(ဘန္တေ၊ အရှင်ဘုရား။
ဣဒံ၊ ဤဟတ္ထကသုတ်ကို)။
ဧဝံ၊ ဤသို့။
မေ၊ သည်။
သုတံ၊ ပြီ။
(ကထံ၊ အဘယ်သို့။
သုတံ၊ ဟူမူ)။
ဧကံ၊ တပါးသော။
သမယံ၊ အခါ၌။
ဘဂဝါ၊ သည်။
အာဠဝိယံ၊ အာဠဝီတိုင်း၌။
ဂေါမဂ္ဂေ၊ နွားတို့သွားရာ လမ်းခရီးအနီး၌။
သိံသပါဝနေ၊ သင်းဘောပိတောက်ပင်တော်၌။
[ရှေးက "သိံသပါ၊ ယင်းတိုက်ပင်" ဟု အနက်ပေးကြ၏။ စိစစ်ချက်ကို အဘိဓာန် နိသျသစ်(၅၇၁- ဂါထာ) ၌ကြည့်။]
ပဏ္ဏသန္ထာရေ၊ သစ်ရွက်အခင်းပေါ်၌ (အလိုလိုကြွေကျသော သစ်ရွက်တို့ကို စုရုံ၍ ပြုလုပ်အပ်သော အခင်းပေါ်၌)။
ဝိဟရတိ၊ သီတင်းသုံးနေတော်မူ၏။
အထ၊ သီတင်းသုံးနေတော်မူရာ ထိုအခါ၌။
အထသဒ္ဒါ၏ အဝိစ္ဆေဒ အနက်။ ။ ဤနေရာ အဋ္ဌကာဋီကာတို့၌ အထသဒ္ဓါ၏ အနက်ကို အထူးတလည် ဖွင့်ထား၏။ ထိုအဖွင့်နှင့်အညီ အနက်ရှည်ရှည် ပြန်ဆိုလိုလျှင် အထ- ယင်းသို့ အာဠပိတိုင်းပြည်နွားလမ်းခရီးအနီးရှိ သင်းဘောဘိတောက်ပင်တောဝယ် သစ်ရွက်အခင်းပေါ်၌ မြတ်စွာဘုရား ထိုင်နေတော်မူလသော်၊ ဝါ- ထိုသင်းဘောပိတောက်ပင် တောဝယ် သစ်ရွက်အခင်းပေါ်၌ မြတ်စွာဘုရား ထိုင်နေတော်မူခြင်းကိစ္စ မပြီးဆုံးသေးမီမှာပင်။ ဤသို့ အနက်ဆိုပါ၊ အထာတိ အဝိစ္ဆေဒတ္ထ နိပါတော။ တတ္ထ ဘဂဝတော နိသဇ္ဇာယ အဝိစ္ဆိန္နာယ ဧဝါတိ အတ္တော။ တေနာဟ "ဧဝ" န္တိ အာိ။ ဋီကာ။
ဟတ္ထကော၊ ဟတ္ထကမည်သော (အာဠဝကဘီလူး၏လက်မှ မြတ်စွာဘုရား၏ လက်တော်စသည်သို့ အဆင့်ဆင့် ကူးပြောင်းရောက်သွားတတ်သည် အဖြစ်ကြောင့် ဟတ္ထကမည်သော)။
အာဠဝကော၊ အာဠဝကမင်းသားသည်။
ဇင်္ဃာဝိဟာရံ၊ ခြေသလုံး မြင်းခေါင်း, , အညောင်းဖြေဖျောက်, လမ်းလျှောက်ခြင်းသို့။ဇင်္ဃာဝိဟာရံ အနုစင်္ကမမာနော။ ။ ဇင်္ဃာဝိဟာရံပုဒ်ကို ဤအတိုင်း ကံအနက်ပေးလျှင် ဝိဟရဏကြိယာနှင့် အနုစင်္ကပနကြိယာတို့ မကွဲပြားဘဲ ကွဲပြားသကဲ့သို့ဆိုသောကြောင့် (စာရိကံ စရမာနောကဲ့သို့) အဘေဒဘေဒူပစာရတည်း( တနည်း) "ဇင်္ဃာဝိဟာရံ - ခြေသလုံး....ခြင်းငှာ" ဟုသော်လည်း အနက်ဆို။ ဒိဝါဝိဟာရံ နိသီဒိ, အလဂဒ္ဓပရိယေသနံ စရမာနောတို့၌ကဲ့သို့ အံဝိဘတ်ကို တဒတ္ထ သမ္ပဒါန်အနက်၌သက်။
(တနည်း) "ဇင်္ဃာဝိဟာရံ၊ ခြေသလုံး... ခြင်းဖြင့်" ဟု ကြိယာဝိသေသနအနက်လည်း ဆိုနိုင်၏။ ဇင်္ဃာယ ဟိတော ဝိဟာရော သဉ္စာရော ဇင်္ဃာဝိဟာရော- ခြေသလုံး မြင်းခေါင်း၏ အစီးအပွားဖြစ်သော လမ်းလျှောက်သွားလာခြင်း။ ဇင်္ဃာသုဝါ ဥပ္ပန္နကိလမထဝိနောဒနတ္ထော ဝိဟာရော ဇင်္ဃာဝိဟာရော - ခြေသလုံးမြင်းခေါင်းတို့၌ဖြစ်သော ညောင်းညာမှုကို ဖြေဖျောက်ခြင်း အကျိုးရှိသော လမ်းလျှောက်ခြင်း။ [ဤ၌ သွားခြင်း ဣရိယာပုထ်ကိုပင် ဝိဟာရဟုဆိုသည်။] အနုစင်္ကမမာနော၊ ထိုမှဤရောက် လျှောက်လသော်။ အနုဝိစရမာနော၊ ထိုထို ဤဤ လှည့်လည်လသော်။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ ဂေါမဂ္ဂေ၊ ။ပ။၊ နိသိန္နံ၊ ထိုင်နေတော်မူသည်ကို။ အဒ္ဒဿ၊ မြင်ပြီ။

