Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Puggalapaññatti-aṭṭhakathā

1. Mātikāvaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဆ ပညတ္တိယော ခန္ဓပညတ္တိ (ပေ) ပုဂ္ဂလပညတ္တီတိ၊ ဆ ပညတ္တိယော ခန္ဓပညတ္တိ (ပေ) ပုဂ္ဂလ ပညတ္တိ ဟူသော။ အယံ၊ ဤ စကားရပ်သည်။၏ တာဝ၊ နိဒ္ဒေသမှ ရှေးဦးစွာ။ (နိဒ္ဒိဋ္ဌော၊ သော။) ပုဂ္ဂလပညတ္တိယာ၊ ပုဂ္ဂလပညတ်ပါဠိတော်၏ ။ ဥဒ္ဒေသော၊ ဥဒ္ဒေသတည်း။ ဝါ၊ အကျဉ်းညွှန်ပြအပ်သော ခေါင်းစဉ်စကားရပ်တည်း။
တတ္ထ၊ ထို ခေါင်းစဉ်စကားရပ်၌။ ဆာတိ၊ ဆ ဟူသော သဒ္ဒါသည်။ ဂဏနပရိစ္ဆေဒေါ၊ ဂဏန်းဖြင့် ပညတ်တို့ကို ပိုင်းခြားကြောင်း သဒ္ဓါတည်း။ **ဂဏန ပရိစ္ဆေဒေါ**။ ။ မူလပဏ္ဏာသ အနင်္ဂဏသုတ် ဋီကာ ၌" ဂဏနေန ပရိစ္ဆန္ဒနံ" ဟု ဖွင့်၏။ ထို့အဖွင့်သည် ဤ၌ "ဂဏန ဝသေန ပညတ္တိ ပရိစ္ဆေဒံ ဒဿေတိ" နှင့် သဘောတူ၏။ "ဆ" ဟူသော ဂဏန်းဖြင့် ပညတ်၏ အပိုင်းအခြားကို ပြ၏။ ထို့ကြောင့် ဆ- သဒ္ဒါကို ဂဏန ပရိစ္ဆေဒသဒ္ဒါဟု ဖွင့်သည်။
တေန၊ ထို ဆ ဟူသော သဒ္ဒါဖြင့်။ (ဒဿေတိ၊ ၌စပ်)။ ယေ ဓမ္မေ၊ အကြင် ခန္ဓာ အစရှိသော တရာတို့ကို။ ဣဓ၊ ဤ ပုဂ္ဂလပညတ်ပါဠိတော်၌။ ပညပေတုကာမော၊ ပညတ်ခြင်းငှါ အလိုရှိတော်မူ၏။ ဝါ၊ ပညတ်ခြင်း၏ တည်ရာဝတ္ထုအဖြစ်ဖြင့် ပညတ်ခြင်းငှါ အလိုရှိ‌တော်မူ၏။ တေသံ၊ ထိုခန္ဓာ အစရှိသော တရားတို့၏။ ဂဏန ဝသေန၊ ဂဏန်း၏ အစွမ်းဖြင့်။ ဝါ၊ ဂဏန်းနှင့် စပ်သဖြင့်။ သင်္ခေဂတော၊ အကျဉ်းအားဖြင့်။ ပညတ္တိပရိစ္ဆေဒံ၊ ပညတ်၏ အပိုင်းအခြားကို။ ဒဿေတိ၊ ပြတော်မူ၏။
ပညတ္တိယောတိ၊ ပညတ္တိယော ဟူသော သဒ္ဒါသည်။ ပရိစ္ဆိန္နဓမ္မနိဒဿနံ၊ ဆ ဟူသော ဂဏန်းဖြင့် ပိုင်းခြားအပ်သော ပညတ်တရားတို့ကို ညွှန်ပြကြောင်း သဒ္ဒါတည်း။
တတ္ထ၊ ထိုပညတ္တိဟူသော သဒ္ဒါ၌။ (လဗ္ဘမာနာ၊ ရထိုက်ကုန်သော။ ပညတ္တိယော၊ ပညတ်တို့ကို။ ဧဝံ၊ ဤ ဆိုအပ်လတ္တံ့သော နည်းဖြင့်။ ဝေဒိတဗ္ဗာ၊ ကုန်၏)။ အာစိက္ခတိ၊ ဟောတော်မူ၏။ ဒေသေတိ၊ ညွှန်ပြတော်မူ၏။ ပညပေတိ၊ အပြားအားဖြင့် သိစေတော်မူ၏။ ပဌပေသိ၊ အပြားအားဖြင့် ဖြစ်စေတော်မူ၏။ ဣတိ၊ သို့။ အာဂတဋ္ဌာနေ၊ လာသော ပါဠိရပ်၌။ [နိဒါနဝဂ္ဂသံယုတ် အာဟာရဝဂ် ပစ္စယသုတ်။] ပညာပနာ၊ အပြားအားဖြင့်သိစေခြင်းသည်။ **ပညာပန (ပေ) ပညတ္တိ နာမ**။ ။ "ပညတ္တိ- အပြားအားဖြင့် သိစေခြင်း" ဟူသည် သူတပါးကို သိအောင် ဟောပြခြင်းတည်း။ ထို့ကြောင့် "ဒဿနာ ပကာသနာ" ဟု ဖွင့်သည်။ ဤအလို ပညတ္တိ၌ ပ+ဉာ-ဓာတ် ကာရိတ်ကျေ။ တိ- ပစ္စည်းတည်း။ ပညာပေတိ၊ အပြားအားဖြင့် သိစေတတ်၏။ ဣတိ ပညတ္တိ။ ဒဿနာ၊ ပြခြင်းသည်။ ပကာသနာ၊ ထင်ရှားပြခြင်းသည်။ ပညတ္တိ နာမ၊ ပညတ္တိမည်၏။
မဉ္စပီဌံ၊ ညောင်စောင်းအင်းပျဉ်ကို။ သုပညတ္တံ၊ ကောင်းစွား ခင်းထားအပ်ပြီ။ ဣတိ၊ သို့။ အာဂတာဋ္ဌာနေ၊ လာလောပါဠိရပ်၌။ [ပါရာဇိကဏ်ပါဠိတော် ကာယသံသဂ္ဂသိက္ခာပုဒ်။] ဌာပန၊ ထားခြင်းသည်။ **ဌပနာ (ပေ) ပညတ္တိ နာမ**။ ။ "သုပညတ္တံ ပဉ္စပီဌံ၊ ညောင်စောင်းနှင့် အင်းပျဉ်ကို ကောင်းစွား ခင်းထား အပ်၏" ဟူရာ၌ ဌပနာ၊ ထားခြင်း+ နိက္ခိပန၊ ချထားခြင်းကို "ပညတ္တိ(ပညတ္တိ)" ဟု ခေါ်၏။ ဤအလို ပညတ္တိ- ၌ ပ+ဥပ-ဓာတ် , တိ ပစ္စည်းတည်း။ စုရာဒိ ဥပ-ဓာတ်သည် ပ- ဥပဿာရရှိရာ၌ နိက္ခိပန- အနက်ကို ဟော၏။ ဤအလို "ပကာရေန၊ ထိုထိုအပြားအားဖြင့် + ဥပေတိ၊ ထိုထိုတရားတို့ကို ချထားတတ်၏။ ဣတိပညတ္တိ" ဟု ပြုပါ။ ထို့ကြောင့် "တေန တေန ကောဋ္ဌာသေန ဌပေတိပိ" ဟု နောက်၌ ပြသည်။ နိက္ခိပနာ၊ ချထားခြင်းသည်။ ပညတ္တိနာမ၊ ၏။
ဣဓ၊ ဤ ပညတ္တိယော ဟူသော ပါဌ်၌။ ဥဘယမ္ပိ၊ ၂ ပါးစုံသော ပညာပန, ဌပန အနက်သည်လည်း။ ဝဋ္ဋတိ၊ သင့်၏။
ဟိ၊ ချဲ့။ ဆ ပညတ္တိယောတိ ဣဓ၊ ဆ ပညတ္တိယော ဟူသေသာ ဤစကား ရပ်၌။ ပညာပနာ၊ အပြားအားဖြင့် သိစေခြင်းတို့သည်။ ဆ၊ ၆ ပါးတို့တည်း။ ဒဿနာ၊ ပြခြင်းတို့သည်။ ပကာသနာ၊ ထင်ရှားပြခြင်းတို့သည်။ ဆ၊ ၆ ပါးတို့တည်း။
ဣတိပိ၊ ဤ အနက်ကို၎င်း။ (ပညာပနာ၊ ထားခြင်းတို့သည်။) ဌပနာ၊ ထားခြင်းတို့သည်။ နိက္ခိပနာ၊ ချထားခြင်းတို့သည်။ ဆ၊ တို့တည်း။ ဣတိပိ၊ ဤအနက်ကို၎င်း။ အဓိပ္ပေတမေဝ၊ အလိုရှိအပ်သည်သာ။
ဟိ၊ မှန်။ နာမ ပညတ္တိ၊ အပြားအားဖြင့် သိစေတတ်သော နာမည် ပညတ်သည်။ ဝါ၊ ချထားတတ်သော နာမည်ပညတ်သည်။ တေ တေ ဓမ္မေ၊ ထိုထို ခန္ဓာအစရှိသော တရားတို့ကို။ ဒဿေတိပိ၊ ပြလည်း ပြနိုင်၏။ တေန တေန ကောဋ္ဌာသေန၊ ထိုထို ခန္ဓာ အစရှိသော တရားအဖို့အစုဖြင့်။ ဌပေတိပိ၊ ထားလည်း ထားနိုင်၏။
ပန၊ ဆက်။ (ပြတ်ပြီးဆက်။) ခန္ဓပညတ္တီတိအာဒိ၊ ခန္ဓပညတ် အစရှိသော စကားရပ်သည်။ သင်္ခေပတော၊ အကျဉ်းအားဖြင့်။ တာသံ ပညတ္တီနံ၊ ထို ခန္ဓ ပညတ် အစရှိသော ပညတ်တို့၏။ သရူပဒဿနံ၊ သရုပ်ကို ပြကြောင်းစကားရပ်တည်း။
တတ္ထ၊ ထို ခန္ဓပညတ် အစရှိသော စကားရပ်၌။ ခန္ဓာနံ၊ ခန္ဓာတို့ကို။ ခန္ဓာတိ၊ ခန္ဓာတို့ဟူ၍။ ပညာပနာ၊ အပြားအားဖြင့် သိစေခြင်းသည်။ ဝါ၊ အပြားအားဖြင့် သိစေကြောင်း စကားရပ်သည်။ ဒဿနာ၊ ပြခြင်းသည်။ ဝါ၊ ပြကြောင်း စကားရပ်သည်။ ပကာသနာ၊ ထင်ရှားပြခြင်းသည်။ ဝါ၊ ထင်ရှားပြကြောင်း စကားရပ်သည်။ (ပညာပနာ၊ ပညတ်ခြင်းသည်။ ဝါ၊ ပညတ်ကြောင်း စကားရပ်သည်။) ဌပနာ၊ ထားခြင်းသည်။ ဝါ၊ ထားကြောင်း စကားရပ်သည်။ နိက္ခိပနာ၊ ချထားခြင်းသည်။ ဝါ၊ ချထားကြောင်း စကားရပ်သည်။ [ဒဿနာ စသည်တို့ကား ပရိယာယ် စကားဖြစ်သောကြောင့် "၎င်း" ဟု မပေးရ။] ခန္ဓပညတ္တိ နာမ၊ ခန္ဓပညတ္တိ မည်၏။ ဝါ၊ ခန္ဓာကို ပညတ်ခြင်း ချထားခြင်း မည်၏။ [ဒဿနာ ပကာသနာ တို့သည် ပညာပန- အနက်ဟော။ ပညတ္တိ၏ အနက်တည်း။ ဌပနာ နိက္ခိပနာ တို့ကား နိက္ခိပန- အနက်ဟော၊ အညတ္တိ၏ အနက်တည်း။]
