Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
Bhikkhu Bodhi
English
Chakkanipātapāḷi
Chakkanipātapāḷi

3. Chaḷabhijātisuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

၅၇။ ဘန္တေ၊ အရှင်ဘုရား။ ပူရဏေန၊ ပူရဏမည်သော။ (တယောက်လျော့သော ကျွန်တရာကို ပြည့်စေတတ်သည်အဖြစ်ကြောင့် ပူရဏမည်သော) ကဿပေန၊ ကဿပသည်။ ဝါ၊ ကဿပအနွယ်ဝင်ဖြစ်သူသည်။ [တနည်း ကဿပေန၊ ကဿပအနွယ်ဝင်ဖြစ်သော။ ပူရဏေန၊ ပူရဏသည်] ဆဠဘိ ဇာတိယော၊ ခြောက်ပါးသောအမျိုးဇာတ်တို့ကို။ ပညတ္တာ၊ ခွဲခြားသတ်မှတ် ပညတ်အပ်ကုန်ပြီ။ ကဏှာဘိဇာတိ၊ မည်းနက်သောအမျိုးဇာတ်ကို။ ပညတ္တာ၊ ခွဲခြားသတ်မှတ်ပညတ်အပ်ပြီ။ နီလာဘိဇာတိ၊ ညိုသောအမျိုးဇာတ်ကို။ ပညတ္တာ၊ အပ်ပြီ။ လောဟိတာဘိဇာတိ၊ နီသောအမျိုးဇာတ်ကို။ပ။ ဟလိဒ္ဒါဘိဇာတိ၊ နနွင်းရောင်အဆင်းဝါဝင်းသောအမျိုးဇာတ်ကို။ပ။ သုက္ကာဘိဇာတိ၊ ဖြူစင်သောအမျိုးဇာတ်ကို။ပ။ ပရမသုက္ကာဘိဇာတိ၊ အလွန်ဖြူစင်သောအမျိုးဇာတ်ကို။ ပညတ္တာ၊ ခွဲခြားသတ်မှတ်ပညတ်အပ်ပြီ။
ဘန္တေ၊ ရား။ တတြ၊ ထိုခြောက်ပါးသောအမျိုးဇာတ်တို့တွင်။ ဣဒံ(အယံ)၊ ဤလျှောက်ထားအပ်လတ္တံ့သောအမျိုးဇာတ်ကို။ ပူရဏေန၊ သော။ ကဿပေန ကဏှာဘိဇာတိ၊ မည်းနက်သောအမျိုးဇာတ်ဟူ၍။ ပညတ္တာ၊ အပ်ပါသည်ပြီ။ သြရမ္ဘိကာ၊ သိုးသတ်သမားတို့ကိုလည်းကောင်း။ သူကရိကာ၊ ဝက်သတ်သမားတို့ကိုလည်းကောင်း။ သာကုဏိကာ၊ ငှက်သတ်သမား (ငှက်မုဆိုး) တို့ကိုလည်းကောင်း။ မာဂဝိကာ၊ သားသတ်သမား(သားမုဆိုး)တို့ကိုလည်းကောင်း။ လုဒ္ဒါ၊ (သတ်ဖြတ်ညှဉ်းပန်း ကြမ်းတမ်းရက်စက်သူ) မုဆိုးဟူသမျှတို့ကိုလည်းကောင်း။ မစ္ဆဃာတကာ၊ ငါးသတ်သမား တံငါသည်တို့ကိုလည်းကောင်း။ စောရာ၊ ခိုးသားဒမြတို့ကိုလည်းကောင်း။ စောရဃာတကာ၊ သူခိုးဒမြတို့ကိုသတ်ဖြတ်သူ (လက်မရွံ့အာဏာသားပါးကွက်သမား) တို့ကိုလည်းကောင်း။ ဗန္ဓနာဂါရိကာ၊ အချုပ်ထောင်မှောင်အိမ်စောင့်(ထောင်မှူး)တို့ကိုလည်းကောင်း။ ဝါ ပန၊ ထိုမှတပါး။ အညေ၊ အခြားကုန်သော။ (ပြဆိုအပ်ပြီးသော သြရမ္ဘိကမှတိုင်အောင်သော လူတို့မှတပါး တခြားကုန်သော) ကုရူရကမ္မန္တာ ဗန္ဓနာဂါရိက၊ ရက်စက်ကြမ်းကြုတ်သော အမှုလုပ်ငန်းရှိကုန်သော။ ယေ ကေစိ၊ ကြွင်းမဲ့ဥဿုံအားလုံးစုံသော အမျိုးဇာတ်တို့သည်။ (သန္တိ၊ ရှိကုန်၏) တေပိ၊ ထိုအားလုံးသောအမျိုးဇာတ်တို့ကိုလည်းကောင်း။ (ကဏှာဘိဇာတိယော၊ မည်းနက်သောအမျိုးဇာတ်တို့ဟူ၍။ ပညတ္တာ၊ ပညတ်အပ်ပါကုန်ပြီ။)
ဘန္တေ၊ ရား။ တတြ၊ တို့တွင်။ ဣဒံ(အယံ)၊ ကို။ ပူရဏေန၊ သော။ ကဿပေန၊ သည်။ နီလာဘိဇာတိ၊ ညိုသောအမျိုးဇာတ်ဟူ၍။ ပညတ္တာ၊ ပြီ။ ကဏ္ဋကဝုတ္တိကာ၊ ဆူးဖြင့်အသက်မွေးသူဖြစ်ကုန်သော။ (ပစ္စည်းလေးပါးတို့၌ ဆန္ဒရာဂဟူသော ဆူးထည့်စွက်၍ သုံးဆောင်ကြခြင်းကြောင့် ဆူးဖြင့် အသက်မွေးသူ ဖြစ်ကုန်သော) ဘိက္ခူ၊ ဘုရားသာသနာတော်ဝင်ရဟန်းတို့ကိုလည်းကောင်း။ [တနည်း-ကဏ္ဋကဝုတ္တိကာ၊ တဏ္ဋကဝုတ္တိကမည်ကုန်သော။ ဝါ၊ (ခန္ဓာကိုယ်ကိညှဉ်းပန်းနှိပ်စက်မှု အတွက်လမထအကျင့်ကို ပြုကျင့်အားထုတ်ကြခြင်းကြောင့်) ဆူးပေါ်၌နေထိုင်ကျင့်သုံးကြသကဲ့သို့ ဖြစ်သူမည်ကုန်သော။ ဘိက္ခု၊ ဤသာသနာတော်၏ အပြင်အပရဟန်းအချို့တို့ကိုလည်းကောင်း] ဝါ ပန၊ ပါး။ အညေ၊ (ကဏ္ဍကဝုတ္တိ‌ေရဟန်းတို့မှ) တပါးတခြားကုန်သော။ ကမ္မဝါဒါ၊ ကုသိုလ်ကံအကုသိုလ်ကံရှိ၏ဟုပြောဆိုကြောင်း အယူအဆရှိကုန်သော။ ကိရိယဝါဒါ၊ ကုသိုလ်ကံကိုပြုထိုက်၏ဟုအယူအဆရှိကုန်သော။ ယေ ကေစိ၊ ကြွင်းမဲ့ဥဿုံအားလုံးစုံသော ပုဂ္ဂိုလ်အမျိုးဇာတ်တို့သည်။ (သန္တိ၊ ရှိကုန်၏။ တေပိ၊ ထိုအားလုံးသော ပုဂ္ဂိုလ်အမျိုးဇာတ်တို့ကိုလည်းကောင်း။ နီလာဘိဇာတိယော၊ ညိုသော အမျိုးဇာတ်တို့ဟူ၍။ ပညတ္တာ၊ ခွဲခြားသတ်မှတ် ပညတ်အပ်ကုန်ပြီ။)
ဘန္တေ၊ ရား။ တတြ၊ တို့တွင်။ ဣဒံ(အယံ)၊ ကို။ ပူရဏေန၊ သော။ ကဿ ပေန၊ သည်။ လောဟိတာဘိဇာတိ၊ ဇာတ်ဟူ၍။ ပညတ္တာ၊ အပ်ပြီ။ ဧကသာဋကာ၊ (ရှေ့ပိုင်းအဖုံးအကာ) အဝတ်တထည်သာဝတ်ကြကုန်သော။ နိဂဏ္ဌာ၊ နိဂဏ္ဌမည်သော တတ္ထိယတို့ကို။ ဝါ၊ သံယောဇဉ်အထုံးအဖွဲ့မရှိသူဟုခေါ်ဆိုသမုတ်အပ်သော တိတ္ထိယတို့ကို။ လောဟိတာဘိဇာတိယော၊ ဇာတ်တို့ဟူ၍။ ပညတ္တာ၊ အပ်ကုန်ပြီ။ပ။
ဟလိဒ္ဒါဘိဇာတိ၊ ဇာတ်ဟူ၍။ ပညတ္တာ၊ အပ်ပြီ။ ဩဒါတဝသနာ၊ အဝတ်ဖြူကို ဝတ်ကုန်သော။ အစေလကသာဝကာ၊ အဝတ်မဝတ်သောပရိဗိုဇ်တို့၏ တပည့်ဖြစ်ကုန်သော။ ဂိဟီ၊ လူတို့ကို။ ဟလိဒ္ဒါဘိဇာတိယော၊ ၍။ ပညတ္တာ၊ ကုန်ပြီ။
သော။ပ။ သုက္ကာဘိဇာတိ၊ ၍။ ပညတ္တာ၊ အပ်ပြီ။ အာဇီဝကာ၊ အဝတ်မဝတ်ပရိဗိုဇ်တို့ကိုလည်းကောင်း။ [အာဇီဝကောတိ နဂ္ဂပရိဗ္ဗာဇကော။ ပဉ္စကနိပါတ် အင်္ဂုတ္တိုရ်အဋ္ဌကထာ။ ၈၅] အာဇီဝကိနိယော၊ အဝတ်မဝတ်သောပရိဗိုဇ်မတို့ကိုလည်းကောင်း။ (သုက္ကာဘိဇာတိယော၊ ၍။ ပညတ္တာ၊ ကုန်ပြီ)။ပ။
ပရမသုက္ကာဘိဇာတိ၊ ၍။ ပညတ္တာ၊ ပြီ။ နန္ဒော၊ နန္ဒမည်သော။ ဝစ္ဆော၊ ဝစ္ဆကိုလည်းကောင်း။ (အနွယ်အားဖြင့်ဝစ္ဆခေါ်တွင်သူကိုလည်းကောင်း) ကိသော၊ ကိသမည်သော။ သံကိစ္စော၊ သံကိစ္စကိုလည်းကောင်း။ (အနွယ်အားဖြင့် သံကိစ္စခေါ်တွင်သူကိုလည်းကောင်း) [တနည်း ဝစ္ဆာ၊ အနွယ်အားဖြင့်ဝစ္ဆဟု ခေါ်ဝေါ်အပ်သော။ နန္ဒော၊ နန္ဒမည်သောသူကိုလည်းကောင်း။ သံကိစ္စော၊ အနွယ်အားဖြင့်သံကိစ္စဟု ခေါ်ဝေါ်အပ်သော။ ကိသော၊ ကိသမည်သူကိုလည်းကောင်း။ နန္ဒောတိ တဿ နာမံဝန္ဒောတိ ဂေါတ္တံ။ ကိသောတိ နာမံ။ သံကိစ္စောတိ ဂေါတ္တံ။ မူလပဏ္ဏာသအဋ္ဌကထာ။ ဒု-၁၈၆] မက္ခလိဂေါသာလော၊ မက္ခလိဂေါသာလကိုလည်းကောင်း။ ပရမသုက္ကာဘိဇာတိ၊ အလွန်ဖြူသောအမျိုးဇာတ်ဟူ၍။ ပညတ္တာ၊ ပညတ်အပ်ပြီ။
ဘန္တေ၊ ရား။ ပူရဏေန၊ သော။ ကဿပေန၊ သည်။ ဆ၊ ၆-မျိုးကုန်သော။ ဣမာ အဘိဇာတိယော၊ ဤအမျိုးဇာတ်တို့ကို။ ပညတ္တာ၊ ကုန်ပြီ။ ဣတိ(အဝေါစ၊ လျှောက်ပြီ။)
အာနန္ဒ၊ န္ဒာ။ ပူရဏဿ၊ သော။ ကဿပဿ၊ အား။ ဣမာ ဆဠဘိဇာတိ ယော၊ ဤခြောက်ပါးသောအမျိုးဇာတ်တို့ကို။ ပညာပေတုံ၊ ခွဲခြားသတ်မှတ်ပညတ်ခြင်းငှာ။ သဗ္ဗော၊ အားလုံးသော။ လောကော၊ သတ္တဝါအပေါင်းသည်။ ဝါ၊ သတ္တဝါအပေါင်း၏အဖြစ်မှန်သဘာဝသည်။ ဧတံ၊ ထိုခွဲခြားသတ်မှတ်ပညတ်ချက်ကို။ အဗ္ဘနုဇာနာတိ ကိံ ပန၊ ခွင့်ပြုပါ၏လော။ ဝါ၊ လက်ခံပါ၏လော။**၁။ ကိ ပနာနန္ဒပူရဏဿ။ပ။ပညာပေတုန္တိ**။ ။အဘိဇာတိ(၆)မျိုး ခွဲခြား သတ်မှတ် ပညတ်ဖို့အတွက် အဲဒီခွဲခြားသတ်မှတ်ချက်ကို အားလုံးသော သတ္တလောက က (ဝါ၊ အားလုံးသော သတ္တလောက၏ အဖြစ်မှန်သဘာဝက) ခွင့်ပြုပါရဲ့လား၊ လက်ခံပါရဲ့လားဟူလို။
