Select Version
Ekakanipātapāḷi

1. Rūpādivaggo

Author: sāsanāre-သာသနာရေး @ IAPT

[ဧဝံ မေ သုတံ၊ ၌ ဧဝံသဒ္ဒါကို အာကာရအနက်။ နိဒဿနအနက်။ အဝဓာရဏအနက်ဟု အဋ္ဌကထာ၌ အနက်သုံးမျိုး ဖွင့်၏။ မေ၊ သဒ္ဒါကိုတတိယာကတ္တားအနက်။ သမ္ဗန်အနက်ဟု နှစ်မျိုးဖွင့်၏။ သုတံ၊ ၌ 'တ' ပစ္စည်းကိုကံအနက်။ အဘာအနက်ဟု နှစ်မျိုးဖွင့်၏။ ထိုအဖွင့်အားလုံးစုံအောင် အနက်ပြန်ဆိုမည်။ 'ဘန္တေ ဣဒံ သုတ္တံ'၊ ဟူသော ပုဒ်တို့နှင့် 'ကထံ သုတံ'၊ ဟူသော ပုစ္ဆာဝါကျကို အသစ်ထည့်စွက်၍ အနက်ပြန်ဆိုမည်။] (ဘန္တေ၊ အရှင်ဘုရား။ ဣဒံ သုတ္တံ၊ ဤစိတ္တပရိယာဒါနသုတ်ကို။) ဧဝံ၊ ဤတခုတည်းသော အခြင်းအရာအားဖြင့်။ ‌မေ၊ တပည့်တော် အာနန္ဒာသည်။ သုတံ၊ (မြတ်စွာဘုရား အထံတော်မှ) နာယူ မှတ်မိထားအပ်ပါပြီ။ (ကထံ၊ အဘယ်တစ်ခုတည်းသော အခြင်းအရာအားဖြင့်။ သုတံ၊ နာယူ မှတ်မိထားအပ်သနည်းဟူမူ) [ဤကား ဧဝံသဒ္ဒါ၏ အာကာရအနက် ပေးပုံတည်း သုတံ၊ ဤသုတ်ကိုနာယူမှတ်ထားအပ်ပါပြီ" ဟု အရှင်အာနန္ဒာ ဆိုလိုသည်။ ။] ၊ တနည်း (ဘန္တေ၊ အရှင်ဘုရား။ ဣဒံ သုတ္တံ၊ ဤစိတ္တပရိယာဒါနသုတ်ကို) ဧဝံ၊ ဤသို့။ ဝါ၊ ဤယခု လျှောက်ထားမည့်အတိုင်း။ မေ၊ တပည့်တော်အာနန္ဒာသည်။ သုတံ၊ (မြတ်စွာဘုရားအထံတော်မှ) နာယူမှတ်မိထားအပ်ပါပြီ။ (ကထံ၊ အဘယ်သို့။ သုတံ၊ နာယူမှတ်မိထားအပ်သနည်းဟူမူ။) [ဤကား ဧဝံ သဒ္ဒါ၏ နိဒဿနအနက် ပေးပုံတည်း **နိဒဿနအနက်၌ ဆိုလိုရင်း**။ ။ ဤနိဒဿနအနက်၌ ဆိုလိုရင်းမှာ"တပည့်တော်သည် ဤသုတ်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ကိုယ်တိုင် ထိုးထွင်းသိထားသည် မဟုတ်ပါ၊ ယခုလျှောက်ထားမည့်အတိုင်း မြတ်စွာဘုရားအထံတော်မှနာယူ မှတ်မိထားအပ်ပါသည်" ဟူလို။ ။] ၊ တနည်း (ဘန္တေ၊ ဘုရား။ ဣဒံ သုတ္တံ၊ ဤစိတ္တပရိယာဒါနသုတ်ကို) ဧဝံ၊ ဤသို့သာလျှင်။ ဝါ၊ ဤယခု လျှောက်ထားမည့်အတိုင်းသာလျှင်။ မေ၊ တပည့်တော် အာနန္ဒာသည်။ သုတံ၊ (မြတ်စွာဘုရား အထံတော်မှ) နာယူမှတ်မိထားအပ်ပါပြီ။ (ကထံ၊ အဘယ်သို့သာလျှင်။ သုတံ၊ နာယူ မှတ်မိထားအပ်သနည်းဟူမူ။) [ဤကား ဧဝံသဒ္ဒါ၏ အဝဓာရဏ အနက်ပေးပုံတည်း အဝဓာရဏအနက်၌ ဆိုလိုရင်း။ ။ ဤအဝဓာရဏအနက်၌ ဆိုလိုရင်းမှာ "တပည့်တော်သည် ယခုလျှောက်ထားမည့်အတိုင်းသာ ဤပုတ်(ဤတရားတော်) ကို မြတ်စွာဘုရား အထံတော်မှ နာယူမှတ်မိခဲ့ပါသည်။ မြတ်စွာဘုရားအထံတော်တုန်းက နာယူမှတ်မိခဲ့သည့်အတိုင်းပင် ဤတရားတော်သည်ယခုအချိန်အထိ အနက်အဓိပ္ပာယ်အားဖြင့်လည်း အပိုအလိုမရှိ၊ သဒ္ဒါစကားလုံးအားဖြင့်လည်း အပိုအလိုမရှိ၊ တိတိကျကျဖြစ်ရကား ယခု လျှောက်ထားမည့်အတိုင်းသာ ဧကန်မုချ မှတ်သားထားရန် ဖြစ်ပါသည်" ဟူလို။ ။ "ဧဝံ၊ ဤတခုတည်းသော အခြင်းအရာအားဖြင့်သာလျှင်" ဟုလည်းကောင်း။ "ကထံ၊ အဘယ်တခုတည်းသော အခြင်းအရာအားဖြင့်သာလျှင်" ဟုလည်းကောင်း အနက်ဆိုနိုင်သေး၏။ ပြခဲ့သော အာကာရအနက်, နိဒဿနအနက်တို့၌ "သာလျှင်" ဟူသော စကားကို ထည့်စွက်လိုက်လျှင်ပင် ဧဝံသဒ္ဒါ၏ အဝဓာရဏအနက် ဖြစ်တော့၏။] [ယခု ပြန်ဆိုခဲ့သော အနက်များသည် 'မေ'၊ သဒ္ဒါ၏ တတိယကတ္တားအနက်နှင့် 'သုတံ'၊ ၌ 'တ' ပစ္စည်း၏ ကံအနက်များဖြစ်၏။ ယခုတစ်ဖန် 'မေ'၊ ၏ သမ္ဗန်အနက်။ 'တ'၊ ပစ္စည်း၏ဘောအနက်များကိုလည်း ပြန်ဆိုဦးမည်။ 'ဘာဝသာဓန။၊ နောက်ပုဒ်ပြ။ ကမ္မဆဋ္ဌီနေမြဲ' ဟူသော