Issues
Select Version
莊春江讀經站
繁体中文
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Dukanipātapāḷi

8. Sukkasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

သုက္ကာ၊ (ပင်ကိုသဘောအားဖြင့်) ဖြူစင်ကုန်သော။ ဝါ၊ ဖြူစင်ဘုန်းရှိ သုဂတိ ဘဝ၏ အကြောင်းဖြစ်ကုန်သော။ ပ။
ဟိရီစ၊ မကောင်းမှုကို စက်ဆုပ်တတ်သော တရားလည်းကောင်း။ ဩတ္တပ္ပဉ္စ၊ မကောင်းမှုကြောင့် ကြောက်လန့်တတ်သော တရားလည်းကောင်းတည်း။ ပ။
အဋ္ဌမံ။နောက်တနည်းအဖွင့်။ ။ တနည်းအားဖြင့် အကုသိုလ်တရား အားလုံးတို့သည် အပ္ပဘဿရဘာဝရဏတော- စိတ်ကိုမတောက်မပြောင် မဲမှောင်မည်းညစ်အောင်ပြုတတ်သောကြောင့် ပင်ကိုမူလသဘောအားဖြင့်ပင် မည်းညစ်သော တရားများဖြစ်၏။ ထို့ကြောင့် အကုသိုလ်တရားတို့ကို ကဏှာဟုဟောတော်မူသည်၊ နိဿယခန်း၌ ဤဒုတိယနည်းကို ရှေးဉီးစွာ အနက်ပြန်ဆိုထားသည်။
ထို့အပြင် ကုသိုလ်တရားတို့သည် သုက္ကာဘိဇာတိ(ဖြူစင်ဘုန်းရှိသုဂတိဘဝ)၏ အကြောင်းဖြစ်သောကြောင့်(ဝါ- ထိုသုက္ကာဘိဇာတိသို့ ပို့ဆောင်တတ်သောကြောင့်) ဖလူပစာရအားဖြင့် သုက္ကအမည်ရပုံနှင့် စိတ်ကို ဖြူစင်တောက်ပြောင်အောင် ပြုတတ်သောကြောင့် ပင်ကိုမူလ သဘောအားဖြင့်ပင်သုက္ကအမည်ရပုံကိုလည်းသိပါလေ။