ကထိနက္ခန္ဓကေ၊ ၌။
**ပါဝေယျကာ**တိ၊ ကား။
ပါဝေယျရဋ္ဌ ဝါသိနော၊ ပါဝေယျတိုင်း၌ နေလေ့ရှိကုန်သော။
(ဘိက္ခူ၌ စပ်။)
[ပါဝေယျေ+ ဝသန္တီတိ ပါဝေယျာ။
(ဏပစ္စည်း)။
ကလာ၍ ပါဝေယျကာ။
မလ္လာမင်းတို့၏ နေရာ ပါဝါပြည်ဟု ထင်မည်စိုး၍ "ပါဝေယျံ နာမ" ဟု မိန်သည်။ ]
ပါဝေယျံနာမ၊ ပါဝေယျ မည်သည်ကား။
ကောသလေသု၊ ကောသလာဟု ဗဟုဝုစ်အမည်ရသော ဇနပုဒ်၌။
ပစ္ဆိမဒိသာဘာဂေ၊ အနောက်အရပ်အဖို့၌။
ရဋ္ဌံ၊ တိုင်းတစ်တိုင်းတည်း။
တတ္ထ၊ ထို ပါဝေယျတိုင်း၌။
ဝါသိနော၊ နေလေ့ရှိကုန်သော။
(ဘိက္ခူ၌ စပ်။)
ဣတိ ဝုတ္တံ ဟောတိ၊
ဧတံ၊ ဤ ပါဝေယျကာ ဟူသော အမည်သည်။
ကောသလရညော၊ ကောသလမင်း၏။
ဧကပိတုက ဘာတူနံ၊ တစ်ယောက်တည်းသော ခမည်းတော်ရှိသော ညီတော် နောင်တော်ဖြစ်ကုန်သော။
(ဖတူမိကွဲ ဖြစ်ကုန်သော။)
ဘဒ္ဒဝဂ္ဂိယထေရာနံ၊ ဘဒ္ဒဝဂ္ဂိယထေရ်တို့၏။
အဓိဝစနံ၊ တည်း။
[ဧကော+ပိတာ ယေသန္တိ ဧကပိတုကာ။
{ဧကပိတုကာစ+တေ+ဘာတရော စာတိ ဧကပိတုကဘာတရော၊
ဘဒ္ဒဝဂ္ဂေ (ကောင်းသောအစု၌) + ဘဝါ ဘဒ္ဒဝဂ္ဂိယာ။]
တေသု၊ ထို ဘဒ္ဒဝဂ္ဂီ နောင် ညီ သုံးကျိပ်တို့တွင်။
သဗ္ဗဇေဋ္ဌကော၊ အလုံးစုံတို့၏ အကြီးအကဲဖြစ်သော ပုဂ္ဂိုလ်သည်။
အနာဂါမီ၊ အနာဂါမ်တည်း။
သဗ္ဗပစ္ဆိမကော၊ အလုံးစုံတို့၏ နောက်ဆုံးဖြစ်သော ပုဂ္ဂိုလ်သည်။
သောတာပန္နော၊ သောတာပန်တည်း။
[ဂုဏ်အားဖြင့် "ဇေဋ္ဌက, ပစ္ဆိမက" ဟု ဆိုသည်၊ အသက်ကြီး ငယ်အားဖြင့် ဆိုသည်မဟုတ်။]
ဧကောပိ၊ တစ်ပါးလည်း ဖြစ်သော။
အရဟာ ဝါ၊ ရဟန္တာသည်လည်းကောင်း။
ပုထုဇ္ဇနော ဝါ၊ ပုထုဇဉ်သည်လည်းကောင်း။
နတ္ထိ၊ မရှိ။
**အာရညိကာ**တိ၊ ကား။
ဓုတင်္ဂသမာဒါနဝသေန၊ ဓုတင်ကို ဆောက်တည်ခြင်း၏အစွမ်းဖြင့်။
အာရညိကာ၊ တော၌ နေလေ့ရှိကုန်သော။
အရညဝါသမတ္တေန၊ တော၌ နေခြင်းမျှဖြင့်။
န (အာရညိကာ)၊ အရညိက မဟုတ်ကုန်သော။
(ဘိက္ခူ၌ စပ်။)
တေသံ၊ ထို ဘဒ္ဒဝဂ္ဂီ နောင်ညီ သုံးကျိပ်တို့၏။
ပိဏ္ဍပါတိကာဒိဘာဝေပိ၊ ပိဏ္ဍပါတိက အစရှိသည်၏ အဖြစ်၌လည်း။
ဧသေဝနယော၊ တည်း။
[အရညဖြင့် အရညဝါသတိုင်အောင် ဌာနူပစာရအားဖြင့် ယူ၍ "အရညံ ဧတေသန္တိ အာရညာ" (ဏပစ္စည်း) က လာ၍ အာရညကာ၊ ဏိပစ္စည်းဖြင့် "အာရညိကာ" လည်း သင့်၏။]
စ၊ ဆက်။
သီသဝသေန၊ ခေါင်းတပ်ခြင်း၏အစွမ်းဖြင့်။
(ပဓာနအစွမ်းဖြင့်။)
ဧတံ၊ ဤ အာရညိကစသော ဓုတင်လေးပါးကို။
(သံဂီတိကာရေဟိ) ဝုတ္တံ၊
ပန၊ စင်စစ်သော်ကား။
ဣမေ၊ ဤ ဘဒ္ဒဝဂ္ဂီ နောင်ညီသုံးကျိပ်တို့သည်။
တေရသာပိ၊ တစ်ဆယ့်သုံးပါးလဘည်းဖြစ်ကုန်သော။
ဓုတင်္ဂါနိ၊ ဓုတင်တို့ကို။
သမာဒါယေဝ၊ ကောင်းစွာယူ၍သာ။
(ဆောက်တည်၍သာ။)
ဝတ္တန္တိ၊ ကျင့်ကြကုန်၏။
**ဥဒကသင်္ဂဟေ**တိ၊ ကား။
ဥဒကေန၊ ရေသည်။
သင်္ဂဟိတေ၊ သိမ်းယူအပ်သော။
ဃဋိတေ၊ ဆက်ဆပ်အပ်သော။
သံသဋ္ဌေ၊ ရောနှောအပ်သော။
ထလေ စ၊ ကုန်းအရပ်၌လည်းကောင်း။
နိန္နေ စ၊ ချိုင့်ဝှမ်းသော အရပ်၌လည်းကောင်း။
ဧကောဒကီဘူတေ၊ တစ်ခုတည်းသော ရေရှိသည်ဖြစ်၍ဖြစ်သော။
(ရေတစ်ပြင်တည်း ဖြစ်၍နေသော။
စိက္ခလ္လေ၌ စပ်။)
ဣတိ အတ္ထော၊
**ဥဒကစိက္ခလ္လေ**တိ၊ ကား။
အက္ကန္တအက္ကန္တဋ္ဌာနေ၊ နင်းအပ် နင်းအပ်သော အရပ်၌။
ဥဒကစိက္ခလ္လော၊ ရေဖြင့် ညွန်သည်။
(ညွန်ရေသည်။)
ဥဋ္ဌာယိတွာ၊ ထ၍။
ယာဝအာနိသဒါ၊ တင်ပါးတိုင်အောင်။
ပဟရတိ၊ ပုတ်ခတ်၏။
ဤဒိသေ၊ ဤကဲ့သို့ရှုအပ်သော။
(ဤကဲ့သို့ ရေနှင့်ရော၍နေသော။)
စိက္ခလ္လေ၊ ရွှံ့ညွန်၌။
ဣတိ အတ္ထော၊
**ဩကပုဏ္ဏေဟီ**တိ၊ ကား။
ဥဒကပုဏ္ဏေဟိ၊ ရေဖြင့် ပြည့်ကုန်သော။သီသဝသေန။ ။ [ပဓာနကို သီသဟု ဆိုသည်၊] ပါဠိတော်၌ ဓုတင်လေးမျိုးကိုသာ ခေါင်းတပ်၍ ပဓာနနည်းအားဖြင့် ဆိုထားသည်၊ ထို အရှင်တို့ကား ဓုတင်တစ်ဆယ့်သုံးပါးလုံးဆောင်ကြပါသည်- ဟူလို၊ [သီသဝသေနာတိ ပဓာနင်္ဂဝသေန (ပဓာနဖြစ်သော ဓုတင် အစိတ်အပိုင်း၏ အစွံမ်းဖြင့်။) - ဋီကာ။]
ဥဒကသင်္ဂဟေ။ ။ "သင်္ဂဟိတေ" ဖြင့် သင်္ဂဟ၌ ဂဟဓာတ် + အ ပစ္စည်း၏ ကံ အနက်ကိုပြ၏၊ သင်္ဂယှတေတိ သင်္ဂဟော၊ ဥဒကေန+သင်္ဂဟော-ကုန်းအရပ် ချိုင့်အရပ် အားလုံးကို ရေက သိမ်းကျုံး ယူထားအပ်သော အရပ်ဖြစ်၍ ရေပြင်ကြီးဖြစ်နေသည်-ဟူလို၊ ထို့ကြောင့် "ထလေ စ၊ ပေ၊ ဘူတေ" ဟု အဓိပ္ပာယ်ဖွင့်သည်။

(စီဝရဟိ၌ စပ်။
ဩကနှင့် ဥဒကသည် ပရိယာယ်တည်း။)
တေသံ၊ ထို ဘဒ္ဒဝဂ္ဂီ နောင်ညီသုံးကျိပ်တို့၏။
စီဝရာနိ၊ တို့သည်။
ဃနာနိ ကိရ၊ ပိတ်ပိတ်သဲသဲ, တစ်ခဲနက် ဖြစ်ကုန်သတတ်။
တေသု၊ ထို သင်္ကန်းတို့၌။
ပတိတံ၊ ကျသော။
ဥဒကံ၊ သည်။
န ပဂ္ဃရတိ၊ မယိုထွက်။
ဃနတ္တာ၊ ပိတ်ပိတ်သဲသဲ, တစ်ခဲနက်၏ အဖြစ်ကြောင့်။
ပုဋဗဒ္ဓံ ဝိယ၊ ထမင်းထုပ်ကဲ့သို့။
တိဋ္ဌတိ၊ တည်နေ၏။
တေန၊ ကြောင့်။
ဩကပုဏ္ဏေဟိ စီဝရေဟီတိ၊ ဟူ၍။
(သံဂီတိကာရေဟိ) ဝုတ္တံ၊
ဩဃပုဏ္ဏေဟီတိပိ၊ ဟူ၍လည်း။
ပါဌော၊ ပါဠိတော်ပါဌ်သည်။
(အတ္ထိ)။
("ရေအယဉ်ဖြင့် ပြည့်ကုန်သော" ဟု ပေး။)
**အဝိဝဒမာနာ ဝဿံ ဝသိမှာ**တိ ဧတ္ထ၊ ၌။
(နာဝေါစုံ၌ စပ်။)
အာဂန္တုကဋ္ဌာနေ၊ အာဂန္တုကတို့၏ နေရာအရပ်၌။
(အာဂန္တုက အဖြစ်ဖြင့် ဝါကပ်ခဲ့ရာ ဖြစ်သော သာကေတအရပ်ကို ရည်ရွယ်သည်။)
သေနာသနဖာသုတာယ၊ ကျောင်း အိပ်ရာနေရာ၏ ချမ်းသာသည်၏အဖြစ်၏။
အဘာဝေန စ၊ မရှိခြင်းကြောင့်လည်းကောင်း။
ဘဂဝတော၊ ကို။
ဒဿနာလာဘေန၊ ဖူးမြင်ခွင့်ကို မရခြင်းကြောင့်။
(ဖူးမြင်ခွင့်ကို မရသည့်အတွက်။)
ဥက္ကဏ္ဌိတတာယ စ၊ ပျင်းရိကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း။
တေ ဘိက္ခူ၊ ထို ရဟန်းတို့သည်။
ဖာသုံ၊ ချမ်းသာစွာ။
န ဝသိံသု၊ မနေခဲ့ကြရကုန်။
တသ္မာ၊ ကြောင့်။
အဝိဝဒမာနာ ဖာသုကံ ဝဿံ ဝသိမှာတိ၊ ဟူ၍။
နာဝေါစုံ၊ မလျှောက်ကြကုန်။
["ဖာသုကံ" ကို ထည့်၍ မလျှောက်ကြ-ဟူလို။]
**ဓမ္မိံ ကထံ ကတွာ"** တိ၊ ကား။
ဘဂဝါ၊ သည်။
တေသံ ဘိက္ခူနံ၊ တို့အား။
အနမတဂ္ဂိယကထံ၊ အနမတဂ္ဂိယကထာကို။
ကထေသိ၊ ဟောတော်မူပြီ။
တေ၊ ထိုရဟန်းတို့သည်။
သဗ္ဗေပိ၊ အလုံးစုံသော ရဟန်းတို့သည်လည်း။
ကထာပရိယောသာနေ၊ အနမတဂ္ဂိဘကထာ၏ အဆုံး၌။
အရဟတ္တံ၊ အရဟတ္တဖိုလ်သို့။
ပါပုဏိတွာ၊ ရောက်၍။
နိသိန္နဋ္ဌာနတောယေဝ၊ ထိုင်နေရာအရပ်မှပင်။
အာကာသေ၊ ကောင်းကင်၌။
အနုမတဂ္ဂိယကထံ။ ။ [သံယုတ်, အနမတဂ္ဂိယသုတ်၊] အနမတဂ္ဂေ+ပဝတ္တံအနမတဂ္ဂိယံ (အနမတဂ္ဂသံသရာ၌ ဖြစ်ခဲ့သော အကြောင်းအရာ။) အနမတဂ္ဂိယဿ+ကထာ အနမတဂ္ဂိယကထာ၊ အနမတဂ္ဂသံသရာ၌ ဖြစ်ခဲ့သော၊ အကြောင်းအရာကို ဟောတော်မူကြောင်းစကား၊ ထိုစကားဟူသည် အနမတဂ္ဂိဘသုတ်တော်ပင်တည်း။
ဥပ္ပတိတွာ၊ ပျံတက်၍။
အဂမံသု၊ သွားကြကုန်ပြီ။
တံ၊ ထို အနမတဂ္ဂိယကထာကို။
သန္ဓာယ၊ ၍။
ဓမ္မိံ ကထံ ကတွာတိ၊ ဟူ၍။
သံဂီတိကာရေဟိ) ဝုတ္တံ။
တတော၊ ထိုမှ နောက်၌။
(ရဟန်းများ ပြန်ကြွပြီးရာ ကာလမှနောက်၌။)
ဘဂဝါ၊ သည်။
ကထိနတ္ထာရော၊ ကထိန်ခင်းခြင်းသည်။
ဝါ၊ ကို။
ပညတ္တော၊ ပညတ်တော်မူအပ်ပြီးသည်။
ဧကံ၊ တစ်ထည်သော။
စီဝရံ၊ ကို။
(သင်္ကန်းကြီးကို)။
ထပေတွာ၊ ထားခဲ့၍။
သန္တရုတ္တရေန၊ သင်းပိုင်နှင့်တကွဖြစ်သော ဧကသီဖြင့်။
အာဂစ္ဆန္တာ၊ လာကုန်လတ်သော်။
ဧဝံ၊ ဤသို့။
(ဤမျှလောက်။)
ကိလန္တာ၊ ပင်ပန်းကြရကုန်သည်။
န အဿု၊ မဖြစ်ကုန်ရာ။
စ၊ ဆက်။
ဧသ (ဧသော) ကထိနတ္ထာရော နာမ၊ ဤကထိန်ခင်းခြင်း မည်သည်ကို။
သဗ္ဗဗုဒ္ဓေဟိ၊ အလုံးစုံသော ဘုရားရှင်တို့သည်။
အနုာညာတော၊ ခွင့်ပြုတော်မူအပ်ပြီ။
ဣတိ၊ သို့။
စိန္တေတွာ၊ ကြံတော်မူပြီး၍။
ကထိနတ္ထာရံ၊ ကထိန်ခင်းခြင်းကို။
အနုဇာနိတုကာမော၊ ခွင့်ပြုတော်မူလိုသည်။
(ဟုတွာ)၊
ဘိက္ခူ၊ တို့ကို။
အာမန္တေသိ၊ မိန့်တော်မူပြီ။ကထိနံ။ ။ ကထနသဒ္ဒါသည် ထိရအနက်ကို ဟောသော အနိပ္ပန္နပါဋိပဒိကပုဒ်တည်း၊ ထိရ အနက်ကို ဟောသော ရုဠှီပုဒ် ဖြစ်သည်- ဟူလို၊ "ထိရ-ခိုင်မြဲ" ဟူသည်လည်း နောက်၌ လာမည့် ကထိန်၏ အာနိသင် (အကျိုး) ငါးပါးကို ကထိန်ခင်းရာ ကျောင်းတိုက်အတွင်း၌ ထားနိုင်လောက်အောင် ခိုင်ခံ့ခြင်းတည်း၊ [ကထိနန္တိ ပဉ္စာနိသံသေ အန္တောကရဏသမတ္ထတာယ ထိရန္တိ အတ္ထော၊] ဝိနယာ လင်္ကာရ၌ ဓာတ်အမျိုးမျိုးကြံ၍ ဝိဂြိုဟ် ပြုလေသေး၏။
အတ္ထာရော။ ။ သက္ကတ၌ "အာသ္ထရ" ဟု ရှိ၏၊ အာပုဗ္ဗ+သ္ထရဓာတ်သည် ပါဠိ၌ အာပုဗ္ဗ+ထရဓာတ်ဖြစ်၏၊ အစ္ဆာဒန( ဖုံးအုပ်-ဖုံးလွှမ်း) အနက်ကို ဟော၏၊ ဖြန့်ခင်းခြင်းဟူသည် ထို ခင်းရာဌာနကို ဖုံးလွှမ်းခြင်းပင်တည်း၊ ထို့ကြောင့် "အတ္ထာရ-ခင်းခြင်း" ဟု အနက်ပေးကြသည်၊ ထို့ကြောင့် ကထိန်ဟု ခေါ်ဝေါ်အပ်သော ပညတ်တစ်မျိုးကို မိမိတို့၏ ကျောင်းတိုက်အတွင်း၌ (ကျောင်းတိုက်ကို ဖုံးလွှမ်းသောအားဖြင့်) ထားခြင်းကို "ခင်းခြင်း" ဟု မှတ်ပါ၊ ထိုသို့ဖုံးလွှမ်းထားသည့်အတွက် ကထိန်၏ အရှိန်အဝါ အာနိသင် ငါးပါးသည် အခြားသို့ လွန်၍ မသွားတော့ဘဲ ဤ ကျောင်းတိုက်မှာပင် တည်နေရတော့သည်၊ ကထိနဿ- ကို+ အတ္ထာရော ကထိနတ္ထာရော၊ [ကထိန၏ အရကောက်နှင့် ခင်းပုံ အစီအစဉ်မှာ နောက်၌လာမည့် စကားများနှင့် ပရိဝါ၌ ထင်ရှားပါလိမ့်လတ္တံ့။] စ ပန၊ ထပ်၍ ဆက်။ အာမန္တေတွာ၊ မိန့်တော်မူပြီး၍။ **အနုဇာနာမိဘိက္ခဝေ** တိအာဒိံ၊ အစရှိသော စကားရပ်ကို။ အာဟ၊ ပြီ။

