**အပိစေသ**။ ။ရှေ့နည်း၌ ဖုသိတွာကို "ပဋိလဘိတွာ" ဟုဖွင့်ခဲ့၏။ ဖုသိတွာ ဝိဟရတိ- "ထိ၍နေ" ဟူရာ၌ "ရခြင်းကို" ထိခြင်းဟု ဆိုလိုသည်။ ဤနောက်နည်း၌ကား "ဖုသိတွာ" အတွက် ဖဿ၏ ဖုသန သဘောကိုပင် ဖွင့်သည်။ "ဖဿနှင့် တကွဖြစ်သော နာမ်တရားတို့ဖြင့် သဟဇာတဓမ္မ ဖြစ်သော ဝိမောက္ခတို့ကို ထိ၍နေသည်" ဟူလို။ တကယ်ထိခြင်းမဟုတ်ပဲ ပရိယာယ်ထိခြင်းဖြစ်သောကြောင့် "ဖုသတိယေဝ နာမ" ဟု နာမသဒ္ဒါဖြင့် ဆိုသည်။ သဟဇာတဓမ္မ ဟူသည်လည်း ဝိမောက္ခ မည်သော တရာများပင်တည်း။ ထို့ကြောင့် ပါဠိတော်၌ လာသော အဋ္ဌဝိမောက္ခကိုပင် "သဟဇာတဓမ္မ" ဟု ဆိုသည်ဟု မှတ်ပါ။
ဝါ၊ တနည်းကား။
ဧသ (ဧသော)၊ ဤ သမယ ဝိမုတ္တ ပုဂ္ဂိုလ်သည်။
သဖဿကေဟိ၊ ဖဿနှင့် တကွဖြစ်ကုန်သော။
သဟဇာတဓမ္မေဟိ၊ တကွဖြစ်သော နာမ်တရားတို့ဖြင့်။
သဟဇာတဓမ္မေ၊ တကွဖြစ်သော ဝိမောက္ခတရားတို့ကို။
ဖုသတိယေဝ နာမ၊ တွေ့ထိသည်သာလျှင် မည်၏။
ဥပစာရေန၊ ကာမာဝစရ ဥပစာရဈာန်ဖြင့်။
**ဥပစာရေန (ပေ) ဖုသတိယေဝ နာမ**။ ။ ဥပစာရဈာန်သို့ ရောက်သော အခါ အပ္ပနာဈာန်ပေါ်လာရသောကြောင့် ဥပစာရဈာန်သည် အပ္ပနာဈာန်၏ အကြောင်းဖြစ်၏။ ထို့ကြောင့် "ဥပစာရ ဈာန်ဖြင့် အပ္ပနာဈာန် ဟူသော ဝီမောက္ခကို၎င်း, ရှေ့အပ္ပနာဈာန်ဖြင့် နောက်အပ္ပနာဈာန်ဟူသော ဝိမောက္ခကို၎င်း ထိသည် မည်၏" ဟု ဆိုသည်။ ဤ၌လည်း နာမသဒ္ဒါဖြင့် ပရိယာယ်ဖြစ်သော ထိခြင်းဟု ပြသည်။
အပ္ပနံ၊ အပ္ပနာဈာန်ကို။
ဖုသတိယေဝ နာမ၊ မည်၏။
[ဤအဖွင့်များအရ "နာမကာယေန ဖုသိတွာ ဝိဟရတိ" စသော ပဌမတနည်း, "အပိစေသ" ဟသော ၃ နည်းအားဖြင့် ၄ နည်းပြထားသည်ဟု မှတ်ပါ။]**ယေန ဟိ (ပေ) အပရအပ္ပနာယ**။ ။ ရှေးစကားရပ်တို့၏ ဒဠှီတည်း။ "ယေန (ပေ) ပဋိလဒ္ဓါ နာမ ဟောန္တိ" သည် "ဝုတ္တပ္ပကာရေ အဋ္ဌဝိမောက္ခေ သဟဇာတနာမကာယေန ပဋိလဘိတွာ ဝိဟရန္တော" ဩ ဒဠှီတည်း။ "ဖဿေန ဖုဋ္ဌာယေဝ နာမ" သည် "အပိစေသ (ပေ) ဖုသတိယေဝ နာမ" ၏ ဒဠှီတည်း။ ဥပစာရမ္ပိ စသော ၂ဝါကျလည်း "ဥပစာရေန (ပေ) ပုရိမာယ အပ္ပနာယ " စသော ၂ ဝါကျ ၏ ဒဠှီတည်း။
ယေန၊ အကြင် တကွ ဖြစ်သော နာမ်တရားနှင့်။
သဒ္ဓိံ၊ ကွ။
ယေ ဓမ္မာ၊ အကြင် ဝိမောက္ခတရား တို့သည်။
သဟဇာတာ၊ တကွဖြစ်ကုန်၏။
တေန၊ ထို တကွဖြစ်သော နာမ်တရားသည်။
တေ (ဓမ္မာ)၊ ထို ဝိမောက္ခ တရားတို့သည်။
ဝါ၊ တို့ကို။
ပဋိလဒ္ဓါ နာမ၊ ရအပ်ကုန်သည် မည်သည်။
ဟောန္တိ၊ **တတြာယ (ပေ) ဝေဒိတဗ္ဗာ**။ ။ "ကာယေန ဖုသိတွာ" အတွက် အနက် ၄ မျိုးကို ဖွင့်ပြခဲ့၏။ ထိုတွင် အနက် အဓိပ္ပါယ်အားဖြင့် အသိခက်သော ပဌမအနက်ကို ဖွင့်ပြလိုသောကြောင့် "တတြာဿ" စသည်ကို မိန့်သည်။ ထိုစကားရပ်၌ "အတိရေကပဏ္ဏာသ ဓမ္မာ" ဟူသည် ဓမ္မသင်္ဂဏီ ပါဠိတော် စိတ္တုပ္ပါဒကဏ္ဍ၌ "ဖဿော ဟောတိ ဝေဒနာ ဟောတိ" စသည်ဖြင့် ဟောတော်မူအပ်သော စိတ် စေတသိက် တရာများတည်း။ ပဌမဈာန် စိတ်၌ စေတသိက် ပဉ္စတ္တိံ သသာယှဉ်သော်လည်း တချို့သော စေတသိက်များကို "ဝေဒနာ သောမနဿိန္ဒြိယံ" စသည်ဖြင့် နာမည် အမျိုးမျိုးတပ်၍ ဟောတော်မူအပ်သောကြောင့် "အတိရေကပဏ္ဏာသ" ဖြစ်နိုင်သည်ဟု မှတ်ပါ။ ထိုတရားတို့၌ "သုခဈာန် အင်္ဂါအပြင်) ဝေဒနာ သောမနဿိန္ဒြေတို့လည်း ပါနေသောကြောင့် ခန္ဓာ ၄ ပါးပြည့် နေရကား "စတ္တာရော ခန္ဓာ နာမ ဟောန္တိ" ဟု ဆိုသည်။
(တနည်း) တတြ၊ ထို ဖုသန ၄ မျိုးတို့တွင်။
[ရှေးနိဿယ ၌
"တကြ၊ ထို သဖဿကေဟိ သဟဇာတနာမဓမ္မေဟိ စသော စကားရပ်၌ " ဟု စွဲလေ၏။ ထိုနည်းကို ဖွင့်လိမ်မည်မဟုတ်။ "အပိစေသ" စသော နည်းကို မရောက်မီ ပဌမနည်းကိုသာ ဖွင့်မည် ဖြစ်သောကြောင့် ထိုရှေးနိဿယ အနက်ကို စဉ်းစားပါ။]
အဿ၊ ထို သမယဝိမုတ္တပုဂ္ဂိုလ်၏။
ဧဝံ၊ ဤဆိုအပ်လတ္တံသော နည်းဖြင့်။
သဟဇာတဓမ္မေဟိ၊ တကွဖြစ်သော နာမ်တရားတို့ဖြင့်။
သဟဇာတဓမ္မာနံ၊ တကွဖြစ်သော ဝိမောက္ခတရားတို့ကို။
ဖုသနာ၊ တွေ့ထိခြင်းကို။
ဝေဒိတဗ္ဗာ၊ ၏။
ဟိ၊ ချဲ့။
ပဌမဇ္ဈာနံ၊ ပဌမဈာန်သည်။
ဝိတက္ကာဒီဟိ၊ ဝိတက် အစရှိသော ဈာန်အင်္ဂါတို့ဖြင့်။
ပဉ္စင်္ဂိတံ၊ ၅ ပါးသော အင်္ဂါရှိ၏။**သုက္ခဝိပဿကာ (ပေ) န လဗ္ဘန္တိ**။ ။ သုက္ခဝိပဿကဖြစ်သော သောတာပန် စသော ပုဂ္ဂိုလ်တို့သည် သမယ ဝိမောက္ခမည်သော ဈာန်သမာပတ် ရှေ့သွားမရှိကြသောကြောင့် ဤဒုက်မှ မပါဝင်ကြ။ အဋ္ဌသမာပတ္တလာဘီ ခီဏာသဝပုဂ္ဂိုလ်တို့လည်း "ဧကဏ္ဏေ အာသဝါ ပရိက္ခီဏေ" တို့ မဟုတ်ကြ၊ သဗ္ဗအာသဝပရိက္ခီဏ ဖြစ်ကြသောကြောင့် ဤဒုက်မှ မပါဝင်နိုင်ကြ။ အဋ္ဌသမာပတ္တိလာဘိနောပုဒ်ကို ပုထုဇ္ဇနာ၌လည်း လိုက်စေပါ။ ပုထုဇဉ် ပုဂ္ဂိုလ်တို့သည် အဋ္ဌသမာပတ္တိလာဘီဖြစ်၍ သမယဝိမောက္ခဖြစ်သော်လည်း ဧကစ္စအာသဝတို့မှ မလွတ်ကြသောကြောင့် ဤဒုက်မှ မပါဝင်နိုင်ကြ။
သုက္ခဝိပဿကာ၊ ဈာန်အစေးမရောက်သဖြင့် ခြောက်သော ဝိပဿနာ ရှိကုန်သော။
သောတာပန္န သကဒါဂါမိ အနာဂါမိနော၊ သောတာပန်, သကဒါဂါမ်, အနာဂါမ်ပုဂ္ဂိုလ်တို့ကို၎င်း။
အဋ္ဌသမာပတ္တိလာဘိနော၊ ကုန်သော။
ခီဏာသဝါစ၊ ရဟန္တာ ပုဂ္ဂိုလ်တို့ကို၎င်း။
ပုထုဇ္ဇာန စ၊ တို့ကို၎င်း။
ဣမသ္မိံ ဒုကေ၊ ဤ သမယဝိမုတ္တ, အသမယ ဝိမုတ္တ ဒုက်၌။
န လဗ္ဘန္တိ၊ အပ်ကုန်။
ဒုကမုတ္တကပုဂ္ဂလာ နာမ၊ ဒုက်မှ အလွတ်ဖြစ်သော ပုဂ္ဂိုလ်တို့ မည်သည်။
ဟောန္တိ၊ အရူပသဟဂတာနန္တိ၊ ကား။
ရူပတော၊ ကသိုဏ်းရုပ်မှ။