ဆောင်ပုဒ်နှင့်အညီ 'တ' ပစ္စည်းက ဘောအနက်ဟောသောကြောင့် ယခင်က 'ဣဒံ သုတ္တံ'၊ ဟူသောပဌမာကံနေရာ၌ "ဣမဿ သုတ္တဿ' ဟု ဆဋ္ဌီကံထည့်ရမည်။] ၊ သို့ဖြစ်လျှင် "မြတ်စွာဘုရား ဟောသမျှအားလုံးစုံ အကုန်စင်မနာယူမမှတ်သားနိုင်ရကား တခုတည်းသော အခြင်းအရာအားဖြင့် နာယူမှတ်မိထားအပ်ပါပြီ" ဟုပြခဲ့သော အာကာရအနက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေ၏။အာကာရအနက်တုန်းက "မြတ်စွာဘုရား၏ဒေသနာတော်ကို အားလုံးစုံ အကုန်အစင် နာယူမှတ်သားနိုင်စွမ်းမရှိ" ဟု ဆိုခဲ့ပြီးမှ အဝဓာရဏအနက်၌မူ "အားလုံးစုံအကုန်အစင် နာယူမှတ်သားနိုင်စွမ်းရှိ၏" ဟု ဆိုလျှင် အာကာရအနက်နှင့်အဝဓာရဏ အနက်ဆန့်ကျင်ဘက်ဖြစ်နေ၏ ဟူလို။ ဣတရထာ ထေရောဘဂဝတော ဒေသနာယ သဗ္ဗထာ ပဋိဂ္ဂဟဏေ သမတ္ထော အသမတ္ထောစာတိအာပဇ္ဇေယျ။ (ဋီကာ) တနည်း၊ (ဘန္တေ= ရား။ ဣမဿ သုတ္တဿ၊ ဤ စိတ္တပရိယာဒါနသုတ်ကို။) ဧဝံ၊ ဤတစ်ခုတည်းသော အခြင်းအရာအားဖြင့်။ (အာကာရအနက်) ဝါ၊ ဤသို့ဤပုံ။ ဝါ၊ ဤယခု လျှောက်ထားမည့်အတိုင်း။ (နိဒဿနအနက်) ဝါ၊ ဤသို့သာ။ ဝါ၊ ဤယခုလျှောက်ထားမည့်အတိုင်းသာ။ (အဝဓာရဏအနက်) မေ၊ တပည့်တော်၏။ သုတံ၊ (မြတ်စွာဘုရားအထံတော်မှ) နာယူမှတ်မိထားခြင်းသည်။ (အဟောသိ၊ ဖြစ်ခဲ့ပါပြီ။ ကထံ၊ အဘယ်တစ်ခုတည်းသောအခြင်းအရာအားဖြင့်။ ဝါ၊ အဘယ်သို့သာလျှင်။ သုတံ သုတံပုဒ်အနက်နှင့်စပ်၍ဆိုဖွယ်။ ။ ဘောဟော ကြိယာဖြစ်သော 'သုတံ' ၏ စပ်ရာပုဒ်ကို 'အဟောသိ' ဟု အတိတ်ကြိယာထည့်ပေးသည်။ သီလက္ခန်ဘာသာဋီကာ၌ကား "သုတံပုဒ်၏ အနက်ဖြစ်သော ဆောင်ခြင်းကြိယာကသင်္ဂါယနာတင်ချိန်အထိရှိနေသောကြောင့် ဟောတိဟု ပစ္စုပ္ပန်ကြိယာထည့်သည်" ဟုမိန့်ဆိုတော်မူ၏။ ထို့ပြင် "သုတံ၊ နာယူ+ မှတ်သား+ ဆောင်ထား" ဟု ကြိယာသုံးမျိုးယူပြီးလျှင် မြတ်စွာဘုရား၏ မျက်မှောက်၌ ထိုသုံးမျိုးလုံးမရနိုင်။ မျက်ကွယ်ကျမှသာ ဆောင်ထားနိုင်၏ဟု ယူဆကာ "ဘဂဝတော ပမ္မုခါ" ဟုထည့်၍ ဆရာအဆက်ဆက်တို့ အနက်ပေးကြသည်ကို နှစ်သက်တော်မမူ။ ၊ နာယူမှတ်မိထားခြင်းသည်။ အဟောသိ၊ ဖြစ်ခဲ့သနည်းဟူမူ။)

မိမိ၏ အယူအဆကား- "သဗ္ဗထာမေန ပန သောတုကာမတံ ဇနေတွာပိဧဝံ မေ သုတံ" ဟူသော အဋ္ဌကထာဝယ် သောတုကာမတံ၌ 'သု' ဓာတ်ကဲ့သို့ပင် 'သုတံ' ၌ သုဓာတ်သည် မြတ်စွာဘုရားထံမှ နာယူမှတ်သားခြင်း အနက်ကိုသာဟောသည်ဟုယူဆ၏။ 'သုတံ' ကို ဥပဓာရိတံဟု 'ဓရ' ဓာတ်ဖြင့်ဖွင့်သော်လည်းတရားတော်ကို မမေ့မပျောက်အောင် သင်္ဂါယနာတင်ချိန်အထိ မြတ်စွာဘုရား၏မျက်ကွယ်၌ ရွတ်အံမှတ်သားဆောင်ထားခြင်းအနက်ကို သုတံက ဟောသည်ဟုမယူဆပါ။ "သုတံ သောတဒွါရာနုသာရေန ဥပဓာရိတံ (ဥပဓာရဏံ)" ဟူသောအဋ္ဌကထာအဖွင့်ဖြင့်လည်း "မြတ်စွာဘုရားထံ၌ တရားနာသောအခါ သောတဝိညာဏ်စိတ်ဖြင့် ကြားရုံမျှမက မနောဝိညာဏ်စိတ်ဖြင့် နာယူဆောင်ကပ်မှတ်မိထားသည်" ဟူသော အနက်အဓိပ္ပါယ်မျှလောက်ကိုသာ ဆိုလိုပါ၏။ ထိုနာယူဆောင်ကပ် မှတ်မိခြင်းကိစ္စ (ဥပဓာရဏကိစ္စ) သည်ကား အရှင်အာနန္ဒာအတွက် မြတ်စွာဘုရားထံ တရားနာစဉ်ကပင် ပြီးစီးခဲ့သောကြောင့် သင်္ဂါယနာတင်ချိန်၌ အတိတ်ဖြစ်လေပြီ။ ထို့ကြောင့် သုတံပုဒ်ကို ကံအနက်ပေးစဉ်က 'တ' ပစ္စည်းသည် အတိတ် အနက်ဟော ဖြစ်သကဲ့သို့ ဘော အနက်ပေးသောအခါ၌လည်း သဝနကြိယာကို အတိတ်ကြိယာဖြစ်ကြောင်း သိသာအောင် 'အဟောသိ' ဟု အတိတ်ကြိယာသာ ထည့်သင့်ပါသည်။

