ဓုတဝါဒါနံ၊ ကိလေသာတို့ကို ခါတွက်ဖျက်ဆီးတတ်သော ဓုတင်အကျင့်ဖြင့် ပြောဆိုဆုံးမတတ်ကုန်သော။
ဝါ၊ ကိလေသာတို့ကို ခါတွက်ဖျက်ဆီးတတ်သော ရှေ့ပိုင်းကုသိုလ်နှင့်တကွသော အရိယမဂ်ကို ဟောပြောတတ်ကုန်သော။
ရတ္တညူပုဒ်၏ ဆိုလိုရင်း(၃)နည်း။ ။ ရတ္တိယော ဇာနန္တီတိ ရတ္တညူ။ထိုအချိန်က သာဝကရဟန်းအားလုံးတို့တွင် အရှင်အညာသိကောဏ္ဍညသည်ရဟန်းဘဝသက်တမ်း အကြာမြင့်ဆုံးထေရ်ကြီး (စိရပဗ္ဗဇိတ)ဖြစ်ကြောင်းကိုဤရတ္တညူဟူသော ဂုဏ်ပုဒ်ဖြင့် ဖော်ထုတ်ချီးကျူးတော်မူ၏။ (တစ်နည်း) သစ္စာလေးပါး ထိုးထွင်းသိရာအချိန်ကာလကို "ရတ္တိ" ဟုဆို၏။ အရှင်ကောဏ္ဍညသည် အခြားသာဝကအားလုံးထက် သစ္စာလေးပါးကို သိချိန်ကာလအစောဆုံးသာဝကဖြစ်၏။ ထို့ကြောင့် ရတ္တညူပါဌ်ဖြင့် ကြာမြင့်စွာသော ကာလမှစ၍ထိုရတ္တိကို သိသောပုဂ္ဂိုလ်ဟု ချီးကျူးတော်မူ၏။ ဤအလို "ရတ္တညူနံ- သစ္စာလေးပါး ထိုးထွင်းသိရာညဉ့်အခါကို ကြာမြင့်စွာသော ကာလမှစ၍ သိကုန်သော" ဟု အနက်ဆိုပါ။
(တစ်နည်း) ရဟန္တာပုဂ္ဂိုလ်အားလုံးအတွက် ညဉ့်နေ့ကို ပိုင်းခြားသိပုံမှာထင်ရှားပြီးဖြစ်ရကား ရတ္တညူပါဌ်ဖြင့် ညဉ့်ကာလသိပုံကို ချီးမွမ်းတော်မူလိုရင်းမဟုတ်။ ထိုညဉ့်နေ့ကာလအားဖြင့် အစောဆုံး သစ္စာလေးပါးကို သိသောရဟန္တာ (ပဌမခီဏာသဝ) ဟုသော ချီးမွမ်းတော်မူလိုရင်းဖြစ်၏။ ထို့ကြောင့် ဤနည်းအလို "ရတ္တညူနံ- ပဌမခီဏာသဝဖြစ်လျက် ညဉ့်အရေအတွက်ကိုသိကုန်သော" ဟု အနက်ဆိုပါ။
ဘိက္ခူနံ [ကိလေသေ ခုနာတီတိ ဓုတော။ ဓုတေန ဓုတင်္ဂဓမ္မေန ဝဒန္တိဩဝဒန္တီတိ ဓုတဝါဒါ။ ဓုတံ ဝါ သုပုဗ္ဗဘာဂံ အရိယမဂ္ဂံ ဝဒန္တိ ကထေန္တီတိဓုတဝါဒါ]။ ပ။ဂတိမန္တာနံ
အရှင်အာနန္ဒာ၏ ဂတိမန္တတာ(မှတ်ဉာဏ်) စွမ်းရည်။ ။ ပထမအကြိမ်ရိုက် အင်္ဂုတ္တိုရ်နိဿယ ဤနေရာ၌ အရှင်အာနန္ဒာ၏ ဂတိမန္တ တာစွမ်းရည်ကိုဤသုတ်အဋ္ဌကထာအတိုင်း အနည်းငယ်မျှရေးသားခဲ့၏။ ယခုနောက်ထပ်အကြိမ်ရိုက် စာအုပ်၌မူ အခြားအဋ္ဌကထာဋီကာတို့မှလည်းယူ၍ စုံလင်အောင်ရေးသင့်သမျှရေးပါဉီးမည်။ အရှင်အာနန္ဒာ၏ ဂတိမန္တတာစွမ်းရည်ကို ဖွင့်ပြသောဤသုတ်အဋ္ဌကထာ၌-