ဒိသွာ၊ မြင်ပြီး၍။
။ပ။၊
ဘန္တေ၊ မြတ်စွာဘုရား။
ကစ္စိ၊ အဘယ်သို့ပါနည်း။
[တနည်း - ကစ္စိ ဘန္တေ၊ ဘယ်နှယ့်ပါလဲ အရှင်ဘုရား။]
ဘဂဝါ၊ မြတ်စွာဘုရားသည်။
သုခံ၊ ချမ်းသာစါာ။
အသယိတ္ထ၊ ကျိန်းစက်တော်မူရပါ၏လော။
အသယိတ္ထ, အသယိတ္ထံ။ ။ "ကစ္စိ ဘန္တေဘဂဝါ သုခမသယိတ္ထ" ဟူသော ဝါကျဝယ် "အယသိတ္ထ"၌ သဇ္ဇတ္တနိ အာဝိဘတ်တည်း။ [အဇ္ဇတ်အာမှာ ဒွေဘာ တ္ထပြု။] "ဧဝံ ကုမာရ သုဓမသယိတ္ထံ..... တသ္မာဟံ သုခမသယိတ္ထံ" ဟူသော ဝါကျတို့၌ကား "အသယိတ္တံ" ကို အဇ္ဇတ္တနီ ဣံဝိဘတ်ဖြင့် ရုပ်ပြီးစေရမည်ဖြစ်၏။ သီဓာတ်နောင် ဣံဝိဘတ်ကို တ္ထံပြု၍" အသယိတ္ထံ" ဟု ရုပ်စီရင်ထားသည်ကို သဒ္ဒါကျမ်းတို့၌ မတွေ့ရ၊ "လဘသ္မာ ဤဣံနံ တ္ထတ္ထံ" သုတ်ဝယ် "ဤဣံနံ တ္ထတ္ထံ" ဟူသော ယောဂဝိဘာဂဖြင့် ဣံဝီဘတ်ကို ဣတ္ထံပြုဟု ဆိုသင့်၏။
ဣတိ၊ ဤသို့။
(အဝေါစ၊ မေးလျှောက်ပြီ)။
ကုမာရ၊ မင်းသား။
ဧဝံ၊ အေးဟုတ်ပါ၏။
[တနည်း ဧဝံ ကုမာရ၊ ဟုတ်တယ်မင်းသား။]
(အဟံ၊ ငါသည်)။
သုခံ၊ စွာ။
အသယိတ္ထ၊ ကျိန်းစက်ရပါ၏။
စ ပန၊ အမှန်တကယ်အားဖြင့်။
လောကေ၊ သတ္တလောက၌။
ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်။
သုခံ၊ စွာ။
သေန္တိ၊ ကျမ်းစက်ကြရကုန်၏။
တေသံ၊ ထိုပုဂ္ဂိုလ်တို့တွင်။
အဟံ၊ ငါသည်။
အညတရော၊ တဦး အပါအဝင်တည်း။
ဣတိ (အဝေါစ၊ မိန့်)။
ဘန္တေ၊ ရား။
ဟေမန္တိကာ၊ ဆောင်းဥတု၌ဖြစ်သော။
ရတ္တိ၊ ညဉ့်သည်။
သိတာ၊ အေးလှပါ၏။
အန္တ ရဋ္ဌကော၊ တပိုးတွဲလ, တပေါင်းလတို့၏ အကြား၌ ရှစ်ရက်အတိုင်းအရှည်ရှိသော အခါကာလသည်။အန္တရဋ္ဌက ဖြစ်သင့်သော ရက်များ။ ။ အဋ္ဌ ပရိမာဏာနီ ယဿ သမယဿာတိ အဋ္ဌကော- ရှစ်ခု အတိုင်းအတာပမာဏရှိသော နေ့ရက်အချိန်ကာလ။ အန္တရေ- တပိုးတွဲလ, တပေါင်းလတို့၏ အကြားကာလ၌၊ အဋ္ဌကော- ရှစ်ခုသော နေ့ရက် အချိန်ကာလသည်၊ အန္တရ ဋ္ဌကော- အန္တရဋ္ဌက မည်၏။ တပိုးတွဲလ၏ နောက်ဆုံးလေးရက်နှင့် တပေါင်းလ၏ အဦဂအစပဌမဆုံးလေးရက်အားဖြင့် ရက်ပေါင်းရှစ်ရက်ကို အန္တရဋ္ဌက ခေါ်သည်ဟု ဤသုတ် အဋ္ဌကထာနှင့် မဟာဝါစီဝရက္ခန္ဓက အဋ္ဌကထာ (၄၀၉) တို့၌ ဖွင့်ထား၏။ ယင်းသို့ ဖွင့်ဆိုထားရာ၌ မြန်မာပြည်မှာ သတ်မှတ်ထားအပ်သော ရက်လအတိုင်းတပိုးတွဲလဆုတ် (၁၁) ရက်နေ့ကစ၍ အစဉ်အတိုင်း ရေတွက်ရသော ရက်ရှစ်ရက်ကို အန္တရဋ္ဌကဟု မဆိုသင့်ကြောင်းနှင့် တပို့တွဲလဆန်း (၁၂) ရက်နေ့မှစ၍ အစဉ်အတိုင်း ရေတွက်ရသော ရက်ရှစ်ရက်ကိုသာ အန္တရဋ္ဌကဟု ဆိုသင့်ကြောင်းကို ဤနိဿယ ပဌမကအကြိမ်ရိုက်၍ အကျဉ်းချုပ်မျှ ရေးသားခဲ့၏။ ယခု ထို့ထက် ပြည့်စုံအောင် အနည်းငယ် ချဲ့ထွင် ရေးပါဦးမည်။
ရက်လသတ်မှတ်ပုံ နှစ်မျိုး။ ။ ပိဋကကျမ်းဂန်တို့၌ မာဃ( တပိုးတွဲလ), ဖဂ္ဂုဏ (တပေါင်းလ) စသည်ဖြင့် ခေါ်ဝေါ်သုံးနှုန်းထားရာ၌ ထိုလများ၏ ကုန်ဆုံးသောနေ့ရက် သတ်မှတ်ပုံ နှစ်မျိုးဖြင့် ခေါ်ဝေါ်သုံးနှုန်းထားသည်ကို တွေ့ရ၏။ ထိုသတ်မှတ်ပုံနှစ်မျိုးမှာ