ရူပတော အညံ န ရူပံ။ ။ အရူပသဟဂတာနံ၌ အရူပံကို "န+ ရူပံ" ဟု ဝစနတ္ထ ပြုရသော်လည်း အ-သဒ္ဒါသည် ပဋိသေဓအနက်မျှကို မဟော။ အည- အနက် အပိုအလွန် ပါသော ပဋိသေဓ အနက်ဟောတည်း။ ထို့ကြောင့် "ရူပတော အညံ" ဟု အဓိပ္ပါယတ္ထကို ပြသည်။ ဝစနတ္ထမှာ "န+ရူပံ" ပင်တည်း။ ဤသို့ အနက်မယူပဲ "န+ရူပံ- ရုပ် မဟုတ်" ဟု ပဋိသေဓ သာမညအနက်ကို ယူလိုက်လျှင် နာမ်ခန္ဓာလေးပါး နိဗ္ဗာန်တရာတို့ကို အရကောက် ရလိမ့်မည်။ ဤနေရာ၌ကား ကသိုဏ်းရုပ် အာရုံမှ တမျိုးတခြားသော ကောင်းကင်ပညတ် စသော အာရုံကို အရကောက်ရမည်ဖြစ်သောကြောင့် "အ" အတွက် အညအနက်, အပို အလွန် ပါသော ပဋိသေဓ- အနက်ကို ယူရသည်။
အနုဋီကာ။ ။ ရူပတော အညံ န ရူပန္တိ တတ္ထ ရူပပဋိဘာဂံ (ကသိုဏ်းရုပ်နှင့် အသားတူ ပဋိဘာဂ နိမိတ်ဖြစ်သော) ကသိဏရူပါဒိ (ကို) ရူပသဒ္ဒေန ဂဟိတန္တိ တဒညံ (ထို ကသိုဏ်းရုပ် အစရှိသည်မှ တပါးသော) ပဌမ တတိယရုပ္ပဝိသယမတ္တံ အရူပက္ခန္ဓ နိဗ္ဗာနဝိနိမုတ္တံ (နာမ်ခန္ဓာလေးပါး နိဗ္ဗာန်တရားမှ လွတ်သော ပဌမာရုပ္ပအာရုံ တတိယာရုပ္ပအာရုံမျှကို) အရူပသဒ္ဒေန ဂဟိတံ ဒဋ္ဌဗ္ဗံ။
အညံ၊ တပါးသော ကောင်းကင် ပညတ် အစရှိသော အာရုံသည်။ [အရူပ- ၌စပ်။] ရူပံ၊ ကသိုဏ်းရုပ်သည်။ န၊ မဟုတ်။ ဣတိ၊ ဤ ဝစနတ္ထကြောင့်။ အရူပံ၊ အရူပ မည်၏။ပန၊ အဟုတ်ကား။
ဧသ (ဧသော)၊ ဤ သမာပတ်တရားသည်။
နာဂရိကစောက္ခဓမ္မော၊ မြို့ကြီးသူ, မြို့ကြီးသားတို့၏ သန့်ရှင်းသော သဘောတရားနှင့်တူသည်။
နာဂရိကစောက္ခဓမ္မော။ ။ စောက္ခ- သဒ္ဒါသည် သန့်ရှင်းစင်ကြယ်ခြင်း အနက်ကို ဟော၏။ "အစောက္ခံ စောက္ခသင်္ခါတံ၊ အသုစိ သုစိသမ္မတံ" စသော ပါဠိတော်ကို ကြည့်ပါ။ နာဂရိကာနံ+ စောက္ခဓမ္မော၊ မြို့ကြီးသူ မြို့ကြီးသားတို့၏ သန့်ရှင်းစင်ကြယ်သော သဘောသည် အနည်းငယ် သော အကြောင်းကြောင့် ပျက်တတ်သသကဲ့သို့ ထို့အတူ မွန်မြတ်သော ဤ သမာပတ် တရားသဘောသည်လည်း အနည်းငယ်သော အကြောင်းကြောင့် ပျက်စီးတတ်၏- ဟူလို။ ထို့ကြောင့် "အပ္ပမတ္တကေနပိ ကိစ္စကရဏီယေန ဝါ ဝတ္တဘောဒမတ္တကေန ဝါ နဿတိ" ဟု မိန့်သည်။
မူကွဲပါဌ်။ ။ "နားရိကစောက္ခဓမ္မော" ဟု ရှေးမူဟောင်းရှိ၏။ ပြင်ထားအပ် သော စာအုပ်များ၌ "န ဂရုကမောက္ခဓမ္မော" ဟု ရှိသည်။ ဤ ပြင်ထားအပ်သော ပါဠိသည် "န" ဟူသော ပဋိသေဓတပုဒ်, "ဂရုကမောက္ခဓမ္မော" တပုဒ် ဤ ၂ ပုဒ်နောက် "ပနေသ" ဟု ရှိခြင်းကြောင့် စာသွားထုံးစံမကျပါ၊ စာသွားထုံးစံမှာ "န ပနေသ" ဟု ဆက်၍ နေရ၏။ "ဂရုကမောက္ခဓမ္မော"ဟူသော ပါဠိအသုံးလည်း ပိဋကတ်၌ ရှိတတ်သော ပါဠိမဟုတ်။ "ဂရုကဓမ္မ မောက္ခဓမ္မ" ဟုသာ သုံးစွဲရိုးဖြစ်ပါသည်။ ထို့ပြင် တတြိဒံ ဝတ္ထု၌ န နဿတိနှင့် လျော်အောင် သမာပတ် မပျက်ပုံကို မပြ။ "သော အပ္ပေတုံ အသေက္ကောန္တော (ပေ) တတ္တဘေဒေါ နူခေါ အတ္ထိ" ဟု သမာပတ်ပျက်ပုံကိုသာ ပြပါသည်။ ထို့ကြောင့် ပဌမ န နှင့်တွဲ၍ နဿတိဟု အနက်ပေးရခြင်းလည်း နောက်ဝတ္ထုနှင့် မလျော်ပါ။ သို့ဖြစ်၍ ရှေးမူဟောင်းပါဌ်သာ ကောင်းသည်ဟု မှတ်ပါ။
(ဟုတွာ၊ ၍။) အပ္ပမတ္တကေနပိ၊ အနည်းငယ်သော အတိုင်းအရှည် ရှိသည်လည်း ဖြစ်သော။ ဝါ၊ အနည်းငယ်မျှလည်း ဖြစ်သော။ ကိစ္စကရဏီယေန ဝါ၊ ပြုဖွယ်ကိစ္စကြောင့် သော်၎င်း။ ဝတ္တဘေဒေ မတ္တကေနဝါ၊ ဝတ်ပျက်ခြင်းမျှကြောင့် သော်၎င်း။ နဿတိ၊ ပျောက်ပျက်တတ်၏။**စေတနာဘဗ္ဗော**။ ။ "စေတနာယ အပရိဟာနိံ အာပဇ္ဇိတုံ ဘဗ္ဗော" ဟူသော အဋ္ဌကထာအဖွင့်သည် ဘဒ္ဒတ္ထ မဟုတ်သး၊ အဓိပ္ပါယ်ပေါ်အောင် ဖွင့်ခြင်းသာတည်း။ စေတနာဟူသည်လည်း သမာပတ်ကို ဝင်စားကြောင့်, အဖန်ဖန် စေ့ဆော်ကြိုးကုတ် အားထုတ်ကြောင်း စေတနာတည်း။ ထိုစေတနာ မျိုးရှိမှသာ သမာပတ်မှ မယုတ်လျော့။ ထိုသို့ မယုတ်လျော့သော ပုဂ္ဂိုလ်ကို "စေတနာဘဗ္ဗပုဂ္ဂိုလ်" ဟု ခေါ်သည်။ ထို့ကြောင့် ပါဠိတာ်၌ "သစေ အနူသဉ္စေတေတိ၊ န ပရိဟာယတိ တာဟိ သမာပတ္တီဟိ" ဟု မိန့်တော်မူသည်။ သဒ္ဒတ္ထအားဖြင့်ကား "ဘဗ္ဗာ စေတနာ ယဿာတိ စေတနာ ဘဗ္ဗော" ဟု ပြုပါ၊ ယဿ၊ အကြင် ပုဂ္ဂိုလ်၏ ဘဗ္ဗာ ၊ သမာပတ်တို့အားထိုက်တန်သော။ စေတနာ၊ သမာပတ်ကိုဖြစ်စေကြောင်း, သမာပတ်ကို ဝင်စားကြောင်း စေတနာသည်။ အတ္ထိ။ သော ဣတိ စေတနာ ဘဗ္ဗော။
စေတနာယ၊ သမာပတ်ကို ဖြစ်စေကြောင်း စေ့ဆော်ကြိုးကုတ် အားထုတ်ကြောင်း စေတနာကြောင့်။
**စေတနာယ အပရိဟာနိံ**။ ။ ပဌမဈာန် သမာပတ်ကို ရပြီးနောက် ထပ်ကာ ထပ်ကာ မဝင်စားလျှင် ထို ပဌမဈာန်သည် ယုတ်လျော့သွားတတ်၏။ ထပ်ကာ ထပ်ကား ဝင်စားသောအခါ ထိုသမာပတ်သည် မယုတ်လျော့။ ထို့ကြောင့် သမာပတ်၏ မယုတ်လျော့ကြောင်း ဟူသည် ထိုသမာပတ်ကို ဝင်စားသောအားဖြင့် စေ့ဆော်တတ်သော စေတနာတည်း။ ထို့ကြောင့် "စေတနာယ" သည် "အပရိဟာနိ" ၏ အကြောင်းဖြစ်ရကား စေတနာယ၊ ကြောင့်။ ဟု အနက် ပေးရပါသည်။
[ရှေးနိဿယ၌ "ဖြင့်" ဟု ပေး၏။]
အပရိဟာနိံ၊ မယုတ်လျော့သော သမာပတ်ကို။
ဝါ၊ သို့။
အာပဇ္ဇိတုံ၊ ရောက်ခြင်းငှါ။
ဝါ၊ ဝင်စားခြင်းငှါ။
ဝါ၊ သို့။
အာပဇ္ဇိတုံ၊ ရောက်ခြင်းငှါ။
ဝါ၊ ဝင်စားခြင်းငှါ။
ဘဗ္ဗော၊ ထိုက်သော။
(ကတမောစ ပုဂ္ဂလော၊ ၌စပ်)။**အနုရက္ခဏဘာဗ္ဗော**။ ။ ဤ၌လည်း "အနူရက္ခဏာယ အပရိဟာနိံ အာ ပဇ္ဇိတုံ ဘဗ္ဗော" ဟူသော အဖွင့်သည် သဒ္ဒတ္ထ မဟုတ်ပြုတတ်- မပြုတတ်သော တရားတို့ကို သိမ်းဆည်းတတ်သော ပညာနှင့်တကွ ဖြစ်သော သတိတည်း။ သဒ္ဒတ္ထအားဖြင့်ကား "ဘဗ္ဗာ အနူရက္ခဏာ ယဿာတိ အနုရက္ခဏာ ဘဗ္ဗော" ဟု ပြု။ ယဿ၊ ၏။ ဘဗ္ဗာ၊ သမာပတ်တို့အား ထိုက်တန်သော။ အနူရက္ခဏာ အဖန်ဖန် စောင့်အရှောက််တ်သော သမာပတ်အား ကျေးဇူးပြုတတ်- မပြုတတ် သော တရားတို့ကို သိမ်းဆည်းတတ်သော ပညာနှင့်တကွ ဖြစ်သော သတိသည်။ အတ္ထိ။ ဣတိ (သော) အနူရက္ခဏာဘဗ္ဗော။