တတ္ထ၊ ထို အနုဇာနာမိ ဘိက္ခဝေ အစရှိသော စကားရပ်၌။
**အတ္ထတကထိနာနံ ဝေါ**တိ (ဧတ္ထ)၊ ၌။
ဝေါဟာရော၊ ဝေါသဒ္ဒါသည်။
နိပါတမတ္တံ၊ အနက်မရ နိပါတ်မျှသာတည်း။
အတ္ထတကထိနာနံ၊ ခင်းအပ်ပြီးသော ကထိန်ရှိသော ရဟန်းတို့၏။
(ကပ္ပိဿန္တိ၊ အပ်ကုန်လတ္တံ့၌ စပ်။)
ဣတိ အတ္ထော၊
ဟိ၊ လဒ္ဓဂုဏ်ကို ဆိုဦးအံ့။
(ဝေါကို နိပါတ်မျှဟု ကြံရခြင်း၏ အကျိုးကို ဆိုဦးအံ့။)
ဧဝံ၊ ဤသို့ ဝေါသဒ္ဒါ၏ နိပါတ်မျှ၏ အဖြစ်သည်။
သတိ၊ ဖြစ်လတ်သော်။
ပရတော၊ နောက်၌။
(နောက်နား၌။)
သော နေသံ ဘဝိဿတီတိ၊ ဟူသောစကားသည်။
ယုဇ္ဇတိ၊ သင့်၏။
အထ ဝါ၊ ကား။
**ဝေါ**တိ ဧတံ၊ ဝေါဟူသော ဤသဒ္ဒါသည်။
သာမိဝစနမေဝ၊ သာမီဝိဘတ်ရှိသော သဒ္ဒါပင်တည်း။
("ဝေါ- သင်တို့၏" ဟု သာ ပေးပါ-ဟူလို။)
ပန၊ ဆက်။
**သော နေသန္တိ** ဧတ္ထ၊ ၌။
သော စီဝရုပ္ပါဒေါ၊ ထို သင်္ကန်း၏ ဖြစ်ပေါ်လာခြင်းသည်။
ဝါ၊ ထိုဖြစ်ပေါ်လာသော သင်္ကန်းသည်။
ယေ၊ အကြင် ရဟန်းတို့သည်။
အတ္ထတကထိနာ၊ ခင်းအပ်ပြီးသော ကထိန် ရှိကြကုန်၏။
တေသံ၊ ထို ရဟန်းတို့၏။
(သင်တို့နှင့်တကွသော ရဟန်းအားလုံးတို့၏။)
ဝါ၊ တို့ဖို့။
ဘဝိဿတိ၊ လတ္တံ့။
ဣတိ အတ္ထော၊ ဝေါတိ ၊ပေ၊ ဧဝဉှိ။ ။ ဝေါသဒ္ဒါကို အနက်မရှိသော နိပါတ်ပုဒ်သာဟု ဟူ၍ထိုသို့ ယူရခြင်း၏ အကျိုးကိုပြလိုသောကြောင့် "ဧဝဉှိံ" စသည်ကို မိန့်သည်၊ နောက်၌ "သော တုမှာကကံ" ဟုလည်းကောင်း, "သော ဝေါ" ဟု လည်းကောင်း မိန့်တော်မမူဘဲ "သော နေသံ" ဟု မိန့်တော်မူ၏၊ ဝေါသဒ္ဒါကို နိပါတ်မျှသာ ဟု ယူမှ ထိုစကား၏ သင့်မြတ်ခြင်း (ရှေ့နောက် လိုက်လျောခြင်း) အကျိုးကို ရမည်၊ ဤနေရာ၌ "ဝေါ- သင်တို့၏" ဟု ဆိုပြီးနောက် နောက်၌ "သော+နေသံ" ဟု ဝေါ၏အစား "နေသံ" ဟု ဆိုလျှင် ရှေ့နောက် စကားအသုံး ဆန့်ကျင်ရာ ရောက်လိမ့်မည်-ဟူလို။
အထ ဝါ၊ ပေ၊ နေသံ။ ။ ဤနည်း၌ကား ဝေါသဒ္ဒါသည် သာမီအနက်ရှိသော နာမ်ပုဒ်ပင်တည်း၊ ထို့ကြောင့် "အတ္ထတကထိနာနံ" ကိုလည်း ဝေါနှင့် အနက်တူသာမီဝိဘတ်ပင်တည်းဟု မှတ်ပါ၊ ကပ္ပိဿန္တိ ကို ငဲ့၍ "အား" ဟု သမ္ပဒါန်အနက်ပေးခြင်းသည် ဤ အဖွင့်နှင့် မညီ၊ ဤသို့ ဝေါသဒ္ဒါက အနက်ရှိလျှင် သောနေသံ၌ နေသံအတွက် အဘယ်သို့ အနက် မှတ်ရမည်နည်း? - ဟုမေးဖွယ်ရှိ၍ "နေသာ နေသန္တိ" စသည်ကို မိန့်သည်၊ "နေသံ" အရ ယခုမျက်မှောက်၌ ရောက်နေသော "သင်" ဟူသော ရဟန်းများနှင့်တကွ ကထိန်အာနိသင် ရသော နောက်နောက်ရဟန်းအားလုံးကို ယူရမည်၊ ထိုသို့ ယူလျှင် ရှေ့က၈ "ဝေါ" နှင့် မဆန့်ကျင်ပါဟူလို၊ [ယေ အတ္ထတကထိနာတိ န ကေဝလံ တုမှာကမေဝ၊ ယေ အညေပိ (သင်တို့မှ တစ်ပါးလည်း ဖြစ်ကုန်သော) အတ္ထတကထိနာ၊ တေသမ္ပိ ဘဝိဿတီတိ အတ္ထော၊- ဋီကာ။]

တတ္ထ၊ ထို ကထိန်အာနိသင် ငါးပါးတို့တွင်။
**အနာမန္တစာရော**တိ၊ ကား။
ယာဝ၊ လောက်။
ကထိနံ၊ ကထိန်ကို။
န ဥဒ္ဓရိယတိ၊ မနုတ်အပ်သေး။
တာဝ၊ ထို ကထိန် မနုတ်အပ်သေးသမျှ။
အနာမန္တေ တွာ၊ ခွင့်မပန်မူ၍။
(ထင်ရှားရှိသော ရဟန်းကို မပန်ပြောဘဲ။)
စရဏံ၊ အိမ်တို့၌ လှည့်လည်ခြင်းသည်။
ကပ္ပိဿတိ၊ အပ်လတ္တံ့။
စာရိတ္တသိက္ခာပဒေန၊ စာရိတ္တသိက္ခာပုဒ်ဖြင့်။
အနာပတ္တိ၊ အနာပတ်သည်။
ဘဝိဿတိ၊ လတ္တံ့။
ဣတိ အတ္ထော။
**အသမာဒါနုစာရော**တိ၊ ကား။
တိစီဝရံ၊ သုံးထည်သော သင်္ကန်းကို။
အသမာဒါယ၊ မယူမူ၍။
(မယူဘဲ။)
စရဏံ၊ လှည့်လည်ခြင်းသည်။
(ကပ္ပဿတိ)။
စီဝရဝိပ္ပဝါသော၊ အဓိဋ္ဌာန်တင်အပ်သော သင်္ကန်းနှင့် ညဉ့်အခါ၌ ကင်း၍နေခြင်းသည်။
ကပ္ပိဿာတိ, ဣတိ အတ္ထော၊ အနာမန္တစာရော။ ။ "အနာမန္တေတွာ" ဆိုလိုလျက် တွာပစ္စည်း ချေထားသည်၊ အနာမန္တေတွာ - ထင်ရှားရှိသော ရဟန်းကို ခွင့်မပန်ဘဲ+စာရော - အိမ်တို့၌ လှည့်လည်သွားလာခြင်းတည်း၊ အနာမန္တစာရော- ခြင်း၊ အစေလကဝဂ် (၆) စာရိတ္တသိက္ခာပုဒ်၌ ထင်ရှားရှိသော ရဟန်းကို ခွင့်မပန်ဘဲ ပုရေဘတ္တ၌ ဖြစ်စေ, ပစ္ဆာဘတ္တ၌ ဖြစ်စေ အိမ်တို့၌ မလှည့်လည်ရဟု ပညတ်တော်မူ၏၊ ထို ပညတ်တော်အရ အာပတ်မသင့်ခြင်းသည် ကထိန်၏ အကျိုးအာနိသင် တစ်မျိုးတည်း။
အသမာဒါနစာရော။ ။ အသမာဒါနေန-အဓိဋ္ဌာန် တင်ထားအပ်သော သင်္ကန်းကို မယူခြင်းဖြင့်၊ ဝါ- မယူဘဲ၊ စာရော- လှည့်လည်သွားလာခြင်းတည်း၊ အသမာဒါနစာရော- ခြင်း၊ [ယောဇနာ၌ တွာပစ္စည်းကို အာနပြု၍ "အသမာဒါနမယူမူ၍" ဟု ပေးစေလို၏၊ စဉ်းစားပါ၊] ဒုတိယကထိနစီဝရဝပ္ပဝါသသိက္ခာပုဒ်အရအဓိဋ္ဌာန်တင်အပ်သော သင််ကန်းကိုသွားလေရာသို့ ယူ၍ အရုဏ်တက်ချိန် မိမိနှင့် မကင်းအောင် နေရရိုးတည်း၊ ကင်း၍ နေလျှင် နိဿဂ္ဂိပါစိတ် သင့်၏၊ ထိုသို့ မယူဘဲ ပေါ့ပေါ့ပါးပါး သွားနိုင်ခြင်းသည် ကထိန်၏ အာနိသင် တစ်မျိုးတည်း။ ဣတိ အတ္ထော၊

**ဂဏဘောဇန**န္တိ၊ ကား။
ဂဏဘောဇနမ္ပိ၊ ဂဏဘောဇဉ်ကို စားခြင်းသည်လည်း။
ကပ္ပိဿတိ၊
**ယာဝဒတ္ထစီဝရ**န္တိ၊ ကား။
ယာဝတ္တကေန၊ အကြင်မျှ အတိုင်းအရှည် ရှိသော။ဂဏဘောဇနံ။ ။ မအပ်သောနည်းဖြင့် "ထမင်းစားကြွပါ" ဟု ပင့်လျှင် ရဟန်းလေးပါး အတူခံယူ၍ မစားကောင်း၊ ဂဏဘောဇသိက္ခာပုဒ်အရ ပါစိတ်အာပတ်သင့်၏၊ ထိုသို့ စားခြင်းကြောင့် အာပတ် မသင့်ခြင်းသည် ကထိန်၏ အာနိသင်တစ်မျိုးတည်း [ပရမ္ပရဘောဇနသိက္ခာပုဒ်အရလည်း အာပတ်မသင့်ပါ၊ ထို သိက္ခာပုဒ်၏ အနာပတ္တိဝါရကို ကြည့်ပါ၊ ဂဏဘောဇနာနှင့် သဘောသွား အနည်းငယ် တူ၍ အာနိသင်ထဲ၌ မထည့်ဟန်တူသည်၊ သို့မဟုတ် ထိုသိက္ခာပုဒ်က ကထိန်ပညတ်ပြီးမှ ပညတ်အပ်သောကြောင့် ဖြစ်သည်ဟု ကြံပါ။]
ယာဝဒတ္ထစီဝရံ။ ။ ယာဝ-အကြင်မျှလောက်၊ အတ္ထော-သင်္ကန်းဖြင့် အလိုရှိ၏၊ တာဝ- ထိုအလိုရှိသလောက်သည်၊ ယာဝဒတ္ထံ-မည်၏၊ ယာဝဒတ္ထံ- အလိုရှိလောက်သော+စီဝရံ- တည်း၊ ယာဝဒတ္ထစီဝရံ- ကထိန်အာနိသင် မရလျှင် အဓိဋ္ဌာန် ဝိပက္ကနာမပြုဘဲ ဆယ်ရက်လွန်အောင် မထားရ၊ ကထိန်အာနိသင် ရလျှင်ကား အဓိဋ္ဌာန်မတင် ဝိပက္ကနာ မပြုဘဲ ဆယ်ရက်လွန်အောင် မထားရ၊ ကထိန်အာနိသင် ရလျှင်ကား အဓိဋ္ဌာန်မတင် ဝိကပ္ပနာ မပြုဘဲ သင်္ကန်း(အဝတ်) များကို အလိုရှိသလောက် ထားနိုင်၏၊ ထိုသို့ ဝိပက္ကနာ မပြုဘဲ သင်္ကန်း (အဝတ်) များကို အလိုရှိသလောက် ထားနိုင်၏၊ ထိုသို့ ထားသည်အတွက် ပထမကထိနသိက္ခာပုဒ်အရ အာပတ် မသင့်ခြင်းသည် ကထိန်၏ အာနိသင် တစ်မျိုးတည်း။
ယော စ၊ ပေ၊ ဘဝိဿတိ။ ။ ကထိန်ခင်းရာ ကျောင်းတိုက်၌ သံဃိကသင်္ကန်း(အဝတ်အထည်) ဟူသမျှသည် ကထိန်အာနိသင် ရထားသော ထို ကျောင်းတိုက်၌ ရဟန်းများ ဝေ၍ ယူနိုင်၏၊ ထိုသို့ ယူနိုင်ခြင်းသည် ကထိန်၏ အာနိသင် တစ်မျိုးတည်း၊ [ကထိန်အာနိသင် မရသူနှင့် အခြားကျောင်းတိုက်မှ လာသော အာဂန္တုကများသည် ကထိန်လအတွင်း၌ သံဃိကသင်္ကန်း (အဝတ်အထည်) များကို ဝေငှ၍ မယူပါနိုင်၊ ဤအဓိပ္ပာယ်များ ကင်္ခါဘာသာဋီကာ နိသဂ္ဂိယစီဝရဝဂ် (၃၁၅ စသည်) ၌ ပါသည်။] စီဝရေန၊ ဖြင့်။ အတ္ထော၊ အလိုသည်။ (အတ္ထိ)။ တာဝတ္တကံ၊ ထိုမျှ အတိုင်းအရှည်ရှိသော သင်္ကန်းသည်။ အနဓိဋ္ဌိတံ၊ အဓိဋ္ဌာန်သော်လည်း မတင်အပ်သည်။ အဝိကပ္ပိတံ၊ ဝိကပ္ပနာသော်လည်း မပြုအပ်သည်။ (ဟုတွာ၊ ဖြစ်၍။ ဝါ၊ ဖြစ်လျက်။) ကပ္ပိဿတိ၊ ဣတိ အတ္ထော၊

**ယော စ တတ္ထ စီဝရုပ္ပါဒေါ**တိ၊ ကား။
တတ္ထ ကထိနတ္ထတသီမာယံ၊ ထို ခင်းအပ်ပြီးသော ကထိန်ရှိသော ဥပစာရသိမ်၌။
(ကျောင်းတိုက်၌။)
မတကစီဝရံ ဝါ၊ သေသူ၏အဝတ်သင်္ကန်းသည်မူလည်း။
ဟောတု၊ ဖြစ်စေ။
သံဃံ၊ ကို။
ဥဒ္ဒိဿ၊ ရည်စူး၍။
ဒိန္နံ ဝါ၊ လှူအပ်သော သံဃိက အဝတ်သင်္ကန်းသည်မူလည်း။
(ဟောတု)။
သံဃိကေန၊ သံဃာ့ဥစ္စာဖြစ်သော။
တတြုပ္ပါဒေန၊ ထို ကထိန်ခင်းရာကျောင်းတိုက်၌ဖြစ်သော ဝတ္ထုဖြင့်။
(ထိုကျောင်းတိုက်၌ လှူထားအပ်သောလယ် ဥယျာဉ် စသည်တို့၌ ဖြစ်သော ဆန် ဆီ အုန်းဆီ စသော ဝတ္ထုဖြင့်။)
အာဘတံ ဝါ၊ ဆောင်ယူအပ်သော အဝတ်သင်္ကန်းသည်မူလည်း။
(ဟောတု)။
ယေန ကေနစိ၊ အမှတ်မထား တစ်ပါးပါးသော။
အာကာရေန၊ အခြင်းအရာအားဖြင့်။
ယံ သံဃိကစီဝရံ၊ အကြင် သံဃိက အဝတ်သင်္ကန်းသည်။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
တံ၊ ထို သံဃိက အဝတ်သင်္ကန်းသည်။
တေသံ၊ ထို ခင်းအပ်ပြီးသော ကထိန်ရှိသော ရဟန်းတို့၏။
ဝါ၊ တို့ဖို့။
ဘဝိဿတိ၊
ဣတိ အတ္ထော၊
**ဧဝဉ္စ ၊ပေ၊ အတ္ထရိတဗ္ဗန္တိ** ဧတ္ထ၊ ၌။
(စောဒနာ သောဓနာနယော ဧဝံ ဝေဒိတဗ္ဗော။)
ကထိနတ္ထာရံ၊ ကထိန်ခင်းခြင်းကို။
(ကထိန်ခင်းခွင့်ကို။)
ကေ၊ အဘယ်ပုဂ္ဂိုလ်သည်။
လဘန္တိ၊ ရကုန်သနည်း?။
ကေ၊ တို့သည်။
န လဘန္တိ၊ မရကုန်သနည်း?။
ဣတိ၊ ဤကား အမေးတည်း။
တာဝ၊ မရသေသာ ပုဂ္ဂိုလ်မှ ရှေးဦးစွာ။
(နိဒ္ဒိဋ္ဌာ၊ ညွှန်ပြအပ်ကုန်သော။)
ဂဏဝသေန၊ အရေအတွက်၏ အစွမ်းဖြင့်။
ပစ္ဆိမကောဋိယာ၊ နောက်ဆုံးဖြစ်သော အပိုင်းအခြားဖြင့်။
ပဉ္စ၊ ငါးပါးကုန်သော။
ဇနာ၊ ရဟန်းတို့သည်။
(ကထိနတ္ထာရံ) လဘန္တိ၊
ဥဒ္ဓံ၊ အထက်၌။
သတသဟဿမ္ပိ၊ တစ်သိန်းလည်းဖြစ်သော။
(ဘိက္ခူ ကထိနတ္ထာရံ လဘန္တိ။)
ပဉ္စန္နံ၊ ငါးပါးတို့၏။
ဟေဋ္ဌာ၊ အောက်၌။
(ဘိက္ခူ ကထနတ္ထာရံ) န လဘန္တိ။
ဝုတ္ထဝဿဝသေန၊ မိုးလပတ်လုံး နေပြီးသူ၏ အစွမ်းဖြင့်။
ပုရိမိကာယ၊ ပုရိမဝါ၌။
ဝဿံ၊ ဝါသို့။
ဥပဂန္တွာ၊ ကပ်ပြီး၍။
ပဌမပဝါရဏာယ၊ ပထမပဝါရဏာနေ့၌။
(သီတင်းကျွတ်လပြည့်နေ့၌။
ပဝါရိတာ၊ ပဝါရဏာပြုပြီးသော ရဟန်းတို့သည်။
(ကထိနတ္ထာရံ) လဘန္တိ၊
ဆိန္နဝဿာဝါ၊ ကျိုးပြတ်သော ဝါရှိသော ရဟန်းတို့သည်လည်းကောင်း။
ပစ္ဆိမ ၊ပေ၊ သတသဟဿမ္ပိ။ ။ သိမ်အတွင်း၌ လေးပါးသံဃာက တစ်ပါးအား ဉတ်ကမ္မဝါစာဖြင့် သင်္ကန်းပေးရမည် ဖြစ်သောကြောင့် အနည်းဆုံး ငါးပါးရှိမှ ကထိန်ခင်းနိုင်၏၊ ငါးပါး၏ အထက်၌ကား တစ်သိန်းသော သံဃာများလည်း ခင်းနိုင်သည်။
ပစ္ဆိမိကာယ၊ ပစ္ဆိမဝါ၌။
(ဝဿံ)။
ဥပဂတာ ဝါ၊ ကပ်နေသော ရဟန်းတို့သည်လည်းကောင်း။
(ကထိနတ္ထာရံ) န လဘန္တိ၊
အညသ္မိံ၊ ကထိန်ခင်းရာ ကျောင်းတိုက်မှ တစ်ပါးသော။
ဝိဟာရေ၊ ကျောင်းတိုက်၌။
ဝုတ္တဝဿာပိ၊ မိုးလပတ်လုံး နေခဲ့သော အဂန္တုကရဟန်းတို့သည်လည်း။
(ကထိနတ္ထာရံ) န လဘန္တိ၊
ဣတိ မဟာပစ္စရိယံ ဝုတ္တံ။
ပန၊ ထိုသို့ပင် ကထိန်ခွင့်မရပါသော်လည်း။
ပုရိမိကာယ၊ ၌။
(ဝဿံ)၊
ဥပဂတာနံ၊ ကပ်ရောက်သော ရဟန်းတို့၏။
သဗ္ဗေ၊ အလုံးစုံသော ရဟန်းတို့သည်။
(ဆိန္နဝဿရဟန်း, ပစ္ဆိမဝဿူပဂတရဟန်း, အညဝိဟဝရဝုတ္ထဝဿရဟန်းတို့သည်။)
ဂဏပူရကာ၊ ဂိုဏ်းကို ပြည့်စေတတ်ကုန်သည်။
ဟောန္တိ၊
အာနိသံထိ၊ ကထိန်အဝတ်ဟူသော အာနိသင်ကို။
န လဘန္တိ၊
အာနိသံသော၊ သည်။
ဣတရေသံယေဝ၊ တစ်ပါးသော ရဟန်းတို့၏သာ။
(ဆိန္နဝဿ စသော ရဟန်းတို့မှ တစ်ပါးသော ပုရိမဿံဝုတ္ထ ရဟန်းတို့၏သာ။)
ဟောတိ၊
ပုရိမိကာယ၊ ၌။
(ဝဿံ)။
ဥပဂတာ၊ ကပ်ရောက်သော ရဟန်းတို့သည်။
စတ္တာရော ဝါ၊ လေးပါးတို့သည်သော်လည်းကောင်း။
တယော ဝါ၊ သော်လည်းကောင်း။
ဒွေ ဝါ၊ သော်လည်းကောင်း။
ဧကော ဝါ၊ တစ်ပါးသည်သော်လည်းကောင်း။ဆိန္နဝဿာ ဝါ။ ။ ပဌမပဝါရဏာယ ပဝါရိတာတိ ဣဒံ ဝဿစ္ဆေဒံ အကတွာ ဝဿံဝုတ္တဘာဝသန္ဒဿနတ္ထံ ဝုတ္တံ၊ အန္တရာယေန အပ္ပဝါရိတာနမ္ပိ ဝုတ္ထဝဿာနံ ကထိနတ္ထာရသမ္ဘဝတော၊ တေနေဝ "အပ္ပဝါရီတာ ဝါ" တိ အဝတွာ "ဆိန္ဒဝဿာ ဝါ ပစ္ဆိမိကာယ ဥပဂတာ ဝါ န လဘန္တီ" တိ ဧတ္ထကမေဝ ဝုတ္တံ၊- ဋီကာ။
အာနိသံသံ၊ ပေ၊ ဟောတိ။ ။ "အနိသံသ" အရ ကထိန်အာနိသင် ငါးပါးကို မဆိုလို၊ ကထိန်ခင်းမည့် သင်္ကန်း၏ အခြွေအရံဖြစ်သော အဝတ်တို့ကို ဆိုလိုသည်၊ မှန်၏၊ ထိုအဝတ်တို့သည် ကထိန်သင်္ကန်း၏ အခြွေအရံ အဖြစ်ဖြင့် လှူအပ်သောကြောင့် ကထိန်၏ အာနိသင်များပင်တည်း၊ ထို့ကြောင့် နောက်၌ "အညာနိ စ ဗဟူနိ ကထိနာနိသံသဝတ္ထာနိ ဒေတိ" ဟု လည်းကောင်း, "ယော အာနိသံသံ ဗဟုံ ဒေတိ" ဟု လည်းကောင်း ဆိုလတ္တံ့၊ ထို အဝတ်များသည် သံဃိကဖြစ်နေသောကြောင့် ဆိန္နဝဿစသော ရဟန်းများ မရနိုင်၊ အကယ်၍ လှူသေးအံ့၊ ထိုပစ္စည်းများကိုကား ဆိန္နဝဿ စသော ရဟန်းတို့ ဝေစုအဖြစ်ဖြင့် ရနိုင်ပါသေးသည်။ သစေ ဟောန္တိ၊ ကုန်အံ့။ (ဧဝံ သတိ)။ ဣတရေ၊ လေးပါး စသည်မှ တစ်ပါးသော ရဟန်းတို့ကို။ ဂဏရပူရကေ၊ ငါးပါးဂိုဏ်းကို ပြည့်စေတတ်သူတို့ကို။ ကတွာ၊ ကထိနံ၊ ကို။ အတ္ထရိတဗ္ဗံ၊ ခင်းရာ၏။ [သိမ်အတွင်း၌ သင်္ကန်းပေးသောအခါ ငါးပါးပြည့်အောင် ပင့်၍ ခင်းပါ- ဟူလို။]