ထို့ပြင် ထိုဥပဓာရဏကိစ္စသည် မြတ်စွာဘုရားထံ တရားနာဉ်ကပင်ပြီးစီးခဲ့သောကြောင့် ဘဂဝတော သမ္မုခါဟု ထည့်စွက်၍ အနက်ပေးခွင့်ရှိပါ၏။ "ဘဂဝတော သမ္မုခါ သုတာကာရတော" ဟူသောဋီကာများနှင့်လည်း ညီညွတ်ပါ၏။ ဤနေရာ၌ စကားကျဉ်းအောင် "ဧဝံ မေ သုတံ" ဟု သာမန်ပြထားသော်လည်း မည်သည့်ပုဂ္ဂိုလ်ထံမှ တရားတော်ကို သင်ယူခဲ့သည်ကို တိတိကျကျပြဘို့လိုသော မဟာပဒေသသုတ်(အင်္ဂုတ္တိုရ်ပါဠိတော်၊ ပ- နှာ၊ ၄၈၇) စသည်တို့၌ကား "သမ္မုခါ မေတံ အာဝုသော ဘဂဝတော သုတံ၊ သမ္မုခါ ပဋိဂ္ဂဟိတံ။ ပေ။ တဿ မေ သံဃဿ သမ္မုခါ သုတံ၊ သမ္မုခါ ပဋိဂ္ဂဟိတံ" ဟု ဘုရားအထံတော်မှသံဃာ့အထံတော်မှ စသည်ဖြင့် ညွှန်ပြရပါသည်။

ဧကံ၊ တပါးသော။ သမယံ၊ **ဧကံ သမယံ**။ ။ ဧကံ၊ တပါးသော၊ သမယံ= အခါ၌ (ဩကာသအနက်) ဝါ= အခါပတ်လုံး (အစ္စန္တသံယောဂအနက်) ဤသို့ အနက်နှစ်မျိုးပေးနိုင်၏။ ဤနေရာ၌ အရှင်အာနန္ဒာထေရ်သည် မြတ်စွာဘုရား ဟောတော်မူအပ်သမျှသုတ်တိုင်း သုတ်တိုင်း မည်သည့်နှစ် မည့်သည့်လရက် မည့်သည့် အချိန်၌ဟောတော်မူကြောင်းကို တိတိကျကျ သိရှိမှတ်သားထားသော်လည်း ယခုခေတ်ကဲ့သို့ စာနှင့်ရေးမှတ်လေ့မရှိဘဲ နှုတ်တက်အရ ဆောင်ထားကြသော ရှေးခေတ်ပုဂ္ဂိုလ်များမှာ ထိုထိုသုတ်တို့ကိုဟောရာ နှစ်၊ ဥတု၊ လ၊ ပက္ခ၊ ညဉ့်၊ နေ့၊ အချိန်ပိုင်းဆိုင်ရာ များစွာသော စကားလုံးတို့ကို သုတ်တိုင်း သုတ်တိုင်းမှတ်၍ နှုတ်တက်ဆောင်ခြင်း၊ ရွတ်ဆိုခြင်းငှာ မလွယ်ကူသောကြောင့် အချန်ကာလတို့ကိုတိတိကျကျ မဖော်ပြတော့ဘဲ "ဧကံ သမယံ= တပါးသောအခါ၌" ဟု တပုဒ်တည်းမျှဖြင့် သာမညသာ ပြဆိုထားပါသည်။ ၊ အခါ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ `` တစ်နည်း- ဘုရားအလောင်း ပဋိသန္ဓေနေတော်မူရာအခါ၊ ဖွားမြင်တော်မူရာအခါ။ပေ။ သစ္စာလေးပါးတရား သိမြင်၍ ဘုရားဖြစ်တော်မူရာအခါ၊ တရားဟောတော်မူရာအခါ စသည်တို့သည် တသောင်း စကြဝဠာလောကဓာတ်အားလုံး တုန်လှုပ်မှု၊ အရောင်အဝါ ထွန်းလင်းမှုစသည်ဖြစ်လောက်အောင် မြတ်စွာဘုရားအတွက် အလွန်ထူးခြင်းထင်ရှားသော အချန်အခါများဖြစ်၏။ ထိုအချိန်အခါများစွာတို့တွင် ဤနေရာ၌ 'ဧကံ သမယံ' အရ တရားဟောရာ အချိန်အခါကိုယူရမည်စသည်ဖြင့် အဋ္ဌကထာ၌ဖွင့်သေး၏။ ထိုအဖွင့်များအရ 'ဧကံ သမယံ' ကို အနက်ပေးလိုလျှင်-

ဧကံ၊ မြတ်စွာဘုရားအတွက် ထင်ရှားသော အချိန်အခါများစွာတို့တွင်တပါးအပါအဝင်ဖြစ်သော၊သမယံ= တရားဟောတော်မူရာ အခါ၌၊ ဝါ= တရားဟောတော်မူရာ အချိန်အခါပတ်လုံး။(တစ်နည်း) ဧကံ= ဉာဏ်၏ကိစ္စပြုရာ၊ကရုဏာ၏ကိစ္စပြုရာ အချိန်အခါတို့တွင် တပါးအပါအဝင်ဖြစ်သော၊ သမယံ= ကရုဏာ၏ ကိစ္စကိုပြုရာအချိန်အခါ၌၊ဝါ= ကရုဏာ၏ကိစ္စကိုပြုရာ အချိန်အခါပတ်လုံး။ (တစ်နည်း) ဧကံ= မိမိ၏ အကျိုးစီးပွားပြုကျင့်ရာ၊ သူတပါး၏အကျိုးစီးပွားပြုကျင့်ရာ အချိန်အခါတို့တွင် တပါးအပါအဝင်ဖြစ်သော၊ သမယံ= သူတစ်ပါးအကျိုးစီးပွား ပြုကျင့်ရာအချိန်အခါ၌၊ ဝါ= ပတ်လုံး။ (တစ်နည်း) ဧကံ= စုဝေးနေကြသော ရဟန်းတို့ပြုရမည့် ငြိမ်သက် တိတ်ဆိတ်စွာနေခြင်းတရားဟောခြင်းဆိုင်ရာ အချိန်အခါတို့တွင် တပါးအပါအဝင်ဖြစ်သော၊ သမယံ= တရားဟောရာ အချိန်အခါ၌၊ ဝါ= ပတ်လုံး။(တစ်နည်း) ဧကံ= တရားဟောရာတရားကျင့်ရာအချိန်အခါတို့တွင် တပါးအပါအဝင်ဖြစ်သော၊ သမယံ= တရားဟောရာ အချိန်အခါ၌၊ ဝါ= ပတ်လုံးဟု အနက်ဆိုပါ။ `` သာဝတ္ထိယံ သာဝတ္ထိယံ။ ။ သမီပတ္ထေစေတံ ဘုမ္မဝစနံ- ဟု အဋ္ဌကထာဖွင့်သောကြောင့် "သာဝတ္ထိယံ" ၌ သတ္တမီဝိဘတ်ကို သမီပအနက်ဟောဟု သိရ၏။ ထို့ကြောင့် "သာဝတ္ထိယံ၊ သာဝတ္ထိမြို့တော်၏အနီး၌" ဟု သတ္တမီဝိဘတ်၏ သမီပအနက် ထင်းရှားအောင် အနက်ပြန်ဆိုသည်။ အကယ်၍ သမီပအနက် မပြန်ဆိုဘဲ "သာဝတ္ထိယံ= သာဝတ္ထိမြို့တော်၌" ဟု အနက်ပြန်ဆိုလျှင်ကား သမီပျူပစာရကြံရမည်။ သာဝတ္ထိမြို့တော်၏ အနီးအရပ်ဒေသဖြစ်သော ဇေတဝန်ကျောင်းတိုက်ကို သမီပဟုဆို၍ သာဝတ္ထိမြို့တော်ကိုကား သမီပီ (သမီပရှိသည်) ဟု ဆိုရ၏။ မြတ်စွာဘုရားသည် သမီပီဖြစ်သော သာဝတ္ထိမြို့တော်၌ သီတင်းသုံးနေတော်မူသည်မဟုတ်၊ သမီပဖြစ်သော ဇေတဝန်ကျောင်းတိုက်၌သာ သီတင်းသုံးနေတော်မူ၏။ ထို့ကြောင့် သမီပီ၏ သာဝတ္ထိဟူသောနာမည်ကို သမီပ ဇေတဝန၌ ရွှေ့ပြောင်းတင်စားခေါ်ဝေါ်သော သမီပျူပစာရဟု ဆိုရသည်။ ၊ သာဝတ္ထိမြို့တော်၏ အနီး၌။ ဇေသဝနေ၊ ဇေတဝန်မည်သော။ တနည်း- ကုန်သည်တွေ ဆုံမိကြ၍ "ဤမြို့၌ ဘာကုန်ပစ္စည်းရှိသလဲ" ဟု မေးကြသောအခါ ဘာမဆို အကုန်ရှိသည်ဟု ပြန်ပြောကြ၏။ ဤစကားကိုအစွဲပြု၍ သာဝတ္ထိ (ဂြာဝသ္တိ) ဟုမြို့နာမည်တွင်လာ၏။ ထို့ကြောင့် "သဗ္ဗံ ဧတ္ထ အတ္ထီတိ သာဝတ္ထိ" ဟု ဝစနတ္ထပြု။ ဤနည်း၌ သဗ္ဗနှင့် အတ္ထိကို ပေါင်းစပ်ပြီး (သဗ္ဗကို သာဝပြု၍) "သာဝတ္ထိ" ဟူ၍ ဣရဿသရဖြင့် ပါဌ်ရှိရ၏။ ဤနေရာမှ အဋ္ဌကထာ၊ ဋီကာတို့ဖွင့်သည့်အတိုင်း သဗ္ဗနှင့် အတ္ထိ (အသ္တိ) ပေါင်းစပ်ထားကြောင်း ထင်ရှားပါလျက် အဘိဓာန်ဋီကာ (၂၀၀- ဂါထာ)၌ ဓနဝါစကအတ္ထသဒ္ဒါဟု ဆိုပြီးလျှင် "သဗ္ဗ+ အတ္ထ(၊ သာဝတ္ထ) ပုဒ်နောင် ဣ- ပစ္စည်းသက်၍သာဝတ္ထိဟု ရုပ်စီရင်လေ၏။ ပြခဲ့သော ဋ္ဌ၊ ဋီ အဖွင့်များအတိုင်း "သာဝတ္ထိယံ= သဝတ္ထရသေ့၏ ကျောင်းနေရာ၌ တည်ထောင်အပ်သည်အဖြစ်ကြောင့် သာဝတ္ထီမည်သော မြို့တော်၏အနီး၌၊ ဝါ= သက်ရှိသက်မဲ့ ပစ္စည်းဝတ္ထုအားလုံးစုံ အကုန်ရှိရာ၏အဖြစ်ကြောင့် သာဝတ္ထိမည်သော မြို့၏အနီး၌" ဟု ဝိဂြိုဘ်နက်ပေးလိုကပေးပါ။ ဝါ၊ ဇေတမင်းသား၏ ဥယျာဉ်တောဖြစ်သော။ အနာထပိဏ္ဍိကဿ အနာထပိဏ္ဍိကဿ အာရာမေ ဝိဟရတိ။ ။ အနာထပိဏ္ဍိကဿ၊ ခိုကိုးရာမဲ့သူ လူဆင်းရဲတို့အား ထမင်းရိက္ခာပေးတတ်သည်အဖြစ်ကြောင့်အနာထပိဏ်ဟု ခေါ်ဝေါ်အပ်သော သုဒတ္တမည်သော သူဌေး၏၊ အာရာမေ= လူရှင်ရဟန်းတို့ လာရောက်၍ ပျော်မွေ့နေထိုင်ရာ ကျောင်းတိုက်၌၊ ဝိဟရတိ= လျောင်းထိုင်ရပ်သွား လေးပါးဣရိယာ ညီညာမျှကြောင်း ပြပြင်ပြောင်း၍ကိန်းအောင်းနေတော်မူ၏။(ဝေါဟာရတ္ထအရှည်နက်) ဝါ= ဣရိယာပုထ်တဖြာအနေကြာ၍ ညောင်းညာခံစား ဒုက္ခများကို တခြားဣရိယာ ပုထ်တဖြာဖြင့်ပယ်ခွာရှောင်လွှဲ မယိုင်လဲအောင် ခန္ဓာကိုယ်ကို ဆောင်တော်မူ တည်တဲ့စေတော်မူ၏၊ ဝါ= မိမိ သူတစ်ပါး စီးပွားချမ်းသာ အဖြာဖြာကို ဆောင်တော်မူဖြစ်စေတော်မူ၏။(ဋ္ဌ၊ ဋီ- ဖွင့်နှစ်နည်း) ဤသို့လည်း အနက်ဆိုနိုင်၏။ ယင်းသို့ အနက်ပြန်ဆိုရာ၌- ၊ အနာထပိဏ်သူဌေး၏။ အာရာမေ၊ ကျောင်းတိုက်၌။ ဝိဟရတိ၊ သီတင်းသုံးနေတော်မူ၏။ [အဖွင့်အနက်များကို အောက်ခြေအဓိပ္ပာယ်ခန်း၌ကြည့်] ဝိဟရတိပုဒ်နက်ရှင်းလင်းချက်။ ။ "ဝိဟရတိ၊ နေတော်မူ၏" ဟူသောအနက်မှာ အများသုံးဝေါဟာရတ္ထဖြစ်၏။ အဋ္ဌကထာ၌ ဝိဟရတိပုဒ်ကို