ဇနနံ ဇာတိ၊ မွေးဖွားခြင်း၊ ဇာတိယာ ဘူမိ ဇာတိဘူမံ=မွေးဖွားခြင်း၏မြေ၊ဇာတိချက်ကြွေ မွေးရပ်မြေ၊ (တနည်း) ဇာယီ မဟာဗောဓိသတ္တော ဧတ္ထာတိ ဇာတိသာ ဧဝ ဘူမီတိ ဇာတိဘူမံ=သဗ္ဗညုဘုရားအလောင်း၏ မီးရှူးသန့်စင်ဖွားမြင်ရာမြေ (ကပိလဝတ်မြို့တော်)။ မူလပဏ္ဏာသဋီကာ၊ ဒု(၁ဝ၈)ဝိဂြိုဟ်။ မောဂ္ဂလ္လာန်ပဋိကာ၌မူ "ဇာတိယာ ဥပလက္ခိတာ ဘူမီ ယသ္မိံ ဌာနေတိ ဇာတိဘူမံ=မွေးဖွားခြင်းဖြင့် မှတ်သား အပ်သော မြေရှိသောအရပ်”ဟု ဝစနတ္ထပြု၏။ "ဣစ္ဆာမ မယံ ဘန္တေ ပစ္ဆာဘူမံ ဇနပဒံ ဂန္ထဟူသော ခန္ဓဝဂ္ဂသံယုတ်၊ နကုလပိတုဝဂ် ဒေဝဒဟသုတ် (သံယုတ်ဒု၊ ၅)၌ ပစ္ဆာဘူမဟူသော ပါဠိသည်လည်း ဤဇာတိဘူမဟူသော ပါဠိနှင့် အလားတူပင် ဖြစ်၏။
ဤ၌ “ဇာတိ၊ မွေးဖွားရာဟူ၍ သာမန်ဆိုထားသော်လည်း တခြားပုဂ္ဂိုလ်တို့ ၏ မွေးဖွားရာဇာတိကို မယူရ၊ သဗ္ဗညုဘုရားအလောင်းတော်၏ မီးရှူးသန့်စင်ဖွားမြင် ရာ ဇာတိကိုသာယူရ၏၊ ထို့ကြောင့် သာကိယဇနပုဒ် (သာကီဝင်မင်းတို့၏ နယ်ပယ်) တခုလုံးကိုလည်းကောင်း, အထူးအားဖြင့် ထိုသာကိယဇနပုဒ် အတွင်းမှာရှိသော ကပိလဝတ်မြို့တော်ကိုလည်းကောင်း၊ “ဇာတိဘူမိ”ဟုခေါ်သည်၊
ဇာတိဘူမီတိ ဇာတဋ္ဌာနံ။ပ။ တဿ သဗ္ဗညုဗောဓိသတ္တဿ ဇာတဋ္ဌာန သာကိယနပဒေါ ကပိလဝတ္တာဟာရော “ဇာတိဘူမီ”တိ ဝုစ္စတိ။ မူလပဏ္ဏာသ အဋ္ဌကထာ၊ ဒု-၄၁။
တေန အနညသာဓာရဏာယ ဇာတိယာ အဓိပ္ပတတ္တာ သဒေဝကေ လောကေ သုပါကဋဘာဝတော ဝိသေသနေန ဝိနာပိ ဝိသိဋ္ဌဝိသယောဝ ဣဓ ဇာတိသဒ္ဓေါ ဝိညာယတီတိ ဒဿတိ၊ တေနာဟ “သဗ္ဗညုဗောဓိသတ္တဿ ဇာတဋ္ဌာနသာကိယဇန ပဒေါ’တိ၊ တတ္ထပိ ကပိလဝတ္ထုသန္နိဿယော ပဒေသောတိ အာဟ“ကပိလဝတ္ထာ ဟာရောတိ။ ၎င်းဋီကာ၊ ဒု-၁၀၈။
တဿ သဗ္ဗညုဗောဓိသတ္တဿ ဇာဋ္ဌာနံ၊ သာတိသယဿ ပန ဇနက ကပိလဝတ္ထု၊ သန္နိဿယော “ဇာတိဘူမီ”တိ ဝုစ္စတိ။ ဤသုတ်အင်္ဂုတ္တိုရ်ဋီကာ၊ ၁၁၈။ ဤသုတ်ဋီကာဝါကျများမှာ မူလပဏ်-ဋ္ဌ-ဋီ-နှစ်ခုလုံးကို ပေါင်းစပ် ယူပြထားသော ဝါကျများ ဖြစ်၏။ သို့သော် သာကိယနေရာ၌ သာတိသယဟု တွေ့ရပြီး ဇနပဒနေရာ၌ ဇနကဟု တွေ့ရသောကြောင့် စာမူမသန့်ရှင်းဟု ယူဆ၏။