အထ၊ သို့မဟုတ်။
စတ္တာရော၊ ကုန်သော။
ဘိက္ခူ၊ တို့သည်။
(ဝဿံ) ဥပဂတာ၊ ကုန်သည်။
(သစေ ဟောန္တိ)။
ဧကော၊ သော။
ပရိပုဏ္ဏဝဿော၊ ပြည့်သော အသက်နှစ်ဆယ်ရှိသော။
သာမဏေရာ (ဝဿံ ဥပဂတော သစေ ဟောတိ)။
သော၊ ထို ပုရိမဝါကပ်ခဲ့သော သာမဏေသည်။
ပစ္ဆိမိကာယ၊ ၌။
စေ ဥပသမ္ပဇ္ဇတိ၊ အကယ်၍ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ကပ်ရောက်အံ့။
(ဧဝံ သတိ)။
သော၊ ထို ရဟန်းသစ်သည်။
ဂဏပူရကော စေဝ၊ ငါးပါးဂိုဏ်းကို ပြည့်စေနိုင်သည်လည်း။
ဟောတိ၊
အာနိသံသဉ္စ၊ ကထိန်အဝတ်ဟူသော အာနိသင်ကိုလည်း။
လဘတိ၊ ၏။
တယော၊ န်သော။
ဘိက္ခူ၊ တို့လည်းကောင်း။
ဒွေ၊ ကုန်သော။
ဘိက္ခူ၊ တို့လည်းကောင်း။
တယော၊ ကုန်သော။
သာမဏေရာ၊ တို့လည်းကောင်း။
ဧကော၊ တို့လည်းကောင်း။
ဣတိ၊ သို့။
(ဝဿံ ဥပဂတာ သစေ ဟောန္တိ။
ဧဝံ သတိ။)
ဧတ္ထာပိ၊ ဤသို့ ဝါကပ်ကြရာ၌လည်း။
ဧသေဝ နယော၊ တည်း။
ပုရိမိကာယ (ဝဿံ)၊ ။
ဥပဂတာ၊ ကပ်ရောက်သော ရဟန်းတို့သည်။
ကထိနတ္ထာရ ကုသလာ၊ ကထိန်ခင်းခြင်း၌ ကျွမ်းကျင်သူတို့သည်။
သစေ န ဟောန္တိ၊ ကုန်အံ့။
(ဧဝံ သတိ)၊ ။
အတ္ထာရကုသလာ၊ ကထိန်ခင်းခြင်း၌ ကျွမ်းကျင်ကုန်သော။
ခန္ဓကဘာဏကတ္ထေရာ၊ ခန္ဓကဘာဏကထေရ်တို့ကို။
ပရိယေသိတွာ၊ ရှာမှီး၍။
အာနေတဗ္ဗာ၊ ပင့်ဆောင်ထိုက်ကုန်၏။
[ဤ ကထိနက္ခန္ဓကနှင့် ခန္ဓကတို့ကို ရွတ်ဖတ်ဆောင်ယူတတ်သော ထေရ်တို့သာ ကထိန်ခင်းထားသောကြောင့် ထို ထေရ်တို့ကို ရှာ၍ ပင့်ပါ-ဟူလို။]
(တေ၊ ထို ခန္ဓကဘာဏထေရ်တို့သည်။)
ကမ္မဝါစံ၊ ကို။
သာဝေတွာ၊ ကြားသိစေပြီး၍။ (ဖတ်၍)။
ကထိနံ၊ ကို။
အတ္ထရာပေတွာ၊ ခင်းစေပြီး၍။
ဒါနဉ္စ၊ လှူဖွယ် အစားအသောက်ကိုလည်း။
ဘုဉ္ဇိတွာ၊ စားသောက်ပြီး၍။
ဂမိဿန္တိ၊ ပြန်ကြွကုန်လတ္တံ့။
အာနိသံသော ပန၊ အဝတ်သင်္ကန်းဟူသော အာနိသင်သည်ကား။
ဣတရေသံယေတ၊ အခြားသောရဟန်းတို့၏သာ။
(ခန္ဓကဘာဏကထေရ်တို့မှ တစ်ပါးသော ကထိန့်ရှင် ရဟန်းတို့၏သာ။)
ဟောတိ၊
[ဤတွင် "ကထိနတ္ထာရံ ကေ လဘန္တိ၊ ကေန လဘန္တိ" ဟူသော ပုစ္ဆာနှင့် စပ်၍ အကျယ်ပြီးပြီ။]
ကထိနံ၊ သည်။
ဝါ၊ ကို။
ကေန၊ အဘယ်ပုဂ္ဂိုလ်သည်။
ဒိန္နံ၊ ပေးလှူအပ်သည်။
(သမာနံ)။
ဝဋ္ဋတိ၊ အပ်သနည်း?။
(ဣတိ- ဤကား အမေးတည်း။
ကထနံ။)
ယေန ကေနစိ၊ အမှတ်မထား တစ်ပါးပါးသော။
ဒေဝေန ဝါ၊ နတ်သည်သော်လည်းကောင်း။
မနုဿေန ဝါ၊ သည်သော်လည်းကောင်း။
ပဉ္စန္နံ၊ ငါးပါးကုန်သော။
သဟဓမ္မိကာနံ၊ သီတင်းသုံးဖော်တို့တွင်။
အညတရေန ဝါ၊ တစ်ပါးပါးသည်သော်လည်းကောင်း။
ဒိန္နံ (သမာနံ) ဝဋ္ဋတိ)၊
(ဣတိ၊ ဤကားအဖြေတည်း။)
ကထိနဒါယကဿ၊ ကထိန့်ဒါယကာ၏။
ဝတ္တံ၊ ကျင့်ဝတ်သည်။
အတ္ထိ၊
သော၊ ထို ကထိန်ဒါယကာသည်။
တံ၊ ထို ကျင့်ဝတ်ကို။
အဇာနန္တော၊ မသိသည်။
(ဟုတွာ)။
သစေ ပုစ္ဆတိ၊ အံ့။
(ကိံ?) ဘန္တေ၊
ကထံ၊ အဘယ်သို့လျှင်။
(အဘယ်နည်းဖြင့်။)
ကထိနံ၊ ကထိန်သင်္ကန်းကို။
ဒါတဗ္ဗံ၊ လှူထိုက်ပါသနည်း?။
ဣတိ၊ ဤသို့။
(သစေ ပုစ္ဆတိ။
ဧဝံ သတိ။)
တဿ၊ ထို မေးသော ကထိန်ဒါယကာအား။
ဧဝံ၊ ဤသို့။
အာစိက္ခိတဗ္ဗံ၊ ပြောပြရာ၏။
(ကိံ?)။
တိဏ္ဏံ၊ သုံးထည်ကုန်သော။
စီဝရာနံ၊ တို့တွင်။
အညတရပ္ပဟောနကံ၊ တစ်ထည်ထည်ကို လောက်သော။
သူရိယုဂ္ဂမနသမယေ၊ နေထွက်ရာအခါ၌။
ဝတ္ထံ၊ အဝတ်ကို။
ကထိနစီဝရံ ဒေမာတိ၊ ဟူ၍။
(ကထိန်လျာအဝတ်ကို လှူပါကုန်၏ဟူ၍။)
ဝတွာ၊ လျှောက်၍။
ဒါတုံ ဝဋ္ဋတိ၊
တဿ၊ ထိုကထိန်လျာအဝတ်၏။
ပရိကမ္မတ္ထံ၊ အဖန်ဖန် ပြုဖွယ်ကိစ္စ အကျိုးငှာ။
သူစိယော၊ အပ်တို့ကိုလည်းကောင်း။
ဧတ္တကံ၊ သော။
သုတ္တံ၊ ချည်ကိုလည်းကောင်း။
ဧတ္တကံ၊ သော။
ရဇနံ၊ ဆိုးရည်ကိုလည်းကောင်း။
သူရိယုဂ္ဂမန၊ပေ၊ ဒေမ။ ။ သံဃာ့ရှေ့မှောက် လာရောက်၍ "ကထိနစီဝရံ ဒေမ"ရ ဟု လှူသောကြောင့် ထိုမျှလောက် သံဃိကဖြစ်၍ ကထိန်ခင်းကောင်းတော့၏၊ သို့သော် ရှေးခေတ်က သင်္ကန်း မချုပ်ရသေး၍ ထိုနေ့၌ သင်္ကန်းပြီးအောင်ချုပ်ပြီး, ဆိုးပြီးလျှင် ကထိန်ခင်းရမည် ဖြစ်သောကြောင့် "သူရိယုဂ္ဂမနသမယေ" ဟု ဆိုသည်၊ ယခုအခါ၌ကား ချုပ်ပြီး, ဆိုးပြီး သင်္ကန်းကို လှူသောကြောင့် မည်သည့်အချိန်၌မဆို လှူနိုင်ပါသည်။
ပရိကမ္မံ၊ အဖန်ဖန် ပြုဖွယ်ကိစ္စကို။
(သင်္ကန်းချုပ်ခြင်း စသောကိစ္စကို။)
ကရောန္တာနံ၊ ပြုကုန်သော။
ဧတ္တကာနံ၊ ဤမျှ အတိုင်းအရှည်ရှိကုန်သော။
ဘိက္ခူနံ၊ တို့ဖို့။
ယာဂုဘတ္တဉ္စ၊ ယာဂုဆွမ်းကိုလည်းကောင်း။
ဒါတုံ၊
ဝဋ္ဋတိ၊ သင့်၏။
ဣတိ (အာစိက္ခိတဗ္ဗံ)။
ကထိနတ္ထာရကေနာပိ၊ ကထိန်ခင်းမည့် ရဟန်းတို့သည်လည်း။
ဓမ္မေနန၊ ထရားနှင့်။
သမေန၊ ညီညွတ်သဖြင့်။
ဥပ္ပန္နံ၊ သော။
ကထိနံ၊ ကို။
အတ္ထရန္တေန၊ ခင်းလိုလတ်သော်။
ဝတ္တံ၊ ကျင့်ဝတ်ကို။
ဇာနိတဗ္ဗံ၊ သိထိုက်၏။
[အပိသဒ္ဒါဖြင့် ကထိနဒါယကာကို ပေါင်း၊ ကထိနဒါယကာသသာ ကျင့်ဝတ်ကို သိရမည်မဟုတ်သေး၊ ကထိနတ္ထာရကရဟန်းကလည်း ကျင့်ဝတ်ကို သိရမည်-ဟူလို။]
ဟိ၊ ချဲ့။
တန္တဝါယဂေဟတော၊ ရက်ကန်းသည်တို့၏ အိမ်မှ။
အာဘတသန္တာနေနေဝ၊ ဆောင်ယူအပ်သော အစဉ်ဖြင့်သာလျှင်။
ခလိခက္ခိတသာဋကော၊ ကစီရည်တို့ဖြင့် လိမ်းကျံအပ်သော အဝတ်သည်။
န ဝဋ္ဋတိ၊ မအပ်။
[အစာ မချေရသေးဘဲ ကစီရည် ထမင်းရည် ကော်ရည်ရှိသော အဝတ်မျိုးသည် ကထိန်ခင်းခြင်းငှာ မအပ်-ဟူလို။
ခလိမက္ခိတဿဋကောတိ အဟတဝတ္ထံ( အစာ မချေရသေးသော အဝတ်ကို။)
သန္ဓာယ ဝုတ္တံ၊- ဋီကာ။]
မလီနသာဋေကာပိ၊ အညစ်အေကြးရှိသော အဝတ်သည်လည်း။
န ဝဋ္ဋတိ၊
[မလံ+ယဿ+အတ္ထီတိ မလိနော။
ဣန(ဣနစ်) ပစ္စည်း။]
တသ္မာ၊ ကြောင့်။
ကထိနတ္ထာရသာဋကံ၊ ကထိန်ခင်းကြောင်း အဝတ်ကို။
လဘိတွာ၊ ရ၍။
ဝါ၊ သော်။
သုဋ္ဌု၊ ကောင်းစွာ။
ဓောဝိတွာ၊ ဖွတ်လျှော်ပြီး၍။
(ကစီရည်နှင့် အညစ်အကြေး ကင်းအောင် ဖွတ်လျှော်ပြီး၍။)
သူစိအာဒီနိ၊ အပ် အစရှိကုန်သော။
စီဝရကမ္မူပကရဏာနိ၊ သင်္ကန်းချုပ်ခြင်းဆိုခြင်း၏ အဆောက်အဦးတို့ကို။
သဇ္ဇေတွာ၊ ပြင်ဆင်ပြီး၍။
ဗဟူဟိ၊ ကုန်သော။
ဘိက္ခူဟိ၊ တို့နှင့်။
သဒ္ဓိံ၊ တကွ။
တဒဟေဝ၊ ထိုနေ့၌ပင်။
(အဝတ်ရရာ နေ့၌ပင်။)
သိဗ္ဗိတွာ၊ ချုပ်ပြီး၍။
နိဋ္ဌိတသူစိကမ္မံ၊ ပြီးပြီးသော အပ် အမှုရှိသော အဝတ်ကို။
ရဇိတွာ၊ ဆိုးပြီး၍။
ကပ္ပဗိန္ဓုံ၊ ကပ္ပဗိန္ဓုကို။
ဒတွာ၊ ပေးပြီး၍။
ကထိနံ၊ ကို။
အတ္ထရိတဗ္ဗံ၊ ခင်းရာ၏။
[ကထိန်အဝတ်ကို အလှူခံပြီးနောက် တစ်ရက် လွန်သွားလျှင် ကထိန် မခင်းကောင်းသောကြောင့် "တဒဟေဝ၊ ပေ၊ အတ္ထရိတဗ္ဗံ" ဟု ဆိုသည်။]
တသ္မိံ၊ ထို ကထိန်ကို။
အနတ္ထတေယေဝ၊ မခင်းအပ်သေးမီသာလျှင်။
အညံ၊ သော။
ကထိနသာဋကံ၊ ကထိန်လျာ အဝတ်ကို။
သစေ အာဟရတိ၊ အကယ်၍ ဆောင်ယူလာအံ့။
စ၊ ဆောင်ယူလာရုံသာ မကသေး။
အညာနီ၊ ကထိန်လျာ အဝတ်မှ တစ်ပါးကုန်သော။
ဗဟူနိ၊ ကုန်သော။
ကထိနာနိသံသဝတ္ထာနိ၊ ကထိန်၏ အာနိသင်ဖြစ်သော အဝတ်တို့ကို။
(သစေ) ဒေတိ၊ အံ့။
(ဧဝံ သတိ)။၊
ယော၊ အကြင် ဒါယကာသည်။
အာနိသံသံ၊ အာနိသင်အဝတ်ကို။
ဗဟုံ၊ စွာ။
ဒေတိ၊ ၏။
တဿ၊ ထို ဒါယကာ၏။
သန္တကေနေဝ၊ အာနိသင်အဝတ်ကို။
ဗဟုံ၊ စွာ။
ဒေတိ၊ ၏။
တဿ၊ ထို ဒါယကာ၏။
သန္တကေနေဝ၊ ဥစ္စာဖြစ်သော သင်္ကန်းဖြင့်သာ။
အတ္ထရိတဗ္ဗံ၊ ရာ၏။
ဣတရော၊ အခြားသော ဒါယကာကို။
(အာနိသင်အဝတ်ကို များစွာ လှူနိုင်သော ဒါယကာမှတစ်ပါး မလှူနိုင်သော ဒါယကာကို။)
ယထာ တထာ၊ အမှတ်မထား တစ်ပါးပါးသော အခြင်းအရာအားဖြင့်။
ဩဝဒိတွာ၊ ဆုံးမ၍။
သညာပေတဗ္ဗော၊ နားလည်စေထိုက်၏။
[အသင်ဒါယကာ၏ ဥစ္စထက် ထို ဒါယကာ၏ ဥစ္စာက သံဃာအား ကျေးဇူးများပါသည်။
သံဃာအား ကျေးဇူးများခြင်းကို အသင် ဒါယကာလည်း လိုလားထိုက်ပါသည်။
ဤသို့ လိုလားသော အသင့်မှာ များစွာ ကောင်းမှု တိုးပါသည်။
ဤသို့ စသည်ဖြင့် ဩဝါဒပေးခြင်းကို "ယထာ တထာ ဩဝဒိတွာ" ဟု ဆိုသည်- ယောဇနာ။]
ပန၊ ကား။
ကထိနံ၊ ကို။
ကေန၊ အဘယ် ရဟန်းသည်။
အတ္ထရိတဗ္ဗံ၊ ခင်းနိုင်ပါသနည်း?။
(ဣတိ၊ ဤကား အမေးတည်း။)
ယဿ၊ အကြင် ရဟန်းအား။
သံဃာ၊ သည်။
ကထိနစီဝရံ၊ ကို။
ဒေတိ၊ ၏။
(ဉတ်ကမ္မဝါစာဖြင့် ပေး၏။
တေန၊ သံဃာကပေး၍ သင်္ကန်းရသော ထိုရဟန်းသည်။
ကထိနံ အတ္ထရိတဗ္ဗံ၊
ဣတိ၊ ဤကား အဖြေတည်း။)
သံဃေန ပန၊ သည်ကား။
ကဿ၊ အား။
ဒါတဗ္ဗံ၊ ပေးထိုက်သနည်း?။
(ဣတိ၊ ဤကား အမေးတည်း။)
ယော၊ အကြင် ရဟန်းသည်။
ဇိဏ္ဏစီဝရော၊ ဟောင်းနွမ်းသော သင်္ကန်းရှိသည်။
ဟောတိ၊
(တဿ ဒါတဗ္ဗံ ဣတိ၊ တည်း။)
ဗဟူ၊ များစွာသော ရဟန်းတို့သည်။
ဇိဏ္ဏစီဝရာ၊ ကုန်သည်။
သစေ ဟောန္တိ၊
(ဧဝံ သတိ) ဝုဍ္ဎဿ၊ သီတင်းကြီး ရဟန်းအား။
ဒါတဗ္ဗံ၊ ပေးရာ၏။
ဝုဍ္ဎေသုပိ၊ သီတင်းကြီး ရဟန်းတို့တွင်လည်း။
ယော၊ အကြင် ရဟန်းသည်။
မဟာပရိသော၊ များသော ပရိသတ်ရှိသည်။
(ဟုတွာ)။၊
တဒဟေဝ၊ ထို အဝတ်ရရာ နေ့၌ပင်။
စီဝရံ၊ ကို။
ကတွာ၊ ၍။
အတ္ထရိတုံ၊
သက္ကောတိ၊ စွမ်းနိုင်၏။
တဿ ဒါတဗ္ဗံ၊
ဝုဍ္ဎော၊ သည်။
သစေ န သက္ကောတိ၊ အံ့။
(ပရိသတ် အခြွေအရံ မရှိ၍ မစွမ်းနိုင်အံ့။)
နဝကတရော၊ သီတင်းငယ်ရဟန်းသည်။
(သစေ) သက္ကောတိ၊ အံ့။
(ပရိသတ် အခြွေအရံရှိ၍ စွမ်းနိုင်အံ့။)
(ဧဝံ သတိ)။
တဿ၊ ထိုသီတင်းငယ်အား။
ဒါတဗ္ဗံ၊
အပိစ၊ သို့သော်လည်း။
(သီတင်းငယ်အား ပေးရာပါသော်လည်း။
သံဃေန၊ သည်။
မဟာထေရဿ၊ အား။
သင်္ဂဟံ၊ သင်္ဂြိုဟ်ချီးမြှင့် ထောက်ပံ့ခြင်းကို။
ကာတုံ၊ ငှာ။
ဝဋ္ဋတိ၊ သင့်၏။
တသ္မာ၊ ကြောင့်။
ဘန္တေ၊
တုမှေ၊ တို့သည်။
ဂဏှထ၊ ခံယူပါကုန်။
မယံ၊ တို့သည်။
ကတွာ၊ ၍။
(သင်္ကန်းဖြစ်အောင် ပြု၍။)
ဒဿာမ၊ ပေးပါကုန်အံ့။
ဣတိ၊ သို့။
ဝတ္တဗ္ဗံ၊ လျှောက်ရာ၏။
တီသု၊ ကုန်သော။
စီဝရေသု၊ တို့တွင်။
ယံ၊ အကြင်သင်္ကန်းသည်။
ဇိဏ္ဏံ၊ ဟောင်းနွမ်းသည်။
ဟောတိ၊
တဒတ္ထာယ၊ ထို ဟောင်းနွမ်းသော သင်္ကန်းအကျိုးငှာ။
ဒါတဗ္ဗံ၊ ရာ၏။
ပကတိယာ၊ ပင်ကိုအားဖြင့်။
(နဂိုကပင်။)
ဒုပဋ္ဋစီဝရဿ၊ နှစ်ထပ် နှစ်လွှာသင်္ကန်းရှိသော ရဟန်းအား။
ဒုပဋ္ဋတ္ထာယေဝ၊ နှစ်ထပ်နှစ်လွှာ အကျိုးငှာပင်။
ဒါတဗ္ဗံ၊
[ရှေးက သင်းပိုင် စသည်တို့ ပါးသည့်အတွက် နှစ်ထပ် ထပ်၍ ချုပ်လေ့ရှိကြသည်။]
အဿ၊ ထို ရဟန်း၏။
ဧကပဋ္ဋစီဝရံ၊ တစ်ထပ် တစ်လွှာရှိသော သင်္ကန်းသည်။
ဃနံ၊ ပိတ်ပိတ်သဲသဲ, တစ်ခဲနက်သည်။
သစေပိ ဟောတိ၊ အကယ်၍မူလည်းဖြစ်အံ့။
ကထိနသာဋကော စ၊ ကထိန်လျာ အဝတ်သည်လည်း။
ပေလဝေါ၊ အကယ်၍မူလည်းဖြစ်အံ့။
ကထိနသာဋကော စ၊ ကထိန်လျာ အဝတ်သည်လည်း။
ပေလဝေါ၊ ကျဲသည်။
ဝါ၊ ပါးသည်။
(သစေ ဟောတိ။ ဧဝံ သတိ။)၊
သာရုပ္ပတ္ထာယ၊ လျောက်ပတ်သည်၏ အဖြစ်ဟူသော အကျိုးငှာ။
ဒုပဋ္ဋပ္ပဟောနကမေဝ၊ နှစ်ထပ် နှစ်လွှာလောက်သော အဝတ်ကိုသာ။
ဒါတဗ္ဗံ၊ ၏။
အဟံ၊ တပည့်တော်သည်။
အလဘန္တော၊ မရလတ်သော်။
(နှစ်ထပ်နှစ်လွှာ သင်္ကန်းကို မရလတ်သော်။)
ဧကပဋ္ဋံ၊ တစ်ထပ် တစ်လွှာရှိသော သင်္ကန်းကို။
ပါရုပါမိ၊ ရန်းပါ၏။
ဣတိ၊ သို့။
ဝဒန္တဿပိ၊ ပြောသော ရဟန်းအားလည်း။
(ကထိန်ခံမည့် ရဟန်းကို ဆိုလိုသည်။)
ဒုပဋ္ဋံ၊ နှစ်ထပ် နှစ်လွှာရှိသော သင်္ကန်းကို။
ဒါတုံ ဝဋ္ဋတိ၊
ပန၊ ဗျတိရိက်။
ယော၊ အကြင်ရဟန်းသည်။
လောဘမကတိကော၊ လောဘသဘောရှိသည်။
ဟောတိ၊ ၏။
တဿ၊ အား။
န ဒါတဗ္ဗံ၊
တေနာပိ၊ ထို ရဟန်းသည်လည်း။
(ဒုပဋ္ဋပ္ပဟောနကအဝတ်ကိုရသော ရဟန်းသည်လည်း။)
ကထိနံ၊ ကို။
အတ္ထရိတွာ၊ ၍။
ပစ္ဆာ၊ နောက်မှ။
ဝိသိဗ္ဗိတွာ၊ ဖြေ၍။
(နှစ်ထပ် နှစ်လွှာကို ဖြေ၍။)
ဒွေ၊ နှစ်ထည်ကုန်သော။
စီဝရာနိ၊ တို့ကို။
ကရိဿာမိ၊
ဣတိ၊ ဤသို့ ကြံ၍။
န ဂဟေတဗ္ဗံ၊ ထိုက်။
(ဒုပဋ္ဋသင်္ကန်းကို မယူထိုက်။)
ပန၊ ဆက်။
ယဿ၊ အကြင် ရဟန်းအား။
ဒီယတိ၊ ပေးအပ်၏။
တဿ၊ ထို ပေးရာရဟန်းအား။
ယေန ဝိဓိနာ၊ အကြင် ရဟန်းအား။
ဒီယတိ၊ ပေးအပ်၏။
တဿ၊ ထိုပေးရာ ရဟန်းအား။
ယေန ဝိဓိနာ၊ အကြင်အစီအစဉ်ဖြင့်။
ဒါတဗ္ဗံ၊ ပေးရာ၏။
တံ၊ ထို အစီအစဉ်ကို။
ဒဿေတုံ၊ ငှာ။
ဧဝဉ္စ ၊ပေ၊ အတ္ထရိတဗ္ဗန္တိ၊ ဟူ၍။
အာရဘိတွာ၊ အားထုတ်တော်မူပြီး၍။
**သုဏာတုမေ ဘန္တေ** တိအာဒိကာ၊ အစရှိသော။
ဒါနကမ္မဝါစာ၊ ဒါနကမ္မဝါစာကို။
တာဝ၊ ရှေးဦးစွာ။
(ကထိန်ခင်းပုံ အစီအစဉ်မှ ရှေးဦးစွာ။
ဘဂဝတာ။)
ဝုတ္တာ၊ ပြီ။
[ဒါနကမ္မဝါစာတိ ကထိနဒုဿဒါနကမ္မဝါစာ၊ ကထိန်လျာအဝတ်ကို ပေးကြောင်း ကမ္မဝါစာ၊- ဋီကာ။]
ပန၊ ဆက်။
ဧဝံ၊ ဤသို့။
(ဤဆိုအပ်ပြီးသော အစီအစဉ်ဖြင့်။)
ကထိနေ၊ ကထိန်လျာအဝတ်ကို။
ဒိန္နေ၊ ပေးအပ်ပြီးသော်။
တံ ကထိနဒုဿံ၊ ထိုကထိန်လျာအဝတ်သည်။
နိဋ္ဌိတပရိကမ္မမေဝ၊ ပြီးပြီးသော ပရိကမ်ရှိသည်သာလျှင်။
သစေဟောတိ၊ အံ့။
(ချုပ်မှု ဆိုးမှု ပရိကမ်ကို ပြုပြီးဖြစ်အံ့။)
ဣတိ၊ ဤသို့ ဖြစ်လတ်သော်။
ဧတံ၊ ဤသို့ အပြီးအစီး ဖြစ်ခြင်းသည်။
ကုသလံ၊ ကောင်း၏။
[ဤစကားနှင့်အညီ ယခုအခါ ချုပ်ပြီး သင်္ကန်းကို ရသောကြောင့် ကောင်းးပါပေသည်။]
နိဋ္ဌိတပရိကမ္မံ၊ သည်။
နော စေ ဟောတိ၊ အံ့။
(ဧဝံ သတိ)။
အဟံ၊ ငါသည်။
ထေရော၊ ထေရ်တည်း။
ဣတိ ဝါ၊ ဤသို့သော်လည်းကောင်း။
(ဝတွာ)၊
ဧကေနာပိ၊ တစ်ပါးသော ရဟန်းသည်လည်း။
အကာတုံ၊ မပြုခြင်းငှာ။
(သင်္ကန်းကို ကူညီ၍ မပြုခြင်းငှာ။)
န လဗ္ဘတိ၊ မရအပ်။
[အကာတုံ န လဗ္ဘတီတိ ဣမိနာ အနာဒရိယေန အကရောန္တဿ ဒုက္ကဋန္တိ ဒီပေတိ၊ - ဋီကာ။]
သဗ္ဗေဟေဝ၊ အလုံးစုံသော ရဟန်းတို့သည်သာ။
(ထေရ, နဝ, မဇ္ဈိမ, ဗဟုဿုတ, အပ္ပဿုတရဟန်း အားလုံးတို့သည်သာ။)
သန္နိပတိတွာ၊ စုဝေး၍။
ဓောဝနသိဗ္ဗနရဇနာနိ၊ ဖွပ်လျှော်ခြင်း, ချုပ်ခြင်း, ဆိုးခြင်းတို့ကို။
နိဋ္ဌိပေတဗ္ဗာနိ၊ ပြီးစေထိုက်ကုန်၏။
ဟိ၊ မှန်။
ဣဒံ ကထိနဝတ္တံ နာမ၊ ဤ ကထန်ကျင့်ဝတ်မည်သည်ကို။
ဗုဒ္ဓပ္ပသတ္ထံ၊ ဘုရားရှင်တို့ ချီးမွမ်းတော်မူအပ်ပြီ။
အတီတေ၊ လွန်လေပြီးသောအခါ၌။
ပဒုမုတ္တရော၊ **ပဒုမုတ္တိုရ်** မည်တော်မူသော။
ဘဂဝါပိ၊ သည်သော်လည်း။
ကထိနဝတ္တံ၊ ကို။
အကာသိ၊ ပြုတော်မူပြီ။
တဿ၊ ထို **ပဒုမုတ္ထိုရ်** ဘုရားရှင်၏။
အဂ္ဂသာဝကော၊ အဂ္ဂသာဝကဖြစ်သော။
သုဇာတတ္ထေရော နာမ၊ **သုဇာတ** ထေရ် မည်သည်။
ကထိနံ၊ ကထိန်သင်္ကန်းကို။
ဂဏှိ ကိရ၊ ယူသတတ်။
တံ၊ ထို ကထိန်သင်္ကန်းကို။
သတ္ထာ၊ **ပဒုမုတ္ထုရ်** မြတ်စွာဘုရားသည်။
အဋ္ဌသဋ္ဌိယာ ဘိက္ခု သတသဟဿေဟိ- ခြောက်သန်းရှစ်သိန်းသော ရဟန်းတို့နှင့်။
သဒ္ဓိံ၊ အတူ။
နိသီဒိတွာ၊ ထိုင်တော်မူ၍။
အကာသိ၊ ပြုတော်မူပြီ။
ပန၊ ဆက်။
ကတပရိယောသိတံ၊ ပြုအပ်ပြီး ပြီးဆုံးစေအပ်ပြီးသော။
["ကတာကတဝေါဟာရ" ၌ မပြီးသေးသော်လည်း ပြီးခါနီးကို "ကတ" ဟု ခေါ်ရသောကြောင့် ဤ၌ ပြီးပြီးဖြစ်ကြောင်းကို ပြလို၍ "ပရိယောသိတံ" ဟု ထည့်သည်။]
ကထိနံ၊ ကထိန်သင်္ကန်းကို။
ဂဟေတွာ၊ ယူ၍။
အတ္ထာရကေန၊ ခင်းလိုသော။
ဘိက္ခုနာ၊ သည်။
သစေ ၊ပေ၊ ဘိန္နိတဗ္ဗာတိအာဒိနာ၊ အစရှိသော။
ပရိဝါရေ၊ ပရိဝါပါဠိတော်၌။
ဝုတ္တဝိဓာနေန၊ ဆိုအပ်ပြီးသော အစီအစဉ်ဖြင့်။
ကထိနံ အတ္ထရိတဗ္ဗံ၊
[သံဃာဋိယာ၊ သင်္ကန်းကြီးဖြင့်။
ကထိနံ၊ ကို။
အတ္ထရိတုကာမော၊ ခင်းလိုသည်။
သစေ ဟောတိ၊ အံ့။
(ဧဝံသတိ)။
ပေါရာဏိကာ၊ ရှေး၌ဖြစ်သော။
(အဟောင်းဖြစ်သော။)
သံဃာဋိ၊ ကို။
ပစ္စုဒ္ဓရိတဗ္ဗာ၊ ပစ္စုဒ္ဓိုရ်ပြုထိုက်၏။
နဝါ၊ အသစ်ဖြစ်သော။
သံဃာဋိ၊ သင်္ကန်းကြီးကို။
အဓိဋ္ဌာတဗ္ဗာ၊ အဓိဋ္ဌာန်တင်ထိုက်၏။အတ္ထာရကေန ဘိက္ခုနာ။ ။ ဤ ကတ္တားပုဒ်ကို "သစေ သံဃာဋိယာ၊ ပေ၊ ဘိန္ဒိတဗ္ဗာ" တိုင်အောင်သော ပရိဝါပါဠိတော် အတွင်း ကြိယာတို့၌ မစပ်ဘဲ "ကထိနံ အတ္ထရိတဗ္ဗံ" ဝယ် "အတ္ထရိတဗ္ဗံ" ကြိယာ၌လည်းကောင်း, "အတ္ထရိတွာ" ၌ စဉ်းငယ်ဆိုက်၍ "တေန ကထိနတ္ထာရကေန ဘိက္ခုနာ၊ ပေ၊ အနုမောဒါမ" တိုင်အောင်သော ပရိဝါပါဠိတော်ကို ကျော်၍ "အနုမောဒါပေတဗ္ဗံ" ၌လည်းကောင်း စပ်ပါ၊ ပါဠိတော်အတွင်း၌ ရှိသော ကြိယာများအတွက် ကတ္တားကား "တေန ကထိနတ္ထာရကေန ဘိက္ခုနာ" ဟု လည်းကောင်း, *"တေဟိ အနုမောဒကေဟိ ဘိက္ခူဟိ" ဟုလည်းကောင်း ပါဠိတော်၌ပင် တိုက်ရိုက်လာသည်၊ ဤသို့ ပါဠိတော်စကားနှင့် အဋ္ဌကထာစကားကို မခွဲခြားလျှင် စာစပ်မှားတတ်သည်။
ပေါရာဏိကာ ၊ပေ၊ အဓိဋ္ဌာတဗ္ဗာ။ ။ "သင်္ကန်းကြီး အဟောင်းကို ပစ္စုဒ္ဓိုရ်ပြုရမည်" ဟူရာ၌ နဂိုက အဓိဋ္ဌာန်တင်၍ ဆောင်ထားသော ရဟန်းကို ရည်ရွယ်သည်၊ နဂိုကပင် အဓိဋ္ဌာန် မတင်ဘဲ ဝိကပ္ပနာပြု၍ဖြစ်စေ, ပရိက္ခာရစောဠအဓိဋ္ဌာန် တင်၍ ဖြစ်စေ ထားလျှင် ထို သင်္ကန်းကြီးကို ပစ္စုဒ္ဓိုရ် ပြုဖွယ် မလို၊ မှန်၏၊ အချို့ပုဂ္ဂိုလ်မှာ သင်္ကန်းကြီး မရှိသော်လည်း အသစ် သင်္ကန်းကြီးဖြင့် ကထိန်ခင်းနိုင်သေး၏၊ ထိုသို့ မရှိသော ပုဂ္ဂိုလ်သည် အဘယ်သို့လျှင် ပစ္စုဒ္ဓိုရ် ပြုနိုင်ပါတော့အံ့နည်း? အချို့ကား "ပေါရာဏိကာ သံဃာဋိ ပစ္စုဒ္ဓတိတဗ္ဗာ" ဟု ဆိုသောကြောင့် ကထိန်ခင်းခါနီးမှ ပစ္စုဒ္ဓိုရ် ပြုဖို့ရန် ရှိပြီး သင်္ကန်းကြီးကို စတိသဘောအားဖြင့် အဓိဋ္ဌာန်တင်ကြသေးသတတ်၊ ထိုကဲ့သို့ အဓိဋ္ဌာန်တင်ဖွယ် မလိုပါ။

