ဟိ၊ ချဲ့ဦးအံ့။
အာဒီနဉှိ။ ။ "တဿတ္ထံ ဒီပယိဿာမိ" ဟူသော ပဋိညာဉ်အား လျော်စွာ ပဋိညာတပကရဏကို ပြလိုသောကြောင့် "သင်္ဂဟော (ပေ)အာဒီ နဉှိ" စသော ပါဌ်ကို မိန့်။ "တဿတ္ထံ" ဟူသော သင်္ခေပစကားအရ ထိုအတ္ထကိုအကျယ်ပြသော ဓာတုကထာအဋ္ဌကထာ တကျမ်းလုံးကို "ဝိတ္ထာရ ဝါကျ" ဟု မှတ်ပါ။ အခြားကျမ်းတို့၌ "အတ္ထ" စသည်ဖြင့် တက်လာသော ဝါကျမျိုးပင်တည်း။ [တတ္ထ ကေနဋ္ဌေန အဘိဓမ္မော။ အဋ္ဌသာလိနီ။ တတ္ထ ဝုတ္တာဘိဓမ္မတ္ထာ။ အဘိဓမ္မတ္ထသင်္ဂဟ- စသည်တည်း။]
(တနည်း) ဟိ၊ "ဒီပယိဿာမိ" ဟူသော ပဋိညာဉ်မှ တစ်ပါး ပဋိညာတ ပကရဏကို ဆိုဦးအံ့။
သင်္ဂဟောအသင်္ဂဟောတိအာဒီနံ၊ သင်္ဂဟော အသင်္ဂဟော အစရှိသော ပုဒ်တို့၏။
ဝသနေ၊ အပြားအားဖြင့်။
ဣဒံ ပကရဏံ၊ ဤ ဓာတုကထာကျမ်းကို။
စုဒ္ဒသဝိဓေန၊ တစ်ဆယ့်လေးပါး အပြားအားဖြင့်။
စုဒ္ဒသ (ပေ) ဝုတ္တံ။ ။ အဋ္ဌသာလီနီ ပကရဏ ပရိစ္ဆေဒ အခဏ်း၌ တဒနန္တရံ ဓာတုကထာပကရဏံ တံ နာမ၊ သင်္ဂဟော အသင်္ဂဟော (ပ) ဝိပ္ပယုတ္တေန သင်္ဂဟိတံ အသင်္ဂဟိတန္တိ စုဒ္ဒသဝိဓေန ဝိဘတ္တံ" ဟု ဆိုခဲ့သည်ကို ရည်ရွယ်၍ "စုဒ္ဒသဝိဓေန ဝိဘတ္တန္တိ ဝုတ္တံ" ဟု ဆိုသည်။ "ထို၌ ဆိုခဲ့ပြီး ဖြစ်သော ကြောင့် ဤ၌ ထပ်၍ ဆိုဖွယ်မလိုပါ" ဟူလို။ ["စုဒ္ဒသဝိဓ" အရ "သင်္ဂဟော အသင်္ဂဟော" ဟူသော ၂ ပုဒ်တွဲကို "တပဒ( တဖို့ တစု)" ဟု ယူ၍ "သင်္ဂဟိတေန သမ္ပယုတ္တံဝိပ္ပယုတ္တံ" စသည်ဖြင့် လာရာ၌ကား ၃ ပုဒ် တွဲကိုမှ "တပဒ" ဟု ယူပါ။]
ဝိဘတ္တံ၊ ဝေဖန်အပ်ပြီ။
ဣတိ၊ သို့။
ဝုတ္တံ၊ အဋ္ဌသာလိနီ၌ ဆိုအပ်ပြီ။
(ဆိုခဲ့ပြီ)။
တံ သဗ္ဗမ္ပိ၊ ထို အလုံးစုံသော ဓာတုကထာကျမ်းသည်လည်း။
ဥဒ္ဒေသနိဒ္ဒေသတော၊ ဥဒ္ဒေသနိဒ္ဒေသအားဖြင့်။
ဒွိဓာ၊ ၂ ပါးအပြားအားဖြင့်။
ဌိတံ၊ တည်၏။
တတ္ထ၊ ထို ဥဒ္ဒေသ နိဒ္ဒေသ ၂ ပါးတို့တွင်။
မာတိကာ၊ မာတိကာသည်။
ဥဒ္ဒေသော၊ ဥဒ္ဒေသ မည်၏။
ဝါ၊ အကျဉ်းပြအပ်သော စကားရပ်မည်၏။
သာ၊ ထိုမာတိကာသည်။
န ယမာတိကာ၊ နယမာတိကာလည်းကောင်း။နယမာတိကာ။ ။ နယ- ပ နီ- ဓာတ်သည် ပါပန (ရောက်စေခြင်း- ရောက်အောင် ဆောင်ခြင်း) အနက်ကို ဟော၏၊ ထို့ကြောင် ဆောင်ခြင်းအနက်ကို နယ သဒ္ဒါ၏ မူလအနက် (သဒ္ဒတ္ထ) ဟု မှတ်ပါ။ ထိုဆောင်ယူခြင်းသည် ဤနေရာ၌ ဖြစ်စေခြင်း (ဖြစ်အောင် ဆောင်ခြင်း) သိစေခြင်း( သိအောင် ဆောင်ခြင်း) တည်း။ ထို ကြောင့် ဋီကာ ၌ "ခန္ဓာဒီနံ ဒေသနာ နီယတိ ပဝတ္တီယတိ ဧတေဟီတိ နယာ" ဟုလည်းကောင်း, ခန္ဓာဒယော ဧဝ ဝါ နီယန္တိ ဉာယန္တိ ဧတေဟိ ပကာရေဟီတိ နယာ" ဟူလည်းကောင်း ၂ နည်းဖွင့်သည်။ အနက်နှင့် အဓိပ္ပါယ်ကို ဋီကာနိဿယ၌ ရှုပါ။ [နယနံ ပါပဏံ၊ တံ ပန ပဝတ္တနံ ဉာပနဉ္စ ဟောတီတိ ပဝတ္တီဘန္တိ ဉာယန္တီတိ စ ဒွိဓာပိ အတ္ထော ဝုတ္တော။- အနူ။]" နိက္ခိတ္တ- ချထား" ဟူသည် ဝေနေယျ တို့ သန္တာန်၌ ချထားခြင်းတည်း။
ဆိုလိုရင်းကား- ဤ ဓာတုကထာကျမ်း၌ ခန္ဓာ အစရှိသော တရားတို့ကို သင်္ဂဟ, အသင်္ဂဟ စသော တစ်ဆယ့်လေးပါးသော အပြားတို့ဖြင့် ဟောတော်မူရကား ဤ တဆယ့်လေးပါးသော အပြားတို့သည် ခန္ဓာ အစရှိသည်တို့၏ ဒေသနာကို ဖြစ်စေကြောင်းလည်း ဟုတ်၏၊ ထို ခန္ဓာအစရှိသော တရားတို့ကို သိအပ်ကြောင်းလည်း ဟုတ်၏။ ထို့ကြောင့် သင်္ဂဟ, အသင်္ဂဟ စသော တဆယ့်လေးပါးသော အပြားတို့ကို "နယ" ဟု ခေါ်ရသည်- ဟူလို။ [အကျယ်ကို ဋီကာ အဓိပ္ပါယ်၌ ကြည့်ပါ။]
[ဆောင်] ခန္ဓာအာယဘန၊ စသည်များစွာ၊ ဟောပြရာဝယ်၊ ဒေသနာမြတ်၊ ဖြစ်စေအပ်ကြောင်း၊ ၎င်းအပြင်၊ ယခင်ခန္ဓာ၊ အာယတနဓာတ်၊ အရပ်ရပ်ကို၊ သိအပ်ဖို့အကြောင်း၊ အလွန်ကောင်းသဖြင့်၊ ပေါင်းဆယ့်လေးဖြာ၊ သင်္ဂဟာ သင်္ဂဟ ကျဉ်းကျယ်ပြကို၊ နယ ဆိုဘိ၊ထို၏ အကျဉ်းမျှ ၊ ခေါင်းစဉ်ပြ၊ နယမာတိ ခေါ်။ အဗ္ဘန္တရမာတိကာ၊ အဗ္ဘန္တရမာတိကာလည်းကောင်း။ နယမုခမာတိကာ၊ နယမုခ မာတိကာလည်းကောင်း။ လက္ခဏမာတိကာ၊ လက္ခဏမာတိကာလည်းကောင်း။ ဗာဟိရမာတိကာ၊ ဗာဟိရမာတိကာလည်းကောင်း။ ဣတိ၊ ဤသို့။ ပဉ္စဝိဓာ၊ ငါးပါးအပြားရှိ၏။