(၁) ယခုမြန်မာပြည်မှာ အသုံးပြုသော ပြက္ခဒိန်အတိုင်း လဆန်းတရက်နေ့မှစ၍ တရက်, နှစ်ရက်စသည်ရေတွက်ပြီးလျှင် ကောင်းကင်မှ လဝန်းကြီး ကွယ်ပျောက်သွားသောနေ့ (လကွယ်နေ့) အရောက်တါင် ရက်ပေါင်း (၃၀) သို့မဟုတ် (၂၉) ရက်ပြည့်၍ လကုန်သည်, တလပြည့်သည်ဟု ခေါ်ဝေါ်သတ်မှတ် ထားခြင်းလည်း ရှိ၏။ ထိုသတ်မှတ်ချက်အတိုင်းပင် ပုဗ္ဗကတ္တိကမာသဿကာဠပက္ခစာတုဒ္ဒသော- သီတင်းကျွတ်လဆုတ် (၁၄) ရက် (ကင်္ခါ၊ နှာ - ၈၆) စသည်ဖြင့် ခေါ်ဝေါ်သုံးနှုန်းထားသည်ကိုလည်း တွေ့ရ၏။ ထိုအသုံးအနှုန်းကိုမြန်မာနှင့် သီဟိုဠ်( သီရိလင်္ကာ) အသုံးအနှုန်းဟု ဆရာတော် အရှင်မြတ်များမိန့်တော်မူကြ၏။
(၂) ကောင်းကင်မှ လဝန်းကြီး ပြည့်သော နေ့ (လပြည့်နေ) တွင်လဝန်းကြီး ပြည့်သလို ရက် (၃၀) တလပြည့်၍, သို့မဟုတ်( ၂၉) ရက်တလ ပြည့်၍ လကုန်သည်ဟု သတ်မှတ်ထားခင်းလည်း ရှိ၏။ ထိုခေါ်ဝေါ်သတ်မှတ်ချက်အတိုင်းဆိုလျှင် တပိုးတွဲလပြည့်နေ့ ရောက်လျှင် တပိုးတွဲလကုန်၏။ လပြည့်ကျော်တရက်နေ့ကစ၍ တပိုးတွဲလ မဟုတ်တော့၊ တပေါင်းလဘက်သိ့ ရောက်သွားလေပြီ၊ ထိုသတ်မျတ်ချက်သည် မြန်မာပြည်အနေအားဖြင့် အတောထူးဆန်းသည်ဟု ဆိုရမည်ဖြစ်သော်လခည်း ပိဋကကျမ်းဂန်တို့၌ကား တော်တော်များများ တွေ့နိုင်၍ အထူးအဆန်း မဟုတ်တော့ပါ၊ နမူနာ သာဓက အနည်းငယ်မျှ ထုတ်ပြရသော်-
ကတ္ထိကပုဏ္ဏမာယံ ပဝါရေတွာ မာဂသိရမာသဿ ပဌမဒိဝသေ (ပါရာဇိကဏ် အဋ္ဌကထာ- ပ- ၁၆၄)။ ဤ၌ သီရိလင်္ကာခေါ် သီဟိုဠ်ကျွန်းနှင့်မြန်မာအခေါ်အဝေါဖြစ်သော တန်ဆောင်းမုန်း လပြည့်ကျော် တရက်နေ့ကို မာဂသိရမာသဿ ပဌမဒိဝသေ (နတ္တော်လ၏ ပဌမနေ့) ဟု ခေါ်ဆိုထားသည်ဟု သာရတ္ထဋီကာ (ပ- ၄၅၃) ၌ မိန့်ဆို၏။ ထိုအခေါ်အဝေါ်သည် စန္ဒမာသ အခေါ်အဝေါ် ဖြစ်သည်ဟုလည်း ဝိမတိဋီကာ (ပ- ၉၆) မိန့်၏။
ကတ္ထိကမာသဿ ပစ္ဆိမဒိဝသော နာမ ပစ္ဆိမသတ္တိကမာသဿ ပုဏ္ဏမာ- တန်ဆောင်းမုန်းလပြည့်နေ့သည် တန်ဆောင်းမုန်းလ၏ နောက်ဆုံးနေ့မည်၏။ (ဝဿိကသာဋီကာသိက္ခာပုဒ် ကင်္ခါဋီကာသစ်- ၃၃၃) တဒဟုပေါသထေ ပန္နရဿေ ကောမုဒိယာ စတုမာသိနိယာ ပုဏ္ဏာယ ပုဏ္ဏမာယ ရတ္တိယာ (သီလက္ခန်ပါဠိတော်၊ သာမညဖလသုတ် ၄၅) ။ ဤပါဠိတော်၌လည်း တန်ဆောင်မုန်းလပြည့်နေသည် ရက်ပေါင်း (၂၉) တလပြည့်၍ ပုဏ္ဏမည်၏ဟု ထိုသုတ်အဋ္ဌကထာဋီကာတို့၌ မိန့်ဆိုထား၏။ ပုရိမပုဏ္ဏမိတော ဟိ ပဋ္ဌာယ ယာဝ အပရာ ပုဏ္ဏမိ၊ တာဝ ဧကော မာသောတိ တတ္ထ ဝေါဟာ ရော- ရှေ့လပြည့်မှစ၍ နောက်လပြည့်အထိ တလဟူ၍ ထိုမဇ္ဈိမဒေသအိန္ဒိယ၌ ခေါ်ဝေါ်သတ်မှတ်သည် (သီလက္ခန်ဋီကာသစ်၊ ဒု-၁၂၀)။
