ဘိက္ခဝေ၊ ရဟန်းတို့။
ဧဝမေဝ ခေါ၊ ဤအတူသာလျှင်။
ယေ၊ အကြင် အကြင်သတ္တဝါတို့သည်။
ခေတ္တဝတ္ထုပဋိဂ္ဂဟဏာ၊ လယ်, ယာတို့ကို ခံယူခြင်း, ခံယူစေခြင်း, သာယာခြင်းမှ။
“အဇေဠက အစ ခေတ္တဝတ္ထု အဆုံးရှိသော အရာတို့၌ ကပ္ပိယ, အကပ္ပိယ အဆုံးအဖြတ်ကို ဝိနည်းဆိုင်ရာ ရှု” ဟု အဋ္ဌကထာ၌ မှာ၏။"ရေတွင်း ရေကန် စသည်တို့ကို ခံယူခြင်း ခံယူစေခြင်း သာယာခြင်းတို့ကိုလည်း ခေတ္တဝတ္ထုပဋိဂ္ဂဟဏသဒ္ဒါဖြင့် ယူ ” ဟု ဋ္ဌ-၌ ပြသည်။
ပဋိဝိရတာ၊ ရှောင်ကြဉ်ကုန်၏။
တေ သတ္တာ၊ ထိုသတ္တဝါတို့သည်။
အပ္ပကာ၊ နည်းကုန်၏။
အထ ခေါ၊ စင်စစ်သော်ကား။
ယေ၊ အကြင်သတ္တဝါတို့သည်။
ခေတ္တဝတ္ထုပဋိဂ္ဂဟဏာ၊ လယ်, ယာတို့ကို ခံယူခြင်း, ခံယူစေခြင်း, သာယာခြင်းမှ။
အပ္ပဋိဝိရတာ၊ မရှောင်ကြဉ်ကုန်။
ဧတေဝ သတ္ထာ၊ ဤ သတ္တဝါတို့သည်သာလျှင်။
ဗဟုတရာ၊ များကုန်၏။
ပ။
ပဌမံ၊ ရှေးဦးစွာသောသုတ်တည်း။
( ဤသုတ်မှစ၍ ထူးရာကိုသာ ရေးအံ့၊ ချဲ့ထွင်၍ ပေးလေ။)
ကယဝိက္ကယာ၊ ဝယ်မှု ရောင်းမှုမှ။
ဒုတိယံ၊ နှစ်ခုမြောက်သောသုတ်တည်း။
ဒူတေယျပဟိနဂမနာနုယောဂါ၊ တမန်မှု, အစေအပါးခံ၍ သွားလာမှုတို့ကို အားထုတ်ခြင်းမှ။
တတိယံ၊ သုံးခုမြောက်သောသုတ်တည်း။
တုလာကူဋကံသကူဋမာနကူဋာ၊ ချိန်စဉ်းလဲ, ခွက်စဉ်းလဲ, ချင့်စဉ်းလဲခြင်းမှ။
စတုတ္ထံ၊ လေးခုမြောက်သောသုတ်တည်း။
ဥက္ကောဋန ဝဉ္စန နိကတိ သာစိယောဂါ၊ တံစိုးယူခြင်း ဟူသော ကောက်ကျစ်ခြင်း, လှည့်ပတ်ခြင်းဟူသော ကောက်ကျစ်ခြင်း, လိမ်လည်ခြင်း ဟူသော ကောက်ကျစ်ခြင်းမှ။
(သာစိ- ယောဂေါတိ ကုဋိလယောဂါ။ ဋ္ဌ။ ဥလ္လောနသာစိယောဂ, ဝဉ္စနသာစိယောဂ, နိကတိသာစိယောဂ ဟု အသီးသီးတွဲ။)
ပဉ္စမံ၊ ငါးခုမြောက်သောသုတ်တည်း။
ဆေဒန ဝဓ ဗန္ဓန ဝိပရာမောသ အာလောပ သဟသာကာရာ၊ ဖြတ်ခြင်း, ညှဉ်းဆဲခြင်း (ဝဓ=ဟိံ သနတ္တ။ ဋီ။),နှောင်ဖွဲ့ခြင်း (ခရီးသွားတို့ကို) လုယက်ခြင်း, (ရွာ, နိဂုံး တို့ကို)တိုက်ဖျက်ခြင်း (နိုင်ထက်စီးနင်းပြုခြင်း)ဓားပြတိုက်ခြင်းမှ။
ဤသုတ်၌ ဆေဒန တသုတ်, ဂဓသုတ်, ဗဒ္ဓန တသုတ်, ဝိပရာမောသ တသုတ်, အာလောပတသုတ်, သဟသာကာရ တသုတ်ဟု ၆-သုတ်ခွဲ၍ ပြထားသည်။
(ဝိပရာမောသ၌ ဝိ+ပရိ+ အာ+မုသဓာတ်+ဏ ပစ္စည်း၊ မုသဓာတ် ထေယျတ္ထ ကြံ။အကြွင်းပေးမြဲ။)
ဧကာဒသမံ၊ တဆယ့်တခုမြောက်သောသုတ်တည်း။
ဒသမော၊ ဆယ်ဝဂ်မြောက်ဖြစ်သော။
စတုတ္ထအာမကညပေယျာလဝဂ္ဂေါ၊ စတုတ္ထအာမကညပေယျာလဝဂ်တည်း။
တဿ၊ ထိုဝဂ်၏။
ဥဒ္ဒါနံ၊ ဥဒ္ဒါန်းကား-
ခေတ္တံ၊ ခေတ္တဝတ္ထုသုတ်၎င်း။
ကယံ၊ ကယဝိစ္ဆယသုတ်၎င်း။
ဒူတေယျဉ္စ၊ ဒူတေယျ သုတ်၎င်း။
တုလာကူဋံ၊ တုလာကူဋသုတ်၎င်း။
ဥက္ကောဋနံ၊ ဥက္ကောဋနသုတ်၎င်း။
ဆေဒနံ၊ ဆေဒနသုတ်၎င်း။
ဝဓဗန္ဓနံ၊ ဝဓသုတ်, ဗန္ဓနသုတ်၎င်း။
ဝိပရာလောပံ၊ ဝိပရာမောသသုတ်, အာလောပသုတ်၎င်း။
သာဟသံ၊ သဟသာကာရသုတ်၎င်းတည်း။
ဣတိ၊ ဤသည်တည်း။