အနုရက္ခဏာယ၊ အဖန်ဖန် စောင့်ရှောက်ခြင်းကြောင့်။
အပရိဟာနိံ၊ မဆုတ်ယုတ်သော သမာပတ်ကို။
ဝါ၊ သို့။
သမာပဇ္ဇိတုံ၊ ငှါ။
ဝါ၊ ငှါ။
ဘဗ္ဗော၊ သော။
(ကတမောစ ပုဂ္ဂလော၊ ၌စပ်)။**ဥပကာရာနုပကာရေ ဓမ္မေ**။ ။ သမာပတ် မပျောက်မကွယ်အောင် ကျေးဇူး ပြုနိုင်သော ဆိတ်ငြိမ်သောကျောင်း, အပြစ်ကင်းသော ဆွမ်းခံရာအရပ်, သမာဓိအားလျော်သောတရားစကား, သမာပတ်ကို ခိုင်မြဲ့တိုးပွားအောင် ဟောပြောတတ်သော ပုဂ္ဂိုလ်တို့၏ တရားစကားတို့သည် ဥပကာရဓမ္မတို့တည်း။ ထိုဩ ဆန့်ကျင်ဘက် ဖြစ်သော တရားတို့သည် အနူပကာရဓမ္မတို့တည်းဟု မှတ်ပါ။
ဓမ္မေ၊ တို့ကို။
န ဇာနာတိ၊ မသိ။**ခလံ တစ္ဆိတံ ပိယ**။ ။ ရှေးနိဿယ ၌ "ခလံ ကောက်နယ်တလင်းကို။ တစ္ဆိကမတ္တံ၊ ညှိရွေအပ်ကာမျှဖြစ်အောင်။ ကတွာ၊ ပြု၍ " ဟု ရှိ၏။ ယခုစာအုပ်များ၌ "ခလံ တစ္ဆိတံ ဝိယ" ဟု ရှိ၏။ အဓိပ္ပါယ်မှာ မကွာလှပါ။ သမင်, ဝက်တို့က ဖြတ်၍ ဖြတ်၍ စားသွားသောကြောင့် အလယ်တကွက်လုံးသည် ကောက်နယ်တလင်းနှင့် တူနေသည်ဟု ဆိုလိုပါသည်။
ခလံ ဝိယ၊ တလင်းကိုကဲ့သို့။
ဆေတွာ၊ ဖြတ်၍။
ဂစ္ဆန္တိ၊ သွားကုန်၏။**သမသီသီ**။ ။ သမံ၊ အညီအမျှ တကွဖြစ်သော။ သီသံ၊ အာသဝေါ တို့၏ ကုန်ခြင်းဟူသော အထွတ်အထိပ်, အသက်၏ ကုန်ဆုံးခြင်း ဟူသော အထွတ်အထိပ်တည်း။ သမသီယံ၊ တည်း။ ယဿ၊ အကြင် ရဟန္တာပုဂ္ဂိုလ်၏။ သမသီသံ၊ အညီအမျှ တကွဖြစ်သော အာသဝေါတို့၏ ကုန်ဆုံးခြင်းဟူသော အထွတ် အထိပ်, အသက်၏ ကုန်ဆုံးခြင်း ဟူသော အထွတ်အထိပ်သည်။ အတ္ထိ ဣတိ (သော) သမသီသီ ၊ မည်၏။ ကိလေသာ ကုန်ခန်း၍ ရဟန္တာ ဖြစ်သည်နှင့် တပြိုင်နက် ပစ္စဝေက္ခဏာ ဝီတိ အဆုံး၌ ပရိနိဗ္ဗာန် စံရသော ပုဂ္ဂိုတည်း။ ဤ ပုဂ္ဂိုလ်၏ ဝီထိကျပုံကို ဝီထိနှင့် သုံးချက်စု ဘသာဋီကာ၌ ပြထားပြီ။ ဝါရ အားဖြင့် သမ ဖြစ်ပုံကို ဋီကာ၌ ပြထား၏။
ဝုစ္စတိ၊ အပ်၏။**ပဝတ္တသီသံ**။ ။ ပ+ ဝတ္တတီ။ အဆက်မပြတ်ဖြစ်တတ်၏။ ဣတိ ပဝတ္တံ။ သံသရာ တလျှောက်၌ အဆက် မပြတ် ဖြစ်တတ်သော ဝဋ်ခန္ဓာကို "ပဝတ္တ" ဟု ခေါ်၏။ ထို ဝဋ် ခန္ဓာတို့တွင် ဇီဝိတိန္ဒြေသည် ပဓာန တရား, အဓိက တရာတည်း။ ထို့ကြောင့် ဇီဝိတိန္ဒြေကို "ပဝတ္တသီသ" ဟု ခေါ်ရသည်။
ဝါ၊ အဆက်မပြတ် ဖြစ်သော ဝဋ်ခန္ဓာ တို့တွင် အထွတ်အထွပ် ကျ၍ ပဓာန ဖြစ်သော။
ဇီဝိတိန္ဒြိယံ၊ ၎င်း။
ဂေါစရ သီသံ၊ အာရုံဟူသော အထွတ်အထိပ် ပဓာနဖြစ်သော။
**ဂေါစရသီသံ**။ ။ ကျက်စားရာ အာရုံတို့တွင် နိဿရဏဝိမုတ္တိ အဖြစ်ဖြင့် ကိလေသာတို့မှ လွတ်သော နိဗ္ဗာန်သည် ပဓာန, အဓိက ဖြစ်၏။ ထို့ကြောင့် "ဂေါစရသီသံ ဝိမောက္ခေါ" ဟု ဆိုသည်။ [မူလဋီကာ၌ ဝိသယဇ္ဈတ္တ ဖြစ်သော ဖလသမာပတ်ကို ဂေါစရသီသဟု ဆိလိုသည်။]
ဝါ၊ အာရုံတို့တွင် အထွတ်အထိပ် ကျ၍ ပဓာနဖြစ်သော။
ဝိမောက္ခေါ စ၊ နိဿရဏဝိမုတ္တိ ဖြစ်သော နိဗ္ဗာန်၎င်း။
[မူလ ဋီကာ ၌ကား တမျိုးဖွင့်သည်။]
သင်္ခါရ သီသံ၊ သင်္ခါရတို့၏ ထိပ်ဆုံးဖြစ်သော။
**သင်္ခါရသီသံ**။ ။ သင်္ခါရတို့၏ အထွတ်အထိပ် ဖြစ်သော နိရောဓ သစ္စာသည် သင်္ခါရသီသတည်း။ ဤ နေရာ၌ သီသ သဒ္ဒါသည် ကောဋိသေသ ပရိနိဗ္ဗာန်ကို "နိရောဓသစ္စာ" ဟု ခေါ်သည်။ ထို့ကြောင့် ဝိမောက္ခနှင့် နိရောဓ ကို ဤနေရာ၌ ခွဲပါ။ [ဝိမောက္ခေါ၊ (ပေ) နိဿရဏဝိမုတ္တိ နိဗ္ဗာနံ၊ သင်္ခါရသီသန္တိ (ပေ) ဧတေန အနူပါဒိသေသပရိနိဗ္ဗာနံ ဝုတ္တံ။ ဤကား ပဋိသမ္ဘိဒါမဂ္ဂဋ္ဌကထာ အလိုတည်း။]
နိရောဓော စ၊ နိဗ္ဗာန် ၎င်း။
ဣတိ၊ သို့။
တေရသ၊ တဆယ့်သုံးပါးတို့တည်း။**ဝါရသမတာယ**။ ။ "ဝါရ" အရ ကိလေသာတို့၏ ကုန်ခန်းရာ စိတ်အကြိမ်နှင့် ဇီဝိတိန္ဒြေ၏ ကုန်ခန်းရာ စိတ်အကြိမ်ကို ယူပါ။ ကိလေသာ တို့၏ ကုန်ခန်းရာ စိတ်အကြိမ်သည် အရဟတ္တမဂ်ဖြင့် ကိလေသာတို့ကို ကုန်စေပြီးနောက် ပစ္စဝေက္ခဏာ ဇောဝီထိ ၄ ကြိမ်ကျပြီးမှ ပြီးစီး၏။ စတုတ္ထ ပစ္စဝေကခဏာဇော၏ အဆုံး၌ ဘဝင်ကျ၏။ ထို ဘဝသည်ပင် ပရိနိဗ္ဗာန် စုတိစိတ် ဖြစ်တော့၏။ ဤသို့ ကိလေသာကုန်ခန်းရာ စိတ်အကြိမ်နှင့် ဇီဝိတိန္ဒြေကုန်ခန်းရာ စိတ်အကြိမ်တို့၏ အညီအမျှ တကွ ကဲ့သို့ ဖြစ်ခြင်းကို "ဝါရသမတာ" ဟု ဆိုသည်။ [ဝါရာနံ၊ ကိလေသာကုန်ခန်းရာ စိတ်အကြိမ်, ဇီဝိတိန္ဒြေ ကုန်ခန်းရာ စိတ်အကြိမ်တို့၏။ သမတာ၊ အညီအမျှ တကွ၏ အဖြစ်တည်း။ ဝါရသမာ၊ ဖြစ်။]
(ဣဒံ သီသဒွယံ၊ သည်။
သမံ၊ ကဲ့သို့။
ဟောတိ၊ ၏။
ဣတိ၊ ဤကား အဖြေတည်း။)**ဇီဝိတသမသီသီ**။ ။ ဗဝတ္တသီသဖြစ်သော ဇီဝိတိန္ဒြေသည် အရဟတ္တမဂ်ကို ရသောအခါ သံကိလေသသီသဖြစ်သော အဝိဇ္ဇာလည်း ကုန်၏။ ထို ဇီဝိတသီသနှင့် အညီအမျှ တကွဖြစ်သော သံကိလေသသီသ ရှိသောကြောင့် ထိုနည်းအားဖြင့် စုတိသော ရဟန္တာ ပုဂ္ဂိုလ်ကို "ဇီဝိတ သမသီ ပုဂ္ဂိုလ်" ဟု ခေါ်ရသည်
ဝုစ္စတိ၊ ၏။**မဟာပယောဂေါ**။ ။ "ပယောဂ" ဟု ဆိုသောကြောင့် ကမ္ဘာပျက်အောင် ပြုလုပ်နိုင်သော တန်ခိုးရှင်တို့၏ ပယောဂဟု ထင်မှားဖွယ် ရှိရကား "မဟာကိရိယော" ဟု ဋီကာဖွင့်၏။ ထို ကိရိယ ဟူသည်လည်း ကမ္ဘာပျက်အောင် ပြုနိုင်သော မိုးကြီး၏ တက်လာခြင်းဟူသော အမူအရာကိရိယာတည်း။ ထို့ကြောင့် "ဝိပတ္တိ ကရ မဟာမေဃုဋ္ဌာနာကာရဝိနာသော" ဟု ထပ်ဆင့်၍ ဖွင့်သည်။ ထိုအဖွင့်များသည် သဒ္ဒတ္ထ မဟုတ အဓိပ္ပါယတ္ထသာ။ ထို့ကြောင့် သဒ္ဒတ္ထ ပေါ်အောင် "ကမ္ဘာပျက်သော အခြင်းအရာအားဖြင့် ဖြစ်သော ဓာတ်ကြီး လေးပါးတို့၏ အကြီး အကျယ်ပေါင်းစပ်မိခြင်း" ဟု ကြံလိုက်ပါသည်။ မိးဖျက်အပ်သော ကမ္ဘာ၌ တေဇော ဓာတ်၏ အခြားဓာတ်တို့နှင့် ပေါင်းစပ်ခြင်း, ရေ ဖျက်အပ်သော ကမ္ဘာ၌ အာပေါဓာတ်၏ အခြားဓာတ်တို့နှင့် ပေါင်းစပ်ခြင်း, လေး ဖျက်အပ်သော ကမ္ဘာ၌ ဝါယောဓာတ်၏ အခြားဓာတ်တို့နှင့် ပေါင်းစပ်ခြင်းဟု ဆိုလိုသည်။
