Issues
Select Version
云台教理组
中文
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Vibhaṅgapāḷi
Vibhaṅgapāḷi

2. Samudayasaccaṃ

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

တတ္ထ၊ ထို ၄-ပါးသော သစ္စာတို့တွင်။ ဒုက္ခသမုဒယော၊ ဒုက္ခသမုဒယဖြစ်သော။ အရိယသစ္စံ၊ အရိယသစ္စာသည်။ ကတမံ၊ နည်း။
ယာယံ တဏှာ၊ အကြင် တဏှာသည်။ ပေါနောဘဝိကာ၊ တစ်ဖန် ဘဝကိုပြုခြင်းအလေ့ရှိ၏။ ဝါ၊ ဘဝသစ်ကို ပြုခြင်းအလေ့ရှိ၏။ (တစ်နည်း) ပေါနဗ္ဘဝိကာ၊ တစ်ဖန် ဘဝကို ပေးတတ်၏။ ဝါ၊ ဘဝသစ်ကိုပေးတတ်၏။ (တစ်နည်း) ပေါနဗ္ဘဝိကာ၊ တဖန် ဘဝအကျိုးငှါဖြစ်၏။ ဝါ၊ ဘဝသစ်အကျိုးငှါ ဖြစ်၏။ (တစ်နည်း) ပေါနဗ္ဘဝိကာ၊ အဖန်ဖန် ဘဝတို့ကိုဖြစ်စေတတ်၏။ နန္ဒိရာဂသဟဂတာ၊ နှစ်သက်တတ် တပ်မက်တတ်သော ရာဂနှင့်တကွ အနက်အားဖြင့် တစ်ခုတည်း၏အဖြစ်သို့ ရောက်၏။ တတြတတြာဘိနန္ဒိနီ၊ ထိုထို အတ္တဘော၏ ဖြစ်ရာဘဝ၌ အလွန် နှစ်သက်ခြင်းရှိ၏။ (တစ်နည်း)တတြတတြာဘိနန္ဒိနီ၊ ရူပ သဒ္ဒစသော အာရုံတို့တွင် ထိုထိုအာရုံ၌လွန်စွာ နှစ်သက်တတ်၏။ သေယျထိဒံ၊ ထိုတဏှာဟူသည် အဘယ်နည်း။ ကာမတဏှာ၊ ကာမတဏှာ၎င်း။ ဝါ၊ ငါးပါးအာရုံ ကာမဂုဏ်၌ တပ်မက်တတ်သောတဏှာ၎င်း။ ဘဝတဏှာ၊ ၎င်း။ ဝါ၊ ကာမဘဝကို တောင့်တတတ်သောတဏှာ၎င်း။ ဝါ၊ အတ္တသည် မပြတ်မစဲ အမြဲဖြစ်၏ဟု ယူဆတတ်သော သဿတဒိဋ္ဌိနှင့်တကွဖြစ်သော တဏှာ၎င်း။ ဝါ၊ ရူပဘဝ အရူပဘဝကို တပ်မက်တတ်သောတဏှာ၎င်း။ ဝါ၊ ရူပဘဝ အရူပဘဝ၏ဖြစ်ကြောင်းဈာန်၌ တပ်မက်တတ်သောတဏှာ၎င်း။ ဝိဘဝတဏှာ၊ ၎င်း။ ဝါ၊ အတ္တသည် အဖြစ်မမြဲ သေလျှင်ပြတ်စဲ၏ဟု ယူဆတတ်သော ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သော တဏှာ၎င်းတည်း။
ပန၊ ဆက်။ သာ ဧသာ တဏှာ၊ ထိုတဏှာသည်။ ဥပ္ပဇ္ဇမာနာ၊ ဖြစ်လသော်။ ကတ္ထ၊ အဘယ်၌။ ဥပ္ပဇ္ဇတိ၊ ဖြစ်သနည်း။ နိဝိသမာနာ၊ သက်ဝင် တည်နေလသော်။ ကတ္ထ၊ ၌။ နိဝိသတိ၊ နည်း။
