ဝါ၊ တနည်း။ ကေသဝဍ္ဎနာဒီသုဝိယ၊ ဆံဖြတ်ခြင်း အစရှိသည်တို့၌ ကဲ့သို့။ ဝဍ္ဎသဒ္ဒေါ၊ ဝဍ္ဎနသဒ္ဒါသည်။ ဆေဒနတ္ထော၊ ဖြတ်ခြင်းအနက်ရှိ၏။ ဣတိ၊ ထို့ကြောင့်။ ပုဗ္ဗေ၊ ရှေး၌။ ဂဟိတဿ၊ ယူအပ်ပြီးသော ဒုက်, တိက်ကို။ အဂ္ဂဟဏံ၊ မယူခြင်းဟူသော။ ဆိန္ဒနံ၊ ဖြတ်တောက်ထားခြင်းသည်။ ဝဍ္ဎနံ၊ ဝဍ္ဎန မည်၏။
ဒုကတိကာနံ၊ ဒုက်, တိက် ဟူကုန်သော။ ဥဘယေသံ၊ ၂ ဘက်လုံးတို့ကို။ ဝဍ္ဎနံ၊ တိုးပွါးစေခြင်းသည်။ ဥဘယဝဍ္ဎနံ၊ ဥဘယဝဍ္ဎန မည်၏။ ဝါ၊ တနည်း။ ဥဘယတော၊ ဒုက်, တိက် ဟူသော ၂ ဘက်အားဖြင့်။ ပဝတ္တံ၊ ဖြစ်သော။ ဝဍ္ဎနံ၊ တိုးပွါးစေခြင်းသည်။ ဝဍ္ဎနသဒ္ဓေါ ဆေဒနတ္ထော။ ။ဝစုနသဒ္ဒါ၏ ဆေဒနအနက်သည် ရိုးရာ မဟုတ်ပါ၊ ဤသို့ ရိုးရာမဟုတ်ဘဲ ဆိုသောကြောင့် “အနုဋီကာ၌ ဝဍ္ဎနသဒ္ဓေါ ဆေဒနဗ္ဗောတိ ဣဒံ၊ ဟူသော ဤစကားကို။ အသိဝါ၊ မင်္ဂလာရှိသော အမျိုးသ္မီးမဟုတ်သူကို။ သိဝါတိ၊ မင်္ဂ- လာရှိသောအမျိုးသ္မီးဟူ၍။ ဝုစ္စတိ ယထာ၊ ဆိုအပ်သကဲ့သို့၎င်း။ ဒိဋ္ဌာ၊ မြင်အပ်သော အာရုံကိုလည်း။ အဒိဋ္ဌန္တိ၊ မမြင်အပ်ဟူ၍။ ဝုစ္စတိ ယထာ၊ ဆိုအပ်သကဲ့သို့၎င်း။ ဧဝံ ဒဋ္ဌဗွီ” ဟု ဥပမာပြလေသည်။ ထို့အတူ ဤနေရာ၌လည်း “ ဆေဒနတ္ထ မဟုတ်ဘဲလျက် ဆေဒ- နတ္ထ ိဟု ဆိုထားသည်ဟု ဖွင့်သည်။ ဆိုလိုရင်းကား - “ဒုဝိဓေန အခဏ်း၌ သဟေတုက ဒုက်ကို ယူပြီးလျှင် တိဝိဓေနအခဏ်း၌ ကုသလတိက်ကို ယူ၏၊ ဤသို့ ယူအပ်ပြီးသော ဒုက်ကို၎င်း, တိက်ကို၎င်း နောက်ဝါရ၌ ထပ်၍ မယူဘဲ ဖြတ်လိုက်ခြင်းကို “ ဝဍ္ဎန”ဟု ခေါ်သည်...ဟူလို။ ဥဘယဝဍ္ဎနံ၊ ဥဘယဝဍ္ဎ နမည်၏။ တဒေဝ၊ ထို ကဘယ ဝဍ္ဎန သည်ပင်။ ဥဘတောဝဍ္ဎနကံ၊ ဥဘတော ဝဍ္ဎန ကမည်၏။ တေန၊ ထို ဥဘတော ဝဍ္ဎနကအားဖြင့်။ နယနီဟရဏံ၊ နည်းကိုထုတ်ဆောင်ခြင်းသည်။ ဥဘတော ဝဍ္ဎနကနီဟာရော၊ ဥဘတော ဝဍ္ဎနကနီဟာရ မည်၏။