ယခုအိန္ဒိယ ပြက္ခဒိန်။ ။ ထို့အပြင် ယခုအိန္ဒိယပြည်၌ ပုံရိပ်ထုတ်ဝေသော ပြက္ခဒိန်မျာ၌လည်း လဆုတ်တရက်နေ့မှ စ၍ တရက်, နှစ်ရက်စ သည် ရေတွက်ပြီး လပြည့်နေ့အရောက်တွက် ရက်ပေါင်း (၃၀) တလ, (၂၉)ရက် တလ သတ်မှတ်ထားခြင်းကြောင့် မြန်မာပြည်နှင့် မတူကြောင်း စုံစမ်းသိရှိရသည်သာ မက မြန်မာပြည်အတွင်းမှာပင် ဟိန္ဒူအသင်းဖြစ်သော သနန္တ နဓမ္မပါလက အဖွဲ့ချုပ်မှ ထုတ်ဝေသော ပြက္ခဒိန်၌လည်း မြန်မာအခေါ်အဝေါ်ဖြစ်သော ပြာသိုလဆုတ်တရကိကို မာယကဏှ (တပိုးတွဲလဆုတ်) တရက်ဟုလည်းကောင်း, မြန်မာလို တပိုးတွဲလဆုတ် တရက်ကို ဖဂ္ဂုဏကဏှ (တပေါင်းလဆုတ်) တရက်ဟုလည်းကောင်း၊ ဤသို့စသည်ဖြင့် ရက်စွဲရိုက်နှိပ်ဖော်ပြထားသည်ကို တွေ့ရ၏။ အိန္ဒိယပြည်၏ ထိုရက်လ သတ်မှတချက်သည် ဘုရားမပွင့်မီကစ၍ ယခုအချိန်အထိ အပြောင်းလဲမရှိသော သတ်မှတ်ချက် ဖြစ်၏။ သို့ဖြစ်ရကား ဤအင်္ဂုတ္တိုရ်ပါဠိတော်နှင့် ဝိနည်းမဟာဝါစီဝရက္ခန္ဓကပါဠိတော် (၄၀၁) ၌ ပါရှိသော အန္တရဋ္ဌကရက်ကိုလည်း ထိုအိန္ဒိယပြည်အတိုင်းသာ ယူသင့်သောကြောင့် တပိုးတွဲလဆန်း (၁၂) ရက်နေ့ကစ၍ အစဉ်အတိုင်း ရေတွက်ရသော ရက်ရှစ်ရက်ကိုသာ အန္တရဋ္ဌက (တပိုးတွဲလ, တပေါင်းလတို့၏ အကြား ရက်ရှစ်ရက်) ဟု ခေါ်ဆိုသင့်၏။ ရာသီဥတု အခြေအနေအားဖြင့် ဆိုလျှင်လည်း-
ထိုရှစ်ရက်သည် အလွန်အေးသော ရက်များဖြစ်နိုင်၏။ တပိုးတွဲလဆုတ် (၁၁) ရက်နေကကစ၍ အစဉ်အတိုင်း ရေတွက်ရသော ရက်ရှစ်ရက်ကား မြန်မာလို အန္တရဋ္ဌကရက်ဟု ဆိုဖွယ်ရှိသော်လည်း ဆောင်းဥတုကုန်ခါနီး၌ အအေးပေါ့သွားပြီ ဖြစ်သဖြင့် "သီတာ ဘန္တေ ဟေမန္တိကာ ရတ္တိ" ဟူသော ပါဠိတော် နှင့် မကိုက်ညီတော့ပေ။
ဂေါကဏ္ဋကဟတာ။ ။ ဂါဝီနံ ကဏ္ဋကာ ဂေါကဏ္ဋကာ- နွားမဆို့၏ ဆူးများ (နွားခြေရာခွက်ဆူးများ)။ မိုးရွာပြီးစ အခါဝယ် နွားခြေထောက်များဖြင့် ဖိနင်းသွားသော နေရာတို့၌ နွားတို့၏ အခွါအကြားမှ ထွက်လာသော ရွံညွံသည် ခြောက်သွေ့လာသောအခါ လွှသွားကဲ့သို့ ချွန်ထက်နေ၏။ ထို့ကြောင့် ထိုချွန်ထက်နေသော ရွံ့ညွန်ခြောက်ကို ဂေါကဏ္ဋက (နွားတို့၏ ဆူး) ဟု ခေါ်၏။ ဂေါကဏ္ဋကေဟိ ဟတာ ဂေါကဏ္ဋကဟတာ- နွားခြေရာခွက် ဆူးတည်း ဟူသော ရွံ့ညွံခြောက်တို့သည် ပိုင်းဖြတ်ဖျက်ဆီးထားအပ်သော၊ ဘူမိ- မြေကြီ။
တနည်းအားဖြင့်ကား ထိုရွံ့နွံခြောက်ကို ဂေါကဏ္ဋကဟု မခေါ်ဘဲ နွာတို့၏ ခွာနှစ်ခြျမ်းအကြား အရပ် (ခုရန္တရ) ကို ဂေါကဏ္ဋက (နွားတို့၏ ဆူး) ဟု ခေါ်၍ ထိုဂေါကဏ္ဋကဟု ခေါ်သော နွားခွာအကြား အရပ်ဟူသော ဆူးတို့က ပိုင်းဖြတ် ဖျက်ဆီးထားအပ်သော ဘူမိကို ဂေါကဏ္ဋကဟတာ ဟု ခေါ်သည်။ ဤသို့အားဖြင့် အဋ္ဌကထာ၌ ဤပုဒ်ကို နှစ်နည်းဖွင့်ထားသည်။
ဂေါကဏ္ဋကဟတာတိ နဝဝုဋ္ဌေ ဒေဝေ ဂါဝီနံ အက္ကန္တက္ကန္တဋ္ဌာနေ ခုရန္တရေဟိ ကဒ္ဒမော ဥဂ္ဂန္တွာ တိဋ္ဌတိ၊ သော ဝါတာတပေန သုက္ခေါ ကကစ ဒန္တ သဒိသော ဟောတိ ဒုက္ခသမ္ပဿော၊ တံ သန္ဓာဟာယ "ဂေါကဏ္ဋကဟတာ ဘူမီ"တိ၊ ဂုန္န ခုရန္တ ရေဟိ ဆိန္နာတိပိ အတ္ထော။ အဋ္ဌကထာ။ ဟိမပါတသမယော၊ ဆီးနှင်းကျရာ အခါပတည်း။ ဘူမိ၊ မြေသည်။ ဂေါကဏ္ဋကဟတာ၊ နွားခွာအကြား, လွှသွားဆူးချွန်, ရွံညွန်ခြောက်တို့သည် ဖျက်ဆီးထားအပ်သည်။ ဝါ၊ နွားခွာအကြား, ဆူးချွန်များသည် ပိုင်းခြားဖျက်ဆီးထားအပ်သည်။ (ဟုတွာ၊ ဖြစ်၍)။ ခရာ၊ ကြမ်းတမ်းလှပါ၏။ ပဏ္ဏသန္တာရော၊ သစ်ရွက်အခင်းသည်။ တနုကော၊ ပါးလှပ်နေပါ၏။ ရုက္ခဿ၊ သစ်ပင်၏။ ပက္ကာနိ၊ အရွက်တို့သည်။ ဝိရဠာနိ၊ ကျိုးတိုးကျဲတဲ ဖြစ်နေပါကုန်၏။ ကာသာယာနိ၊ ဖန်ရည်ဖြင့် ဆိုးအပ်ကုန်သော။ ပတ္တာနိ၊ အဝတ်သင်္ကန်းတို့သည်။ သီတာနိ၊ အေးစက်နေပါကုန်၏။ သီတော၊ အေးသော။ ဝေရမ္ဘော၊ ဝေရမ္ဘလေနှင့်တူသော။ ဝါတောစ၊ (အရပ်လေးမျက်နှာမှ လာသော) လေသည်လည်း။ ဝါယတိ၊ တိုက်ခတ်နေပါ၏။ [ကျွန်းကြီးလေးကျွန်းကို ကြာရွက်လောက်မျှ မြင်ရတော့သည်အထိ မြင့်မားလှစွာသော ကောင်းကင်၌ တိုက်ခတ်လာသောလေကို ဝေရမ္ဘလေဟု ခေါ်သတတ်၊ သံယုတ်ဋ္ဌ၊ ဒု၊ ၁၉၂( ဝေရမ္ဘသုတ်) ဤ၌ကား ထိုဝေရမ္ဘလေနှင့်တူသော အရပ်လေးမျက်နှာမှလာသော လေတည်း။]

အထ စ ပန၊ ထိုသို့ဖြစ်နေပါလျက်။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဧဝံ ကုမာရ ။ပ။၊
အညတရောတိ၊ ဧဝံ ကုမာရ။ပ။ အညတရော" ဟူ၍။
ဧဝံ၊ ဤသို့။
မာဟ၊ မိန့်တော်မူ၏။
ကုမာရ၊ မင်းသား။
တေနဟိ၊ ထိုသို့ဖြစ်လျှင်။
ဝါ၊ ထိုသို့ "သုခမယ ယိတ္ထံ" စသော ငါ့စကား၌ သင်အပြစ်တင်နေခြင်းကြောင့်။
ဧတ္ထ၊ သုခမသယိတ္ထံ စသော ဤစကာ၌။
[ဤစကားနှင့် စပ်၍ယူလို။]
တံ ဧဝ၊ သင့်ကိုသာလျှင်။
ပဋိပုစ္ဆိဿာမိ၊ ပြန်၍မေးပါအံ့။
(အတ္ထော၊ ငါမေးအပ်သော အနက်သဘောသည်)။
ယထာ၊ အကြင်အခြင်းအရာအားဖြင့်။
ဝါ၊ အကြင်သို့သော နည်းဖြင့်။
(ဗျာကရောန္တဿ၊ ဖြေဆိုသော)။
တေ၊ သင်အား။
ခမေယျ၊ နှစ်သက်သဘောကျရာ၏။
ဝါ၊ နှစ်သက်ခြင်းကို ဖြစ်ရော၏။
[တနည်း တေ၊ သင်၏။
စိတ္တေ၊ စိတ်၌။
ခမေယျ၊ ၏။]
တထာ၊ ထိုနှစ်သက်သဘောကျသည့် အခြင်းအရာအားဖြင့်။
နံ၊ ထိုငါမေးမြန်းအပ်သော အနက်သဘောကို။
(တွံ၊ သင်သည်)။
ဗျာကရေယျာသိ၊ ဖြေဆိုလော။
[သင်ကြိုက်သလို ဖြေပါဟူလို။]
ကုမာရ၊ မင်းသား။
တံ၊ ထိုငါပြောဆိုအပ်သော စကားကို။
(တွံ၊ သင်သည်)။
ကိံ မညသိ၊ အဘယ်သို့ ထင်မြင်သနည်း။
ဣဓ၊ ဤလောက၌။
ဂဟပတိဿ ဝါ၊ အိမ်ပိုင်ရှင် သူကြွယ်၏ သော်လည်းကောင်း။
ဂဟပတိပုတတဿ ဝါ၊ အိမ်ပိုင်ရှင် သူကြွယ်သား၏သော်လည်းကောင်း။
ကူဋာဂါရံ၊ အထွတ်တပ်ဆင်ထားအပ်သော အိမ်သည်။
ဥလ္လိတ္တာ ဝလိတ္တံ၊ အတွင်း၌ လိမ်းသုတ်ထားအပ် အပြင်၌ လိမ်းသုတ်ထားအပ်သည်။
နိဝါတံ၊ လေမတိုက်သည်။
ဖုသိတဂ္ဂဠံ၊ ထိမိစေ့စပ်သော တံခါးရွက်ရှိသည်။
ပိဟိတဝါတပါနံ၊ ပိတ်အပ်ပြီးသော လေလောက်ပြတင်းရှိသည်။
အဿ၊ ဖြစ်ရာ၏။
ဝါ၊ ဖြစ်သည် ဆိုပါစို့။
[ဣဓဿ၌ အဿတည်း။]
တတြ၊ ထိုအထွတ်တက်ဆင်ထားအပ်သော အိမ်၌။
ဂေါနကတ္ထတော၊ လက်လေးသစ်ထက်ရှည်သော အမွေးရှိသော ကောဇောနက်ကြီးဖြင့်သော်လည်းခင်းထားအပ်သော။
[ဂေါနက၊ ကော်ဇောနက်ကြီးဖြင့်+
အတ္ထတော၊ ခင်းထားအပ်သော။]
ပဋိကတ္ထတော၊ အဖြူရောင် သားမွေးအခင်းဖြင့်သော်လည်း ခင်းထားအပ်သော။