ထို့ပြင် ကပိလဝတ္ထာဟာရော နေရာ၌ “ကပိလဝတ္ထာဂါရော”ဟု မောဂ္ဂလ္လာန် နိဿယ၌တွေ့ရ၏၊ နိဿယဆရာတော် စိတ်ကြိုက် ပြင်ထားသောပါဌ်ဖြစ်တန်ရာ၏၊ ကပိလဝတ္ထာဂါရော၊ ကပိလဝတ်မြို့တော်ဟူသော နေအိမ်ဟု ဆိုလိုဟန်ရှိ၏၊ သို့သော် အဂါရသဒ္ဒါသည် နပုလ္လိင်ဖြင့်သာရှိသောကြောင့် ဗဟုဗွီဟိသမာသ်မဟုတ်လျှင် “ကပိ လ၀တ္ထာဂါရော”ဟု ပုလ္လင်ဖြင့် မရှိနိုင်၊ ထို့ကြောင့် ကပိလဝတ္ထာဝါသောဟုပြင်လျှင် ကောင်းမည် ဟူ၍ ပထမအကြိမ်ရိုက်နှိပ်သော ဤစာအုပ်၌ ထင်မြင်ချက်ရေးခဲ့၏သို့သော် ကပိလဝတ္ထာဟာရောဟုသာရှိသင့်ကြောင်းကို စတုတ္ထတွဲ နိဿယအစပိုင်း၌ သာဓကနှင့်တကွ ဆုံးဖြတ်ထားပါသည်။ ၊ ဇာတိဘူမိအရပ်၌။ ဝါ၊ ဘုရားအလောင်းတော်၏ ဇာတိဌာနေမွေးရပ်မြေဖြစ်သော ကပိလဝတ်မြို့တော်၌။ အာဝါသိကော၊ ကျောင်းထိုင်ဘုန်းကြီးသည်။ (ကျောင်းအသစ်ဆောက်ခြင်း, ကျောင်းဟောင်းပြင်ခြင်းစသော ကျောင်းတာဝန်ဆောင်ဘုန်းကြီးသည်) သဗ္ဗသော (သဗ္ဗေသု)၊ အားလုံးစုံကုန်သော။ ဇာတိဘူမိယံ၊ ၌။ ဝါ၊ ဇာတိဘူမိအရပ်က။ သတ္တသု၊ (၇)ခုကုန်သော။ အာဝါသေသု၊ ကျောင်းပရိဝုဏ်တို့၌။ (အာဝါသိကော၊ သည်) ဟောတိ၊ ဖြစ်၏။
ဗြာဟ္မဏ ဓမ္မိက၊ က။ သဗြဟ္မစာရီသု၊ သီတင်းသုံးဖော်ရဟန်းတို့၌။ (ဇကုဒ္ဒေသတာစသည်, တန်းတူညီသောအကျင့်မြတ်ကို ကျင့်ကြသော သီတင်းသုံးဖော်ရဟန်းတို့၌) [ယထာမံ၊ ယထာ+ဣမံ] ဣမံ ယထာ၊ ဤဆဲရေးခြိမ်းခြောက်ခြင်းကဲ့သို့။ (တထာ၊ တို့အတူ) ဣတော၊ ဤငါဘုရား အဆုံးအမတရားတော်မှ။ ဗဟိဒ္ဓါ၊ အပြင်အပတိတ္ထိယတို့၏ အဆုံးအမတရား၌။ ဧဝရူပိံ၊ ဤသို့သဘောရှိသော။ (ဤသဗြဟ္မစာရီတို့၌ ဆဲရေးခြိမ်းခြောက်ခြင်းလောက် အကုသိုလ်အပြစ်ရရှိနိုင်ခြင်း သဘောရှိသော) အညံ၊ အခြားသော။ (သဗြဟ္မစာရီတို့၌ ဆဲရေးခြိမ်းခြောက်ခြင်းမှတပါးတခြားသော) ခန္တိံ၊ မိမိ၏ကုသိုလ်ဂုဏ်ထူးကို တူးဖြိုတတ်သောဆဲရေးခြိမ်းခြောက်ခြင်းကို။ အဟံ၊ ငါဘုရားသည်။ န ဝဒါမိ၊ ဟောတော်မမူ။ [အဋ္ဌကထာ၌ "အညံ ဧဝရူပံ ဂုဏခန္တီ"ဟု အညံပုဒ် ထည့်ထား၏]