ဤဝါကျ၌ ပညာပေတုံဟူသော သမ္ပဒါန်သည် ကံနှင့် သဘောတူသော ကြောင့် “ဧတဒဋ္ဌနုဇာနာတိ"မှ ဧတံဟူသော သဗ္ဗနာမ်ပုဒ်ကို အနက်မဲ့ကြံလိုက ကြံနိုင်၏(သို့မဟုတ်) ပညာပေတုံဟူသော တုံပစ္စယန္တပုဒ်နေရာ၌ ပဉ္စမီတုဝိဘတ်ဖြင့် “ပညာပေတု”ဟု အာချာတ်ကြိယာပုဒ် ရှိစေပြီးလျှင် အဗ္ဘနုဇာနာတိ၏ အာကာရဝါကျ ပြုလုပ်နိုင်၏၊ ယင်းသို့ပြုလုပ်လျှင်
“အာနန္ဒ၊ န္ဒာ၊ ပူရဏဿ=သော၊ ကဿပဿ=အား၊ ဣမာ ဆဠ ဘိဇာတိယော=တို့ကို၊ ပညာပေတု=ခွဲခြားသတ်မှတ် ပညတ်လော၊ ဣတိ=ဤသို့၊ သဗ္ဗော=သော၊ လောကော=သည်၊ ဧတံ=ဤခွဲခြားသတ်မှတ် ပညတ်ချက်ကိုအဗ္ဗနုဇာနာတိ ကိ’ ပန=ခွင့်ပြု၏လော”ဟု အနက်ပြန်ဆိုရာ၏၊ ပညာပေတု၏ ကတ္တားကို “ပူရဏော ကဿပေါ"ဟု ထည့်ပါ။
ဣတိ၊ ဤသို့။ (အဝေါစ၊ မေးမြန်းတော်မူပြီ) ဘန္တေ၊ ရား။ (သဗ္ဗာ၊ သော။ လောကော၊ သည်) ဧတံ၊ ဤခွဲခြားသတ်မှတ်ပညတ်ချက်ကို။ နော အဗ္ဘဇာနာတိ၊ အခွင့်မပြုပါ။ [တနည်း-ဘန္တေ၊ ရား။ ဧတံ၊ ဤခွင့်ပြုခြင်းသည်။ နော ဟောတိ၊ မဖြစ်နိုင်ပါ] ဣတိ၊ ဤသို့။ (အဝေါစ၊ လျှောက်ထားပြီ။)
အာနန္ဒ၊ န္ဒာ။ သေယျထာပိ၊ ဥပမာပြရလျှင်ကား။ ဒလိဒ္ဒါ၊ ဥစ္စာမဲ့မွဲလူဆင်းရဲဖြစ်သော။ အဿကာ၊ ကိုယ်ပိုင်ဥစ္စာမရှိသော။ အနာဠှိကော၊ ဥစ္စာဓနကြွယ်ဝသူမဟုတ်သော။ ပုရိသော၊ ယောက်ျားသည်။ (အဿ၊ ရှိရာ၏) အကာ မကဿ၊ (နွားအသားဖိုးမပေးနိုင်၍) နွားအသားကိုအလိုမရှိသော။ တဿ၊ ထိုဥစ္စာမွဲလူဆင်းရဲ၏။ (ဟတ္ထ ဝါ၊ လက်၌သော်လည်းကောင်း။ ကေသေ ဝါ၊ ဆံပင်၌သော်လည်းကောင်း) ဗိလံ၊ နွားသား(အမဲသား) ဝေစုဝေပုံကို။ ဝါ၊ အမဲသားတွဲကို။ ဩလဂ္ဂေယျုံ၊ အတင်းအဓမ္မ ဆွဲချိပ်ချည်နှောင်ကြကုန်ရာ၏။ (ကိုန္တိ၊ အဘယ်သို့ပြော၍။ ဩလဂ္ဂေယျံ၊ နည်းဟူမူ)
အမ္ဘော ပုရိသ၊ အမောင်ယောက်ျား။ တေ၊ သည်။ ဣမံသဉ္စ၊ ဤနွားသားကိုလည်း။ ခါဒိတဗ္ဗံ၊ စားရမည်။ မူလဉ္စ၊ အသားဖိုးကိုလည်း။ အနုပ္ပဒါတဗ္ဗံ၊ ပေးရမည်။ ဣတိ၊ ဤသို့ပြော၍။ (ဩလဂ္ဂေယျုံ၊ ရာ၏)။ ၁။ သေယျထာပိ အာနန္ဒ။ပ။အနုပ္ပဒါတဗ္ဗန္တိ။ ။ရှေးခေတ်က ကုန်သည်များ လှည်းဖြင့် ခရီးသွားကြသောအခါ လမ်းခုလတ်၌ နွားတကောင်သေလေ၏၊ သေသွား သော နွား၏ တန်ဖိုးငွေကို အလိုရှိသော နွားပိုင်ရှင်ကုန်သည်က ကျန်သောအဖော် ကုန်သည်တို့အား အမဲသားတွဲပေး၍ အမဲသားဖိုး တောင်း၏၊ အမဲသားဖိုး မပေးနိုင်၍ အမဲသားကို မယူချင်သော လူမွဲလူဆင်းရဲကိုလည်း အတင်းအဓမ္မ အမဲသားပေး၍ ငွေတောင်း၏၊ သေသွားသောနွား၏ တန်ဖိုး ပြန်ရအောင် ကျန်ကုန်သည်အားလုံးက တာဝန်ယူရသတတ်၊ ယင်းသို့သော ထိုခေတ်ကာလ ထုံးတမ်းစဉ်လာကို ဥပမာပြလို၍ သေယျထာပိ စသည်ဖြင့် ဟောတော်မူ၏။
အာနန္ဒ၊ န္ဒာ။ ဇဝမေဝံ၊ ဤအတူပင်။ အဗျတ္တေန၊ ပညာမယှဉ်မကျွမ်းကျင် မထက်မြက်သော။ အခေတ္တညုနာ၊ အမျိုးဇာတ်ပညတ်ခြင်း၏အကြောင်း ရင်းခေတ်ကိုမသိသော။ [ခေတ္တ၊ ခေတ်၊ အကြောင်းရင်း၊ အရာဌာန။ ခေတ္တံ ဇာနာတီတိ ခေတ္တညူ။ န ခေတ္တညူ] အကုသလေန၊ (အမျိုးဇာတ်ပညတ်ခြင်း၌) မလိမ္မာမပါးနပ်သော။ ဗာလေန၊ လူဖျင်းလူအသည်။ (ဆဠဘိဇာတိယော၊ တို့ကို။ ပညတ္တာ ယထာ၊ ပညတ်အပ်ကုန်သကဲ့သို့။ တထာ၊ ထို့အတူ) ပူရဏေန၊ သော။ ကဿပေန၊ သည်။ ဧတေသံ သမဏဗြာဟ္မဏာနံ၊ ထိုသမဏဗြာဟ္မဏတို့၏။ အပ္ပဋိညာယ၊ ဝန်မခံခြင်းဖြင့်။ ဣမာ ဆဠဘိဇာတိယော၊ တို့ကို။ ပညတ္တာ၊ ကုန်ပြီ။
