Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Chakkanipātapāḷi
Chakkanipātapāḷi

7. Sakkhibhabbasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

၇၁။ ဘိက္ခဝေ၊ တို့။ ဆဟိ၊ ခြောက်ပါးကုန်သော။ ဓမ္မေဟိ၊ တရားတို့နှင့်။ သမန္နာဂတော၊ ပြည့်စုံသော။ ဘိက္ခု၊ ရဟန်းသည်။ အာယတနေ၊ အကြောင်းသည်။ (အဘိညာဉ်နှင့် အဘိညာဉ်၏အခြေခံ ပါဒကဈာန်ဟူသော အကြောင်း, အရဟတ္တဖိုလ်နှင့် အရဟတ္တဖိုလ်၏ ဝိပဿနာဟူသော အကြောင်းသည်။ ဝါ၊ ထိုထို တရားထူးကိုရခြင်း၏ အားကြီးသောမှီရာ ဥပနိဿယဖြစ်သောအကြောင်းသည်) သတိ သတိ၊ ရှိလသော် ရှိလသော်။ ဝါ၊ ရှိတိုင်း ရှိတိုင်း။ တတြတတြေဝ၊ ထိုထိုမျက်မှောက် ပြုထိုက်သော တရားထူး၌ပင်လျှင်။ (ထိုထိုမျက်မှောက်ပြုလိုက်သော တန်ခိုးအမျိုးမျိုးဖန်ဆင်းခြင်း, ဒိဗ္ဗသဒ္ဒစသည်ကို ကြားရခြင်း, သူတပါးစိတ်ကို သိခြင်း, ပုဗ္ဗေနိဝါသကို အောက်မေ့နိုင်ခြင်း, စေတောဝိမုတ္တိ ပညာဝိမုတ္တိသို့ ရောက်၍ နေခြင်းဟူသော တရားထူး၌ပင်လျှင်) သက္ခိဘဗ္ဗတံ၊ ကိုယ်တွေ့ဆိုက်ရောက် မျက်မှောက်ပြုခြင်းငှာ ထိုက်သည်၏အဖြစ်သို့။ ပါပုဏိတုံ၊ ရောက်ခြင်းငှာ။ အဘဗ္ဗော၊ မထိုက်။
ကတမေဟိ၊ အဘယ်မည်ကုန်သော။ ဆဟိ၊ ကုန်သော။

ဓမ္မေဟိ၊ တို့နှင့်။ (သမန္နာဂတော၊ သော။ ဘိက္ခု၊ သည်။ အာယတနေ၊ သည်။ သတိ သတိ။ပ။ အဘဗ္ဗော၊ နည်းဟူမူ။) ဘိက္ခဝေ၊ တို့။ ဣဓ၊ ၌။ ဘိက္ခု၊ သည်။ ဣမေ၊ ဤပဌမဈာန် သမာဓိအစရှိသော သမာပတ်တရားတို့သည်။ (ဤကြေညက်စွာ မလေ့လာရသေးသော အပ္ပဂုဏ ပဌမဈာန် သမာဓိအစရှိသောသမာပတ်တရားတို့သည်) ဟာနဘာ ဂိယာ၊ ဆုတ်ယုတ်ခြင်းအဖို့ ရှိကုန်သော။ (ထိုအပ္ပဂုဏ ပဌမဈာန်စသည်မှ ထသောအခါ ကာမဂုဏ်အာရုံသို့ ပြေးဝင်ကျက်စားသော သညာနှင့် မနသိကာရ တို့ကြောင့် ဆုတ်ယုတ်ခြင်းအဖို့ရှိကုန်သော) [ဟာန+ဘာဂ+ဣယ။ ဟာန၊ ဆုတ်ယုတ်ခြင်းဟူသော။ ဘာဂ၊ အဖို့။ ဟာနံ စ တံ ဘာဂေါ စာတိ ဟာနဘာဂေါ။ ဟာနဘာဂေါ ယေသံ အတ္တီတိ ဟာနဘာဂိယာ] ဝါ၊ ဆုတ်ယုတ်ခြင်းသဘောသို့ ချဉ်းကပ်တတ်ကုန်သောဟာန+ဘဇ+ကျ။ ဟာနံ ဘဒန္တီတိ ဟာနဘာဂိယာ] ဓမ္မာ၊ တရားတို့တည်း။ ဣတိ၊ ဤသို့။ ယထာဘူတံ၊ အဖြစ်မှန်သဘောအတိုင်း။ ဝါ၊ ဟုတ်မှန်စွာ။ နပ္ပဇာနာဘိ၊ မသိ။