အာယတနာနံ၊ တို့ကို။ အာယတနာနီတိ၊ တို့ဟူ၍။ ပညာပနာ ဒဿနာ ပကာသနာ, (ပညပနာ) ဌပနာ နိက္ခိပနာ၊ သည်။ အာယတနပညတ္တိနာမ၊ အာယတနပညာတ်မည်၏။ ဝါ၊ အာယတနကို ပညတ်ခြင်း ချထားခြင်းမည်၏။ ဓာတူနံ၊ တို့ကို။ ဓာတုယောတိ၊ တို့ဟူ၍။ ပညာပနာ ဒဿနာ ပကာသနာ, (ပညပနာ) ဌပနာ နိက္ခိပနာ၊ သည်။ ဓာတုပညတ္တိ နာမ၊ မည်၏။ ဝါ၊ မည်၏။ သစ္စာနံ၊ တို့ကို။ သစ္စာနီတိ၊ တို့ဟူ၍။ ပညာပန ဒဿနာ ပကာသနာ (ပညပနာ) ဌပနာ နိက္ခိပနာ၊ သည်။ သစ္စပညတ္တိ နာမ၊ ၏။ ဝါ၊ မည်၏။ ဣန္ဒြိယာနံ၊ တို့ကို။ ဣန္ဒြိယာနီတိ၊ တို့ဟူ၍။ ပညာပနာ ဒဿနာ ပကာသနာ (ပညပနာ) ဌပနာ နိက္ခိပနာ၊ သည်။ ဣန္ဒြိယပညတ္တိ နာမ၊ မည်၏။ ဝါ၊ မည်၏။ [ပေယျာလ မြှုပ်ထားအပ်သောကြောင့် ဖော်ပေးသည်။] ပုဂ္ဂလာနံ၊ တို့ကို။ ပုဂ္ဂလာတိ၊ တို့ဟူ၍။ ပညာပနာ၊ သည်။ ဝါ၊ သည်။ ဒဿနာ၊ သည်။ ဝါ၊ သည်။ ပကာသနာ၊ သည်။ ဝါ၊ သည်။ (ပညပနာ၊ သည်။ ဝါ၊ သည်။) ဌပနာ၊ သည်။ ဝါ၊ သည်။ နိက္ခိပနာ၊ သည်။ ဝါ၊ သည်။ ပုဂ္ဂလပညတ္တိ နာမ၊ မည်၏။ ဝါ၊ မည်၏။
[ပါဠိတော်၌ လာသော ခန္ဓပညတ္တိ စသည်တို့မှ တပါး ဝိဇ္ဇမာနပညတ္တိ စသည်တို့ကို ပြလို၍ "ပါဠိမုတ္တကေန" ဟသည်ကို မိန့်။] ပန၊ ကား။ ပါဠိမုတ္တကေန၊ ပါဠိတော်မှ အလွတ်ဖြစ်သော။ အဋ္ဌကထာနယေန၊ ရှေး အဋ္ဌကထာ တို့၌ လာသော နည်းဖြင့်။ အပရာပိ၊ ခန္ဓပညတ္တိ စသည်တို့မှ တပါးလည်း ဖြစ်ကုန်သော။ ပညတ္တိယော၊ ပညတ်တို့သည်။ ဝိဇ္ဇမာနပညတ္တိ၊ ဝိဇ္ဇမာနပညတ်၎င်း။ အဝိဇ္ဇမာနပညတ္တိ၊ ၎င်း။ ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ္တိ၊ ၎င်း။ အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ္တိ၊ ၎င်း။ ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ္တိ၊ ၎င်း။ အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ္တိ၊ ၎င်း။ ဣတိ၊ သို့။ ဆ၊ ၆ ပါး တို့သည်။ (ဟောန္တိ၊ )။
တတ္ထ၊ ထို ၆ ပါးသော ပညတ်တို့တွင်။ (ဝိဇ္ဇမာန ပညတ္တိ အဝိဇ္ဇမာနပညတ္တိ စသော နာမ ပါသော ခြောက်ပုဒ်တို့ ၌စပ်။) ကုသလာ ကုသလဿ၊ ကုသိုလ် အကုသိုလ်၏။ (သစ္စိကဋ္ဌ ပရမတ္တဝသေန၊ ဖြင့်။) (ဝိဇ္ဇာမာနတ္တံ ဣဝ၊ ထင်ရှားရှိသည်၏ အဖြစ်ကဲ့သို့။) သစ္စိကဋ္ဌ ပရမတ္ထဝသေန၊ မှန်ကုန်သော အနက်သဘော, မဖောက်မပြန် မြတ်သော အနက်သဘော ၏ အဖြစ်ဖြင့်။ ဝိဇ္ဇမာနဿ၊ ထင်ရှားရှိသော။ သတော၊ ဖြစ်သော။ သမ္ဘူတဿ၊ ထင်ရှားဖြစ်သော။ ဓမ္မဿ၊ တရားကို။ (တနည်း) ဝိဇ္ဇမာနဿ၊ ထင်ရှား ရှိသည် ဖြစ်၍။ သတော၊ ဖြစ်သော။ သမ္ဘူတဿ၊ ထင်ရှားဖြစ်သော။ ဓမ္မဿ၊ ကို။ ပညာပနာ၊ အပြားအားဖြင့် သိစေခြင်းသည်။ ဝါ၊ အပြားအားဖြင့် သိစေကြောင်း နာမည်သည်။ (တနည်း) ပညာပနာ၊ ပညတ် ထားခြင်းသည်။ ဝါ၊ ပညတ် ထားကြောင်း နာမည်သည်။ ဝိဇ္ဇာမာနပညတ္တိ နာမ၊ ဝိဇ္ဇမာနပညတ် မည်၏။ (ပရမတ္ထအားဖြင့် ထင်ရှားရှိသော အနက်ကို အပြားအားဖြင့် သိစေခြင်းမည်၏)။ ဝါ၊ သိစေကြောင်း နာမည်မည်၏။ (တနည်း) ပညတ်ထားခြင်း မည်၏။ ဝါ၊ ပညတ်ထားကြောင်း နာမည် မည်၏။
တထာ၊ ထို သစ္စိကဋ္ဌ ပရမတ္ထ၏ အစွမ်းဖြင့်။ အဝိဇ္ဇမာနဿ၊ ထင်ရှား မရှိသော။ လောကနိရုတ္တိမတ္တသိဒ္ဓဿ၊ လောက၌ ထုတ်ဖော် ပြောဆိုအပ်သော နာမည်မျှ ဖြင့် ပြီးစီးသော။ **လောကနိရုတ္တိပတ္တ သိဒ္ဓဿ**။ ။ မတ္ထ- သဒ္ဒါသည် "သွပ္ပေဝဓာရဏေ မတ္တံ" အဘိဓာန် (၁၁၁၈) နှင့် အညီ အခြားအနက်ကို တားမြစ်သော နိဝတ္တာပနာဝဓာရဏ အနက်ရှိ၏။ ထို နိဝတ္တာပနာဝဓာရဏ အနက်ရှိသော မတ္တ သဒ္ဒါဖြင့် လောကနိရုတ္တိ ဖြစ်သော ပညတ်၏ ပရမတ္ထသဘာဝအားဖြင့် ထင်ရှား မရှိခြင်းကိုသာ တားမြစ်သည် မဟုတ်သေး။ စိတ်ဖြင့် "ဣတ္ထိ, ပရိသ" ဟု မှတ်ယူသောအခါ "ဣတ္ထိ ရှိ၏၊ ပုရိသ ရှိ၏" ဟု စိတ်ဖြင့် မှားမှား ယွင်း ယွင်း နှလုံးသွင်းခြင်း ကိုလည်း တားမြစ်သည်ဟု မှတ်ပါ။ ထို့ကြောင့် ဋီကာ၌ "အနဘိနိဝေသေန စိတ္တေန" ဟု ဖွင့်သည်။ [လောကနိရုတ္ထိမတ္တ သိဒ္ဓဿာတိ ဧတ္ထ မတ္တဂဟဏံ တဿ ပညတ္တိဝတ္ထုဿ န ကေဝလံ ဝိဇ္ဇမာနသဘာဝတာနိဝတ္တနတ္တမေဝ၊ အထ ခေါ ဝိပရီတဂ္ဂါဟနိဝတ္တန မ္ပီတိ ဒဿေန္တော" အနဘိနိဝေ- သေန စိတ္တေနာ" တိအာဟ။ အနူ။] ဣတ္ထိပုရိသာဒိကဿ၊ မိန်းမ ယောင်္ကျားအစရှိသော အနက်ကို။ ပညာပနာ၊ အပြားအားဖြင့် သိစေခြင်းသည်။ ဝါ၊ အပြားအားဖြင့် သိစေကြောင်း နာမည်သည်။ အဝိဇ္ဇမာနပညတ္တိ နာမ၊ အဝိဇ္ဇမာန ပညတ် မည်၏။
သဗ္ဗာကာရေနပိ၊ အလုံးစုံသော အခြင်းအရာအားဖြင့်လည်း။ **သဗ္ဗာကာရေနပိ**။ ။ "သစ္စကဋ္ဌ ပရမတ္ထ ဝသေန" ကို ကြည့်၍ ဟုတ်မှန်သော သဘောအားဖြင့် ရအပ်သော အခြင်းအရာကို ၎င်း, "လောကနိရုတ္တိမတ္တသိဒ္ဓဿ" ကို ကြည့်၍ လောက သင်္ကေတ အားဖြင့် ထင်ရှား သော အခြင်းအရာကို ၎င်း "သဗ္ဗာကာရ" ဟု မှတ်ပါ။ ထို ကဲ့သို့ အခြင်းအရာအားဖြင့် မရအပ် မရနိုင်သည်ကို "အနူပလဘနီယဿ" ဟု ဆိုသည်။ န+ ဥပ+ လဘဓာတ်, ကံဟော အနီယ ပစ္စည်း ဖြစ်သောကြောင့် "အနူပလဘနီယ" ဟု ရှိမှ သင့်မည် ထင်သည်။ ] အနုပလဘနီယဿ၊ မရအပ် မရနိုင်သော။ ဝါစာ ဝတ္ထုမတ္တဿေဝ၊ စကား၏တည်ရာ မျှသာဖြစ်သော။ **ဝါစာဝတ္ထု(ပေ) သစ္စာဒိကဿ**။ ။ သစ္စာလေးပါးသာ ထင်ရှားရှိ၏။ ငါးခုမြောက် သစ္စာ ဟူ ၍ ထင်ရှားမရှိ။ ငါးခုမြောက် သစ္စာဟု ဆိုလျှင် ထိုသစ္စာသည် အမှန်ရှီသည် မဟုတ်။ သစ္စာ ဟူသော စကား၏ တည်ရာမျှသာ ဖြစ်၏။ အာဒိဖြင့် ခြောက်ခုမြောက် ခန္ဓာ စသည်ကို ယူပါ။ ခန္ဓာ ငါးပါး သာ ထင်ရှားရှိ၏၊ ခြောက်ခုမြောက် ခန္ဓာဟူ၍ ထင်ရှားမရှိ၊ ခြောက်ခုမြောက် ခန္ဓာဟု ရှိလျှင် ထိုခန္ဓာသည် အမှန် ရှိသည် မဟုတ်။ ခန္ဓာ ဟူသော စကား၏ တည်ရာမျှသာ ဖြစ်၏။ ထို့ကြောင့် "ဝါစာဝတ္ထု မတ္တဿေဝ မဉ္စမသစ္စာ ဒိကဿ" ဟု မိန့်သည်။ ပဉ္စမသစ္စာဒိကဿ၊ ငါးခုမြောက် သစ္စာ အစရှိသည်ကို၎င်း။ တိတ္ထိယာနံ၊ တိတ္ထိတို့၏။ အဏုပကတိပုရိသာဒိကဿ ဝါ၊ အဏုမြူ, ပကတိ, ပုရိသ အစရှိသော အနက်ကို၎င်း။ **အဏုပကတိ ပုရိသာ ဒိကဿ**။ ။ အဏုမြူ, ပကတိ, ပုရိသ စသည်တို့ကို အဋ္ဌသာလိနီ မူလဋီကာနိဿယ စိတ္တုပ္ပါဒကဏ္ဍ ကာမကုသိုလ် ပဒဘာဇနီ အဖွင့်၌ ပြခဲ့ပြီ။ ပညာပနာပိ၊ အပြားအားဖြင့် သိစေခြင်းသည်လည်း။ ဝါ၊ အပြားအားဖြင့် သိစေကြောင်း ဖြစ်သော နာမည်သည်လည်း။ အဝိဇ္ဇမာနပညတ္တိယေဝ၊ အဝိဇ္ဇမာန ပညတ်သာတည်း။