တတ္ထ၊ ထို ငါးပါးအပြားရှိသော မာတိကာတို့တွင်။
[သာ ပဉ္စဝိဓာ ကို ကြည့်၍
"တတ္ထ၊ ထို ငါးပါး အပြားရှိသော မာတိကာတွင်" ဟု ဧကဝုစ်လည်း ပေးကြသည်။]
သင်္ဂဟော အသင်္ဂဟော (ပေ) ဝိပ္ပယုတ္တေန သင်္ဂဟိတံ အသင်္ဂဟိတန္တိ၊ သင်္ဂဟော အသင်္ဂဟော (ပေ) အသင်္ဂဟိတံ ဟူ၍။
စုဒ္ဒသဟိ၊ တဆယ့်လေးပါးကုန်သော။
ပဒေဟိ၊ ပုဒ်တို့ဖြင့်။
နိက္ခိတ္တာ၊ ချထားတော်မူအပ်သော။
အယံ၊ ဤ မာတိကာသည်။
နယမာတိကာနာမ၊ နယမာတိကာမည်၏။
ဟိ၊ မှန်။
အယံ၊ ဤ မာတိကာကို။
သင်္ဂဟာဒိကေန၊ သင်္ဂဟ အစရှိသော။
ဣမိနာ နယေန၊ ဤ နယဖြင့်။
ဓာတုကထာ ဓမ္မာ၊ ဓာတုကထာ ကျမ်း၌ လာသော ခန္ဓာ အစရှိသော တရားတို့ကို။
ဝိဘတ္တာ၊ အကျယ် ဝေဖန်တော်မူအပ်ကုန်ပြီ။
ဣတိ၊ ဤ အနက်ကို။
ဒဿေတုံ၊ ပြတော်မူခြင်းငှါ။
ဌပိတတ္တာ၊ ထားတော် မူအပ်သည်၏ အဖြစ်ကြောင့်။
နယမာတိကာတိ၊ နယ်မာတိကာဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဧတေသံ ပဒါနံ၊ ဤ သင်္ဂဟော အသင်္ဂဟော အစရှိသော ပုဒ်တို့၏။
ဧတေသံ ပဒါနံ (ပေ) ဘူတတ္တာ။ ။ "ပဒါနံ" ၌ ပဒဟူသည့် အနက်ကို သိကြောင်းဖြစ်သော "သင်္ဂဟော အသင်္ဂဟော" ဟသော သဒ္ဒါတို့တည်း။ ပဇ္ဇတေ ဉာယတေ အတ္ထော ဧတေနာတိ ပဒံ" ဟု ပြုရိုးအတိုင်း ဝစနတ္ထပြု၊ ဤ သင်္ဂဟော, အသင်္ဂဟော စသော ပုဒ်တို့သည် ခန္ဓာ အစရှိသည်တို့ကို အကျယ်ဝေဖန်၍ ဟောတော်မူရာ ဖြစ်သော ဤ ဓာတုကထာ ကျမ်း၏ အရင်းမူလဖြစ်၏။ ထို အရင်းမူလဖြစ်သော ခေါင်းစဉ်ကိုပင် "မူလမာတိကာ"ဟုလည်း ခေါ်သင့်သည်။
ဝါ၊ တို့က။
(ဓာတုကထာ ပကရဏဿ၊ ၏။)
မူလဘူတတ္တာ၊ မူလ ဖြစ်၍ ဖြစ်ကုန်သည်၏ အဖြစ်ကြောင့်။
မူလ မာတိကာတိပိ၊ မူလမာတိကာ ဟူ၍လည်း။
ဝတ္ထုံ၊ ဆိုခြင်းငှါ။
ဝဋ္ဋတိ၊ သင့်၏။
ပဉ္စ၊ ငါးပါး ကုန်သော။
ခန္ဓာ၊ ခန္ဓာတို့လည်းကောင်း။
(ပေ) မနသိကာရော၊ မနသိကာရလည်းကောင်း။
ဣတိ၊ ဤသို့။
ပဉ္စဝီသာဓိကေန၊ ၂၅ ပုဒ် အလွန် ရှိသော။
ပဒသတေန၊ ပုဒ်တရာဖြင့်။
နိက္ခိတ္တာ၊ ချထားတော် မူအပ်သော။
အယံ၊ ဤမာတိကာသည်။
အဗ္ဘန္တရမာတိကာ နာမ၊ အဗ္ဘန္တရ မာတိကာ မည်၏။
ပဉ္စဝီသာ (ပေ) သတေန။ ။ "ပဉ္စက္ခန္ဓာ ဒွါဒသာယတာနိ (ပေ) ဗာဝီသ တိန္ဒြိယာနိ" တို့၌ သရုပ်မဖော် သော်လည်း ပါဠိတော်ဝယ် လာသည့်အတိုင်း "ခန္ဓာ ၅ ပါး, အာယတန ၁၂ ပါး, ဓာတ် ၁၀ ပါး, သစ္စာ ၄ ပါး, ဣန္ဒြေ ၂၂ ပါး" ဟု ရေတွက်ရ၏။ "ပဋိစ္စသမုပ္ပါဒေါ" ဟူသော ပါဠိတော်၌ကား" အဝိဇ္ဇာ (ပေ) ဇရာမရဏ" တိုင်အောင် ၁၂ ပါးဟု ရေတွက် ရ၏။ ဇရာ မရဏကို တပါးတည်း ယူရခြင်း, ဘဝအရ၌ ကမ္မဘဝ, ဥပပတ္တိဘဝ, ကာမဘဝ စသည်ဖြင့် မခွဲရခြင်း၏ အကြောင်း, သောက စသည်ကို အင်္ဂါ သီးခြား မယူရခြင်း၏ အကြောင်းကို ဋီကာ ၌ ကြည့်ပါ။ "စတ္တာရော သတိပဋ္ဌာနာ" မှ စ၍ သင်္ချာရှိသည့်အတိုင်း သတိပဋ္ဌာန် ၄ ပါး စသည်ဖြင့် ရေတွက်ရ၏။ ဖဿ သတ္တကရာသိ ၌လည်း သရုပ်အတိုင်း ၇ ပါး ရေတွက်ရ၏။ ဤသို့ ရေတွက် ရသောကြောင့် အဗ္ဘန္တရမာတိကာ၌ ၂၅ ပုဒ် အပိုရှိသော ပုဒ်ပေါင်းတရာဖြစ်သည်။
ဟိ၊ မှန်။
အယံ၊ ဤ မာတိကာကို။
[အဝတွာ, ဝုစ္စတိ၊ တို့၌စပ်။]
သဗ္ဗာပိ ဓမ္မသင်္ဂဏီ ဓာတုကထာယ မာတိကာတိ၊ သဗ္ဗာပိ ဓမ္မသင်္ဂဏီ ဓာတုကထာယ မာတိကာ ဟူ၍။
(ဓာတုကထာ မာတိကတော၊ ဓာတုကထာ မာတိကာ ၄ ရပ်တို့မှ။
ဗဟိဒ္ဓါ၊ အပ၌။
ဝုတ္တာ ယထာ၊ ဟောတော်မူအပ် သကဲ့သို့။)
ဧဝံ၊ ဤ အတူ။
ဧဝံ အဝတွာ။ ။ "သဗ္ဗာပိ ဓမ္မသင်္ဂဧီ ဓာတုကထာယ မာတိကာ" ဟု ဗာဟိရ မာတိကာကို ဟောတော်မူခြင်းသည် ဓာတုကထာ မာတိကာမှ ဗဟိဒ္ဒ အဖြစ်ဖြင့် ဟောတော်မူခြင်း ဖြစ်၏။ ထိုသို့ ဗဟိဒ္ဓ အဖြစ်ဖြင့် ဟောတော်မမူခြင်းကို "ဧဝံ အဝတွာ" ဟု ဆိုသည်။
အဝတွာ၊ ဟောတော်မမူပဲ။
သင်္ဂဟာဒိနာ၊ သင်္ဂဟ အစရှိသော။
