Issues
Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
Sattakanipātapāḷi
Sattakanipātapāḷi

5. Saṃkhittadhanasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ ဓနာနိ၊ ပစ္စည်းဥစ္စာတို့သည်။ (မဆင်းရဲသူ လူချမ်းသာဖြစ်အောင် ပြုတတ်သော ပစ္စည်းဥစ္စာတို့သည်။)
ဣမာနိ သတ္တ၊ တို့တည်း။ပ။
သဒ္ဓါဓနံ၊ ယုံကြည် ကြည်ညိုခြင်းဟူသော ဥစ္စာလည်းကောင်း။ သီလဓနံ၊ သီလဟူသော ဥစ္စာလည်းကောင်း။ ဟိရီဓနံ၊ ရှက်ခြင်း စက်ဆုပ်ခြင်းဟူသော ဥစ္စာလည်းကောင်း။ ဩတ္တပ္ပဓနံ၊ ကြောက်လန့်ခြင်းဟူသော ဥစ္စာလည်းကောင်း။ သုတဓနံ၊ ကြားနာသင်မှတ်ထားအပ်သော တရားတည်းဟူသော ဥစ္စာလည်းကောင်း။ စာဂဓနံ၊ စွန့်ကြဲမှုကုသိုလ်ဟူသော ဥစ္စာလည်းကောင်း။ ပညာဓနံ၊ ပညာဟူသော ဥစ္စာလည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။ ဓနာနိ၊ တို့သည်။ ဣမာနိ သတ္တ၊ တည်း။ ဣတိ၊ ဤသို့။ (အဝေါစ၊ မိန့်တော်မူပြီ။)
သဒ္ဓါဓနံ၊ ယုံကြည် ကြည်ညိုခြင်းဟူသော ဥစ္စာလည်းကောင်း။ သီလဓနံ၊ သီလာ ဥစ္စာလည်းကောင်း။ ဟိရီ၊ ရှက်ခြင်းဟူသော။ ဓနံ၊ ဥစ္စာသည်လည်းကောင်း။ ဩတ္တပ္ပိယံ၊ ကြောက်လန့်ခြင်းဟူသော [ဩတ္တပ္ပံ ဧဝ ဩတ္တပ္ပိယံ]။ ဓနံ၊ ကောင်း။
သုတဓနဉ္စ၊ ကောင်း။ စာဂေါ၊ စွန့်ကြဲမှုကုသိုလ်ဟူသော။ ဓနံ စ၊ ဥစ္စာသည်လည်းကောင်း။ ဝေ၊ ဖြင့်။ ပညာ၊ ပညာဟူသော။ သတ္တမံ၊ သော။ ဓနံစ၊ သည်လည်းကောင်း။ (ဟောန္တိ၊ ရှိကုန်၏။) [ထိုသဒ္ဓါ, သီလ စသော တရားတို့ကို သူတော်ကောင်းဥစ္စာ(၇)ပါးဟု ခေါ်၏။]
ဣတ္ထိယာ ဝါ၊ မိန်းမမူလည်းဖြစ်သော။ ပုရိသဿ ဝါ၊ ယောကျ်ားမူလည်း ဖြစ်သော။ ယဿ၊ အကြင်ပုဂ္ဂိုလ်မှာ။ ဧတေ ဓနာ၊ ထိုသူတော်ကောင်းဥစ္စာ(၇)ပါးတို့သည်။ အတ္ထိ၊ ရှိကုန်အံ့။
တံ၊ ထိုပုဂ္ဂိုလ်ကို။ (သူတော်ကောင်းဥစ္စာခုနစ်ပါးရှိသော ထိုပုဂ္ဂိုလ်ကို) အဒလိဒ္ဒေါတိ၊ ဥစ္စာမမွဲ, မဆင်းရဲသူဟူ၍။ ဝါ၊ ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာသူဟူ၍။ အာဟု၊ (ပညာရှိသူတော်ကောင်းတို့) မိန့်ဆိုတော်မူကြကုန်၏။ တဿ၊ ထိုပုဂ္ဂိုလ်၏။ ဇီဝိတံ၊ အသက်ရှင်ခြင်းကို။ အမောဃံ၊ အကျိုးမပြီး အချည်းနှီးမဟုတ်ဟူ၍။ (အာဟု၊ မိန့်ဆိုတော်မူကြကုန်၏။)
တသ္မာ၊ ထို့ကြောင့်။ (ထိုသို့ သူတော်‌ကောင်းဥစ္စာ (၇)ပါးတို့နှင့် ပြည့်စုံသောပုဂ္ဂိုလ်မှာ ဥစ္စာမမွဲ, မဆင်းရဲသူဖြစ်ခြင်း, အချည်းနှီး အသက်ရှင်ခြင်း မဟုတ်မူ၍ အသက်ရှင်ရကျိုးနပ်ခြင်းဟူသော အကြောင်းကြောင့်။)
ဗုဒ္ဓါနံ၊ မြတ်စွာဘုရားတို့၏။ သာသနံ၊ အဆုံးအမ, ဩဝါဒကို။ သရံ(သရန္တော)၊ သတိရသော။ မေဓာဝီ၊ ပညာရှိသည်။ သဒ္ဓဉ္စ၊ သဒ္ဓါတရားကိုလည်းကောင်း။ သီလဉ္စ၊ သီလကိုလည်းကောင်း။ ပသာဒဉ္စ၊ ရတနာသုံးပါးတို့၌ ကြည်ညိုခြင်းကိုလည်းကောင်း။ ဓမ္မဒဿနဉ္စ၊ သစ္စာလေးပါးတို့ကို သိမြင်သောဉာဏ်ကိုလည်းကောင်း။ အနုယုဉ္ဇေထ၊ အထပ်ထပ် အားထုတ်သင့်၏။ ဝါ၊ အားထုတ်မနား ဖြစ်ပွားစေသင့်၏။
ဣတိ (အဝေါစ) ပဉ္စမံ၊ [ဤနောက်ဆုံးဂါထာမှာ စတုက္ကနိပါတ်စာပိုဒ် (၅၂) ဒုတိယအကြိမ်ရိုက်နှိပ်သော ဒုတိယတွဲနိဿယစာအုပ် စာမျက်နှာ(၁၅၀) ဒုတိပုညာဘိသန္ဒသုတ်၌ ပါခဲ့၏။ ထိုသုတ်အဖွင့် အဋ္ဌကထာအတိုင်း အနက်ပေးထားသည်။]