ဣမာယ သံဃာဋိယာ ကထိနံ အတ္ထရာမီတိ၊ ဣမာယ၊ပေ၊ မိဟူ၍။
(ဤ သင်္ကန်းဖြင့် ကထိန်ခင်းပါ၏ဟူ၍။)
ဝါစာ၊ နှုတ်ကို။
(စကားလုံးကို။)
ဘိန္ဒိတဗ္ဗာ၊ ခွဲခြားထိုက်၏။
ဝါ၊ မြွက်ဆိုထိုက်၏။
စ ပန၊ ထပ်၍စပ်။
အတ္ထရိတွာ၊ ခင်းပြီး၍။
တေန ကထိနတ္ထာရကေန ဘိက္ခုနာ ၊ပေ၊ အနုမောဒါမာတိ၊ ဟူ၍။
ဧဝမာဒိနာ၊ ဤသို့ အစရှိသော။
ပရိပရိဝါရေ၊ ၌။
ဝုတ္တဝိဓာနေနေဝ၊ ဖြင့်ပင်။
(ရှေး၌ ဝုတ္တဝိဓာနနေနဟု ပါပြီးဖြစ်၍ "ဝုတ္တဝိဓာနေနေဝ" ဟု ဆိုသည်။)
အနုမောဒါပေတဗ္ဗံ၊ အနုမောဒနာပြုစေထိုက်၏။
ဣတရေဟိ စ၊ ကထိန်ခံသော ရဟန်းမှ တစ်ပါးသော ရဟန်းတို့သည်လည်း။
အနုမောဒိတဗ္ဗံ၊ အနုမောဒနာ ပြုရာ၏။
[ပါဠိတော်အနက်ကား၊
ကထိနတ္ထာရကေန၊ ကထန်ခင်းသော။
တေန ဘိက္ခုနာ၊ သည်။
သံဃံ၊ သို့။
ဥပသင်္ကမိတွာ၊ ချဉ်းကပ်၍။
ဧကံသံ၊ တစ်ခုသောလက်ဝဲအဖို့၌။
(လက်ဝဲတစ်ဖက် ပခုံးထက်၌။)
ဥတ္တရာသင်္ဂံ၊ အပေါ်ခြုံဧကသီကို။
ကရိတွာ၊ ၍။
အဉ္ဇလိံ၊ လက်အုပ်ကို။
ပဂ္ဂဟေတွာ၊ ချီးမြှောက်၍။
ဧဝံ၊ သို့။
ဝစနီယော၊ ပြောဆိုထိုက်သည်။
အဿ၊ ဖြစ်၏။
(ကိံ?)
ဘန္တေ၊ တို့။
သံဃဿ၊ သံဃာသည်။
ကထိနံ၊ ကို။
အတ္ထတံ၊ ခင်းအပ်ပါပြီ။
ကထိနတ္ထာရော၊ ကထိန်ခင်းခြင်းသည်။
ဓမ္မိကော၊ ဝိနည်းတရား၌ ယှဉ်ပါ၏။
ဝါ၊ ဝိနည်းတရားနှင့်လျော်ပါ၏။
(တုမှေ)၊
အနုမောဒထ၊ ဝမ်းမြောက်တော်မူပါကုန်။
(အနုမောဒနာ ပြုတော်မူပါကုန်။
ဣတိ ဝစနီယော အဿ။)
[ဤစကားကို အနုမောဒနာပြုဖို့ရန် တိုက်တွန်းအပ်သော ပုဂ္ဂိုလ်အပ်သော ပုဂ္ဂိုလ်က တစ်ပါးဖြစ်လျှင် "အနုမောဒါဟိ" ဟု ဆိုပါ။]
အနုမောဒကေဟိ၊ အနုမောဒနာပြုကုန်သော။
တေဟိ ဘိက္ခူဟိ၊ တို့သည်။
ဧကံသံ ဥတ္တရာသင်္ဂံ ၊ပေ၊ ဝစနီယော အဿ၊
(ကိံ?) အာဝုသော၊
သံဃဿ၊ သည်။
ဣမာယ၊ ပေ၊ ဘိန္ဒိတဗ္ဗာ။ ။ "ဣမာယ သံဃာဋိယာ- ဤသင်္ကန်းကြီးဖြင့်၊ ကထိနံ- ကို၊ အတ္ထရာမိ- ခင်းပါ၏" ဟု ပေး၊ ဧကသီဖြင့် ခင်းရာ၌ အဓိဋ္ဌာန်တင်အပ်ပြီးသော ဧကသီအဟောင်းရှိက ပစ္စုဒ္ဓိုရ်ပြု၍ မရှိလျှင် မပြုဘဲ "ဣမိနာ ဥတ္ထရာသင်္ဂေန ကထိနံ အတ္ထရာမိ" ဟုလည်းကောင်း, သင်းပိုင်ဖြင့် ခင်းရာ၌ အဓိဋ္ဌာန် တင်အပ်ပြီးသော သင်းပိုင် အဟောင်းရှိက ပစ္စုဒ္ဓိုရ်ပြု၍, မရှိလျှင် မပြုဘဲ "ဣမိနာ အန္ထရ ဝါသကေန ကထိနံ အတ္ထရာမိ" ဟုလည်းကောင်း ဆိုရမည်ဟု သိပါ။
ကထိနံ၊ ကို။
အတ္ထကံ၊ ခင်းအပ်ပါပြီ။
ကထိနတ္ထာရော၊ သည်။
ဓမ္မိကော၊ ၏။
(မယံ)၊
အနုမောဒါမ၊ ဝမ်းမြောက်ပါကုန်၏။
(အနုမောဒနာ ပြုပါကုန်၏။)
ဣတိ ဝစနီယော အဿ။
[ကထိန်ခံသော ပုဂ္ဂိုလ်က သီတင်းကြီးဆုံးဖြစ်လျှင် "ဘန္တေ" ဟု ဆို၍ အနုမောဒနာ ပြုသော ရဟန်းက တစ်ပါးတည်းဖြစ်လျှင် "အနုမောဒါမိ" ဟု ဆိုပါ။]
ဧဝံ၊ ဤသို့ အနုမောဒနာ ပြုလတ်သော်။
သဗ္ဗေသံ၊ တို့သည်။
(ကထိန် ခံသောရဟန်း, အနုမောဒနာပြုသော ရဟန်းတို့သည်။)
ကထိနံ၊ သည်။
ဝါ၊ ကို။
အတ္ထတံ၊ ခင်းအပ်ပြီးသည်။
ဟောတိ၊
ဟိ၊ သာဓကကား။
ပရိဝါရေ၊ ၌။
ဒွိန္နံ ပုဂ္ဂလာနံ ၊ပေ၊ အနုမောဒကဿ စာတိ၊ ဟူသော။
ဧတံ၊ ဤစကားကို။
(သံဂီတိကာရေဟိ) ဝုတ္တံ၊
[အတ္ထာရကဿ စ၊ ကထိန်ခင်းတတ်သော ပုဂ္ဂိုလ်သည်လည်းကောင်း။
အနုမောဒကဿ စ၊ အနုမောဒနာ ပြုတတ်သော ပုဂ္ဂိုလ်သည်လည်းကောင်း။
ဒွိန္နံ၊ ကုန်သော။
ပုဂ္ဂလာနံ၊ တို့သည်။
ကထိနံ၊ သည်။
ဝါ၊ ကို။
အတ္ထတံ ဟောတိ။]
ပုနပိ၊ တစ်ဖန်လည်း။
ဝုတ္တံ၊ ပြီ။
(ပရိဝါ၌ ဆိုအပ်ပြီ။
ကိံ?။)
သံဃော၊ သည်။
ကထိနံ၊ ကို။
န အတ္ထရတိ၊ မခင်းနိုင်။
(ကိုယ်တိုင် မခင်းနိုင်။)
ဂဏော၊ ဂိုဏ်းတည်း။
ကထိနံ န အတ္ထရတိ၊ မခင်းနိုင်။
ပုဂ္ဂလော၊ ပုဂ္ဂိုလ်တစ်ပါးသည်သာ။
ကထိနံ အတ္ထရတိ၊ (ကိုယ်တိုင် ခင်းနိုင်၏။)
သံဃဿ၊ ၏။
အနုမောဒနာ၊ အနုမောဒနာ ပြုခြင်းကြောင့်။
ဂဏဿ၊ ၏။
အနုမောဒနာ၊ ကြောင့်။
ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်တစ်ပါး၏။
အတ္ထာရာ၊ ခင်းခြင်းကြောင့်။န သံဃော န ဂဏော"။ ။ သံဃာက (ဂဏရှိသော ကျောင်းတိုက်၌လည်း သံဃာပြည့်အောင် ပင့်၍ ထို သံဃာက) ကထိန်လျာအဝတ်ကို ရဟန်းတစ်ပါးအား ပေးရ၏၊ ထို ရဟန်းသည်သာ "ဣမာယ သံဃာဋိယာ ကထိနံ အတ္ထရာမိ" ဟု ဆို၍ ခင်းရ၏၊ ထို့ကြောင့် "န သံဃော (သံဃာပြည့်သော ကျောင်း၌လည်း) သံဃောသည် ကထိန် မခင်းနိုင်၊ သင်္ကန်းပေးရုံသာ ပေးနိုင်သည်- ဟူလို၊ န ဂဏော-နှစ်ပါး, သုံးပါး, လေးပါးတိုင်အောင် ဂိုဏ်းသာရှိသော ကျောင်း၌လည်း ဂိုဏ်းသည် ကထိန် မခင်းနိုင်၊ ပုဂ္ဂလော ကထိနံ အတ္ထရတိ- သံဃာကပေး၍ သင်္ကန်းရသော ထို ပုဂ္ဂိုလ်တစ်ပါးသည်သာ ခင်းနိုင်၏" ဟု ဆိုသည်။
သံဃဿ အနုမောဒနာ။ ။ ဤသို့ သံဃာကိုယ်တိုင်, ဂိုဏ်းကိုယ်တိုင် မခင်းနိုင်ပါသော်လည်း "အတ္ထကံ ဘန္တေ (အာဝုသော)၊ ပေ၊ အနုမောဒါမ" စသည်ဖြင့် အနုမောဒနာ ပြုလျှင်ကား သံဃာလည်း ကထိန်ခင်းပြီးဖြစ်၏၊ နှစ်ပါးရှိသော ကျောင်း၌ တစ်ပါးက ကထိန်ခံ၍ အနုမောဒနာပြုလျှင် ထို တစ်ပါးလည်း ကထိန်ခင်းပြီး ဖြစ်တော့သည်။ သံဃဿ၊ သည်။ ကထိနံ၊ သည်။ ဝါ၊ ကို။ အတ္ထတံ၊ ခင်းအပ်ပြီးသည်။ ဟောတိ၊ ၏။ ဂဏဿ၊ သည်။ ကထိနံ အတ္ထတံ ဟောတိ၊ ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်တစ်ပါးသည်။ ကထိနံ အတ္ထတံ ဟောတိ၊ ဣတိ (ဝုတ္တံ)။
သံဃဿ အနုမောဒနာ။ ။ ဤသို့ သံဃာကိုယ်တိုင်, ဂိုဏ်းကိုယ်တိုင် မခင်းနိုင်ပါသော်လည်း "အတ္ထကံ ဘန္တေ (အာဝုသော)၊ ပေ၊ အနုမောဒါမ" စသည်ဖြင့် အနုမောဒနာ ပြုလျှင်ကား သံဃာလည်း ကထိန်ခင်းပြီးဖြစ်၏၊ နှစ်ပါးရှိသော ကျောင်း၌ တစ်ပါးက ကထိန်ခံ၍ အနုမောဒနာပြုလျှင် ထို တစ်ပါးလည်း ကထိန်ခင်းပြီး ဖြစ်တော့သည်။ သံဃဿ၊ သည်။ ကထိနံ၊ သည်။ ဝါ၊ ကို။ အတ္ထတံ၊ ခင်းအပ်ပြီးသည်။ ဟောတိ၊ ၏။ ဂဏဿ၊ သည်။ ကထိနံ အတ္ထတံ ဟောတိ၊ ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်တစ်ပါးသည်။ ကထိနံ အတ္ထတံ ဟောတိ၊ ဣတိ (ဝုတ္တံ)။
ပန၊ ဆက်။
ဧဝံ၊ ဤသို့။
(ဤဆိုအပ်ပြီးသော အစီအစဉ်ဖြင့်။)
ကထိနေ၊ ကို။
အတ္ထတေ၊ ခင်းအပ်ပြီးသော်။
ကထိနစီဝရေန၊ ကထိန်သင်္ကန်းနှင့်။
သဒ္ဓိံ၊ တူ။
အာဘတံ၊ ဆောင်အပ်သော။
အာနိသံသံ၊ အာနိသင်ဖြစ်သော အဝတ်ကို။
ဒါယကာ၊ ကထိန်ဒါယကာတို့သည်။
(ဒေန္တိ၌ စပ်။)
ယေန၊ အကြင် ရဟန်းသည်။
အမှာကံ၊ တို့၏။
ကထိနံ၊ ကို။
ဂဟိတံ၊ ခံယူအပ်ပြီ။
တဿေဝ၊ ထို ရဟန်းအားသာ။
ဒေမ၊ လှူပါကုန်၏။
ဣတိ၊ ဤသို့ လျှောက်၍ ။
သစေ ဒေန္တိ၊ ကုန်အံ့။
(ဧဝံ သတိ)။
ဘိက္ခုသံဃဃော၊ ရဟန်းသံဃာသည်။
အနိဿရော၊ အစိုးမရ။
(ကထိန်အာနိသင် အဝတ်ကို အစိုးမရ။)
အထ၊ သို့မဟုတ်။
အဝိစာရေတွာဝ၊ မစိစစ်မူ၍သာ။
("ယေန အမှာကံ ကထိနံ ဂဟိတံ၊ တဿေဝ ဒေမ" ဟု မလျှောက်ဘဲသာ။)
ဒတွာ၊
သစေ ဂစ္ဆန္တိ၊ ကုန်အံ့။
(ဧဝံ သတိ)။
ဘိက္ခုသံဃော၊ သည်။
ဣဿရော၊ အစိုးရ၏။
(အာနိသင်အဝတ်ကို အစိုးရ၏။)
တသ္မာ၊ ကြောင့်။
(သံဃာက အစိုးရသည်၏ အဖြစ်ကြောင့်။)အနိဿရော ဣဿရော။ ။ ကထိန်ခင်းရာ၌ ကထိန်သင်္ကန်းတစ်ထည်အပြင် အာနိသင်ဟု ခေါ်ရသော အပိုအဝတ်များ ပါလာတတ်သေး၏၊ "ထို အာနိသင် အဝတ်များကို ကထိန်ခံသော ရဟန်းအား လှူပါ၏" ဟု ဒါယကာတို့က လျှောက်လျှင် ထို ကထိန်ခံသော ရဟန်းသာ ပိုင်၏၊ အထူး မလျှောက်လျှင် ထိုကျောင်းတိုက်၌ ပုရိမဝါကျွတ်သော ရဟန်းသံဃာက ပိုင်သည်။
မှတ်ချက်။ ။ ယခုအခါကား အာနိသံသဟူရာ၌ အဝတ်သင်္ကန်းသာမက "ဉတ်မကြီးအတွက်" ဟု ရည်မှန်းထားသော ဉတ်ရံပစ္စည်းတွေ (မျက်နှာသုတ်ပဝါ, စောင်မှစ၍) အမျိုးမျိုး ပါရှိတတ်၏၊ "ထို အားလုံးကိုလည်း ကထိန်ခံသော ကိုယ်တော်အား လှူပါ၏" ဟု အထူး မလျှောက်ကြသည်သာ များ၏၊ သို့သော်**"ဉတ်သင်္ကန်းရသော ကိုယ်တော်"** ဟုသည် "ဤကျောင်းတိုက် ဆရာတော် (ဘုန်းတော်ကြီး) ပင်ဖြစ်၏" ဟု ဒါယကာတို့က နားလည်နေကြသောကြောင့် (သံဃိကစစ်စစ် ဖြစ်မဖြစ်, ကထိန် မြောက်, မမြောက်ကို မစဉ်းစားတော့ဘဲ) ထို ဆရာတော် (ထိုဘုန်းတော်ကြီး) သည်သာ ဉတ်မကြီးကို ပိုင်သည်ဟု ယူဆကြတော့သည်၊ အကယ်၍သာ ထို ဉတ်မကြီးကိုလည်း သံဃိက ရေစက်ချလျှင် သံဃာသာ ဆိုင်ပါသည်၊ ဝေစုဝေရာ၌လည်း အဝတ်မဟုတ်သော ဂရုဘဏ်လည်း မဟုတ်သော ပစ္စည်းများကို တိုက်တွင်း တိုက်ပက ရောက်ရှိနေသော မျက်မှောက်သံဃာအားလုံး ဝေငှရပါသည်။ ကထိနတ္ထာရကဿ၊ ကထိန်ခင်းသော ရဟန်း၏။ သေသစီဝရာနိပိ၊ ကြွင်းသော သင်္ကန်းတို့သည်လည်း။ (ကထိန်သင်္ကန်းမှ ကြွင်းသော သင်္ကန်းတို့သည်လည်း။) ဒုဗ္ဗလာနိ၊ အားမရှိကုန်သည်။ (ဆွေးမွေ့ ဟောင်းနွမ်းကုန်သည်။) သစေ ဟောန္တိ၊ ကုန်အံ့။ (ဧဝံသတိ)။ သံဃေန၊ သည်။ အပလောကေတွာ၊ ပန်ပြော၍။ (သံဃာ့ထံခွင့်ပန်၍။) တေသမ္ပိ၊ ထို ဆွေးမြေ့ ဟောင်းနွမ်းသော သင်္ကန်းတို့၏လည်း။ အတ္ထာယ၊ အကျိုးငှာ။ ဝတ္ထာနိ၊ အာနိသင်အဝတ်တို့ကို။ ဒါတဗ္ဗာနိ၊ ပေးထိုက်ကုန်၏။