ပန၊ ထိုသို အဝိဇ္ဇမာန ပညတ်ဖြစ်ပါသော်လည်း။ သာ၊ ထို ပဉ္စမ သစ္စာ အစရှိသည်ကို အပြားအားဖြင့် သိစေကြောင်း ဖြစ်သော နာမည် ပညတ်, အဏုမြူ ပကတိ ပုရိသ အစရှိသော အနက်ကို အပြားအားဖြင့် သိစေကြောင်း ဖြစ်သော နာမည်ပညတ်သည်။ သာသနာဝစရာ၊ သာသနာတော်၌ သက်ဝင်သည်။ န ဟောတိ၊ မဖြစ်။ ဣတိ၊ ကြောင့်။ ဣဓ၊ ဤ ပုဂ္ဂလ ပညတ် အဋ္ဌကထာ၌။ (ပေါရာဟေဏိ၊ ရှေး၌ ဖြစ်သော ဆရာတို့သည်။) န ဂတိတာ၊ မယူအပ်။
ဣတိ၊ ဤသို့။ ဣမေသံ ဝိဇ္ဇမာနာဝိဇ္ဇမာနနံ၊ ဤ ဝိဇ္ဇမာန အဝိဇ္ဇမာန အနက်တို့ကို။ ဝိကပ္ပန ဝသေန၊ အမျိုးမျိုး အဖုံဖုံ ပြုစီရင်ခြင်း၏ အစွမ်းဖြင့်။ (အမျိုးမျိုး အဖုံဖုံ နာမည်တပ်၍ ပညတ်ခြင်း၏ အစွမ်းဖြင့်။) သေသော၊ ဝိဇ္ဇမာန ပညတ်, အဝိဇ္ဇမာန ပညတ်တို့မှ ကြွင်းသော ဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ် အစရှိသော ၄ ပါးသော ပညတ်တို့ကို။ ဝေဒိတဗ္ဗာ၊ ကုန်၏။
[ထို သေသ ပညတ်တို့ကို အကျယ်ပြလို၍ "တေဝိဇ္ဇာ ဆဠဘိညောတိ အာဒီသု " စသည်ကို မိန့်။ ထို ပညတ်တို့သည် အဘိဓမ္မတ္ထသင်္ဂဟ ပစ္စယ ပရိစ္ဆေဒ ၌လာသော ပညတ်တို့ ပင်တည်း။] ဟိ၊ ချဲ့။ တေဝိဇ္ဇဦ၊ သုံးပါးသော ဝိဇ္ဇာ ရှိသော ပုဂ္ဂိုလ်။ ဆဠဘိညော၊ ခြောက်ပါးသော အဘိညာဉ် ရှိသော ပုဂ္ဂိုလ်။ ဣတိ အာဒီသု၊ ဤသို အစရှိသော စကားရပ်တို့၌။ တိဿော၊ ကုန်သော။ ဝိဇ္ဇာ၊ တို့သည်၎င်း။ ဆ၊ ကုန်သော။ အဘိညာစ၊ တို့သည်၎င်း။ ဝိဇ္ဇမာနာ၊ သစ္စကဋ္ဌ ပရမတ္ထအားဖြင့် ထင်ရှားရှိကုန်၏။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ အဝိဇ္ဇမာနော၊ သစ္စကဋ္ဌ ပရမတ္ထ အားဖြင့် ထင်ရှားမရှိ။
တသ္မာ၊ ကြောင့်။ အဿ၊ ထို ပုဂ္ဂိုလ်၏။ တိဿော၊ ကုန်သော။ ဝိဇ္ဇာ၊ တို့သည်။ (သန္တိ)၊ ဣတိ၊ ကြောင့်။ (သော၊ ထို ပုဂ္ဂိုလ်သည်။) တေဝိဇ္ဇာ၊ တေဝိဇ္ဇ မည်၏။ အဿ၊ ထို ပုဂ္ဂိုလ်၏။ ဆ၊ ကုန်သော။ အဘိညာ၊ တို့သည်။ (သန္တိ)၊ ဣတိ၊ ကြောင့်။ (သော၊ သည်။) ဆဠဘိညော၊ မည်၏။ ဣတိ ဧဝံ၊ သို့။ ဝိဇ္ဇမာနေန၊ သစ္စကဋ္ဌ မရမတ္ထအားဖြင့် ထင်ရှားရှိသော ဝိဇ္ဇာ, ထင်ရှားရှိသော အဘိညာဉ်ဖြင့်။ အဝိဇ္ဇမာနဿ၊ သစ္စိကဋ္ဌ ပရမတ္ထ အာဖြင့် ထင်ရှား မရှိသော ပုဂ္ဂိုလ်ကို။ ပညာပနတော၊ အပြားအားဖြင့် သိစေတတ်သည်၏ အဖြစ်ကြောင့်။ ဧဝရူပါ၊ ဤသို့ သဘောရှိသော ပညတ် သည်။ ဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ္တိ နာမ၊ ဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ် မည်၏။ ဝါ၊ သစ္စကဋ္ဌ ပရမတ္ထအားဖြင့် ထင်ရှားရှိသာ ဝိဇ္ဇာ, အဘိညာဉ် ဖြင့် သစ္စကဋ္ဌ ပရမတ္ထအားဖြင့် ထင်ရှား မရှိသော ပုဂ္ဂိုလ်ကို အပြားအားဖြင့်သိစေကြောင်း ပညတ် မည်၏။
ပန၊ ကား။ ဣတ္ထိရူပံ၊ မိန်းမ၏ အဆင်။ ပုရိသရူပံ၊ ယောင်္ကျား၏ အဆင်း. ဣတိအာဒီသု၊ ဤသို့ အစရှိသော ပုဒ်တို့၌။ ဣတ္ထိပုရိသာ၊ မိန်းမ, ယောင်္ကျားတို့သည်။ အဝိဇ္ဇမာနာ၊ သစ္စကဋ္ဌ ပရမတ္ထ အားဖြင့် ထင်ရှား မရှိကုန်။ ရူပံ၊ အဆင်းသည်။ ဝိဇ္ဇမာနံ၊ သစ္စကဋ္ဌ ပရမတ္ထအားဖြင့် ထင်ရှား ရှိ၏။
တသ္မာ၊ ထို့ကြောင့်။ (ထိုသို့ မိန့်မ ယောင်္ကျားတို့၏ သစ္စိကဋ္ဌ ပရမတ္ထ အားဖြင့် ထင်ရှား မရှိ ကုန်သည်၏ အဖြစ်, အဆင်း၏ သစ္စကဋ္ဌ ပရမတ္ထ အားဖြင့် ထင်ရှားရှိကုန်သည်၏ အဖြစ်ကြောင့်။) ဣတ္ထိယာ၊ မိန်းမ၏။ ရူပံ၊ အဆင်းတည်း။ ဣတ္ထိရူပံ၊ မိန်းမ၏ အဆင်း။ ပုရိသဿ၊ ၏။ ရူပံ၊ တည်း။ ပုရိသရူပံ၊ ယောင်္ကျား၏ အဆင်။ ဣတိ ဧဝံ၊ သို့။ အဝိဇ္ဇမာနေန၊ သစ္စိကဋ္ဌ ပရမတ္ထ အားဖြင့် ထင်ရှား မရှိသော မိန်းမ, ယောင်္ကျားဖြင့်။ ဝိဇ္ဇမာနဿ၊ သစ္စကဋ္ဌ ပရမတ္ထ အားဖြင့် ထင်ရှား ရှိသော အဆင်းကို။ ပညာပနတော၊ အပြားအားဖြင့် သိစေတတ်သည်၏ အဖြစ်ကြောင့်။ ဧဝရူပါ၊ ဤသို့ သဘောရှိသော ပညတ်သည်။ အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ္တိ နာမ၊ အဝိဇ္ဇမာနေန ဝိဇ္ဇမာန ပညတ်မည်၏။ ဝါ၊ သစ္စိကဋ္ဌ ပရမတ္ထ အားဖြင့် ထင်ရှားမရှိသော မိန်းမ ယောင်္ကျား၏ သစ္စိကဋ္ဌ ပရမတ္ထ အားဖြင့် ထင်ရှားရှိသော အဆင်းကို အပြားအားဖြင့် သိစေကြောင်း ပညတ်မည်၏။
စက္ခုပမ္ဖဿော၊ စက္ခုပသာဒ၌ မှီသော သမ္ဖဿ။ သောတသမ္ဖဿော၊ သောတပသာဒ ၌မှီသော သမ္ဖဿ။ ဣတိ အာဒီသု၊ တို့၌။ စက္ခုသောတာဒယောပိ၊ စက္ခုပသာဒ သောတပသာဒ အစရှိသော တရာတို့သည်၎င်း။ ဖဿောကပိ၊ ဖဿသည်၎င်း။ ဝိဇ္ဇမာနာယေဝ၊ သစ္စကဋ္ဌ ပရမတ္ထအားဖြင့် ထင်ရှားရှိကုန်သည်သာ။
တသ္မာ၊ ကြောင့်။ (ထိုသို့ စက္ခုပသာဒ သောတပသာဒ အစရှိသော တရားတို့၏၎င်း, ဖဿ၏ ၎င်း သစ္စိကဋ္ဌ ပရမတ္ထအားဖြင့် ထင်ရှားရှိကုန်သည်၏ အဖြစ်ကြောင့်။) စက္ခုမှိ၊ စက္ခုပသာဒ၌။ (နိဿိတော၊ မှီသော။) သမ္ဖဿော၊ သမ္ဖဿတည်း။ (စက္ခုသမ္ဖဿော၊ စက္ခုပသာဒ၌ မှီသော ပသ္ဖဿ။) (ဝါ၊ တနည်း။) စက္ခုတော၊ စက္ခုပသာဒကြောင့်။ ဇာတော၊ ဖြစ်သော။ သမ္ဖဿော၊ တည်း။ (စက္ခုသမ္ဖဿော၊ စက္ခုပသာဒကြောင့်ဖြစ်သော သမ္ဖဿ။) ဝါ၊ တနည်း။ စက္ခုဿ၊ စက္ခုပသာဒ၏။ ဖလဘူတော၊ အကျိုးဖြစ်၍ ဖြစ်သော။ သမ္ဖဿော၊ တည်း။ စက္ခုသမ္ဖဿော၊ စက္ခုပဿာဒ၏ အကျိုးဖြစ်၍ ဖြစ်သော သမ္ဖဿ။ ဣတိ ဧဝံ၊ သို့။ ဝိဇ္ဇမာနေန၊ သစ္စိကဋ္ဌ ပရမတ္ထအားဖြင့် ထင်ရှားရှိသော စက္ခုပသာဒ, သောတာပသာဒ အစရှိသော တရားဖြင့်။ ဝိဇ္ဇနာနဿ၊ သစ္စိကဋ္ဌ ပရမတ္ထအားဖြင့် ထင်ရှားရှိသော သမ္ဖဿကို။ ပညာပနတော၊ ကြောင့်။ ဧဝရူပါ၊ သည်။ ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ္ထိ နာမ၊ ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်မည်၏။ ဝါ၊ သစ္စိကဋ္ဌပရမတ္ထအားဖြင့် ထင်ရှားရှိသော စက္ခုပသာဒ, သောတပသာဒ အစရှိသော တရားဖြင့် သစ္စိကဋ္ဌ ပရမတ္ထအားဖြင့် ထင်ရှားရှိသော သမ္ဖဿကို အပြားအားဖြင့် သိစေကြောင်း ပညတ်မည်၏။
ခတ္တိယ ပုတ္တော၊ ခတ္တိယ၏သား။ ဗြာဟ္မဏပုတ္တော၊ ပုဏ္ဏား၏သာ။ သေဋ္ဌိပုတ္ထော၊ သူဌေး၏သား။ ဣတိ အာဒီသု၊ တို့၌။ ခတ္တိယာဒယောပိ၊ ခတ္တိယ အစရှိသော ပုဂ္ဂိုလ်တို့သည်၎င်း။ ပုတ္တောပိ၊ သားသည်၎င်း။ အဝိဇ္ဇမာနာ၊ သစ္စိကဋ္ဌ ပရမတ္ထ အားဖြင့် ထင်ရှားမရှိကုန်။
