အာဝုသော၊ ရှင်။
ဥဘတောဘာဂဝိမုတ္တော၊ နှစ်ပါးသောအဖို့တို့ဖြင့် လွတ်မြောက်သော ပုဂ္ဂိုလ်။
ဥဘတောဘဂဝိမုတ္တော၊ ဂ္ဂိုလ်။
ဣတိ၊ သို့။
ဝုစ္စတိ၊ ၏။
အာဝုသော၊ ရှင်။
ကိတ္တာဝတာ၊ အဘယ်မျှ ပမာဏရှိသော လွတ်မြောက်ခြင်းကြောင့်။
ဥဘတောဘာဂဝိမုတ္တော၊ ပုဂ္ဂိုလ်ဟူ၍။
ဘဂဝတာ၊ သည်။
ဝုတ္တော နုခေါ၊ နည်း။
ဣတိ၊ သို့။
အဝေါစ၊ မေးမြန်းပြီ။
။ပ။၊
တဒါယတနံ၊ ထိုပဌမဈာန်ဟူသော ထောက်တည်မှီခိုရာသည်။
(ဟောတိ)။ပ။ နံ၊ ထိုပဌမဈာန်ကို။
ကာယေန၊ သဟဇာတနာမကာယဖြင့်။
ဖုသိတွာ၊ ၍။
ဝိဟရတိ၊ ၏။
စ၊ ထို့အပြင်။
ပညာယ၊ ဝိပဿနာပညာဖြင့်။
နံ၊ ထိုပဌမဈာန်ကို။
ပဇာနာတိ၊ ၏။
အာဝုသော၊ ရှင်။
ဧတ္တာဝတာပိ၊ ဤမျှပမာဏရှိသော လွတ်မြောက်ခြင်းကြောင့်လည်း။
(ဤမျှ ပမာဏရှိသော ပဌမဈာန်သို့ရောက်၍နေခြင်း, ထိုပဌမဈာန်ကို သဟဇာတနာမကာယဖြင့် တွေ့ထိဝင်စားနေခြင်း၊ ထိုပဌမဈာန်ကို ဝိပဿနာ သညာဖြင့်ခွဲခြားသိခြင်းဖြင့် ကိလေသာအချို့တို့မှ လွတ်မြောက်ခြင်းကြောင့်လည်း။)
ပရိယာယေန၊ ဖြင့်။ပရိယာယနှင့် နိပ္ပရိသာယဥဘတော ဘာဂဝိမုတ္တ ။ ။ ဤသုတ်အင်္ဂုတ္တိုရ်ပါဠိတော်အတိုင်း ဖော်ပြရလျှင် ပဌမဈာန်ဝင်စားရာမှ ထ၍ ထိုပဌမဈာန်ကို ဝိပဿနာ ရှုသော ပုဂ္ဂိုလ်, ဒုတိယဈာန်ဝင်စားရာမှ ထ၍ ထို ဒုတိယဈာန်ကို ဝိပဿနာရှုသော ပုဂ္ဂိုလ်, တတိယ ဈာန် ။ပ။ နေဝသညာနာသညာယတနဈာန်ဝင်စားရာမှ ထ၍ ထိုဈာန်ကို ဝိပဿနာ ရှုသော ပုဂ္ဂိုလ်အားဖြင့် ရှစ်ယောက်သော ပုဂ္ဂိုလ်တို့သည် အရည်အချင်းပြည့် ဥဘတောဘာဂဝိမုတ္တနာမည်ရရန် အကြောင်း (ပရိယာယ်) လုံလောက်မှ မရှိကြ၊ ထိုပုဂ္ဂိုလ် ရှစ်ယောက်တို့သည် မိမိတို့ ရထားသော သမထဈာန်ကိုဝင်စားခြင်း, ဈာန်မှ ထ၍ ဝိပဿနာရှုခြင်းတည်းဟူသော မကင်းစကောင်း အကြောင်းတချို့တလေမျှဖြင့် ထိုနာမည်ကို ရကြ၏၊ ထို့ကြောင့် ယင်းပုဂ္ဂိလ်ရှစ်ယောက်တို့ကို ပရိယာယဥဘတောဘာဂဝိမုတ္တဟုခေါ်၏၊ [ဥဘတောဘာဂေဟိ- (သမထဝိပဿနာဟူသော) နှစ်ပါးသော အဖို့တို့ဖြင့်။ ဝိမုတ္တော- ဆန့်ကျင် ဘက် ကိလေသာအချို့မှ လွတ်မြောက်သော ပုဂ္ဂိုလ်။]
