ဘိက္ခဝေ၊ တို့။
သံယောဂဝိသံယောဂံ၊ (မိန်းမနှင့် ယောကျ်ားတို့) ယှဉ်တွဲပေါင်းဖက်ခြင်းနှင့် မယှဉ်မတွဲ ကွဲကွာခြင်းကို ပြီးစီးစေတတ်သော။
ဝါ၊ (မိန်းမနှင့် ယောကျ်ားတို့) ယှဉ်တွဲ ပေါင်းဖက်ကြောင်းနှင့် မယှဉ်မတွဲ ကွဲကွာကြောင်းဖြစ်သော။
ဓမ္မပရိယာယံ၊ သဘောတရားဟူသော မူရင်းအကြောင်းကို။
ဝါ၊ မူရင်းအကြောင်းဖြစ်သော သဘောတရားကို။
(အဟံ၊ ငါသညါ)
ဝေါ၊ သင်တို့အား။
**ဒေသေဿာမိ**၊ ဟောတော်မူအံ့။သံယောဂ ဝိသံယောဂံ။ပ။ ဒေသေဿာမိ ။ ။ ဤလောက၌ မိန်းမ ယောကျ်ားတို့ နှစ်ဦး နှစ်ဦး ယှဉ်တွဲလျက် ယှဉ်တွဲလျက် နေထိုင်ကြ, လုပ်ကိုင်စားသောက်ကြ (သံယောဂဖြစ်ကြ)၏။ ယင်းသို့ သံယောဂ ဖြစ်ကြခြင်း၏ အကြောင်းကား အဘယ်နည်း။ ထို့ပြင် မိန်းမနှင့် ယောကျ်ားတို့ မယှဉ်မတွဲ တခြားစီလည်း ကွဲကွာ သွားကြ (ဝိသံယောဂလည်း ဖြစ်ကြ)သေး၏။ ယင်းသို့ ဝိသံယောဂဖြစ်၍ မိန်းမယောကျ်ားဘဝကို လွန်မြောက်သွားကြ၏။ ထိုသို့ ကွဲကွာသွားခြင်း (ဝိသံယောဂ ဖြစ်ခြင်း)၏ အကြောင်းကား အဘယ်နည်း။ ထိုသံယောဂ ဝိသံယောဂဖြစ်ခြင်း၏ အကြောင်းဖြစ်သော မူရင်းသဘောတရား(ဓမ္မပရိယာယ)ကို ငါ ဟောတော်မူအံ့ဟူလို။
သံယောဂ- ယှဉ်တွဲပေါင်းဖက် ဆက်ဆံခြင်း။ ဝိသံယောဂ- မယှဉ်မတွဲ ကွဲကွာခြင်း၊ သံယောဂဝိသံယောဂဿ သာဓကော သံယောဂဝိသံယောဂေါ- ယှဉ်တွဲခြင်း, ကွဲကွာခြင်းကို ပြီးမြောက်စေတတ်သော မူရင်းအကြောင်းတရား (ဓမ္မပရိယာယ)၊ သာဓကဟူသော နောက်ပုဒ်ကျေ၏။ သို့မဟုတ် သာဓကပုဒ်ကျေသည်နှင့် အဓိပ္ပာယ်တူသော ကရဏသာဓနဝိဂြိုဟ် ပြုလိုလျှင်-
သံယုဇ္ဇတိ ဧတေန ဓမ္မပရိယာယေနာတိ သံယောဂေါ- ယှဉ်တွဲကြောင်းဖြစ်သော မူရင်းအကြောင်းတရား (ဓမ္မပရိယာယ)။ ဝိသံယုဇ္ဇတိ ဧတေန ဓမ္မပရိယာယေနာတိ ဝိသံယောဂေါ- မယှဉ်မတွဲ ကွဲကွာကြောင်းဖြစ်သော မူရင်းအကြောင်းတရား (ဓမ္မပရိယာယ)ဟူ၍ ဝစနတ္ထသော်လည်း ပြုပါ။ ဓမ္မ- သဘောတရားဟူသော။ ပရိယာယ- မူရင်းအကြောင်း။ (သို့မဟုတ်) ဓမ္မပရိယာယ၊ မူရင်းအကြောင်း ဖြစ်သော တရားသဘော။ သံယောဂတိသံယောဂန္တိ သံယောဂဝိသံယောဂသာဓကံ။ ဓမ္မပရိယာယန္တိ ဓမ္မကာရဏံ။ အဋ္ဌကထာ။