တသ္မာ၊ ကြောင့်။ (ထိုသို့ ခတ္တိယ အစရှိသော ပုဂ္ဂိုလ်တို့၏၎င်း, သား၏၎င်း သစ္စိကဋ္ဌ ပရမတ္ထအားဖြင့် ထင်ရှား မရှိကုန်သည်၏အဖြစ်ကြောင့်။) ခတ္တိယဿ၊ ၏။ ပုတ္တော၊ တည်း။ ခတ္တိယ ပုတ္တော၊ ခတ္တိယ၏ သား။ ဣတိ ဧဝံ၊ သို့။ အဝိဇ္ဇမာနေန၊ သစ္စိကဋ္ဌ ပရမတ္ထ အားဖြင့် ထင်ရှားမရှိသော ခတ္ထိယ အစရှိသော ပုဂ္ဂိုလ်ဖြင့်။ အဝိဇ္ဇမာနဿ၊ သစ္စိကဋ္ဌ ပရမတ္ထအားဖြင့် ထင်ရှားမရှိသော သားကို။ ပညာပနတော၊ ကြောင့်။ ဧဝရူပါ၊ သည်။ အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ္တိ နာမ၊ အဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ် မည်၏။ ဝါ၊ သစ္စိကဋ္ဌ ပရမတ္ထ အားဖြင့် ထင်ရှားမရှိသော ခတ္တိယ အစရှိသော ပုဂ္ဂိုလ်ဖြင့် သစ္စိကဋ္ဌ ပရမတ္ထအားဖြင့် ထင်ရှားမရှိသော သားကို အပြားအားဖြင့် သိစေကြောင်း ပညတ်မည်၏။
တာသု၊ ထို ခြောက်ပါးသော ပညတ်တို့တွင်။ ဣမသ္မိံ ပကရဏေ၊ ဤ ပုဂ္ဂလပညတ်ကျမ်း၌။ ပုရိမာ၊ ရှေး၌ ဖြစ်ကုန်သော။ တိဿောဝ၊ သုံးပါးသာလျှင် ဖြစ်ကုန်သော။ ပညတ္တိယော၊ တို့ကို။ လဗ္ဘန္တိ၊ ရအပ်ကုန်၏။
ဟိ၊ မှန်။ (တနည်း) ဟိ၊ ချဲ့။ ခန္ဓပညတ္တိ (ပေ) ဣန္ဒြိယပညတ္တီတိ၊ ခန္ဓပညတ္တိ (ပေ) ဣန္ဒြိယပညတ္တိ ဟူသော ။ ဣမသ္မိံ ဌာနေ၊ ဤ ပုဂ္ဂလပညတ် ပါဠိရပ်၌။ ဝိဇ္ဇနာနဿေဝ၊ သစ္စိကဋ္ဌ ပရမတ္ထအားဖြင့် ထင်ရှားရှိသော ခန္ဓာ အစရှီသည်၏သာ။ ဝါ၊ ကိုသာ။ ပညာပိတတ္တာ၊ အပြားအားဖြင့် သိစေအပ်သည်၏ အဖြစ်ကြောင့်။ ဝိဇ္ဇမာနပညတ္ထိ၊ ကို။ လဗ္ဘတိ၊ ၏။
ပုဂ္ဂလပညတ္တိတိ ပဒေ၊ ပုဂ္ဂလပညတ္တိ ဟူသော ပုဒ်၌။ အဝိဇ္ဇမာနပညတ္တိ၊ ကို။ (လဗ္ဘတိ)၊
ပန၊ ကား။ ပရတော၊ နောက်၌။ (ပုဂ္ဂလပညတ်ကို အကျယ် ပြရာ နောက်နား၌။) တေဝိဇ္ဇော၊ သုံးပါးသော ဝိဇ္ဇာရှိသော ပုဂ္ဂိုလ်။ ဆဠဘိညော၊ ခြောက်ပါးသော အဘိညာဉ် ရှိသော ပုဂ္ဂိုလ်။ ဣတိ အာဒီသု၊ တို့၌။ ဝိဇ္ဇမာနေန အဝိဇ္ဇမာန ပညတ္တိ၊ ကို။ ဝါ၊ ကို။ လဗ္ဘတိ၊ ၏။ ဣတိ၊ ဤကား ပုရိမာ တိဿောဝ ပညတ္တိယော၏ အကျယ်အပြီးတည်း။
ပန၊ ဝါဒန္တရကား။ အဋ္ဌကထာမုတ္တကေန၊ ရှေးအဋ္ဌကထာတို့မှ အလွတ်ဖြစ်သော။ အာစရိယနယေန၊ ဆရာတို့၏ နည်းပြ။ (ဆရာတို့၏ အတ္ထနောမတိ နည်းဖြင့်။) အပရာပိ၊ ဝိဇ္ဇမာနပညတ် စသည်တို့မှ တပါးလည်းဖြစ်ကုန်သော။ ဥပါဒါပညတ္တိ၊ ဥပါဒါ ပညတ်၎င်း။ ဥပနိဓာပညတ္တိ၊ ၎င်း။ သမောဓာနပညတ္တိ၊ ၎င်း။ ဥပနိက္ခတ္တပညတ္တိ၊ ၎င်း။ တဇ္ဇာပညတ္တိ၊ ၎င်း။ သန္တတိပညတ္တိ၊ ၎င်း။ ဣတိ၊ သို့။ ဆ၊ ကုန်သော။ ပညတ္ထိယော၊ တို့သည်။ (သန္တိ၊ ရှိကုန်သေး၏။)
တတ္ထ၊ ထို ခြောက်ပါးသော ပညတ်တို့တွင် ။ [ဥပါဒါပညတ္တိ နာမ စသော ခြောက်ပါးသော ပညတ်တို့၌စပ်။ ဤမှ နောက်၌ "ယော" ဟု ရှိသည်ကား မကောင်း၊ "ယော သတ္တော" ဟု ရှေးနိဿယ စွဲသည်မှာလည်း အမှားပင်၊ "ယာ" ဟု ရှိပါစေ၊ ပဋိဘာဂနိမိတ္တန္တိသို့ ရောက်မှ "ယာ"ကို အနက်ပေးမည်း။] ရူပဝေဒနာဒီဟိ၊ ရုပ်ဝေဒနာ အစရှိသော သဘောတို့မှ။ ဝါ၊ တို့နှင့်။ ဧကတ္တေန ဝါ၊ တခုတည်း၏ အဖြစ်ဖြင့်သော်၎င်း။ အညတ္တေနဝါ၊ တပါးတခြား၏ အဖြစ်ဖြင့်သော်၎င်း။ (သစ္စိသဋ္ဌ ပရမတ္ထေန၊ မှန်ကန်သော အနက်သဘော, မဖောက်မပြန် မြတ်သော အနက်သဘောအားဖြင့်။ ဥပလဗ္ဘသဘောဝါ၊ ရအပ်သော သဘော ရှိကုန်သော။) ရူပဝေဒနာဒယော ဝိယ၊ ရူပဝေဒနာ အစရှိသော ပညတ်တို့ကဲ့သို့။ သစ္စိကဋ္ဌပရမတ္ထေန၊ ဖြင့်။ အနုဗလဗ္ဘသဘောဝါ၊ ရအပ်သော သဘောမရှိသည်။ (သမာနာ) ပိ၊ ဖြစ်ပါသော်လည်း။ [နောက်၌လာမည့် "ယာပညတ္တိ" နှင့်တွဲပါ။] ရူပဝေဒနာဒိဘေဒေ၊ ရုပ် ဝေဒနာ အစရှိသော အပြားရှိကုန်သော။ ခန္ဓေ၊ ခန္ဓာငါးပါးတို့ကို။ ဥပါဒါယ၊ ဉာဏ်ဖြင့် ကပ်ယူ၍။ ဝါ၊ စွဲ၍။ နိဿဦယ၊ မှီ၍။ (သတ္တဝါ စသော နာမည်တပ်ဖို့ရန် အမှီပြု၍။) ကာရဏံ၊ အကြောင်းကို။ ကတွာ၊ ၍။ (သတ္တဝါ ဟု နာမည် တပ်ခြင်း၏ အကြောင်းကို ပြု၍။) သမ္မတော၊ သမုတ်အပ်သော။ သတ္တော၊ သတ္တဝါ ဟူသော အတ္ထပညတ်၎င်း။
တာနိ တာနိ အင်္ဂါနိ၊ ထိုထို အစိတ်အပိုင်းတို့ကို။ ဥပါဒါယ၊ ၍။ ဝါ၊ ၍။ (နိဿာယ ကာရဏံ ကတွာ သမ္မတော၊ ) [ရှေးက ပုဒ်များကို လိုက်၍ အနက်ပေးသည်။] ရထော (တိစ)၊ ရထားဟူသော အတ္ထပညတ်၎င်း။ ဂေဟံ(တိစ)၊ အိမ် ဟူသော အတ္ထပညတ်၎င်း။ မုဋ္ဌိ (တိစ)၊ လက်ဆုပ် ဟူသော အတ္ထပညတ်၎င်း။ ဥဒ္ဓနန္တိ စ၊ ဖိုခနောက်ဟူသော အတ္ထပညတ်၎င်း။
တေတေယေဝ ရူပါဒယော၊ ထို ထို ရုပ် အစရှိသော တရားတို့ကိုပင်။ ဥပါဒါယ၊ ၍။ ဝါ၊ ၍။ (နိဿာယ ကာရဏံ ကတွာ သမ္ပတော။) ဃဋော၊ အိုးဟူသော အတ္ထပညတ်၎င်း။ ပဋော၊ ပုဆိုးဟူသော အတ္ထပညတ်၎င်း။
စန္ဒမသူရိယ ပရိဝတ္တာဒယော၊ လ, နေ တို့၏ လှည်ပတ်ခြင်း အစရှိသည်တို့ကို။ ဥပါဒါယ၊ ၍။ ဝါ၊ ၍။ (နိဿာယ ကာရဏံ ကတွာ သမ္မတော၊ ) ကာလော၊ နံနက် အစရှိသော အခါ။ ဒိသာ၊ အရှေ့ အစရှိသော အရပ်။
တံတံ ဘူတနိမိတ္ထဉ္စေဝ၊ ထိုထို ပထဝီကသိုဏ်းအစရှိသော ဘူတရုပ်နိမိတ်ကို၎င်း။ ဘာဝနာနိသံသဉ္စ၊ ဘာဝနာ၏ အကျိုးကို၎င်း။ ဥပါဒါယ၊ ၍။ ဝါ၊ ၍။ နိဿာယ၊ ၍။ ကာရဏံ၊ ကို။ ကတွာ၊ ၍။ သမ္မတံ၊ သော။ တေန တေနာကာရေန၊ ထိုထိုအခြင်းအရာအားဖြင့်။ ဥပဋ္ဌိတံ၊ ကပ်၍ တည်သော။ ဝါ၊ ထင်လာသော။ ဥဂ္ဂဟနိမိတ္တံ၊ ဥဂ္ဂဟနိမိတ်၎င်း။ ပဋိဘာဂနိမိတ္တံ၊ ပဋိဘာဂနိမိတ်၎င်း။ ဣတိ၊ သို့။ ယာ (ပညတ္တိ)၊ အကြင် ပညတ်သည်။ (အတ္ထိ)၊ ဧဝရူပါ၊ ဤသို့ သဘောရှိသော။ အယံ၊ ဤပညတ်သည်။ ဥပါဒါပညတ္တိနာမ၊ ဥပါဒါမညတ်မည်၏။ ဝါ၊ စွဲမှီ၍ ပညတ် အပ်သော အနက်မည်၏။
စ၊ ဆက်။ ပညပေတဗ္ဗဋ္ဌေန၊ အပြား အားဖြင့် သိစေထိုက်သည်၏ အဖြစ်ဟူသော အနက်ကြောင့်။ ဧသာ၊ ဤ ပညတ်သည်။ ပညတ္တိနာမ၊ အတ္ထ ပညတ် မည်၏။ ပညာပန ဋ္ဌေန၊ အပြားအားဖြင့် သိစေတတ်သည်၏ အဖြစ်ဟူသော အနက်ကြောင့်။ (ပညတ္တိနာမ၊ နာမ ပညတ် မည်သည်။ န (ဟောတိ)၊ မဟုတ်။
ပန၊ ကား။ တဿ အတ္ထဿ၊ ထို ပညာတဗ္ဗ အနက်ကို။ ပညာပနာ၊ အပြားအားဖြင့် သိစေကြောင်း ဖြစ်သော။ ယာ (ပညတ္တိ)၊ အကြင် နာမ ပညတ်သည်။ (အတ္ထိ)၊ အယံ၊ ဤ နာမပညတ်သည်။ အဝိဇ္ဇမာန ပညတ္တိယေဝ၊ အဝိဇ္ဇမာန ပညတ်ပင်တည်း။ [ဤ ဥပါဒါပညတ် စသည်များ၏ အဓိပ္ပါယ်ကို အခြေပြု သင်္ဂြိုဟ်၌ ပြခဲ့ပြီ။]
