Chọn phiên bản
sāsanāre-သာသနာရေး
မြန်မာဘာသာ
元亨寺·CBETA
中文
Bhikkhu Bodhi
English
Ekakanipātapāḷi

4. Catutthavaggo

Tác giả: sāsanāre-သာသနာရေး @ IAPT

ဗဟုဿုတာနံ၊ များစွာသော ပရိယတ္တိဓမ္မသုတ ရှိကုန်သော။ ဝါ၊ (တရားဘဏ္ဍာတော်စိုးအနေအားဖြင့်) များစွာကြားနာ သင်မှတ်အပ်ပြီးသောသုံးဖြာပိဋ္ဋကတ် ပရိယတ်တရားတော် ရှိကုန်သော။ ဘိက္ခူနံ။ ပ။
သတိမန္တာနံ၊ လွန်ကဲသော သတိရှိကုန်သော။ (မြတ်စွာဘုရား တရားတော်ကို မမေ့ပျောက်အောင် မှတ်သားထားတိုင်သော သတိရှိကုန်သော) ဘိက္ခူနံ။ ပ။

ဂတိမန္တာနံ အရှင်အာနန္ဒာ၏ ဂတိမန္တတာ(မှတ်ဉာဏ်) စွမ်းရည်။ ။ ပထမအကြိမ်ရိုက် အင်္ဂုတ္တိုရ်နိဿယ ဤနေရာ၌ အရှင်အာနန္ဒာ၏ ဂတိမန္တ တာစွမ်းရည်ကိုဤသုတ်အဋ္ဌကထာအတိုင်း အနည်းငယ်မျှရေးသားခဲ့၏။ ယခုနောက်ထပ်အကြိမ်ရိုက် စာအုပ်၌မူ အခြားအဋ္ဌကထာဋီကာတို့မှလည်းယူ၍ စုံလင်အောင်ရေးသင့်သမျှရေးပါဉီးမည်။ အရှင်အာနန္ဒာ၏ ဂတိမန္တတာစွမ်းရည်ကို ဖွင့်ပြသောဤသုတ်အဋ္ဌကထာ၌- ၊ လွန်ကဲသော ဉာဏ်ပညာရှိကုန်သော။ (မြတ်စွာဘုရားဟောတော်မူအပ်သည့်အတိုင်း အားလုံးသောပုဒ်တို့ကို သိနိုင်သော လွန်ကဲသောမှတ်ဉာဏ်ရှိကုန်သော)

"အယမေဝ စာယသ္မာ ဧကပဒေ ဌတွာ သဋ္ဌိပဒသဟဿာနိ ဂဏှန္တောသတ္ထာရာ ကထိတနိယာမေနေဝ သဗ္ဗပဒါနိ ဇာနာတိ၊ တသ္မာ ဂတိမန္တာနံအဂ္ဂေါနာမ ဇာတော" ဟူ၍ မိန့်ဆိုတော်မူ၏။ ယင်းသို့မိန့်ဆိုရာ၌ "ဧကပဒေဌတွာ" ဟူသော ပါဌ်ကို "ဧကပဒေ- တစ်ခုတည်းသော ခြေ၌၊ ဝါ- ခြေဖဝါးချနင်းရာ တနေရာတည်း၌။ ဌတွာ- (မရွှေ့ပြောင်းဘဲ) ရပ်၍" ဟု အနက်ပြန်ဆိုပြီးလျှင် "အရှင်အာနန္ဒာသည် နေရာရွှေ့ပြောင်းမှု မပြုဘဲ ခြေဖဝါးချနင်းရာတနေရာတည်း၌ ရပ်လျက်ပင် ဂါထာပါဒပေါင်း ခြောင်းသောင်းတို့ကို (သို့မဟုတ်) လေးပါဒရှိသော ဂါထာပေါင်း တစ်သောင်းငါးထောင်တို့ကို သင်ယူနိုင်စွမ်းရှိ၍ မြတ်စွာဘုရား ဟောတော်မူအပ်သည့်အတိုင်း အားလုံးသောပုဒ်တို့ကိုသိနိုင်၏။ ထို့ကြောင့် အရှင်အာနန္ဒာသည် ဂတိမန္တပုဂ္ဂိုလ် (မှတ်ဉာဏ်စွမ်းရှိသူ) တို့တွင် အမြတ်ဆုံး, အသာလွန်ဆုံးဖြစ်သည်" ဟူ၍ ထိုအဋ္ဌကထာဝါကျကိုမြန်မာပြန်ဆိုရမည်ဖြစ်၏။