ကောဋိသတသဟဿ စက္ကဝါဠဿ၊ ကုဋေတသိမ်းသော စကြဝဠာကို။
ဈာယနဝသေန၊ လောင်မြိုက်ခြင်း၏ အစွမ်းဖြင့်။
[တေဇောသံဝဋ္ဋ ကမ္ဘာကို ရည်ရွယ်သည်။]
မဟာလောကဝိနာသော၊ ကြီးစွာသော ဩကာသလောက၏ ပျက်စီးခြင်းတည်း။**အသေက္ခ**။ ။ အ- သဒ္ဒါသည် ဝုဒ္ဓိ- အနက်ဟောတည်း။ " ကြီးပွားပြီးသော သိက္ခာရှိသူတို့" ဟူလို။ သေက္ခ ပုဂ္ဂိုလ်များ ကဲ့သို့ ကျင့်ဆဲ ပုဂ္ဂိုလ်များ မဟုတ်ကြ၊ "အဆုံးသို့ ရောက်ပြီးအောင် ကျင့်ပြီးသူများ ဖြစ်ကြသည်" ဟူလို။ ထိုသို့ ကျင့်ပြီးဖြစ်ရာ၌ သာဝကတို့သည် အခြားပုဂ္ဂိုလ်တို့အထံ၌ ကျင့်ရသေးသောကြောင့် "သိက္ခိတအသေက္ခ" တို့မည်၏။ ဗုဒ္ဓ, ပစ္စေက ဗုဒ္ဓါတို့ကား အခြားပုဂ္ဂိုလ်တို့ အထံ၌ မကျင့်ကြရသောကြောင့် "အသိက္ခတအသေက္ခ" တို့မည်၏။
[အရဟတာ ဟူသော ဧကဝုစ်ကို ထောက်၍ ၎င်း၊ ပုန တဿကို ထောက်၍ ၎င်း ပါဠိတော်အတိုင်း "အသေက္ခော" ဟု ရှိပါစေ။]**ဂေါတြဘုံ အာဟစ္စ**။ ။ ဂေါတြဘူသည် မဂ်၏ ရှေ့အဖို့၌ နိဗ္ဗာန်ကို အာရုံ ပြု၍ ဖြစ်ရေသောကြောင့် မဂ်၏ အာဝဇ္ဇန်းအရာ၌ တည်ရကား ဂေါတြဘူသို့ ရောက်လျှင် မဂ်ဖိုလ်မရောက်ပဲ အစိတ်အစဉ်ကို တန့်ထားနိုင်လိမ့်မည် မထင်ပါ။ ထို့ကြောင့် "ဂေါတြဘုံ" ဟူသော ပါဌ်ကို စဉ်းစားထိုက်သည်။ [အာဟစ္စ ၌ အာပုဗ္ဗ ဟန- ဓာတ် ဂတိ - အနက်ဟော။]
အာဟိစ္စ၊ ထိရောက်၍။
ဌပေန္တိ၊ တန့်ထားနိုင်ကြကုန်၏။ဟိ၊ မှန်။
အယံ ဟိ (ပေ) ဝိမုတ္တော။ ။ "ဒွိဟ ဘာဂေဟိဒွေ ဝါရ" တို့သည် ဥဘတော ဘာဂ ပုဒ်၏ အဖွင့်တည်း။ ထိုတွင် "ဒွိဟိ ဘာဂေဟိ" ဟူသည် အရူပသမာပတ်အမဖို့, မဂ်အဖို့တည်း။ အရူပသမာပတ်ကို ရသောအခါရူပကာယမှ တကြိမ်လွတ်၏။ မဂ်ကို ရသောအခါ ကိသေသာ ဟူသော နာမကာယမှ တကြိမ် လွတ်၏။ ဤသို့ ၂ ပါးသော အဖို့တို့ဖြင့် နှစ်ကြိမ်တိုင်တိုင် ကိလေသာတို့မှ လွတ်သောကြော်င့ "ဥဘတောဘာဂ ဝိမုတ္တ" ဟူသော အမည်ကို ရသည်။ ဤအဓိပ္ပာယ် အရ" ဥဘတော ဥဘတော ဘာဂါစ ဥဘတော ဘာဂါ" ဟု ဧကဒေသသရူပေကသေသ် ပြု။ "ဥဘတော ဘာဂေဟိ၊ ၂ ကြိမ် အားဖြင့် ၂ ပါးသော အဖို့တို့ဖြင့် + ဝိမုတ္တော ဥဘတော ဘာဂဝိမုတ္တော" ဟု ပြုပါ။
ဋီကာ။ ။ ဥဘတော၊ ဥဘယထာ ၂ ပါးစုံသော အခြင်းအရာအားဖြင့် (၂ ကြိမ်တိုင်တိုင် ဟူလို)။ ဥဘောဟိ ဘာဂေဟိ +ဝိမုတ္တောတိ ဥဘတော ဘာဂဝိမုတ္တာ၊ ဧကဒေသသရူပေကဒေသ နယေန (ဥဘတော တပုဒ်ကို ချေ၍ ဥဘတောဘဂ) တစိတ်ကြွင်းသော နည်းဖြင့်။ ဥဘတော ဘာဂဝိမုတ္တ မည်၏။ [မဇ္ဈိမပဏ္ဏာသ, ဘိက္ခဝဂ္ဂ, ကိဋာဂိရိသုတ် အဖွင့်။]
အယံ၊ ဤ ပုဂ္ဂိုလ်သည်။ ဒွီဟိ၊ ၂ ပါးလည်း ကုန်သော။ ဘာဂေဟိ၊ ဝိက္ခမ္ဘနအဖို့, သမုစ္ဆေဒ အဖို့တို့ဖြင့်။ ဒွေ ဝါရေ၊ နှစ်ကြိမ်တို့ တိုင်တိုင်။ ဝိမုတ္တော၊ ကိလေသာတို့မှ လွတ်ပြီ။ ဣတိ၊ ကြောင့်။ ဥဘတော ဘာဂဝိမုတ္တော၊ ဥဘတော ဘာဂဝိမုတ္တ ပုဂ္ဂိုလ်မည်၏။ ဝါ၊ ၂ ပါးသော ဝိက္ခမ္ဘနအဖို့, သမုစ္ဆေဒ အဖို့ တို့ဖြင့် နှစ်ကြိမ် ကိလေသာတို့မှ လွတ်ပြိး ပုဂ္ဂိုလ် မည်၏။(ကိံ)၊ သမာပတ္တိယာ၊ ဈာန်သမာပတ်ဖြင့်။ `သမာပတ္တိယာ ဝိက္ခမ္ဘနဝိမောက္ခေန**။ ။ ဈာန်သမာပတ်သည် နီဝရဏ ကိလေ သာတို့ကို ဝိက္ခမ္ဘနမဟာန် အားဖြင့် ပယ်ခွါနိုင်၏။ ထို့ကြောင့် သမာပတ္တိယာ ကို ဝိက္ခမ္ဘနဝိမောက္ခေန ၌ စပ်ပါ။ ဝိက္ခမ္ဘနအားဖြင့် ပယ်ခွါဟူသည် ရူပကာယကို ပယ်ခွါခြင်းမဟုတ်, ကိလေသာတို့ကို ပယ်ခွါခြင်းတည်း။ ထို့ကြောင့် "ဝိမောက္ခ" ဟူသည်လည်း ကိလေသာတို့မှ လွတ်ခြင်းပင် တည်း။ ဤ ဝိက္ခမ္ဘနဝိမောက္ခေနသည် ဝိမုတ္တော၏ သရူပက္ချာဝိသေသန ဖြစ်ရကား "ဝိမုတ္တော" အရ ကိလေသာတို့မှ လွတ်ခြင်း ကို ယူရသည်။ မဂ္ဂေန သမုစ္ဆေဒ ဝိမောက္ခေန ၌လည်း ဤနည်းကို မှီပါ။
ဋီကာ။ ။ ပဌမတ္ထေရဝါဒ ဒွီဟိ ဘာဂေဟိ ဝိမုတ္တော ဥဘတောဘာဂ ဝိမုတ္တော၊ တတ္ထ ဝိမုတ္တောတိ ကိလေသေဟိ ဝိမုတ္တော။ ဤ ဋီကာ အရ ဝိက္ခမ္ဘန ဝိမောဥ္ခ, သမုစ္ဆေဒ ဝိမောက္ခ ၂ ဖို့ကို" ဥဘတော ဘာဂေဟိ" ဟုမှတ်ပါ။ ဝိက္ခမ္ဘန ဝိမောက္ခ အားဖြင့် တကြိမ်, သမုစ္ဆေဒဝိမောက္ခ အားဖြင့် တကြိမ်ကို "ဒွေ ဝါရေ" ဟု မှတ်ပါ။ (အာဟ၊ ပြီ)။
**ဧဝံ မုနိ(ပေ) န ဥပေတိ သင်္ခံ**။ ။ တတ္ထ ဥပ္ပန္နော သေက္ခမုနိ ပကတိ ယာ ပုဗ္ဗေဝ ရူပကာယာ ဝိမုတ္တော၊ တတ်ထ။ (ထိုအရူပဘုံး၌) စတုတ္ထမဂ္ဂံ နိဗ္ဗတ္တေတွာ (ပေ) ပုန နာမကာယာပိ ဝိမုတ္တော၊ ဥဘတော ဘာဂဝိမုတ္တော ခီဏာသဝေါ ဟုတွာ အနုပါဒါပရိနိဗ္ဗာနသင်္ခါတံ အတ္ထံ ပလေတိ။ န ဥပတေိ သင်္ခံ ခတ္တိယာဒယော ဗြာဟ္မဏော ဝါ ဧဝမာဒိကံ။ [သုတ္တနိပါတ်အဋ္ဌကထာ၊ ဥပသီဝ သုတ်အဖွင့်။]
မုနိ၊ သေက္ခ ဖြစ်သော မုနိသည်။
(အရူပဘုံသို့ ရောက်ပြီး ဖြစ်၍ ရူပကာယမှ လွတ်ပြီးဖြစ်သော သေက္ခမုနိသည်။)
[ဆန်းကြောင့် ဒီဃ ဖြစ်နေသည်။]
နာမကာယ (ပိ)၊ [ပိ ဖြင့် ရူပကာယကို ဆည်း။] ကိလေသာ ဟူသော နာမ်အပေါင်းမှလည်း။
ဝိမုတ္တော၊ ထပ်၍ လွတ်သော ရဟန္တာသည်။
(ဟုတွာ၊ ၍)။**နာမကာယတော ဝိမုတ္တော**။ ။ ဤ ဒုတိယ ထေရ်၏ ဝါဒ၌ ကိလေသာအပေါင်း ဟူသော နာမကာယ, ရုပ် အပေါင်း ဟူသော ရူပကာယကို "ဥဘတော ဘာ ဂ" ဟု မှတ်ပါ။ ထိုအဖို့တို့မျ လွတ်သည်ကို "ဥဘတော ဘာဂဝိမုတ္တ" ဟု ဆိုသည်။ ကိလေသာ အပေါင်းဟူသော နာမကာယမှ လွတ်ရာ၌ ဝိက္ခမ္ဘန ဝိမောက္ခ, သမုစ္ဆေဒ ဝိမောက္ခ အားဖြင့် ၂ ကြိမ်ပင် လွတ်ရသည်။