ပဋလိကတ္ထတော၊ အားလုံးစုံ ပန်းပြောက်ခြယ်အပ်သော သားမွေးအခင်းဖြင့်သော်လည်း ခင်းထားအပ်သော။
ကဒလိမိဂပဝရပစ္စတ္ထရဏော၊ ဝံပိုင်မည်သော သားကောင်၏ အရေဖြင့် ပြီးသော မြတ်သော အခင်းဖြင့် သော်လည်း ခင်းထားအပ်သော။
[ကဒလိ၊ ဝံဝိုင်း+
မိဂ၊ သားကောင် (၏အရေဖြင့် ပြီးသော)+
ပဝရ၊ မြတ်သော+
ပစ္စတ္ထရဏ၊ အခင်း (ဖြင့် ခင်းထားအပ်သော)]
သဥတ္တရစ္ဆဒေါ၊ နီမြန်းသော အိပ်ရာအပေါ်လွှမ်းအခင်းနှင့်လည်း တကွဖြစ်သော။ဥတ္တရစ္ဆဒနှင့်ဝိတာနပုဒ်နက် စိစစ်ချက်။ ။ ဥတ္တရံ ဥပရိဘာဂံ ဆာဒေတီတိ ဥတ္တရစ္ဆဒေါ ဝိတာနံ (အိပ်ရာ၏ အထက်ဘက်သို့ ဖုံးအုပ်တတ်သော အဝတ်အထည်၊ အိပ်ရာလွှမ်းအခင်း) သာရတ္ထဋီကာ၊ တ၊ ၂၉၅၊ သဟ ဥတ္တရစ္ဆဒေန ယော ပလ္လင်္ကော ဝတ္တတီတိ သဥတ္တရစ္ဆဒေါ- ဥတ္တရစ္ဆဒနှင့် တကွဖြစ်သော (ပလ္လင်္က- အိပ်ခုတင်) တင် ပလ္လင်္ကကို အရကောက်ရသော (ပလ္လင်္ကော၏ ဝိသေသနဖြစ်သော) ဗဟုဗ္ဗိဟီဝစနတ္ထပြု။
ထောမနိဓိ၌ ဥတ္တရစ္ဆဒပုဒ်ကို သေယျာယ ဥပရိယာတ္ထရဏေ ဝတ္ထေ (အိပ်ရာခင်းပေါ်၌ လွှမ်းအပ်ခင်းအပ်သော အဝတ်ထည်) ဟု ဖွင့်၏။ သက္ကတ အင်္ဂလိပ် အဘိဓာန်တို့၌လည်း "a bed covering, covering (in general)" ဟု အလားတူပင် ဖွင့်၏။
ဝိတာနပုဒ်ကို cushion (ကူရှင်၊ ဖုံအခင်း) ဟု လည်းဖွင့်၏။ ထို့ကြောင့် ဥပနိဗဒ္ဓေန ရတ္တဝိတာနေန ဟူသော အဋ္ဌကထာ၌ ဝိတာန ပုဒ်၏ အနက်သည် အိပ်ရာလွှမ်းအခင်းပင် ဖြစ်သင့်၏။ အကယ်၍ အများရှေးရိုးအတိုင်း "ဝိတာန- မျက်နှာကြက်" ဟု နက်ပြန်ဆိုလျှင်လည်း အိပ်ရာကြမ်းခင်းမှ အထက်သို့ မော်၍ ကြည့်ရသော အမိုးမျက်နှာကြက် (မြူမှုန်စသည် မကျအောင် ကာကွယ်သော အဝတ်) ကိုမယူဘဲ အိပ်ရာ မျက်နှာပြင်ပေါ်, အိပ်ရာခင်းအပေါ်၌ ဖြန့်ကျက်လွှမ်းအုပ် ခင်းထားအပ်သော အခင်းကိုသာ ယူသင့်၏။
ထို ဥတ်တရစ္ဆဒမည်သော အိပ်ရာလွှမ်းအခင်းကို အောက်ခံအခင်း (ပစ္စတ္ထ ရဏ)၏ အပေါ်၌ လွှမ်း၍ခင်း၍ အသုံးပြုကြောင်းကို "သေတဝိတာနမ္ပိ ဟေဋ္ဌာ အကပ္ပိယပစ္စတ္ထရစေ သတိ န ဝဋ္ဋတိ၊ ရတ္တဝိတာနဿ ဟေဋ္ဌာ ကပ္ပိယပစ္စတ္ထရဏေ သတိပိ န ဝဋ္ဋတိ ဧဝ" ဟူသော (ဝိနည်းမဟာဝါ စမ္မက္ခန္ဓက အဋ္ဌကထာ၊ ၃၇၀။ ခုဒ္ဒသိက္ခာဋီကာဟောင်း၊ နှာ၀ ၁၄၉ နှင့်ဂါထာ၊ ၁၈၇-၉) စကားဖြင့် သိသာ၏။ ဤသုတ်၌မူ "သဥတ္တရစ္ဆဒေါ" သည် "ပလ္လင်္ကော" ၏ ဝိသေသန ဖြစ်သောကြောင့် ထိုဥတ္တရစ္ဆဒမည်သော အိပ်ရာလွှ၎င်း်းအခင်းကို အိပ်ခုတင် (ပလ္လင်္က) အပေါ်၌ ခင်းထားခြင်းဖြစ်ကြောင်း သိသာထင်ရှား၏။ စာပိုဒ် (၆၄) ဝေနာဂပုရသုတ်လည်း ကြည့်လေ။ ဥဘတော လောဟိတကူပဓာနော၊ ခြေရင်းခေါင်းရင်း နှစ်ဖက်တို့၌ နီမြန်းသော ခြေအုံးခေါင်းအုံး နှစ်လုံးလည်းရှိသော။ [ဥဘတော၊ နှစ်ဖက်တို့၌+ လောဟိတက၊ နီမြန်းသော+ ဥပဓာန၊ ခြေအုံးခေါင်းအုံး (ရှိသော)။] ပလ္လင်္ကော၊ အိပ်ခုတင်သည်။ အဿ၊ ရှိရာ၏။

ဧတ္ထ၊ ဤအိမ်အတွင်း၌။
တေလပ္ပဒီပေါစ၊ ဆီမီးရောင်သည်လည်း။