ဣမေ၊ ဤပဌမဈာန်သမာဓိအစရှိသော သမာပတ်တရားတို့သည်။ (ဤ ပဂုဏအပ္ပဂုဏဖြစ်သော ပဌမဈာန်သမာဓိ အစရှိသော သမာပတ်တရားတို့သည်) ဌိတိဘာဂီယာ၊ ရပ်တန့်နေခြင်းအဖို့ရှိကုန်သော။ (မိမိရရှိထားသော ထိုပဌမဈာန် စသည်ကို သန္တ ပဏီတဟု ရှုမြင်ကာ သာယာစုံမက် နှစ်သက်တွယ်တာသော မိစ္ဆာသတိ နိကန္တိတဏှာကြောင့် တိုးဆုတ်မရှိ ပကတိပုံသေ ရပ်တန့် နေခြင်းအဖို့ ရှိကုန်သော) ဝါ၊ ရပ်တန့်နေခြင်းသဘောသို့ ချဉ်းကပ်တတ်ကုန်သော။ ဓမ္မာ၊ တရားတို့တည်း။ ဣတိ၊ ဤသို့။ ယထာဘူတံ၊ တိုင်း။ ဝါ၊ စွာ။ နပ္ပဇာနာတိ၊ မသိ။ [ပဂုဏ၊ ဝသီဘော်သို့ ရောက်အောင် အဝါးဝစွာ ကြေညက်စွာ လေ့လာအပ်ပြီးသော။ အပ္ပဂုဏ၊ ယင်းသို့ကြေညက်စွာ မလေ့လာရသေးသော။]

ဣမေ၊ ဤပဌမဈာန်သမာဓိ အစရှိသော သမာပတ်တရားတို့သည်။ (အဝါးဝ ကြေညက်စွာ လေ့လာအပ်ပြီးသော ဤပဂုဏပဌမဈာန်သမာဓိအစရှိသော သမာပတ်တရားတို့သည်) ဝိသေသဘာဂိယာ၊ (အထက်ဒုတိယဈာန် အစရှိသော) ထူးသောအဖို့ရှိကုန်သော။ (ထိုပဂုဏပဌမဈာန် စသည်မှထသောအခါ ဝိတက်မရှိသော ဒုတိယဈာန်စသည်ကို ရခြင်းအကျိုးငှာ အားထုတ်လှုံ့ဆော်သော သညာမနသိကာရတို့ကြောင့် အထက်ဒုတိယဈာန်စသည်ဟူသော ထူးသောအဖို့ရှိကုန်သော) ဝါ၊ အထက်ဒုတိယဈာန်စသော ထူးခြားသော တရားသို့ ချဉ်းကပ်တတ်ကုန်သော။ ဓမ္မာ၊ တို့တည်း။ပ။ ဣမေ၊ ဤပဌမဈာန်သမာဓိအစရှိသော သမာပတ်တရားတို့သည်။ (ဤ ပဂုဏ အပ္ပဂုဏ ပဌမဈာန်သမာဓိ အစရှိသော သမာပတ်တရားတို့သည်) နိဗ္ဗေဓဘာဂိယာ၊ သစ္စာလေးပါးတို့ကို ထိုးထွင်းသိတတ်သော မဂ်ဉာဏ်ဟူသော အဖို့ရှိကုန်သော။ ဝါ၊ ကိလေသာတို့ကို ဖောက်ထွင်းတတ်သော မဂ်ဉာဏ်ဟူသော အဖို့ရှိကုန်သော။ (ဈာန်မှထသောအခါ ဈာန်အင်္ဂါတို့၌ ငြီးငွေ့သော ဝိပဿနာ ဉာဏ်နှင့်တကွဖြစ်သော သညာမနသိကာရတို့သည် နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်းငှာ အားထုတ်လှုံ့ဆော်ကုန်သည်အဖြစ်ကြောင့် အရိယမဂ်ကို ထိုးထွင်းမြင်သိ ရရှိခြင်းအဖို့ရှိကုန်သော) ဓမ္မာ၊ တရားတို့တည်း။ပ။ အသက္ကစ္စကာရီ စ၊ (မိမိရရှိထားသော တရားထူးကို) ရိုသေလေးစား အရေးထားမှု ပြုလေ့မရှိသည်လည်းကောင်း။ အသပ္ပါယကာရီစ၊ သင့်လျော်သော အထောက်အကူပြုငြား ကျေးဇူးတရားကို ပြုလေ့မရှိသည်လည်းကောင်း။ ဟောတိ၊ ၏။ပ။
ပါပုဏိတုံ၊ ငှာ။ ဘဗ္ဗော၊ ထိုက်၏။ပ။ ပဇာနာတိ၊ သိ၏။ သက္ကစ္စကာရီစ၊ ....ပြုလေ့ရှိသည်လည်းကောင်း။ သပ္ပါယကာရီစ၊ ...ပြုလေ့ရှိသည်လည်းကောင်း။ ဟောတိ၊ ၏။
သတ္တမံ။