ထို့အပြင် ယင်းပုဂ္ဂိုလ်ရှစ်ဦးလုံးပင် အာသဝကုန်ခန်း ရဟန္တာများမဟုတ်ဟု သိသာ၏၊ ဘာကြောင့်နည်း၊ ထိုပုဂ္ဂိုလ်ရှစ်ဦးအတွက် အာသဝကုန်ခန်းပုံကို ပြသော "ပညာယ စဿ ဒိသွာ အာသဝါ ပရိက္ခီဏာ ဟောန္တိ" ဟူသော စကားဝါကျမပါ၊ "ပညာယ စ နံ ပဇာနာတိ" ဟူသောဝိပဿာနာရှုပုံကို ပြသော ဝါကျမျှသာပါ၏။ ထိုကြောင့် ရဟန္တာပုဂ္ဂိုလ်များ မဟုတ်ဟု သိသာ၏။
ကိုးယောက်မြောက် နောက်ဆုံးပုဂ္ဂိုလ်သည်ကား၊ ရှေးဦးစွာနိရောဓ သမာပတ်ကို ဝင်စား၏၊ ထို့နောက် နိရောဓသမာပတ်မှ ထ၍ သင်္ခါရတရားတို့ကို အနိစ္စတာစသည်ဖြင့် ရှုမှတ်သုံးသပ်ခြင်းကြောင့် အာသဝကုန်ခန်းရဟန္တာအဖြစ်သို့ရောက်၏၊ ထိုရဟန္တာပုဂ္ဂိုလ်သည်သာ နိပ္ပရိယာယဥဘတောဘာဝမုတ္တဖြစ်၏၊ ပါဠိတော်၌ ဖော်ပြထားသော နိရောဓသမာပတ်ဝင်စားခြင်း စသော အကြောင်ဂုဏ်အရည်အချင်း လုံလောက်စွာဖြင့် ဥဘတောဘဂဝိမုတ္တအဖြစ်သို့ ရောက်သောကြောင့် ထိုရဟန္တာပုဂ္ဂိုလ်သည်သာ ပရိယာယ်မဟုတ် မုချ ဥဘတောဘာဂဝိမုတ္တအစစ်ဖြစ်သည်ဟုဆိုလို၏၊ ဤနေရာ၌ ဥဘတောဘာဂဝိမုတ္တပုဒ်၏ ဝစနတ္ထနှင့် ရှင်းလင်းချက်ကို သတ္တကနိပါတ်စာပိုဒ် (၁၄) ပုဂ္ဂလသုတ်၌ ဆက်လက်ကြည့်ရှုပါ။
ပုဂ္ဂလပညတ်ပါဠိအဋ္ဌကထာ ။ ။ ပုဂ္ဂလပညတ်ပါဠိတော် (၁၁၇) နှင့်, ၎င်းအဋ္ဌကထာ (၄၀၊၄၁) အတိုင်း အတိအကျပြရလျှင် ဥဘတောဘာဂဝိမုတ္တအမည်ရသော ပုဂ္ဂိုလ်အားလုံးသည် သမာပတ်ရှစ်ပါးနှင့် ပြည့်စုံသော ရဟန္တာပုဂ္ဂိုလ်များချည်းသာ ဖြစ်ရ၏၊ အောက်ထစ်ဆုံးအားဖြင့် အာကာသာနဉ္စာယတနစသော အရူပဈာန်တပါးတလေမျှပင်ရသော ရဟန္တာပုဂ္ဂိုလ်ဖြစ်ရ၏။