နယေန၊ နယဖြင့်။
ဝိဘဇိတဗ္ဗေ၊ အကျယ်ဝေဖန် ထိုက်ကုန်သော။
ခန္ဓာဒိဓမ္မေ၊ ခန္ဓာ အစရှိသော တရားတို့ကို။
သရူပတော၊ သရုပ်သကောင်အားဖြင့်။
ဒဿေတွာ၊ ပြတော်မူ၍။
ဓာတုကထာယ၊ ဓာတုကထာ မာတိကာ ၄ ရပ် ၏။
အဗ္ဘန္တရေယေဝ၊ အတွင်း၌သာ။အဗ္ဘန္တရေယေဝ။ ။ ဤပုဒ်ကို ဋီကာ၌ ၂ နည်းဖွင့်၏။ ထိုတွင် ပဌမနည်း၌ "အဗ္ဘန္တရ" ဟူရာဝယ် ဓာတုကထာ တကျမ်းလုံး၏ အတွင်းမဟုတ်။ ဓာတုကထာ ကျမ်း၌ မာတိကာ ၄ ပါး သီးခြားရှိ၏။ ထို မာတိကာ ၄ ပါး၏ အတွင်းတည်း။ ထို အတွင်း၌ ပဉ္စက္ခန္ဓာ စသည်ဖြင့် အကျဉ်း မာတိကာကို ဟောတော်မူသောကြောင့် အဗ္ဘန္တရ မာတိကာ [မာတိကာ ၄ ပါးအတွင်း၌ ပါဝင်သော မာတိကာ] ဟု ခေါ်ရသည်။
တနည်း။ ။ သဗ္ဗာပိ ဓမ္မသင်္ဂဏီ(ပေ) မာတိကာ" ဟူသည် ဤဓာတုကထာ ကျမ်းမှ အပ ဖြစ်သော ဓမ္မသင်္ဂဟီကျမ်း၌ လာသော မာတိကာ တည်း။ ထိုသို့ မဟောဘဲ "ပဉ္စက္ခေန္ဓာ ဒွါဒသာယတနာနိ" စသည်ဖြင့် ဤ ဓာတုကထာ ကျမ်း၏ အတွင်း၌ သရုပ်ဖော်၍ ဟောတော်မူအပ်သောကြောင့် ပဉ္စက္ခန္ဓာ စသော မာတိကာကို "အဗ္ဘန္တရ မာတိကာ" ဟု ခေါ်ရသည်။ ဤနည်း၌ "အဗ္ဘန္တရ" ဟူသည် ဓာတုကထာကျမ်း၏ အတွင်းတည်း။
[ဆောင်] ဓာတုကထာ၊ ကျမ်း၌ပါသည့်၊ မာတိကာလေးဝ၊ အတွင်းပြသဖြင့်၊ အဗ္ဘန္တရ၊ နာမမည်မှု၊ တနည်းရှိသော်၊ ဓာတုကထာ၊ ကျမ်းတွင်းမှာပင်၊ ထင်စွာ ထုတ်ပြန်၊ သရုပ်ဖန်သဖြင့်၊ အဗ္ဘန္တရ၊ မည် နာမ၊ ခေါ်ရ မာတိကာ။ [ပကိဏ္စကမာတိကာ ခေါ်ရပုံကို ဋီကာ နိဿယ၌ ကြည့်ပါ။] ဌပိတတ္တာ၊ ထားတော်မူအပ်သည်၏ အဖြစ်ကြောင့်။ အဗ္ဘန္တရ မာတိကာတိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။ [ဋီကာ၌ နောက်တနည်းလည်း ဖွင့်သေး၏။]

ခန္ဓာ ဒိပဒါနံ၊ ခန္ဓာအစ ရှိသော ပုဒ်တို့၏။
ဝါ၊ တို့ကို။
ဓမ္မသင်္ဂဏီမာတိကာယ၊ ဖြင့်။
အသင်္ဂဟိတတ္ထာ၊ မသိမ်းယူအပ် ကုန်သည်၏ အဖြစ်ကြောင့်။
ပကိဏ္ဏကမာတိကာတိပိ၊ ဟူ၍လည်း။
ဝတ္တုံ၊ ဆိုခြင်းငှါ။
ဝဋ္ဋတိ၊ သင့်၏။
တိဟိ သင်္ဂဟော၊ ၃ ပါးသော ခန္ဓာ အာယတန ဓာတ် တို့ ဖြင့် သိမ်းယူ ရေတွက်ပုံကို ပြသော တီဟိ သင်္ဂဟော ပုဒ် လည်းကောင်း။
တီဟိ အသင်္ဂဟော၊ သုံးပါးသော ခန္ဓာ အာယတန ဓာတ်တို့ဖြင့် မသိမ်းယူ မရေတွက်ပုံကို ပြသော တီဟိ အသင်္ဂဟော ပုဒ်လည်းကောင်း။
စတူဟိ သမ္ပ ယောဂေါ၊ လေးပါးသော နာမက္ခန္ဓာ တို့နှင့် အညီအမျှ ဧကုပ္ပါ ဒတာ အစရှိသော အပြားတို့ဖြင့် ယှဉ်ပုံကို ပြသော စတူဟိ သမ္ပယောဂေါ ပုဒ်လည်းကောင်း။
စတူဟိ ဝိပ္ပယောဂေါ၊ လေးပါးသော နာမက္ခန္ဓာ တို့နှင့် အညီ အမျှ ဧကုပ္ပါဒတာ အစရှိသော အပြားတို့ဖြင့် မယှဉ်ပုံကို ပြသော စတူဟိ ဝိပ္ပယောဂေါ ပုဒ်လည်းကောင်း။
ဣတိ၊ ဤသို့။
စတူဟိ၊ ၄ ပါးကုန်သော။
ပဒေဟိ၊ ပုဒ်တို့ဖြင့်။
နိက္ခိတ္တာ၊ ချထား အပ်သော။
အယံ၊ ဤ မာတိကာသည်။
နယမုခမာတိကာ နာမ၊ နယမုခမာတိကာ မည်၏နယမုခ မာတိကာ။ ။ "နယ" ဟူသည် နယမာတိကာ၌ ပြအပ်ခဲ့သော သင်္ဂဟော, အသင်္ဂဟော စသော တဆယ့်လေးပုဒ် တည်း။ ထို နယတို့ကို ဟောတော်မူအသောအခါ သင်္ဂဟ, အသင်္ဂဟ (သိမ်းယူ ရေတွက်ကြောင်း, မသိမ်းယူ မရေတွက်ကြောင်း) ဖြစ်သော ခန္ဓာ, အာယတန, ဓာတ် တရားတို့ဖြင့်လည်းကောင်း၊ သမ္ပယောဂ, ဝိပ္ပယောဂ ဖြစ်ကြောင်း နာမက္ခန္ဓာ လေးပါးတို့ဖြင့်လည်းကောင်းဒေသနာ ဖြစ်ရ၏။ ဤသို့ နယ တို့၏ ဒေသနာတော် ထွက်ပေါ်ကြောင်း ဖြစ်သည့်အတွက် ပါးစပ်ပေါက်နှင့် တူသော ကြောင်းလည်းကောင်း၊ အကျဉ်းမျှ ပြအပ်သောကြောင်းလည်းကောင်း၊ ခန္ဓာ,အာယတန, ဓာတ်နှင့် နမက္ခန္ဓာ လေးပါးတို့ကို "နယမုခ မာတိကာ"ဟု ခေါ်ရသည်။ [နယာနံ+ ပဝတ္တိယာ (ဒေသနာတော်ဖြစ်ခြင်း၏)+ မုခါနိ နယမုခါနိ၊ နယမုခါနံ+ မာတိကာ နယမုခမာတိကာ။]