အညေ၊ ဒုဝိဓဘေဒ, တိဝိဓဘေဒမှ တပါးကုန်သော။
ဘေဒါ၊ ဧကဝိခ, စတုဗ္ဗိဓ စသော အပြားတို့သည်။
အဝိသိဋ္ဌာ၊ မထူးကုန်။
(ပါဠိတော်ကို ကြည့်ပါ)။ဥဘတော ဝဍ္ဎနကံ။ ... ။သဗ္ဗနာမ်ပုဒ်တို့ကို ပြရာ၌ “ဥ, ဥဘယ”ဟု ၂-ပုဒ်ရှိ၏၊ ထို ကြောင့် ဥဘကို “ဥဘယ”ဟု ပရိယာယ်ပုဒ်ဖြင့် အနက်ဖွင့်သည်။တော-ပစ္စည်းကို ဆဋ္ဌိအနက် ကြံ၍ “ဥဘယေသံ + ဝဍ္ဎနံ”ဟု ဆဋ္ဌိသမာသ်ကို၎င်း, “ဥဘယတော+ပဝတ္တံ+ဝဍ္ဎနံ”ဟု မဇ္ဈေလောပီသမာသ်ကို၎င်း ဖွင့်ပြသည်။ ထို ့နောက် သတ္ထ၌ က-ပစ္စည်းဟု သိစေလို၍ “တဒေဝ ဥဘတော ခုနကံ”ဟု ဖွင့်သည်။
ဝဍ္ဎ နကနိဟာရော။ ။ ဥဘတောဝဍ္ဎနကေန + နယနီဟာရော ဥဘတောဝခုနက- နီဟာရော”ဟု ပြုစေလို၍ “တေန နယနီဟရဏံ”ဟု ပဌမဖွင့်၏။ ဤအလို နယပုဒ်အကြေ ကြံပါ။ နယနှင့် နီဟာရသည် အနက်တူဟု သိစေလို၍ “ နကနယော ဝါ ဝခုနက- နီဟာရော”ဟု ဒုတိယဖွင့်သည်။ ဆက်ဦးအံ့ နယ၌ နီ-ဓာတ်ကို သိခြင်းအနက်ဟောဟု ယူကြသော်လည်း ဓာတ်ကျမ်း၌ “ ဆောင်ခြင်း” အနက်သာ လာ၏။ နီဟာရသဒ္ဒသာ နယပရိယာယဘာဝံ ဒဿေတုံ ဝခုနကနယော ဝါတိအာဒိ ဝုတ္တံ။’မဓု။
ဆောင်နှင့် သိ။ ။ဒုကင်္ဂုတ္တိုရ် ၁၂ံ, အဓိကရဏဝဂ်, ၂၀-သုတ် အဋ္ဌကထာ၌ လည်း ဒုန္နယာကို “ဒုန္နီဟာရာ”ဟု ဖွင့်၏၊ ထို ့ကြောင့် “နီယတေ၊ ဆောင်ယူအပ်၏ ဟု၎င်း, “နယော၊ (အနက်အဓိပ္ပါယ်ကို) ဆောင်ယူကြောင်းနည်း”ဟု၎င်း နေရာတိုင်း၌ ပြင်၍ အနက်ပေးပါ၊ “အနက်ကို စိတ်ဖြင့် ဆောင်ယူ”ဟူသည် သိခြင်းပင်တည်း၊ ထို ့ ကြောင့် “ သိ ” ဟူသော အနက်ကို “အဓိပ္ပါယတ္ထ”ဟု မှတ်ပါ။ [ဧကဝိဓ စတုဗ္ဗိဓ အစရှိသည်တို့၌ မထူးလျှင် အဘယ်အကျိုးငှာ ထပ်၍ ဟောတော်မူအပ်ကုန်သနည်းဟု မေးဘွယ်ရှိသောကြောင့် "တထာပိ" စသည်ကို မိန့်သည်။]
တထာပိ၊ ထိုသို့ မထူးပါကုန်သော်လည်း.
