Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
中文翻译1
中文
Vibhaṅgapāḷi
Vibhaṅgapāḷi

1. Suttantabhājanīyaṃ

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

သမ္မပ္ပဓာနာ၊ မဖောက်မပြန်, မှန်ကန်သော အားထုတ်ကြောင်း လုံ့လတို့သည်။ စတ္တာရော၊ တို့တည်း။ ဣဓ၊ ဤ သာသနာတော်၌။ ဘိက္ခု၊ ဘာဝနာကို ကျင့်ကြံကြိုးကုတ်, အားထုတ်သော ရဟန်းသည်။ အနုပ္ပန္နာနံ၊ မဖြစ်ကုန်သေးသော။ ပါပကာနံ၊ မိမိကိန်းရာ သတ္တဝါကို အပါယ် ၄ ရွာသို့ကျရောက်စေတတ်ကုန်သော။ အကုသလာနံ၊ ကုန်သော။ ဓမ္မာနံ၊ တရားတို့ကို။ အနုပ္ပါဒါယ၊ မဖြစ်စေခြင်းငှာ။ ဆန္ဒံ၊ ကတ္တုကမျတာ ကုသလစ္ဆန္ဒကို။ ဇနေတိ၊ ဖြစ်စေ၏။ [အာသေဝမာနော၊ အဖန်တလဲလဲ မှီဝဲလျက် (အဖန်တလဲလဲ မှီဝဲသောအားဖြင့်)။] ဝါယမတိ၊ အားထုတ်၏။ [ဘာဝယမာနော၊ မိမိသန္တာန်၌ တိုးပွါးစေလျက်။ (မိမိသန္တာန်၌ တိုးပွါးစေသောအားဖြင့်)။] ဝီရိယံ၊ ဝီရိယကို။ အာရဘတိ၊ အားထုတ်၏။ [ဗဟုလိကရောန္တော၊ တနေ့တနေ့လျှင် ကြိမ်ဖန်များစွာ အလေ့အလာပြုလျက် (အားဖြင့်)။] စိတ္တံ၊ စိတ်ကို။ ပဂ္ဂဏှာတိ၊ ချီးမြှောက်၏။ [သာတစ္စံ ကရောန္တော၊ အဆက်မပြတ်ပြုလျက် (ပြုသောအားဖြင့်)။] ပဒဟတိ၊ ပြင်းစွာအားထုတ်၏။ ဥပ္ပန္နာနံ၊ ဥပ္ပန္နမည်ကုန်သော။ ကုသလာနံ၊ ကုသိုလ်ဖြစ်ကုန်သော။ ဓမ္မာနံ၊ တို့၏။ ဌိတိယာ၊ တည်ခြင်းငှာ။ အသမ္မောသာယ၊ မပျောက်ပျက်ခြင်းငှာ။ ဘိယျောဘာဝါယ၊ လွန်စွာ တိုးပွားခြင်းငှာ။ ဝေပုလ္လာယ၊ ပြန့်ပြောကုန်သည်၏ အဖြစ် အကျိုးငှာ။ ဘာဝနာယ၊ တိုးပွါးစေခြင်းငှာ။ ပါရိပူရိယာ၊ ပြည့်စုံလုံလောက်ကုန်သည်၏ အ ဖြစ်အကျိုးငှာ။ ဆန္ဒံ၊ ကို။ ။ပေ။ ပဒဟတိ၊ ဥဒ္ဒေသဝါရ ပြီး၏။
ကထဉ္စ၊ အဘယ်သို့လျှင်။ ဘိက္ခု၊ သည်။ ။ပေ။ ဇနေတိ၊ ဖြစ်စေသနည်း။ ။ပေ။ ပဒဟတိ၊ နည်း။
တတ္ထ၊ ထိုပါဠိရပ်၌။ အနုပ္ပန္နာ၊ ကုန်သော။ ပါပကာ အကုသလာ ဓမ္မာ၊ တို့သည်။ ကတမေ၊ အဘယ်တို့နည်း။ [ကြွင်း ပါဠိရပ်တို့ကို ဓမ္မသင်္ဂဏီ ပါဠိတော်၌ မှီ၍ ပေးပါ။]
ဆန္ဒံ ဇနေတီတိ၊ ဆန္ဒံ ဇနေတိ ဟူသော။
တတ္ထ၊ ထို ပါဠိရပ်၌။ ဆန္ဒေါ၊ ဆန္ဒဟူသည်။ ကတမော၊ အဘယ်နည်း။
ယော ဆန္ဒေါ၊ အကြင် ပြုလိုခြင်းသဘောသည်။ ယာ ဆန္ဒိကတာ၊ အကြင်ပြုခြင်းငှာ အလိုရှိသော စိတ်၏ ဖြစ်ကြောင်း ဖြစ်ရာသည်။ ယာ ကတ္တုကမျတာ၊ အကြင် ပြုခြင်း ငှာ လိုလားသော စိတ်၏ဖြစ်ကြောင်း ဖြစ်ရာသည်။ ကုသလော၊ ကောင်းသော ။ ယော ဓမ္မစ္ဆန္ဒေါ၊ အကြင် ပရမတ္ထသဘာဝဖြစ်သော ဆန္ဒသည်။ (အတ္ထိ)၊