ဝိစ္ဆိန္ဒိတွာ ဟရတိ ပဝတ္တေတိ (ပယ်ဖြတ်၍ ဆောင်၏၊ အဆက်မပြတ်ဖြစ်စေ၏၊ တည်တဲ့စေ၏) ဟုဖွင့်၏။ ထိုအဖွင့်နှင့်အညီ ဝိဟရတိမှ ဝိသဒ္ဒါသည် ဝိစ္ဆေဒ(ပယ်ဖြစ်ခြင်း) အနက်ကိုဟော၏။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဟူသော လေးပါးသော ဣရိယာပုထ်တို့တွင် ထိုင်ခြင်းစသော ဣရိယာပုထ်တခုခုဖြင့် အနေကြာ၍ညောင်းညာနာကျင်မှု ဒုက္ခဖြစ်လာလျှင် လျောင်းခြင်း၊ ရပ်ခြင်းစသော အခြားဣရိယာပုထ် တမျိုးမျိုးဖြင့် ပြုပြင်ပြောင်းလဲကာ ထိုဒုက္ခကို ပယ်ဖြတ်ရ၏။ ဤသို့ပယ်ဖြတ်သည်ကို ဝိစ္ဆေဒဟုဆို၏။ ဟရဓာတ်၏ သဒ္ဒတ္ထမှာ ဆောင်ခြင်းအနက်ပင်တည်း။ ထိုညောင်းညာမှုဒုက္ခကို ပယ်ရှား၍ ခန္ဓာကိုယ်အတ္တဘောကိုမယိုင်လဲအောင် ဆောင်ထားသည်ဟု ဆိုလို၏။ ပဝတ္တေတိကား အဓိပ္ပါယ်အနက်အဖွင့်တည်း။ ထိုပဝတ္တေတိဖြင့် ထိုဒုက္ခကို ပယ်ဖြတ်၍ ခန္ဓာကိုယ်အတ္တဘောကို အဆက်မပြတ် ဖြစ်စေ၏။ ကြာရှည်တည်တံ့စေ၏ဟု ဆိုလို၏။ (ဧကံ ဣရိယာပထဗာဓနံ အညေန ဣရိယာပထေန ဝိစ္ဆိန္ဒိတွာ အပရိပတန္တံအတ္တဘာဝံ ဟရတိ ပဝတ္တေတိ။) ထို့ပြင် ဋီကာ၌ ဝိဟရတိမှ ဝိသဒ္ဒါကို ဝိဝိဓအနက်ဟောကြံ၍ ဝိဝိဓဟိတသုခံ ဟရတိ ဥပနေတိ ဥပ္ပါဒေတိဟုဖွင့်၏။ ထို အဖွင့်များအားလုံးစုံအောင် ဝိဟရတိပုဒ်ကို အနက်ပေးထားသည်။

တတြ၊ ထိုအခါ၌(ဇေတဝန်ကျောင်းတိုက်၌ မြတ်စွာဘုရား သီတင်းသုံးနေတော်မူရာ ထိုအခါ၌၊) ဝါ၊ မြတ်စွာဘုရား သီတင်းသုံးနေတော်မူရာဖြစ်သောထိုဇေတဝန်ကျောင်းတိုက်၌။ ဝါ၊ ထိုတရားဟောခြင်းငှာ ရဟန်းတို့ကို မိန့်ခေါ်သင့်ရာ အရပ်ဒေသ အချိန်ကာလ၌။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဘိက္ခူ၊ ရဟန်းတို့ကို။ "ဘိက္ခဝေါ၊ ရဟန်းတို့"။ ဣတိ၊ ဤသို့။ အာမန္တေသိ၊ မိန့်ခေါ်တော်မူပြီ။ [တတြခေါ၌ ခေါသဒ္ဒါ **ခေါသဒ္ဒါအဖွင့်သုံးမျိုး**။ ။ နိဿယခန်း၌ တတြပုဒ်ကို အဋ္ဌကထာဖွင့်သည့်အတိုင်းအနက်သုံးမျိုးပေးခဲ့၏။ ခေါသဒ္ဒါကိုလည်း ပဒပူရဏဟုဆိုခဲ့သည်။ (တစ်နည်း) ဘဂဝါ၊ သည်၊ ဘိက္ခူ= တို့ကို၊ "ဘိက္ခဝေါ= တို့"၊ ဣတိ= ဤသို့၊ အာမန္တေသိ ခေါ (အာမန္တေသိ ဧဝ)= ဧကန်မိန့်ခေါ်တော်မူပြီးသည်သာ။ဤသို့လည်း အနက်ဆိုနိုင်၏။ ဤနည်း၌ ခေါသဒ္ဒါအဝဓာရဏအနက်ဟောနိပါတ်ပုဒ်ဖြစ်၍ အာမန္တေသိနှင့်တွဲ၍ အနက်ဆိုရသည်။ အနက်မရှိ။ ပဒပူရဏနိပါတ်မျှသာတည်း။]
"ဘဒန္တေ၊ အရှင်ဘုရား" ဣတိ= ဤသို့။ တေ ဘိက္ခူ၊ ထိုရဟန်းတို့သည်။ ထိုအာဒိကာလ အနက်အတွက် ထူးထူးထွေထွေ အနက်ယောဇနာဘို့မလိုပါ။ ဋီကာ၌လည်း အဝဓာရဏ အနက်အတွက်သာ "အာမန္တေသိ ဧဝ" ဟု အနက်ယောဇနာပုံကိုပြ၍ အာဒိကာလအနက်အတွက် အနက်ယောဇနာပုံကိုမပြသည်သာမက" ပဒပူရဏေန ဝစနာလင်္ကာရမတ္တံ ကတံ ဟောတိ၊ အာဒိကာလတ္ထေန ဝါကျဿ ဥပညာသမတ္တံ" ဟူ၍ အာဒိကာလအနက်ကို ပဒပူရဏနှင့် တတန်းစားတည်းထား၍ "မတ္တ" သဒ္ဒါဖြင့် ဖွင့်ပြထားသည်။ ထိုကြောင့် အာဒိကာလ ဝါကျရမ္ဘအနက်၌ "တတြ ခေါ၊ သီတင်းသုံးနေတော်မူရာထိုအခါ၌ပင် (ထိုအခါမှာပဲ)" ဟု စကားပျိုးခြင်း၊ စကားဆက်စပ်ခြင်းသဘောသက်ရောက်ရုံမျှသာ အနက်ပြန်ဆိုပါလေ။ ဘဂဝတော ဘဂဝတော ပစ္စဿောသုံ။ ။ ဘဂဝါ အာမန္တေသိ- ဟုဆိုခဲ့ပြီးဖြစ်သည့်အတိုင်း ဘဂဝတော ပစ္စဿောသုံ၌ "ဘဂဝတော၊ မြတ်စွာဘုရား၏"ဟု သမ္ဗန်အနက်ပေး၍ "အာမန္တ နံ" ပုဒ်ထည့်စပ်စေလိုသောကြောင့် "ဘဂဝတောပစ္စဿောသုန္တိ ဘဂဝတော အာမန္တနံ ပဋိအဿောသုံ" ဟု အဋ္ဌကထာဖွင့်၏။သဒ္ဒါကျမ်းတို့၌ကား ပတိ အာရှေးရှိသော သုဓာတ်၏ယှဉ်ဘက်ပုဒ်၌ သမ္ပဒါန်ဖြစ်၏ ဟုဆိုကြ၏။ ထိုအလို"ဘဂဝတော= မြတ်စွာဘုရားအား၊ ပစ္စာဿောသုံ= စကားတုံ့ပြန် နာခံကြကုန်ပြီ" ဟု အနက်ဆိုပါ။ ၊ မြတ်စွာဘုရား၏။ (အာမန္တနံ၊ မိန့်ခေါ်တော်မူခြင်းကို။ ဝါ၊ အမိန့်စကားတော်ကို)။ ပစ္စဿောသုံ၊ ရှေးရှုနာယူကြကုန်ပြီ။ ဝါ၊ စကားတုံ့ပြန်နာခံကြကုန်ပြီ။