ထိုအတူ အဋ္ဌသာလိနီ နိဒါနကထာ(နှာ-၁၆) ၌လည်း "ဌိတပဒေနေဝဌတွာ ဂဏှာတိ ဝါ ဝါစေတိ ဝါ ဒေသေတိ ဝါ" ဟု မိန့်ဆို၏။ ထိုအဋ္ဌသာလိနီ၌" ဌိတပဒေနေဝ- (မရွှေ့ပြောင်းဘဲ) ရပ်တည်နေသောခြေဖြင့်သာလျှင်၊ ဌတွာ- ရပ်၍" ဟု အနက်ပြန်ဆိုသင့်၏။ ပြည်နိဿယ(ပ-၆၅) ၌လည်း "ဌိတပဒေနေဝ- ရပ်သောခြေဖြင့်သာလျှင်ဟုပင် အနက်ပြန်ဆိုတော်မူ၏။ ထို့ကြောင့်ဆိုလိုရင်းမှာလည်း "အရှင်အာနန္ဒာထေရ်မြတ်သည် မရွှေ့ပြောင်းဘဲ ရပ်တည်နေသော ခြေဖြင့်သာလျှင် ရပ်၍ထိုဂါထာပေါင်း တစ်သောင်းငါးထောင်တို့ကို (နွယ်ပန်းများကို တနေရာတည်း၌ရပ်၍ ဆွဲငင်ယူလိုက်သကဲ့သို့) သင်ယူပို့ချဟောပြောနိုင်စွမ်းရှိသည်" ဟူ၍ မြန်မာပြန်ရသောကြောင့် ထိုအဋ္ဌသာလိနီသည်လည်း အင်္ဂုတ္တိုရ်အဋ္ဌကထာနှင့် အတူတူပင်တည်း။

ဘိက္ခူနံ။ ပ။ ဧတံ (ဧသော)၊ ထိုအာနန္ဒာသည်။ အဂ္ဂံ (အဂ္ဂေါ)၊ တည်း။ သို့သော် ထိုင်ခြင်း, အိပ်ခြင်း, သွားခြင်း ဣရိယာပုထ် သုံးမျိုးတို့သည်အချိန်အကြာကြီး ဖြစ်နိုင်ရကား ထိုဣရိယာပုထ်သုံးမျိုးဖြင့် သင်ယူပို့ချဟောပြောနိုင်သည် ဆိုခြင်းမှာ အရှင်အာနန္ဒာကို ချီးမွမ်းရာ မရောက်နိုင်၊ ထို့အပြင် "ဌိတပဒေနေဝ ဌတွာ" ဟု ရှိရာတွင် ဌိတပဒေနေဝ၌ ပဒသဒ္ဒါအတွက် အခြေဟူသော အနက်ကိုယူမှသာလျှင် "ဌတွာ၊ ရပ်၍" ဟူသောအနက်နှင့် ဆီလျော်ပါ၏။ ယင်းသို့မဟုတ်ဘဲ ဆရာတော်များမိန့်တော်မူသည့်အတိုင်း ဌိတပဒေပုဒ်အရ ဣရိယာပုထ်လေးပါးလုံးကို ယူလိုက်ပါက သွားခြင်း, ထိုင်ခြင်း, အိပ်ခြင်းဣရိယာပုထ်သုံးမျိုးတို့သည် "ဌတွာ= ရပ်၍" ဟူသောအနက်နှင့် မဆီလျော်လှပေ။ အကယ်၍ ရောက်ဆဲဣရိယာပုထ်တခုမှ အခြားဣရိယာပုထ် တစ်ခုသို့မပြောင်းလဲဘဲ ရပ်တန့်ထားသည်ကို "ဌတွာ- ရပ်၍" ဟု ဆိုလိုပါသည်။ မတ်တပ်ရပ်သည်ကို မဆိုလိုပါဟု ငြင်းဆိုနိုင်သော်လည်း ဧကပဒုဒ္ဓါရေ (ဧကပဒုဒ္ဓါရေတိ ဧကသ္မိံ ပဒုဒ္ဓါရဏက္ခဏေ) ဟူသော ပြလတ္တံ့သော မူလပဏ္ဏာသအဋ္ဌကထာဋ္ဋီကာတို့နှင့်တကွ ပြခဲ့သောအနက်အဓိပ္ပာယ်များအရ ပဒသဒ္ဒါအတွက်ခြေဟူသောအနက်ကို ယူခြင်းသာလျှင်အသင့်ယုတ္တိရှိပါ၏။ ထို့ကြောင့်ပဒသဒ္ဒါအတွက် အဖို့အစုဟူသော ဘာသာဋီကာအနက်နှင့် ဣရိယာပုထ်ဟူသောအချို့ဆရာတို့အနက်များ ဖြစ်သင့်မဖြစ်သင့် စဉ်းစားသင့်ပါသည်။