မသင့်လျော်သော အနက်ပြန်ဆိုခြင်း။ ။ "သံယောဂဝိသံယောဂံ- မေထုန်အကျင့်နှင့် ယှဉ်ခြင်း, မေထုန်အကျင့်နှင့် မယှဉ်ခြင်းဟု ဆိုအပ်သော။ ဝါ- မေထုန်အကျင့်နှင့် ယှဉ်ခြင်း, မေထုန်အကျင့်နှင့် မယှဉ်ခြင်းကို ပြီးစေတတ်သော။ ဓမ္မပရိယာယံ- တရားဒေသနာကို"ဟူ၍ အနက်ပြန်ဆိုတော်မူကြ၏။ ယင်းသို့ အနက်ပြန်ဆိုရာ၌ မေထုန်အကျင့်နှင့် ယှဉ်ခြင်းဟူသည် မေထုန်မှီဝဲခြင်းပင် ဖြစ်၏။ ထို့ကြောင့် ယင်းအနက် ပြန်ဆိုချက်ကို စိစစ်လိုက်သောအခါ "မေထုန်မှီဝဲခြင်း, မမှီဝဲခြင်းတည်းဟူသော တရားဒေသနာ၊ (သို့မဟုတ်) မေထုန်မှီဝဲခြင်း, မမှီဝဲခြင်းကို ပြီးမြောက်စေသော တရားဒေသနာ"ဟု အဓိပ္ပာယ်သက်ရောက်နေသောကြောင့် အလွန်မသင့်လျော်သော အနက် ပြန်ဆိုခြင်း ဖြစ်သည်။ တံ၊ ထိုဓမ္မပရိယာယကို။ (တုမှေ၊ သင်တို့သည်) သာဓုကံ၊ ကောင်းစွာ။
သံယောဂ- ယှဉ်တွဲပေါင်းဖက် ဆက်ဆံခြင်း။ ဝိသံယောဂ- မယှဉ်မတွဲ ကွဲကွာခြင်း၊ သံယောဂဝိသံယောဂဿ သာဓကော သံယောဂဝိသံယောဂေါ- ယှဉ်တွဲခြင်း, ကွဲကွာခြင်းကို ပြီးမြောက်စေတတ်သော မူရင်းအကြောင်းတရား (ဓမ္မပရိယာယ)၊ သာဓကဟူသော နောက်ပုဒ်ကျေ၏။ သို့မဟုတ် သာဓကပုဒ်ကျေသည်နှင့် အဓိပ္ပာယ်တူသော ကရဏသာဓနဝိဂြိုဟ် ပြုလိုလျှင်-
သံယုဇ္ဇတိ ဧတေန ဓမ္မပရိယာယေနာတိ သံယောဂေါ- ယှဉ်တွဲကြောင်းဖြစ်သော မူရင်းအကြောင်းတရား (ဓမ္မပရိယာယ)။ ဝိသံယုဇ္ဇတိ ဧတေန ဓမ္မပရိယာယေနာတိ ဝိသံယောဂေါ- မယှဉ်မတွဲ ကွဲကွာကြောင်းဖြစ်သော မူရင်းအကြောင်းတရား (ဓမ္မပရိယာယ)ဟူ၍ ဝစနတ္ထသော်လည်း ပြုပါ။ ဓမ္မ- သဘောတရားဟူသော။ ပရိယာယ- မူရင်းအကြောင်း။ (သို့မဟုတ်) ဓမ္မပရိယာယ၊ မူရင်းအကြောင်း ဖြစ်သော တရားသဘော။ သံယောဂတိသံယောဂန္တိ သံယောဂဝိသံယောဂသာဓကံ။ ဓမ္မပရိယာယန္တိ ဓမ္မကာရဏံ။ အဋ္ဌကထာ။
မသင့်လျော်သော အနက်ပြန်ဆိုခြင်း။ ။ "သံယောဂဝိသံယောဂံ- မေထုန်အကျင့်နှင့် ယှဉ်ခြင်း, မေထုန်အကျင့်နှင့် မယှဉ်ခြင်းဟု ဆိုအပ်သော။ ဝါ- မေထုန်အကျင့်နှင့် ယှဉ်ခြင်း, မေထုန်အကျင့်နှင့် မယှဉ်ခြင်းကို ပြီးစေတတ်သော။ ဓမ္မပရိယာယံ- တရားဒေသနာကို"ဟူ၍ အနက်ပြန်ဆိုတော်မူကြ၏။ ယင်းသို့ အနက်ပြန်ဆိုရာ၌ မေထုန်အကျင့်နှင့် ယှဉ်ခြင်းဟူသည် မေထုန်မှီဝဲခြင်းပင် ဖြစ်၏။ ထို့ကြောင့် ယင်းအနက် ပြန်ဆိုချက်ကို စိစစ်လိုက်သောအခါ "မေထုန်မှီဝဲခြင်း, မမှီဝဲခြင်းတည်းဟူသော တရားဒေသနာ၊ (သို့မဟုတ်) မေထုန်မှီဝဲခြင်း, မမှီဝဲခြင်းကို ပြီးမြောက်စေသော တရားဒေသနာ"ဟု အဓိပ္ပာယ်သက်ရောက်နေသောကြောင့် အလွန်မသင့်လျော်သော အနက် ပြန်ဆိုခြင်း ဖြစ်သည်။ တံ၊ ထိုဓမ္မပရိယာယကို။ (တုမှေ၊ သင်တို့သည်) သာဓုကံ၊ ကောင်းစွာ။
သုဏာထ။ပ။ [စာပိုဒ်(၂၁)သာရန္ဒဒသုတ်ကြည့်]
ဘိက္ခဝေ၊ တို့။
သံယောဂေါ၊ (မိန်းမနှင့် ယောကျ်ားတို့) ယှဉ်တွဲပေါင်းဖက်ခြင်းကို ပြီးစီးစေတတ်သည်လည်းဖြစ်သော။
ဝါ၊ ယှဉ်တွဲပေါင်းဖက်ကြောင်းလည်း ဖြစ်သော။
ဝိသံယောဂေါ၊ (မိန်းမနှင့် ယောကျ်ားတို့) မယှဉ်မတွဲ ကွဲကွာခြင်းကို ပြီးစီးစေတတ်သည်လည်း ဖြစ်သော။
ဝါ၊ မယှဉ်မတွဲ ကွဲကွာကြောင်းလည်း ဖြစ်သော။
သော ဓမ္မပရိယာယော၊ ထိုသဘောတရားဟူသော မူရင်းအကြောင်းဟူသည်။ဝါ= ထိုမူရင်းအကြောင်းဖြစ်သော သဘောတရားဟူသည်။
ကတမော စ၊ အဘယ်နည်းဟူမူ။
ဘိက္ခဝေ၊ တို့။
ဣတ္ထီ၊ မိန်းမသည်။
အဇ္ဈတ္တံ၊ မိမိသန္တာန်၌။ (မိမိသန္တာန်, မိမိခန္ဓာအစဉ်ဟူသော နိယကဇ္ဈတ္တ၌)