ဘဂဝါ၊ သည်။ ဧတံ၊ ဤတရားစကားတော်ကို။ အဝေါစ၊ မိန့်တော်မူပြီ။ (ကိန္တိ၊ အဘယ်သို့။ အဝေါစ၊ မိန့်တော်မူသနည်းဟူမူ)
[ယထယိဒံ ဘိက္ခဝေ ဣတ္ထိရူပံ၊ ဟူသော ဥပမာနဝါကျကစ၍ အနက်ပေးရမည်။ ယထယိဒံကို ယထာ+ ဣဒံဟု ပုဒ်ဖြတ်]
ဘိက္ခဝေ၊ ရဟန်းတို့။ ဣဒံ ဣတ္ထိရူပံ၊ ဤမိန်းမိ၏ အဆင်းရူပါရုံသည်။ (ဤိမိန်းမခန္ဓာကိုယ်၏ စတုသမုဋ္ဌာနိကအဆင်း **စတုသမုဋ္ဌာနိကအဆင်းနှင့် ဥတုဇအဆင်း**။ ။ ကံ၊ စိတ်၊ ဥတု၊ အာဟာရဟူသော အကြောင်းလေးပါးကြောင့်ဖြစ်သော ရူပါရုံကို စတုသမုဋ္ဌာနိကအဆင်းဟုခေါ်၏။ ထိုစတုသမုဋ္ဌာနိက အဆင်းသည် သက်ရှိသတ္တဝါတို့ခန္ဓာကိုယ်၏ ပင်ကိုမူရင်း အဆင်း ဖြစ်သောကြောင့် သက်မဲ့အရာဝတ္ထုများ၌မရှိနိုင်။ မိန်းမခန္ဓာကိုယ်၌ ဝတ်ဆင်ထားအပ်သော အဝတ်တန်ဆာစသည်တို့၏ကာယပဋိဗဒ္ဓ အဆင်းရောင်ကား ဥတုဇ အဆင်းသာတည်း။ နှင့် မိန်းမခန္ဓာကိုယ်၌ ဆင်ယင်ထားအပ်သော အဝတ်တန်ဆာ ပန်းနံ့သာ စသည်တို့၏ ကာယပဋိဗဒ္ဓဥတုဇအဆင်းသည်) ပုရိသဿ၊ (ရူပါရုံ၌ အထူးကြိုက်တတ်သော) ယောက်ျား၏။ စိတ္တံ၊ ကုသိုလ်စိတ်ကို(ကာမ ရူပ အရူပ လောကုတ္တရာဟူသော စတုဘူမက ကုသိုလ်စိတ်ကို) ပရိယာဒါယ၊ ယူဆောင်၍။ ဝါ၊ ကုန်ခန်းစေ၍။ ဝါ၊ ဖြစ်ခွင့်မရအောင် တားဆီးလျက်။ တိဋ္ဌတိ ယထာ၊ တည်ရှိသကဲ့သို့။ [ဣတ္ထိရူပါရုံသည် ကုသိုလ်စိတ် ဖြစ်ခွင့်မရအောင်တားဆီး၏။ ယင်းသို့ တားဆီးသည်ကိုပင် "ယူဆောင်သည်၊ ကုန်ခန်းစေသည်" ဟု ဆိုလိုသည်။] ဧဝံ၊ ဤအတူ။ ယံ၊ အကြင်အဆင်းသည်။ ပုရိသဿ၊ ယောက်ျား၏။ စိတ္တံ၊ ကုသိုလ်စိတ်ကို။ ပရိယာဒါယ၊ ၍။ ဝါ၊ လျက်။ တိဋ္ဌတိ၊ တည်ရှိ၏။ ဘိက္ခဝေ၊ ရဟန်းတို့ [နာဟံ ဘိက္ခဝေမှ ဘိက္ခဝေကို ယခုမှ အနက်ပေးရသည်။] အညံ၊ မိန်းမ၏အဆင်းမှ တပါးသော။ တံ ဧကရူပမ္ပိ၊ ထိုတခုသော အဆင်းကိုသော်မျှလည်း။ (ယောက်ျား၏ ကုသိုလ်စိတ်ကို ယူဆောင်နိုင်။ ကုန်ခန်းစေနိုင်သောထိုတခုတလေသော အဆင်းကိုသော်မျှလည်း) အဟံ၊ ငါသည်။ န သမနုပဿာမိ၊ မြင်တော်မမူ။ (သဗ္ဗညုတဉာဏ်စက္ခုဖြင့် အကုန်အစင် ကြည့်ရှု၍ပင် မြင်တော်မမူ။) ဘိက္ခဝေ၊ တို့။ ဣတ္ထိရူပံ၊ မိန်းမ၏ အဆင်းရူပါရုံသည်။ ပုရိသဿ၊ ၏။ စိတ္တံ၊ ကို။ ပရိယာဒါယ၊ ၍။ တိဋ္ဌတိ၊ ၏။ ဣတိ၊ ဤသို့။ (အဝေါစ၊ မိန့်တော်မူပြီ) [ဧတဒဝေါစမှ အဝေါစသို့ ပြန်စပ်သည်။ ထို့နောက် ဣတိတလုံး အကျေကြံပြီးလျှင် "ဣတိ၊ ဤသို့။ သုတံ၊ နာယူမှတ်မိထားအပ်ပါပြီ။ (တစ်နည်း) ဣတိ၊ ဤသို့။ သုတံ၊ နာယူမှတ်မိထိားခြင်းသည်။ အဟောသိ၊ ဖြစ်ပါပြီ" ဤသို့လည်းဆက်လက်၍ အနက်ဆိုလိုက ဆိုနိုင်၏။ ဧဝံ မေ သုတံသို့ ပြန်၍ ဆက်စပ် နိဂုံးအုပ်လိုက်ခြင်းတည်း။] ["ယံ ဧဝံ ပုရိသဿ စိတ္တံ ပရိယာဒါယ တိဋ္ဌတိ" ကား ဥပမေယျဝါကျ (နှိုင်းယှဉ်ခံရသော အနက်ဒြပ်ကို ဖော်ပြသော စကားရပ်) တည်း။ "ယထယိဒံ ဘိက္ခဝေ ဣတ္ထိရူပံ" ကား ဥပမာနဝါကျ(နှိုင်းယှဉ်ကြောင်း