ဤဋီကာဝိဂြိုဟ်ကို နည်းမှီး၍ “တိကဏ္ဍကီဝနေ၊ ခံပင်ခြုံသုံးခုရှိသောတော၌” ဟု အနက်ပြန်ဆိုလျှင် ဖြစ်နိုင်ပေ၏သို့သော် မဟာကရမန္ဒဝနေ ဟုလည်းကောင်း တဗ္ဗဟုလတာယ ဟုလည်းကောင်း ဖွင့်သောကြောင့် ခံပင်ခြုံမှာ သုံးခြုံမက အများ ကြီးရှိသော တောကြီးဖြစ်ရကား ယင်းဋ္ဌ၊ ဋီအဖွင့်နှင့် မကိုက်ညီတော့ပေ၊ အကယ်၍ သာကေတမြို့ အနီး၌ ကဏ္ဍကီမည်သော တောတခုနှင့် တိကဏ္ဍကီမည်သော တောတခုဟု တောနှစ်ခုရှိကြောင်း သေချာစွာ သိရလျှင်ကားတိသော ကဏ္ဍကိယော တိကဏ္ဍကီတိကဏ္ဍကီဟိ ဥပလက္ခိတံ ဝနံ တိကဏ္ဍကီဝနံ=ခံပင်ခြုံသုံးခုတို့ဖြင့် မှတ်သားအပ်သောတော” ဟူသော အနက်ကို သံသယကင်းရှင်းစွာပြန်ဆိုရာ၏။ ၊ တိကဏ္ဍကီမည်သောတော၌။ ဝိဟရတိ၊ ၏။
ဝိဟရေယျ၊ နေပါမူကား။ သာဓု၊ ကောင်းလေစွာ့။ ၂။အပ္ပဋိကူလေ ပဋိကူလသည် ဝိဟရေယျ။ ။ဆွေမျိုးမိတ်ဆွေစသော ဣဋ္ဌာရုံ တို့သည် အပ္ပဋိကူလ (ချစ်ခင်နှစ်သက်ဖွယ်) သတ္တဝါအာရုံများ ဖြစ်၏၊ ထိုအပ္ပဋိကူလ သတ္တဝါဖြစ်သော ဣဋ္ဌာဂုံတို့၌ ဆံပင်အမွေးစသော မတင့်တယ်သော အသုဘအစု အဝေးတွေပါတကားဟု ဆင်ခြင်နှလုံးသွင်းရ၏၊ ဣဋ္ဌာရုံဖြစ်သော ရုပ်တရားတို့သည်အပ္ပဋိကူလဖြစ်သော သင်္ခါရအာရုံများဖြစ်၏၊ ထိုဣဋ္ဌာရုံရုပ်သင်္ခါရတို့၌ အနိစ္စ, ဒုက္ခ, အနတ္တ,ဝိပရိဏာမ တရားများပါတကား ဟု နှလုံးသွင်းရ၏၊ ထိုကဲ့သို့ အပ္ပဋိကူလ သတ္တဝါသင်္ခါရဖြစ်သော ဣဋ္ဌာရုံတို့၌ လည်းကောင်း၊ အနိစ္စသည် နှလုံးသွင်းခြင်းဖြင့်လည်းကောင်း ပဉ္စလီ (စက်နှင့် နှလုံးသွင်းခြင်းဖြင့် ဖွယ်) သဘောပေါ်လွင်အောင် ရှုမှတ်နေပါမူကား ကောင်းလေစွ ဟု ဟောတော်မူသည်။
ဘိက္ခဝေ၊ တို့။ ဘိက္ခု၊ သည်။ ကာလေန ကာလံ၊ ၌။ ပဋိကူလေ၊ စက်ဆုပ်ဖွယ် အနိဋ္ဌာရုံ၌။ (စက်ဆုပ်မုန်းတီးဖွယ် သတ္တဝါ သင်္ခါရ ဖြစ်သောအနိဋ္ဌာရုံ၌) အပ္ပဋိကူလသညီ၊ စက်ဆုပ်ဖွယ်မဟုတ်ဟုရှုမှတ်သောသညာရှိလျက်။ (မေတ္တာဘာဝနာဖြန့်ခြင်းဖြင့် လည်းကောင်း၊ ဓာတ်သဘောသက်သက်မျှသာဟု“နှလုံးသွင်းခြင်းဖြင့်လည်းကောင်း၊ စက်ဆုပ်ဖွယ်မဟုတ်သောသဘောပေါ်လွင်အောင် ရှုမှတ်လျက်) ဝိဟရေယျ၊ နေပါမူကား။
ထို့နောက် အပ္ပဋိကူလ, ပဋိကူလဟူသော အာရုံနှစ်မျိုး၌ အသုဘဟု နှလုံး သွင်းခြင်းအနိစ္စစသည်ဟု နှလုံးသွင်းခြင်းအားဖြင့် ပဋိကူလသဘောပေါ်လွင်အောင် ရှုမှတ်နေရမည်ကိုလည်းကောင်းပဋိကူလ, အပ္ပဋိကူလဟူသော အာရုံနှစ်မျိုး၌ မေတ္တာ ဘာဝနာဖြန့်ခြင်းဓာတ်သဘောမျှသာဟု နှလုံးသွင်းခြင်းအားဖြင့် အပ္ပဋိကူလသဘော ပေါ်လွင်အောင် ရှုမှတ်နေရမည်ကိုလည်းကောင်း ဟောတော်မူသည်။ ဘိက္ခဝေ၊ တို့။ပ။ အပ္ပဋိကူလေ စ၊ ၌လည်းကောင်း။ ပဋိကူလေ စ၊ ၌လည်းကောင်း။ ပဋိကူလ သညီ၊ ရှိလျက်။ ဝိဟရေယျ၊ ကား။