Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Sattakanipātapāḷi
Sattakanipātapāḷi

2. Dutiyavinayadharasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

အဿ၊ ထိုရဟန်းမှာ။ ဝါ၊ သည်။ ဥဘယာနိ၊ (ဘိက္ခု ဘိက္ခုနီ အားဖြင့်) နှစ်ပါးစုံကုန်သော။ ပါတိမောက္ခာနိ၊ ပါတိမောက်ပါဠိတို့သည်။ ဝိတ္ထာရေန၊ အကျယ်ဖြစ်သော ဝိဘင်းပါဠိတော်နှင့်တကွ။ သွာဂတာနိ၊ ကောင်းမွန်ကျေပွန်စွာ နှုတ်၌ရောက်လာကုန်သည်။ သုဝိဘတ္တာနိ၊ ကောင်းစွာခွဲခြားဝေဖန်ထားအပ်ကုန်သည်။ (ပုဒ်ရှေ့နောက်ပြန်ခြင်း, ရောယှက်ရှုပ်ထွေးခြင်း မရှိအောင် အသေးစိတ်အားဖြင့် ကွဲကွဲပြားပြား ကောင်းစွာခွဲခြား ဝေဖန်ထားအပ်ကုန်သည်)။ သုပ္ပဝတ္တီနိ၊ (သိလိုရာရာ စဉ်းစားလိုက်သမျှ ဌာနတိုင်း၌) ခိုင်မြဲကောင်းမွန် ကျေပွန်စွာ ဖြစ်ပေါ်လာခြင်း ရှိကုန်သည်။ သုတ္တသော၊ အကျယ် ဥဘတော ဝိဘင်းပါဠိအားဖြင့်လည်းကောင်း။ အနုဗျဉ္ဇနသော၊ ခန္ဓကပရိဝါရ ပါဠိတော်အားဖြင့် လည်းကောင်း။ (ဝိနည်းပညတ်ကို အသေးစိတ်ထင်ရှားဖော်ပြတတ်သော မဟာဝဂ္ဂခန္ဓက, စူဠဝဂ္ဂခန္ဓက, ပရိဝါရ ပါဠိတော်အားဖြင့်လည်းကောင်း)။ သုဝိနိစ္ဆိတာနိ၊ ကောင်းစွာ ဆုံးဖြတ်အပ်(ဆုံးဖြတ်နိုင်)ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ပ။ [အနု အနု ဗျဉ္ဇယတိ ပကာသေတီတိ အနုဗျဉ္ဇနံ]။ "ဥဘယာနိ ခေါ ပနဿ"အစချီသော ဝါကျကို ဤသုတ်အဋ္ဌကထာဖွင့်သည့်အတိုင်း အနက်ပြန်ဆိုခြင်းဖြစ်၏။ ပါစိတ်ပါဠိတော် ဩဝါဒသိက္ခာပုဒ်အဋ္ဌကထာ (၅၆)နှင့် ဝိနည်းမဟာဝါပါဠိတော်မဟာခန္ဓက ဥပသမ္ပါဒေတဗ္ဗကထာ၏ အဋ္ဌကထာ (၂၇၂)တို့၌ သူ့နေရာနှင့်သူ တမျိုးစီ ဖွင့်ထား၏။
ဒုတိယံ။