ဋိကာ။ ။ နယာနံ ပဝတ္တိဒွါရဘူတာ သင်္ဂဟာသင်္ဂဟ ဝိယောဂိ သဟယောဂိ- ဓမ္မာ နယမုခါနီတိ တေသံဥဒ္ဒေသော နယမုခမာတိကာ။ [ နယာနံ သင်္ဂဟာ ဒိပ္ပကာရဝိသေသာနံ ပဝတ္တိ (ဖြစ်ခြင်းဟူသည်) ဒေသနာ (ဒေသနာတည်း) တဿာ ဝိနိဂ္ဂမနဋ္ဌာနတာယ (ထွက်ကြောင်း ဌာနတို့၏ အဖြစ်ကြောင့်) ဒွါရံ၊ ယထာဝုတ္တဓမ္မာ ယထာရဟံ ခန္ဓာယတနဓာတုယော အရူပိနော စ ဓမ္မာတိ တေသံ ဥဒ္ဒေသော နယမုခမာတိကာ။- အနူ။]
[ဆောင်] တဆယ့်လေးပါး၊ နယများ၏၊ တရားဒေသနာ ဖြစ်သောအခါဝယ်၊ ထွက်ရာမုခ၊ ဖြစ်ကြောင်းပြသဖြင့်၊ ခန္ဓာ ဓာတ်အာ၊ လေးဖြာနာမက်၊ ဤလေးချက်၏၊ အမြွက် အကျဉ်းမျှ၊ ခေါ်ဆိုရ၊ နယမုခမာတိတည်း။
ဆက်ဦးအံ့- ပဉ္စက္ခန္ဓာစသော အဗ္ဘန္တရမာတိကာ ကုသလာဓမ္မာ စသော ဗာဟိရမာတိကာ ပုဒ်တို့ကို အကျယ်ဟောတော်မူသောအခါ "ရူပက္ခန္ဓော ကတိဟိ ခန္ဓေဟိ ကတိဟာယဘနေတိ ကတိဟိ ဓာတူဟိ သင်္ဂဟိတော။ (ပေ) အသင်္ဂဟိတော။ (ပေ) သမ္ပယုတ္တော။ (ပေ) ဝိပ္ပယုတ္တော" စသည်ဖြင့် ဟောတော်မူရ၏။ ဤသို့ ဟောတော်မူရာ၌ ခန္ဓာ, အာယတန၊ ဓာတ်တို့ကိုလည်းကောင်း၊ နာမက္ခန္ဓာ လေးပါးတို့ကိုလည်းကောင်း အကြောင်း ပြု၍ ဟောတော်မူရသောကြောင့် ထိုခန္ဓာ, အာယတန, ဓာတ်တို့နှင့် နာမက္ခန္ဓာတို့ကို နယမုခ နယတို့၏ ထွက်ပေါက်) ဟု ခေါ်ရသည်။ ဟိ၊ မှန်။ (တနည်း) ဟိ (ကသ္မာ)၊ ကြောင့်။ အယံ၊ ကို။ နယမုခ မာတိကာတိ၊ ဟူ၍။ ဝုစ္ဏတိ၊ နည်း။ [ဌပိတတ္တာ ဟူသော ဟိတ်ကို ကြည့်၍ ဟိ(ကသ္မာ) ဟု ဆရာတို့အနက်ပေးတော်မူကြသည်။ ရှေ့မာတိကာ နောက်မာတိကာ အဖွင့်တို့၌လည်း ဤအတူ ပေးနိုင်၏။]

အယံ၊ ကို။
သဗ္ဗေသုပိ၊ အလုံးစံဒလည်း ဖြစ်ကုန်သော။
ပဉ္စက္ခန္ဓာဒီသု၊ ပဉ္စက္ခန္ဓာ အစရှိကုန်သော။
(မာတိကာဓမ္မေသု စေဝ၊ အဗ္ဘန္တရ မာတိကာ တရားတို့၌လည်းကောင်း။)
ကုသလတ္တိကာဒီသု၊ ကုသလ တိက် အစရှိကုန်သော။
မာတိကာဓမ္မေသု စ၊ ဗာဟိရမာတိကာတရားတို့၌ လည်းကောင်း။
တီဟိ၊ ကုန်သော။
ခန္ဓာ ယတန ဓာတု ပဒေဟေဝ၊ ခန္ဓာ, အာယတန, ဓာတ်ဟူသော ပုဒ်တို့ဖြင့်သာလျှင်။
(သင်္ဂဟော၊ အသင်္ဂဟော၊ ၌စပ်)။
ဝါ၊ တို့နှင့် သာလျှင်။
(ယောဇေတဗ္ဗော၊ ၌စပ်။)
သင်္ဂဟော စ၊ သင်္ဂဟောပုဒ် ကိုလည်းကောင်း?
အသင်္ဂဟောစ၊ အသင်္ဂဟောပုဒ်ကိုလည်းကောင်း။
ယောဇေတဗ္ဗော၊ ယှဉ်စေထိုက်၏။
တထာ၊ ထို့အတူ။
စတူဟိ၊ ကုန်သော။
အရူပက္ခန္ဓေဟိ၊ နာမက္ခန္ဓာတို့နှင့်။
သမ္ပယောဂေါစ၊ သမ္ပယောဂေါပုဒ်တို့လည်းကောင်း။
ဝိပ္ပယောဂေါစ၊ ဝိပ္ပယောဂေါ ပုဒ်ကိုလည်းကောင်း။
(ယောဇေတဗ္ဗော၊ ၏။)
ဧတာနိ၊ ဤခန္ဓာ, အာယတန, ဓာတ်, န မက္ခန္ဓာ ဟူသော ၄ ပုဒ်တို့သည်။
သင်္ဂဟာ သင်္ဂဟာဒီနံ၊ သင်္ဂဟ, အသင်္ဂဟ အစရှိကုန်သော။
ဣမေသံ နယာနံ၊ ဤ တဆယ့်လေးပါးသော နယ တို့၏။
မုခါနိ၊ ထွက်ရာ အပေါက်ဝတို့တည်း။
ဣတိ၊ ဤ အနက် အဓိပ္ပါယ်ကို။
ဒဿေတုံ၊ ငှါ။
ဌပိတ္တာ၊ ထားတော်မူအပ်သည်၏ အဖြစ်ကြောင့်။
နယမုခမာတိကာတိ၊ နယမုခ မာတိကာဟူ၍ ။
ဝုစ္စတိ၊ ဆိုအပ်၏။
သဘာဂေါ၊ တူသော အဖို့ကို ပြသော သဘောဂေါပုဒ်လည်းကောင်း။
ဝိသဘာဂေါ၊ မတူသော အဖို့ကို ပြသော ဝိသဘောဂေါပုဒ်လည်းကောင်း။
ဣတိ၊ သို့။
ဒွီဟိ၊ ကုန်သော။
ပဒေဟိ၊ တို့ဖြင့်။
နိက္ခိတ္တာ၊ သော။
အယံ၊ ဤ မာတိကာသည်။
လက္ခဏမာတိကာနာမ၊ မည်၏။
ဟိ၊ မှန်။
အယံ၊ ကို။
သဘာဂ လက္ခဏေဟိ၊ သဘောတူသော လက္ခဏာ ရှိကုန်သော။
(တူသော အဖို့ရှိသော လက္ခဏာရှိကုန်သော။)
သဘာဂလက္ခဏေဟိ (ပေ) နယော။ ။ နယမုခ မာတိကာတယ် "သင်္ဂ- ဟော အသင်္ဂဟော" ဟု ဟောတော်မူ၏။ "ထို သင်္ဂဟ ကို အဘယ်လက္ခဏာရှိသော တရားတို့ဖြင့် မှတ်ရပါမည်နည်း"ဟု မေးဖွယ်ရှိသောကြောင့် "သဘာဂေါ ဝိသဘာဂေါ" ဟု သင်္ဂဟ လက္ခဏာ( သိမးယူရေတွက်ကြောင့်) ကိုလည်းကောငး, အသင်္ဂဟလက္ခဏာ (မသိမ်းယူ မရေတွက်ကြောင့်း အမှတ်အသား) ကိုလည်းကောင်း ဟောတော်မူရသည်။ သမ္ပယောဂလက္ခဏာ, ဝိပ္ပယောဂ လက္ခဏာ ၌လည်း ဤသဘာဂ, ဝိသဘာဂ ပင်တည်း။
ဓမ္မေဟိ၊ တို့ဖြင့်။
သင်္ဂဟနယော၊ သိမ်းယူ ရေတွက် ကြောင်းနည်းသည်။