အာနန္ဒ၊ န္ဒာ။ အဟံ၊ ငါဘုရားသည်။ ဆဠဘိဇာတိယော၊ ၆-ပါးသောအမျိုးဇာတ်တို့ကို။ ပညာပေမိ၊ ခွဲခြားသတ်မှတ်ပညတ်တော်မူအံ့။
တံ၊ ထိုခွဲခြားသတ်မှတ် ပညတ်ချက်ကို။ (တွံ၊ သင်သည်) သာဓုကံ၊ ကောင်းစွာ။ သုဏာဟိ၊ နာယူလော။ မနသိ၊ စိတ်နှလုံး၌။ ကရောဟိ၊ သွင်းပိုက်ထားလော။ (အဟံ၊ ငါသည်)
ဘာသိဿာမိ၊ ဟောတော်မူအံ့။ ဣတိ၊ ဤသို့။ (အဝေါ်စ၊ မိန့်တော်မူပြီ)
ဧဝံ ဘန္တေ၊ ကောင်းပါပြီဘုရား။ ဣတိ၊ သို့။ အာယသ္မာ အာနန္နော၊ သည်။ ဘဂဝတော၊ မြတ်စွာဘုရားအား။ ပစ္စဿောသိ၊ ရှေ့ရှုရိုသေစွာနာယူပြီ။ ဝါ၊ စကားတုံ့ပြန်နာခံပြီ။
ဘဂဝါ၊ သည်။ ဧတံ၊ ဤတရားစကားတော်ကို။ အဝေါစ၊ မိန့်တော်မူပြီ။ (ကိန္တိ၊ သို့။ အဝေါစ။)
အာနန္ဒ၊ န္ဒာ။ ဆဠဘိဇာတိယော၊ ၆-ပါးသောအမျိုးဇာတ်တို့ဟူသည်။ ကတမာ စ၊ အဘယ်တို့နည်းဟူမူ။
အာနန္ဒ၊ န္ဒာ။ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ အချို့သောသူသည်။ ကဏှာဘိဇာတိယော၊ မည်းညစ်ယုတ်နိမ့်သောအမျိုးဇာတ်၌ဖြစ်သည်။ ဝါ၊ မည်းညစ်ယုတ်နိမ့်သောအမျိုးဇာတ်ရှိသည်။ သမာနော၊ ဖြစ်၍။ ကဏှံ၊ မည်းညစ်သော။ ဓမ္မံ၊ တရားကို။ (ဒုစ္စရိတ်တရား ဆယ်ပါးကို) အဘိ ဇာယတိ၊ ဖြစ်စေ၏။ [ဤကား ဋီကာဖွင့်အနက်တည်း။ အဋ္ဌကထာဖွင့်အနက်ကို အောက်ခြေအဓိပ္ပာယ်ခန်း၌ကြည့်။၁။ ကဏှံ ဓမ္မံ အဘိဇာယတိ။ ။ဤဝါကျအဖွင့်အဋ္ဌကထာ၌ “ကဏှ ဓမ္မံ အဘိဇာယတီတိ ကဏှသဘာဝေါ ဟုတွာ ဇာယတိ နိဗ္ဗတ္တတိ၊ ကဏှာဘိဇာတိယံ ဝါ ဇာယတိဟူ၍ နှစ်နည်းဖွင့်၏၊ ထိုအဖွင့်အလို “ကဏှ+ဓမ္မံ”ဟု ဝါကျမဖြစ်နိုင်
“ကဏှသဘာဝေါ”ဟူသော အဖွင့်နှင့်အညီ “ကဏှာ ဓမ္မော ယဿာတိ ကဏှဓမ္မော၊ မည်းညစ်သော ဒုစ္စရိတ်အကုသိုလ်သဘောရှိသောသူ”ဟု ဗဟုဗွီဟိသမာသ်ဝစနတ္ထပြု၍ “ကဏှဓမ္မ”ဟု အလယ်၌ နိဂ္ဂဟိတ်မပါဘဲသော်လည်း ပါဌ်ရှိရမည်ဖြစ်၏၊ အကယ်၍ ကအံ့ဟု နိဂ္ဂဟိတ်ပါနေစေကာမူ ထိုနိဂ္ဂဟိတ်မှာ ဒုတိယာ အံဝိဘတ်မဟုတ်၊ စက္ခုံ ဥဒပါဒိ-၌ကဲ့သို့လာသော အာဂမ သန္တိနိဂ္ဂဟိတ်ဟု ဆိုရမည်ဖြစ်၏။
“ကဏှသဘာဝေါ ဟုတွာ”ဟူသော ထိုအဋ္ဌကထာအဖွင့်ကြောင့်ပင် ကဏှ ဓမ္မံပုဒ်မှ ဒုတိယာဝိဘတ်ကို ပဌမာအနက်၌ သက်ဟု ဋီကာဆိုသည်၊ ထိုအဋ္ဌကထာဖွင့် အလို ပါဠိတော်၌ အနက်ပေးလိုလျှင်
ကဏှာဘိဇာတိယော၊ (နဂိုမူလက) မည်းညစ်ယုတ်နိမ့်သော အမျိုးဇာတ်၌ ဖြစ်သည်၊ ဝါ=ဇာတ်ရှိသည်၊ သမာနော=ဖြစ်၍၊ ကဏှဓမ္မံ(ကဏှဓမ္မော)=(မည်းညစ် ယုတ်နိမ့်သော အမျိုးဇာတ်ကို ဖြစ်စေတတ်သော ဒုစ္စရိတ်ဆယ်ပါးတည်းဟူသော) မည်းညစ်သော အကုသိုလ်တရားသဘောရှိသူသည်၊ (ဟုတွာ=ဖြစ်၍) အဘိဇာယတိ= ဖြစ်၏၊ နဂိုမူလက မည်းညစ်သော အမျိုးဇာတ်ရှိသူဖြစ်ပြီးလျှင် (နောက်ထပ်လည်းမည်းညစ်သော အမျိုးဇာတ်ကို ဖြစ်စေတတ်သော ဒုစ္စရိတ်ဆယ်ပါးတည်းဟူသော) မည်းညစ်သော အကုသိုလ်တရားရှိသူဖြစ်ပြန်၏ဟူလို]။ပ။
ကဏှာဘိဇာတိယော၊ သည်၊ သမာနော=၍၊ သုက္ကဓမ္မံ=(ဖြူစင်မြင့်မြတ်သော အမျိုးဇာတ်ကို ဖြစ်စေတတ်သော သုစရိတ်ဆယ်ပါးတည်းဟူသော) ဖြူစင်သော ကုသိုလ်တရားသဘောရှိသည်၊ (ဟုတွာ=၍)အဘိဇာယတိ=ဖြစ်၏။
“ကဏှာဘိဇာတိယံ ဝါ ဇာယတိ"ဟူသော ဒုတိယနည်း အဋ္ဌကထာဖွင့်အလို (ဋီကာ၌ အထူးမဖွင့်စေကာမူ) ကဏှဓမ္မ၌ ဒုတိယာဝိဘတ်ကို သတ္တမီအနက်၌ သက် စေလိုသည်မှာ ထင်ရှား၏၊ ထိုဒုတိယအဖွင့်အလို အနက်ပေးလျှင် - ““ကဏှာဘိဇာတိယော၊ (ယခုဘဝ၌) မည်းညစ်သော အမျိုးဇာတ်ရှိသူသည်၊