ပညာပ္ပဘေဒဇနနတ္ထံ၊ အသိပညာ အထူးအပြားကို ဖြစ်စေခြင်း အကျိုးငှာ၎င်း။
(ဤပါဠိတော်ကို လေ့လာသောပုဂ္ဂိုလ်တို့အတွက် ဧကဝိဓ စသည်တို့ကို သိရသော ပညာအထူးအပြားကို ဖြစ်စေခြင်းအကျိုးငှာ၎င်း)။
ဓမ္မဝိတက္ကေန၊ ဤတရားတို့ကို စဉ်းစားကြံစည်ကြောင်းဖြစ်သော ဝိတက်ဖြင့်။
ဉာတိဝိတက္ကာဒိနိရတ္ထကဝိတက္ကနိဝါရဏတ္ထံ စ၊ ဆွေမျိုးတို့၏ အကြောင်းအရာကို စဉ်းစားကြံစည်ခြင်း စသော အကျိုးမဲ့ ဝိတက်တို့ကို တားမြစ်ခြင်း အကျိုးငှာ၎။
ဣမံ ပါဠိံ၊ ဤ အဘိဓမ္မ ဘာဇနီယပါဠိတော်ကို။
ဝိတက္ကေန္တဿ၊ စဉ်းစားကြံစည်နေသော ပုဂ္ဂိုလ်၏။
ဓမ္မူပသံဟိတပါမောဇ္ဇဇနနတ္ထံ၊ တရားနှင့်စပ်ယှဉ်သော နှစ်သက်ဝမ်းမြောက်ခြင်းကို ဖြစ်စေခြင်းအကျိုးငှာ၎။
ဂဟိတဿ၊ ယူအပ်သော။
ဧကေကဿ ဝါရဿ၊ တပါးတပါးသော ဝါရ၏။
နိယျာနမုခဘာဝတော စ၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်း၏ အဖြစ်ကြောင့်၎။
ဒုဝိဓတိဝိဓဘေဒနာနတ္တဝသေန၊ ဒုဝိဓဘေဒ, တိဝိဓဘေတို့၏ ထူးကုနသ်ည်၏ အဖြစ်၏ အစွမ်းဖြင့်။
ဣတရေပိ၊ ဒုဝိဓဘေဒ, တိဝိဓဘေဒတို့မှ အခြားလည်း ဖြစ်ကုန်သော။
ဘေဒါ၊ ဧကဝိဓ စတုဗ္ဗိဓ စသော အပြားတို့ကို။
ဝုတ္တာ၊ ဟောတော်မူအပ်ကုန်ပြီ။
ဣတိ၊ သို့။
ဝေဒိတဗ္ဗာ၊ ကုန်၏။
(ကသ္မာ၊ ကြောင့်။
ဣတိ, ဝေဒိတဗ္ဗာ၊ ကုန်သနည်း)။
အညမညာပေက္ခေသု၊ အချင်းချင်းငဲ့ခြင်းရှိကုန်သော ဘေဒတို့တွင်။
ဧက၊ တပါးသော ဘေဒ၏။
ဝိသေသေန၊ ထူးသည်၏ အဖြစ်ကြောင့်။
ဣတရေသမ္ပိ၊ အခြားသော ဘေဒတို့၏ လည်း။
ဝိသိဋ္ဌဘာဝတော၊ ထူးကုန်သည်၏ အဖြစ်ကြောင့်တည်း။ဓမ္မဝိတက္ကေန။ ။များစွာသော စာသင် စာချ ပုဂ္ဂိုလ်တို့သည် မိမိချဘို့ရန် (ရေး ဘို့ရန်) သို့မဟုတ် သင်ယူဘို့ရန် ပါဠိတော် အဋ္ဌကထာ ဋီကာတရားတို့၏ အနက်အဓိပ္ပါယ် ကို