ပဌမ ဒုတိယာဒီနိ၊ ပဌမ အနက် ဒုတိယ အနက် အစရှိသည်တို့သို့။ ဝါ၊ တို့ကို။ ဥပနိဓာယ၊ ကပ်ထား၍။ ဝါ၊ ထောက်စာ၍။ ဒုတိယံ၊ ဒုတိယ။ တတိယံ၊ တတိယ။ ဣတိ အာဒိကာ၊ ဤသို့ အစရှိသော။ ဝါ၊ ဤသို့ အတူရှိသော။ ယာ (ပညာပနာ)၊ အကြင် အပြားအားဖြင့် သိစေတတ်သော နာမည် ပညတ်သည်။ [ရှေးနိဿယ ၌ "အကြင် အပြားအားဖြင့် သိစေအပ်သော အတ္ထ ပညတ်သည်" ဟု အနက်ပေး၏။] (အတ္ထိ)၊ အညမညံ၊ အချင်းချင်းသို့။ ဝါ၊ ကို။ ဥပနိဓာယ၊ ၍။ ဝါ၊ ၍။ ဒီဃံ၊ အရှည်။ ရဿံ၊ အဘို့။ ဒူရံ၊ အဝေး။ သန္တိကံ၊ အနီး။ ဣတိ အာဒိကာ၊ သော။ ဝါ၊ သော။ ယာ ပညာပနာ စ၊ အကြင် အပြားအားဖြင့် သိစေတတ်သော နာမည် ပညတ်သည်လည်း။ (အတ္ထိ)၊
အယံ၊ ဤ ပညတ်သည်။ ဥပနိဓာ ပညတ္တိ နာမ၊ ဥပနိဓာပညတ် မည်၏။ ဝါ၊ ထောက်စာ၍ အပြားအားဖြင့် သိစေတတ်သော နာမည် ပညတ်မည်၏။
အပိစ၊ သည်သာ မကသေး။ ဧသာ ဥပနိဓာပညတ္တိ၊ ဤ ဥပနိဓာ ပညတ်သည်။ တဒညာပေက္ခူပနိဓာ၊ တဒညာ ပေက္ခူပနိဓာ ပညတ်၎င်း။ ဟတ္ထဂတူပနိဓာ၊ ၎င်း။ သမ္ပယုတ္တူပနိဓာ၊ ၎င်း။ သမာရောပိတူပနိဓာ၊ ၎င်း။ အဝိဒူရဂတူပနိဓာ၊ ၎င်း။ ပဋိဘာဂူပနိဓာ၊ ၎င်း။ တဗ္ဗဟူလူပနိဓာ၊ ၎င်း။ တဗ္ဗိသိဋ္ဌူပနိဓာ၊ ၎င်း။ ဣတိ အာဒိနာ၊ သော။ ဘေဒေန၊ အပြားဖြင့်။ အနေကပ္ပကာရာ၊ တပါးမက များသော အပြားရှိ၏။
တတ္ထ၊ ထို များစွာသော ဥပနိဓာပညတ်တို့တွင်။ ဒုတိယံ၊ ဒုတိယ။ တတိယံ၊ တတိယ။ ဣတိ အာဒိကာဝ၊ ဤသို့ အတူရှိသော ဥပနိဓာ ပညတ် သည်ပင်။ [ရှေး၌ ပါပြီးဖြစ်၍။ သန္နိဋ္ဌနာဝဓာရဏ ဧဝဖြင့် ဆိုသည်။] တဒညံ၊ ထို ဒုတိယ တတိယ စသည်မှ တပါးသော ပဌမ, ဒုတိယ အစရှိသော အနက်ကို။ အပေက္ခိတွာ၊ ရှုငဲ့၍။ ဝါ၊ ထောက်စာ၍။ ဝုတ္တတာယ၊ ဆိုအပ်သည်၏ အဖြစ်ကြောင့်။ တဒညာပေက္ခူပနိဓာ နာမ၊ တဒညာပေက္ခူပနိဓာပညတ်မည်၏။ ဝါ၊ ထိုမှ တပါးသော အနက်ကို ရှုငဲ့၍ ဆိုအပ်သော ဥပနိဓာ ပညတ်မည်၏။
ဆတ္တပါဏိ၊ လက်၌ ထီးရှိသူ။ သတ္ထပါဏီ၊ လက်၌ လက်နက်ရှိသူ။ ဣတိအာဒိကာ၊ ဤသို့ အတူရှိသော ပညတ်သည်. ဟတ္ထဂတံ၊ လက်၌ ရောက်သော ပစ္စည်းဝတ္ထုသို့။ ဝါ၊ ကို။ ဥပနိဓာယ၊ ၍။ ဝါ၊ ၍။ ဝုတ္တတာယ၊ ကြောင့်။ ဟတ္ထဂတူပနိဓာ နာမ၊ ဂတ္ထဂတူပနိဓာပညတ်မည်၏။ ဝါ၊ လက်၌ ရောက်သော ပစ္စည်းဝတ္ထုကို ထောက်စာ၍ ဆိုအပ်သော ပညတ်မည်၏။
ကုဏ္ဍလီ၊ နားဍောင်းရှိသူ။ သိခရီ၊ ဦးစွန်းရှိသူ။ ကိရိဋီ၊ မကိုဋ်ရှိသူ။ ဣိ အာဒိကာ၊ သည်။ သမ္ပယုတ္တံ၊ ယှဉ်ဘက်ဖြစ်သော နားဍောင်း စသည်သို့။ ဝါ၊ ကို။ ဥပနိဓာယ၊ ၍။ ဝါ၊ ၍။ ဝုတ္တတာယ၊ ကြောင့်။ သမ္ပယုတ္တူပနိဓာ နာမ၊ သမ္ပယုတ္တူပနိဓာပညတ်မည်၏။ ဝါ၊ သမ္ပယုတ်ဖြစ်သော ပစ္စည်းဝတ္ထုကို ထောက်စာ၍ ဆိုအပ်သော ပညတ်မည်၏။
ဓညသကဋံ၊ စပါးတင် အပ်ရား ဖြစ်သော လှည်း။ ဝါ၊ စပါးလှည်း။ သပ္ပိကုမ္ဘော၊ ထောပတ်ထည့်အပ်ရာ ဖြစ်သော အိုး။ ဝါ၊ ထောပတ်အိုး။ ဣတိ အာဒိကာ၊ သည်။ သမာရောပိတံ၊ ကောင်းစွာ တင်အပ် တက်ရောက်စေအပ်သော ပစ္စည်း ဝတ္ထုသို့။ ဝါ၊ ကို။ ဥပနိဓာယ၊ ၍။ ဝါ၊ ၍။ ဝုတ္တတာယ၊ ကြောင့်။ သမာရောပိတူပနိဓာနာမ၊ သမာရောပိတူပနိဓာပညတ်မည်၏။ ဝါ၊ ကောင်းစွာတင်ထားအပ်သော ပစ္စည်းဝတ္ထုကို ထောက်စာ၍ ဆိုအပ်သော ပညတ်မည်၏။
ဣန္ဒာလဂုဟာ၊ အနီး၌ နပဲပင်ရှိသော လိုဏ်ဂူ။ ပိယင်္ဂုဂုဟာ၊ အနီး၌ ပျဉ်းပင်ရှီသော လိုဏ်ဂူ။ [ရှေးနိဿယ၌ "ပိယင်္ဂု၊ သျှီးသျှားပင်" ဟု ပေး၏။ အဘိဓာန်နိဿယသစ်၌ကား "ဥပါသကာ" ဟု ပေး၏ ] သေရီသကံ၊ အနီး၌ကုက္ကိုပင်ရှိသော ဗိမာန်။ [ရှေနိဿယ၌ "ကုက္ကိုပင်၏ အနီး၌ တည်သော မြိုံ" ဟု ပေး၏။ သေရိသကဝိမာနဝတ္ထု၌ "သေရိသကဝိမာန" ဟု ရှိ၏။] ဣဘိအာဒိကာ၊ သည်။ အဝိဒူရဂတံ၊ အနီး၌ဖြစ်သော သစ်ပင်သို့။ ဝါ၊ ကို။ ဥပနိဓာယ၊ ၍။ ဝါ၊ ၍။ ဝုတ္တတာယ၊ ကြောင့်။ အဝိဒူရဂတူပနိဓာ နာမ၊ အဝိဒူရဂတူပနိဓာပညတ်မည်၏။ ဝါ၊ အနီး၌ ဖြစ်သော ပစ္စည်းဝတ္ထုကို ထောက်စာ၍ ဆိုအပ်သော ပညတ်မည်၏။
သုဝဏ္ဏဝဏ္ဏော၊ ရွှေ၏ အဆင်းနှင့် တူသော အဆင်းရှိသူ။ ဥသဘဂါမီ၊ နွားလား ဥသဘ၏ သွားခြင်းနှင့်တူသော သွားခြင်းရှိသူ။ ဣတိ အာဒိကာ၊ သည်။ ဝါ၊ သည်။ ပဋိဘာဂံ၊ အတူသို့။ ဝါ၊ ကို။ ဥပနိဓာယ၊ ၍။ ဝါ၊ ၍။ ဝုတ္တတာယ၊ ကြောင့်။ ပဋိဘာဂူပနိဓာနာမ၊ ပဋိဘာဂူပနိဓာပညတ်မည်၏။ ဝါ၊ တူသော ပစ္စည်းဝတ္ထုကို ထောက်စာ၍ ဆိုအပ်သော ပညတ်မည်၏။
ပဒုမဿရော၊ ပဒုမ္မာကြာအိုင်။ ဗြဟ္မာဏဂါမော၊ ပုဏ္ဏားရွာ။ ဣတိ အာဒိကာ၊ သည်။ ဝါ၊ သည်။ တဗ္ဗဟုလံ၊ ထို ပဒုမ္မာကြာ, ပုဏ္ဏားတို့၏ များကုန်သည်၏ အဖြစ်သို့။ ဝါ၊ ကို။ ဥပနိဓာယ၊ ၍။ ဝါ၊ ၍။ ဝုတ္တတာယ၊ ကြောင့်။ တဗ္ဗဟုလူပနိဓာနာမ၊ တဗ္ဗဟုလူပနိဓာပ ညတ်မည်၏။ ဝါ၊ ထို ပဒုမ္မာကြာ, ပုဏ္ဏားတို့၏ များကုန်သည်၏ အဖြစ်ကို ထောက်စာ၍ ဆိုအပ်သော ပညတ်မည်၏။
မဏိကဋကံ၊ ပတ္တမြား လက်ကောက်။ ဝဇိရကဋကံ၊ စိန်လက်ကောက်။ ဣတိ အာဒိကာ၊ သည်။ ဝါ၊ သည်။ တဗ္ဗိသိဋ္ဌံ၊ ထို ပတ္တမြား, စိတ်တို့ဖြင့် အထူးပြုအပ်သော ပစ္စည်းဝတ္ထုသို့။ ဝါ၊ ကို။ ဥပနိဓာယ၊ ၍။ ဝါ၊ ၍။ ဝုတ္တာယ၊ ကြောင့်။ တဗ္ဗိသိဋ္ဌူပနိဓာ နာမ၊ တဗ္ဗိသိဋ္ဌူပနိဓာ ပညတ်မည်၏။ ဝါ၊ ထိုဖြင့် အထူးပြုအပ်သည့် ဝတ္ထုကို ထောက်စာ၍ ဆိုအပ်သော ပညတ်မည်၏။
[ဥပနိဓာပညတ်၏ အကျယ်ကို ပြပြီး၍ သမောဓနပညတ် စသည်တို့၏ အကျယ်ကို ပြလိုရကား "ယာ ပန" ဟသည်ကို မိန့်။] ပန၊ ကား။ တေသံ တေသံ၊ ထို ဒဏ္ဍ, ဓည, ပုပ္ပ အစရှိသော ဝတ္ထုတို့၏။ သမောဓာနံ၊ အပေါင်းအစုကို။ အပေက္ခိတွာ၊ စိတ်ဖြင့် ရှုငဲ့၍။ ဝါ၊ ထောက်စာ၍။ တိဒဏ္ဍံ၊ သုံးချောင်းသော ဒုတ်။ (တယော ဂဏ္ဍာ တိဒဏ္ဍံ) အဋ္ဌပဒံ၊ ရှစ်ကွက်ရှိသော ပျဉ်ချပ်။ ဓညရာသိ၊ စပါးတို့၏ အစု။ ပုပ္ဖရာသိ၊ ပန်းတို့၏ အစု။ ဣတိ အာဒိကာ၊ ဤသို့ အတူရှိသော။ ယာ ပညာပနာ၊ သည်။ (အတ္ထိ)၊ အယံ၊ ဤ ပညတ်သည်။ သမောဓာနပညတ္တိ နာမ၊ သမောဓာနပညတ်မည်၏။ ဝါ၊ အပေါင်းအစုကို ရှုငဲ့၍ ဆိုအပ်သော ပညတ်မည်၏။