ဣတ္ထိန္ဒြိယံ၊ ဣတ္ထိန္ဒြေဟူသော ဘာဝရုပ်ကိုလည်းကောင်း။ (မိန်းမ၏ လိင်္ဂ, နိမိတ္တ, ကုတ္တ, အာကပ္ပတို့၌ စိုးမိုးအုပ်စီး အကြီးအကဲဖြစ်သော အမမျိုးစေ့ ဘာဝရုပ်ကိုလည်းကောင်း)
ဣတ္ထိကုတ္တံ၊ မိန်းမ၏ အပြုအမူကိုလည်းကောင်း။ (ဗန်း စကောငယ် စသည်တို့ဖြင့် ကစားခြင်း စသော မိန်းမအပြုအမူကိုလည်းကောင်း)
ဣတ္ထာကပ္ပံ၊ (မိန်းမလို ဝတ်ခြင်း, ခြုံရုံခြင်း စသော) မိန်းမ၏ အသွင်အပြင်ကိုလည်းကောင်း။
ဣတ္ထိဝိဓံ၊ မိန်းမ၏ မာန်မာနကိုလည်းကောင်း။
ဣတ္ထိစ္ဆန္ဒံ၊ မိန်းမ၏ အလိုဆန္ဒကိုလည်းကောင်း။
ဣတ္ထိဿရံ၊ မိန်းမ၏အသံကိုလည်းကောင်း။
ဣတ္ထာလင်္ကာရံ၊ မိန်းမ၏ အဆင်တန်ဆာကိုလည်းကောင်း။
မနသိကရောတိ၊ နှလုံးသွင်း၏။
ဝါ၊ စိတ်ဝင်စား၏။
သာ၊ ထိုမိန်းမသည်။
တတ္ထ၊ ထိုဣတ္ထိန္ဒြေ, ဣတ္ထိကုတ္တ စသည်တို့၌။
ရဇ္ဇတိ၊ တပ်မက်၏။
တတြ၊ ထိုဣတ္ထိန္ဒြေ, ဣတ္ထိကုတ္တ စသည်တို့၌။
အဘိရမတိ၊ ပျော်မွေ့၏။
သာ၊ ထိုမိန်းမသည်။
တတ္ထ၊ တို့၌။
ရတ္တာ၊ တပ်မက်သည်။
တတြ၊ တို့၌။
အဘိရတာ၊ ပျော်မွေ့သည်။
(ဟုတွာ၊ ဖြစ်၍)
ဗဟိဒ္ဓါ၊ အပြင်အပ၌။
ပုရိသိန္ဒြိယံ၊ ပုရိသိန္ဒြေဟူသော ဘာဝရုပ်ကိုလည်းကောင်း။ (ယောကျ်ား၏ လိင်္ဂ, နိမိတ္တ,ကုတ္တ, အာကပ္ပတို့၌ စိုးမိုးအုပ်စီး အကြီးအကဲဖြစ်သော အဖိုမျိုးစေ့ ဘာဝရုပ်ကို လည်းကောင်း။)
ပုရိသကုတ္တံ၊ ယောကျ်ား၏ အပြုအမူကိုလည်းကောင်း။ (ရထားငယ်, ထွန်ငယ် စသည်တို့ဖြင့် ကစားခြင်းစသော ယောကျ်ား၏ အပြုအမူကိုလည်းကောင်း)။
ပုရိသာကပ္ပံ၊ (ယောကျ်ားလို ဝတ်ပုံ ရုံပုံ စသော) ယောကျာ်း၏ အသွင်အပြင်ကို လည်းကောင်း။
ပုရိသဝိဓံ၊ ယောကျာ်း၏ မာန်မာနကိုလည်းကောင်း။
ပုရိသစ္ဆန္ဒံ၊ ယောကျ်ား၏ အလိုဆန္ဒကိုလည်းကောင်း။
ပုရိသဿရံ၊ ယောကျ်ား၏ အသံကိုလည်းကောင်း။
ပုရိသာလင်္ကာရံ၊ ယောကျ်ား၏ အဆင်တန်ဆာကိုလည်းကောင်း။
မနသိကရောတိ၊ ၏။
သာ၊ ထိုမိန်းမသည်။
တတ္ထ၊ ထိုပုရိသိန္ဒြေ စသည်တို့၌။
ရဇ္ဇတိ၊ ၏။