ဓိတိမန္တာနံ၊ လွန်ကဲသော ဝီရိယရှိကုန်သော။ (မြတ်စွာဘုရားတရားကို သင်ယူခြင်း, ရွတ်အံခြင်း, မှတ်သားဆောင်ရွက်ထားခြင်း, မြတ်စွာဘုရားအား ဝတ်ကြီးဝတ်ငယ် ပြုစုခြင်းတို့၌ လွန်ကဲသော ဝီရိယရှိကုန်သော)။

မူလပဏ္ဏာသအဋ္ဌကထာ။ ။ ဤနေရာဝယ် မူလပဏ္ဏာသအဋ္ဌကထာ၊ ဒု- ၂၃၇ (မဟာဝေဒလ္လသုတ်) ၌ "တထာ ယာယ ဝါ တာယ ဝါ အပ္ပမတ္တိကာယပညာယ သမန္နာဂတော ဘိက္ခု စတူဟိ မာသေဟိ စတုပ္ပိုကမ္ပိ ဂါထံဂဟေတုံ န သက္ကောတိ၊ မဟာပညော ပန ဧကပဒေ ဌတွာ ပဒသတမ္ပိပဒသဟဿမ္ပိ ဂဏှာတိ၊ အာနန္ဒတ္ထေရော ပန မဟာပညတာယ ဧကပဒုဒ္ဓါရေဌတွာ သကိံယေဝ သုတွာ ပုန အပုစ္ဆန္တော သဋ္ဌိပဒသဟဿာနိ ပန္နရသဂါထာသဟဿာနိ ဝလ္လိယာ ပုပ္ဖါနိ အာကဍ္ဎိတွာ ဂဏှာန္တော ဝိယ ဧကပ္ပဟာရေနေဝဂဏှာတိ၊ ဂဟိတဂဟိတံ ပါသာဏေ ခတလေခါ ဝိယ သုဝဏ္ဏဃဋေ ပက္ခိတ္တသီဟဝသာ ဝိယ စ ဂဟိတာကာရေနေဝ တိဋ္ဌတိ၊ တေနေဝ နံ ဘဂဝါဧတဒဂ္ဂေ ဌပေသိ" ဟူ၍ မိန့်တော်မူ၏။

ဤမူလပဏ္ဏာသအဋ္ဌကထာ၌ ပုဂ္ဂိုလ်သုံးမျိုးပြထားသည်ကိုတွေ့ရ၏၊ (၁) မလောက်လေးမလောက်စား သေးသေးမွှားမွှား ဉာဏ်ကလေးမျှသာရှိသော(ဉာဏ်ထိုင်းသော) ပုဂ္ဂိုလ်။ (၂) ဉာဏ်ပညာထက်မြက်သော မဟာပညပုဂ္ဂိုလ်၊ (၃) ထို့ထက်ဉာဏ်ပညာထက်မြက်သော အရှင်အာနန္ဒာဟူ၍ ပုဂ္ဂိုလ်သုံးမျိုးတွေ့ရ၏။ ယင်းသုံးမျိုးကို ဂဏန်းစဉ်ပြပြီး မူလဂဏ္ဏာသအဋ္ဌကထာကို မြန်မာပြန်ရသော်-