ကမ္မဝါစာ ပန၊ ကမ္မဝါစာသည်ကား။
ဧကာယေဝ၊ ပထမတစ်ကြိမ်သည်သာ။
ဝဋ္ဋတိ၊ အပ်၏။
အဝသေသေ၊ ကြွင်းကုန်သော။
ကထိနာနိသံသေ၊ ကထိန်အာနိသင်ဖြစ်ကုန်သော။
ဗလဝဝတ္ထာနိ၊ အားရှိသော အဝတ်တို့ကို။
(များစွာသော အဝတ်တို့ကို။)
ဝဿာဝါသိကဋ္ဌိတိကာယ၊ ဝါကပ်သော ရဟန်းတို့၏ တည်စဉ်အားဖြင့်။
ဒါတဗ္ဗာနိ၊ ကုန်၏။
ဌိတိကာယ၊ တည်နေကြောင်း အစဉ်၏။
(ထေရ်စဉ်ဝါစဉ်၏။)
အဘာဝေ၊ မရှိခြင်းသည်။
(သတိ၊ သော်။)
ထေရာသနတော၊ ထေရ်ကြီး၏ နေရာမှ။
ပဋ္ဌာယ၊ စ၍။
ဒါတဗ္ဗာနိ၊
ဂရုဘဏ္ဍံ၊ ဂရုဘဏ်ကို။တသ္မာ ၊ပေ၊ ဝဋ္ဋတိ။ ။ အထူး မလျှောက်လျှင် သံဃာက အစိုးရခြင်း (ပိုင်ဆိုင်ခြင်း) ကို "တသ္မာ" ဟု ညွှန်သည်၊ သံဃာပိုင် ဖြစ်သောကြောင့် ကထိန်ခံသော ရဟန်းမှာ ကထိန်သင်္ကန်းအပြင် အခြားသင်္ကန်းများ ဟောင်းနွမ်းနေ၍ ပေးသင့်လျှင် သံခာက အပလောကန (သံဃာ့ထံ ခွင့်ပန်မှု) ကံကို ပြု၍ပေးပါ၊ ကထိန်လျာအဝတ်ကို ပေးစဉ်က ကမ္မဝါစာဖြင့်ပေးရသကဲ့သို့ နောက်တပ် ကမ္မဝါစာဖြင့် ပေးဖွယ် မလိုပါ။
ဝဿာဝါသိကဋ္ဌိတိကာယ။ ။ [ဝဿာဝါသ- မိုးလပတ်လုံး နေခြင်း၊ (ဝါတွင်း၌ ဝါမပျက်အောင် နေခဲ့ခြင်း) +ဣက -ရှိသူများ ၊ ဝဿာဝါသိက- ဝါတွင်း၌ ဝါမပျက်အောင် နေခဲ့ခြင်း ရှိသူများ၊ တိဋ္ဌတိ ဧတာယာတိ ဌိတိ- ရပ်တည်ကြောင်း အစဉ်၊ ဌိတိယေဝ ဌိတိကာ၊ ဝဿာဝါသိကာနံ+ဌိတိကာ ဝဿာဝါသိကဋ္ဌိတိကာ၊ ဝေစုဝေသောအခါ ထိုပုဂ္ဂိုလ်များ၏ ရပ်တည်ကြောင်း အစဉ်ကို "ဝဿာဝါသိက ဋ္ဌိတိကာာ" ဟု ခေါ်သည်၊ ထို အစဉ်ကိုပင် "ထေရ်စဉ်ဝါစဉ်" ဟု ခေါ်ကြသည်၊] သံဃာအများရှိသော ကျောင်းတိုက်၌ ရသမျှ သံဃိကအဝတ်ကို ထေရ်စဉ် ဝါစဉ်ဖြင့် ဝေစုပေးလေ့ရှိသဖြင့် ဝေစုပေးလေ့ရှိလျှင် ရှေးဝေစုစဉ်က မလောက်၍ ဆိုင်းငံ့ထားရသော အစဉ်မှစ၍ သံဃိကသင်္ကန်းကို ဝေပါ၊ ထိုသို့ ရှေးက ဝေစဉ် မရှိလျှင်ကား ထေရ်ကြီး၏နေရာမှ စ၍ ဝေပါ။ န ဘာဇေတဗ္ဗံ၊ မဝေဖန်ထိုက်။ [သံဃိက အဖြစ်ဖြင့် ထားပါ- ဟူလို။]