တတြ၊ ထိုပုရိသိန္ဒြေ စသည်တို့၌။
အဘိရမတိ၊ ၏။
သာ၊ ထိုမိန်းမသည်။
တတ္ထ၊ ထိုပုရိသိန္ဒြေ စသည်တို့၌။
ရတ္တာ၊ သည်။
တတြ၊ တို့၌။
အဘိရတာ၊ သည်။
(ဟုတွာ၊ ၍)
ဗဟိဒ္ဓါ၊ အပြင်အပ၌။
သံယောဂံ၊ ယောကျ်ားနှင့် ပေါင်းသင်းခြင်းကို။
အာကင်္ခတိ၊ လိုလား၏။
စ၊ ထိုမျှမကသေး။
အဿာ၊ ထိုမိန်းမ၏။
သံယောဂပစ္စယာ၊ ယောကျ်ားနှင့် ပေါင်းသင်းရခြင်းဟူသော အကြောင်းကြောင့်။
ယံ သုခံ၊ အကြင်ကိုယ်ချမ်းသာမှု သုခဝေဒနာသည်လည်းကောင်း။
ယံ သောမနဿံ၊ အကြင်စိတ်ချမ်းသာမှု သောမနဿဝေဒနာသည်လည်းကောင်း။
ဥပ္ပဇ္ဇတိ၊ ဖြစ်၏။
တဉ္စ၊ ထိုသုခသောမနဿ ဝေဒနာကိုလည်း။
အာကင်္ခတိ၊ လိုလား၏။
ဘိက္ခဝေ၊ တို့။
ဣတ္ထတ္တေ၊ မိန်းမ၏ အဖြစ်၌။
ဝါ၊ မိန်းမဘဝ၌။
အဘိရတာ၊ ပျော်မွေ့ကြကုန်သော။
သတ္တာ၊ အမသတ္တဝါတို့သည်။
ပုရိသေသု၊ ယောကျ်ားတို့၌။
သံယောဂံ၊ ပေါင်းသင်းဆက်ဆံခြင်းသို့။
ဂတာ၊ ရောက်ကြကုန်၏။
ဘိက္ခဝေ၊ တို့။
ဧဝံ၊ ဤဆိုအပ်ပြီးသော အကြောင်းကြောင့်။ (ဤသို့ ဣတ္ထိန္ဒြေ ဣတ္ထိကုတ္တ စသည်တို့၌ နှလုံးသွင်း တပ်မက်ပျော်မွေ့ခြင်း အစရှိသော အကြောင်းကြောင့်)
ဣတ္ထီ၊ မိန်းမသည်။
ဣတ္ထတ္တံ၊ မိန်းမ၏ အဖြစ်ကို။
ဝါ၊ မိန်းမဘဝကို။
နာတိဝတ္တတိ၊ မကျော်လွန်နိုင်။
ဘိက္ခဝေ၊ တို့။
ပုရိသော၊ ယောကျာ်းသည်။
အဇ္ဈတ္တံ၊ ၌။
ပုရိသိန္ဒြိယံ၊ ပုရိသိန္ဒြေဟူသော ဘာဝရုပ်ကိုလည်းကောင်း။ပ။
မနသိကရောတိ၊ ၏။
သော၊ ထိုယောကျ်ားသည်။
တတ္ထ၊ ထိုပုရိသိန္ဒြေ စသည်တို့၌။
ရဇ္ဇတိ၊ ၏။
တတြ၊ ထိုပုရိသိန္ဒြေ စသည်တို့၌။
အဘိရမတိ၊ ပျော်မွေ့၏။
သော၊ ထိုယောကျာ်းသည်။
တတ္ထ၊ ထိုပုရိသိန္ဒြေ စသည်တို့၌။
ရတ္တော၊ တပ်မက်သည်။
တတြ၊ တို့၌။
အဘိရတော၊ ပျော်မွေ့သည်။
(ဟုတွာ၊ ၍)
ဗဟိဒ္ဓါ၊ ၌။ပ။
သော၊ သည်။
တတ္ထ၊ ထိုဣတ္ထိန္ဒြေ စသည်တို့၌။
ရဇ္ဇတိ၊ ၏။ပ။
သော၊ သည်။
တတ္ထ၊ ထိုဣတ္ထိန္ဒြေစသည်တို့၌။
ရတ္တော၊ သည်။ပ။