ဈာယေယျ၊ ထိန်ထိန်လင်းနေရာ၏။
စတဿော၊ လေးယောက်ကုန်သော။
မနာပါ၊ စိတ်နှလုံးကို တိုးပွားစေတတ်ကုန်သော။
ပဇာပတိယောစ၊ မယားတို့သည်လည်း။
မနာပေန၊ စိတ်နှလုံးကို တိုးပွားစေတ်သော ပြုစုယုယမှုဖြင့်။
ပစ္စုပဋ္ဌိတာ၊ ပြုစု ယုယကြကန်သည်။
အဿု၊ ဖြစ်ကုန်ရာ၏။
ကုမာရ၊ မင်းသား။
တံ၊ ထိုငါပြောဆိုအပ်သော စကားကို။
(တွံ၊ သင်သည်)။
ကိံ မညသိ၊ နည်း။
သော၊ ထို ထိုအိမ်ရှင်သူကြွယ်နှင့် သူကြွယ်သားသည်။
သုခံ၊ ချမ်းသာစွာ။
သယေယျ ဝါ၊ အိပ်ရပါသလော။
နေ (သယေယျ) ဝါ၊ မအိပ်ရပါသလာ။
ဧတ္ထ၊ ဤ ငါမေးအပ်သော ပြဿနာ၌။
ကထံ ဝါ၊ အဘယ်သို့မူလည်း။
တေ၊ သင်၏။
(မတိ၊ အယူအဆသည်)။
ဟောတိ၊ ဖြစ်သနည်း။
ဣတိ (အဝေါစ)၊
ဘန္တေ၊ ရား။
သော၊ ထို အိမ်ရှင်သူကြွယ်နှင့် သူကြွယ်သားသည်။
သုခံ၊ စွာ။
သယေယျ၊ အိပ်ရပါ၏။
။ပ။၊
သော၊ ထိုအိမ်ရှင် သူကြွယ်နှင့် သူကြွယ်သားသည်။
အညတရော၊ တည်း။
ဣတိ (အဝေါစ)၊
ကုမာရ၊ မင်းသား။
တံ၊ ကို။
ကိံ မညသိ၊ သနည်း။
[ယေဟိ စသော အနိယမဝါကျကို ရှေးဦးစွာ အနက်ပေးမည်။၀
သော၊ ထို သူကြွယ်နှင့် သူကြွယ်သားသည်။
ရာဂဇေဟိ၊ ရာဂကြောင့် ဖြစ်ကုန်သော။
ယေဟိ ပရိဠာဟေဟိ၊ အကြင်ပူလောင်ခြင်း တို့သည်။
ဝါ၊ အကြင်အပူမီးတို့သည်။
ပရိဍယှမာနော၊ လောင်အပ်သည်။
ဝါ၊ အလောင်ခံရသည်။
(ဟုတွာ၊ ဖြစ်၍)။
ဒုက္ခံ၊ ဆင်းရဲစွာ။
သယေယျ၊ အိပ်ရလေရာ၏။
တဿ ဂဟပတိဿ ဝါ၊ ထိုအိမ်ရှင်သူကြွယ်မှာ သော်လည်းကောငး်။
တဿ ဂဟပတိပုတ္တဿ ဝါ၊ လည်းကောင်း။
ကာယိကာဝါ၊ ပဉ္စဒွါရသို့ အစဉ်လိုက်၍ဖစ်သော ဝိညာဏ်အပေါင်းကို တုန်လှုပ်ချောက်ချားစေတတ်သည်လည်းဖြစ်ကုန်သော။
[ကာယ၊ ဝိညာဏ်အပေါင်း+
ဣက၊ ချောက်ချားစေသော။]
စေတသိကာ ဝါ၊ မနောဒွါရကို တုန်လှုပ်ချောက်ချားစေတတ်သည်လည်းဖြစ်ကုန်သော။
ဝါ၊ မနောဒွါရက စိတ်၌ မှီတည်သည်လည်းဖြစ်ကုန်သော။
ရာဂဇာ၊ ကုန်သော။
တေ ပရိဠာဟာ၊ ထိူပူလောင်ခြင်းတို့သည်။
ဥပ္ပဇ္ဇေယျုံ အပိနု၊ ဖြစ်နိုင်ကုန်ရာပါသလော။
ဣတိ၊ သို့။
(အဝေါစ၊ မေးတော်မူပြီ)။
ဘန္တေ၊ ရား။
ဧဝံ၊ ဖြစ်နိုင်ကုန်ရာပါ၏။
ဣတိ( အဝေါစ၊ လျှောက်ပြီ)။
ကုမာရ၊ သား။
သော ဂဟပတိ ဝါ၊ သည်လည်းကောင်း။
သော ဂဟပတိပုတ္တောဝါ၊ သည်လည်းကောင်း။
ရာဂဇေဟိ၊ ကုန်သော ။
ဟေဟိ ပရိဠာဟေဟိ၊ တို့သည်။
။ပ။၊
ဘယေယျ၊ ရာ၏။
(တေသံ ပရိဠာဟာနံ၊ ထိုပူလောင်ခြင်းတို့ကို။
ဇနကော၊ ဖြစ်စေတတ်သော)။
သော ရာဂေါ၊ မြတ်စွာဘုရားသည်။
ဝါ၊ မြတ်စွာဘုရားမှာ။
ပဟီနော၊ ပယ်အပ်ပြီ။
[တနည်း သော ရောဂေါ၊ သည်။
တထာဂတဿ၊ ၏။
(စိတ္တသန္တာနတော၊ စိတ်အစဉ်မှ)။
ပဟီနော၊ ကင်းကွာပြီ။]
ဥစ္ဆိန္နမူလော၊ (အရဟတ္တမဂ်ဟူသော ဓာားဖြင့်) ပယ်ဖြတ်အပ်ပြီးသော အဝိဇ္ဇာ, တဏှာအမြစ်အရင်းရှိ၏။
