်ပင်၏အနီးအောက်၌။
ဗုဇ္ဈန္တိ၊ လေးပါးသောမဂ်ဉာဏ်တို့ကို ထိုးထွင်း၍ သိတော်မူကြကုန်၏။
ဣတိ၊ ထိုသို့ လေးပါးသောမဂ်ဉာဏ်တို့ကို ထိုးထွင်း၍ သိတော်မူကြရာ၏ အဖြစ်ကြောင့်။
သော၊ ထိုသစ်ပင်သည်။
ဗောဓိ၊ မည်၏ ဘုရားတစ်ဆူ၏ ဗောဓိပင်နှင့်အခြားဘုရားတဆူ၏ ဗောဓိပင်ကို ခွဲခြား၍ပြရာအခန်းသည် "ဗောဓိပရိစ္ဆေဒ"မည်၏။]