၊ လွန်ကဲသော ဉာဏ်ပညာရှိကုန်သော။
(မြတ်စွာဘုရားဟောတော်မူအပ်သည့်အတိုင်း အားလုံးသောပုဒ်တို့ကို သိနိုင်သော လွန်ကဲသောမှတ်ဉာဏ်ရှိကုန်သော)
"အယမေဝ စာယသ္မာ ဧကပဒေ ဌတွာ သဋ္ဌိပဒသဟဿာနိ ဂဏှန္တောသတ္ထာရာ ကထိတနိယာမေနေဝ သဗ္ဗပဒါနိ ဇာနာတိ၊ တသ္မာ ဂတိမန္တာနံအဂ္ဂေါနာမ ဇာတော" ဟူ၍ မိန့်ဆိုတော်မူ၏။ ယင်းသို့မိန့်ဆိုရာ၌ "ဧကပဒေဌတွာ" ဟူသော ပါဌ်ကို "ဧကပဒေ- တစ်ခုတည်းသော ခြေ၌၊ ဝါ- ခြေဖဝါးချနင်းရာ တနေရာတည်း၌။ ဌတွာ- (မရွှေ့ပြောင်းဘဲ) ရပ်၍" ဟု အနက်ပြန်ဆိုပြီးလျှင် "အရှင်အာနန္ဒာသည် နေရာရွှေ့ပြောင်းမှု မပြုဘဲ ခြေဖဝါးချနင်းရာတနေရာတည်း၌ ရပ်လျက်ပင် ဂါထာပါဒပေါင်း ခြောင်းသောင်းတို့ကို (သို့မဟုတ်) လေးပါဒရှိသော ဂါထာပေါင်း တစ်သောင်းငါးထောင်တို့ကို သင်ယူနိုင်စွမ်းရှိ၍ မြတ်စွာဘုရား ဟောတော်မူအပ်သည့်အတိုင်း အားလုံးသောပုဒ်တို့ကိုသိနိုင်၏။ ထို့ကြောင့် အရှင်အာနန္ဒာသည် ဂတိမန္တပုဂ္ဂိုလ် (မှတ်ဉာဏ်စွမ်းရှိသူ) တို့တွင် အမြတ်ဆုံး, အသာလွန်ဆုံးဖြစ်သည်" ဟူ၍ ထိုအဋ္ဌကထာဝါကျကိုမြန်မာပြန်ဆိုရမည်ဖြစ်၏။
ထိုအတူ အဋ္ဌသာလိနီ နိဒါနကထာ(နှာ-၁၆) ၌လည်း "ဌိတပဒေနေဝဌတွာ ဂဏှာတိ ဝါ ဝါစေတိ ဝါ ဒေသေတိ ဝါ" ဟု မိန့်ဆို၏။ ထိုအဋ္ဌသာလိနီ၌" ဌိတပဒေနေဝ- (မရွှေ့ပြောင်းဘဲ) ရပ်တည်နေသောခြေဖြင့်သာလျှင်၊ ဌတွာ- ရပ်၍" ဟု အနက်ပြန်ဆိုသင့်၏။ ပြည်နိဿယ(ပ-၆၅) ၌လည်း "ဌိတပဒေနေဝ- ရပ်သောခြေဖြင့်သာလျှင်ဟုပင် အနက်ပြန်ဆိုတော်မူ၏။ ထို့ကြောင့်ဆိုလိုရင်းမှာလည်း "အရှင်အာနန္ဒာထေရ်မြတ်သည် မရွှေ့ပြောင်းဘဲ ရပ်တည်နေသော ခြေဖြင့်သာလျှင် ရပ်၍ထိုဂါထာပေါင်း တစ်သောင်းငါးထောင်တို့ကို (နွယ်ပန်းများကို တနေရာတည်း၌ရပ်၍ ဆွဲငင်ယူလိုက်သကဲ့သို့) သင်ယူပို့ချဟောပြောနိုင်စွမ်းရှိသည်" ဟူ၍ မြန်မာပြန်ရသောကြောင့် ထိုအဋ္ဌသာလိနီသည်လည်း အင်္ဂုတ္တိုရ်အဋ္ဌကထာနှင့် အတူတူပင်တည်း။