အနက်ဒြပ်ကိုပြသော စကားရပ်) တည်း။ ဥပမေယျဝါကျမှ ပုရိသဿ စိတ္တံစသောပုဒ်တို့ကို ဥပမာန ဝါကျသို့လည်း ဆွဲယူအနက်ပေးရသည်။ ထိုကဲ့သို့ ဆွဲယူမပေးလိုလျှင် ပြလတံ့သော နည်းအတိုင်းလည်း တိုတိုကျဉ်ကျဉ် အနက်ပေးနိုင်ပါ၏။] တနည်း- ဘိက္ခဝေ၊ တို့။ ဣဒံ ဣတ္ထိရူပံ ယထာ၊ ဤမိန်းမ၏အဆင်းကဲ့သို့။ ဧဝံ၊ ဤနည်းတူ။ ယံ၊ အကြင်အဆင်းသည်။ ပုရိသဿ၊ ၏။ စိတ္တံ၊ ကို။ ပရိယာဒါယ၊ ၍။ တိဋ္ဌိတိ၊ ၏။ ဘိက္ခဝေ၊ တို့။ အညံ၊ သော။ တံ ဧကရူပမ္ပိ၊ လည်း။ အဟံ၊ သည်။ နသမနုပဿာမိ၊ မမူ။ ဘိက္ခဝေ၊ တို့။ ဣတ္ထိရူပံ၊ သည်။ ပုရိသဿ၊ ၏။ စိတ္တံ၊ ကို။ ပရိယာဒါယ၊ ၍။ တိဋ္ဌတိ၊ ၏။ ဣတိ၊ ဤသို့။ (အဝေါစ၊ မိန့်တော်မူပြီ။ ဣတိ၊ ဤသို့။ သုတံ၊ နာယူမှတ်မိထားအပ်ပါပြီ)
ပဌမံ၊ ပဌမ စိတ္တပရိယာဒါနသုတ်တည်း။ [ရူပါရုံ။ သဒ္ဒါရုံစသော အာရုံငါးပါးတို့တွင် ရူပါရုံ၌ အထူးကြိုက်တတ်သော 'ရူပဂရုက' ယောက်ျားနှင့်စပ်၍ဤပဌမသုတ်ကို ဟောတော်မူသည်။ "စိတ္တံ ပရိယာဒါယ" ဟူသော ပါဠိကိုအစွဲပြု၍ စိတ္တပရိယာဒါနသုတ်ဟု ခေါ်၏။ နိပါတေသု ဧကကနိပါတောအာဒိ။ သုတ္တေသု စိတ္တပရိယာဒါနသုတ္တံ။ အဋ္ဌကထာ]
ဘိက္ခဝေ၊ တို့။ ဣဒံ(အယံ) ဣတ္ထိသဒ္ဒေါ၊ ဤမိန်းမ၏ အသံသည်။ ဝါ၊ ဤမိန်းမ၏ စကားပြောသံ။ သီချင်းဆိုသံစသော စိတ္တဇအသံ။ မိန်းမသည်ဝတ်ဆင်ထားအပ်သော အဝတ်တန်ဆာနှင့် တီးမှုတ်အပ်သော တူရိယာ စသည်တို့၏ ဥတုဇအသံသည်။ ပုရိသဿ၊ (သဒ္ဒါရုံ၌ အထူးကြိုက်တတ်သော) ယောက်ျား၏။ စိတ္တံ၊ ကုသိုလ်စိတ်ကို။ ပရိယာဒါယ၊ ၍။ ဝါ၊ ၍။ ဝါ၊ လျက်။ တိဋ္ဌတိ ယထာ၊ ကဲ့သို့။ ဧဝံ၊ ဤအတူ။ ယံ(ယော သဒ္ဒေါ)၊ အကြင် အသံသည်။
ပုရိသဿ၊ ယောက်ျား၏။ စိတ္တံ၊ ကို။ ပရိယာဒါယ၊ ၍။ တိဋ္ဌတိ၊ ၏။ ဘိက္ခဝေ၊ တို့။ အညံ၊ မိန်းမ၏ အသံမှ တပါးသော။ တံ ဧကသဒ္ဒမ္ပိ၊ ထိုတခုသော အသံကိုသော်မျှလည်း။ (ယောက်ျား၏ ကုသိုလ်စိတ်ကို ယူဆောင်နိုင်ကုန်ခန်းစေနိုင်သော ထိုတစ်ခုတလေသော အသံကို သော်မျှလည်း) အဟံ၊ ငါသည်။ န သမနုပဿမိ၊ မမူ။ ဘိက္ခဝေ၊ တို့။ ဣတ္ထိသဒ္ဒေါ၊ မိန်းမ၏ အသံသည်။ ပုရိသဿ၊ ၏။ စိတ္တံ၊ ကို။ ပရိယာဒါယ၊ ၍။ တိဋ္ဌတိ၊ ၏။ ဣတိ၊ သို့။ (အဝေါစ၊ ပြီ) [အကယ်၍ ဥပမေယျဝါကျမှ ပုဒ်တို့ကို ဆွဲမယူဘဲ တိုတိုကျဉ်းကျဉ်းအနက်ပေးလိုလျှင် ပြလတ္တံ့သော နည်းအတိုင်းဆိုပါ။] တစ်နည်း- ဘိက္ခဝေ၊ တို့။ ဣဒံ (အယံ) ဣတ္ထိသဒ္ဒေါယထာ၊ ဤမိန်းမ၏အသံကဲ့သို့။ ဧဝံ၊ ဤနည်းတူ။ ယံ (ယော သဒ္ဒေါ)၊ အကြင် အသံသည်။ ပုရိသဿ၊ ၏။ စိတ္တံ၊ ကို။ ပရိယာဒါယ၊ ၍။ တိဋ္ဌတိ၊ တည်၏။ ဘိက္ခဝေ၊ တို့။ အညံ၊ သော။ တံ ဧကသဒ္ဒမ္ပိ၊ လည်း။ နသမနုပဿာမိ၊ မမူ။ ဘိက္ခဝေ၊ တို့။ ဣတ္ထိသဒ္ဒေါ၊ သည်။ ပုရိသဿ၊ ၏။ စိတ္တံ၊ ကို။ ပရိယာဒါယ၊ ၍။ တိဋ္ဌတိ၊ ၏။ ဣတိ၊ သို့။ (အဝေါစ၊ ပြီ။ ဣတိ၊ သို့။ သုတံ၊ ပြီ)
ဒုတိယံ၊ နှစ်ခုမြောက် စိတ္တပရိယာဒါနသုတ်တည်း။ (အာရုံငါးပါးတို့တွင် သဒ္ဒါရုံ ၌ အထူးကြိုက်တတ်သော 'သဒ္ဒဂရုက' ယောက်ျားနှင့်စပ်၍ ဟောတော်မူအပ်သော စိတ္တပရိယာဒါနသုတ်တည်း။)
[ဤနေရာမှ စ၍ ထူးသော ပုဒ်တို့ကိုသာ အနက်ရေးတော့မည်] ဣဒံ(အယံ) ဣတ္ထိဂန္ဓော၊ ဤမိန်းမ၏ အနံ့ဂန္ဓာရုံသည်။ ဝါ၊ ဤမိန်းမ ခန္ဓာကိုယ်၏ စတုသမုဋ္ဌာနိကအနံ့နှင့် မိန်းမခန္ဓာကိုယ်၌ ဆင်ယင်ထားအပ်သောအဝတ်တန်ဆာ ပန်းနဲ့သာ စသည်တို့၏ ဥတုဇအနံ့သည်။ ပုရိသဿ၊ (အနံ့၌အထူးကြိုက်တတ်သော) ယောက်ျား၏။ ပ။ ဧဝံ၊ တူ။ ယံ (ယောဂန္ဓော)၊ အကြင်အနံ့သည်။ ပုရိသဿ၊ ၏။ ပ။ အညံ၊ မိန်းမ၏ အနံ့မှတပါးသော။ တံ ဧကဂန္ဓမ္ပိ၊ ထိုတခုသော အနံ့ကိုသော်မျှလည်း။ (ယောက်ျား၏ကုသိုလ်စိတ်ကို ယူဆောင်နိုင် ကုန်ခန်းစေနိုင်သော ထိုတခုတလေသော အနံ့ကိုသော်မျှလည်း)။ ပ။