(တနည်း) ဗြာဟ္မဏ ဓမ္မိက၊ က။ သဗြဟ္မစာရီသု၊ တို့၌။ ဣမံ၊ ဤဆဲရေးခြိမ်းခြောက်ခြင်းကို။ ခန္တိံ၊ မိမိ၏ကုသိုလ်ဂုဏ်ကို တူးဖြိုတတ်သော ဆဲရေးခြိမ်းခြောက်ခြင်းဟူ၍။ ဝဒါမိ ယထာ၊ ငါဟောတော်မူသကဲ့သို့။ (တထာ၊ ထို့အတူ) ဣတော၊ မှ။ ဗဟိဒ္ဓါ၊ ၌။ အညံ၊ သဗြဟ္မစာရီတို့မှ တပါးသောပုဂ္ဂိုလ်တို့၌ဆဲရေးခြိမ်းခြောက်ခြင်းကို။ ဧဝရူပံ၊ သော။ ခန္တိံ၊ မိမိကုသိုလ်ဂုဏ်ထူးကိုတူးဖြိုတတ်သော ဆဲရေးခြိမ်းခြောက်ခြင်းဟူ၍။ အဟံ၊ ငါသည်။ န ဝဒါမိ၊ မမူ။
(တနည်း) ဗြဟ္မဏ ဓမ္မိက၊ က။ သဗြဟ္မစာရီသု၊ တို့၌။ ဣမံ၊ သည်။ ခဏတိ ယထာ၊ မိမိကုသိုလ်ဂုဏ်ကို တူးဖြိုသကဲ့သို့။ (တထာ၊ တူ) ဣတော၊ မှ။ ဗဟိဒ္ဓါ၊ ၌။ အညံ၊ သဗြဟ္မစာရီတို့၌ဆဲရေးခြိမ်းခြောက်ခြင်းမှတပါး တခြားသော။ ဧဝရူပိံ၊ သော။ ခန္တိံ၊ မိမိကုသိုလ်ဂုဏ်ကိုတူးဖြိုတတ်သော ဆဲရေးခြိမ်းခြောက်ခြင်းကို။ အဟံ၊ သည်။ န ဝဒါမိ၊ မမူ။
[ထို့နောက် တံ ကိဿ ဟေတုဟူသော ပုစ္ဆာကိုပြန်၍ ဆက်စပ်သော “ဣတိ တံ ဟောတိ”ဟူသော အဖုံးအအုပ် ဝါကျထည့်စွက်၍ အနက်ပေးရဦးမည်] ဣတိ၊ ထို့ကြောင့်။ (ထိုသို့သဗြဟ္မစာရီပုဂ္ဂိုလ်တို့၌ ဆဲရေးခြိမ်းခြောက်ခြင်းကဲ့သို့ ဂုဏ်ကိုဖြိုဖျက်တတ်သော အပြစ်ကြီးသည့် အခြားသော ဆဲရေးခြိမ်းခြောက်ခြင်းကို ငါဘုရားဟောတော်မမူသည်အဖြစ်ကြောင့်) တံ၊ ထိုသို့ဆရာခြောက်ဦးတို့ကို ဆဲရေးခြိမ်းခြောက်သောသူထက် မကောင်းမှုအကုသိုလ်ကိုရရှိခြင်းသည်။ ဟောတိ၊ ဖြစ်၏။
“ဒီအလုပ်ကို လုပ်ပေးစမ်းပါဒီပစ္စည်းကို ငါ့ပေးစမ်းပါ" စသည်ဖြင့် စေခိုင်းတိုက်တွန်း အကူအညီတောင်းခံသောအခါ “အာမ၊ အင်းဟုတ်ကဲ့ကောင်းပြီ”ဟု ဝန်ခံကတိပြုကြသော အိမ်သူအိမ်သား ဆွေမျိုးသားချင်းတို့ကို “အာမန”ဟု ခေါ်၏ထိုအာမဇနကိုပင် အာမဇနာ နာမ သကဇနော ဝုစ္စတိ'ဟူသော အဋ္ဌကထာအဖွင့်နှင့် အညီ “သကဇန(ကိုယ့်လူ၊ ကိုယ့်ဘက်သား)” ဟု ခေါ်၏။