(၁) ဉာဏ်ထိုင်းသော ပုဂ္ဂိုလ်သည် လေးပါးဒရှိသော ဂါထာတပုဒ်မျှကိုပင်လေးလတိတိ ကျက်မှတ်သော်လည်း မမှတ်မိ မရရှိနိုင်ဘဲဖြစ်နေ၏။ (၂) မဟာပညပုဂ္ဂိုလ်သည်ကား ဧကပဒဟုခေါ်သော ခြေဖဝါးချနင်းရာတနေရာတည်း၌မရွှေ့မပြောင်းဘဲရပ်လျက် (ထိုဧကပဒ အခိုက်အတန့် အတွင်း၌ ဂါထာတပုဒ်မျှသာမက) ပဒသတဟုခေါ်သော ဂါထာ(၂၅) ပုဒ်ကိုလည်းကောင်း, ပဒသဟဿဟုခေါ်သော ဂါထာပေါင်း ၉၂၅၀)ကိုလည်းကောင်း နှုတ်တက်ရအောင် ကျက်မှတ်နိုင်၏။ (၃) အရှင်အာနန္ဒာထေရ်မြတ်သည်ကား မဟာပညပုဂ္ဂိုလ်ဖြစ်သောကြောင့်ဧကပဒုဒ္ဓါရဟုခေါ်သော ခြေထောက်ကြွမြှောက်ရာ အခိုက်အတန့် အချိန်ပိုင်းကလေး တစ်ခုအတွင်း၌ ဂါထာပေါင်းတစ်သောင်းငါးထောင်တို့ကို တကြိမ်ကြားလိုက်ရုံမျှဖြင့် နောက်ထပ်မေးမြန်းရခြင်းမရှိဘဲ ကြားလိုက်သည်နှင့် တပြိုင်နက်နှုတ်တက်ရအောင် မှတ်ယူနိုင်၏။ တစ်ကြိမ်တည်းဖြင့် ပန်းအားလုံးကို နွယ်ဖြင့်ဆွဲငင် ယူလိုက်သည်နှင့်တူ၏။ ထိုနှုတ်တက်မှတ်ယူလိုက်ပြီးသမျှ ဂါထာများကားဘယ်တော့မျှ မေ့ပျောက်ခြင်း မရှိတော့ဘဲ ကျောက်သားပေါ်၌ ထွင်းထားအပ်သောအက္ခရာအရေးအသားကဲ့သို့လည်းကောင်း, ရွှေအိုး၌ထည့်ထားအပ်သော ခြ‌ေင်္သ့ဆီကဲ့သို့လည်းကောင်း နဂိုမူလမှတ်သားထားသည့်အတိုင်း အမြဲတည်ရှိနေ၏။ ထို့ကြောင့်ပင် မြတ်စွာဘုရားသည် အရှင်အာနန္ဒာထေရ်ကို အမြတ်ဆုံးအသာဆုံးပုဂ္ဂိုလ်ဟူသော ဧတဒဂ်ရာထူး၌ထားတော်မူ၏။ (ဤကား မူလပဏ္ဏာသ အဋ္ဌကထာ ယခုစာမူအတိုင်း မြန်မာပြန်လိုက်ခြင်းတည်း)။