ရူပကာယတော စ၊ ရုပ်အပေါင်းမှ၎င်း။
သုဝိမုတ္တတ္တာ၊ ကောင်းစွား လွတ်ပြီးသည်၏ အဖြစ်ကြောင့်။
ဥဘတော ဘာဂဝိမုတ္တော၊ မည်၏။
ဣတိ၊ သို့။
အာဟ၊ ပြီ။
[ဤ ထေရ်၏ အလိုအားဖြင့် "ဥဘတော ဘာဂေဟိ (နာမကာယ ရူပကာယ ဟူသော ၂ ပါးသော အဖို့တို့မှ) ဝိမုတ္တော ဥဘတောဘာဂဝိမုတ္တော" ဟု ပြပါ။]**သမာပတ္တိယာ (ပေ) ဝိမုတ္တော**။ ။ ဤ တတိယ ထေရ်၏ ဝါဒ၌ ကိလေသာတို့မှ လွတ်သည်ကို "ဝိမုတ္တ" ဟု ဆို၏။ ထိုသို့ လွတ်ရာ၌ ဈာန်သမာပတ် ဖြင့် ပယ်ခွာတုန်းက တကြိမ်, မဂ်ဖြင့် အကြွင်းမဲ့ ပယ်ဖြတ်တုန်းက တကြိမ်၊ ဤသို့ ၂ ကြိမ် လွတ်သောကြောင့် "ဥဘတော ဘာဂေဟိ (ဥဘတော ၂ ပါး စုံသော အခြင်းအရာဖြင့်) ဝိမုတ္တောတိ ဥဘတော ဘာဂဝိမုတ္တော" ဟု ပြုစေလိုသည် နောက်၌ လာမည်။
ဝိက္ခမ္ဘနဝိမောက္ခေန၊ ပယ်ခွါခြင်း ဟူသော ဝိမောက္ခ အားဖြင့်။
ဧကဝါရံ၊ တကြိမ်။
ဝိမုတ္တော၊ ကိလေသာ တို့မှ လွတ်ပြီ။
မဂ္ဂေန၊ ဖြင့်။
သမုစ္ဆေဒ ဝိမောက္ခေန၊ အကြွင်းမဲ့ ပယ်ဖြတ်ခြင်း ဟူသော ဝိမောက္ခ အားဖြင့်။
ဧကဝါရံ၊ တကြိမ်။
ဝိမုတ္တော၊ ကိလေသာ တို့မှ လွတ်ပြီ။
ဣတိ၊ ကြောင့်။
ဥဘတောဘာဂဝိမုတ္တော၊ မည်၏။
ဣတိ၊ သို့။
(အာဟ၊ ပြီ)။**ကာယသက္ခိ**။ ။ သစ္ဆိကရောတိ သည် သက္ခိ၏ အနက်ပြသာတည်း။ သက္ခိ ပုဒ်ကို "သ+အက္ခိ" ဟု ခွဲ။ သဟ+ အက္ခိနာ ယော ဝတ္တတီတိ သက္ခိ။ (ဗဟုဗ္ဗီဟိသမာသ်။) [အက္ခိနာ+ မျက်စိနှင့် ။ ဝါ၊ မျက်စိဖြင့် မြ်ခြင်းနှင့်။သဟ ဝတ္တတိ။] သက္ခိ ဝိယာတိ သက္ခိ၊မျက်စိဖြင့် မြင်ခြင်းနှင့် တကွဖြစ်သူ ။ (မျက်မြင် ကိုယ်တွေ့ဖြစ်သူ) ကဲ့သို့ နိဗ္ဗာန်ကိုလည်း ဉာဏ်တည်းဟူသော နာမကာယဖြင့် နာမကာယ ဖြင့် မျက်မြင်ကိုယ်တွေ့ဖြစ်သူကို "ကာယသက္မိ" ပုဂ္ဂိုလ်ဟု ခေါ်သည်။ "ကာယေန ၊ ဉာဏ်တည်းဟူသော နာမကာယဖြင့်+ သက္ခိ ကာယသက္ခိ၊ [ကာယသက္ခိန္တိ ကာယေန + သစ္ဆိကတဝန္တံ ။- သာမညဖလသုတ် သီလက္ခန်ဋီကာ။]
ဝါ၊ ဉာဏ်တည်းဟေူသော နာမကာယဖြင့် နိဗ္ဗာန်ကို မြင်ခြင်းနှင့်တကွဖြစ်သော ပုဂ္ဂိုလ်ဟူ၍။
ဝုစ္စတိ၊ အပ်၏။**တထာ ဂတပ္ပဝေဒိတာ**။ ။ "ပဝေဒိတ" ပုဒ်၌ ကာရိပါ- မပါ ၂ မျိုးရှိ၏၏။ ဤ၌ " ပဋိဝိဒ္ဓါ ဝိဒိတာ" ဟု ဖွင့်သောကြောင့် ကာရိတ်မပါသောပုဒ်ဟု မှတ်ပါ။ စတုတ္ထ ပါရာဇိက အဋ္ဌကထာ၌ကား "ဇာနာပိတံ" ဟု တနည်းဖွင့်၏။ ထိုအလို "မြတ်စွာဘုရားသည် ဝေနေယျတို့ကို အပြားအားဖြင့် သိစေတော်မူအပ်" ဟု အနက်မှတ်ပါ။ ထိုအနက်လည်း သင့်သည်သာ။
မဟာဗောဓိမဏ္ဍေ၊ မြတ်သော ဗောဓိမဏ္ဍိုင်၌။
နိသီဒိတွာ၊ ထိုင်တော်မူ၍။
တထာဂတေန၊ သည်။
ပဋိဝိဒ္ဓါ၊ ထိုးထွင်းအပ်ကုန်သော။
ဝိဒိတာ၊ သိတော်မူအပ်ကုန်သော။
ပါကဋီကတာ၊ ထင်ရှားအောင် ပြုတော်မူအပ်ကုန်သော။**ဝေါဒိဋ္ဌာ**။ ။ "ဝိ- အထူး+ အဝ- ဉာဏ်ဖြင့် သက်ဝင်၍ + ဒိဋ္ဌာ- မြင်အပ်ကုန်" ဟု သဒ္ဒတ္ထဖြစ်၏။ ထိုသို့ မြင်သည်ကိုပင် ကောင်းစွာ မြင်အပ် သောကြောင့် "သုဒိဋ္ဌာ" ဟု အဓိပါယတ္ထ ဖွင့်သည်။ [ဝေါစရိတာ၌ စရိတာ ကား ဉာဏ်ဖြင့် လှည့်လည်အပ် ဟူသော အနက်ဟောတည်း။]
သုဒိဋ္ဌာ၊ ကောင်းစွာ မြင်အပ်ပြီးကုန်သည်။
ဟောန္တိ၊ ကုန်၏။**ဒုက္ခ (ပေ) နိရောဓော**။ ။ ဤပါဌ်ဖြင့် ဒုက္ခသစ္စာနှင့် နိရောဓသစ္စာကို သိပုံကို ပြ၏။ ထို အကျိုးသစ္စာ ၂ ပါးကို သိလျှင် အကြောင်းသစ္စာဖြစ်သော သမုဒယနှင့် မဂ္ဂသစ္စာကိုလည်း နာနန္တရိကနည်းအားဖြင့် သိ၏ ဟု ပြသည်။ [တဒုဘယေန စ သမုဒယမဂ္ဂသစ္စပဋိဝေဝံ နာနန္တရိကာ ဘာဝတော။ ဝိသုဒ္ဓိမဂ္ မဟာဋီကာ၊ သင်္ခါရုပေက္ခဉာဏကထာအဖွင့်။ နာနန္တရိက နည်းကို နည်း ၄၀ ၌ ကြည့်ပါ။]
နိရောဓော၊ ဒုက္ခ၏ ချုပ်ကြောင်းနိဗ္ဗာန်သည်။
သုခေါ၊ ချမ်းသာ၏။
ဣတိ၊ သို့။
ဉာဏံ၊ သိတတ်သော ဉာဏ်သည်။
**ဉာဏံ ဒိဋ္ဌံ စသည်**။ ။ ဉာဏံ ဟောတီတိ ဣမိနာ ဒုတိယမဂ္ဂကိစ္စံ၊ ဒိဋ္ဌံ ဟော တီတိ ဣမိနာ တတိယမဂ္ဂသိစ္စံ၊ ဝိဒိတံ ဟောတီတိ ဣမိနာ စတုတ္ထမဂ္ဂကိစ္စံ၊ သစ္ဆိကတံတိ ဣမိနာ ပဌမဖလကိစ္စံ၊ ဖုသိတံတိ ဣမိနာ သေသဖလဒွယ ကိစ္စံ ဣတိ ဒိဋ္ဌိပ္ပတ္တဿ မဂ္ဂဖလဉာဏဗျာပါရဒဿနာနိ ဣမာနိ ပဒါနီတိ ဝဒန္တိ။ [ဝိသုဒ္ဓိမဂ် မဟာဋီကာ၊ သင်္ခါရရုပေက္ခဉာဏကထာအဖွင့်။]
ဟောတိ၊ ၏။**အာဂမနီယနာနတ္တ**။ ။ မဂ်၏ဖြစ်ပေါ်လာကြောင့် ဖြစ်သောကြောင့် မဂ် "အာဂမနိယ" ဟု ခေါ်၏။ ထို ပဋိပုါအခိုက်၌ ကိလေသာတို့ကို ကျင့်အပ်သော။ ပုဗ္ဗဘာဂဝိပဿနာကို ပန်းပန်း အလွန်ကြိုးစား၍ ဆင်းရဲစွာ ကျင့်ရလျှင် ဒုက္ခပဋိပဒါ ဖြစ်၍ လွယ်ကူစွာ ကျင့်ရလျှင် သုခပဋိပဒါ ဖြစ်၏။ ဤသို့ ဖြစ်ခြင်းကို နာနတ္တ" ဟု ဆိုသည်။ ထို ပဋိပုဒါ အားလျော်စွာ ကိလေသာကုန်ပုံလည်း မတူဘဲ ဖြစ်ရသည်။
(သဒ္ဓါ ဝိမုတ္တော၊ သည်။
ဒိဋ္ဌိပ္ပတ္တံ၊ သို့။
န ပါပုဏာတိ၊ မရောက်။
ဝါ၊ မမှီ။)**ဣမံ ပန နယံ (ပေ) ပဋိက္ခိပိတွာ**။ ။ "အပိစ နေသံ ပညာယပိ နာနတ္တံ အတ္ထိယေဝ" စသည်ဖြင့် ဆိုအပ်သော နည်းကို "ဣမံ နယံ" ဟု ဆိုသည်။ ဤနည်းဝယ် ပညာနာတ္တ ဖြစ်ခြင်း၏ အကြော်ငး မပါသောကြော့် ထိုအကြောင်းထူးမပြုနိုင်ခြင်းဟူသော အပြစ်ကို မြင်၍ ပယ်သည်။
ဣမံ နယံ၊ ဤနည်းကို။
(အပိစ စသည်ဖြင် လာသော ဤနည်းကို)။
နောတိ၊ နောဟူ၍။
ဝါ၊ မကောင်းဟူ၍။
ပဋိက္ခိပိတွာ၊ ပယ်မြစ်၍။
အာဂမနီယနာနတ္တေနေဝ၊ ပဌမပြအပ်သော အာဂမနီယ နာနတ္တကြောင့်သာ။
သဒ္ဓါဝိမုတ္တော၊ သည်။
ဒိဋ္ဌိပ္ပတ္တံ၊ သို့။
န ပါပုဏာတိ၊ နိုင်။
ဝါ၊ နိုင်။
ဣတိ၊ သို့။
သန္နိဋ္ဌာနံ၊ ဆုံးဖြတ်ခြင်းကို။
(အာစရိယေဟိ၊ ရှေးဆရာတို့သည်).