မှန်၏၊ အာကာသာနဉ္စယတနဈာန်တပါးမျှရလျှင် ရူပကာယမှ လွတ်မြောက်ပြီးဖြစ်ရကား ထိုဈာန်ကို အခြေခံပြု၍ ဝိပဿနာရှုပွားပြီး ရဟန္တာဖြစ်သော ပုဂ္ဂိုလ်သည် ကိလေသာနာမကာယအားလုံးမှ လွတ်မြောက်သောကြောင့် သမာပတ်ရှစ်ပါးအပြည့်အစုံ မရစေကာမူ ဥဘတောဘာဂဝိမုတ္တဟူသော နာမည်ကို ထိုက်ထိုက်တန်တန် ရနိုင်ပေတော့၏၊ ထိုပုဂ္ဂလပညတ်အလို ပရိယာယ နိပ္ပရိယာယခွဲခြားပုံမှာ-
(၁) အာကာသာနဉ္စာယတနစသော အရူပဈာန်လေးပါးတို့တွင် တပါးပါးကို ဝိပဿနာ၏ အခြေခံအဖြစ်ဖြင့် ဝင်စား၍ ဈာန်မှ ထပြီးနောက် သင်္ခါရတို့ကို အနိစ္စစသည်ဖြင့် ရှုမှတ်သုံးသပ်ခြင်းကြောင့် ရဟန္တာအဖြစ်သို့ ရောက်သော ပုဂ္ဂိုလ်လေးဦး၊ (အရူပဈာန်လေးပါးရှိ၍ လေးဦးဟု ဆိုသည်။) (၂) သမာပတ္တိသီသ (ထိပ်ဆုံးသမာပတ်) ဖြစ်သော နိရောဓသမာပတ်ဝင်စားရာမှ ထပြီး သင်္ခါရတို့ကို ရှုမှတ်သုံးသပ်ခြင်းကြောင့် ရဟန္တာအဖြစ်သို့ ရောက်သောပုဂ္ဂိုလ်ဟူ၍ နှစ်မျိုးရှိရာတွင် (၁) သမာပတ္တိသီသကို မဝင်စားသောကြောင့် ပရိယဥဘတောဘဂဝိမုတ္တမည်၏၊ (၂) သည်သမာပတ္တိသီသကို ဝင်စားသောကြောင့် နိပ္ပရိယာယဥဘတောဘာဂဝိမုတ္တမည်၏၊ ဤ(၂) သတ်မှတ်ချက်သည် အင်္ဂုတ္တိုရ်ပါဠိတော်နှင့် အတူတူပင် ဖြစ်၏။ ထို့အပြင်-
ပုဂ္ဂလပညတ်ပါဠိအဋ္ဌကထာအဆိုအမိန့်၌ အင်္ဂုတ္တိုရ်ထက်ထူးခြားသည်မှာ ဥဘတော ဘာဂဝိမုတ္တပုဂ္ဂိလ်ဖြစ်ခြင်း၏ အကြောင်းအင်္ဂါရပ်များ၌ ပဌမဈာန်စသော ရူပဈာန်များကို လုံးဝထည့်သွင်းမှု မပြုခြင်းဖြစ်၏၊ ထို့အပြင် "ပညာယ စ နံ ပဇာနာတိ" ဟူသော ပါဠိတော်နှင့်အညီ အာကာသာနဉ္စာယတနစသော ဈာန်ကို ဝင်စားပြီး ဝိပဿနာရှုမှတ်ရုံမျှဖြင့် ပရိယာယ်အားဖြင့် ဥဘဝေါဘာဂဝိမုတ္တဖြစ်နိုင်ခြင်းကို အင်္ဂုတ္တိုရ်၌သာ ဟောတော်မူ၍ ပုဂ္ဂလပညတ်၌ မဟောခြင်းသည်လည်း ထူးခြားချက်တခုပင် ဖြစ်၏။
ထို့ကြောင့် ပုဂ္ဂလပညတ်အလို သမာပတ်ရှစ်ပါးလုံးကို ဝင်စားရုံ, ဝိပဿနာရုံမျှဖြင့် ဥဘတောဘာဂဝိမုတ္တ မဖြစ်နိုင်၊ ပဌမဈာန်စသော ရူပါဝစရဈာန်ကိုကား ဝင်စားရုံ ဝိပဿနာရှုရုံမျှမက ဝိပဿနာရှုပြီးရဟန္တာပင်ဖြစ်သွားသော်လည်း ထိုရဟန္တာအရှင်မြတ်သည် ဥဘတော ဘာဂဝိမုတ္တနာမည်ကိုမရနိုင်၊ ဤနေရာဝယ် ပုဂ္ဂလပညတ်အဋ္ဌကထာ၌ စောဒနာတခုပြထားသည်မှာ-