ဧကသီမာယ၊ တစ်ခုတည်းသော ဥပစာရသိမ်၌။
ဗဟူ၊ ကုန်သော။
ဝိဟာရာ၊ ကျောင်းတို့သည်။
သစေ ဟောန္တိ၊ ကုန်အံ့။
(ဧဝံ သတိ)။
သဗ္ဗေ၊ ကုန်သော။
ဘိက္ခူ၊ တို့ကို။
သန္နိပါတေတွာ၊ စည်းဝေးစေပြီး၍။
ဧကတ္ထ၊ တစ်ခုသော အရပ်၌။
ကထိနံ၊ ကို။
အတ္ထရိတဗ္ဗံ၊ ခင်းရာ၏။
ဝိသုံ ဝိသုံ၊ အသီးအသီး။
(ကျောင်းတိုင်း ကျောင်းတိုင်း။)
အတ္ထရိတုံ န ဝဋ္ဋတိ၊
ဣဒါနိ၊ ၌။
ယထာ စ၊ အကြင် အစီအစဉ်ဖြင့်လည်း။
ကထိနံ၊ သည်။
ဝါ၊ ကို။
အတ္ထတံ ဟောတိ၊
ယထာ စ၊ ဖြင့်လည်း။
(ကထိနံ)။
အနတ္ထတံ၊ မခင်းအပ်သည်။
(ဟောတိ)။
တံ ဝိဓံံ၊ ထို အစီအစဉ်ကို။
ဝိတ္ထာရတော၊ ဖြင့်။
ဒဿေတုံ၊ ငှာ။
**ဧဝံ စ၊ ပေ၊ အတ္ထတန္တိ**၊ ဟူ၍။
ဝတွာ၊ ဟောတော်မူပြီး၍။
အကရဏီယဉ္စေဝ၊ မပြုသင့် မပြုထိုက်သည်လည်း ဖြစ်သော။
မဟာဘူမိကဉ္စ၊ ကြီးကျယ်သော ဖြစ်ရာရှိသည်လည်းဖြစ်သော။
အနတ္ထတလက္ခဏံ၊ အနတ္ထတ၏လက္ခဏာကို။သစေ ပန၊ ပေ၊ န ဝဋ္ဋတိ။ ။ ကထိန်သင်္ကန်း ပေးစဉ်က သိမ်တွင်း၌ ပေးပြီးနောက် ခင်းသောအခါ ကျောင်းတိုက်သံဃာ အားလုံး စုပေါင်း၍ သိမ်တွင်း၌ ဖြစ်စေ, သိမ်ပြင်၌ဖြစ်စေ ကျောင်းတိုက်တွင်းဝယ် သင့်တော်ရာအရပ်၌ ခင်းနိုင်ပါသည်၊ ကျောင်းတိုက် တစ်ခုတည်း၌ (အချင်းချင်း မတည့်သောကြောင့်) နှစ်ကထိန်သုံးကထိန်ကား မခံကောင်း, မခင်းကောင်း။
အကရဏီယံ, မဟာဘူမိကံ။ ။ မူလဝါကျတုန်းက "ဧဝံ ခေါ ဘိက္ခဝေ အတ္ထတံ ဟောတိ" စသည်ဖြင့် အတ္ထတကို ရှေးဦးစွာ ပြသော်လည်း အကျယ်ပြရာ၌ အနတ္ထတကို ရှေးဦးစွာ ပြရခြင်း၏ အကြောင်းကို ပြလို၍ "အကရဏီယဉ္စေဝ မဟာဘူမိကဉ္စ" ဟု ဝိသေသနပြုသည်၊ ထို ဝိသေသနကို "ဟေတုမန္တဝိသေသန" ဟု မှတ်ပါ။ အကရဏီယ ဖြစ်သောကြောင့်လည်းကောင်း, မဟာဘူမိကဖြစ်သောကြောင့်လည်းကောင်း ရှေးဦးစွာပြသည်-ဟူလို၊ "အကရဏီယ" ဟူသည် ကထိန်ခင်းမှုကို မပြုထိုက်သော "ဥလ္လိဇိတ" စသော လက္ခဏာပင်တည်း၊ [မဟာဘူမိကန္တိ မဟာဝိသယံ၊ စတုဝီသတိ အာကာရဝန္တတာယ မဟာဝိတ္ထာရိကန္တိ ဝုတ္တံ ဟောတိ- ဋီကာ။] တာဝ၊ အနတ္ထတ၏လက္ခဏာမှ- ရှေးဦးစွာ။ ဒဿေန္တော၊ ပြတော်မူလိုသည်။ (ဟုတွာ)။ **န ဥလ္လိဓိတမတ္ထေနာ**တိ အာဒိကေ၊ အစရှိကုန်သော။ စတုဝီသတိ၊ နှစ်ဆယ့်လေးပါးသော။ အာကာရေ၊ အခြင်းအရာတို့ကို။ (ဘဂဝါ)၊ ဒဿေသိ၊ ပြတော်မူပြီ။

တတော၊ ထိုနှစ်ဆယ့်လေးပါးသော အခြင်းအရာမှ။
ပရံ၊ နောက်၌။
အတ္ထတလက္ခဏံ၊ အတ္ထတ၏ သဘောလက္ခဏာကို။
ဒဿေန္တော၊ သည်။
(ဟုတွာ)။
**အဟတေန အတ္ထတန္တိ** အာဒီကေ၊ အစရှိကုန်သော။
သတ္တရသ၊ တစ်ဆယ့်ခုနစ်ပါးကုန်သော။
အာကာရေ၊ တို့ကို။
(ဘဂဝါ)၊
ဒဿေတိ၊ ပြီ။
ဟိ၊ မှန်။
ပရိဝါရေပိ၊ ၌ လည်း။
စတုဝီသတိယာ ၊ပေ၊ ကထိနန္တိ၊ ဟူ၍။
ဣဒမေဝလက္ခဏံ၊ ဤလက္ခဏာကိုပင်။
(ဤအနတ္ထတ၏ သဘောလက္ခဏာ, အတ္ထတ၏သဘောလက္ခဏာကိုပင်။
ဘဂဝတာ) ဝုတ္တံ။
[စတုဝီသတိယာ၊ နှစ်ဆယ့်လေးပါးသော။
အာကာရေဟိ၊ တို့ဖြင့်။
ကထိနံ အနတ္ထကံ ဟောတိ။
သတ္တရသဟိ၊ ကုန်သော။
အာကာရေဟိ ကထိနံ အတ္ထတံ ဟောတိ။]
တတ္ထ၊ ထို နှစ်ဆယ့်လေးပါးသော အခြင်းအရာတို့တွင်။
ဥလ္လိခိတမတ္တေနာတိ၊ ကား။
ဒီဃတော စ၊ အလျားအားဖြင့်လည်းကောင်း။
(အလျားဘက်မှလည်းကောင်း။)
ပုထုလတော စ၊ အနံအားဖြင့်လည်းကောင်း။ဥလ္လိခိတမတ္ထေန။ ။ "ပမာဏဂ္ဂဟဏမတ္တေန" ဟို ကြည့်၍ "ဥလ္လိဓနံ ဥလ္လိဓိတံ" စသည်တို့ဖြင့် အဝတ်၏ အထက်၌+ခြစ်ခြင်း၊ ထို ခြစ်ခြင်းသည် သင်္ကန်း၏ ဖြတ်ဖို့ရာ ပမာဏကို မှတ်ခြင်းဖြစ်သောကြောင့် "ပမာဏဂ္ဂဟဏ" မည်၏၊ ယခုခေတ်ကဲ့သို့ ခဲတံ စသည် မရှိသောကြောင့် သင်္ကန်း၏ အလျားအနံပမာဏကို မှတ်သောအခါ လက်သည်း စသည်ဖြင့် သင်္ကန်းပေါ်၌ အရာထင်အောင် ခြစ်၍မှတ်ရသည်၊ ယခုအခါ ခဲတံ စသည်ဖြင့် ခြစ်၍ မှတ်ခြင်းလည်းပါဝင်နိုင်၏။
ဆက်ဦးအံ့ - ဥပလက္ခဏနည်းအားဖြင့် "လိခိတ" မှတ်၍ ဆိုထားသည်၊ နဖူးစသည်တို့၌ အဝတ်ကို (နှစ်လွှာထပ်၍) ပွတ်တိုက်လျှင်လည်း အခေါက်ရာ ထင်သောကြောင့် ထို အရာသည်ပင် သင်္ကန်း၏ အလျားအနံ ပမာဏ ဖြစ်နိုင်၏၊ ထို့ကြောင့် "နလာဋာဒီသု ဝါ ဃံသတိ" ဟု မိန့်သည်၊ အာဒိဖြင့် ဒူး၌လည်းပွတ်တိုက်နိုင်, ပေါင်၌လည်း ပွတ်တိုက်နိုင်သောကြောင့် ထို အရပ်များကို ယူပါ၊ မတ္တသဒ္ဒါကား ချုပ်ပြီး ဆိုးပြီး အဖြစ်သို့ မရောက်သေး၍ အနည်းငယ်မျှသော ကိစ္စဖြစ်သည်ဟု ပြသော အပ္ပတ္တဝါစကတည်း၊ ဥလ္လိခိတံ+မတ္တံ ဥလ္လိခိတမတ္တံ၊ ဆိုလိုရင်းကား "သံဃာက ပေး၍ သင်္ကန်းလျာအဝတ် ရသောအခါ သင်္ကန်းချုပ်ဖို့ရန် အလျား အနံ ပမာဏကို ရှေးဦးစွာ မှတ်ရ၏၊ ထိုသို့ မှတ်ရုံဖြင့်လည်း ကထိန်ခင်းအပ်သည် မမည်သေးပါ" ဟူလို။

ပမာဏဂ္ဂဟဏမတ္တေန၊ အတိုင်းအရှည်ကို ယူခြင်းမျှဖြင့်။
(ယူရုံမျှဖြင့်။
န ကထိနံ အတ္ထဟံ ဟောတိ၌ စပ်။)
ဟိ၊ ချဲ့။
တစ်နည်း၊
ဟိ (ယသ္မာ)၊ ကြောင့်။
ပမာဏံ၊ အတိုင်းအရှည်ကို။
(ဖြတ်ဖို့ရန် ပမာဏကို။)
ဂဏှန္တော၊ ယူသော ပုဂ္ဂိုလ်သည်။
တဿ တဿ ပဒေသဿ၊ ထိုထို အရပ်ကို။
(ဖြတ်ဖို့ရန်ဖြစ်သော ထိုထိုအရပ်ကို။)
သဉ္ဇာနနတ္ထံ၊ မှတ်သားခြင်း အကျိုးငှာ။
နခါဒီဟိ ဝါ၊ လက်သည်းအစရှိသည်တို့ဖြင့်မူလည်း။
ပရိစ္ဆေဒံ၊ အပိုင်းအခြားကို။
ဒဿေန္တော၊ ပြလျက်။
ဥလ္လိခတိ၊ အဝတ်၏ အပေါ်၌ ခြစ်၏။
နလာဋာဒီသု ဝါ၊ နဖူး အစရှိသည်တို့၌လည်း။
ဃံသတိ၊ ပွတ်တိုက်၏။
တသ္မာ၊ ကြောင့်။
တံ ပမာဏဂ္ဂဟဏံ၊ ထို ပမာဏကို ယူခြင်းကို။
ဥလ္လိခိတမတ္တန္တိ၊ ဟူ၍။
ဝုစ္စတိ၊ ၏။
**ဓောဝနမတ္တေနာ**တိ၊ ကား။
ကထိနဒုဿဓောဝနမတ္တေန၊ ကထိန်လျာအဝတ်ကို ဖွပ်လျှောက်ခြင်းမျှဖြင့်။
(န ဟောတိ၌ စပ်။)
**စီဝရဝိစာရဏမတ္တေနာ**တိ၊ ကား။
ပဉ္စကံ၊ ငါးခန်းရှိသော သင်္ကန်းသည်။
ဟောတု၊ ဖြစ်စေ။
ဣတ ဝါ၊ ဤသို့သော်လည်းကောင်း။
သတ္တကံ၊ ခုနစ်ခန်းရှိသော သင်္ကန်းသည်။
(ဟောတု)။
ဣတိ ဝါ၊ သော်လည်းကောင်း။
နဝကံ၊ ကိုးခန်းရှိသော သင်္ကန်းသည်။
(ဟောတု)။
ဣတိ ဝါ၊ သော်လည်းကောင်း။
ဧကာဒသကံ၊ တစ်ဆယ့်တစ်ခန်းရှိသောသင်္ကန်းသည်။
(ဟောတု)။
ဣတိ ဝါ၊ သော်လည်းကောင်း။
ဧဝံ၊ သို့။
ဝိစာရိတမတ္တေန၊ စီရင်အပ်ကာမျှဖြင့်။
(န ဟောတိ)။
**ဆေဒနမတ္တေနာ**တိ၊ ကား။
ယထာဝိစာရိတဿ၊ အကြင် အကြင် စီရင်အပ်ပြီးသော။
("ပဉ္စကံ ဝါ ဟောတု" စသည်ဖြင့် စီရင်အပ်ပြီးသော။)
ဝတ္ထဿ၊ သင်္ကန်းလျာအဝတ်ကို။
ဆေဒနမတ္တေန၊ ဖြတ်ခြင်းမျှဖြင့်။
(ဖြတ်ရုံမျှဖြင့်။
န ဟောတိ။)
ပဉ္စကံ ဝါ။ ။ ပဉ္စ+ပရိမာဏာနိ ယဿာတိ ပဉ္စကံ- ငါးခန်း အတိုင်းအရှည်ရှိသော သင်္ကန်း၊ ပရိမာဏအနက်၌ ကပစ္စည်း၊ ဤ၌ ဧကာဒသက (ဆယ့်တစ်ခန်း) သင်္ကန်းကို အဆုံးသတ်ထားသော်လည်း အဝုတ္တဝိကပ္ပနဝါသဒ္ဒါကြောင့် ထို သ-ခန်းထက်များသော အခန်းရှိသော သင်္ကန်းများကိုလည်း ယူနိုင်၏၊ သို့သော် ထို အခန်းများသော သင်္ကန်းတို့မှာ အလုပ်တာဝန် များသလောက် အသုံးပြုရာ၌ အကျိုးမများပါ၊ ရှေးက ပံသုကူသင်္ကန်းများ၌သာ တိုတိုထွာထွာ အဝတ်တွေကို စပ်၍ ချုပ်ရသောကြောင့် အခန်းပမာဏ မထားဘဲ အလွန်များရသည်၊ ထို့ပြင် ရိုးရိုးသင်္ကန်း ချုပ်ရာ၌ ပထမ "ခေါင်" ဟု ခေါ်ရသော အဝတ်လွှာ၏ ဝဲဘက် ယာဘက်၌ အစုံရံ၍ ချုပ်ရသောကြောင့် အခန်းများ၌ စုံဂဏန်း မရှိဘဲ မဂဏန်းချည်းသာ ရှိရပါသည်။
**ဗန္ဓနမတ္တေနာ**တိ၊ ကား။
မောဃသုတ္တကာရောပနမတ္တေန၊ အချည်းနှီးသောချည်ငယ်ကို တင်ခြင်းမျှဖြင့်။
(န ဟောတိ)။
**ဩဝတ္တိယကရဏမတ္တေနာ**တိ၊ ကား။
မောဃသုတ္တကာနုသာရေန၊ အချည်းနှီး တည်ထားအပ်သော ချည်ကို အစဉ်လိုက်သဖြင့်။
ဒီဃသိဗ္ဗိတမတ္တေန၊ အလျား ချုပ်ခြင်းမျှဖြင့်။
(န ဟောတိ)။
**ကဏ္ဍုသကရဏမတ္တေနာ**တိ၊ ကား။
မုဒ္ဓိယပတ္တဗန္ဓနမတ္တေန၊ တလုပ်မြောင်းဖြစ်သော အလွှာကို ဖွဲ့စပ်ခြင်းမျှဖြင့်။
(န ဟောတိ)။
**ဒဋ္ဌီကမ္မကရဏမတ္တေနာ**တိ၊ ကား။
ဒွေ၊ နှစ်လွှာကုန်သော။
စိမိလိကာယော၊ အဝတ်လွှာတို့ကို။
ဧကတော၊ တပေါင်းတည်း။ဗန္ဓနမတ္ထေန**။ ။ ဖြတ်အပ်ပြီးသော အဝတ်နှစ်စကို ဖွဲ့စပ်ခြင်းကို "ဗန္ဓန" ဟု ဆို၏၊ ထိုသို့ ဖွဲ့စပ်သောအခါ ထို အဝတ် နှစ်စကို အပ်ချည်ဖြင့် သီရ၏၊ ထိုသီကြိုးကို "မောဃသုတ္တက" ဟု ခေါ်၏၊ ဩဝတ္တိယချုပ်ခြင်း၏ ရှေးဦးစွာ အပိုချုပ်ခြင်း ဖြစ်သောကြောင့် ထိုဗန္ဓနကို "မောဃသုတ္တကာရောပန" ဟု ဆိုဟန်တူသည်၊ [ဤ မောဃသုတ္တကကိုပင် သီထားအပ် (တည်ထားအပ်) သောကြောင့် "သီအပ် သီခြင်း, တည်းအပ် တည်းခြင်း" ဟု ခေါ်ကြသည်။]
ဩဝတ္တိယကရဏ။ ။ နောက်၌ ဝဋ္ဋေတွာ ကရဏံ ဩဝဋ္ဋိကံ" ဟု ဖွင့်လိမ့်မည်၊ ထို့ကြောင့် "ဩ" ကို အနက်မရှိ ကြံပါ၊ မောဃသုတ္တက တင်တုန်းက အပြီးသတ်ချုပ်ခြင်း မဟုတ်၊ ယခုမှ အပြီးသတ် လုံး၍ ချုပ်ခြင်း ဖြစ်၏၊ ထို့ကြောင့် မောဃသုတ္တကသို့ လိုက်၍ အလျားချုပ်ခြင်းကို "ဩဝတ္တိယ" ခေါ်သည်ဟု ကြံပါ၊ ဩဝတ္တနံ ဩဝတ္တော- တည်ထားအပ်ပြီးသော အစ နှစ်ခုကို လုံး၍ ချုပ်ခြင်း၊ ဩဝတ္တောယဿ အတ္ထီတိ ဩဝတ္တိယံ-လုံး၍ ချုပ်ခြင်းရှိသော ချုပ်မှု၊ ဩဝတ္တိယဿ+ကရဏံ ဩဝတ္တိယကရဏံ။
ကဏ္ဍုသ, မုဒ္ဓိယ။ ။ ရှေးက "တလုပ်မြောင်းဖွဲ့ခြင်း" ဟု ပေးကြ၏၊ အဝတ်နှစ်စ၏ အလယ်က မြောင်းကို "တလုပ်" ဟု ခေါ်ခြင်း, ပါဠိကို "ကဏ္ဍုသ, မုဒ္ဓိယ" ဟု ခေါ်ခြင်း၏ အကြောင်းကို ကျွမ်းကျင်သူတို့အား မေးမြန်းကြပါလေ။ ကတွာ၊ ၍။ သိဗ္ဗိတမတ္တေန၊ ချုပ်ခြင်းမျှဖြင့်။

ပဌမစိမိလိကာ၊ ပထမအဝတ်လွှာသည်။
ဝါ၊ ကို။
ဃဋေတွာ၊ ဆက်စပ်၍။
ထပိတာ၊ ထားအပ်ပြီးသည်။
ဟောတိ၊
ကထိနသာဋကံ၊ ကထိန်လျာအဝတ်ကို။
တဿာ၊ ထိုပထမအဝတ်လွှာ၏။
ကုစ္ဆိစိမိလိကံ၊ ဝမ်းဘက်၌ဖြစ်သော အဝတ်လွှာကို။
(အနံ အနားပတ်ကို။)
ကတွာ၊ ၍။
သိဗ္ဗိတမတေန၊ ဖြင့်။
(န ဟောတိ)။
ဣတိပိ အတ္ထော၊ ဤ အနက်သည်လည်း။
(ဟောတိ)။
မဟာပစ္စရိယံ၊ ၌။
ပကတိစီဝရဿ၊ ပကတိသင်္ကန်းအား။
(ကထိန်လျာ မဟုတ်သော နဂိုရှိရင်းစွဲအဝတ်အား။)
ဥပဿယဒါနေန၊ အပေါ်၌ ထပ်၍ ပေးခြင်းဖြင့်။
(န ဟောတိ)။
ဣတိ ဝုတ္တံ၊
ပန၊ ဝါဒန္တရ။
ကုရုန္ဒိယံ၊ ၌။
ပကတိပတ္တဗန္ဓစီဝရံ၊ ပင်ကိုအားဖြင့်ဖွဲ့စပ်အပ်ပြီးသော အထပ်အလွှာရှိသော သင်္ကန်းကို။
ဒုပဋ္ဋံ၊ နှစ်ထပ်ရှိသည်ကို။
ကာတုံ၊ ငှာ။
ကုစ္ဆိစိမိလိကံ၊ ဝမ်းဘက်၌ဖြစ်သော အလွှာကို။
(အနံ အနားပတ်ကို။)
အလ္လိယာပနမတ္တေန၊ ငြိကပ်စေခြင်းမျှဖြင့်။
(န ဟောတိ)။
ဣတိ ဝုတ္တံ။
**အနုဝါတကရဏမတ္တေနာ**တိ၊ ကား။
ပိဋ္ဌိအနုဝါတာရောပနမတ္တေန၊ ကျောဘက်၌ဖြစ်သော အလျားအနားပတ်ကို တင်ခြင်းမျှဖြင့်။
(န ဟောတိ)။
**ပရိဘဏ္ဍကရဏမတ္တေနာ**တိ၊ ကား။
ကုစ္ဆိအနုဝါတာရောပနမတ္တေန၊ ဝမ်းဘက်၌ဖြစ်သော အလျား အနားပတ်ကို တင်ခြင်းမျှဖြင့်။
(န ဟောတိ)။အထ ဝါ။ ။ ပဌမစိမိလိကာတိ ကထိနဝတ္ထတော အညာ အတ္တနော ပကတိ စိမိလိကာ- မိမိ၏ နဂိုရှိပြီးအဝတ်၊ ကုစ္ဆိ၊ပေ၊ မတ္တေနာတိ ထိရဇိဏ္ဏာနံ စိမိလိကာနံ (ခိုင်မြဲသော အဝတ်သစ်နှင့် ဟောင်းနွမ်းသော မူလရှိပြီး အဝတ်တို့ကို) ဧကတော ကတွာ သိဗ္ဗနဿေတံ အဓိဝစနံ။
မဟာပစ္စရိယံ, ကုရုန္ဒိယံ။ ။ "ပကတိစီဝရဿ ဥပဿယဒါနေန" နှင့် "ပကတိမတ္တဗန္ဓစီဝရံ၊ ပေ၊ အလ္လိလာပနမတ္တေန" ဟူသော အဋ္ဌကထာ စကားနှစ်ရပ်သည် စကားအသုံးသာ ကွဲ၍ အဓိပ္ပာယ်မှာ သဘောတူ၏၊ ထိုသို့ တူကြောင်းကိုပြလို၍ "မဟာပစ္စရိယံ" စသော စကားကို ဆိုရသတတ်၊ [မဟာပစ္စရိယံ ကုရုန္ဒိယံ စ ဝုတ္တဝစနနိဒဿနံ ဗျဉ္ဇနဧဝ ဘေဒေါ အတ္ထေ (ဘေဒေါ) နတ္ထီတိ ဒဿနတ္ထံ ကတန္တိ ဝဒန္တိ၊ - ဋီကာ။]
အနုဝါတ, ပရိဘဏ္ဍ။ ။ ဝါဓာတ်သည် ဗန္ဓနအနက်ကို ဟော၏၊ အနုနောက်ထပ်+ဝါတ- ဖွဲ့စပ်အပ်သော အလွှာ၊ ဝါ- အနားပတ် နှစ်မျိုးတွင်အလျား အနားပတ်သည် အနုဝါတ မည်၏၊ သီဟိုဠ်များ ရန်းသကဲ့သို့ သင်္ကန်းရန်းသောအခါ ထိုအလျား အနားပတ်သည် ကျောဘက် (လက်မောင်း၏ နောက်ဘက်) ၌ အများအားဖြင့် ရောက်နေသောကြောင့် ပိဋ္ဌိအနုဝါတလည်း မည်၏၊ ဘေးအနားက အနားပတ်သည် အခြံအရံ ဖြစ်သောကြောင့် ပရိဘဏ္ဍ မည်၏၊ သီဟိုဠ်များ ရန်းသကဲ့သို့ ရန်းသောအခါ ဝမ်းဘက်၌ ရောက်နေသောကြောင့် ကုစ္ဆိအနုဝါတလည်း မည်၏၊ [ပိဋ္ဌိ၊ ပေ၊ မတ္တေနာတိ ဒီဃတော အနုဝါတဿ အာရောပနမတ္တေန၊ ကုစ္ဆိ၊ ပေ၊ မတ္တေနာတိ ပုထုလတော (အနံအားဖြင့်) အနုဝါတဿ အာရောပနမတ္တေန၊- ဋီကာ။]

