**သင်္ခမုဏ္ဍိကာ**။ ။ မုဏ္ဍနံ မုဏ္ဍိကာ- ဉီးပြည်းခြင်း၊ ခေါင်းတုံးခြင်း၊ ခေါင်းရိတ်ခြင်း၊ မုဏ္ဍဓာတ်၊ ဏျပစ္စည်း၊ ဣလာ၊ ယကို ကပြု၊ (တစ်နည်း) မုဏ္ဍနံ မုဏ္ဍော ၊ မုဏ္ဍော ဧဝ မုဏ္ဍိကာ- ခေါင်းတုံးခြင်း။ မုဏ္ဍပုဒ်၊ တဒ္ဓိတ်ဣကပစ္စည်းကြံ။ "စရဏံ စာရိကာ၊ စရဏံ ဝါ စာရော၊ စာရော ဧဝစာရိကာ" ဟူသော သီလက္ခန် အမ္ဗဋ္ဌသုတ်ဋ္ဋီကာ (နှာ- ၂၈၆)ဝိဂြိုလ်နှင့် အလားတူကြံခြင်းဖြစ်၏။ ထို့နောက် "သင်္ခံ ဝိယ မုဏ္ဍိကာ သင်္ခမုဏ္ဍိကာ- ခရုသင်းနှင့်တူအောင် ဉီးပြည်းခေါင်းတုံးခြင်း" ဟူ၍ အကျဉ်းချုပ်ဝိဂြိုဟ်အနက်ဆိုလေ။ သင်္ခံ ဝိယ မုဏ္ဍကရဏံ ကမ္မကာရဏံ။ ဋ္ဋီကာ။
၊ ခရုသင်းအတူ ဖွေးဖွေးဖြးအောင် ဉီးပြည်းခေါင်းတုံးခြင်းကိုလည်း။
[သင်္ခမုဏ္ဍိကမ္ပိ၊ အထက် နှုတ်ခမ်း နားရင်းနှစ်ဘက်နှင့် လည်ချိုင့်တိုင်အောင် နယ်ပယ်ကန့်သတ်ရစ်ပတ်ကာ အရေကိုဖြတ်တောက်ပြီးလျှင် ဆံပင်အားလုံး သိမ်းကျုံးပေါင်းစု၍ တုတ်ဖြင့်ရစ်ပတ်ကာ ဆွဲဆောင့်သဖြင့် ဆံပင်နှင့်တကွ ဉီးခေါင်းခွံ အရေကြွတက် ကျွတ်ပါလာစေပြီးနောက် ခရုသင်းအတူ ဖွေးဖွေးဖြူအောင် ကြမ်းတမ်းသော ကျောက်ခဲတို့ဖြင့် ပွတ်တိုက်ဆေးကြောလျက် ဉီးပြည်းခေါင်းတုံးခြင်းကိုလည်း" ဟု အကျယ်ဖွင့် အနက်ဆိုပါ။]
ကရောန္တေ၊ ပြုလုပ်နေသည်တို့ကိုလည်းကောင်း။
ရာဟုမုခမ္ပိ
**ရာဟုမုခါ**။ ။ ရာဟုမုခေ ဂတော ရာဟုမုခဂတော- ရာဟုခံတွင်း၌ရောက်နေသော နေလုံး၊ ရာဟုမုခဂတော ဝိယာတိ ရာဟုမုခါ- ရာဟုခံတွင်း၌ရောက်နေသော နေလုံးနှင့်တကွ(တူအောင်) ညှင်းဆဲခြင်း (အကျဉ်းချုပ်ဝိဂြိုဟ်အနက်)။ ဂတပုဒ်အကျေကြံ။ "ရာဟုမုခတသူရိယသဒိသကမ္မကာရဏံ" ဟူသော ဋ္ဋီကာအဖွင့်အတိုင်း ဝိဂြိုဟ်ပြုသည်။ "ရာဟုနေနာ ဝိယ မုခံ ယဿာတိ ရာဟုမုခေါ" ဟုလည်း ဝိဂြိုဟ်ပြုတော်မူကြ၏။
၊ ပါးစပ်ကို သံငုတ်ဖြင့်ဖွင့်ထောက်ကာ ဟထားစေ၍ ရာဟုခံတွင်း၌ရောက်နေသော နေလုံးနှင့်တူအောင် အာခေါင်ခံတွင်း၌ မီးထွန်းခြင်းကိုလည်း။
ဝါ၊ နားရင်းနှစ်ဖက်မှစ၍ ပါးစပ်ကို ဆောက်ဖြင့်ထွင်းကာ ကျယ်စွာချဲ့၍ရာဟုခံတွင်း၌ ရောက်နေသော နေလုံးနှင့်တူအောင် အရောင်အဆင်း နီးခြင်းခြင်းသွေးတို့ဖြင် ခံတွင်းကို ပြည့်စေခြင်းကိုလည်း။
ကရောန္တေ၊ လည်းကောင်း။
ဇောတိမာလိကမ္ပိ