ပုရိမဿ ပုရိမဿ၊ ရှေးရှေး၌ ဖြစ်သော တခု, နှစ်ခု ုစသော အရာဝတ္ထု၏။ ဥပနိက္ခိပိတွာ၊ အနီး၌ကပ်ထား၍။ ဝါ၊ ထောက်စာ၍။ ဒွေ၊ နှစ်ခုတို့။ တီဏိ၊ သုံးခုတို့။ စတ္တာရိ၊ လေးခုတို့။ ဣတိ အာဒိကာ၊ ဤသို့ အတူရှိသော။ ယာ ပညာပနာ၊ သည်။ (အတ္ထိ)၊ အယံ၊ သည်။ ဥပနိက္ခိတ္တပညတ္တိ နာမ၊ ဥပနိက္ခိတ္တပညတ် မည်၏။ ဝါ၊ ရှေးရှေး အရာဝတ္ထု၏ အနီး၌ ကပ်ထား၍ ဆိုအပ်သော ပညတ်မည်၏။ ["တခု၏ အနီးသို့ ကပ်ထား၍ နှစ်ခုဟူသော နာမည်ပညတ် ဖြစ်၏" ဟု စသည်ဖြင့် သိပါ။]
တံ တံ ဓမ္မသဘာဝံ၊ ထိုထိုတရားတော်ကို။ အပေက္ခိတွာ၊ စိတ်ဖြင့် ရှုငဲ့၍။ ဝါ၊ ထောက်စာ၍။ ပထဝီ၊ ပထဝီဓာတ်။ တေဇော၊ တေဇောဓာတ်။ ကက္ခဠတာ၊ ခက်မာသည်၏ ဖြစ်ကြောင်း ဖြစ်ရာ ပထဝီဓာတ်။ ဥဏှတာ၊ အငွေ့၏ ဖြစ်ကြောင်း ဖြစ်ရာ တေဇောဓာတ်။ ဣတိ အာဒိကာ၊ သော။ ယာ ပညာပနာ၊ သည်။ (အတ္ထိ)၊ အယံ၊ သည်။ တဇ္ဇာပညတ္တိ နာမ၊ တဇ္ဇာပညတ် မည်၏။ ဝါ၊ ထို ပရမတ္ထအားလျော်စွာ ဖြစ်သော ပညတ် မည်၏။
ပန၊ ကား။ သန္တတိ ဝိစ္ဆေဒါဘာဝံ၊ ရုပ်နာမ်ခန္ဓာ အစဉ်ပြတ်ခြင်း၏ မရှိခြင်းကို။ အပေက္ခိတွာ၊ ၍။ ဝါ၊ ၍။ အာသီတိကော၊ အသက်ရှစ်ဆယ် ရှိသူ။ နာဝုတိကော၊ အသက်ကိုးဆယ် ရှိသူ။ ဣတိ အာဒိကာ၊ သော။ ယာ ပညာပနာ၊ သည်။ (အတ္ထိ)၊ အယံ၊ သည်။ သန္တတိပညတ္တိနာမ၊ သန္တတိ ပညတ် မည်၏။ ဝါ၊ ရုပ်နာမ်ခန္ဓာ အစဉ်ကို စွဲ၍ ဖြစ်သော ပညတ် မည်၏။ ["အသက်ရှစ်ဆယ် ရှိသူ" ဟူရာ၌ ကံတခုကြောင့် ဖြစ်လာခဲ့သော ရုပ်နာမ်ခန္ဓာအစဉ်၏ ပြတ်သွားခြင်း မရှိသည်ကို စွဲ၍ အနှစ် ရှစ်ဆယ် ရှိသောအခါ "အာသီတိကော" ဟု နာမည်တပ်၍ ပညတ်နိုင်သည်။ နာဝုတိကော စသည် လည်း နည်းတူ သိပါ။]
[ပြအပ်ပြီးသော အဋ္ဌကထာမုတ္တက အာစရိယနယဖြစ်သော ဥပါဒါ စသော ပညတ်တို့ကို ပါဠိမုတ္တက အဋ္ဌကထာနယဖြစ်သော ဝိဇ္ဇမာန စသော ပညတ် ခြောက်ပါးတို့တွင် ရသင့်ရာ ပညတ်တို့ကို သွင်းပြလိုသောကြောင့် "ဧတာသု ပန" စသည်ကို မိန့်သည်။] ပန၊ ဆက်။ တဇ္ဇာပညတ္တိ၊ ထို ပရမတ္ထ အားလျော်စွာဖြစ်သော အနက်ကို အပြားအားဖြင့် သိစေတတ်သော နာမည်ပညတ်သည်။ ဝိဇဇမာနပညတ္တိယေဝ၊ ပရမတ္တအားဖြင့် ထင်ရှားရှိသောပညတ်သာတည်း။
သေသာ၊ တဇ္ဇာပညတ်မှ ကြွင်းသော ဥပါဒါပညတ်, သမောဓာနပညတ်, ဥပနိက္ခိတ္တပညတ်, သန္တတိပညတ်တို့သည်။ အဝိဇ္ဇမာနပက္ခဉ္စေဝ၊ အဝိဇ္ဇမာနပညတ် အဖို့အစုတို့၎င်း။ အဝိဇ္ဇမာနေန အဝိဇ္ဇမာန ပက္ခဉ္စ၊ အဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ် အဖို့အစုတို့၎င်း။ ဘဇန္တိ၊ ကပ်ဝင်ကုန်၏။
အဋ္ဌကထာမုတ္တကေန၊ ရှေးအဋ္ဌကထာတို့မှ အလွတ်ဖြစ်သော။ အာစရိယနယေနေဝ၊ ဆရာတို့၏ အတ္တနောမတိနည်းဖြင့်ပင်။ [ပဌမအာစရိယနယကို ပြပြီးဖြစ်၍ ထပ်နေသောကြောင့် ဧဝ- သဒ္ဒါ ဖြင့်ဆိုသည်။] အပရာပိ၊ ပဌမအာစရိယနယမှ တပါးလည်း ဖြစ်ကုန်သော။ ကိစ္စပညတ္တိ၊ ၎င်း။ သဏ္ဌာနပညတ္ထိ၊ ၎င်း။ လင်္ဂပညတ္တိ၊ ၎င်း။ ဘူမိပညတ္တိ၊ ၎င်း။ ပစ္စတ္တပညတ္တိ၊ ၎င်း။ အသင်္ခတပညတ္တိ၊ ၎င်း။ ဣတိ၊ သို့။ ဆ၊ ကုန်သော။ ပညတ္တိယော၊ တို့သည်။ (သန္တိ၊ ရှိကုန်သေး၏)။
တတ္ထ၊ ထို ခြောက်ပါးသော ပညတ်တို့တွင်။ [ကိစ္စ ပညတ္တိ နာမစသော ခြောက်ပါးသော ပညတ် တို့၌ စပ်။] ဘာဂကော၊ ခန္ဓက စသည်ကို ရွတ်သံသရဇ္ဈာယ်တတ်သော ပုဂ္ဂိုလ်။ (ခန္ဓဘာဏက, သံယုတ္တဘာဏက စသော ပုဂ္ဂိုလ်တည်း။) ဓမ္မဓထကော၊ ဓမ္မကထာ၌ ယှဉ်သော ပုဂ္ဂိုလ်။ ဝါ၊ တရားဟောပုဂ္ဂိုလ်။ [ဤပုဒ်၏ ဝစနတ္ထကို ပါစိတ်ဘာသာဋီကာ ဘူတဂါမဝဂ် ပဌမ သေနာသန သိက္ခာပုဒ် အဖွင့်၌ ရှုပါ။] ဣတိအာဒိကာ၊ ဤသို့ အတူရှိသော။ ကိစ္စဝသေန၊ ကိစ္စ၏ အစွမ်းဖြင့်။ ဝါ၊ ကိစ္စနှင့် စပ်သဖြင့်။ ပညာပနာ၊ အပြားအားဖြင့် သိစေတတ်သော နာမည်သည်။ ကိစ္စပညတ္တိ နာမ၊ မည်၏။ ဝါ၊ ကိစ္စ၏ အစွမ်းဖြင့် အပြားအားဖြင့် သိစေတ်သော နာမည် မည်၏။
ကိသော၊ ကြုံလှီ ပန်ချုံးသော ပုဂ္ဂိုလ်။ ဝါ၊ သေးငယ်သော ဒုတ်။ ထူလော၊ ဝဖြိုးသော ပုဂ္ဂိုလ်။ ဝါ၊ တုတ်သော ဒုတ်။ ပရိမဏ္ဍလော၊ ထက်ဝန်းကျင် ဝန်းဝိုင်းသော ပုဂ္ဂိုလ်။ စတုရဿကော၊ လေးထောင့် ရှိသော ညောင်စောင်း။ ဣတိ အာဒိနာ၊ သော။ သဏ္ဌာနဝသေန၊ ပုံသဏ္ဌန်၏ အစွမ်းဖြင့်။ ဝါ၊ ပုံသဏ္ဌာန်နှင့် စပ်သဖြင့်။ ပညာပနာ၊ သည်။ သဏ္ဌာနပညတ္တိနာမ၊ မည်၏။ ဝါ၊ ပုံသဏ္ဌာန်၏ အစွမ်းဖြင့် အပြားအားဖြင့် သိစေတတ်သော နာမည် မည်၏။
ဣတ္ထီ၊ မိန်းမ။ ပုရိသော၊ ယောင်္ကျား။ ဣတိ အာဒိကာ၊ သော။ လိင်္ဂဝသေန၊ လိင်၏ အစွမ်းဖြင့်။ ဝါ၊ လိင်နှင့် စပ်သဖြင့်။ ပညာပနာ၊ သည်။ လိင်္ဂပညတ္တိနာမ၊ မည်၏။ ဝါ၊ လိင်၏ အစွမ်းဖြင့် အပြားအားဖြင့် သိစေတတ်သော နာမည် မည်၏။

ကာမာဝစရာ၊ ကာမာဝစရတရာတို့။ ရူပါဝစရာ၊ ရူပါဝစရတရာတို့။ အရူပါဝစရာ၊ အရူပါဝစရတရားတို့။ လောသကကာ၊ ကောသလတိုင်း၌ နေသူ လူတို့။ မာဓုရာ၊ မဓုရာ မြို့ နေသူ လူတို့။ ဣတိ အာဒိကာ၊ သော။ ဘူမိဝသေန၊ ဘုံ၏ အစွမ်းဖြင့်။ ဝါ၊ ဖြစ်ရာ မြေ၏ အစွမ်းဖြင့်။ ဝါ၊ ဘုံးနှင့် စပ်သဖြင့်။ ဝါ၊ ဖြစ်ရာမြေနှင့် စပ်သဖြင့်။ ပညာပနာ၊ သည်။ ဘူမိပညတ္တိနာမ၊ မည်၏။

ဧကစ္စာ ဘူမိပညတ္တိ။ ။ "ကာမာဝစရာ (ပေ) မာဓုရာ" ဟူသော ပုံစံတို့တွင် ကာမာဝစရာ ရူပါဝစရာ အရူပါဝစရာ တို့ကို ရည်ရွယ်၍ "ဧကစ္ဏာ" ဟု ဆိုသည်။ မှန်၏- ကာမာဝစရတရားတို့သည် အရူပါဝစရာ တို့ကို စေတသိက်နှင့် ရုပ်ပရမတ္ထတရားတို့ ဖြစ်ကြ၏။ ရူပါဝစရ အရူပါဝစရတရာတို့လည်း ရူပါဝစရ အရူပါဝစရ စိတ် စေတသိက်များသာတည်း။ ထို့ကြောင့် ဝိဇ္ဇမာန ပညတ်ဟု ဆိုသည်။

ဋီကာနည်း။ ။ ဋီကာ၌ကား "ကာမ" အရ ကာမ တဆယ့်တဘုံကို ယူလျှင် အဝိဇ္ဇမာနဖြစ်သောကြောင့် ကာမာဝစရာ ဟူသော ပညတ်သည် "အဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ် ဖြစ်၏" ဟု၎င်း, "ကာမ" အရ ကံကြောင့်ဖြစ်သော ဝိပါက်နာမက္ခန္ဓာ ကမ္မဇရုပ်ကို ယူလျှင် ကာမဝစရာ ဟူသော ပညတ်သည် "ဝိဇ္ဇမာနေန ဝိဇ္ဇမာနပညတ်" ဟု၎င်း တနည်း ကြံသေး၏။ ဤနောက်ဆုံးနည်း၌ "ကာမဘဝ" ဟု ဆိုလိုလျက် ဘဝဟူသော နောက်ပုဒ် ကျေသည်ဟု ကြံပါ။ [ရူပါဝစရာ ,အရူပါဝစရာတို့၌လည်း နည်းတူ။]