ဗဟိဒ္ဓါ၊ ၌။
သံယောဂံ၊ မိန်းမနှင့် ပေါင်းသင်းခြင်းကို။
အာကင်္ခတိ၊ လိုလား၏။
စ၊ ထိုမျှမကသေး။
အဿ၊ ထိုယောကျာ်း၏။
သံယောဂပစ္စယာ၊ မိန်းမနှင့် ပေါင်းသင်းရခြင်းဟူသော အကြောင်းကြောင့်။ပ။
ဘိက္ခဝေ၊ တို့။
ပုရိသတ္တေ၊ ယောကျ်ားအဖြစ်၌။
ဝါ၊ ယောကျာ်းဘဝ၌။
အဘိရတာ၊ ပျော်မွေ့ကြကုန်သော။
သတ္တာ၊ အဖိုသတ္တဝါတို့သည်။
ဣတ္ထီသု၊ မိန်းမတို့၌။
သံယောဂံ၊ သို့။
ဂတာ၊ ရောက်ကြကုန်၏။
ဘိက္ခဝေ၊ တို့။
ဧဝံ၊ ဤဆိုအပ်ပြီးသော အကြောင်းကြောင့်။ (ဤသို့ ပုရိသိန္ဒြေ ပုရိသကုတ္တ စသည်တို့၌ နှလုံးသွင်း တပ်မက်ပျော်မွေ့ခြင်း အစရှိသော အကြောင်းကြောင့်)
ပုရိသော၊ သည်။
ပုရိသတ္တံ၊ ယောကျ်ား၏ အဖြစ်ကို။
ဝါ၊ ယောကျ်ားဘဝကို။
နာတိဝတ္တတိ၊ မကျော်လွန်နိုင်။
ဘိက္ခဝေ၊ တို့။
ဧဝံ၊ ဤသို့ ဆိုအပ်သော အကြောင်းကြောင့်။ (ဤသို့ ဣတ္ထိန္ဒြေ, ပုရိသိန္ဒြေ၊ဣတ္ထိကုတ္တ, ပုရိသကုတ္တ စသည်တို့၌ နှလုံးသွင်း တပ်မက်ပျော်မွေ့ခြင်း အစရှိသော အကြောင်းကြောင့်)
သံယောဂေါ၊ (မိန်းမ ယောကျ်ားတို့) ယှဉ်တွဲပေါင်းသင်းဆက်ဆံခြင်းသည်။
ဟောတိ၊ ၏။
ဘိက္ခဝေ၊ တို့။
ကထဉ္စ၊ အဘယ်သို့သော အကြောင်းကြောင့်။
ဝိသံယောဂေါ၊ (မိန််းမ ယောကျာ်းတို့) မယှဉ်မတွဲ ကွဲကွာခြင်းသည်။
ဟောတိ၊ ဖြစ်သနည်း။
ဘိက္ခဝေ၊ တို့။
ဣတ္ထီ၊ သည်။
အဇ္ဈတ္တံ၊ ၌။
ဣတ္ထိန္ဒြိယံ၊ ကိုလည်းကောင်း။ပ။
ဣတ္ထာလင်္ကာရံ၊ ကောင်း။
န မနသိကရောတိ၊ နှလုံးမသွင်း။
ဝါ၊ စိတ်မဝင်စား။
သာ၊ ထိုမိန်းမသည်။
တတ္ထ၊ ထိုဣတ္ထိန္ဒြေ စသည်တို့၌။
န ရဇ္ဇတိ၊ မတပ်မက်။ပ။
တတြ၊ တို့၌။
အနဘိရတာ၊ မပျော်မွေ့သည်။
(ဟုတွာ၊ ၍)။ပ။
သာ၊ သည်။
တတ္ထ၊ ထိုပုရိသိန္ဒြေ စသည်တို့၌။
န ရဇ္ဇတိ၊ မတပ်မက်။ပ။
ဗဟိဒ္ဓါ၊ ၌။
သံယောဂံ၊ ယောကျ်ားနှင့် ပေါင်းသင်းဆက်ဆံခြင်းကို။
နာကင်္ခတိ၊ မလိုလား။
အဿာ၊ ထိုမိန်းမ၏။