သမာနော၊ ဖြစ်၍၊ ဝါ=ဖြစ်လျက်၊ ကဏှဓမ္မံ=(သေပြီးနောက်ဝယ်)မည်းညစ်သော သဘောရှိသော အမျိုးဇာတ်၌၊ အဘိဇာယတိ=ဖြစ်၏။ပ။ သုက္ကဓမ္မံ=(သေပြီးနောက်ဝယ်) ဖြူစင်သောသဘောရှိသော အမျိုးဇာတ်၌၊ အဘိဇာယတိ=ဖြစ်၏”ဟု အနက်ဆိုပါဝစနတ္ထကိုလည်း “ကဏှာ ဓမ္မော ယဿာ ဇာတိယာတိ ကဏှဓမ္မာ=မည်းညစ်သော သဘောရှိသော အမျိုးဇာတ်”ဟုပင် ပြုပါ
(၁) ကဏှာဘိဇာတိယော သမာနောတိ ကဏှ နီစကုလေ ဇာတော ဟုတွာ၊ ကဏှဓမ္မတ္တိ ပစ္စတ္တေ ဥပယောဂဝစနန္တိ အာဟ “ကဏှသဘာဝေါ ဟုတွာ အဘိဇာယတိ” တိ။ (၂) တံ အန္တောဂဓဟေတုအတ္တံ ပဒံ၊ ဥပ္ပါဒေတီတိ အတ္ထော၊ တသ္မာ ကထုံ ဓမ္မံ အဘိဇာယတီတိ ကာဠကံ ဒသဒုဿိလျဓမ္မံ ဥပ္ပါဒေတိ။ ဋီကာ၊ ဒီ, ပါထိကဝဂ် အဋ္ဌကထာ(၂၂၀) ၎င်းဋီကာ (၂၅၆)တို့ကိုလည်း ရောစပ်ယူဖွင့်ထားသည်။]
ဤဋီကာ၌ (၂) အမှတ်ဝါကျမှာ အဋ္ဌကထာအဖွင့်သို့ မလိုက်ဘဲ ဋီကာနည်း သတ်သတ်အဖွင့် ဖြစ်၏၊ ထို့ကြောင့် ထို(၂)အမှတ်ဝါကျ၌ ဝါနှင့် အထဝါ တခုခု ပါသင့်၏၊ နိဿယခန်း၌ ထိုဋီကာနည်းအတိုင်း အနက်ရေးခဲ့သည်၊ ထို့ပြင် အန္တော ဂဓဟေတုအတ္ထ ပဒံ”ဟူသည်နှင့်အညီ “အဘိဇာယတိ၊ ဖြစ်စေ၏”ဟု အနက်ပြန်ဆို၍ အဘိဇာယတိ၌ ကာရိတ်ပစ္စည်း အကျေကြံပါ၊ အဘိ+ဇန+ဒိဝါဒိယပစ္စည်း + ကာရိတ်ဏေပစ္စည်းသက်ချေ (သို့မဟုတ်- အဘိ+ဇန+ကာရိတ်ဏယပစ္စည်း)+ တိဝိဘတ်+ဓာတွန် န်ကို အာပြု။ ကာရိတ်ဏယပစ္စည်းသက်လျှင် ချေဖွယ်မလို။]
ဤ၌ (ဒုစ္စရိတ်တရားဆယ်ပါးကို)ဟူ၍လက်သဲကွင်းအနက်ထည့်ရေးထားသော်လည်း “ကာယေန ဒုစ္စရိတံ စရတိ" စသည်ဖြင့် အကျယ်ချဲ့ ဟောတော်မူဦးမည် ဖြစ်သောကြောင့် အကျဉ်းချုပ် ခေါင်းစဉ်မျှသာ ဖြစ်သော ဤနေရာ၌ “ဓမ္မံ၊ တရားကို”ဟု သာမန်လောက်သာ အနက်ပေးသင့်၏။]
အာနန္ဒ၊ န္ဒာ။ ပန၊ ထိုမှတပါး။ ဣဓ၊ ၌။ ဧကစော၊ သည်။ပ။ သုက္ကံ၊ ဖြူစင်မြင့်မြတ်သော။ ဓမ္မံ၊ တရားကို။ (သုစရိတ်ကုသိုလ်တရား ဆယ်ပါးကို) အဘိဇာယတိ၊ ဖြစ်စေ၏။ပ။
အကဏှံ၊ မည်းညစ်သည်လည်းမဟုတ်သော။ အသုက္ကံ၊ ဖြူစင်သည်လည်းမဟုတ်သော။ နိဗ္ဗာနံ၊ ကိလေသာခပ်သိမ်းချုပ်ငြိမ်းပြီးရာ အရဟတ္တဖိုလ်ကို။ ဝါ၊ နောက်ထပ်တဖန် ငြိမ်းစေသောအားဖြင့် ကိလေသာတို့ကို ချုပ်ငြိမ်းစေတတ်သော အရဟတ္တဖိုလ်ကို။ အဘိဇာယတိ၊ ဖြစ်စေ၏။**၁။ နိဗ္ဗာနံ အဘိဇာယတိ**။ ။ဤ၌ အဘိဇာယတိကို ပသဝတိ-ဟု ဋီကာဖွင့်၏၊ ယခင်က “ဥပ္ပါဒေတိ”ဟု ဖွင့်သည်နှင့် အတူတူပင်တည်း၊ အဘိဇာယတိ၊ ဖြစ်စေ၏ ဟု ကာရိတ်ကြိယာဖြင့် ဟောတော်မူသောကြောင့် နိဗ္ဗာနံပုဒ်အရ အနုပါဒိသေသ နိဗ္ဗာန်ကို မယူဘဲ အရဟတ္တဖိုကို ယူရ၏၊ မှန်၏၊ “ကိလေသနိဗ္ဗာနန္တေ ဇာတတ္တာ"ဟူ သော ဋီကာနှင့်အညီ ထိုအရဟတ္တဖိုလ်သည် ကိလေသာတို့ ချုပ်ငြိမ်းပြီးသည့်အဆုံး၌
(ဝါ၊ ကိလေသာတို့ ချုပ်ငြိမ်းပြီးရာအခါ၌)ဖြစ်ပေါ်လာသောတရားဖြစ်၏၊ ထို့ကြောင့် အရဟတ္တဖိုလ်ကို နိဗ္ဗာနဟု ခေါ်၏၊ “ကိလေသာ နိဗ္ဗာယိသု ဧတ္ထာတိ နိဗ္ဗာနံ= ကိလေသာတို့ ချုပ်ငြိမ်းပြီးရာ အရဟတ္တဖိုလ်”ဟု ဝစနတ္ထပြု။ (တနည်း) ပဋိပ္ပဿမ္ဘနဝသေန ကိလေသေ နိဗ္ဗာပေတီတိ နိဗ္ဗာနံ =ထပ်၍