ဝါ၊ ဘုံ၏ အစွမ်းဖြင့် အပြားအားဖြင့် သိစေတတ်သော နာမမည်၏။ ဝါ၊ ဖြစ်ရာမြေ၏ အစွမ်းဖြင့် အပြားအားဖြင့် သိစေတတ်သော နာမည် မည်၏။
တိဿော၊ တိဿ။ နာဂေါ၊ နာဂ။ သုမနော၊ သုမန။ ဣတိ အာဒိကာ၊ သော။ ပစ္စတ္တနာမကရဏမတ္တဝသေန၊ မိမိ၏ နာမည်ကို ပြုခြင်းအမျှ၏ အစွမ်းဖြင့်။ ဝါ၊ မိမိ မိမိ၏ နာမည်ကို ပြုခြင်းမျှနှင့် စပ်သဖြင့်။ [ပစ္စတ္တ ကို "အတ္တနိ အတ္တနိ ပစ္စတ္တံ " ဟု ဝိစ္ဆာ အဗျယီဘော ပြုရသည်။] ပညာပနာ၊ သည်။ ပစ္စတ္တပညတ္တိနာမ၊ မည်၏။ ဝါ၊ မိမိ မိမိ၏ နာမည်ကို ပြုခြင်းမျှ၏ အစွမ်းဖြင့် အပြားအားဖြင့် သိစေတတ်သော နာမည် မည်၏။
နိရောဓော၊ သင်္ခါရတရားတို့၏ ချုပ်ကြောင်း နိဗ္ဗာန။ နိဗ္ဗာနံ၊ သင်္ခါရတရားတို့၏ ငြိမ်းကြောင်း နိဗ္ဗာန်။ ဣတိ အာဒိကာ၊ သော။ အသင်္ခတဓမ္မဿ၊ အသင်္ခတတရားကို။ ပညာပနာ၊ သည်။ အသင်္ခတပညတ္တိ နာမ၊ မည်၏။ ဝါ၊ အသင်္ခတရားကို အပြားအားဖြင့် သိစေတတ်သော နာမည် မည်၏။
တတ္ထ၊ ထို ‌ခြောက်ပါးသော ပညတ် တို့တွင်။ ဧကစ္စာ၊ အချို့သော ။ ဘူမိပညတ္တိ၊ သည်၎င်း။ အသင်္ခတပညတ္တိစ၊ သည် ၎င်း။ ဝိဇ္ဇာမာနပညတ္တိယေဝ၊ ဝိဇ္ဇမာနပညတ်သာတည်း။ ကိစ္စပညတ္တိ၊ သည်။ ဝိဇ္ဇမာနေန အဝိဇ္ဇမာနပက္ခံ၊ ဝိဇ္ဇမာနေန အဝိဇ္ဇမာနပညတ်အဖို့သို့။ ဘဇတိ၊ ၏။
သေသာ၊ အချို့သော ဘူမိပညတ်, အသင်္ခတပညတ်, ကိစ္စပညတ်တို့မှ ကြွင်းသော သဏ္ဌာနပညတ်, လင်္ဂပညတ်, အချို့သော ဘူမိပညတ်, သစ္စတ္တပညတ်တို့သည်။ အဝိဇ္ဇမာပညတ္တိယော နာမ၊ အဝိဇ္ဇမာနပညတ်တို့ မည်၏။
ဣဒါနိ၊ ပညတ်ခြောက်ပါးတို့၏ သရုပ်ကို ပြပြီးရာ ယခုအခါ၌။ [အာဒိမာယ ၌စပ်။] ယာသံ ပညတ္တီနံ၊ အကြင် ခန္ဓပညတ် စသော ခြောက်ပါးသော ပညတ်တို့၏။ ဥဒ္ဒေသဝါရေ၊ ၌။ သင်္ခေပတော၊ အကျဉ်အားဖြင့်။ သရူပဒဿနံ၊ သရုပ်ကို ပြခြင်းကို။ (ဘဂဝတာ) ကတံ၊ ပြုတော် မူအပ်ပြီ။ တာဝ၊ နိဒ္ဒေသမှ ရှေးဦးစွာ။ သင်္ခေပတောယေဝ၊ အားဖြင့်ပင်။ တာသံ၊ ထိုခြောက်ပါးသော ပညတ်တို့၏။ ဝတ္ထုံ၊ တည်ရာဖြစ်သော ခန္ဓာ အစရှိသည်ကို။ [ဝတ္ထုဘူတာ ခန္ဓာဒယော ဟု နောက်၌ လာလိမ့်မည်။] ဝိဘဇိတွာ၊ ဝေဖန်တော်မူ၍။ ဒဿနဝသေန၊ ပြခြင်း၏ အစွမ်းဖြင့်။ တာ၊ ထို ခြောက်ပါးသော ပညတ်တို့ကို။ ဒဿေတုံ၊ ပြတော်မူခြင်းငှါ။ ကိတ္တာဝတာတိ အာဒိံ၊ ကို။ (ဘဂဝါ) အာဟ၊ ပြီ။
တတ္ထ၊ ထို ကိတ္တာဝတာ အစရှိသော စကားရပ်၌။ တာဝ၊ ဝိသဇ္ဇနမှ ရှေးဦးစွာ။ (နိဒ္ဒိဋ္ဌာယ၊ အပ်သော။) ပုစ္ဆာယ၊ ၏။ ဧဝံ၊ ဤဆိုအပ်လတ္တံ့သော နည်းဖြင့်။ အတ္ထော၊ ကို။ ဝေဒိတဗ္ဗော၊ ၏။ ခန္ဓာနံ၊ တို့၏။ ဝါ၊ တို့ကို။ ခန္ဓာတိ၊ ခန္ဓာတို့ဟူ၍။ ယာ အယံ ပညာပနာ၊ အကြင် အပြားအားဖြင့် သိစေခြင်းသည်။ ဝါ၊ အကြင် အပြားအားဖြင့်သိစေကြောင်း နာမည်သည်။ ယာ အယံ ဒဿနာ၊ အကြင် ပြခြင်းသည်။ ဝါ၊ အကြင် ပြကြောင်းနာမည်သည်။ ယာ အယံ ဌပနာ၊ အကြင်ဝေနေယျတို့ သန္တာန်၌ ထားခြင်းသည်။ ဝါ၊ အကြင် ဝေနေယျ တို့ သန္တာန်၌ ထားကြောင်းနာမည်သည်။ (အတ္ထိ)၊ သာ(ပညာပနာ)၊ သည်။ ဝါ၊ သည်။ သာ(ဒဿနာ)၊ သည်။ ဝါ၊ သည်။ သာ(ဌပနာ)၊ သည်။ ဝါ၊ သည်။ ကိတ္တကေန၊ အဘယ်မျှ အတိုင်းအရှည်ရှိသော ပညာပနဖြင့်။ ဟောတိ၊ ဖြစ်သနည်း။ ဣတိ၊ ဤသည်ကား။ ကထေတုကမျတာ ပုစ္ဆာ၊ ဖြေဆိုခြင်းငှါ အလိုရှိတော်မူသည်၏ အဖြစ်ကြောင့် မေးတော်မူအပ်သော ပုစ္ဆာတည်း။
ပရိတော၊ ခန္ဓာ ပညတ်၏ အကျယ်မှ နောက်၌။ ကိတ္တာဝတာ အာယတနာနန္တိ အာဒီသုပိ၊ အစရှိသော ပုစ္ဆာတို့၌လည်း။ ဧသေဝ နယော၊ ပင်တည်း။
ဝိဿဇ္ဇနေပိ၊ အဖြေ၌လည်း။ ဧဝံ၊ ဤသို့။ ဝါ၊ ဤဆိုအပ်လတ္တံ့သော နည်းဖြင့်။ အတ္ထော၊ ကို။ ဝေဒိတဗ္ဗော၊ ၏။ ယတ္တကေန၊ အကြင်မျှ အတိုင်းအရှည်ရှိသော။ ပညာပနေန၊ အပြားအားဖြင့် သိစေခြင်းဖြင့်။ ဝါ၊ အပြားအားဖြင့် သိစေကြောင်း စကားရပ်ဖြင့်။ သင်္ခေပတော၊ အားဖြင့်။ ပဉ္စက္ခန္ဓာတိ ဝါ၊ ပဉ္စက္ခန္ဓာ ဟူ၍၎င်း။ ပဘေဒတော၊ အပြားအားဖြင့်။ ရူပက္ခန္ဓော (ပေ) ဝိညာက္ခေန္ဓောတိဝါ၊ ရူပက္ခန္ဓော (ပေ) ဝိညာဏက္ခန္ဓောဟူ၍၎င်း။
တတြာပိ၊ ထို ငါးပါးသော ခန္ဓာတို့တွင်လည်း။ **တတြာပိ ရူပက္ခန္ဓော စသည်**။ ။ ပါဠိတော်၌ "ပဉ္စက္ခန္ဓော" ဟု အကျဉ်း အားဖြင့်၎င်း, "ရူပက္ခန္ဓော (ပေ) ဝိညာဏက္ခန္ဓော"ဟု အပြားအားဖြင့် ၎င်း ဤ ၂ မျိုးသာ ပညတ်ပုံလာ၏။ "တတြပိရူပက္ခန္ဓော ကာမာဝစရော" စသော ဘူမိပညတ်ကား ပါဠိတော်၌ တိုက်ရိုက် မပါ။ ထို့ကြောင့် ဋီကာ၌ "တတြာပိ ရူပက္ခန္ဓော ကာမာဝစာရော" စသော ဘူမိ ပညတ်အတွက် အဓိပ္ပါယ်ဖွင့်ပြလိမ့်မည်။ ရူပက္ခန္ဓော၊ သည်။ ကာမာဝစရော၊ ကာမာဝစရတည်း။ သေသော၊ ရူပက္ခန္ဓာမှ ကြွင်းသော လေးပါးသော နာမက္ခန္ဓာ တို့သည်။ စတုဘူမိကာ၊ လေးပါးသော ဘုံး၌ ဖြစ်ကုန်၏။ ဣတိ ဝါ၊ ဤသို့၎င်း။ ဧဝရူပံ၊ သော။ ပညာပနံ၊ အပြားအားဖြင့် သိစေခြင်းသည်။ ဟောတိ၊
ဧတ္ထကေန၊ ဤ မျှ အတိုင်းအရှည် ရှိသော ပညာပနဖြင့်။ ခန္ဓာနံ၊ တို့၏။ ခန္ဓာတိ၊ ခန္ဓာတို့ဟူ၍။ ပညတ္တိ၊ အပြားအားဖြင့် သိစေခြင်းသည်။ ဟောတိ၊
တထာ၊ ထို့အတူ။ ယတ္တကေန၊ အကြင်မျှ အတိုင်းအရှည်ရှိသော။ ပညာပနေန၊ အပြားအားဖြင့် သိစေခြင်းဖြင့်။ ဝါ၊ အပြားအားဖြင့် သိစေကြောင်း စကားရပ်ဖြင့်။ သင်္ခေပတော၊ အားဖြင့်။ ဒွါဒသ၊ ကုန်သော။ အာယတနာနိ၊ တို့သည်။ (ဟောန္တိ)၊ ဣတိဝါ၊ ဤသို့၎င်း။ ပဘေဒတော၊ အပြားအားဖြင့်။ စက္ခာယတနံ၊ သည်၎င်း။ (ပေ) ဓမ္မာယတနံ၊ သည်၎င်း။ (ဟောတိ)၊ ဣတိ ဝါ၊ ၎င်း။
တတြာပိ၊ ထို ၁၂ ပါးသော ပြားပြီးသော အာယတနတို့တွင်လည်း။ ဒသ၊ ကုန်သော။ အာယတနာ၊ တို့သည်။ ကာမာဝစရာ၊ ကာမာဝစရတို့တည်း။ [ရုပ် အာယတနကို ရည်ရွယ်သည်။] ဒွေ၊ ကုန်သော။ အာယတနာ၊ တို့သည်။ စတုဘူမိကာ၊ ၄ ပါးသော ဘုံ၌ ဖြစ်ကုန်၏။ [မနာယတန ဓမ္မာယတန ကို ရည်ရွယ်သည်။] ဣတိ ဝါ၊ ၎င်း။ ဧဝရူပံ၊ သော။ ပညာပနံ၊ သည်။ ဝါ၊ သည်။ ဟောတိ၊
ဧတ္တကေန၊ ဤမျှ အတိုင်းအရှည်ရှိသော ပညာပနဖြင့်။ အာယတနာနံ၊ တို့၏။ အာယတနာ နီတိ၊ တို့ဟူ၍။ ပညတ္တိ၊ အပြားအားဖြင့် သိစေခြင်းသည်။ ဟောတိ၊