(ဟောတိ)၊
ဝိသဘာဂလက္ခဏေဟိ၊ သဘောမတူသော လက္ခဏာ ရှိကုန်သော။
(မတူသော အဖို့ရှိသော လက္ခဏာ ရှိကုန်သော)။
(ဓမ္မေဟိ၊ တို့ဖြင့်။)
အသင်္ဂဟနယော၊ မသိမ်းယူ မရေတွက်ကြောင်း နည်းသည်။
(ဟောတိ)၊
ကထာ၊ တူ။
သမ္ပယောဂ ဝိပ္ပယောဂနယော၊ သမ္ပယောဂနည်း, ဝိပ္ပယောဂနည်းကို။
ယောဇေတဗ္ဗော၊ ယှဉ်စေထိုက်၏။
[သဘာဂလက္ခဏေဟိ ဓမ္မေဟိ သမ္ပယောဂနယော၊
ဝိသဘာဂလက္ခဏေဟိ ဓမ္မေဟိ ဝိပ္ပယောဂနယော၊ ဤသို့ ယှဉ်စေပါ- ဟူလို။]
ဣတိ၊ သို့။
သဘာဂဝိသဘာလက္ခဏဝသေန၊ သဘာဂဝိသဘာဂ လက္ခဏာတို့၏ အစွမ်းဖြင့်။
သင်္ဂဟာဒိလက္ခဏံ၊ သင်္ဂဟ အစရှိသော လက္ခဏာကို။
ဒဿေတုံ၊ ငှါ။
ဌပိတတ္တာ၊ ကြောင့်။
လက္ခဏမာတိကာတိ၊ ဟူ၍။လက္ခဏာမာတိကာ။ ။ လက္ခဏဉ္စ + တံ+ မာတိကာ စာတိ လက္ခဏ မာတိကာ။ သင်္ဂဟ အသင်္ဂဟ သမ္ပယောဂ ဝိပ္ပယောဂတို့ကို မှတ်သားကြောင်းလည်းထုတ်၏။ တံ- ထိုမှတ်သားကြောင်းဟူသည်။ မာတိကာစ၊ အကျဉ်းစကားလည်း ဟုတ်၏။ ဣတိ လက္ခဏ မာတိကာ။ ["နယမုခါနံ+မာတိကာ" ကဲ့သို့ "လက္ခဏာနံ+ မာတိကာ" ဟုလည်း ပြုသင့်၏။]
[ဆောင်] သင်္ဂဟာ သင်္ဂဟော၊ သမ္ပယောနှင့်၊ ဝိပ္ပယောဂါ၊ ယူကြရာဝယ်၊ သဘာဂ သဘာဂတ်၊ နှိုင်းချိန်တတ်ဖို့၊ အမှတ်လက္ခဏ၊ အကျဉ်းပြ၊ လက္ခဏ မာတိခေါ။ ဝုစ္စတိ၊ ၏။ [အယံ၊ ဟူသော ကံပုဒ်ကို "ဣမိဿာ" ဟု ဌပိတတ္တာ- ၏ ဟိတ်အဖြစ်ဖြင့် ထည့်နိုင် သည်။ရှေးရှေး မာတိကာတို့၌လည်း နည်းတူ။]

သဗ္ဗာပိ၊ အလုံးစုံလည်း ဖြစ်သော။
ဓမ္မသင်္ဂဏီ၊ ဓမ္မသင်္ဂဏီကျမ်း၌ လာမော မာတိကာသည်။
သဗ္ဗာပိ ဓမ္မသင်္ဂဏီ။ ။ ဤ၌ "ဓမ္မသင်္ဂဏီ" ဟူသော ပါဌ်ဖြင့် ဓမ္မသင်္ဂဏီ တစ်ကျမ်းလုံးကို မယူရ၊ ဓမ္မသင်္ဂဏီကျမ်း၌ လာသော "ကုသလာ ဓမ္မာ, အကုသလာ ဓမ္မာ၊ (ပေ) အရဏာ ဓမ္မော" ဟူသော တိကဒုကမာတိကာကိုသာ ယူရသည်၊ ဧကဒေသျူပစာ စကားတည်း။ [ဓမ္မသင်္ဂဏီသီသေန ဟိ ဓမ္မသင်္ဂဏိယံ အာဂတမာတိကာဝ ဂဟိတာတိ။- အနူ။]
ဓာတုကထာယ၊ ဓာတုကထာကျမ်း၏။
မာတိကာ၊ မာတိကာတည်း။
ဣတိ၊ သို့။
ဝါ၊ ဤ အခြင်းအရာအားဖြင့်။
ဆသဋ္ဌိတိကပဒါနိ၊ ခြောက်ဆယ့်ခြောက်ပါးသော တိက်ပုဒ်တို့ကိုလည်းကောင်း။
ဒွေ ဒုကပဒသတာနိစ၊ နှစ်ရာသော ဒုက်ပုဒ်တို့ကိုလည်းကောင်း။
သင်္ခိပိတွာ၊ အကျဉ်းချုံး၍။
နိက္ခိတ္တာ၊ သော။
အယံ၊ သည်။
ဗာဟိရမာတိကာနာမ၊ ၏။ဗာဟိရမာတိကာ။ ။ အဗ္ဘန္တရမာတိကာတုန်းက အဗ္ဘန္တရအတွက် "ဓာတု ကထာမာတိကာ၏ အတွင်း" ဟုလည်းကောင်း, "ဓာတုကထာကျမ်း၏ အတွင်း" ဟုလည်းကောင်း ၂ နက် ပြခဲ့သောကြောင့် ဤဗာဟိရအတွက်လည်း" ဓာတုကထာမာတိကာမှ အပ "ဟု လည်းကောင်း, "ဓာတုကထာကျမ်းမှ အပ" ဟုလည်းကောင်း ၂ နည်းပင် ယူရမည်ဟု ထင်ဖွယ်ရှိ၏။ သို့သော် "သဗ္ဗာပိ ဓမ္မသင်္ဂဏီ ဓာတုကထာယမာတိကာ" ဟု ဓာတုကထာကျမ်း၌ပင် သရုပ် သကောင် မဖော်သော မာတိကာတပါးအဖြစ်ဖြင့် ပြထားသောကြောင့် "ဓာတုကထာကျမ်း၏ အပြင်ပ" ဟု အဓိပ္ပါယ် မယူရတော့။ အဋ္ဌကထာ၌ "ဓာတုကထာမာတိကတော+ဗဟိ" ဟု တိုက်ရိုက် ဆိုသည့်အတွက် "ဓာတုကထာမာတိကာ ၄ ရပ်မှ အပြင်ကျသော နောက်၌ "ဟုသာ အနက်အဓိပ္ပါယ် ယူရတော့သည်။ [ဧတေန ဌပနကာရေန ဗဟိ ပိဋ္ဌိတော ဌပိတတ္တာတိ အတ္ထော။ ဋီကာ။]
[ဆောင်] ဓာတုကထာ၊ တိုက်ရိုက်လာသည့်၊ မာတိကာလေးဝ၊ အပြင်ချ၍၊ ဓမ္မသင်္ဂဏိ၊ ထိုမာတိပင်၊ ဤသည့်ကျမ်းမှာ၊ မာတိကာမို့၊ နောက်ပါ တစ်မျိုး၊ ထပ်တိုး၍၊ ခေါ်ရိုးဗာဟိရ။
မာတိကာ ငါးပါး စီစဉ်ပုံ။ ။ ဓာတုကထာနိဒ္ဒေသကို ဟောတော်မူရာ၌ "ရူပက္ခန္ဓော ကတီဟိ ခန္ဓေဟိ သင်္ဂဟိတော။ (ပေ) အသင်္ဂဟိတော" စသည်ဖြင့် အကျယ်ဟောတော်မူရကား "သင်္ဂဟ အသင်္ဂဟ, သင်္ဂဟိတေန အသင်္ဂဟိတ" အစရှိသော နယတို့ကိုလည်းကောင်း, "ပဉ္စက္ခန္ဓဦ" ဟသော အဗ္ဘန္တရတရားတို့ကိုလည်းကောင်း, ထို နယတို့၏ ဒေသနာဖြစ်ခြင်း၏ အကြောင်း နယမုခတို့ကိုလည်းကောင်း သင်္ဂဟ အသင်္ဂဟ သမ္၌ယောဂ ဝိပ္ပယောဂ လက္ခဏာတို့ကိုလည်းကောင်း အကျဉ်းဥဒ္ဒေသ ပြအပ်ပြီးသော အခါ မာတိကာအဖြစ်ဖြင့် ဟောသင့် ဟောထိုက်သမျှကို ဟောအပ်ပြီး ဖြစ်ပါပေ၏။ သို့သော်ထို ခန္ဓာ အစရှိသော တရားတို့ကို ကုသိုလ် အစရှိသည်ဖြင့် ဝေဖန်၍ မပြရသေးသောကြောင့် "ကုသလာ ဓမ္မာ" စသော ဗာဟိရမာတိကာကိုလည်း ဟောတော်မူရပြန်သည်။ ထို့ကြောင့်ဓာတုကထာကျမ်းအတွက် မာတိကာ ၅ ပါး ပြတော်မူရသည်။