ဘိက္ခူနံ။ ပ။ ဧတံ (ဧသော)၊ ထိုအာနန္ဒာသည်။ အဂ္ဂံ (အဂ္ဂေါ)၊ တည်း။ သို့သော် ထိုင်ခြင်း, အိပ်ခြင်း, သွားခြင်း ဣရိယာပုထ် သုံးမျိုးတို့သည်အချိန်အကြာကြီး ဖြစ်နိုင်ရကား ထိုဣရိယာပုထ်သုံးမျိုးဖြင့် သင်ယူပို့ချဟောပြောနိုင်သည် ဆိုခြင်းမှာ အရှင်အာနန္ဒာကို ချီးမွမ်းရာ မရောက်နိုင်၊ ထို့အပြင် "ဌိတပဒေနေဝ ဌတွာ" ဟု ရှိရာတွင် ဌိတပဒေနေဝ၌ ပဒသဒ္ဒါအတွက် အခြေဟူသော အနက်ကိုယူမှသာလျှင် "ဌတွာ၊ ရပ်၍" ဟူသောအနက်နှင့် ဆီလျော်ပါ၏။ ယင်းသို့မဟုတ်ဘဲ ဆရာတော်များမိန့်တော်မူသည့်အတိုင်း ဌိတပဒေပုဒ်အရ ဣရိယာပုထ်လေးပါးလုံးကို ယူလိုက်ပါက သွားခြင်း, ထိုင်ခြင်း, အိပ်ခြင်းဣရိယာပုထ်သုံးမျိုးတို့သည် "ဌတွာ= ရပ်၍" ဟူသောအနက်နှင့် မဆီလျော်လှပေ။ အကယ်၍ ရောက်ဆဲဣရိယာပုထ်တခုမှ အခြားဣရိယာပုထ် တစ်ခုသို့မပြောင်းလဲဘဲ ရပ်တန့်ထားသည်ကို "ဌတွာ- ရပ်၍" ဟု ဆိုလိုပါသည်။ မတ်တပ်ရပ်သည်ကို မဆိုလိုပါဟု ငြင်းဆိုနိုင်သော်လည်း ဧကပဒုဒ္ဓါရေ (ဧကပဒုဒ္ဓါရေတိ ဧကသ္မိံ ပဒုဒ္ဓါရဏက္ခဏေ) ဟူသော ပြလတ္တံ့သော မူလပဏ္ဏာသအဋ္ဌကထာဋ္ဋီကာတို့နှင့်တကွ ပြခဲ့သောအနက်အဓိပ္ပာယ်များအရ ပဒသဒ္ဒါအတွက်ခြေဟူသောအနက်ကို ယူခြင်းသာလျှင်အသင့်ယုတ္တိရှိပါ၏။ ထို့ကြောင့်ပဒသဒ္ဒါအတွက် အဖို့အစုဟူသော ဘာသာဋီကာအနက်နှင့် ဣရိယာပုထ်ဟူသောအချို့ဆရာတို့အနက်များ ဖြစ်သင့်မဖြစ်သင့် စဉ်းစားသင့်ပါသည်။ဓိတိမန္တာနံ၊ လွန်ကဲသော ဝီရိယရှိကုန်သော။
(မြတ်စွာဘုရားတရားကို သင်ယူခြင်း, ရွတ်အံခြင်း, မှတ်သားဆောင်ရွက်ထားခြင်း, မြတ်စွာဘုရားအား ဝတ်ကြီးဝတ်ငယ် ပြုစုခြင်းတို့၌ လွန်ကဲသော ဝီရိယရှိကုန်သော)။
မူလပဏ္ဏာသအဋ္ဌကထာ။ ။ ဤနေရာဝယ် မူလပဏ္ဏာသအဋ္ဌကထာ၊ ဒု- ၂၃၇ (မဟာဝေဒလ္လသုတ်) ၌ "တထာ ယာယ ဝါ တာယ ဝါ အပ္ပမတ္တိကာယပညာယ သမန္နာဂတော ဘိက္ခု စတူဟိ မာသေဟိ စတုပ္ပိုကမ္ပိ ဂါထံဂဟေတုံ န သက္ကောတိ၊ မဟာပညော ပန ဧကပဒေ ဌတွာ ပဒသတမ္ပိပဒသဟဿမ္ပိ ဂဏှာတိ၊ အာနန္ဒတ္ထေရော ပန မဟာပညတာယ ဧကပဒုဒ္ဓါရေဌတွာ သကိံယေဝ သုတွာ ပုန အပုစ္ဆန္တော သဋ္ဌိပဒသဟဿာနိ ပန္နရသဂါထာသဟဿာနိ ဝလ္လိယာ ပုပ္ဖါနိ အာကဍ္ဎိတွာ ဂဏှာန္တော ဝိယ ဧကပ္ပဟာရေနေဝဂဏှာတိ၊ ဂဟိတဂဟိတံ ပါသာဏေ ခတလေခါ ဝိယ သုဝဏ္ဏဃဋေ ပက္ခိတ္တသီဟဝသာ ဝိယ စ ဂဟိတာကာရေနေဝ တိဋ္ဌတိ၊ တေနေဝ နံ ဘဂဝါဧတဒဂ္ဂေ ဌပေသိ" ဟူ၍ မိန့်တော်မူ၏။