ယတ္တကေန၊ သော။ ပညာပနေန၊ ဖြင့်။ ဝါ၊ ဖြင့်။ သင်္ခပေတော၊ အားဖြင့်။ အဋ္ဌရသ၊ ကုန်သော။ ဓာတုယော၊ တို့သည်။ (ဟောန္တိ)၊ ဣတိ ဝါ၊ ၎င်း။ ပဘေဒတော၊ အားဖြင့်။ စက္ခုဓာတု၊ သည်၎င်း။ (ပေ) မနောဝိညာဏဓာတု၊ သည်၎င်း။ (ဟောတိ)၊ ဣတိ ဝါ၊ ၎င်း။
တတြာပိ၊ ထို ၁၈ ပါးသော ပြားပြီးသော ဓာတ်တို့တွင်လည်း။ သောဠသ၊ ကုန်သော။ ဓာတုယော၊ တို့သည်။ ကာမာဝစရာ၊ တို့တည်း။ ဒွေ၊ ကုန်သော။ ဓာတုယော၊ ဓမ္မဓာတ်, မနောဝိညာဏဓာတ်တို့သည်။ စတုဘူမိကာ၊ ကုန်၏။ ဣတိ ဝါ၊ ၎င်း။ ဧဝရူပံ၊ သော။ ပညာပနံ၊ သည်။ ဝါ၊ သည်။ ဟောတိ၊
ဧတ္တကေန၊ ဖြင့်။ ဓာတူနံ၊ တို့၏။ ဓာတူတိ၊ တို့ဟူ၍။ ပညတ္တိ၊ သည်။ ဟောတိ၊
ယတ္တကေန၊ သော။ ပညာပနေန၊ ဖြင့်။ ဝါ၊ ဖြင့်။ သင်္ခေပတော၊ အားဖြင့်။ စတ္တာရိ၊ ကုန်သော။ သစ္စာနိ၊ တို့သည်။ (ဟောန္တိ)၊ ဣတိ ဝါ၊ ၎င်း။ ပဘေဒတော၊ အားဖြင့်။ ဒုက္ခသစ္စံ၊ သည်၎င်း။ (ပေ) နိရောဓသစ္စံ၊ သည်၎င်း။ (ဟောတိ)၊ ဣတိ ဝါ၊ ၎င်း။
တတြာပိ၊ ထို လေးပါး ပြားပြီးသော သစ္စာတို့တွင်လည်း။ ဒွေ၊ ကုန်သော။ သစ္စာ၊ ဒုက္ခသစ္စာ သမုဒယ သစ္စာတိုသည်။ လောကိယာ၊ လောကိယသစ္စာတို့တည်း။ ဒွေ၊ ကုန်သော။ (သစ္စာ၊ မဂ္ဂသစ္ဏာ နိရောဓ သစ္စာတို့သည်။) လောကုတ္တရာ၊ လောကုတ္တရ သစ္စာတို့တည်း။ ဣတိ ဝါ၊ ၎င်း။ ဧဝရူပံ၊ သော။ ပညာပနံ၊ သည်။ ဝါ၊ သည်။ ဟောတိ၊
ဧတ္တကေန၊ ဖြင့်။ သစ္စာနံ၊ တို့၏။ သစ္စာနီတိ၊ တို့ဟူ၍။ ပညတ္တိ၊ သည်။ ဟောတိ၊
ယတ္တကေန၊ သော။ ပညာပနေန၊ ဖြင့်။ ဝါ၊ ဖြင့်။ သင်္ခေပတော၊ အားဖြင့်။ ဗာဝိသတိ၊ ၂ ၂ပါးသော ။ ဣန္ဒြိယာနိ၊ တို့သည်။ (ဟောန္တိ၊ ) ဣတိ ဝါ၊ ၎င်း။ ပဘေဒတော၊ အားဖြင့်။ စက္ခုန္ဒြိယံ၊ သည်၎င်း။ (ပေ) အညာတာဝိန္ဒြိယံ၊ သည်၎င်း။ (ဟောတိ၊ ) ဣတိ ဝါ၊ ၎င်း။
တတြာပိ၊ ထို ၂၂ ပါး ပြားပြီးသော ဣန္ဒြေတို့တွင်လည်း။ ဒသ၊ ကုန်သော။ ဣန္ဒြိယာနိ၊ စက္ခုန္ဒြေ, သောတိန္ဒြေ, ဃာနိန္ဒြေ, ဇိဝှိန္ဒြေ, ကာယိန္ဒြေ, ဣတ္ထိန္ဒြေ, ပုရိသန္ဒြေ, သုခိန္ဒြေ, ဒုက္ခန္ဒြေ, ဒေါမနဿ န္ဒြေတို့သည်။ ကာမဝစရာနိ၊ တို့တည်။ နဝ၊ ကုန်သော။ ဣန္ဒြိယာနိ၊ ဇီတီတိန္ဒြေ, မနိန္ဒြေ, သဒ္ဓိန္ဒြေ, ဝီရိယိန္ဒြေ, သတိန္ဒြေ, သမာဓိန္ဒြေ, ပညိန္ဒြေ, သောမနဿိန္ဒြေ, ဥပေက္ခိန္ဒြေ တို့သည်။ မိဿကာနိ၊ ကာမာဝစရ, ရူပါဝစရ, အရူပါဝစရ, လောကုတ္တရာ ရောနှောသော ဣန္ဒြေ တို့တည်း။ တီဏိ၊ ကုန်သော။ ဣန္ဒြိယာနိ၊ အနညာတညဿာမီတိ န္ဒြေ, အညိန္ဒြေ, အညာတာဝိန္ဒြေ တို့သည်။ လောကုတ္တရာနိ၊ လောကုတ္တရ ဣန္ဒြေတို့တည်း။ ဣတိ ဝါ၊ ၎င်း။ ဧဝရူပံ၊ သော။ ပညာပနံ၊ သည်။ ဝါ၊ သည်။ ဟောတိ၊
ဧတ္တကေန၊ ဖြင့်။ ဣန္ဒြိယာနံ၊ တို့၏။ ဣန္ဒြိယာနိီတိ၊ တို့ဟူ၍။ ပညတ္တိ သည်။ ဟောတိ၊
ဧတ္တာဝတာ၊ ဤမျှ အတိုင်းအရှည်ရှိသော ပညာပနဖြင့်။ သင်္ခေပတော၊ အားဖြင့်။ ဝတ္ထုံ၊ ခန္ဓာစသော ဝတ္ထုကို။ ဝိဘဇိတွာ- အကျယ်ဝေဖန်တော်မူ၍။ ဒဿနဝသေန၊ ပြခြင်း၏ အစွမ်းဖြင့်။ ပညတ္တိယော၊ ပညတ်တို့သည်။ ဝါ၊ တို့ကို။ (ဘဂဝတာ) ဒဿိတာ၊ ပြတော်မူအပ်ပြီးကုန်သည်။ ဟောန္တိ၊
ဣဒွနိ၊ ရှေ့ပညတ်ငါးပါးကို အကျယ်ဝေဖန်တော်ပြီးရာ ယခုအခါ၌။ ဝိတ္ထာရတော၊ အကျယ်အားဖြင့်။ ဝတ္ထုံ၊ ပညတ်၏ တည်ရာကို။ ဝိဘဇိတွာ၊ အကျယ်ဝေဖန်တော်မူ၍။ ဒဿနဝသေန၊ ပြခြင်း ၏ အစွမ်းဖြင့်။ ပုဂ္ဂလပညတ္တိံ၊ ကို။ ဒဿေတုံ၊ ငှါ။ သမယဝိမုတ္တော အသမယဝိမုတ္တောတိ အာဒိံ၊ အစရှိသော စကားတော်ကို။ (ဘဂဝါ) အာဟ၊ ပြီ။ ဝါ၊ ၏။
ဟိ၊ ချဲ့။ သမ္မသမ္ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်။ တိလေ၊ နှမ်းတို့ကို။ ဝိသာရယမာနေန ဝိယ၊ ကြံဖြန့်တော်မူသကဲ့သို့၎င်း။ ဝါကေ၊ လျှော်တို့ကို။ ဟီရယမာနေန ဝိယစ၊ အမျှင် အမျှင် ပြုတော်မူသကဲ့သို့၎င်း။ [ဟီရံ-ဟူသော နာမ်ပုဒ်နောင် ကရဓာတ်၏ အနက်၌ ဏယပစ္စည်းသက်ထားသော နာမဓာတ်။] ဟေဋ္ဌာ၊ အောက်၌။ ဝါ၊ အောက်ဖြစ်သော။ ဝိဘင်္ဂပ္ပကရဏေ၊ ဝိဘင်းကျမ်း၌။ ပဉ္စန္နံ၊ ကုန်သော။ ဣမာသံ ပညတ္တီနံ၊ တို့၏။ ဝတ္ထုဘူတာ၊ တည်ရာဖြစ်၍ ဖြစ်ကုန်သော။ ခန္ဓာဒယော၊ ခန္ဓာ အစရှိသော တရားတို့ကို။ (ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ဣန္ဒြေတို့ကို။) နိပ္ပဒေသေန၊ အစိတ်အပိုင်းမဟုတ်သောအားဖြင့်။ ဝါ၊ အကြွင်းမရှိသော အားဖြင့်။ ကထိတာ၊ ဟောတော်မူအပ်ကုန်ပြီ။ ဣတိ၊ သို့။ [ပိုဟန်တူသည်။] တေန၊ ထိုသို့ ဝိဘင်းကျမ်း၌ ခန္ဓာ အစရှိသော တရာတို့၏ အကြွင်းမရှိသော အားဖြင့်ဟောတော်မူအပ်ပြီးကုန်သည်၏ အဖြစ်ကြောင့်။ တေ၊ ထို ခန္ဓာ အစရှိသော တရားတို့ကို။ ဣဓ၊ ဤ ပုဂ္ဂလပညတ်ကျမ်း၌။ ဧကဒေသေနေဝ၊ တစိတ်တဒေသအားဖြင့်သာလျှင်။ ကထေသိ၊ ဟောတော်မူပြီ။
ဆဋ္ဌာ၊ ခြောက်ပါးမြောက်ဖြစ်သော။ ပုဂ္ဂလပညတ္တိ၊ ပုဂ္ဂလပညတ်တို့။ ဟေဋ္ဌာ၊ အောက်၌။ (အောက်ဖြစ်သော ဓမ္မသင်္ဂဟီ, ဝိဘင်းကျမ်း၌။) အကထိတာဝ၊ ဟောတော်မမူအပ်သည်သာ။
ဣဓာပိ၊ ဤပုဂ္ဂလပညတ်ကျမ်း၌လည်း ။ ဥဒ္ဒေသဝါရေ၊ ၌။ **ဥဒ္ဒေသဝါရေ ဧကဒေသေနေဝ**။ ။ အောက်၌ ဆိုအပ်ပြီးသော ဥဒ္ဒေသဝါရေ ဟူသည် ဆ ပညတ္တိယော ခန္ဓာပညတ္တိ (ပေ) ပုဂ္ဂလပညတ္တီတိ ဟူသော ပါဠိတော်ပင်တည်း။ ထိုဥဒ္ဒေသဝါရ၌ ပုဂ္ဂလပညတ္တိဟူသော စကားတော်ကို ရည်ရွယ်၍ "ဧကဒေသေနေဝ" ဟု ဆိုသည်။ ပုဂ္ဂလပညတ်ကို နာမည်မျှလောက်ဖြင့် ဟောတော်မူခဲ့သောကြောင့် "ဧကဒေသေနေဝ ကထိတာ" ဟု ဆိုသည်။ တသ္မာ တံ ဝိတ္ထာရတော ကထေတုကာမောကို ထောက်၍ ယခုပြမည့် မာတိကာနှင့်တကွ အကျယ်နိဒ္ဒေသကို "နိဒ္ဒေသဝါရ" ဟု မှတ်ပါ။ စာအုပ်တို့၌ နိဂုံးအဖြစ်ဖြင့် မာတိကာဝဏ္ဏနာ ဟု ရှိသောလည်း မာတိကာကို မဖွင့်ရသေးပါ။ မာတိကာကို နိဒ္ဒေသဝါရ အဖြစ်ဖြင့်သာ ဖွင့်ပြပါလိမ့်မည်။ ဧကဒေသေနေဝ၊ အားဖြင်သာလျှင်။ ကထိတာ၊ အပ်ပြီ။
တသ္မာ၊ ကြောင့်။ တံ၊ ထို ပုဂ္ဂလပညတ်ကို။ ဝိတ္ထာရတော၊ အားဖြင့်။ ကထေတုကာမော၊ ဟောတော်မူခြင်းငှါ အလိုရှိတော်မူသည်။ (ဟုတွာ၊ ၍။ ဝါ၊ ကြောင့်။) သမယဝိမုတ္တော အသမယဝိမုတ္တောတိ၊ ဟူ၍။) ဧကကတော၊ ဧကကမှ။ ပဋ္ဌာယ၊ စ၍။ ယာဝ ဒသကာ၊ ဒသကတိုင်အောင်။ မာတိကံ၊ မာတိကာကို။ ဌပေသိ၊ ထားတော်မူပြီ။ ဣတိ၊ ဤသို့ မှတ်အပ်၏။