ကတံ၊ အပ်ပြီ။**သတ္တက္ခတ္တုပရမော**။ ။ "သတ္တက္ခတ္တုံ ၇ ကြိမ် ဟူသော။ ပရမံ၊ အလွန်ဆုံးအတိုင်းရှည်သည်။ ယဿာ (ဘဝူပပတ္တိ၊ ယာတိ) သတ္တက္ခတ္တုပရမာ" ရှေးဦးစွာ ဗဟုဗ္ဗီဟိ တွဲ၍ ဘဝူပပတ္တိကို အရကောက်ပါ။ ထို့နောက် "သတ္တက္ခတ္တု ပရမာ ယဿာတိ သတ္တက္ခတ္တု ပရမော" ဟု အဿတ္ထိ ဏပစ္စည်းဆင့်ပါ။ ပရမာ အရ ၇ ဘဝ တို့၌ ပဋိသန္ဓေ နေရခြင်းအနက်ကို ယူစေလို၍ "ဘဝူပဝတ္တိ" ဟု၎င်း, ပဋိသန္ဓေ နေရလျှင် ကိုယ်ခန္ဓာ အတ္တဘောကို ရခြင်းကြောင့် "အတ္တသာဝဂ္ဂဟွဏံ" ဟု၎င်းဖွင့်သည်။ တတောပရံ အဋ္ဌမံ ဘဝံ နာဒိယတိ" ကား ပရမအတွက် သိအပ်သော အနက်ပိုတည်း။
ဘဝူပပတ္တိ၊ ဘဝသို့ ကပ်ရောက်ရခြင်းသည်။
ဝါ၊ ဘဝ၌ ပဋိသန္ဓေ နေရခြင်းသည်။
အတ္တဘာဝဂ္ဂဟဏံ၊ အတ္တဘောကို ယူခြင်းသည်။
(အတ္ထိ၊ )။
တတော၊ ထို ၇ ဘဝမှ။
ဝါ၊ ထက်။
ပရံ၊ နောက်၌။
ဝါ၊ အလွန်။
အဋ္ဌမံ၊ ရှစ်ခုမြောက်ဖြစ်သော။
ဘဝံ၊ ဘဝကို။
နာဒိယတိ၊ မယူတော့။
ဣတိ၊ ကြောင့်။
သတ္တက္ခတ္တုပရမော၊ သတ္တက္ခတ္တုပရမ မည်၏။
ဝါ၊ ၇ ကြိမ် ဟူသော အလွန်အပိုင်းအခြား ရှိသော ဘဝတို့၌ ပဋိသန္ဓေ နေရခြင်း ရှိသော ပုဂ္ဂိုလ်မည်၏။**ပဋိလဒ္ဓဓဂ္ဂေန ဗုဇ္ဈတိ**။ ။ သမ္ဗောဓိပရာယဏော ပုဒ်ကို အဋ္ဌကထာ၌ ၂ နည်းဖွင့်၏။ ထိုတွင် ပဌမနည်း၌ "သမ္ဗောဓိ" အရ သိအပ်ရအပ်ပြီးသော သောတာပတ္တိမဂ်ကို ယူစေလို၏။ ထို့ကြောင့် "ပဋိလဒ္ဓ၊ ရအပ်ပြီး" ဟု အတိတ်တ ပစ္စည်းဖြင့် ဖွင့်သည်။ ပရာယဏ၌ "ပရံ+ အယန" ဟုခွဲ။ ပစ္စဝေက္ခဏာဉာဏ်ဖြင့် သစ္စာ ၄ ပါးကို ပြန်၍ဆင်ခြင်သေအာခါ ထို သောတာပတ္တိ မဂ်ဉာဏ်၏ ပကတူပနိယ ပစ္စည်းဖြင့် ကျေးဇူးပြုမှုကြောင့် အထင်အရှား သိရ၏။ ထို့ကြောင့် သမ္ဗောဓိ မည်သော သောတာပတ္တိ မဂ်ဉာဏ်သည် ထို ပစ္စဝေက္ခဏာဉာဏ်၏ မှီရာ အဖြစ်ဖြင့် ရောက်အပ်သောကြောင့် "အယနံ" လည်း မည်၏။ [ဧတေန ပဋိလဒ္ဓမဂ္ဂဿ စတုသစ္စပစ္စဝေက္ခဏာဒီနံ ဥပနိဿယဘာဝံ ဒဿေတိ။ - ဋီကာ။] ဤ အလို "သမ္မာ+ အဗုဇ္ဈိ ဧတေနာတိ သမ္ဗောဓိ- ကောင်းစွာ သိပြီးကြောင်း ဖြစ်သော သောတာပတ္တိမဂ်၊ သမ္ဗောဓိ+ပရာယဏံ ယဿာတိကမ္မောဓိပရာယဏော- သစ္စာ ၄ ပါးကို သိပြီးကြောင်းဖြစ်သော သောတာပတ္တိမဂ်ဉာဏ်ဟူသော အလွန်ရောက်အပ်သော မှီရာရှိသော "ဟု အနက် မှတ်ပါ။ [စတုသစ္စ ပစ္စဝေက္ခဏာဒီနံ၏ အဓိပ္ပါယ်ကို ဋီကာ နိဿယ၌ ကြည့်ပါ။]
ဗုဇ္ဈတိ၊ သစ္စာ လေးပါးကို သိတတ်၏။
ဣတိ၊ ကြောင့်။
သမ္ဗောဓိပရာယဏော၊ မည်၏။
ဝါ၊ တနည်း။**ဥပရိ (ပေ) ဗုဇ္ဈိဿတီတိ ဝါ**။ ။ ဤ ဒုတိယနည်း၌ "သမ္မာ+ ဗုဇ္ဈိဿတိ ဧတေနာတိသမ္ဗောဓိ- သိလတ္တံ့ကြောင်း ဖြစ်သော အထက်မဂ် ၃ ပါး အပေါင်း "ဟု ဝစနတ္ထပြု၍ "အယနံ" အရလည်း ရှေးရှုရောက်အပ်သော တရား ၃ ပါးကို ယူစေလိုသောကြောင့် ဋီကာ၌ "အယနံဂတိ" ဟု ဖွင့်သည်။ ဤအလို "သစ္စာ ၄ ပါးကို ကောင်းစွာ သကြောင်း အထက်မဂ် ၃ ပါးအပေါင်းဟူသော အလွန်ရောက်အပ်သော တရားရှိသော" ဟု ပေးပါ။ အလွန်+ အပေါင်း ဟူသော အလွန်ရောက်အပ်သော တရားရှိသော "ဟု ပေးပါ။ အလွန်+ ရောက်အပ်ဟူသော သဒ္ဒတ္ထကိုပင်" လည်းလျောင်းရာ" ဟု ဝေါဟာရတ္ထ ပေးကြသည်။
တီဏိ၊ ကုန်သော။
မဂ္ဂေဟိ၊ တို့ဖြင့်။
အဝဿံ၊ မချွတ်ဧကန်။
ဗုဇ္ဈိဿတိ၊ သိလတ္တံ့။
ဣတိ၊ ကြောင့်။
သမ္ဗောဓိပရာယဏော၊ မည်၏။**ပရိဝဋုမံ**။ ။ ဝဋုမ သဒ္ဒါသည်" လမ်း" ဟူသော အနက်ကို ဟော၏။ သက္ကတ၌ "ဝရ်တ္မန်" ဟု ရှိ၏။ ဤနေရာ၌ ပရိယန္တံ၏ ပရိယာယ်ဖြစ်သော ကြောင့် "ပိုင်းဖြတ်အပ်သောလမ်းကို" ဟု အနက်ပေးရပါသည်။
[ရှေးနိဿယ၌ "အပိုင်းအခြားကို" ဟုပေး၏။]
ကရောတိ၊ ၏။**မဟာဘောဂ ကုလေသုယေဝ**။ ။ ကုလ သဒ္ဒါသည် အမျိုးကောင်း ဟူသော အနက်ကို ဟော၏။ ဥပမာ ကုလပုတ္တော- အမျိုကောင်းသား ဟူရာ၌ ကဲ့သို့တည်း။ ထို့ကြောင့် ကုလတော ကုလံ၌ ကုလသဒ္ဒါ၏ "အမျိုးကောင်း" ဟူသော အနက်ကို ယူစေလို၍ "မဟာဘောဂကုလေသုယေဝ" ဟု ဖွင့်သည်။ စည်းစိမ်အများကြိးပေါသော သူဌေးမျိုး" ဟုကားဆိုလိုင်း မဟုတ်ပါ။ အောက်တန်းမကျသော အမျိုး" ဟု ဆိုလိုပါသည်။ [မဟာကုလမေဝါတိ ဥဋ္ဌာရ ကုလမေဝ (မြင့်မြတ်သော အမျိုးကိုသာ) ဝုစ္စတိ။ ကုလီနော (မြတ်သော အမျိုးရှိသူ) ကုလပုတ္တောတိအာဒီသု ဝိယ။ - အနူ။]
နိဗ္ဗတ္တတိ၊ ဖြစ်ရ၏။
ဣတိ အတ္ထော၊ နက်။**သကဒါဂါမီ**။ ။ အာဂစ္ဆတီတိ အာဂါမီ၊ အာ+ဂမု+ ဏီ ပစ္စည်း၊ သကိံ+ အာဂါမီ သကဒါဂါမီ၊ သကိံ ၌ နိဂ္ဂဟိတ်ချေ။ ဣ- ကို အ ပြု။ ဒ -လာ၍ သကဒါဂါမီဟု ဖြစ်သည်။ သက္ကတ၌ "သကြိတ်" ဟု ရှိ၏။တ-ကို နောက်ပုဒ်၌ သန္ဓိစပ်သောအခါ ဒ- အဖြစ်ဖြင့် စပ်ရ၏။ ထို့ကြောင့် "သကိဒေဝ သကဒါဂါမီ" ဟု ဖြစ်ရသည်။ ထို သကြိတ်သည် တကြိမ်အနက်ဟော နိပါတ်ဖြစ်ရကား "ဧကဝါရံ" ဟု ဖွင့်သည်။ တကြိမ် ဟူရာ၌လည်း ပဋိသန္ဓေ နေလာခြင်း ဟူသော တကြိမ်တည်း။ ထို့ကြောင့် "ပဋိသန္ဓိဝသေန" ဟု ဝိသေသနထည့်သည်။ ဘုရားဖူး စသော ကိစ္စကြောင့်ကား တကြိမ်မက အကြိမ်များစွာ လာနိုင်ပါသည်" ဟူလို။ **ဟေဋ္ဌာဘာဂိယာနံ**။ ။ "ဟေဋ္ဌာဘာဂိယာနိ" ဟု စာအုပ်တို့၌ ပဌမန္တ ရှိသော်လည်း ပါဠိတော်ဝယ် "ဩရမ္ဘာဂိယာနံ" ၏ အဖွင့်ဖြစ်သောကြောင့် "ဟေဋ္ဌာဘာဂိယာနံ ဟေဋ္ဌာကောဋ္ဌာသိကာနံ" ဟု ရှိသင့် ပါသည်။ ဟေဋ္ဌာကောဋ္ဌာသိကာနန္တိ အတ္ထော- ကား ဟေဋ္ဌာကာဂိယာနံ ၏ အနက်ပြတည်း။ ဩရမ္ဘာဂိယာနံ ပုဒ်၏ ရုပ်ပြီးပုံကို သီလက္ခန် ဘာသာဋီကာ စတုတ္ထ အုပ် မဟာလိသုတ် စတုအရိယဖလ အဖွင့်၌ ပြခဲ့ပြီ။
ဟေဋ္ဌာကောဋ္ဌာသိကာနံ၊ အောက်ကာမဘုံ ဟူသော အဖို့၏ အစီးအပွား ဖြစ်ကုန်သော (သံယောဇနာနံ ပရိက္ခယာ= ၌ စပ်။)
ဣတိ အတ္ထော၊ နက်။အန္တရာပရိနိဗ္ဗာယိနိဒ္ဒေသေ၊ ၌။
(အတ္ထော ဧဝံ ဝေဒိတဗ္ဗော၊ )။
ဥပပန္နံ ဝါ သမနန္တရာတိ၊ ကား။
ဥပပန္နံ ဝါ သမနန္တရာ။ ။ ပါဠိတော်၌ "ဥပပန္နံ" ဝယ် နိဂ္ဂဟိတ်သည် ဝါစာသိလိဋ္ဌနိဂ္ဂဟိတ်တည်း။ ဥပပန္နှနှင့် သမနန္တရာသည် ဝါ- သဒ္ဒါခြားလျက် သမာသ်ဖြစ်၏။ ဥပမာ နဝံ ပန ဘိက္ခုနာ စီဝရလာတေန၌ "ပန ဘိက္ခုနာ" ခြားလျက် "နဝ စီဝရလာဘေန" ဟု သမာသ် ဖြစ်သကဲ့သို့ တည်း။ ဤ အဓိပ္ပါယ်ကို သိစေလို၍ "ဥပပန္န သမနန္တရာ ဝါ" ဟု ဖွင့်သည်။
ဟုတွာ ပိုဟန်တူ။ ။ သမနန္တရာ၏ နောက်၌ "ဟုတွာ" ဟု ရှိသည်ကား နောက်မှ ထည့်အပ်သော ပါဌ်ပိုတည်းဟု ထင်၏။ ဘာကြောင့်နည်း။ ဟုတွာ မပါပဲ "ဥပပန္န သမန္တရာ၊ ပဋိသန္ဓေနေပြီးသည်၏ အခြားမဲ့၌။ အရိမဂ္ဂံ သဉ္စနေတိ" ဟု အနက်အဓိပ္ပါယ်အမှန် ရနိုင်သောကြောင့် ၎င်း, ဋီကာ၌လည်း ဤ ဟုတွာကို မဖွင့်ပဲ နောက် ဟုတွာကိုသာ ဖွင့်သောကြောင့် ၎င်းတည်း။ [ရှေးနိဿယ ၌လည်း ဟုတွာ ရှိလိုမည် မထင်ဟု ဆို၏။]