တာလာဝတ္ထုကတော၊ (လည်ပင်းပြတ်ပြီး၍) အရွက်အသီး စသည်တို့၏ တည်ရာမဖြစ်နိုင်သော ထန်းပင်ငုတ်ကဲ့သို့ ပြုအပ်ပြီ။တာလာဝတ္ထုကတော။ ။ အဝတ္ထုဘူတော တာလော အဝတ္ထု တာလော (အရွက်အသီး စသည်တို့၏ တည်ရာမဟုတ်သော ထန်းပင်ငုတ်) အဝတ္ထုတာလော ဝိယ ကတောတိ အဝတ္ထုတာလကတော (အရွက်အသီးစသည်တို့၏ တည်ရာမဟုတ်သော ထန်းပင်ငုတ်ကဲ့သို့ ပြုအပ်ပြီးသော ရာဂ) ဟု ဆိုလိုလျက် ဝိသေသနပုဒ်ကို နောက်ထား၍ တာလာဝတ္ထုကတောဟု ဆိုသည်။
ဝိမတိဋီကာ၊ (ပ-၆၈) အလိုအားဖြင့် "တာလောယေဝ အဝတ္ထုတိ တာလာဝတ္ထု၊ တံ ဝိယ ယဿ (ရာဂဿ) ဝတ္ထု (စိတ္တသန္တာနံ) ကတန္တိ တာလာဝတ္ထုကတော" ဟူ၍ ဝတ္ထုတပုဒ်ကျေသော ဗဟုဗ္ဗိဟိပြု၍ "တာလာ ဝတ္ထုကတော- အရွက်အသီး စသည်တို့၏ တည်ရာ မဖြစ်နိုင်သော ထန်းပင်ငုတ်ကဲ့သို့ ပြုအပ်ပြီးသော တည်ရာ စိတ်အစဉ်ရှိ၏" ဟု အနက်ဆို။
တနည်း..... တာ- ထန်းပင်၏+ ဝတ္ထု- တည်ရာဖြစ်ခဲ့ဖူးသော မြေနေရာကဲ့သို့+ ဝတ္ထုကတ- ပြုအပ်ပြီးသော တည်ရာ စိတ်အစဉ်ရှိသော (ရာဂ)။ တာလဿ ဝတ္ထု တာလာဝတ္ထု၊ (လ၏ အကို ဒီဃပြုသည်) တာလာဝတ္ထ ဝိယ ယဿ ရာဂဿ ဝတ္ထု (စိတ္တသန္တာနံ) ကတန္တိ တာလာဝတ္ထုကတော (ဝတ္ထုတပုဒ်ကျေ၏) အဋ္ဌကအင်္ဂုတ္တိုရ် ဝေရဉ္စသုတ်နိဿယလည်းကြည့်။ ဝါ၊ ထန်းပင်ရှိခဲ့ဖူးသော မြေနေရာကဲ့သို့ ပြုအပ်ပြီးသော တည်နေရာစိတ်အစဉ်ရှိ၏။ အနဘာဝံ ကတော၊ နောက်၌ဖြစ်ခြင်း မရှိအောင် ပြုအပ်ပြီ။ အာယတိံ၊ နောင်အခါ၌။ အနုပ္ပါဒ ဓမ္မော၊ ဖြစ်ခြင်း သဘောမရှိ။

တသ္မာ၊ ထို့ကြောင့်။
(ထိိုသို့ ရာဂကို ပယ်သတ်ပြီးသည်အဖြစ်ကြောင့်)။
အဟံ၊ ငါသည်။
သုခံ၊ စွာ။
အသယိတ္ထံ၊ ကျိန်းစက်ရပြီ။
။ပ။၊
ဣတိ၊ ဤသို့။
(အဝေါစ၊ မိန့်တော်မူပြီ)။
[ဂါထာ]
ပရိနိဗ္ဗုတော၊ ကိလေသာခပ်သိမ်း ချုပ်ငြိမ်းခြင်းအားဖြင့် ချုပ်ငြိမ်းတော်မူသော။
သီတိဘူတော၊ ကိလေသာဟူ အပူမသန်း အေးချမ်းခြင်းသို့ ရောက်တော်မူသော။
နိရူပဓိ၊ ကိလေသာဟူသော ဥပဓိရှိတော်မမူသော။
ယော ဗြဟ္မဏော၊ အကြင်မကောင်းမှုတို့ကို ပယ်ဖျောက် မျောသွားစေပြီးသော ရဟန္တာပုဂ္ဂိုလ်သည်။
ကာမေသု၊ ဝတ္ထုကာမ, ကိလေသာကာမတို့၌။
နလိမ္ပတိ၊ သုတ်လိမ်းဖွယ်ရာ တဏှာဒိဋ္ဌိ အညစ်အကြေးတို့ဖြင့် သုတ်လိမ်းတော်မမူ။
သော ဗြာဟ္မဏော၊ ထိုမကောင်းမှုတို့ကို ပယ်ရှား မျောသွားစေပြီးသော ရဟန္တာပုဂ္ဂိုလ်သည်။
ဝါ၊ ထိုပရိနိဗ္ဗုတ, သိတိဘူတစသည် ဖြစ်တော်မူသော ရဟန္တာပုဂ္ဂိုလ်သည်။
ဝေ၊ ဧကန်စင်စစ်အားဖြင့်။
သဗ္ဗဒါ၊ အမြဲခပ်သိမ်း။
သုခံ၊ ချမ်းသာစွာ။
သေတိ၊ ကျန်းစက်တော်မူရ၏။
(သော ဗြဟ္မဏော၊ သည်)။
သဗ္ဗာ၊ အားလုံးကုန်သော။
အာသတ္တိယော၊ အာရုံငါးပါးတို့၌ ငြိကပ်တွယ်တာတတ်သော တဏှာတို့ကို။
ဆေတွာ၊ ပယ်ဖြတ်ပြီး၍။
ဟဒယေ၊ စိတ်နှလုံး၌။
ဒရံ၊ ကိသေလာအပူကို။
ဝိနေယျ၊ ငြှိမ်းသတ်ပြီး၍။
စေတသော၊ စိတ်၏။
သန္တိံ၊ ကိလေသာအပူငြိမ်းခြင်းသို့။
[တနည်း စေတတော၊ စိတ်ဖြင့်။
သန္တိံ၊ ကိလေသာ အပူငြိမ်းရာ နိဗ္ဗာန်သို့။]
ပပ္ပုယျ၊ ရောက်ပြီး၍။
ဥပသန္တော၊ ငြိမ်းအေးလျက်။
သုခံ၊ စွာ။
သေတိ၊ ၏။
ဣတိ (အဝေါစ၊ မိန့်တော်မူပြီ)။