အနဋီကာ။ ။ ယေဟိ နယေတိ ဓာတုကထာယ နိဒ္ဒေသော၊ တေသု နယေသု (ထို သင်္ဂဟော အသင်္ဂဟော ဟသော နယတို့ကိုလည်းကောင်း) [နယမာတိကာကို ဆိုသည်။] တေဟိ ဝိဘဇိတဗ္ဗေသု ခန္ဓာဒီသု [အဗ္ဘန္တရမာတိကာကို ဆိုသည်။]တေသံ နယာနံ ပဝတ္တိဒွါရ+လက္ခဏေသု စ [နယေမုခနှင့် လက္ခဏ မာတိကာကို ဆိုသည်။] ဥဒ္ဒိဋ္ဌေသု (အကျဉ်း မာတိကာ အဖြစ်ဖြင့် ပြအပ်ပြီးကုန်လသော်) ဓာတုကထာယ ဥဒ္ဒေသဝသေန ဝတ္တဗ္ဗံ ဝုတ္တမေဝ ဟောတီတိ ယံ ဥဒ္ဒေသဝသေန ဝတ္တဗ္ဗံ၊ တံ ဝတွာ (ထိုဟောတော်မူထိုက်သော မာတိကာ ၄ ပါးကို ဟောတော်မူပြီး၍) ပုန ယထာ ဝုတ္တာနံ ခန္ဓာဒီနံ ကုသလာဒိဝိဘာဂဒဿနတ္ထံ "သဗ္ဗာပိ ဓမ္မသင်္ဂဏီ ဓာတုထကာယ မာတိကာ"တိ ဝုတ္တန္တိ ဧဝမေတ္ထ မာတိကာယ နိက္ခေပဝိဓိ ဝေဒိတဗ္ဗော။

(ဣမိဿာ၊ ဤမာတိကာ၏။
ဝါ၊ ကို။)
ပဉ္စက္ခန္ဓာ (ပေ) မနသိကာရောတိ၊ ပဉ္စက္ခန္ဓာ (ပေ) မနသိကာရော ဟူ၍။
(ဓာတုကထာယ၊ ဓာတုကထာမာတိကာ ၄ ရပ်၏။
အဗ္ဘန္တရ၊ အတွင်း၌။
ဝုတ္တာယထာ၊ ဟောတော်မူအပ်သကဲ့သို့။)
ဧဝံ၊ တူ။
ဓာတုကထာယ၊ ဓာတုကထာမာတိကာ ၄ ရပ်၏။
အဗ္ဘန္တရေ၊ ၌။
အဝတွာ၊ ဟောတော်မမူပဲ။
သဗ္ဗာပိ ဓမ္မသင်္ဂဏီတိ၊ သဗ္ဗာပိ ဓမ္မသင်္ဂဏီ အစ ရှိသည်ဟူ၍။
ဧဝံ၊ သို့။
ဓာတုကထာယ၊ ဓာတုကထာကျမ်း၏။
မာတိကတော၊ မာတိကာ ၄ ရပ်မှ။
ဗဟိ၊ နောက်ဖြစ်သော အပ၌။
ဌပိတတ္တာ၊ ကြောင့်။
ဗာဟိရမာတိကာတိ၊ ဟူ၍။
ဝုစ္စတိ၊ ၏။
ဧဝံ၊ ဤသို့။
ဝါ၊ ဤဆိုအပ်ပြီးသော နည်းဖြင့်။
မာတိကာယ၊ ဓာတုကထာမာတိကာ၏။
ပဉ္စဓာ၊ ငါးပါးအပြားအားဖြင့်။
ဌိတဘာဝံ၊ တည်သည်၏ အဖြစ်ကို။
ဝိဒိတွာ၊ သိပြီး၍။
ဣဒါနိ၊ ၍။
သင်္ဂဟော အသင်္ဂဟောတိ အာဒီသု၊ သင်္ဂဟော, အသင်္ဂဟော အစရှိသော ပါဠိရပ်တို့၌။
(အတ္ထော ဧဝံ ဝေဒိတဗ္ဗော။)
[ဝိဒိတွာ၏ စပ်ပုဒ်မရှိသောကြောင့် စပ်ပုဒ်ထည့်ရသည်။]
တာဝ၊ အသင်္ဂဟ စသည်တို့မှ ရှေးဦးစွာ။
(နိဒ္ဒိဋ္ဌော၊ သော။)
သင်္ဂဟော တာဝ (ပေ) စတုဗ္ဗိဓော။ ။ ဤ ဝါကျသည် အဋ္ဌသာလိနီ ရူပကဏ္ဌ၊ ဧကကနိဒ္ဒေသ၌လည်း ပါခဲ့ပြီ။ ထို့၌ "သဇာတိ" ဟု ရှိခြင်းနှင့် ဤ၌ သ သဒ္ဒါ မပါပဲ "ဇာတိ" ဟု ရှိခြင်းသာ ထူး၏။ ထို့သို့ သသဒ္ဒါ မပါသော်လည်း အဓိပ္ပါယ်မှာ "သဇာတိ" ဟုပင် ဆိုလိုကြောင်းကို ဋီကာ၌ဖွင့်သည်။ ကြွင်း အဓိပ္ပါယ်များကို "အယမိဓ အဓိပ္ပေတော" တိုင်အောင် ထို ရူပကဏ္ဍ ဘာသာဋီကာ၌ ပြခဲ့ပြီ။
သင်္ဂဟော၊ သင်္ဂဟသဒ္ဒါသည်။
(တနည်း) သင်္ဂဟော၊ သိမ်းယူရေတွက်ခြင်းသည်။
ဇာတိ သဉ္ဇာတိ ကိရိယာဂဏန ဝသေန၊ ဇာတိသင်္ဂဟ, သဉ္ဇာတိသင်္ဂဟ, ကိရိယာ သင်္ဂဟ, ဂဏန သင်္ဂဟ တို့၏ အပြားအားဖြင့်။
စတုဗ္ဗိဓော၊ ၄ ပါး အပြားရှိ၏။
တတ္ထ၊ ထို ၄ ပါးတို့တွင်။
သဗ္ဗော၊ ကုန်သော။
ခတ္တိယာ၊ ခတ္တိယတို့ သည်။
(ခတ္တိယဇာတ်ရှိသူတို့သည်)။
အာဂစ္ဆန္တု၊ လာကြကုန်လော့။
သဗ္ဗေ, ဗြဟ္မဏာ၊ ဗြာဟ္မဏတို့သည်။
(ဗြဟ္မဏ ဇာတ်ရှိသူတို့သည်။
အာဂစ္ဆန္တု၊ )။
သဗ္ဗေ,ဝေဿာ၊ ဝေဿတို့သည်။
(ဝေဿဇာတ် ရှိသူတို့သည်။
အာဂစ္ဆန္တု၊ )။
သဗ္ဗေ, သုဒ္ဒါ၊ သုဒ္ဒတို့သည်။
(သုဒ္ဒဇာတ်ရှိသူတို့သည်။
အာဂစ္ဆန္တု၊ )။
[ဤကား လောကီ ဥဒါဟရုဏ်တည်း။]
အာဝုသော ဝိသာခ၊ ဒါယာ ဝိသာခ။
ယာစ သမ္မာဝါစ၊ အကြင် ကမ္မာဝါစာသည်လည်းကောင်း။
ယောစ သမ္မာကမ္မန္တော၊ သည်လည်းကောင်း။
ယောစ သမ္မာအာဇီဝေါ၊ သည်လည်းကောင်း။
(အတ္ထိ) ဣမေ ဓမ္မာ၊ ဤတရားတို့ကို။
သီလက္ခန္ဓေ၊ သီလဂုဏ်၌။
သင်္ဂဟိတာ၊ သွင်းယူအပ်ကုန်ပြီ။