ဥပပန္နသမနန္တရာ ဝါ၊ ပဋိသန္ဓေနေသောအားဖြင့် ဖြစ်ပြီးသည်၏ အခြားမဲ့၌ သော်၎င်း။ (အရိမဂ္ဂံ သဉ္ဇနေတိ၊ ၌စပ်)။**အပ္ပတံ ဟုတွာ**။ ။ ဟုတွာ၏ ကတ္တားသည် အာယုပ္ပမာဏံ ဖြစ်၍ သဉ္စနေတိ၏ ကတ္တားကား ပုဂ္ဂလောတည်း။ ဤသိ့ ကတ္တားကွဲရာ၌ တွာပစ္စယပုဒ်ကို ဟိတ်အနက်ပေးရိုးရိုးသော်လည်း ဤနေရာ၌ ဟိတ်အနက်လည်းမသင့်။ ထို့ကြောင့် "ပရာဝရယောဂေစ" ဟူသော ပါဏိနီ (၃,၄,၂၀) သုတ်ဖြင့် ပရ+ အဝရယောဂ ၌ တွာ ပစ္စည်းသက်၍ "အပ္ပတ္တံ ဟုတွာ" ဟု အဋ္ဌကထာ ဖွင့်သည်။
ဟုတွာ ဝါ၊ ဖြစ်၍မူလည်း။
အရိယမဂ္ဂံ၊ အရိယမဂ်ကို။
ပဉ္ဇနေတိ၊ ကောင်းစွာ ဖြစ်စေ၏။
ဣတိ အတ္ထော၊ နက်။**ဝါသဒ္ဒဝိကပ္ပတော(ပေ) အတ္ထော**။ ။ အပ္ပတ္တံ ဝါ- ၌ ဝါ- သဒ္ဒါသည် အဝုတ္တဝိကပ္ပ (တိုက်ရိုက် မဆိုအပ်သောအနက်ကို သီးခြား စီရင်ခြင်း) အနက်ရှိ၏။ ထို့ကြောင့် ဝေမဇ္ဈသို့ ရောက်မှ ကိလေသပရိနိဗ္ဗာန်စံသော "အန္တရာပရိနိဗ္ဗာယီ" ပုဂ္ဂိုလ်တမျိုးကိုလည်း မှတ်ပါ။ [အန္တရာပရိနိဗ္ဗာယီတိ ယော ပဉ္စသု သုဒ္ဓါဝါသေသု ယတ္ထ ကတ္ထစိ ဥပ္ပန္နော နိဗ္ဗတ္ထက္ခစေ ဝါထောကံ အတိက္ကမိတွာ ဝါ ဓေ မဇ္ဈေဌတွာ ဝွ အရဟတ္တံ ပါပုဏာတိ၊ တဿေ တံ နာမံ။ အင်္ဂုတ္တိုရ် သတ္တကနိပါတ် အနူသယဝဂ် အနိစ္စာ နုပဿီသုတ်အဖွင့်။ အာယုနော ဝေမဇ္ဈံ အနတိက္ကမိတွာ အန္တရာဝ ကိလေသပရိနိဗ္ဗာနေန ပရိနိဗ္ဗာယ တီတိ အန္တရာပရိနိဗ္ဗာယီ ။- အင်္ဂုတ္တိုရ် ဋီကာ။]
ဝေမဇ္ဈံ၊ အလယ်သို့။
ပတ္တံ၊ ရောက်သည်။
(ဟုတွာ ဝါ၊ ဖြစ်၍မူလည်း။
အရိယမဂ္ဂံ၊ ကို။
သဉ္ဇနေတိ၊ ၏)။
ဣတိပိ အတ္ထော၊ ကိုလည်း။
ဝေဒိတဗ္ဗော၊ ၏။**နော ဝဿ, နော စ မေ သိယာ**။ ။ ဋီကာဖွင့်ကို ချုံး၍ အနက်ပေးသည်။ နော စဿ ကို "နော+စေ+အဿ" ဟုခွဲ။ နော စဿ ဖြင့် "အတိတိက အဝိဇ္ဇာ သင်္ခါရအစရှိသော အကြောင်း တရားငါးပါး မရှိခဲ့သော" ဟု ပြ၏။ နော စ မေ သိယာဖြင့် ဤသိ့ အတိတ်အကြောင်းတရား ငါးပါးမရှိခဲ့လျှင် "ငါ၏ အတွက် ဝိညာဏ် နာမ်ရုပ် စသော ပစ္စုပ္ပန် အကျိုးငါးပါးလည်း မရှိတော့ရာ" ဟု အသိဉာဏ် ဖြစ်၏။ [အကြောင်း, အကျိုးများကို "အတီတေ ဟေတဝေါ ပဉ္စ" စသော အဘိဓမ္မတ္ထသင်္ဂဟ ပစ္စည်းပိုင်း ဂါထားအတိုင်း သိပါ။]
(ဧဝံ သတိ)မေ၊ ငါ၏။
ဝါ၊ ငါ့အတွက်။
(ဖလပဉ္စကံ စ၊ ယခုဘဝ၌ ဝိညာဏ် စသော အကျိုးငါးဝ အပေါင်းသည်လည်း။)
နော သိယာ၊ မဖြစ်ရာ။
(ဟေတုပဉ္စကံ၊ တဏှာ, ဥပါဒါန်စသော ယခုဘဝ၌ အကြောင်းငါးဝ အပေါင်းသည်။)
(ယဒိ) နာ ဘဝိဿတိ၊ အကဘ်၍ မဖြစ်အံ့။
**န ဘဝိဿတိ, နမေ ဘဝိဿတိ**။ ။ "ယဒိ ဧတရတိ ဟေတုပဉ္စက န ဘဝိဿတိ" စသည် ဖြင့် ဋီကာအဖွင့်ကို ချုံး၍ အနက်ပေးသည်။ "ဣဒါနိ ဟေတဝေါ ပဉ္စ, အာယတိံ ဖလ ပဉ္စကံ" ဟူသော ပစ္စည်းပိုင်း ဂါထာအတိုင်းပင်တည်း။ န ဘဝိဿတိ" ဖြင့် ပစ္စုပ္ပန် အကြောင်း ငါးပါး၏ မရှိခြင်းကို ပြသော်လည်း ပရိကပ္ပစစကားဖြစ်သောကြောင့် ပစ္စုပ္ပန်ကြိယာဖြင့် "ဘဝတိ" ဟု မသုံးစွဲပဲ "ဘဝိဿတိ" ဟု သုံးစွဲသည်။ ပရိကပ္ပစကားဖြစ်ကြောင်း ထင်ရှားအောင် "ယဒိ" ဟုလည်း ဋိကာ ထည့်သည်။
(ဧဝံ သတိ) မေ၊ ၏။
ဝါ၊ အတွက်။
(ဖလပဉ္စကံ၊ ဝိညာဏ်စသော နောက်နောက်ဘဝ၌ အကျိုးငါးဝ အပေါင်းသည်။)
န ဘဝိဿတိ၊ မဖြစ်လတ္တံ့။
(ဣတိ၊ သို့။
ပဋိပန္နော၊ သည်။
ဟောတိ၊ )
ယံ၊ အကြင် ခန္ဓာ ငါးပါးအပေါင်းသည်။
**ယဒိတ္ထိ ယံ ဘူတံ**။ ။ ထိုခန္ဓပဉ္စက သည် ပညတ်အားဖြင့် ရှိခြင်းမဟုတ်။ ပရမတ္ထအားဖြင့် အထင်ရှားရှိခြင်းတည်းဟု သိစေလိုသောကြောင့် အယံ အတ္ထိ- ကိုပင် "ယံ ဘူတံ" ဟုထပ်ထွင့်သည်။ [ယံ အတ္ထိ ယံ ဘူတံ ပစ္စုပ္ပန္နခန္ဓပဉ္စကံ။ သတ္တင်္ဂုတ္တရ အဗျာကတဝဂ် ဒု - သုတ် အဋ္ဌကထာ။]
ဘူတံ၊ ပရမတ္ထအားဖြင့် ထင်ရှားရှိ၏။
တံ၊ ထို ခန္ဓာငါးပါးအပေါင်းကို။
**တံ ပဇာဟာမိ**။ ။ ထို ခန္ဓပဉ္စက၌ တပ်မက်သော ဆန္ဒရာဂကို ပယ်ခြင်းသည် ထို ခန္ဓပဉ္စကကို စွန့်ရာရောက်၏။ ထိုသို့ ဆန္ဒရာဂမဖြစ်လျှင် ထိုခန္ဓပဉ္စကို လျစ်လျူရှုရာ ရောက်သောကြောင့် "ဥပေက္ခံ ပဋိလဘတိ- ဝိပဿတူပေက္ခာကို ရ၏" ဟု မိန့်တော်မူသည်။
ဝါ၊ ထိုခန္ဓာ ငါးပါးအပေါင်း၌ တပ်မက်သော ဆန္ဒရာဂကို။
ပဇယာမိ၊ ပယ်၏။
ဣတိ၊ သို့။
ဥပေက္ခံ၊ ဝိပဿနာ ဉာဏ်ဟူသော ဥပေက္ခာကို။
ပဋိလဘတိ၊ ရ၏။**ဘဝေ သမ္ဘဝေ**။ ။ "ဘဝ" အရ ပစ္စုပ္ပန် ဘဝကို ယူ၍ "သမ္ဘဝ" အရ အနာဂါတ်ဘဝကို ယူပါ။ [သမ္ဘဝ အရ "ကောင်းစွာ ဖြစ်ခြင်း- အစစွာ ဖြစ်ခြင်း" ဟူသော ဇာတိကိုသာ ရသော်လည်း ထို ဇာတိကို ယူလိုက် သဖြင့် ဝိဉာဏ်နာမ်ရုပ် စသော အနာဂတ် အကျိုးငါးပါးကို ယူနိုင်သည်။ "ဇာတိ ဇရာ မရဏဂ္ဂဟဏေန ဝိညာဏာဒိ ဖလပဉ္စက မေဝ ဂဟိတံ" ဟူသော အဘိဓမ္မတ္ထ သင်္ဂဟ ပစ္စည်းပိုင်းနှင့် စာသွားနှင့် သဘောတူပင်တည်း။ [တနည်း" ဘဝ" အရ ထင်ရှားရှိသော ပစ္စုပ္ပန် ဘဝကိုပင် ယူ၍ "သမ္ဘဝ" အရ ထိုဘဝ၏ ဖြစ်ကြောင်း ရှေးဘဝ အကြောင်းကို ယူပါ။]
န ရဇ္ဇတိ၊ မတပ်မက်သော။
သမ္ဘဝေ၊ အနာဂတ်ဘဝ၌။
န ရဇ္ဇတိ၊
(တနည်း) ဘဝေ၊ ပရမတ္ထအားဖြင့် ထင်ရှားရှိသော ခန္ဓာငါးပါးအပေါင်း၌။
န ရဇ္ဇတိ၊
သမ္ဘဝေ၊ ခန္ဓာငါးပါးအပေါင်း၏ ဖြစ်ကြောင်း၌။
န ရဇ္ဇတိ၊
အထ၊ ထိုသို့မတက်မက်လသော်။
**အတုတ္တရိ (ပေ) မဟီနော**။ ။ အထ ဧဝံ အရဇ္ဇမာနော ဥတ္တရိ သန္ထံ ပဒံ နိဗ္ဗာနံ အနုက္ကမေန မဂ္ဂပညာယ သမ္မာပဿတိ၊- ဋီကာ။ ထို ပုဂ္ဂိုလ်သည် အနာဂါမ်သာ ဖြစ်သေးသောကြောင့် ထို နိဗ္ဗာန်ကို အလုံးစုံ အကုန်အစင် မမြင်နိုင်သေးရကား ဘဝရာဂါမူသယနှင့် အဝိဇ္ဇာနူသယကို အကြွင်းမဲ့ မပယ်နိုင်ဟု ဟောတော်မူသည်။
ဝါ၊ ထိုသို့ မတပ်မက်ခြင်းကြောင့်။
ဥတ္တရိ၊ အလွန်ဖြစ်သော။
သန္တံ၊ ငြိမ်သက်သော။
ပဒံ၊ နိဗ္ဗာန်ကို။
သမ္မာ၊ မဖာက်မပြန် ဟုတ်မှန်စွာ။
ပညာယ၊ မဂ်ပညာဖြင့်။
ပဿတိ၊ မြင်၏။**အထုတ္တရိ (ပေ) ပဟီနော**။ ။ အထ ဧဝံ အရဇ္ဇမာနော ဥတ္တရိ သန္ထံ ပဒံ နိဗ္ဗာနံ အနုက္ကမေန မဂ္ဂပညာယ သမ္မာ ပဿတိ။- ဋီကာ။ ထိုပုဂ္ဂိုလ်သည် အနာဂါမ်သာ ဖြစ်သေးသောကြောင့် ထိုနိဗ္ဗာန် အကို အလုံးစုံ အကုန်အစင် မမြင်နိုင်သေးရကား ဘဝရာဂါနူသယနှင့် အဝိဇ္ဇာနူသယကို အကြွင်းမဲ့ မပယ်နိုင်ဟု ဟောတော်မူသည်။ **သတ္တာနံ တဏှာဘိဘူတတ္တာ**။ ။ "သတ္တာနံ" အရ၌ ဥပမာဖြစ်သော ဆရာ မိဘတို့ကို မယူရ။ ဘာကြောင့်နည်း။ မိဘ ဆရာ ဥပဇ္ဈာယ်တို့၏ ပုဗ္ဗကာရီဖြစ်ခြင်းမှာ ဒုလ္လဘ မဟုတ်သောကြောင့် တည်း။ ဥပမေယျဘက်၌ ပြအပ်သော သတ္တဝါတို့၏ ပုဗ္ဗကာရီအဖြစ်ကား ဒုလ္လဘဖြစ်၏။ ဘာကြောင့်နည်း ။ သူတပါး၏ ကျေးဇူးကို ပြုလုပ်ပေးရာ၌ မိမိအတွက် ကိုယ်ဆင်းရဲ စိတ်ဆင်းရဲမှု ဖြစ်ရတတ်၏။ တဏှာဖြင့် မိမိကိုယ်ကို ငဲ့ညှာသူကား ထိုကဲ့သို့ ဆင်းရဲမခံချင်လောက်အောင် တဏှာက လွှမ်မိုးထားသောကြောင့်တည်း။
ဝါ၊ တို့ကို.