ရူပါဝစရစတုတ္ထဈာန်သည် ဥပေက္ခာ, ဧကဂ္ဂတာဟူသော ဈာန်အင်္ဂါနှစ်ပါးရှိပုံခြင်းအားဖြင့် အရူပါဝစရဈာန်နှင့် အတူတူပင်ဖြစ်သောကြောင့် ယင်းသို့ တူသော ရူပစတုတ္ထဈာန်ကို ဝိပဿနာ၏ အခြေခံပဒဋ္ဌာန်ပြု၍ ရဟန္တာအဖြစ်သို့ ရောက်သော ပုဂ္ဂိုလ်သည် ဥဘတောဘာဂဝိမုတ္တ ဖြစ်နိုင်ပါသလော၊ မဖြစ်နိုင်ပါ၊ အဘယ့်ကြောင့်ပါနည်း၊ ရူပကာယမှ မလွတ်မြောက်သောကြောင့်တည်း၊ အနည်းငယ်မျှ ချဲ့ထွင်းရေးပြရသော်-
ထိုရူပစတုတ္ထဈာန်သည် နီဝရဏတည်းဟူသော နာမကာယတချို့မှသာ လွတ်မြောက်၍ ရူပကာယမှ မလွတ်မြောက်သောကြောင့် ထိုစတုတ္ထဈာန်မှ ထ၍ ကိလေသာနာမကာယအားလုံးမှ လွတ်မြောက်သော ရဟန္တာပုဂ္ဂိုလ်သည် ဧကတောဘာဂဝိမုတ္တ (တဖက်လွတ်) ပုဂ္ဂိုလ်သာဖြစ်၍ ဥဘတော ဘာဂဝိမုတ္တ (နှစ်ဖက်လွတ်) ပုဂ္ဂိုလ်မဖြစ်၊ အာကာသာနဉ္စာယတနစသော အရူပဈာန်သည်ကား နီဝရဏဟူသော နာမကာယတချို့မှ လွတ်မြောက်သည်သာ မက ရူပတဏှာကို ပယ်ခွာနိုင်ခြင်းကြောင့် ရူပကာယမှလည်း လွတ်မြောက်ပြီးဖြစ်၏၊ သို့ဖြစ်ရကား အာကာသာနဉ္စာယတနစသော ဈာန်သည် တစိတ်တဒေသအားဖြင့် ဥဘတောဘာဂဝိမုတ္တနာမည်ကို ရနှင့်ပြီဖြစ်၏။ ထို့ကြောင့် အာကာသာနဉ္စာယတနစသော အရူပဈာန်ကို အခြေခံပြု၍ ကိလေသာနာမကာယအားလုံးမှ လွတ်မြောက်သော ရဟန္တာပုဂ္ဂိုလ်သည် လုံးဝဥသုံ ဥဘတောဘာဂဝိမုတ္တပုဂ္ဂိုလ်ဖြစ်ပေတော့၏၊[မူလဋီကာအဖွင့် (၃၅) ကိုပါဖြည့်စွက်ရေးသားထားပါသည်။] (သဟဇာတနာမကာယဖြင့် ပဌမဈာန်ကိုတွေ့ထိဝင်စားနေခြင်း, ထိုပဌမဈာန်ကို ဝိပဿနာပညာဖြင့် ခွဲခြားသိခြင်းဟူသော အကြောင်းအရိယာယ်တချို့တလေမျှဖြင့်။) ဥဘတောဘာဂဝိမုတ္တော၊ နှစ်ပါးသော အဖို့တို့ဖြင့် လွတ်မြောက်သောပုဂ္ဂိုလ်ဟူ၍။ (သမထဝိပဿနာဟူသော နှစ်ပါးသော အဖို့တို့ဖြင့် ကိလေသာအချို့တို့မှ လွတ်မြောက်သောပုဂ္ဂိုလ်ဟူ၍။) ဘဂဝတာ၊ သည်။ ဝုတ္တော၊ ပြီ။ ။ပ။၊