ငြိမ်းစေသည့် အနေအားဖြင့် ကိလေသာတို့ကို ချုပ်ငြိမ်းစေတတ်သော အရဟတ္တဖိုလ်။ ဤကား ဋီကာအဖွင့်တည်း။
အဋ္ဌကထာ၌ကား “နိဗ္ဗာနံ အဘိဇာယတီတိ နိဗ္ဗာနံ ပါပုဏာတိ”ဟု ပဌမ နည်းဖွင့်၏၊ ထိုအဖွင့်အလို နိဗ္ဗာနပုဒ်အရ အရဟတ္တဖိုလ်ကိုသာမက ယူရိုးယူစဉ် နိဗ္ဗာန် (အနုပါဒိသေသ နိဗ္ဗာန်)ကိုလည်း ယူနိုင်၏။ အဘိဇာယတိကိုလည်း ကာရိတ် ကြိယာကြံဖို့မလို၊ ရိုးရိုးသုဒ္ဓကြိယာသာ ဖြစ်သည်၊ ဇနဓာတ်ကိုကား ပါပုဏန အနက်ဟောကြံထို့နောက် “အရိယဘူမိသင်္ခါတာယ ဝါ နိဗ္ဗာနဇာတိယာ ဇာယတိ”ဟု ဒုတိယနည်း ဖွင့်၏၊ ထိုအလို “နိဗ္ဗာယတီတိ နိဗ္ဗာနံ၊ ကိလေသာအပူ ငြိမ်းသော အရိယာပုဂ္ဂိုလ်အမျိုးဇာတ်”ဟု ဝစနတ္ထပြု၊ “အကဏံ အသုတ္တံ နိဗ္ဗာနံ”တို့၌ ဒုတိယာဝိဘတ်ကို ကရိုဏ်းအနက်၌သက်၊ (ဋီကာ၌ကား ဝိဘတ်နက်ကို မပြတော့) အဘိဇာယတိသည် သုဒ္ဓကြိယာ၊ ဇနဓာတ် ဖြစ်ခြင်းအနက်ဟော။
အဋ္ဌကထာယံ ပန “ဇာယတီတိ ဣမဿ ပါပုဏာတီတိ အတ္ထံ ဂဟေတွာဝ “နိဗ္ဗာနံ ပါပုဏာတီတိ”ဝုတ္တံ။ ဋီကာ။
(ဋီကာနည်းတည်း)။ (တနည်း) နိဗ္ဗာနံ၊ ကိလေသာခပ်သိမ်းချုပ်ငြိမ်းပြီးရာ အရဟတ္တဖိုလ်သို့။ ဝါ၊ ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာ အနုပါဒိသေသနိဗ္ဗာန်သို့။ အဘိဇာယတိ၊ ရောက်၏။ (တနည်း) နိဗ္ဗာနံ၊ အရိယာဘုံအဆင့်ဟူသောငြိမ်းအေးသောအမျိုးဇာတ်ဖြင့်။ အဘိဇာယတိ၊ ဖြစ်၏။ [အရိယာပုဂ္ဂိုလ် အမျိုးဇာတ် (အရိယာပုဂ္ဂိုလ်ဘဝ) သို့ရောက်သွားသည်ဟူလို] [အဋ္ဌကထာနည်းတည်း။]
။ပ။ဧကစ္စော၊ သည်။ သုက္ကာဘိဇာတိယော၊ ဖြူစင်မြင့်မြတ်သောအမျိုးဇာတ်၌ဖြစ်သည်။ ဝါ၊ ဇာတ်ရှိသည်။ပ။
အာနန္ဒ၊ န္ဒာ။ ကထဉ္စ၊ အဘယ်သို့သောအခြင်းအရာအားဖြင့်။ ကဏှာဘိဇာတိယော၊ သည်။ သမာနော၊ ၍။ ကဏှံ၊ သော။ ဓမ္မံ၊ တရားကို။ အဘိဇာယတိ၊ ဖြစ်စေသနည်းဟူမူ။ [တနည်း-ကဏှဓမ္မံ (ကဏှဓမ္မော)၊ ရှိသူသည်။ (ဟုတွာ၊ ၍) အဘိဇာယတိ၊ ဖြစ်သနည်း။ (တနည်း) ကဏှဓမ္မံ၊ ....ဇာတ်၌။ အဘိဇာယတိ၊ ဖြစ်သနည်းဟူမူ။]
အာနန္ဒ၊ န္ဒာ။ ဣဓ၊ ၌။ ဧကစ္စော၊ သည်။ နီစေ၊ နိမ့်ကျသော။ ကုလေ၊ အမျိုး၌။ ပစ္စာဇာတော၊ ဖြစ်သည်။ ဟောတိ၊ ဖြစ်၏။ [ထို့နောက် စာတကြောင်းကျော် ယတ္ထ ကသိရေန သို့သွား] ယတ္ထ၊ အကြင်အမျိုး၌။ ကသိရေန၊ ခက်ခဲသဖြင့်။ ဃာသစ္ဆာဒေါ၊ အစားအဝတ်ကို။ လဗ္ဘတိ၊ ရအပ်၏။ (တာဒိသေ၊ ထိုကဲ့သို့တွေ့မြင်အပ်သော) ဒလိဒ္ဒေ၊ ဆင်းရဲသော။ အပ္ပန္နပါနဘောဇနေ၊ နည်းပါးသောထမင်းအဖျော်ဘောဇဉ် ရှိသော။ ကသိရဝုတ္တိကေ၊ ဆင်းရဲသဖြင့်အသက်မွေးရခြင်းရှိသော။ စဏ္ဍာလကုလေ ဝါ၊ ဒွန်းစဏ္ဍား အောက်တန်းစားမျိုး၌သော်လည်းကောင်း။ နေသာဒကုလေ ဝါ၊ မုဆိုးတံငါမျိုး၌သော်လည်းကောင်း။ ဝေနကုလေ ဝါ၊ နှီးအလုပ်သမားမျိုး၌သော်လည်းကောင်း။ (ဝါး, ကြိမ်စသော နှီးတို့ဖြင့် ဖျာ, စကော, တောင်း စသည်ရက်လုပ်သော အမျိုး၌သော်လည်းကောင်း) ရထကာရကုလေ ဝါ၊ ရထားသားရေအလုပ်သမားမျိုး၌သော်လည်းကောင်း။ [ရထေသု စမ္မေန နာနံ ကရောတီတိ ရထကာရော၊ ရထားလှည်းတို့၌ သားရေဖြင့် ဖွဲ့ပတ်ကွပ်မှုကိုပြုသောသူ၊ သားရေအလုပ်သမား၊ ဖိနပ်ချုပ်သမား] ပုက္ကုသကုလေ ဝါ၊ ပန်းမှိုက်သွန်မစင်ကျုံးသမားအမျိုး၌သော်လည်းကောင်း။ (ပစ္စာဇာတော၊ ဖြစ်သည်။ ဟောတိ၊ ဖြစ်၏။)