ဣမံ ဆန္ဒံ၊ ဤ ဆန္ဒကို။ ဇနေတိ၊ ဖြစ်စေ၏။ သဉ္ဇနေတိ၊ ဖြစ်စေ၏။ ဥဋ္ဌပေတိ၊ ထကြွစေ၏။ သမုဋ္ဌပေတိ၊ ထကြွစေ၏။ နိဗ္ဗတ္တေတိ၊ ဖြစ်စေ၏။ အဘိနိဗ္ဗတ္တေတိ၊ ဖြစ်စေ၏။ (တနည်း) ဇနေတိ၊ ဆန္ဒကို ပြုလျက် ဖြစ်စေ၏။ သဉ္ဇနေတိ၊ မပြတ်မလပ် ပြုလျက် ဖြစ်စေ၏။ ဥဋ္ဌပေတိ၊ မလျှော့ကျအောင် ထကြွစေ၏။ သမုဋ္ဌပေတိ၊ အစဉ်မပြတ်တည်အောင် ထကြွစေ၏။ နိဗ္ဗတ္တေတိ၊ ဆန္ဒကို ထင်ရှားအောင် ဖြစ်စေ၏။ အဘိနိဗ္ဗတ္တေ တိ၊ ရှေးရှုဖြစ်စေ၏။
တေန၊ ထို့ကြောင့်။ ဆန္ဒံ ဇနေတီတိ၊ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
[ယော စေတသိကော ဝီရိယာရမ္ဘော စသည်ကို ဓမ္မသင်္ဂဏီပါဠိတော်, စိတ္တုပ္ပါဒကဏ္ဍ ဝီရိယိန္ဒြိယနိဒ္ဒေသ၌ ပေးခဲ့ပြီ။ ဥပေတော စသော ပုဒ်တို့ကိုလည်း သတိပဋ္ဌာန ဝိဘင်း၌ ပေးခဲ့ပြီ။]
ဣမံ ဝီရိယံ၊ ကို။ အာရဘတိ၊ အားထုတ်၏။ ဝါ၊ အစ၌ အားထုတ်၏။ သမာရဘတိ၊ အားထုတ်၏။ ဝါ၊ အဖန်ဖန် အထပ်ထပ် အားထုတ်၏။ အာသေဝတိ၊ အဖန်ဖန်တလဲလဲ မှီဝဲ၏။ ဘာဝေတိ၊ တိုးပွါးစေ၏။ ဗဟုလီကရောတိ၊ ကြိမ်ဖန်များစွာ အလေ့အလာ ပြု၏။
တေန၊ ကြောင့်။ ဝီရိယံ အာရဘတီတိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။
[ယံ စိတ္တံ စသည်ကို ဓမ္မသင်္ဂဏီပါဠိတော်, စိတ္တုပ္ပါဒကဏ္ဍ စိတ္တ နိဒ္ဒေသ၌ ပေးခဲ့ပြီ။]
ဣမံ စိတ္တံ၊ ကို။ ပဂ္ဂဏှာတိ၊ ချီးမြှောက်၏။ သမ္ပဂ္ဂဏှာတိ၊ အဖန်ဖန် ချီးမြှောက်၏။ ဥပတ္ထမ္ဘေတိ၊ မလျှောကျအောင် ထောက်ကန်၏။ ပစ္စုပတ္ထမ္ဘေတိ၊ အဖန်ဖန် အထပ်ထပ် ထောက်ကန်၏။
တေန စိတ္တံ ပဂ္ဂဏှာတီတိ ဝုစ္စတိ၊ [ဤမှနောက်၌ ဓမ္မသင်္ဂဏီပါဠိတော်နိဿယ၌ မှီ၍ပေးပါ။]
ဌိတိယာတိ၊ ကား။
ယာ ဌိတိ၊ အကြင်တည်ခြင်းသည်။ (အတ္ထိ)၊ သော၊ ထို တည်ခြင်းသည်။ အသမ္မောသော၊ မပျောက်မပျက်ခြင်းတည်း။ ယော အသမ္မောသော၊ အကြင် မပျောက်ပျက်ခြင်းသည်။ (အတ္ထိ)၊ သော၊ ထို မပျောက်ပျက်ခြင်းသည်။ ဘိယျောဘာဝေါ၊ လွန်စွာ တိုးပွားခြင်းတည်း။ ယော ဘိယျောဘာဝေါ၊ အကြင် လွန်စွာတိုးပွားခြင်းသည်။ (အတ္ထိ)၊ တံ၊ ထို လွန်စွာ တိုးပွါးခြင်းသည်။ ဝေပုလ္လံ၊ ပြန့်ပြောကုန်သည်၏ အဖြစ်တည်း။ ယံ ဝေပုလ္လံ၊ အကြင် ပြန့်ပြောကုန်သည်၏ အဖြစ်သည်။ (အတ္ထိ)၊ သာ၊ ထို ပြန့်ပြောကုန်သည်၏ အဖြစ်သည်။ ဘာဝနာ၊ မိမိသန္တာန်၌ တိုးပွါးစေခြင်းတည်း။ ယာ ဘာဝနာ၊ အကြင်မိမိသန္တာန်၌ တိုးပွါးစေခြင်းသည်။ (အတ္ထိ)၊ သာ၊ ထို မိမိသန္တာန်၌ တိုးပွါးစေခြင်းသည်။ ပါရိပူရီ၊ ပြည့်စုံလုံလောက်ကုန်သည်၏ အဖြစ်တည်း။ [အကြွင်း လွယ်ပြီ။]
သုတ္တန္တဘာဇနီယံ၊ သည်။ (နိဋ္ဌိတံ)၊