စဉ်းစားကြံစည်ကြရကုန်၏၊ ထိုစဉ်းစားကြံစည်ခြင်းကို ဓမ္မဝိတက်ဟု ဆို၏၊ ( အလဂ္ဂဉ္ဇူ- ပမာ စာချ စာသင်နည်း မဟုတ်လျှင်) ပရိယတ္တိဓမ္မာနုဿတိဘာဝနာလည်း ဖြစ်နေ၏၊ ထိုဝိတက်ဖြစ်နေခိုက်၌ ဉာတိဝိတက် ကာမဝိတက် ဗျာပါဒဝိတက် ဝိဟိ ံသာ ဝိတက်များ လည်း မဖြစ်နိုင်တော့။
ဓမ္မူပသံဟိတ။ပေ ။ဇနနတ္ထံ။ ။မိမိကြံစည်၍ အနက်အဓိပ္ပါယ်ကို . သိသောအခါ အလွန်နှစ်သက်မှု ပီတိပါမောဇ္ဇလည်း ဖြစ်ရ၏၊ တရံတခါ ထို ပီတိမှဆက်၍ ကိလေသာ အဖြစ် နည်းပါးကား တရားထူးပေါက်သလိုပင် အထင်ကြီးတတ်ပေသည်၊ ထို ကဲ့သို့ လေးလေးနက်နက် စဉ်းစားကြံစည်လေ့ရှိသော ပုဂ္ဂိုလ်များဝယ် သာသနာ့အရေးအရာ လောကအရေးအရာ၌ သူတပါးနှင့် မတူသော အကြံကောင်း ဉာဏ်ကောင်း အတွေး အခေါ်ကောင်းများလည်း ပေါ်နေတတ်ပါသည်၊ ထို အခြေအနေ ရောက်သောအခါ အများကြောက်နေသော ကာယိကဒုက္ခများကိုလည်း ထီမထင်တော့ အများတောင့်တ သာယာနေသော လာဘသက္ကာရ ရမှ သုခကိုလည်း မတောင့်, မသာယာတော့၊ ကာမသုခကိုပင် ရှောင်နိုင် ချုပ်တည်းနိုင်ပါတောသည်။
ဥပနိဿယကောဋိယာတိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော)၊ သဒ္ဓံ၊ သဒ္ဓါကို။ ဥပနိဿာယ၊ မှီ၍။ ဒါနံ၊ အလှူကို။ ဒေတိ၊ ပေးလှူ၏။ ဣတိ အာဒိနာ၊ ဤသို့ အစရှိသော ပါဠိရပ်ဖြင့်။ နာနာဝီထိယံ၊ အမျိုးမျိုသော ဝီထိ၌။ ပကတူပနိဿယော၊ ပကတူပနိဿယကို။ (ဘဂဝတာ) ဝုတ္တော၊ ပြီ။ [ကုသလတ္တိက, ပဉှာဝါရ, ပစ္စယာနုလောမ, ဝိဘင်္ဂဝါရ, ပကတူပနိဿယ။] ဣတိ၊ ကြောင့်။ ဧကဝီထိယံ၊ တခုသော ဝီထိ၌။ ကုသလာဒီနံ၊ ကုသိုလ် အစရှိသော တရားတို့၏။ စက္ခုသမ္ဖဿာဒယော၊ စက္ခုသမ္ဖဿ အစရှိသော ဒွါရတို့သည်။ (ဥပနိဿယလေသေန ပစ္စယော ၌စပ်)။ တဒဘာဝေ၊ ထို စက္ခုသမ္ဖဿ အစရှိသည်တို့၏ မရှိခြင်းသည်။ (သတိ၊ သော်)။ အဘာဝတော၊ ကုသိုလ် အစရှိသည်တို့၏ မဖြစ်နိုင်ခြင်းကြောင့်။ ဇာတိ၊ ဇာတိသည်။ ဇရာမရဏဿ၊ ဇရာမရဏအား။ ဥပနိဿယလေသေန၊ အနည်းငယ်သော ဥပနိဿယဖြင့်။ ပစ္စယော ဝိယ၊ ကျေးဇူးပြုသကဲ့သို့။ (တထာ၊ တူ)။ ဥပနိဿယလေသေန၊ ဖြင့်။ ပစ္စယော၊ သည်။ (ဟောတိ၊ ၏)။ ဣတိ၊ ဤသို့။ ဝတ္တုံ၊ ဆိုခြင်းငှာ။ ယုဇ္ဇေယျ၊ သင့်ရာပါ၏။
ပန၊ ထိုသို့ ပင် သင့်ရာပါသော်လည်း။ ဣဓ၊ ဤ ဥပနိဿယကောဋိကို ဖွင့်ပြရာအဋ္ဌကထာ၌။ [ဣဓာတိ ဥပနိဿယကောဋိဝိဝရဏေ။ မဓု။] ကသိဏရူပဒဿနဟေတု၊ ကသိုဏ်းရုပ်ကို မြင်ရခြင်းဟူသော အကြောင်းကြောင့်။ ဥပ္ပန္နာ၊ ဖြစ်သော။ ပရိကမ္မာဒိဝေဒနာ၊ ပရိကမ် အစရှိသော ဝေဒနာသည်။ စက္ခုသမ္ဖဿပစ္စယာ၊ ကြောင့်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဣတိ၊ သို့။ ဝက္ခတိ၊ ဆိုလတ္တံ့။ [အဋ္ဌကထာကို ကြည့်ပါ။] တသ္မာ၊ ကြောင့်။ နာနာဝီထိယံ၊ အမျိုးမျိုးသော ဝီထိ၌။ [ကသိုဏ်း ရုပ်ကို မြင်ရာ ဝီထိက တမျိုး, ပရိကမ်ပြုသော ဝီထိက တမျိုး ဤသို့ စသည်ဖြင့် နာနာဝီထိ၌။] ဂတာနိ၊ ဖြစ်ကုန်သော။ ဧတာနိ စိတ္တာနိ၊ ဤ ပရိကမ်စသော စိတ်တို့ကို။ စက္ခုသမ္ဖဿပစ္စယာ၊ ကြောင့်။ လဗ္ဘမာနာနိ၊ ရအပ်ကုန်၏။ ဣတိ၊ ကြောင့်။ ဥပနိဿယ လေသော၊ အနည်းငယ်သော ဥပနိဿယသည်။ ဥပနိဿယကောဋိ၊ သည်။ န၊ မဟုတ်။
အာဒိအဝယဝ။ ။ဤအစဉ်၌ ပရိကမ္မဘာဝနာစသည်တို့သည် ကုသိုလ်ဝေဒနာနှင့် ကြိယာဝေဒနာတို့ဖြစ်ဘို့ရန် အားကြီးသော အကြောင်းများ ဖြစ်ကြ၏၊ ထို ့ကြောင့် ဗလာဗလဝါန”ဟု ဆိုသည်။ ကသိုဏ်းဝန်းကို စ၍ပြင်ခြင်းကား ဥပနိဿယ၏ အစ သာတည်း။ ထို ့ကြောင့် ကောဋိကို – အာဒိ”ဟု ဖွင့်သည်။ တနည်း– ဥပနိဿယ အများတွင် တစိတ်တပိုင်းဖြစ်သော ဥပနိဿယတည်း၊ ထို ့ကြောင့် ကောဋိကို "အဝ- ယဝေါ ”ဟု တနည်းဖွင့်ပြန်သည်။