ဥပဋ္ဌာကာနံ၊ မြတ်စွာဘုရားအား လုပ်ကျွေးပြုစုကုန်သော။ ပ။
မဟာပရိသာနံ၊ များသောအခြံအရံပရိသတ်ရှိကုန်သော။ ပ။
ကုသပ္ပသာဒကာနံ၊ အမျိုးဒါယကာတို့ကို ကြည်ညိုစေတတ်ကုန်သော။ ပ။
အပ္ပါဗာဓာနံ၊ အနာရောဂါ မရှိကုန်သော။ ပ။ လက်ရှိပါဠိတပုဒ် စဉ်းစားဖွယ်။ ။ ယခုတွေ့ရသော ထိုမူလပဏ္ဏာသအဋ္ဌကထာ၌ "ဧကပဒေ" ဟုလည်းကောင်း, ဧကပဒုဒ္ဓါရေ" ဟုလည်းကောင်းပါဠိနှစ်မျိုးတွေ့ရ၏။ ယင်းသို့တွေ့ရသည့်အတိုင်းဆိုလျှင် မဟာပညပုဂ္ဂိုလ်အတွက် "ဧကပဒေ" ဟု သတ်မှတ်ဖေါ်ပြပြီး အရှင်အာနန္ဒာအတွက်ကိုမူ "ဧကပဒုဒ္ဓါရေ" ဟု သတ်မှတ်ဖေါ်ပြသည်ဟု ဆိုရမည်ဖြစ်၏။ ထို့ကြောင့် အတော်အတန်ထူးခြားသော မဟာပညပုဂ္ဂိုလ်၏ ဧကပဒသည် ထို့ထက်သာလွန်ထူးခြားသော အရှင်အာနန္ဒာ၏ ဧကပဒုဒ္ဓါရနှင့် အနက်အဓိပ္ပါယ် ထပ်တူညီမျှမဖြစ်နိုင်၊ ဧကပဒုဒ္ဓါရပုဒ်နှင့် အနက်တူအောင် ဧကပဒပုဒ်၌ ဥဒ္ဓါရပုဒ် ကျေပျောက်နေသည်ဟုလည်း မဆိုနိုင်၊ ထိုကြောင့် မူလပဏ္ဏာသအဋ္ဌကထာ၌ရှိသော ဧကပဒေပုဒ်ကိုလည်း ပြခဲ့သော ယခင် အင်္ဂုတ္တိုရ်အဋ္ဌကထာဝါကျတုန်းက အတိုင်းပင် "ဧကပဒေ- ခြေဖဝါးချနင်းရာ တနေရာတည်း၌" ဟူ၍ အနက်ပြဆိုရတော့မည်ဖြစ်၏၊ သို့သော် မိမိစဉ်းစားမိသည်ကား-
ပုဗ္ဗေနိဝါသံ၊ ရှေး၌ နေအပ်ခဲဘူးသော ခန္ဓာအစဉ်ကို။ အနုဿရန္တာနံ၊ အစဉ်လျှောက်၍ အောက်မေ့နိုင်ကုန်သော။ ပ။
ဝိနယဓရာနံ၊ ဝိနည်းကိုဆောင်ကုန်သော။ ပ။
ဘိက္ခုနောဝါဒကာနံ၊ ဘိက္ခုနီတို့ကိုဆုံးမတတ်ကုန်သော။ ပ။
ဣန္ဒြိယေသု၊ စက္ခုစသော ဣန္ဒြေခြောက်ပါးတို့၌။ ဂုတ္တဒွါရာနံ၊ လုံခြုံစွာ ပိတ်ဆီးအပ်သော ဒွါရရှိကုန်သော။ ပ။
ဘိက္ခုဩဝါဒကာနံ၊ ရဟန်းတို့ကို ဆုံးမတတ်ကုန်သော။ ပ။ အဋ္ဌကထာချင်း အဆိုအမိန့် တူမတူတိုက်ဆိုင်။ ။ ထို့အပြင် ယခင်အ ဋ္ဌသာလိနီအဋ္ဌကထာ၌ ဖေါ်ပြထားသော "ဌိတပဒေနေဝ" ဟူသောပုဒ်သည်မူလပဏ္ဏာသအဋ္ဌကထာမှ "ဧကပဒုဒ္ဓါရေ" ဟူသောပုဒ်နှင့် သဒ္ဓါချင်းအလွန်ကွဲပြားခြားနားသောကြောင့် "ဌိတ- ရပ်တည်" ဟူသောအနက်နှင့် "ဥဒ္ဓါရ- ကြွေမြှောက်" ဟူသော အနက်သည်လည်း အလွန်ကွဲပြားခြားနား၏။ ထို့ကြောင့်ဌိတပဒေနေဝပုဒ်နှင့် ဧကပဒုဒ္ဓါရေပုဒ်တို့သည် မည်သည့်နည်းနှင့်မျှ အနက်အဓိပ္ပါယ်အတူတူ မဖြစ်နိုင်၊ သို့ဖြစ်လျှင်အရှင်အာနန္ဒာတပါးတည်း၏ ဉာဏ်စွမ်းရည်ကိုဖေါ်ပြသော အဋ္ဌသာလိနီ, အင်္ဂုတ္တိုရ်အဋ္ဌကထာဟူသော ကျမ်းစာနှစ်စောင်နှင့် မူလပဏ္ဏာသအဋ္ဌကထာတို့သည် အနက်အဓိပ္ပါယ် တထပ်တည်းတူသည်ဟု မဆိုနိုင်။