**ဩဝဒ္ဒေယျကရဏမတ္တေနာ**တိ၊ ကား။
အာဂန္တုကပတ္တာရောပနမတ္တေန၊ အာဂန္တုကအလွှာကို တင်ခြင်းမျှဖြင့်။
(န ဟောတိ)။
["ဩ အဝ-အောက်၌+ ဝဒ္ဒေယျ- တိုးပွားစေအပ်သော အနားပတ်" ဟူသည် နဂို တလုပ်မြောင်းပေါ်ဝယ် နောက်ထပ် အာဂန္တုကအလွှာ တင်ခြင်းတည်း၊ ထိုသို့ တင်ခြင်းကို "သလင်းထောင်ခြင်း" ဟု ဆိုကြသည်။]
ဝါ၊ တစ်နည်း။
ကထိနစီဝရတော၊ ကထိန်လျာ သင်္ကန်းမှ။
ပတ္တံ၊ အဝတ်လွှာကို။
ဂဟေတွာ၊ ယူပြီး၍။
အညသ္မိံ၊ အခြားသော။
(ကထိန်လျာသင်္ကန်းမှ အခြားသော။)
အကထိနစီဝရေ၊ ကထိန်လျာမဟုတ်သော သင်္ကန်း၌။
ပတ္တာရောပနမတ္တေန၊ အာဂန္တုကအလွှာကို တင်ခြင်းမျှဖြင့်။
(န ဟောတိ)။
**ကမ္မလမဒ္ဒနမတ္ထေနာ**တိ၊ ကား။
ဧကဝါရံယေဝ၊ တစ်ကြိမ်သာလျှင်။
ရဇနေ၊ ဆိုးရည်၌။
ပက္ခိတ္တေန၊ ထည့်အပ်သော။ (ထည့်၍ ဆိုးအပ်သော။)
ဒန္တဝဏ္ဏေန၊ ဆင်စွယ်ရောင်ရှိသော အဝတ်ဖြင့်။
ဝါ၊ တစ်နည်း။
ပဏ္ဍုပလာသဝဏ္ဏေန၊ ဖက်ရွက်ရော်အဆင်းရှိသော အဝတ်ဖြင့်။
(န ဟောတိ)။၊
ပန၊ ဆက်။
သကိံ ဝါ၊ တစ်ကြိမ်သော်လည်းကောင်း။
ဒွိက္ခတ္တုံ ဝါ၊ နှစ်ကြိမ်သော်လည်းကောင်း။
ရတ္တံ၊ ဆိုးအပ်သည်။
(သမာနမ္ပိ၊ ဖြစ်သော်လည်း။)
သာရပ္ပံ၊ လျောက်ပတ်သည်။
(ရဟန်းများ ဝတ်ခြင်းငှာ လျောက်ပတ်သည်။)။
သစေ ဟောတိ၊ အကယ်၍ဖြစ်အံ့။
(ဧဝံ သတိ၊ သော်။
ကထိနံ အတ္ထရိတုံ။)
ဝဋ္ဋတိ၊ အပ်၏။
**နိမိတ္ထကတေနာ**တိ၊ ကား။
ဣမိနာ ဒုဿေန၊ ဤအဝတ်ဖြင့်။
ကထိနံ၊ ကို။
အတ္ထရိဿာမိ၊ ခင်းအံ့။
ဣတိ ဧဝံ၊ သို့။
နိမိတ္တကတေန၊ ပြုအပ်သောအရိပ်နိမိတ်ရှိသော သင်္ကန်းဖြင့်။
(န ဟောတိ) ဟိ၊ မှန်။
ဧတ္တကမေဝ၊ ဤမျှလောက်သော စကားကိုသာ။
ပရိဝါရေ၊ ၌။
(ဘဂဝတာ) ဝုတ္တံ၊
ပန၊ ဝါဒန္တရ။
အဋ္ဌကထာသု၊ ရှေး အဋ္ဌကထာတို့၌။
အယံ သာဋကော၊ ဤ အဝတ်သည်။
သုန္ဒရော၊ ကောင်း၏။
ဣမိနာ၊ ဤအဝတ်ဖြင့်။
ကထိနံ၊ ကို။
အတ္ထရိတုံ၊ ငှာ။
သက္ကာ၊ တတ်ကောင်း၏။
ဣတိ ဧဝံ၊ သို့။
နိမိတ္တကမ္မံ၊ အရိပ်နိမိတ်ပြုမှုကို။
(သင်္ကန်းလှူအောင် အရိပ်နိမိတ် ပြုမှုကို။)
ကတွာ၊ ၍။
လဒ္ဓေန၊ ရအပ်သောအဝတ်ဖြင့်။
(န ဟောတိ)။
ဣတိ ဝုတ္တံ၊
**ပရိကထာကတေနာ**တိ၊ ကား။
ကထိနံ နာမ၊ ကထိန် မည်သည်ကို။
ဒါတုံ၊ ငှာ။
ဝဋ္ဋတိ၊ သင့်၏။
ကထိနဒါယကော၊ ကထိန်ဒါယကာသည်။
ဗဟုံ၊ စွာ။
ပုညံ၊ ကို။
ပသဝတိ၊ တိုးပွားစေ၏။
ဣတိ ဧဝံ၊ သို့။
ပရိကထာယ၊ ပရိယာယ်စကားဖြင့်။
ဥပ္ပါဒိတေန၊ ဖြစ်စေအပ်သော သင်္ကန်းဖြင့်။
(န ဟောတိ။)
[ကထိနံ ကထာ၊ ပရိယာယ+ ကထာ ပရိကထာ။]
ကထိနံ နာမ၊ ကထိန်သင်္ကန်း မည်သည်။
အတိဥက္ကဋ္ဌံ၊ အလွန်မြတ်သောသင်္ကန်းသည်။
(ဘဝိတုံ) ဝဋ္ဋတိ၊
မာတရမ္ပိ၊ အမိကိုသော်မှလည်း။
ဝိညာပေတုံ၊ သိစေခြင်းငှာ။
(တောင်းခြင်းငှာ။(
န ဝဋ္ဋတိ၊
အာကာသတော၊ ကောင်းကင်မှ။
ဩတိဏ္ဏသဒိသမေဝ၊ သက်ဆင်းကျရောက်လာသော သင်္ကန်းနှင့်တူသည်သာ။
(ဘဝိတုံ) ဝဋ္ဋတ၊
ဣတိ၊ ဤသို့ မှတ်အပ်၏။
**ကုက္ကုကတေနာ**တိ၊ ကား။
တာဝကာလိကေန၊ တာဝကာလိကဖြစ်သော သင်္ကန်းဖြင့်။
(ထို ကထိန်ခင်းရာကာလမျှ သုံးစွဲဖို့ရန် ငှားရမ်းအပ်သော သင်္ကန်းဖြင့်။
န ဟောတိ။)
["တာဝကာလံ+ဂဟိတံ တာဝကာလိကံ" ဟုပြု။]
**သန္နိဓိကတေနာ**တိ ဧတ္ထ၊ ၌။
(လဗ္ဘာမာနော၊ ရထိုက်သော။)
သန္နိဓိ စ၊ သန္နိဓိသည်။
ကရဏသန္နိဓိ စ၊ ကရဏသန္နိဓိလည်းကောင်း။
နိစယသန္နိဓိ စ၊ လည်းကောင်း။
(ဣတိ၊ သို့။)
ဒုဝိဓော၊ ၏။
တတ္ထ၊ ထိုနှစ်ပါး တို့တွင်။
တဒဟေဝ၊ ထိုနေ့၌ပင်။
(ထိုသင်္ကန်းလှူရာနေ့၌ပင်။)
အကတွာ၊ ချုပ်ဆိုးသမှုမပြုဘဲ။
ထပေတွာ၊ သိမ်းထား၍။
ကရဏံ၊ ချုပ်ဆိုးမှုကို ပြုခြင်းသည်။
ကရဏသန္နိဓိ၊ မည်၏။
(ပြုခြင်းအားဖြင့် သိုမှီးခြင်း မည်၏။)
သံဃော၊ သည်။
အဇ္ဇ၊ ယနေ့။
ကထိနဒုဿံ၊ ကထိန်လျာအဝတ်ကို။
လဘိတွာ၊ ရပြီး၍။
ပုနဒိဝသေ၊ နောက်တစ်နေ့၌။
(နက်ဖြန်ခါမှ။)
ဒေတိ၊ ပေး၏။
(ကထိန်ခံမည့်ရဟန်းအား ဉတ်ကမ္မဝါစာဖြင့် ပေး၏။)
အယံ၊ ဤ နောက်နေ့မှ ပေးခြင်းသည်။
ကထိနံ နာမ၊ ပေ၊ ဝဋ္ဋတိ။ ။ ကထိန်သင်္ကန်းဟူသည်မှာ အလွန်သန့်ရှင်းမြင့်မြတ်သော သင်္ကန်းဖြစ်ရမည်၊ မယ်တော်ကိုမျှ မတောင်းကောင်း၊ ကောင်းကင်မှ အလိုအလျောက် ကျလာသော မိုးပေါ်ကျ အဝတ်ကဲ့သို့ မည်သူ့ကို မျှ အရိပ်နိမိတ်ပရိယာယ်စကား ပြောကြား၍ ရအပ်သော သင်္ကန်းမျိုး မဖြစ်စေရ၊ ထို့ကြောင့် "န နိမိတ္တကတေန" စသည်ဖြင့် ဟောတော်မူသည်။
နိစယသန္နိဓိ၊ မည်၏။
(ကထိန်အဝတ်ကို မပေးသေးဘဲ သိမ်းထားသောအားဖြင့် သန္နိဓိ မည်၏၊)
["သန္နိဓိကတေန- ပြုအပ်သော သိုမှီးသိမ်းဆည်းခြင်း ရှိသောအဝတ်ဖြင့်" ဟု ပါဠိတော်၌ ပေးပါ။]
**နိဿဂ္ဂိယေနာ**တိ၊ ကား။
ရတ္တိနိဿဂ္ဂိယေန၊ ညဉ့်ကို စွန့်လွှတ်ခြင်းရှိသော သင်္ကန်းဖြင့်။
(ညဉ့်ကို လွန်သွားသော သင်္ကန်းဖြင့်။
န ဟောတိ။)
ပရိဝါရေပိ၊ ၌လည်း။
နိဿဂ္ဂိယံ နာမ၊ပေ၊ ဥဋ္ဌဟတီတိ၊ ဟူ၍။
(ဘဂဝတာ) ဝုတ္တံ၊
[(ယသ္မိံ၊ အကြင် သင်္ကန်းကို။)
ကရိယမာနေ၊ ချုပ်ဆိုးသမှု ပြုအပ်စဉ်။
အရုဏံ၊ အရုဏ်သည်။
ဥဋ္ဌဟတိ၊ တက်သွား၏။
(တံ၊ ထို သင်္ကန်းသည်။)
နိသဂ္ဂိယံ နာမ၊ ယ မည်၏။]
**အကပ္ပကတေနာ**တိ၊ ကား။
အနာဒိန္နကပ်ပဗိန္ဒုနာ၊ မယူအပ်သော ကပ္ပဗိန္ဒုရှိသော သင်္ကန်းဖြင့်။
(န ဟောတိ)။
[ပါဠိတော်၌ "အကပ္ပကတေန မပြုအပ်သော ကပ္ပဗိန္ဒုရှိသော သင်္ကန်းဖြင့်" ဟု ပေး။]
**အညတြ သင်္ဃာဋိယာ**တိ အာဒီသု၊ အစရှိသော ပါဠိရပ်တို့၌။
(အတ္ထောဧဝ ဝေဒိတဗ္ဗော။)
သင်္ဃာနိဥတ္တရာသင်္ဂအန္တရဝါသကေ၊ သင်္ကန်းကြီး, အပေါ်ခြုံ ဧကသီ, သင်းပိုင်တို့ကို။
ထပေတွာ၊ ထား၍။
အညေန၊ သင်္ကန်း သုံးထည်မှ တစ်ပါးသော။
ပစ္စတ္ထရဏာဒိနာ၊ အိပ်ရာခင်း အစရှိသော အဝတ်ဖြင့်။
(အာဒီဖြင့် မုခပုဉ္ဆနစသော ကျန်သင်္ကန်း ငါးထည်ကို ယူပါ။)
အတ္ထကံ၊ ခင်းအပ်သည်။
(သမာနံ)၊
အနတ္ထတံ၊ ခင်းအပ်သည် မမည်သည်။
ဟောတိ၊
ဣတိ (အတ္ထော)၊
အညတြ **ပဉ္စကေန ဝါ အတိရေကပဉ္စကေန ဝါ**တိ၊ ကား။
ပဉ္စ ခဏ္ဍာနိ ဝါ၊ ငါးခန်းတို့ကိုသော်လည်းကောင်း။
အတိရေကာနိ၊ ငါးခန်းထက် ပိုလွန်ကုန်သော။
ခဏ္ဍာနိ ဝါ၊ အခန်းတို့ကိုသော်လည်းကောင်း။
ကတွာ၊ ၍။
မဟာမဏ္ဍလအဍ္ဎမဏ္ဍလာနိ၊ ကြီးများသော အဝန်းအဝိုင်း, တစ်ဝက်ဖြစ်သော အဝန်းအဝိုင်းတို့ကို။
(အိမ်ဝန်းကြီး, အိမ်ဝန်းငယ်တို့ကို။)
ဒဿေတွာ၊ ပြပြီး၍။
ကတေနေဝ၊ ပြုအပ်သော သင်္ကန်းဖြင့်သာ။
ရတ္တိနိဿဂ္ဂိယေန။ ။ ချုပ်ဆိုးနေစဉ် မပြီးဘဲ အရုဏ်တက်အောင် တစ်ညဉ့်ကို လွန်သွားသော သင်္ကန်းကို ရတ္တိနိဿဂ္ဂိယေန" ဟု ဆိုသည်၊ ထို လွန်သွားသော သင်္ကန်းသည် နိဿဂ္ဂိယပါစိတ်အာပတ်၌ လာသော နိဿဂ္ဂိယသင်္ကန်းမျိုးကဲ့သို့ စွန့်အပ်သော သင်္ကန်းမဟုတ်၊ ထို့ကြောင့် "ရတ္တိနိဿဂ္ဂိယေနာတိ ရတ္တိအတိက္ကန္တေန (ညဉ့်ကို လွန်သွားသော သင်္ကန်းဖြင့်)" ဟု ဋီကာတို့ ဖွင့်ကြသည်။
(ကထိနံ အတ္ထရိတုံ) ဝဋ္ဋတိ၊
ဟိ၊ မှန်။
ဧဝံ၊ ဤသို့ ပြုအပ်သော်။
(စီဝရံ၊ သည်။
ဝါ၊ ကို။)
သမဏ္ဍလီကတံ၊ အိမ်ဝန်းကြီး, အိမ်ဝန်းငယ်နှင့်တကွ ပြုအပ်သည်မည်သည်။
ဟောတိ၊
တံ၊ ထို သင်္ကန်းကို။
ထပေတွာ၊ ထား၍။
အညေန၊ အခြားသော။
အစ္ဆိန္နကေန ဝါ၊ လုံးလုံး မဖြတ်အပ်သော သင်္ကန်းဖြင့်လည်းကောင်း။
ဒွတ္တိစတုခဏ္ဍေန ဝါ၊ နှစ်ခန်း, သုံးခန်း, လေးခန်း ရှိသော သင်္ကန်းဖြင့်လည်းကောင်း။
(ကထိနံ အတ္ထရိတုံ)။
န ဝဋ္ဋတိ၊
**အညတြ ပုဂ္ဂလဿ အတ္ထာရာ**တိ၊ ကား။
ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်တစ်ပါ'၏။
အတ္ထာရံ၊ ခင်းခြင်းကို။
ထပေတွာ၊ ၍။
အညေန၊ ပုဂ္ဂိုလ်တစ်ပါး၏ ခင်းခြင်းမှတစ်ပါးသော။
သံဃဿ ဝါ၊ သံဃာ၏သော်လည်းကောင်း။
ဂဏဿ ဝါ၊ ၏သော်လည်းကောင်း။
အတ္ထာရေန၊ ခင်းခြင်းအားဖြင့်။
(ကထိနံ) အတ္ထတံ န ဟောတိ၊
[ကထိန်ခင်းရာ၌ သံဃာက ပုဂ္ဂိုလ်တစ်ပါးအား ကထိန်ခင်းဖို့ရန် သင်္ကန်းပေး၍ ထို ပုဂ္ဂိုလ်တစ်ပါးကသာ ခင်းရသည်။
သံဃာ စသည်တို့ကား အနုမောဒနာပြုရုံသာ ပြုနိုင်သည်။]
**နိဿီမဋ္ဌော အနုမောဒတီ**တိ၊ ကား။
ဗဟိဥပစာရသီမာယ၊ ဥပစာရသိမ်၏ ပြင်ဘက်၌။
(ကျောင်းတိုက်၏ပြင်ဘက်၌။)
ဌိတော၊ တည်သော ရဟန်းသည်။
(စေ) အနုမောဒတိ၊ အကယ်၍ အနုမောဒနာ ပြုအံ့။
[ပါဠိတော်၌ပါသော "စေ" ကိုယူ၍ ပေးသည်။
န+သီမာ နိဿီမာ- ဥပစာရသိမ် မဟုတ်သော ကျောင်းတိုက်၏ အပြင်ဘက်အရပ်၊ နိဿီမာယံ+ဌိတော- နိဿီမဋ္ဌော။]
**အဟတေနာ**တိ၊ ကား။
အပရိဘုတ္တေန၊ မသုံးစွဲအပ်သော သင်္ကန်းဖြင့်။
("ကထိနံ အတ္ထတံ ဟောတိ" ၌ စပ်။)
**အဟတကပ္ပေနာ**တိ၊ ကား။
အဟတသဒိသေန၊ မထုရိုက် (မဖွပ်လျှော်အပ်) သေးသော အသစ်နှင့်တူသော။အစ္စိန္နကေန။ ။ ဤ စကားကို ထောက်၍ ကထိန်သင်္ကန်းသည် ဖြတ်၍ ချုပ်အပ်သော သင်္ကန်းဖြစ်ရမည်၊ မဖြတ်ဘဲ ချုပ်အပ်သောသင်္ကန်း မဖြစ်ရ၊ ဒွတ္တိစတုက္ခဏ္ဍသင်္ကန်းလည်း မဟုတ်ရ၊ အနည်းဆုံး ငါးခန်းရှိသော သင်္ကန်းဖြစ်ရမည်ဟု မှတ်ပါ၊ ကထိန်သင်္ကန်း မဟုတ်လျှင်ကား အစ္ဆိန္နက (ဖြတ်အပ်သော သင်္ကန်းမဟုတ်သော်လည်း ဝိကပ္ပနာပြု၍ ပရိက္ခာစောဠ အဓိဋ္ဌာန်တင်၍ ဝတ်ကောင်း၏။) သို့သော် တိစီဝရိတ် အဓိဋ္ဌာန်တင်၍ကား မဆောင်ကောင်းပါ။
အဟတေန။ ။ အနတ္ထတလက္ခဏာကို ဖွင့်ပြပြီး၍ အတ္ထတလက္ခဏာကို ဖွင့်ပြပြီး၍ အတ္ထတလက္ခဏာကို ဖွင့်ပြလိုသောကြောင့် "အဟတေနာတိ" စသည်ကို မိန့်သည်၊ တညီတ္ထ- ထိုရိုက် ဖွပ်လျှော်သောအားဖြင့် ညှင်းဆဲအပ်ပြီ၊ ဣတိ ဟတံ၊ န + ဟတံ အဟတံ- တစ်ကြိမ် တစ်ခါမျှ မဝတ်ရသေးသောကြောင့် မဖွပ်လျှော်အပ်သေးသော အဝတ်သစ်၊ ထို့ကြောင့် "အပရိဘုတ္တေန" ဟု အဓိပ္ပါယတ္ထ ဖွင့်သည်၊ [အဝတ်၌ ပါရိုးဖြစ်သော ကစည်ရည်စသော အစာကို မချေရသေးသောကြောင့် ဤ အသစ်စက်စက် အဝတ်ကို "အစာမချေအပ်သေးသော အဝတ်" ဟု လည်းကောင်း, သင်္ကန်းဆိုးပြီးသောအခါ တောင့်နေအောင် ခေါက်ထားအပ်သော သင်္ကန်းပေါ်၌ ဂျပ်ပြားကြီးဖြင့် ဖိထားရာမှ ချွတ်ယူအပ်ခါစ ဖြစ်သောကြောင့် "အသစ်ဂျပ်ချွတ်" ဟုလည်းကောင်း ခေါ်စမှတ် ပြုကြရသည်။] ဧကဝါရံ ဝါ၊ တစ်ကြိမ်သော်လည်းကောင်း။ ဒွိက္ခတ္တုံ ဝါ၊ နှစ်ကြိမ်သော်လည်းကောင်း။ ဓောတေန၊ ဖွပ်လျှော်အပ်ပြီးသော အဝတ်ဖြင့်။ (ဟောတိ။)