[ဤကား သာသနာတော ဥဒါဟရုဏ်တည်း။]
ဣတိအယံ၊ ဤသင်္ဂဟသည်။
ဇာတိသင်္ဂဟော နာမ၊ မည်၏။
ဝါ၊ မိမိဇာတ်အားဖြင့် ပေါင်း၌ ယူခြင်းမည်၏။
ဝါ၊ မိမိဇာတ်ရှိသော တရားတို့ကို ပေါင်း၌ ယူခြင်းမည်၏။
ဟိ၊ မှန်။
ဧကဇာတိကာ၊ တူသော ဇာတ်ရှိသော ခတ္တိယ စသူတို့သည်။
အာဂစ္ဆန္တု၊
ဣတိ၊ သို့။
ဝုတ္တဋ္ဌာနေ ဝိယ၊ ဆိုအပ်ရာဌာန၌ကဲ့သို့။
ဣတိ၊ ဤ သဗ္ဗေ ခတ္တိယာ အစရှိသော ပါဠိရပ်၌။
သဗ္ဗေ၊ အလုံးစုံသော။
ခတ္တိယ၊ စသူတို့သည်။
ဝါ၊ အလုံးစုံသောတရားတို့သည်။
ဇာတိယာ၊ ဇာတ်အားဖြင့်။
ဧကသင်္ဂဟံ၊ တပေါင်းတည်း သိမ်းယးအပ်ကုန်သည်၏ အဖြစ်သို့။
ဂတာ၊ ရောက်ကုန်ပြီ။
သဗ္ဗေ, ကောသလကာ၊ ကောသလတိုင်းသားတို့သည်။
အာဂစ္ဆန္တု၊
သဗ္ဗေ, မာဂဓကာ၊ မဂဓတိုင်းသားတို့သည်။
(အာဂစ္ဆန္တု)၊
သဗ္ဗေ၊ ဘာရုကစ္ဆကာရွာသားတို့သည်။
အာဂစ္ဆန္တု၊
[ဤကား လောကီ ဥဒါဟရုဏ်တည်း။]
အာဝုသော ဝိသာခ, ယောစ သမ္မဝါယာမော, ယာစ သမ္မာသတိ, ယောစ သမ္မာသမာဓိ၊ သည်လည်းကောင်း။
(အတ္တိ)၊
ဣမေ ဓမ္မာ၊ တို့ကို။
သမာဓိက္ခန္ဓေ၊ သမာဓိဂုဏ်၌။
သင်္ဂဟိတာ၊ ကုန်ပြီ။
[ဤကား သာသနာတော် ဥဒါဟရုဏ် တည်း။
နောက်၌လည်း နည်းတူ။]
ဣတိ အယံ၊ သည်။
သဉ္ဇာတိသင်္ဂဟောနာမ၊ မည်၏။
ဝါ၊ ကောင်းစွာ ဖြစ်ရာအရပ်, ကောင်းစွာ ဖြစ်ရာ စိတ္တုပ္ပါဒ် အားဖြင် သိမ်းယူခြင်း မည်၏။
ဟိ၊ မှန်။
ဧကဋ္ဌာနေ၊ တစ်ခုသောအရပ်၌။
ဇာတာ၊ ပေါက်ဖွားသူတို့သည်။
သံဝဍ္ဎာ၊ ကြီးပွားသူတို့သည်။
အာဂစ္ဆန္တု၊
ဣတိ၊ သို့။
ဝုတ္တဋ္ဌာနေ ဝိယ၊ ၌ကဲ့သို့။
ဣဓ၊ သဗ္ဗေကောသလကာ အစရှိသော ပါဠိရပ်၌။
သဗ္ဗေပိ၊ အလုံးစုံသော လူ, အလုံးစံဒသော တရားတို့သည်လည်း။
သဉ္ဇတိဋ္ဌနေန၊ ကောင်းစွား ပေါက်ဖွားရာ ဌာနအားဖြင့်။
နိဝုတ္ထောကာသေန၊ နေရာအရပ်အားဖြင့်။
[သဉ္ဇာတိဋ္ဌာနေန၊ ကို။
နိဝုတ္တောကာသေန၊ ဟု ထပ်ဖွင့်သည်။]
ဧကသင်္ဂဟံ၊ သို့။
ဂတာ၊ ရောက်ကုန်ပြီ။
သဗ္ဗေ၊ ကုန်သော။
ဟတ္ထာ ရောဟော၊ ဆင်းစီးသူရဲကောင်းတို့သည်။
အာဂစ္ဆန္တု၊
သဗ္ဗေ, အဿာရောဟော၊ မြင်းစီး သူရဲကောင်းတို့သည်။
(အာဂစ္ဆန္တု)၊
သဗ္ဗေ, ရထိကာ၊ ရထားစီးသူရဲကောင်းတို့သည်။
အာဂစ္ဆန္တု၊
အာဝုသော ဝိသာခ, ယာစ သမ္မဒိဋ္ဌိ၊ သည်လည်းကောင်း။
ယောစ သမ္မာသင်္ဂပ္ပေါ၊ သည်လည်းကောင်း။
(အတ္ထိ)၊
ဣမေ ဓမ္မာ၊ တို့ကို။
ပညာက္ခန္ဓေ၊ ပညာဂုဏ်၌။
သင်္ဂဟိတာ၊ ကုန်ပြီ။
ဣတိ အယံ၊ သည်။
ကိရိယာသင်္ဂဟော နာမ၊ မည်၏။
ဝါ၊ ပြုအပ်သော ကိစ္စအားဖြင် သွင်းယူခြင်းမည်၏။
ဟိ၊ မှန်။
သဗ္ဗေဝ၊ ကုန်သော။
ဧတေ၊ ဤလူ, ဤတရားတို့သည်။
အတ္တနော၊ ၏။
ကိရိယာကာရဏေန၊ ပြုဖွယ်ကိစ္စကို ပြုခြင်းအားဖြင့်။
ဧကသင်္ဂဟံ၊ သို့။
ဂတာ၊ ကုန်ပြီ။
စက္ခာယတနံ၊ စက္ခာယတနသည်။
ကတမက္ခန္ဓ ဂဏနံ၊ အဘယ်ခန္ဓာ၌ ရေတွက်ခြင်းသို့။
ဝါ၊ အဘယ်ခန္ဓာ၌ ရေတွက်အပ်သည်၏ အဖြစ်သို့။
ဂစ္ဆတိ၊ ရောက်သနည်း။
ဣတိ၊ ဤကား အမေးတည်း။
စက္ခာယတနံ၊ သည်။
ရူပက္ခန္ဓဂဏနံ၊ ရူပက္ခန္ဓာ၌ ရေတွက်ခြင်းသို့။
ဝါ၊ ရူပက္ခန္ဓာ၌ ရေတွက်အပ်သည်၏ အဖြစ်သို့။
ဂစ္ဆတိ၊ ၏။
ဣတိ၊ ဤကား အဖြေတည်း။
စက္ခာယတနံ၊ သည်။
ရူပက္ခန္ဓာဏနံ၊ သို့။
ဝါ၊ သို့။
ဟဉ္စိဂစ္ဆတိ၊ အကယ်၍ ရောက်အံ့။
တေန၊ ထိုသို့ ရောက်ခြင်းကြောင့်။
ရေ၊ ဟယ် ပရဝါဒီ။
"စက္ခာယတနံ (ပေ) သင်္ဂဟိတ" န္တိ၊ ဟူ၍။
ဝတ္တဗ္ဗေ( ဝတ္တဗ္ဗံ) ဝတ၊ စင်စစ် ဧကန် အမှန်ဆိုထိုက်၏။
အယံ၊ ဤသင်္ဂဟသည်။
ဂဏနသင်္ဂဟော နာမ၊ မည်၏။
ဝါ၊ တပေါင်းတည်း ရေတွက်ခြင်းအားဖြင့် သိမ်းယူခြင်း မည်၏။
အယံ၊ ဤဂဏန သင်္ဂဟကို။
ဣဓ၊ သင်္ဂဟော အသင်္ဂဟော အစရှိသော ဤပါဠိရပ်တိ့၌။
အဓိပ္ပေတော၊ အလိုရှိအပ်၏။
[ဂဏန၊ ဟူသည် ၁,၂ စသော သင်္ချာမဟုတ်။
စက္ခာယတနကို ရူပက္ခန္ဓာဖြင့် သိမ်းယူရေတွက်ခြင်းဟူသော ဂဏန မျိုးတည်း။]
တပ္ပဋိပက္ခေန၊ ထိုသင်္ဂဟ၏ ဆန့်ကျင်ဘက်အားဖြင့်။
အသင်္ဂဟော၊ အသင်္ဂဟကို။