စ၊ ထိုမျှမကသေး။ (မျိုးရိုးနိမ့်ကျ၍ စားဝတ်နေရေးကျပ်တည်းရုံမျှမကသေး) သော၊ ထိုသူသည်။ ဒုဗ္ဗဏ္ဏော၊ မတင့်တယ်သော အဆင်းရှိသည်။ ဝါ၊ အရုပ်ဆိုးသည်။ ဒုဒ္ဒသိကော၊ (မွေးမိခင်ဖြစ်သူကပင်) ဆိုးဝါးစွာမြင်ရခြင်း ရှိသည်။ သြကောဋိမကော၊ ပုက္ခသည်။ ဗဝှါဗာဓော၊ များသောအနာရောဂါရှိသည်။ ကာဏော ဝါ၊ မျက်စိကန်းသည်လည်းကောင်း။ ကုဏီ ဝါ၊ လက်ကောက်ကွေးခြင်းရှိသည်လည်းကောင်း။ ခဉ္ဇော ဝါ၊ ခြေခွင်သည်လည်းကောင်း။ ပက္ခဟတော ဝါ၊ သေနေသောအောက်ပိုင်းကိုယ်ရှိသည်လည်းကောင်း။ ဟောတိ၊ ၏။ [ဟတ၊ နှိပ်စက်ဖျက်ဆီးအပ်သော။ (သေနေသော)+ ပက္ခ၊ ကိုယ်တပိုင်း(ရှိသူ)။ ပီဌသပ္ပံ၊ ထိုင်ခုံကုလားထိုင်ဖြင့် တွန်းဆွဲသွားရသူ၊ ငဆွံ့။] အန္နဿ၊ ခဲဖွယ်စားဖွယ်ကိုလည်းကောင်း။ ပါနဿ၊ သောက်ဖွယ်အဖျော်ကိုလည်းကောင်း။ ဝတ္တဿ၊ အဝတ်ကိုလည်းကောင်း။ ယာနဿ၊ ယာဉ်ကိုလည်းကောင်း။ မာလာ ဂန္ဓ ဝိလေပနဿ၊ ပန်း နံ့သာ နံ့သာပျောင်းကိုလည်းကောင်း။ သေယျာ+အာဝသတ+ပဒီပေယျဿ၊ အိပ်ရာခင်း+နေရာအိမ်+မီးထွန်းစရာ မီးစာ မီးခွက်ဆီကိုလည်းကောင်း။ [တိကနိပါတ် စာပိုဒ်(၁၃)အာသံသသုတ်လည်းကြည့်] လာဘီ၊ ရခြင်းရှိသည်။ နဟောတိ၊ မဖြစ်။
သော၊ ထိုသူသည်။ (ထိုဒွန်းစဏ္ဍားစသော ယုတ်နိမ့်သော အမျိုး၌ဖြစ်သောသူသည်) ကာယေန၊ ဖြင့်။ [ဤဆက္ကနိပါတ် စာပိုဒ်(၄၅)ဣဏသုတ်(စာမျက်နှာ-၅၂၆)ကြည့်]။ပ။ စရိတွာ၊ ပြုကျင့်ပြီး၍။ ကာယဿ၊ ၏။ပ။ ဥပပဇ္ဇတိ၊ လားရောက်၏. [ပဉ္စကနိပါတ် စာပိုဒ်(၁၃ဝ) ဗျသနသုတ်(စာမျက်နှာ-၂၃၉)ကြည့်]
အာနန္ဒ၊ န္ဒာ။ ဧဝံ၊ ဤသို့ဆိုအပ်ခဲ့ပြီးသော အခြင်းအရာအားဖြင့်။ (ဤသို့ ယုတ်နိမ့်သော စဏ္ဍာလစသော အမျိုး၌ဖြစ်၍ ဒုစ္စရိတ်အကုသိုလ်ကို ပြုကျင့်ခြင်း သေပြီးနောက်၌ ငရဲသို့ လားရောက် ရခြင်းအားဖြင့်) ကဏှာဘိဇာတိယော၊ သည်။ပ။ အဘိဇာယတိ၊ ၏။ပ။
သော၊ သည်။ ကာယေန၊ ဖြင့်။ သုစရိတံ၊ ကောင်းစွာပြုကျင့်အပ်သောကုသိုလ်ကို။ စရတိ၊ ပြုကျင့်၏။ပ။
ဥပပဇ္ဇတိ၊ ၏။ အာနန္ဒ၊ န္ဒာ။ ဧဝံ၊ အားဖြင့်။ (ဤသို့ ယုတ်နိမ့်သော စဏ္ဍာလစသော အမျိုး၌ဖြစ်၍ သုစရိတ်ကုသိုလ်ကို ပြုကျင့်ခြင်း, သေပြီးနောက်၌ သုဂတိဘဝသို့ လားရောက်ရခြင်းအားဖြင့်)။ပ။
အဘိဇာယတိ၊ ၏။ပ။
သော၊ ထိုသူသည်။ (စဏ္ဍာလစသော အမျိုးတခုခု၌ ဖြစ်သောထိုသူသည်) ကေသမဿုံ၊ ဆံပင်နှင့်မုတ်ဆိတ်ကျင်စွယ်ကို။ ဩဟာ ရေတွာ၊ ရိတ်ပယ်၍။ ကာသာယာနိ၊ ဖန်ရည်ကိုသောက်တတ်ကုန်သော။ ဝါ၊ ဖန်ရည်ဖြင့်ဆိုးအပ်ကုန်သော။ ဝတ္ထာနိ၊ အဝတ်တို့ကို။ အစ္ဆာဒေတွာ၊ ဝတ်ရုံ၍။ အဂါရသ္မာ၊ အိမ်မှ။ (နိက္ခမိတွာ၊ ထွက်ခွာ၍) အနဂါရိယံ၊ ရဟန်းအဖြစ်သို့။ ဝါ၊ ရဟန်းဘဝသို့။ (အိမ်၌ နေထိုင်မှု လူ့အဆင့်အတန်း မြင့်မားကြီးပွားရေးကို ဆောင်နိုင်သော လယ်လုပ်နွားမွေး ကုန်သွယ်ရေးမရှိရာ ရဟန်းဘဝသို့) ပဗ္ဗဇတိ၊ ဝင်ရောက်၏။