သံယောဂပစ္စယာ၊ ယောကျ်ားနှင့် ပေါင်းသင်းရခြင်းဟူသောအကြောင်းကြောင့်။ပ။
ဘိက္ခဝေ၊ တို့။
ဣတ္ထတ္တေ၊ ၌။
အနဘိရတာ၊ မပျော်မွေ့ကုန်သော။
သတ္တာ၊ တို့သည်။
ပုရိသေသု၊ တို့၌။
ဝိသံယောဂံ၊ မယှဉ်မတွဲ ကွဲကွာခြင်းသို့။
ဂတာ၊ ရောက်ကုန်၏။
ဘိက္ခဝေ၊ တို့။
ဧဝံ၊ ကြောင့်။ (ဤသို့ ဣတ္ထိန္ဒြေ ဣတ္ထိကုတ္တ စသည်တို့၌ နှလုံးမသွင်းခြင်း, မတပ်မက် မပျော်မွေ့ခြင်း စသော အကြောင်းကြောင့်။)
ဣတ္ထီ၊ သည်။
ဣတ္ထတ္တံ၊ ကို။
အတိဝတ္တတိ၊ ကျော်လွန်၏။ (မိန်းမဘဝ၌ စက်ဆုပ်ငြီးငွေ့ မပျော်မွေ့သော ဗလဝဝိပဿနာဖြင့် အရိယမဂ်သို့ ရောက်၍ ကျော်လွန်၏)။ပ။
ဘိက္ခဝေ၊ တို့။
ဧဝံ၊ ကြောင့်။ (ဤသို့ ပုရိသိန္ဒြေ, ပုရိသကုတ္တ စသည်တို့၌ နှလုံးမသွင်းခြင်း, မတပ်မက် မပျော်မွေ့ခြင်း စသောအကြောင်းကြောင့်။)
ပုရိသော၊ သည်။
ပုရိသတ္တံ၊ ကို။
အတိဝတ္တတိ၊ ၏။
ဘိက္ခဝေ၊ တို့။
ဧဝံ၊ ကြောင့်။ (ဤသို့ ဣတ္ထိန္ဒြေ, ပုရိသိန္ဒြေ၊ ဣတ္ထိကုတ္တ, ပုရိသကုတ္တ စသည်တို့၌ နှလုံး မသွင်းခြင်း, မတပ်မက် မပျော်မွေ့ခြင်း အစရှိသောအကြောင်းကြောင့်)
ဝိသံယောဂေါ၊ (မိန်းမ ယောကျ်ားတို့) မယှဉ်မတွဲ ကွဲကွာခြင်းသည်။
ဟောတိ၊ ၏။
ဘိက္ခဝေ၊ တို့။
သံယောဂေါ၊ (မိန်းမယောကျ်ားတို့) ယှဉ်တွဲပေါင်းဖက်ခြင်းကို ပြီးစီးစေတတ်သည်လည်းဖြစ်သော။
ဝါ၊ သော။
ဝိသံယောဂေါ၊ (မိန်းမယောကျ်ားတို့) မယှဉ်မတွဲ ကွဲကွာခြင်းကို ပြီးစီးစေတတ်သည်လည်း ဖြစ်သော။
ဓမ္မပရိယာယော၊ တရားသဘောဟူသော မူရင်းအကြောင်းဟူသည်။
ဝါ၊ မူရင်းအကြောင်းဖြစ်သော တရားသဘောဟူသည်။
အယံ ခေါ၊ ဤသည်ပင်တည်း။ (ဤသို့ ဣတ္ထိန္ဒြေ ပုရိသိန္ဒြေ၊ ဣတ္ထိကုတ္တ ပုရိသကုတ္တ စသည်တို့၌ နှလုံးသွင်းခြင်း, တပ်မက်ပျော်မွေ့ခြင်း စသည်နှင့် နှလုံးမသွင်းခြင်း, မတပ်မက် မပျော်မွေ့ခြင်း စသည်ပင်တည်း။)
ဣတိ၊ ဤသို့။
(အဝေါစ၊ မိန့်တော်မူပြီ။)
အဋ္ဌမံ။