Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Tikanipātapāḷi
Tikanipātapāḷi

5. Paṇḍitasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခတေ၊ တို့။ ဣမာနိ တီဏိ၊ ဤသုံးမျိုးတို့ကို။ ပဏ္ဍိတပညတ္တာနိ၊ (ကောင်းမြတ်သော တရားဟု) ပညာရှိတို့ ရှေးဦးပဌမ ဟောပြောချီးကျူးအပ်ကုန်၏။ သပ္ပုရိသပညတ္တာနိ၊ (ကောင်းမြတ်သော တရားဟု) ဘုရား အလောင်း သူတော်ကောင်းတို့ ရှေးဦးပဌမ ဟောပြောချီးကျူးအပ်ကုန်၏။
ကတမာနိ တီဏိ၊ အဘယ်သုံးမျိုးတို့ကို။ (ပဏ္ဍိတပညတ္တာနိ၊ အပ်ကုန်သနည်း။ သပ္ပုရိသပညတ္တာနိ၊ နည်း)။
ဘိက္ခတေ၊ တို့။ ဒါနံ၊ လှူဒါန်းပေးကမ်းခြင်းကို။ ပဏ္ဍိတပညတ္တံ၊ အပ်၏။ သပ္ပုရိသပညတ္တံ၊ ၏။
ဘိက္ခဝေ၊ တို့။ ပဗ္ဗဇ္ဇာ၊ ရှင်ရဟန်းအဖြစ်ကို။ ။ပ။၊
ဘိက္ခဝေ၊ တို့။ မာတာပိတူနံ၊ မိဘတို့ကို။ ဥပဋ္ဌာနံ၊ ပြုစုစောင့်ရှောက်ခြင်းကို။ ။ပ။၊
ဣတိ (အဝေါစ)၊
[ဂါထာ] ဒါနံ၊ လှူဒါန်းပေးကမ်းခြင်းကိုလည်းကောင်း။ အဟိံ သာ၊ သတ္တဝါတို့ကို မညှဉ်းဆဲကြောင်း ကရုဏာကိုလည်းကောင်း။ (သတ္တဝါတို့ကို မညှဉ်းဆဲကြောင်း စေတောဝိမုတ္တိ ကရုဏာဈာန်နှင့် ၎င်း၏ ရှေ့ပိုင်း ဥပစာရ ကရုဏာကိုလည်းကောင်း)။ သံယမော၊ သီလ စောင့်ထိန်းခြင်းကိုလည်းကောင်း။ ဒမော၊ စက္ခုစသော ဣန္ဒြေခြောက်ပါးတို့ကို ထိန်းချုပ်ဆုံးမခြင်းကိုလည်းကောင်း။ ဝါ၊ ဥပုသ် စောင့်ထိန်းခြင်းဖြင့် စိတ်ကို ဆုံးမခြင်းကိုလည်းကောင်း။ ဝါ၊ ဒေါသ စသည်တို့ကို ဆုံးမနှိပ်ကွပ်တတ်သော ခန္တိတရားကိုလည်းကောင်း။ ဝါ၊ ကိလေသာတို့ကို ဆုံးမနှိပ်ကွပ်တ်တသော ပညာကိုလည်းကောင်း။
ဗြဟ္မစာရိနံ၊ မြတ်သော အကျင့်ကို ကျင့်လေ့ရှိကုန်သော။ သန္တာနံ၊ မြင့်မြတ်သော ပုဂ္ဂိုလ်တို့၏။ မာတာတိတုဥပဋ္ဌာနံ၊ မိဘတို့ကို ပြုစုစောင့်ရှောက်ခြင်းကိုလည်းကောင်း။ သဗ္ဘိ၊ သူတော်ကောင်းတို့သည်။ ဥပညတ္တံ၊ ကောင်းမြတ်သော တရားဟု လက်ဦးပဌမ ဟောပြောချိီးကျူးအပ်၏။
ဧတာနိ၊ ဤဒါနစသော တရားသုံးပါးတို့သည်။ [ဒါန, ပဗ္ဗဇ္ဇာ, မာတာပိတုဥပဋ္ဌာနဟူသော တရားသုံးပါးတည်း။] ဝါ၊ ဤမိဘတို့ကို ပြုစုစောင့်ရှောက်ခြင်းတို့သည်။ သတံ၊ မြင့်မြတ်သော ပုဂ္ဂိုလ်တို့၏။ ဌာနာနိ၊ အကြောင်းတရားတို့ပေတည်း။ ယာနိ၊ ယင်းသို့ သော အကြောင်းတရားတို့ကို။
အရိယော၊ (ဒါနစကား အကြောင်းတရားတို့ကို ကြိုးစားကျင့်ဝတ်) သူတော်သူမြတ်ဖြစ်သော။ ဝါ၊ (မိဘတို့ကို ပြုစုစောင့်တတ်) သူတော်သူမြတ်ဖြစ်သော။ ဒဿနသမ္ပန္နော၊ (ဒါနစသော အကြေင်းတရားတို့ကို ပြုလုပ်တတ်သော) ဉာဏ်အမြင်နှင့် ပြည့်စုံသော။ ဝါ၊ ( မိဘတို့ကို ပြုစုစောင့်ရှောက်တတ်သော) ဉာဏ်အမြင်နှင့်ပြည့်စုံသော။ ယော ပဏ္ဍိတော၊ အကြင် ပညာရှိသည်။ သေဝေထ၊ မှီဝဲသုံးစွဲ၏။ သ (သော ပဏ္ဍိတော)၊ ထို ပညာရှိသည်။ သိဝံ၊ ဘေးရန်ကုန်ခန်းအေးချမ်းသော။ လောကံ၊ နတ်ပြည်သို့။ ဘဇတေ၊ လားရောက်၏။ ဣတိ (အဝေါစ)၊ ။
ပဉ္စမံ၊ ။