သော၊ ထိုသူသည်။ ဧဝံ၊ ဤသို့။ ဝါ၊ ဤသို့ဆံမုတ်ဆိတ်ကျင်စွယ်ကိုပယ်ဖြတ်ခြင်းစသော အစီအစဉ်ဖြင့်။ ပဗ္ဗဇိတော၊ ရဟန်းဘဝသို့ရောက်ပြီးသည်။ သမာနော၊ ဖြစ်လသော်။ စေတသော၊ စိတ်ကို။ ဥပက္ကိလေသေ၊ ပူးကပ်နှိပ်စက်တတ် ပူလောင်စေတတ်ကုန်သော။ ဝါ၊ ညစ်နွမ်းစေတတ်ကုန်သော။ ပညာယ၊ ပညာကို။ (ဝိပဿနာပညာ, မဂ်ပညာကို) ဒုဗ္ဗလီကရဏေ၊ (ဖြစ်ခွင့်တားဆီးခြင်းဖြင့်) အားနည်းအောင် ပြုတတ်ကုန်သော။ ပဉ္စ၊ ငါးမျိုးကုန်သော။ နီဝရဏေ၊ (ကာမစ္ဆန္ဒ အစရှိသော) နီဝရဏတရားတို့ကို။ ပဟာယ၊ ပယ်၍။ စတူသု၊ လေးပါးကုန်သော။ သတိပဋ္ဌာနေသု၊ သတိပဋ္ဌာန်တရားတို့၌။ သုပ္ပတိဋ္ဌိတစိတ္တော၊ ကောင်းမွန်စွဲမြဲစွာ တည်တံ့သောစိတ်ရှိသည်။ (ဟုတွာ၊ ဖြစ်၍) သတ္တ၊ (၇)ပါးကုန်သော။ ဗောဇ္ဈင်္ဂေ၊ ဗောဇ္ဈင်တရားတို့ကို။ ယထာဘူတံ၊ အဖြစ်မှန်သဘောအားလျော်စွာ။ ဘာဝေတွာ၊ ဖြစ်ပွားစေ၍။ပ။ အဘိဇာယတိ၊ ၏။
အာနန္ဒ၊ န္ဒာ။ ဧဝံ၊ အားဖြင့်။ (ဤသို့ယုတ်နိမ့်သော စဏ္ဍာလစသော အမျိုးတို့၌ဖြစ်၍ ရဟန်းပြုပြီးလျှင် ဗောဇ္ဈင်(၇)ပါး ဖြစ်ပွားစေကာ အကဏှအသုက္က အရဟတ္တဖိုလ်နိဗ္ဗာန်ကို ဖြစ်စေခြင်းအားဖြင့်။ ဝါ၊ အကဏှ အသုက္က အရဟတ္တဖိုလ်နိဗ္ဗာန်သို့ ရောက်ခြင်းအားဖြင့်)။ပ။
ဥစ္စေ၊ မြင့်မြတ်သော။ ကုလေ၊ အမျိုး၌။ ပစ္စာဇာတာ၊ ဖြစ်သည်။ အဍ္ဎေ၊ ဥစ္စာကြွယ်ဝ၍အစိုးရသော။ မဟဒ္ဓနေ၊ (မြေ၌မြုပ်ထား)များသောဥစ္စာရှိသော။ မဟာဘောဂေ၊ (ရွှေခွက် ငွေခွက် အ၀တ်ထည်စသား) များသောအသုံးအဆောင်ဘဏ္ဍာရှိသော။ ပဟူတဇာတရူပရဇတေ၊ (မြှုပ်နှံမထား) များသောရွှေငွေရှိသော။ [စတုတ္ထနိပါတ်စာပိုဒ်(၈၅)တမောတမသုတ်လည်းကြည့်] ပဟူတဝိတ္တူပကရဏ၊ များစွာသောနှစ်သက်ခြင်း၏အကြောင်းဖြစ်သောအဆင်တန်ဆာရှိသော။ စိတ္တ၊ နှစ်သက်ခြင်း၏ +ဥပကရဏ၊ အကြောင်းပဉ္စာဓနဓညများစွာသောနွားစသော ဥစ္စာနှင့် ခုနစ်မျိုးသော စပါးရှိသော။ ခတ္တိယမဟာသာလကုလေ ဝါ၊ များသောဥစ္စာနှစ်ရှိသော မင်းမျိုး၌သော်လည်းကောင်း။ ဗြာဟ္မဏမဟာ သာလကုလေ ဝါ၊ များသောဥစ္စာနှစ်ရှိသော ပုဏ္ဏားမျိုး၌သော်လည်းကောင်း။ ဂဟပတိမဟာသာလကုလေ ဝါ၊ များသောဥစ္စာနှစ်ရှိသော အိမ်ရှင်သူကြွယ်မျိုး၌ သော်လည်းကောင်း။ ပစ္စာဇာတော၊ သည်။ ဟောတိ၊ ဖြစ်၏။
စ၊ ဤမျှမကသေး။ (ဤသို့ ချမ်းသာကြွယ်ဝ အစိုးရသော ခတ္တိယ မဟာသာလ အစရှိသောအမျိုးတို့၌ ဖြစ်ရုံမျှမကသေး) သော၊ ထိုသူသည်။ (အနု မဟနစသည်ဖြစ်သော ခတ္တိယမဟာသာလစသော တခုခုသောအမျိုး၌ ဖြစ်ရသောထိုပုဂ္ဂိုလ်သည်) အဘိရူပေါ၊ (အခြားသူတို့လက်) လွန်ကဲသောအဆင်းရှိသည်။ ဝါ၊ အလွန်အဆင်းလှသည်။ ဒဿနီယော၊ ကြည့်ရှုသင့် ကြည့်ရှုထိုက်သည်။ ဝါ၊ ကြည့်ရှုချင်စဖွယ် တင့်တယ်သည်။ ပါသာဒိကော၊ စိတ်ကြည်လင်ခြင်းကို ဖြစ်စေတတ်သည်။ ပရမာယ၊ မွန်မြတ်သန့်ရှင်းသော။ ဝဏ္ဏပေါက္ခရ တာယ၊ အဆင်း၏ကောင်းမွန်လှပသည်အဖြစ်နှင့်။ ဝါ၊ တင့်တယ်ဝင်းပအဆင်းလှ၍ ကိုယ်ကာယသဏ္ဌာန် ပုံစံကျနသည်အဖြစ်နှင့်။ သမန္နာဂတော၊ ပြည့်စုံသည်။ ဟောတိ၊ ၏။ အန္နဿ၊ ကိုလည်းကောင်း။ပ။ သေယျာဝသထပဒီပေယျဿ၊ ကိုလည်းကောင်း။ လာဘီ၊ ရခြင်းရှိ၏။
သော၊ ထိုသူသည်။ (ခတ္တိယမဟာသာလစသော တခုခုသော အမျိုး၌ဖြစ်သောထိုသူသည်) ကာယေန၊ ဖြင့်။ပ။ မနသာ၊ ဖြင့်။ ဒုစ္စရိတံ၊ ကို။ စရတိ၊ ၏။
သော၊ ထိုသူသည်။ (ခတ္တိယမဟာသာလစသော အမျိုးတခုခု၌ဖြစ်၍ အကုသိုလ်ဒုစ္စရိတ်ပြုကျင့်သော ထိုသူသည်)။ပ။ နိရယံ၊ သို့။ ဥပပဇ္ဇတိ၊ ၏။
အာနန္ဒ၊ န္ဒာ။ ဧဝံ၊ ဤသို့သောအခြင်းအရာအားဖြင့်။ (ဤသို့ ခတ္တိယ မဟာသာလ စသော မြင့်မြတ်သောအမျိုး၌ဖြစ်၍ ဒုစ္စရိတ်အကုသိုလ်ကို ပြုကျင့်ခြင်း,သေပြီးနောက်၌ ငရဲသို့ လားရောက်ရခြင်းအားဖြင့်)။ပ။ အဘိဇာယတိ၊ ၏။ပ။
တတိယံ။