လောကေ၊ ၌။ ယံ၊ အကြင်အာရုံသည်။ ပိယရူပံ၊ ချစ်အပ်သည်၏ အဖြစ်ဟူသောသဘော ရှိ၏။ သာတရူပံ၊ သာယာအပ်သည်၏အဖြစ်ဟူသောသဘောရှိ၏။ ဧသာ တဏှာ၊ သည်။ ဥပ္ပဇ္ဇမာနာ၊ လသော်။ ဧတ္ထ၊ ဤ ပိယရူပ သာတရူပ အာရုံ၌။ ဥပ္ပဇ္ဇတိ၊ ၏။ နိဝိသမာနာ၊ လသော်။ ဧတ္ထ၊ ၌။ နိဝိသတိ၊ ၏။
လောကေ၊ ၌။ ပိယရူပံ၊ ချစ်အပ်သည်၏အဖြစ်ဟူသော သဘောရှိသောအာရုံဟူသည်။ သာတရူပံ၊ သာယာအပ်သည်၏အဖြစ်ဟူသော သဘောရှိသောအာရုံဟူသည်။ ကိဉ္စ၊ အဘယ်နည်း။
လောကေ၊ ၌။ စက္ခုံ၊ စက္ခုသည်။ ပိယရူပံ၊ ချစ်အပ်သည်၏အဖြစ်ဟူသော သဘောရှိ၏။ သာတရူပံ၊ ရှိ၏။
ဧသာတဏှာ၊ သည်။ ဥပ္ပဇ္ဇမာနာ၊ လသော်။ ဧတ္တ၊ ဤ ပိယရူပ သာတရူပဖြစ်သော စက္ခု၌။ ဥပ္ပဇ္ဇတိ၊ ၏။ နိဝိသမာနာ၊ သော်။ ဧတ္ထ၊ ၌။ နိဒိသတိ၊ ၏။
ပေ။ ရူပါ၊ ရူပါရုံတို့သည်။ ပိယရူပါ၊ ကုန်၏။ သာတရူပါ၊ ကုန်၏။ ပေ။ နိဝိသတိ။ အမှာ။ ။ဇိဝှါ ကာယ စသည်တို့၌ "ပိယရူပံ သာတရူပံ" နေရာဝယ်ဣတ္ထိလိန် ပုံလိန် အားလျော်စွာ "ပိယရူပါ သာတရူပာ"ဟု၎င်း,"ပိယရူပေါ သာတရူပေါ"ဟု၎င်း။ ရူပါ သဒ္ဒါ စသည်တို့၌ ဗဟုဝုစ်အားလျော်စွာ "ပိယရူပါသာတရူပါ"ဟု၎င်း ရှိလျှင် ကောင်း၏။
စက္ခုဝိညာဏံ၊ စက္ခုဝိညာဏ်သည်။ ပေ။
စက္ခုသမ္ဖဿော၊ စက္ခုသမ္ဖဿသည်။ ပေ။
စက္ခုသမ္ဖဿဇာ၊ စက္ခုသမ္ဖဿ၌ဖြစ်သော။ ဝါ၊ စက္ခုသမ္ဖဿကြောင့်ဖြစ်သော။ ဝေဒနာ၊ ဝေဒနာသည်။ ပေ။
ရူပသညာ၊ ရူပါရုံ၌ဖြစ်သောသညာသည်။ ပေ။
ရူပသဉ္စေတနာ၊ ရူပါရုံ၌ဖြစ်သော သဉ္စေတနာသည်။ ပေ။
ရူပတဏှာ၊ ရူပါရုံ၌ဖြစ်သော တဏှာသည်။ ပေ။
ရူပဝိတက္ကော၊ ရူပါရုံ၌ ဖြစ်သော ဝိတက်သည်။ ပေ။
ရူပဝိစာရော၊ ရူပါရုံ၌ဖြစ်သော ဝိစာရသည်။ ပေ။
လောကေ၊ ၌။ ဓမ္မဝိစာရော၊ ဓမ္မာရုံ၌ဖြစ်သော ဝိစာရသည်။ ပိယရူပေါ၊ ရှိ၏။ သာတရူပေါ၊ ရှိ၏။
ဧသာတဏှာ၊ သည်။ ဥပ္ပဇ္ဇမာနာ၊ လသော်။ ဧတ္ထ၊ ဤ ပိယရူပ သာတရူပဖြစ်သော ဓမ္မဝိစာရ၌။ ဥပ္ပဇ္ဇတိ၊ ၏။ နိဝိသမာနာ၊ လသော်။ ဧတ္ထ၊ ၌။ နိဝိသတိ၊ ၏။
ဣဒံ၊ ဤတရားအပေါင်းကို။ ဒုက္ခသမုဒယော၊ ဖြစ်သော။ အရိယသစ္စံ၊ ဟူ၍။ ဝုစ္စတိ၊ ၏။