တဏှာဘိဘူတတ္ထာ၊ တဏှာသည် လွှမ်းမိုးအပ်ကုန်သည်၏ အဖြစ်ကြောင့်တည်း။**အနုရူပပ္ပဝတ္တိ**။ ။ စာအုပ်တို့၌ "ပဝတ္တိ" ဟု ဒုတိယန္တ တွေ့ရ၏။ ဇာနန္တော ဝေဒိယန္တော ပုဒ်၌ စပ်ရမည် ဖြစ်သောကြောင့် "အနူရူပပဝတ္တိ" ဟု ပဌမန္တ ရှိသင့်ပါသည်။ အနူရူပါ+ ပဝတ္တိ ယဿာတိ အနူရူပပဝတ္တိ။
[ဇာနန္တော, ဝေဒိယန္တော၊ ၌စပ်။]
အတ္တနိ၊ ၌။
**အတ္တနိ ကတံ (ပေ) ဝေဒိယန္တော**။ ။ "အတ္တနိ ကကံ ဥပကာရံ" သည် ကတညု ကတဝေဒီ ၂ ပုဒ်လုံး၌ ပါသော ကတ၏ အဖွင့်တည်း။ "ဇာနန္တော" သည် ကတညူ ကတဝေဒီ ၂ ပုဒ်လုံး၌ ပါသော ကတ၏ အဖွင့်တည်း။ "ဇာနန္တော" သည် ကတညူ ၌ ညူ၏ အဖွင့်။ "ဝေဒိယန္တော" သည် ကတဝေဒီ ၌ ဝေဒီ၏ အဖွင့်တည်း။ [မောဂ္ဂလာန်အလို အားဖြင့် ဝိဒ- ဓာတ်နောင် ဏိ ပစ္စည်းသက်သောကြောင့် ဣ- ကို ဣယ- ပြု၍ "ဝေဒိယ" ဟု ဖြစ်၏။ ကစ္စည်း ကျမ်းအလိုဖြစ်မူ ဏယ- ပစ္စည်းဖြင့် "ဝေဒယန္တော" ဟု ရှိရလိမ့်မည်။]
ကတံ၊ အပ်သော။
ဥပကာရံ၊ ကို။
ဥပကာရတော၊ ကျေးဇူးအားဖြင့်။
ဝါ၊ ကျေးဇူးဟူ၍။
ဇာနန္တော၊ သိသော ပုဂ္ဂိုလ်သည်။
ဝေဒိယန္တော၊ ထင်ရှားစေတတ်သော ပုဂ္ဂိုလ်သည်။
ကတညုကတဝေဒီ၊ ပုဂ္ဂိုလ်သည်။
(ဟောတိ၊ ၏။
ကော ဝိယ၊ ကဲ့သို့နည်း။)သတ္တာနံ၊ တို့၏။
ဝါ၊ တို့ကို။
အဝိဇ္ဇာဘိဘူတတ္တာ၊ အဝိဇ္ဇာသည် လွှမ်းမိုးအပ်ကုန်သည်၏ အဖြစ်ကြောင့်တည်း။
အဝိဇ္ဇာ ဘိဘူတတ္တာ။ ။ ကျေးဇူးရှင်တို့၏ ကျေးဇူးကို သိမှုသည် အသိအလိမ္မာ ဉာဏ်ပညာတည်း။ သတ္တဝါတို့၌ အဝိဇ္ဇာ လွှမ်းမိုးနေရကားထိုဉာဏ်မျိုးဖြစ်ဖို့ မလွယ်ဘူး။ ထို့ကြောင့် ကတညုကတဝေဒီ ပုဂ္ဂိုလ်သည် ဒုလ္လဘ ပုဂ္ဂိုလ်ပင် ဖြစ်သည်။
အမှာ။ ။ အကာရဏဝစ္ဆလပုဒ်, တမော ဇောတိပရာယဏပုဒ် စသည်တို့၏ အဓိပ္ပါယ်ကို ဋီကာနိဿယ၌ ကြည့်ပါ။ သဂါထာဝဂ္ဂ ကောသလ သံယုတ်ပါဠိတော် ၌ "တမော တမပရာယဏ ပုဂ္ဂိုလ်, ဇောတိ ဇောတိပရာယဏ ပုဂ္ဂိုလ်" ဟု ပုဂ္ဂိုလ်လေးမျိုး ဟောတော်မူ၏။ ["နီစေ ကုလေ ပစ္စာဇာတောတိအာဒိနာ တမေန ယုတ္တောတိ တမော" ဟု တမ- အရ ပစ္စုပ္ပန်ဘဝ၌ မှောင်နေသော ပုဂ္ဂိုလ်ကို အဋ္ဌကထာဖွင့်သည်။]
န ကုက္ကုစ္စာယတိတဗ္ဗန္တိ၊ ကား။
သံဃာဘောဂဿ၊ သံဃာ၏ စည်းစိမ်ကို။
သံဃဘောဂဿ။ ။ သံဃဘောဂဿာတိ သံဃဿ စတုပစ္စယ ပရိဘောဂတ္ထာယ ဒိန္နခေတ္တဝတ္ထုတဠာကာဒိတဿ (ကို၎င်း) တတော ဥပ္ပန္နဓညဟိရညာဒိကဿ စ သံဃဿ ဘောဂဿ၊ အပဋ္ဌပနန္တိ အသံဝဒဟနံ တေနာဟ အဝိစာရဏန္တိ။- ဒုကင်္ဂုတ္တရဋီကာ ဗာလဝဂ်အဖွင့်။ လယ်ယာ, တဖက်ဆည်းကန် စသည်တို့ကို သံဃာ၏ ဝတ္ထုကံအဖြစ်ဖြင့် (ဝတ္တကံ အဖြစ်ဖြင့်) လှူလျှင် အလှူခံကောင်း၏။ သို့သော် ထို လယ်ယာ စသည်တို့ကို လယ်လုပ်သားတို့အား မည်၍ မည်မျှ အဖို့ အာဂပေးရမည် ဟူ၍ကား မစီမံကောင်း။ ထိုသို့ မစီမံကောင်းသည်ကို မစီမံပဲ နေခြင်းသည် ကုက္ကုစ္စကို မပြုထိုက်သောအရာ မည်၏။
မှတ်ချက်။ ။ [သံဃဘောဂဿ- နေရာဝယ် "သံဃဘာဂဿ" ဟု မူတွဲရှိ၏။ သံဃာအတွက် ရထိုက်သော ဖို့ကို စီမံခြင်း, မစီမံခြင်းကို ဆိုရာ ဌာဖြစ်သောကြောင့် ထို မူကွဲက ကောင်းသကဲ့သို့ ထင်၏။ သံဃ (ဘောဂ) စည်းစိမ်ဟူသော အသုံးအနှုန်းကား ဝိနည်း၌ မရှိပါ။ ဘာဂ ဟူသော အသုံးအနှုန်းကိုသာ တွေ့ရပါသည်။ [ဧတ္တကာ နာမ ဘူမိယာ ဧတ္တကော နာမ ဘာဂေါ (ပေ) တသ္မာ။ ကဟာပဏာနံ ဝိစာရိတတ္တာ။ (ပေ) ကပ္ပိယာနံ တဏ္ဍုလာနံ ဝိစာရိတတ္တာ စသည်။ နိဿဂ္ဂိယ ရာဇသိက္ခာပဒ အဋ္ဌကထာ။]
(တနည်း) သံဃာဘာဂဿ၊ သံဃာ၏ အဖို့ကို။ အပဋ္ဌပနံ၊ မဖြစ်စေခြင်းသည်။ အဝိစာရဏံ၊ မစီမံခြင်းသည် [အပဋ္ဌပနံ ကို ထပ်ဖွင့်သည်။] န ကုက္ကုစ္စယိတဗ္ဗံ နာမ၊ ကုက္ကုစ္စကို မပြုထိုက်သော အရာမည်၏။ [မစီရင်မှ အပြစ်လွတ်၏။ ထို့ကြောင့် မစီရင်ခြင်းကို ကုက္ကုစ္စ မပြုထိုက်။] တံ၊ ထို ကုက္ကုဏ္စကို မပြုထိုက်သော အရာကို။ ကုက္ကုစ္စာယတိ၊ ၏။**သုဟိတော**။ ။ ဒိဝါဒိ သုဟ- ဓာတ်သည် ခန္တိ, တိတ္တိ ၂ နက်ကို ဟော၏။ ဤနေရာ၌ တိတ္တိ အနက်တည်း။ ထို့ကြောင့် တိတ္တောကို "သုဟိတော" ဟု ဖွင့်သည်။ "တင်းတိမ်ရောင့်ရဲခြင်း" ဟူသည် ဝအောင် စားပြီးသူ ကဲ့သို့ ပြီးဆုံးခြင်းတည်း။ ထို့ကြောင့် "ပရိယော သိတော" ဟု အဓိပ္ပါယ်ထပ်ဖွင့်သည်။
ပရိယောသိတော၊ ပြီးဆုံးပြီးသော။
(ပုဂ္ဂလော ကတမော ၌စပ်)။**ဧဝံ တတ္ထ သမ္မာ သမ္ဗုဒ္ဓေါဝ**။ ။ ဧဝံ ဖြင့် "သာဝကာနံ ပန ဓမ္မကထာယ" စသည်ကို ပြန်၍ ညွှန်းသည်။ သာဝကတို့၏ ဓမ္မကထာကြောင့် တရားထူးကို ရကြလျှင် သာဝကတို့လည်း ထိုတရားထူးကို ရစေရာ၌ "တပ္ပေတာ" မည်သင့်သည် မဟုတ်ပါလောဟု မေးဖွယ်ရှိသောကြောင့် ဧဝံ တတ္ထ စသည်ကို မိန့်သည်။ သာတကတို့၏ ဓမ္မကထာကြောင့် တရားထူးရကြသော်လည်း သာဝကတို့သည် တပ္ပေတာ- မမည်နိုင်။ သမ္မာသမ္ဗုဒ္ဓ သည်သာ တပ္ပေတာ မည်နိုင်သည် ဟူလို။ [ရှေး နိဿယဝယ်" တတ္ထ၊ ထိုဘုရား ပစ္စေကဗုဒ္ဓါ သာဝကတို့တွင်" ဟု စွဲ၏။ "တတ္ထ ဒါယကော" ဟူသော နောက်ဝါကျကို ထောက်၍ ထိုအစွဲကို စဉ်းစား သင့်သည်။]
တတ္ထ၊ ထို တရားဟောရာ၌။
သမ္မာသမ္ဗုဒ္ဓေါဝ၊ သည်သာ။
တပ္ပေတာ နာမ၊ သူတပါးကို ရောင့်ရဲစေတော်မူသည် မည်တော်မူသည်။