ဝေဒိတဗ္ဗော၊ သိထိုက်၏။
တေသံ၊ ထို သင်္ဂဟ အသင်္ဂဟတို့၏။
ဝိကပ္ပတော၊ အမျိုးမျိုး အဖုံးဖုံ ပြုစီရင်ခြင်းအားဖြင့်။
တေသံ ဝိကပ္ပတော။ ။ "ဝိဝိဓကပ္ပနတော" ဟု ဋီကာ ဖွင့်၏။ ထို သင်္ဂဟ အသင်္ဂဟ ၂ ပုဒ်တို့က အမျိုးမျိုး ပြောင်းလွှဲ၍ ပြုစီရင်နိုင်ခြင်းကြောင့် "သင်္ဂဟိတေန အသင်္ဂဟိတံ" စသည်ဖြင့် ဒုတိယနယ စသော ပုဒ်များ ဖြစ်ကြရသည်- ဟူလို။ ထို ဝိကပ္ပဟူသည်လည်း အကျယ် ဝေဖန်အပ်သော အပြားပင်တည်း။ ထို့ကြောင့်ဝိဝိဓကပ္ပနတော- ကိုပင်" ဝိဘာဂတောတိ အတ္ထော" ဟု ဋီကာ၌ အဖြောင့် အနက်ကို ဖွင့်သည်။ "သမ္ပယောဂ ဝိပ္ပယောဂ " ၂ ပုဒ်တို့၏ ဝိဝိဓကပ္ပနကြောင့် "သမ္ပယုတ္တေန ဝိပ္ပယုတ္တံ" ဟသော နယကို ပြားရပုံကိုလည်းကောင်း၊ သင်္ဂဟ အသင်္ဂဟ, သမ္ပယောဂ ဝိပ္ပယောဂ ၂ မျိုးတို့ ရောနှော၍ ဝိဝိဓကပ္ပနဖြစ်သောကြောင့် "သင်္ဂဟိတေန သမ္ပယုတ္တံ ဝိပ္ပယုတ္တံ" စသည်ဖြင့် ဧကာဒသမ စသော နယတို ပြားရပုံကို လည်းကောင်းသိပါ။
ဝါ၊ အမျိုးမျိုး အဖုံးဖုံ ပြုစိရင်အပ်သော အပြားအားဖြင့်။
သင်္ဂဟိတေန အသင်္ဂဟိတာဒီနိ၊ သင်္ဂဟိတေန အသင်္ဂဟိတာ အစ ရှိသော နယပုဒ်တို့သည်။
(ဟောန္တိ)၊
[အာဒိ ဖြင့် အသင်္ဂဟိတေန အသင်္ဂဟိ တံ ဟူသော ပဉ္စမနယပုဒ်တိုင်အောင် ယူပါ။]
ဧကုပ္ပါဒေကနိရောဓဧကဝတ္ထုကဧကာရမ္မဏတာဝသေန၊ တူသော ဖြစ်ခြင်း ရှိကုန်သည်၏ အဖြစ်, တူသော ချုပ်ခြင်း ရှိကုန်သည်၏ အဖြစ်, တူသော မှီရာ ရှိကုန်သည်၏ အဖြစ်, တူသော အာရုံရှိကုန်သည်၏ အဖြစ်၏ အစွမ်းဖြင့်။
သမ္ပယောဂေါ၊ သမ္ပယောဂသည်။
(ဟောတိ)၊
တပ္ပဋိပက္ခတော၊ ထို သမ္ပယောဂ၏ ဆန့်ကျင်ဘက်အားဖြင့်။
ဝိပ္ပယောဂေါ၊ ဝိပ္ပယောဂသည်။
(ဟောတိ)၊
တေသံ၊ ထို သမ္မယောဂ, ဝိပ္ပယောဂ တို့၏။
ဝိကပ္ပတော၊ အားဖြင့်။
ဝါ၊ အားဖြင့်။
သမ္ပယုတ္တေန ဝိပ္ပယုတ္တန္တိအာဒီနိ၊ သမ္ပယုတ္တေန ဝိပ္ပယုတ္တံ အစရှိသော နယပုဒ်တို့သည်။
(ဟောန္တိ)၊
[အာဒိဖြင့် ဝိပ္ပယုတ္တေန ဝိပ္ပယုတ္တံ ဟူသော ဒသမနယပုဒ်တိုင်အောင် ယူပါ။]
တဒုဘယသံသဂ္ဂဝိကပ္ပတော၊ ထို သင်္ဂဟိတ အသင်္ဂဟိတ, သမ္ပယောဂ ဝိပ္ပယောဂ ၂ ပါးစုံးတို့၏ ရောနှောခြင်းဟူသော ဝိကပ်အားဖြင့်။
သင်္ဂဟိတေန သမ္ပယုတ္တံ ဝိပ္ပယုတ္တန္တိအာဒီနိ၊ သင်္ဂဟိတေန သမ္ပယုတ္တံ ဝိပ္ပယုတ္တံ အစ ရှိသော နယပုဒ်တို့သည်။
(ဟောန္တိ၊ )
[အာဒိဖြင့် ဝိပ္ပယုတ္တေန သင်္ဂဟိတံ အသင်္ဂဟိတံ ဟူသော စုဒ္ဒသမ နယပုဒ်တိုင်အောင် ယူပါ။ ဤတွင် နယမာတိကာအတွက် ထူးခြားသော အနက်တို့ကို ပြရာ စကားရပ် ပြီးပြီ။]
[နယ မာတိကာအတွက် ထူးခြားသော အနက်တို့ကို ဖွင့်ပြပြီး၍ ယခုအခါ၌ အဗ္ဘန္တရ မာတိကာအတွက် အနည်းငယ် ထူးခြားသော အနက်တို့ကို ဖွင့်ပြလိုသောကြောင့် "ပဉ္စက္ခန္ဓာတိ အာဒီနိ" အစရှိသော ပါဌ်ကို မိန့်။]
ပန၊ ကား။
ပဉ္စက္ခန္ဓာတိ အာဒီနိ၊ ပဉ္စက္ခန္ဓာ အစရှိသော ပုဒ်တို့ကို။
ခန္ဓာဝိဘင်္ဂါဒီသု၊ ခန္ဓဝိဘင်း အစရှိသော ဝိဘင်းတို့၌။
ဝုတ္တနယေနေဝ၊ ဟောတော်မူအပ်ပြီးသော နည်းဖြင့်ပင်။
ဝေဒိတဗ္ဗာနိ၊ ကုန်၏။
ပန၊ ဆက်။
ဧတ္ထ၊ ဤ အဗ္ဘန္တရ မာတိကာ၌။
ဿောဒယော၊ ဖဿ အစရှိသော တရားတို့ကို။
သန္နိဋ္ဌာန ဝသေန ဝုတ္တသဗ္ဗစိတ္တုပ္ပါဒသာဓာရဂတော၊ ဆုံးဖြတ်ခြင်းသဘော ဟူသော အဓိမောက္ခနှင့် ယှဉ်ခြင်း၏ အစွမ်းဖြင် ဟောတော်မူအပ်သော စိတ္တုပ္ပါဒ်, အလုံးစုံသော စိတ္တုပ္ပါဒ်တို့နှင့် ဆက်ဆံခြင်းကြောင့်။
(တနည်း) သန္နိဋ္ဌာနဝသေန ဝုတ္တသဗ္ဗစိတ္တုပ္ပါဒသာဓာရဏတော၊ ဆုံးဖြတ်ခြင်း သဘောဟူသော အဓိမောက္ခနှင့် ယှဉ်ခြင်း၏ အစွမ်းဖြင့် ဟောတော်မူအပ်သော အလုံး စုံသော စိတ္တုပ္ပါဒ် တို့နှင့် ဆက်ဆံခြင်းကြောင့်။
(ဘဂဝတာ) ဝုတ္တာ၊ ကုန်ပြီ။
ဣတိ၊ အပြီးတည်း။
[ဤပုဒ်တို့၏အဓိပ္ပါယ်ကို ဋီကာနိဿယ၌ ကြည့်ပါ။]
မာတိကာ ဝဏ္ဏနာ၊ သည်။
နိဋ္ဌိတာ၊ ပြီးပြီ။