ဤမူလပဏ္ဏာသအဋ္ဌကထာ၌ ပုဂ္ဂိုလ်သုံးမျိုးပြထားသည်ကိုတွေ့ရ၏၊ (၁) မလောက်လေးမလောက်စား သေးသေးမွှားမွှား ဉာဏ်ကလေးမျှသာရှိသော(ဉာဏ်ထိုင်းသော) ပုဂ္ဂိုလ်။ (၂) ဉာဏ်ပညာထက်မြက်သော မဟာပညပုဂ္ဂိုလ်၊ (၃) ထို့ထက်ဉာဏ်ပညာထက်မြက်သော အရှင်အာနန္ဒာဟူ၍ ပုဂ္ဂိုလ်သုံးမျိုးတွေ့ရ၏။ ယင်းသုံးမျိုးကို ဂဏန်းစဉ်ပြပြီး မူလဂဏ္ဏာသအဋ္ဌကထာကို မြန်မာပြန်ရသော်-
(၁) ဉာဏ်ထိုင်းသော ပုဂ္ဂိုလ်သည် လေးပါးဒရှိသော ဂါထာတပုဒ်မျှကိုပင်လေးလတိတိ ကျက်မှတ်သော်လည်း မမှတ်မိ မရရှိနိုင်ဘဲဖြစ်နေ၏။ (၂) မဟာပညပုဂ္ဂိုလ်သည်ကား ဧကပဒဟုခေါ်သော ခြေဖဝါးချနင်းရာတနေရာတည်း၌မရွှေ့မပြောင်းဘဲရပ်လျက် (ထိုဧကပဒ အခိုက်အတန့် အတွင်း၌ ဂါထာတပုဒ်မျှသာမက) ပဒသတဟုခေါ်သော ဂါထာ(၂၅) ပုဒ်ကိုလည်းကောင်း, ပဒသဟဿဟုခေါ်သော ဂါထာပေါင်း ၉၂၅၀)ကိုလည်းကောင်း နှုတ်တက်ရအောင် ကျက်မှတ်နိုင်၏။ (၃) အရှင်အာနန္ဒာထေရ်မြတ်သည်ကား မဟာပညပုဂ္ဂိုလ်ဖြစ်သောကြောင့်ဧကပဒုဒ္ဓါရဟုခေါ်သော ခြေထောက်ကြွမြှောက်ရာ အခိုက်အတန့် အချိန်ပိုင်းကလေး တစ်ခုအတွင်း၌ ဂါထာပေါင်းတစ်သောင်းငါးထောင်တို့ကို တကြိမ်ကြားလိုက်ရုံမျှဖြင့် နောက်ထပ်မေးမြန်းရခြင်းမရှိဘဲ ကြားလိုက်သည်နှင့် တပြိုင်နက်နှုတ်တက်ရအောင် မှတ်ယူနိုင်၏။ တစ်ကြိမ်တည်းဖြင့် ပန်းအားလုံးကို နွယ်ဖြင့်ဆွဲငင် ယူလိုက်သည်နှင့်တူ၏။ ထိုနှုတ်တက်မှတ်ယူလိုက်ပြီးသမျှ ဂါထာများကားဘယ်တော့မျှ မေ့ပျောက်ခြင်း မရှိတော့ဘဲ ကျောက်သားပေါ်၌ ထွင်းထားအပ်သောအက္ခရာအရေးအသားကဲ့သို့လည်းကောင်း, ရွှေအိုး၌ထည့်ထားအပ်သော ခြေင်္သ့ဆီကဲ့သို့လည်းကောင်း နဂိုမူလမှတ်သားထားသည့်အတိုင်း အမြဲတည်ရှိနေ၏။ ထို့ကြောင့်ပင် မြတ်စွာဘုရားသည် အရှင်အာနန္ဒာထေရ်ကို အမြတ်ဆုံးအသာဆုံးပုဂ္ဂိုလ်ဟူသော ဧတဒဂ်ရာထူး၌ထားတော်မူ၏။ (ဤကား မူလပဏ္ဏာသ အဋ္ဌကထာ ယခုစာမူအတိုင်း မြန်မာပြန်လိုက်ခြင်းတည်း)။