တေဇောဓာတုကုသလာနံ၊ တေဇောဓာတ်ကို ဝင်စားခြင်း၌ ကျွမ်းကျင်ကုန်သော။ ဝါ၊ တေဇောကသိဏဈာန်ကို ဝင်စားခြင်း၌ ကျွမ်းကျင်ကုန်သော။ ပ။
ပဋိဘာနေယျကာနံ၊ မြတ်စွာဘုရားအား တရားဒေသနာတော် ထင်ပေါ်လာခြင်းကို ဖြစ်စေနိုင်ကုန်သော။ [ရာဓထေရ်ကို တွေ့မြင်ရခြင်း, သူ၏ပြဿနာ မေးမြန်းခြင်းတို့ကြောင့်မြတ်စွာဘုရားမှ ရာဓသံယုတ်ဆိုင်ရာ သိမ်မွေ့သော အကြောင်းအရာများထင်ပေါ်လာသည်]။ ပ။
ဘူခစီဝရဓရာနံ၊ (ဓားဖြတ်, အပ်ချည် ချုပ်သီ,ဆိုငြား ဤသုံးပါးကြောင့်) အကြမ်းစား အညံ့စားဖြစ်သော ပသုကူသင်္ကန်းကိုဆောင်ကုန်, ဝတ်ရ့ုကုန်သော။ ပ။ ထို့အပြင်အင်္ဂုတ္တိုရ်အဋ္ဌကထာ၌ ပါရှိသော ဧကပဒေပုဒ်၌ ဥဒ္ဓါရပုဒ်အကျေကြံလျှင် အင်္ဂုတ္တိုရ်အဋ္ဌကထာ အမိန့်စကားသည် မူလပဏ္ဏာသအဋ္ဌကထာအမိန့်စကားနှင့် တထပ်တည်းတူသည်ဟု ဆိုနိုင်စရာရှိပေ၏။ သို့သော်အင်္ဂုတ္တိုရ်အဋ္ဌကထာစကားသည် ဆန်းဂိုဏ်းကိုငဲ့ရသော ဂါထာလည်းမဟုတ်၊ နှုတ်ဖြင့်ဟောသော တရားလည်းမဟုတ်၊ လက်ဖြင့်ရေးထားသော စုဏ္ဏိယစကားပြေသက်သက်သာဖြစ်၏။ ထို့ကြောင့် မူလပဏ္ဏာသအဋ္ဌကထာစကားနှင့်တထပ်တည်း တူညီစေလိုလျှင် ဥဒ္ဓါရပုဒ်ကိုဖြုတ်မချခဲ့ဘဲ မူလပဏ္ဏာသအဋ္ဌကထာကဲ့သို့ပင် "ဧကပဒုဒ္ဓါရေ" ဟူ၍ ဥဒ္ဓါရေပုဒ်ကို တိုက်ရိုက်ထည့်စွက်ရေးခဲ့မည်သာဖြစ်၏။ ယခုမူ ယ၍်းသို့မရေးခဲ့သည်ကိုထောက်လျှင် ထိုအင်္ဂုတ္တိုရ်အဋ္ဌကထာစကားသည် မူလပဏ္ဏာသအဋ္ဌကထာနှင့်တထပ်တည်း တူညီမူမဖြစ်နိုင်၊ အဋ္ဌသာလိနီနှင့်သာ တထပ်တည်းတူညီမှုဖြစ်နိုင်၏။ သို့ရာတွင် ဂါထာပေါင်းတစ်သောင်းငါးထောင်ကို နှုတ်တက်ဆောင်ယူမှတ်သားနိုင်စွမ်းရှိသော အရှင်အာနန္ဒာအတွက် မူလပဏ္ဏာသအဋ္ဌကထာ၌ ဧကပဒုဒ္ဓါရဖြင့် အချိန်ကန့်သတ်ပြီးအဋ္ဌသာလိနီနှင့် အင်္ဂုတ္တိုရ်အဋ္ဌကထာတို့၌ ဧကပဒ, ဌိတပဒတို့ဖြင့် အချိန်ကန့်သတ်သည်ဟူ၍ ဤမျှလောက်သာ ကွဲပြားခြားနားသောကြောင့် တထပ်တည်းမတူဟုသာဆိုနိုင်ပြီး ထိုအဋ္ဌကထာများ တကျမ်းနှင့်တကျမ်း ဆန့်ကျင်သည်ဟုမဆိုနိုင်ပါ။ တထပ်တည်း မတူခြင်းမှာလည်း ထိုပါဠိတော်များကို ကျက်မှတ်ဆောင်ယူကြသော ဘာဏကထေရ်ချင်း မတူသောကြောင့်ဖြစ်တန်ရာ၏။