“အာမာတိ ပဋိဇာနာတီတိ အာမော၊ အာမော သကော ဇနော အာမဇာ ဟု ဝစနတ္ထပြု၊ ဤပုဒ်နှင့်အလားတူ “အာမဇာတ၊ အာမဒါသီ”ဟုလည်းရှိသေး၏၊ ထို၌ “အင်း ဟုတ်ကဲ့"ဟု ဝန်ခံတတ်သော အိမ်ကျွန်မ (ဂေဟဒါသီ)ကို အာမာဟု ခေါ်၍ ထိုကျွန်မ၏သားကို "အာမာယ ဇာတော ပုတ္တော အာမဇာတော”ဟူသောဝစနတ္ထအရ “အာမဇာတ”ဟု ခေါ်၏။
အာမဇန-ပုအာမ+ဇန၊ အာမာတိ သျှီကာရကော ဇနော (၁) ကိုယ့်လူကိုယ့်ပရိသတ်။ (ဝိသုဒ္ဓါရုံ ပိဋကအဘိဓာန်။)
Amajana, m., people living in the same house, housemates, (one's) family, relatives; (Critical ဟု ခေါ်သော ပါဠိအင်္ဂလိပ်အဘိဓာန်။) အာမဇာတောတိ “အာမ အဟံ ဝေါ ဒါသီတိ ဧဝံ ဒါသဗျ ဥပဂတာယ အာမဒါသိသင်္ခါတာယ ဒါသိယာ ပုတ္တော။ ဇာတ် အဋ္ဌကထာ၊ ပ-၂၄၂ (ဧကကနိပါတ် နန္ဒဇာတ်)
“အဟံ တုမှာကံ ဒါသီ”တိ ဧဝံ ဒါသိဘာဝံ ပဋိဇာနာတီတိ အာမာဒါသီ။ သဒ္ဒနီတိ ပဒမာလာ။ ၃၄၄။
ထိုကဲ့သို့ ကိစ္စကြီးငယ်ကို ကူညီဆောင်ရွက်ရန် ဝန်ခံကတိပြုကြသောဂေဟကိုယ့်လူကိုယ့်ပရိသတ်ကိုယ့်အိမ်သူ အိမ်သား ဆွေမျိုးသားချင်း (သကဇန)တို့ကို “အာမဇန”ဟု ခေါ်သကဲ့သို့ ထို့အတူ ဧကကမ္မဧကုဒ္ဒေသ, သမသိက္ခတာ အားဖြင့် တူညီ၍ “အာမ ဘန္တေ ပဿာမိ၊ သာဓု သုဋ ဘန္တေ သံဝရိဿာမိဟု ဝန်ခံကြသော သဗြဟ္မစာရီ (သီတင်းသုံးဖော်ရဟန်း)တို့ကိုလည်း “အာမသဗြဟ္မစာရီ”ဟု ခေါ်၏။
အာမာတိ ပဋိဇာနန္တိတိ အာမာ၊ ကောင်းပါပြီ၊ အာပတ်မလွန်ကျူးအောင် စောင့်စည်းပါမည်ဟု ဝန်ခံကြသော သီတင်းသုံးဖော်ရဟန်းများ။ ထိုရဟန်းတို့သည်ပင်တပါးနှင့်တပါး အပြန်ပြန် အလှန်လှန် ဆုံးမရန် အပ်နှင်း၍ အချင်းချင်းပိုင်ဆိုင် ကြသောကြောင့် သကဇန (ကိုယ်နှင့်သက်ဆိုင် ကိုယ်ပိုင်ပုဂ္ဂိုလ်) ဖြစ်ကြ၏၊ သမာနံ ဗြဟ္မ သဗြဟ္မ=တူညီသော ဧကုဒ္ဒေသတာစသော မြတ်သောအကျင့်၊ သဗြဟ္မ စရန္တိတိ သဗြဟ္မစာရိနော=ဧကုဒ္ဒေသတာစသည် တန်းတူညီသော အကျင့်မြတ်ကို ကျင့်ကြသော သီတင်းသုံးဖော် ရဟန်းများ၊ အာမာ သကာ သဗြဟ္မစာရိနော အာမသဗြဟ္မစာရိနော=ကိုယ်နှင့် သက်ဆိုင်၍ ကိုယ်ပိုင်ဖြစ်သော သီတင်းသုံးဖော် ရဟန်းများ၊ (အာမဘန္တေ ဝန်ခံခြင်း အပြန်ပြန် အလှန်လှန် ဆုံးမရန် အပ်နှင်းခြင်းဖြင့် အချင်းချင်းပိုင်ဆိုင်ကြသော သီတင်းသုံးဖော် ရဟန်းများ)