ဣတ္ထိဂန္ဓော၊ မိန်းမ၏အနံ့သည်။ ပ။ တိဋ္ဌတိ၊ ၏။ ဣတိ၊ သို့။ (အဝေါစ၊ ပြီ)
တတိယံ၊ သုံးခုမြောက် စိတ္တပရိယာဒါနသုတ်တည်း။ (အာရုံငါးပါးတို့တွင် ဂန္ဓာရုံ၌ အထူးကြိုက်တတ်သော ဂန္ဓရုက ယောက်ျားနှင့်စပ်၍ ဟောတော်မူသော တတိယ စိတ္တပရိယာဒါနသုတ်တည်း။) [ဒုတိယနည်း အနက်ပေးပုံလည်း သိလောက်ပြီ။]
ဣဒံ(အယံ) ဣတ္ထိရသော၊ ဤမိန်းမ၏ အရသာ ရသာရုံသည်။ ဝါ၊ ဤမိန်းမခန္ဓာကိုယ်၏ စတုသမုဋ္ဌာနိက အရသာ, မိန်းမနှုတ်ခမ်း၌ရှိသောတံတွေးရည် ကွမ်းရည်စသည်နှင့် မိန်းမက ချက်ပြုတ်ပေးအပ်သော ယာဂုထမင်းစသည်တို့၏ အရသာသည်။ [သက်ရှိသတ္တဝါတို့၏ ခန္ဓာကိုယ်မှ ကင်းကွာ မသွားသေးသော ရသာရုံအဆက်ဆက်နှင့် အချို့ရုပ်အဆက်ဆက်တို့သည်စတုသမုဋ္ဌာနိကတွင် ပါဝင်နိုင်၏။ ခန္ဓာကိုယ်တွင်းမှ ကင်းကွာ၍ တသီးတခြားဖြစ်သွားလျှင်ကား ဥတုဇသာဖြစ်နိုင်တော့၏။] ပုရိသဿ၊ (အရသာ၌ အထူးကြိုက်တတ်သော) ယောက်ျား၏။ ပ။ ဧဝံ၊ တူ။ ယံ(ယော ရသော၊ ) အကြင်အရသာသည်။ ပ။ အညံ၊ မိန်းမ၏ အရသာမှ တပါးတခြားသော။ တံ ဧကရသမ္ပိ၊ ထိုတခုသော အရသာကိုမျှသော်လည်း။ ပ။ ဣတ္ထိရသော၊ မိန်းမ၏အရသာသည်။ ပ။
စတုတ္ထံ၊ လေးခုမြောက် စိတ္တပရိယာဒါနသုတ်တည်း။ [ရသဂရုကယောက်ျားနှင့် စပ်၍ ဟောသည်။]
ဣဒံ (အယံ) ဣတ္ထိဖောဋ္ဌဗ္ဗော၊ ဤမိန်းမ၏ အတွေ့ ဖောဋ္ဌဗ္ဗာရုံသည်။ ဝါ၊ ဤမိန်းမခန္ဓာကိုယ်၏ စတုသမုဋ္ဌာနိကအတွေ့နှင့် မိန်းမခန္ဓာကိုယ်၌ဆင်ယင်ထားအပ်သော အဝတ်တန်ဆာ ပန်းစသည်တို့၏ ဥတုဇအတွေ့သည်။ ပုရိသဿ၊ (အတွေ့၌ အထူးကြိုက်တတ်သော) ယောက်ျား၏။ ပ။ ဧဝံ၊ တူ။ ယံ (ယော ဖောဋ္ဌဗ္ဗော)၊ အကြင်အတွေ့သည်။ ပ။ အညံ၊ မိန်းမ၏ အတွေ့မှတပါးတခြားသော။ တံ ဧကဖောဋ္ဌဗ္ဗမ္ပိ၊ ထိုတခုသော အတွေ့ကိုသော်မျှလည်း။ ပ။
ဣတ္ထိဖောဋ္ဌဗ္ဗော၊ မိန်းမ၏ အတွေ့သည်။ ပ။
ပဉ္စမံ၊ ငါးခုမြောက် စိတ္တပရိယာဒါန သုတ်တည်း။ [ဖောဋ္ဌဗ္ဗဂရုက ယောက်ျားနှင့် စပ်၍ ဟောသည်။]
ဣဒံ ပုရိသရူပံ၊ ဤယောက်ျား၏ အဆင်းသည်။ ဝါ၊ ဤယောက်ျားခန္ဓာကိုယ်၏ စတုသမုဋ္ဌာနိက အဆင်းနှင့် ယောက်ျားခန္ဓာကိုယ်၌ ဆင်ယင်ထားအပ်သော အဝတ်တန်ဆာ နံ့သာပျောင်း စသည်တို့၏ ဥတုဇ အဆင်းသည်။ ဣတ္ထိယာ၊ (ရူပါရုံ၌ အထူးကြိုက်တတ်သော) မိန်းမ၏။ စိတ္တံ၊ ကုသိုလ်စိတ်ကို။ ပ။ ဧဝံ၊ တူ။ ယံ၊ အကြင်အဆင်းသည်။ ဣတ္ထိယာ၊ မိန်းမ၏။ စိတ္တံ၊ ကို။ ပ။ အညံ၊ ယောက်ျား၏ အဆင်းမှတပါး တခြားသော။ တံ ဧကရူပမ္ပိ၊ ထိုတခုသောအဆင်းကိုသော်မျှလည်း။ (မိန်းမ၏ ကုသိုသ်စိတ်ကို ယူဆောင်နိုင် ကုန်ခန်းစေနိုင်သော ထိုတစ်ခုသော အဆင်းကို သော်မျှလည်း) အဟံ၊ သည်။ န သမနုပဿာမိ၊ မမူ။
ဘိက္ခဝေ၊ တို့။ ပုရိသရူပံ၊ ယောက်ျား၏ အဆင်းရူပါရုံသည်။ ဣတ္ထိယာ၊ ၏။ ပ။
ဆဋ္ဌံ၊ ခြောက်ခုမြောက် စိတ္တပရိယာဒါနသုတ်တည်း။ (အာရုံငါးပါးတို့တွင် ရူပါရုံ၌ အထူးကြိုက်တတ်သော ရူပဂရူက မိန်းမနှင့်စပ်၍ ဟောတော်မူအပ်သော ဆဋ္ဌစိတ္တပရိယာဒါနသုတ်တည်း။) [ကျန်သုတ်များကို ဤနည်းမှီ၍ အနက်ဆိုလေ။] ပဌမော၊ ရှေးဦးစွာသော။ ရူပါဒိဝဂ္ဂေါ၊ ရူပါဒိဝဂ်တည်း။