ပုနစပရံ၊ နောက်ထပ်အခြားသော ဥဘတောဘာဂဝိမုတ္တခေါ်ဆိုနိုင်ခြင်း၏အကြောင်းကား။
ဘိက္ခု၊ သည်။
သဗ္ဗသော ။ပ။ စ၊ ထို့အပြင်။
အဿ၊ ထိုရဟန်း၏။
ပညာယ၊ ဝိပဿနာပညာ, အရဟတ္တမဂ်ပညာဖြင့်။
ဟောန္တိ၊ ဖြစ်ကုန်၏။
စ၊ ထို့အပြင်။
ယထာ ယထာ၊ ဖြင့်။
တဒါယတနံ၊ ထိုအာသဝကုန်ခန်းကြောင်း အရဟတ္တမဂ် ပညာဟူသော ထောက်တည်မှီခိုရာသည်။
(ဟောတိ) တထာ တထာ၊ ဖြင့်။
နံ၊ ထိုအရဟတ္တမဂ်ပညာကို။
ကာယေန၊ ဖြင့်။
ဖုသိတွာ၊ ၍။
ဝိဟရတိ၊ ၏။
စ၊ ထို့အပြင်။
ပညာယ၊ ပစ္စဝေက္ခဏာပညာဖြင့်။
နံ၊ ထိုအရဟတ္တမဂ်ပညာကို။
ပဇာနာတိ၊ ပြန်လည်ဆင်ခြင်သောအားဖြင့် သိ၏။
အာဝုသော၊ ငါ့ရှင်။
ဧတ္တာဝတာပိ၊ ဤမျှပမာဏရှိသော လွတ်မြောက်ခြင်းကြောင့်လည်း။
(ဤမျှပမာဏရှိသော နိရောဓသမာသတ်သို့ ဆိုက်ရောက် ဝင်စားနေခြင်း, နိရောဓသမာပတ်မှ ထပြီးနောက် အာသဝကုန်ခန်း၍ အရဟတ္တမဂ်ပညာကို သဟဇာတနာမကာယဖြင့် တွေ့ထိဆိုက်ရောက်မျက်မှောက်ပြုခြင်းဖြင့် ကိလေသာအားလုံးတို့မှ လွတ်မြောက်ခြင်းကြောင့်လည်း။)
နိပ္ပရိယာယေန၊ ပရိယာယ်မဟုတ်မုချအားဖြင့်။
ဝါ၊ အကြောင်းမရိယာယ် တချို့တလေမျှ မဟုတ်ဘဲ အားလုံးစုံအားဖြင့်။
(နိရောဓသမာပတ်ကို ဝင်စားခြင်း, နိရောဓသမာပတ်မှ ထပြီးနောက် အာသဝကုန်ခန်း၍ အရဟတ္တမဂ်ပညာကို သဟဇာတနာမကာယဖြင့် တွေ့ထိဆိုက်ရောက် မျက်မှောက်ပြုနေခြင်း, ထိုအရဟတ္တမဂ်ပညာကို ပစ္စဝေက္ခဏာဉာဏ်ဖြင့် ပြန်လည်ဆင်ခြင်သိခြင်းကြောင့် အကြောင်းပရိယာယ်တချို့တလေမျှ မဟုတ်ဘဲ အားလုံးစုံသော အကြောင်းအားဖြင့်။)
ဥဘတောဘာဂဝိမုတ္တော၊ နှစ်ပါးသော အဖို့တို့ဖြင့် နှစ်ပါးသော အဖို့တို့မှ လွတ်မြောက်သော ပုဂ္ဂိုလ်ဟူ၍။
(အရူပသမာပတ်နှင့် အရဟတ္တမဂ်ဟူသော နှစ်ပါးသော အဖို့တို့ဖြင့် ရူပကာယ, နာမကာယဟူသော နှစ်ပါးသော အဖို့တို့မှလွတ်မြောက်သောပုဂ္ဂိုလ်ဟူ၍။)
ဘဂဝတာ၊ သည်။
ဝုတ္တော၊ ပြီ။
ဣတိ (အဝေါစ)၊ ။
စတုတ္ထံ၊