ဤပြခဲ့သော သာဓကနှင့် စိစစ်ချက်များအတိုင်း “အာမဇနော၊ အာမသ ဗြဟ္မစာရီသု”ဟုသာ ပါဌ်မှန် ဖြစ်သင့်၏၊ ယခုစာမူများ၌ “သမဇနော၊ သမသ ဗြဟ္မစာရီသု"ဟု ရှိ၏။ သမ၊ တန်းတူညီမျှ ဖြစ်သဖြင့်+သက=ကိုယ်ပိုင်ဖြစ်သည် စသည်ဖြင့် အဓိပ္ပာယ်ယူကာ သမပုဒ်လည်း ပါဌ်မှန်ဖြစ်ပါသည်ဟု ကတ်သီးကတ်သတ် ပြောလိုက ပြောနိုင်ပါ၏။ ၊ ကိုယ်နှင့်သက်ဆိုင်, ကိုယ်ပိုင်ဖြစ်သော သီတင်းသုံးဖော်ရဟန်းတို့၌။ (ဘန္တေ အာမ၊ ဝန်ခံကြသဖြင့်၊ ဆုံးမအပ်နှင်း၊ အချင်းချင်းသက်ဆိုင်ကိုယ်ပိုင်ဖြစ်သော သီတင်းသုံးဖော်ရဟန်းတို့၌) စိတ္တာနိ၊ (ငါတို့၏)စိတ်တို့သည်။ ပဒုဋ္ဌာနိ၊ ဒေါသသည်ဖျက်ဆီးအပ်ကုန်သည်။ ဝါ၊ ဒေါသဖြစ်ပွားပြစ်မှားဖောက်ပြန်ကုန်သည်။ န ဘဝိဿန္တိ၊ မဖြစ်ကုန်လတ္တံ့။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ (သိက္ခိတဗ္ဗံ၊ ကျင့်ကြံအားထုတ်ရမည်)
သဒ္ဓါ စ၊ သဒ္ဓိန္ဒြေသည်လည်းကောင်း။ သတိ စ၊ သတိန္ဒြေသည်လည်းကောင်း။ ဝီရိယံ စ၊ ဝီရိယိန္ဒြေသည်လည်းကောင်း။ သမထော စ၊ သမာဓိန္ဒြေသည်လည်းကောင်း။ ဝိပဿနာ စ၊ (သင်္ခါရတရားတို့ကို ပိုင်းခြားယူငင်တတ်သော) ဝိပဿနာဉာဏ်ဟူသောဣန္ဒြေသည်လည်းကောင်း။ (ဣတိ၊ ဤမည်ကုန်သော)
ပဉ္စ၊ ငါးပါးကုန်သော။ ဣန္ဒြိယာ (ဣန္ဒြိယာနိ)၊ ဝိပဿနာဣန္ဒြေတို့သည်။ မုဒူ(မုဒူနိ)၊ နုနယ်ကုန်သည်။ (ဟောန္တိ၊ ဖြစ်ကုန်၏) ဧသော၊ ဤသောတာပန် ပုဂ္ဂိုလ်ကို။ အရိယသံဃဿ၊ အရိယာသံဃာတော်၏။ သတ္တမော၊ (၇)ပါးမြောက်သော(အရဟတ္တဖိုလ် ပုဂ္ဂိုလ်မှပြောင်းပြန်ရေတွက်သော် ခုနစ်ပါးမြောက်ဖြစ်သော) ပုဂ္ဂလော၊ ပုဂ္ဂိုလ်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။