**ပီလောတိကာယာ**တိ၊ ကား။
ဟတဝတ္ထကသာဋကေန၊ ဖွပ်လျှော်အပ်ပြီးသော အဝတ်ဟောင်း ပုဆိုးဖြင့်။
(ဟောတိ)။
**ပံသုကူလေနာ**တိ၊ ကား။
တေဝီသတိယာ၊ နှစ်ဆယ့်သုံးပါးသော။
ခေတ္တေသု၊ ခေတ်တို့၌။
ဥပ္ပန္နပံသုကူလေန၊ ဖြစ်သော ပံသုကူသင်္ကန်းဖြင့်။
(ဟောတိ)။
["တေဝီသတိ" ၏ သရုပ်ကို ဝိသုဒ္ဓိမဂ်၌ ရှုပါ။]
ပံသုကူလိကဘိက္ခုနာ၊ ပံသုကူဓုတင်ဆောင်ရဟန်းသည်။
စောဠကဘိက္ခံ၊ အဝတ်ဆွမ်းကို။
(အဝတ်ရှာ လှည့်လည်ခြင်းကို။)
အာဟိဏ္ဍိတွာ၊ လှည့်လည်ပြီး၍။
လဒ္ဓစောဠကေဟိ၊ ရအပ်သော အဝတ်တို့ဖြင့်။
ကတစီဝရေန၊ ပြုအပ်သော သင်္ကန်းဖြင့်။
(ဟောတိ)။
ဣတိပိ၊ ဤသို့လည်း။
ကုရုန္ဒိမဟာပစ္စရီသု၊ တို့၌။
ဝုတ္တံ၊ ပြီ။ဒွိက္ခတ္တုံဝါ ဓောတေန။ ။ ကပ္ပသဒ္ဒါ၏ ကာလယုဂ စသော အနက်တို့တွင် သဒိသအနက်ဟု သိစေလို၍ "အဟတသဒိသေန" ဟု ဖွင့်သည်၊ ဝတ်၍ တစ်ကြိမ်နှစ်ကြိမ်သာ ဖွတ်လျှော်ရသေးသောကြောင့် အသစ်စက်စက်နှင့် မထူးခြားသေး၊ အသစ်ကဲ့သို့ပင်ဖြစ်သော အဝတ်- ဟူလို[ဤ၌ တစ်ကြိမ် နှစ်ကြိမ် ဖွပ်လျှော်အပ်သော အဝတ်ကို "အဟတကပ္ပ" ဟု ဆိုသဖြင့် လုံးလုံး မဖွပ်ရသေးသော အဝတ်ကို "အဟတ" ခေါ်ကြောင်း သိသာသည်။]
ပိလောတိကာယ"။ ။ အသစ်, အသစ်နှင့်အလားတူ အဝတ်နှစ်မျိုးကို ပြပြီးဖြစ်သောကြောင့် အဝတ်နွမ်း အဝတ်ဟောင်းကို "ပိလောတိက" ဟု ခေါ်သည်ဟု ပြလို၍ "ဟတဝတ္ထကသာဋကေန" ဟု ဖွင့်သည်၊ ဟတ- အစာ ချေအပ်ပြီးဖြစ်၍ ဟောင်းနွမ်းသော +ဝတ္ထ- အဝတ်၊ သာဋက- ဝတ်ပြီး ပုဆိုးနှင့် ကုလားမများဝတ်သော ထဘီ၊ ထို အဝတ်သည် ဟောင်းနွမ်းသော်လည်းအဟတ, အဟတကပ္ပတို့လောက် မသစ်, မလတ်ဆတ်ရုံသာ ဟောင်းနွမ်းသော အဝတ်ကား မဟုတ်ထိုက်ပါ၊ ထို့ကြောင့် ဝိမတိ၌ "ဟတဝတ္ထသာဋကောတိ အတိဇိဏ္ဏသာဋကော" ဟု ရှိရာဝယ် "နာတိဇိဏ္ဏသာဋကော" ဟု ရှိသင့်ပါသည်၊ ကထိန် သင်္ကန်းသည် ဟောင်းနွမ်းသော သင်္ကန်းရှိသူအား ပေးရမည့် အဝတ်ဖြစ်၏၊ ထို့ကြောင့် ကထိန်သင်္ကန်းကိုက ဟောင်းနွမ်းနေလျှင် အဘယ်မှာ ပေးထိုက်ပါတော့အံ့နည်း?။

**ပါပဏိကေနာ** တိ ပဒဿ၊ ဟူသော ပုဒ်၏။
အာပဏဒွါရေ၊ ဈေးတံခါးအနီး၌။
(ဈေးပေါက်၌။)
ပတိကပိလောတိကံ၊ ကျရစ်သော အဝတ်ကို။
ဂဟေတွာ၊ ယူ၍။
ကထိနတ္ထာယ၊ ကထိန်အကျိုးငှာ။
ဒေတိ၊ အံ့။
တေနာပိ၊ ထို အဝတ်ဖြင့်လည်း။
(ကထိနံ အတ္ထရိတုံ) ဝဋ္ဋတိ၊
ဣတိ အတ္ထော၊
သေသံ၊ ကြွင်းသော ပုဒ်အပေါင်းကို။
ဝုတ္တဝိပလ္လာသေနေဝ၊ ဆိုအပ်ပြီးသော အနက်၏ ပြောင်းပြန်အားဖြင့်။
ဝေဒိတဗ္ဗံ၊ ၏။
["အနိမိတ္တကတေန" စသော ပုဒ်အပေါင်း၏ အနက်ကို။
"နိမိတ္တကတေန" စသည်၌ ဖွင့်အပ်ပြီးသော အနက်၏ပြောင်းပြန်အားဖြင့် သိပါ-ဟူလို။]
ပန၊ ဆက်။
ဣမသ္မိံ ဌာနေ၊ ဤအရာ၌။
(ဤအတ္ထတ၏ လက္ခဏာကို ပြရာ၌။)
သဟ ကထိနဿ၊ပေ၊ ဇာယန္တီတိ အာဒိ၊ အစရှိသော။
ဗဟု၊ များစွာသော စကားကို။
အဋ္ဌကထာသု၊ ရှေးအဋ္ဌကထာတို့၌။
ဝုတ္တံ၊
တံ သဗ္ဗံ၊ ထို အလုံးစုံသော စကားသည်။
ပရိဝါရေ၊ ပရိဝါ၌။
ပါဠိအာရုဠှမေဝ၊ ပါဠိတော်သို့ တက်ရောက်ပြီးသည်သာ။
(ပါဠိတော်၌ သင်္ဂါယနာ တင်အပ်ပြီးသည်သာ။)
တသ္မာ၊ ကြောင့်။
တတ္ထ၊ ထိုပရိဝါပါဠိတော်၌။
အာဂတနယေနေဝ၊ လာသော နည်းဖြင့်သာ။
ဝေဒိတဗ္ဗံ၊
ဟိ၊ မှန်။
တစ်နည်း။
ဟိ (ယသ္မာ)၊ ကြောင့်။
ဣဓ၊ ဤ ကထိနက္ခန္ဓက၌။
အဝုစ္စမာနေန၊ တိုက်ရိုက် မဆိုအပ်သော။
တေန၊ ထို ပရိဝါစကားကြောင့်။
ကထိနတ္ထာရကဿ၊ ကထိန်ခင်းသော ရဟန်း၏။
ကိဉ္စိ၊ တစ်စုံတစ်ခုသောသိဖွယ် အကျိုးသည်။
န ပရိဟာယတိ၊ မဆုတ်ယုတ်။
(တသ္မာ တတ္ထ အာဂတနယေနေဝ ဝေဒိတဗ္ဗံ။)
ပါပဏိကေန။ ။ အာပဏဖြင့် အာပဏဒွါရကို သမီပူပစာရအားဖြင့် ယူစေလို၍ "အာပဏဒွါရေ" ဟုလည်းကောင်း, ပ၏ ပတိတ အနက်ကို ယူစေလို၍ "ပတိတပိလောတိကံ" ဟုလည်းကောင်း ဖွင့်သည်၊ "အာပဏေ+ပကတိ ပါပဏံ၊ ပါပဏံယေဝ+ပါပဏိကံ" ဟု ပြု၊ [ယောဇာနာ၌ကား "ပသာရိတော+အာပဏော ပါပဏော၊ တသ္မိံ+ပတိတံ ပါပဏီကံ" ဟုပြုလေသည်။]
ဧဝံ၊ ဤသို့လျှင်။
ကထိနတ္ထာရံ၊ ကထိန်ခင်းပုံကို။
ဒဿေတွာ၊ ပြတော်မူပြီး၍။
ဣဒါနိ၊ ၌။
ဥဗ္ဘာရံ၊ ကထိန် ရုပ်သိမ်းပုံကို။
ဒဿေတုံ၊ ငှာ။
**ကထဉ္စ ၊ ပေ၊ ကထိနန္တိ** အာဒိံ၊ အစရှိသော စကားကို။
(ဘဂဝါ)၊
အာဟ၊ ပြီ။
တတ္ထ၊ ထို ကထဉ္စ ဘိက္ခဝေ အစရှိသော စကားရပ်၌။
**မာတိကာ**တိ၊ ကား။
မာတရော၊ အမိနှင့်တူသော အကျဉ်းခေါင်းစဉ်တို့သည်။
ဇနေတ္တိယော၊ သားသမီးကို ဖြစ်စေတတ်သော အမိရင်းနှင့်တူသော အကျဉ်းခေါင်းစဉ်တို့သည်။
(ဣမာ အဋ္ဌ၌စပ်။)
ဣတိ အတ္ထော၊
ဟိ၊ မှန်။
ကထိနုဗ္ဘာရံ၊ ကထိန် ရုပ်သိမ်းမှုကို။
ဧတာ အဋ္ဌ၊ ဤရှစ်ပါးသော မာတိကာတို့သည်။
ဇနေတ္တိယော၊ ဖြစ်စေတတ်ကုန်၏။
တာသု၊ ထို မာတိကာတို့တွင်။
အဿာ၊ ထို မာတိကာ၏။
ပက္ကမနံ၊ ဖဲသွားခြင်းဟူသော။
(ဥပစာရသိမ်၏ ပြင်ပသို့ ဖဲသွားခြင်းဟူသော)။
အန္တော၊ အဆုံးသည်။
(အတ္ထိ)။
ဣတိ၊ ကြောင့်။
(သာ၊ ထို မာတိကာသည်။)
**ပက္ကမနန္တိကာ**၊ ကာ မည်၏။
ဧဝံ၊ ဤအတူ။
သေသာပိ၊ ကြွင်းသော မာတိကာ တို့ကိုလည်း။
ဝေဒိတဗ္ဗာ၊ ကုန်၏။
["နိဋ္ဌာနံ+အန္တော အဿာတိ နိဋ္ဌာနန္တိကာ" စသည်ဖြင့် သိပါ- ဟူလို။]ဥဗ္ဘာရ။ ။ ဥ-အထက်သို့ + ဘရ-ဆောင်ခြင်း၊ ကထိန်ခင်းသောအခါ ကျောင်းတိုက်၌ "ကထိန်" ဟု ခေါ်ဝေါ်အပ်သော ပညတ်တစ်မျိုးကို ဖြန့်ခင်းထားသကဲ့သို့ ဖြစ်၏၊ ထို ဖြန့်ခင်းထားခြင်းမှ ရုပ်သိမ်းမှုကို "ဥဗ္ဘာရ" ဟု ခေါ်၏၊ ထို့ကြောင့် "ကထိနုဗ္ဘာရ(ကထိနုဒ္ဓါရ)- ကထိန် ရုပ်သိမ်းခြင်း" ဟု အဓိပ္ပာယ်မှတ်ပါ၊ ရှေးဆရာတို့ကား "ကထိနုဗ္ဘာရ(ကထိနုဒ္ဓါရ)- ကထိန်နုဗ်(နုတ်) ခြင်း " ဟု သုံးစွဲကြ၏။
မာတိကာ။ ။ "မာတရော ဝိယာတိ မာတိကာ" ဟု ပြု၊ မာတုနောင် ဣဝအနက်၌ ကပစ္စည်း သက်၊ ဥကို ဣပြု၊ ထို့ကြောင့် "မာတရော၊ပေ၊ အတ္ထော" ဟု ဖွင့်သည်၊ [မာတာ ဝိယာတိ မာတိကာ၊ ဣဝတ္ထေ ကပစ္စယော ဒဋ္ဌဗ္ဗော၊ တေန သိဒ္ဓမတ္ထံ ဒဿေန္တော အာဟ မာတိကာတိ မာတရောတိ အာဒိ၊] "ဇနေတ္တိယော" ၌ ဇနဓာတ်+ကာရီတ် ဏေ+တိ ပစ္စည်း၊ ဇနေန္တီတိ ဇနေတ္တိယော ဟု ပြု။
ပက္ကမနန္တိကာ။ ။ "ပက္ကမန" ဟူသည် ကထိန်ခင်းရာ ကျောင်းတိုက်၏ ဥပစာဖြစ်သော သိမ်(အပိုင်းအခြား) မှ ဖဲသွားခြင်းတည်း၊ အဋ္ဌကထာအတိုင်း ဝိဂ္ဂဟပြု၊ "ပက္ကမနန္တ" ဟု သမာသ် ပြီးပြီဟု သွတ္ထ၌ ဣကပစ္စည်း သက်၊ [သမာသန္တ ကပစ္စည်း မသက်သင့်၊ "ပက္ကမနန္တိကော" ဟု ပုလ္လိင်လည်း (ကထိနုဗ္ဘာရောကို ငဲ့၍) ရှိနိုင်သည်။]
ဆက်ဦးအံ့။ ။ ကထိန်အာနိသင် ငါးပါးကို မပျက်ပြယ်အောင် တားဆီးနိုင်သော ပညတ်တစ်မျိုးကို "ပလိဗောဓ" ဟု ခေါ်၏၊ ပလိဗုန္ဓတိ- တားမြစ်တတ်၏၊ ဣတိ ပလိဗောဓော၊ ထို ပလိဗောဓသည် စီဝရပလိဗောဓ, အာဝါသပလိဗောဓဟု နှစ်မျိုးရှိ၏၊ ကထိန်မှ အခြွေအရံ အာနိသင် အဖြစ်ဖြင့် ရအပ်သော အဝတ်သည် သင်္ကန်းချုပ်၍ မပြီးသေးသမျှ ထို အာနိသင်တို့ကို တားဆီးနိုင်သောကြောင့် ဇီဝရပလိဗောဓ" မည်၏၊ ချုပ်၍ ပြီးသောအခါ ဖြစ်စေ, ပျောက်ပျက်သွားသောအခါ ဖြစ်စေ, လာလတ္တံ့သော အခြားနည်းဖြင့် ကိစ္စ ပြီးသောအခါ ဖြစ်စေ စီဝရပလိဗောဓ ပျက်၏၊ သို့သော် ဤ ကျောင်းတိုက်၌ နေမြဲ နေသေးလျှင်ကား အာဝါသပလိဗောဓက တားဆီးထားသောကြောင့် အာနိသင် ငါးပါး ရသေး၏၊ ဤကျောင်းတိုက်၌ "မနေတော့အံ့" ဟု ကြံ၍ ရွှေ့ပြောင်း ဖဲသွားသောအခါ ထို အာဝါသပလိဗောဓလည်း ပြယ်၏၊ ကထိန် အာနိသင်လည်း တပေါင်းလပြည့် မရောက်စေကာမူ ပျက်ပြယ်လေတော့၏။
ပက္ကမနံ ၊ ပေ၊ န္တိကာ။ ။ "ပက္ကမနံ+အန္တော အဿာ" ဟူသော ဤဝိဂြိုဟ်အရ မာတိကာကို အရကောက်ရ၏၊ သို့သော် "ဖဲသွားခြင်း အဆုံးရှိသော မာတိကာ" ဟု မရှိ၊ ဖဲသွားခြင်း အဆုံးရှိသော ကထိန်နုတ်ခြင်းသာ ရှိ၏၊ ထို့ကြောင့် မာတိကာကို အရကောက်ရာ၌ ကထိန်နုတ်ခြင်း၏ ပက္ကမနန္တိက အမည်ကို မာတိကာ၌ တင်စားသော အဘေဒေါပစာရ စကားဟု ဝိမတိ ဆိုသည်၊ ["အဘေဒေါပစာရ" ဟူသည် အကျိုးဖြစ်သော ကထိန်နုတ်ခြင်း၏ အကျယ်ကို အကြောင်းမာတိကာ အကျဉ်း၌ တင်စားသော ဖလူပစာတည်း၊ ထိုပက္ကမနန္တိက ကထိန်နုတ်ပုံကိုပြသော "ပက္ကမနန္တိကာ" ဟူသော ပါဠိကိုကား ကာရဏူပစာရ (အကြောင်း အနက်၏ အမည်ကို အကျိုးသဒ္ဒါ၌ တင်စားသော) အားဖြင့် "ပက္ကမနန္တိကာ" ဟု ခေါ်ရသည်။]
ဝိမတိ။ ။ ပက္ကမနန္တိကော ကထိနုဗ္ဘာရော ဧဝ ဟိ သယံ အတ္တနော ဥပ္ပဇ္ဇတီတိ (မိမိဟူသော ကထိန်နုတ်ခြင်း, ကိုယ်တိုင် ဖဲသွားခြင်း အဆုံး၌ ဖြစ်၏၊ ထို့ကြောင့်) ဧဝမဘေဒေါပစာရေန မာတိကာတိ ဝုတ္တော၊ ဥဗ္ဘာရဿေဝ ပက္ကမနန္တေ သမုပတ္တိတော၊ တဗ္ဗိနိမုတ္တာယ စ မာတိကာယ အဘာဝါ တပ္ပကာသိကာပိ စေတ္ထ ပါဠိ မာတိကာတိ ဝတ္ထုံ ယုဇ္ဇတိ၊ သာပိ ဟိ ပက္ကမနန္တိ ကုဗ္ဘာရပ္ပကာသနေန ပက္ကမန္တိကာတိ ဝုတ္တာ၊ ဧသေဝ နယော သေသုဗ္ဘာရေသုပိ။