**ဇောတိမာလိကာ**။ ။ ဇောတိ ဧဝမာလာ ဇောတိမာလာ- မီးသည်ပင်လျှင် ပန်း(မီးပန်း)၊ ဇောတိမာလာ ယဿ အတ္ထီတိ ဇောတိမာလိကာ- မီးပန်းရှိသော ညှဉ်းဆဲခြင်း၊ ဝါ- မီးပန်းရှိအောင် ညှဉ်းဆဲခြင်း၊ ဇာတိမာလိကန္တိဇောတိမာလာဝန္တံ ကမ္မကာရဏံ။ ဋ္ဋီကာ။
၊ ဆီစိမ်အဝတ်တို့ဖြင့် တကိုယ်လုံးရစ်ပတ်၍ မီးရှို့ခြင်းဖြင့် မီးပန်းရှိအောင် ညှဉ်းပန်းခြင်းကိုလည်း။
ပ။
ဟတ္ထပဇ္ဇောတိကမ္ပိ
**ဟတ္ထဟဇ္ဇောတိကာ**။ ။ ပဇ္ဇောတနံ ပဇ္ဇောတိကာ- အရောင်တောက်စေခြင်း။ ပ+ ဇုတ+ ဏျ+ ဣလာ၊ ယကိုကပြု။ (တစ်နည်း) "ပဇ္ဇောတနံ ပဇ္ဇောတော၊ ပဇ္ဇေတော ဧဝ ပဇ္ဇောတိကာ" ဟု ပဇ္ဇေတပုဒ် တဒ္ဓိတ်ဣကပစ္စည်းသော်လည်းကြံပါ၊ ဟတ္ထဿ ပဇ္ဇောတိကာ တ္ထပဇ္ဇောတိကာ- လက်ကိုအရောင်တောက်စေခြင်း (အရောင်တောက်မီးရှိို့ခြင်း)။ ဟတ္ထပဇ္ဇောတိကန္တိ ဟတ္ထဿပဇ္ဇောတနကမ္မကာရဏံ။ ဋ္ဋီကာ။
၊ ဆီစိမ်အဝတ်တို့ဖြင့် လက်ကိုရစ်ပတ်ကာ မီးတိုင်ပမာ အရောင်အဝါလင်းအောင်မီးရှို့ခြင်းကိုလည်း။
ဤနေရာ၌ ညှင်းဆဲခြင်းအနက်ဟောဖြစ်သော ကာရဏပုဒ်၏ ဣတ္ထိလိင်သို့လိုက်၍ ဗိလင်္ဂထာလိကာ, သင်္ခမုဏ္ဍိကာ- စသည်ဖြင့် ဣတ္ထိလိင်ရုပ်ရှိရသည်။ ဤသုတ်အဋ္ဌကထာဋ္ဋီကာတို့၌မူ ဒတိယာဝိဘတျန္တဖြင့်ရှိသော ပါဠိတော်အတိုင်း ဒုတိယာဝိဘတ်ဖြင့်ချည်းရှိသည်။
ပ။
ဧရကပတ္တိကမ္ပိ
ဧရကပတ္တိကာ။ ။ အရွက်ဟူသောအနက်ကို ဟောသော ပတ္တသဒ္ဒါဖြင့် "ဧရကပတ္တိကာ" ဟူ၍လည်း စာမူတွေ့ရ၏။ ထိုအတိုင်းကောင်းသည်ဟုယူဆ၏။ ဧရကဿ ပတ္တ့ ဧရကပတ္တံ- ပြိန်းမြက်ပင်၏ အရွက် (ပြိန်းရွက်)။ ဧရကပတ္တံ ဝိယာတိ ဧရကပတ္တံ (စမ္မပတ္တံ)- ပြိန်းရွက်နှင့်တူသော အရေလွှာ၊ ဧရကပတ္တဿ ဥပ္ပါဋ္ဋနံ ဧရကပတ္တဥပ္ပါဋ္ဋနံ- (ပြိန်းရွက်ပမာ အရေလွှာကို ဆွဲခွါခြင်း) ဟု ဆိုလိုလျက် ဥပ္ပါဋ္ဋနပုဒ်ကို ချေ၍ "ဧရမပတ္တ" ဟုပင်ရှိရ၏။ အာပူပိကော၌ "အပူပခါဒန" မှခါဒနပုဒ်ချေထားသည်နှင့်တူ၏။ ထို့နောက် "ဧရကပတ္တံ ဧဝ ဧရကပတ္တိကာ" ဟူ၍ ဣကပစ္စည်း အနက်မရှိကြံပါ။ ဧရကပတ္တဒိသေ သရီရတော စမ္မပတ္တေ ဥပ္ပါဋ္ဋနကမ္မကာရဏံ။ ဋ္ဋီကာ။
၊ ပြိန်းရွက်ပမာ ကိုယ်အရေလွှာကို ဆွဲခွါခြင်းကိုလည်း။
["လည်းပင်းအောက်မှစ၍ ခြေမျက်စိ တိုင်အောင် ပြိန်းရွက်ပမာကိုယ်အရေလွှာကို ဆွဲခွာပြီးနောက် ကြိုးဖြင့်ချည်ကာ ဆွဲငင်သွားခြင်းဖြင့် မိမိအရေလွှာကိုနင်းမိတိုင်း လဲကျစေခြင်းကိုလည်း" ဟုအကျယ်ဆိုလို၀က ဆိုပါ]။
ပ။
စီရကဝါသိကမ္ပိ
**စီရကဝါသိကာ**။ ။ စီရက- အဝတ်၊ ဤ၌မူ ခန္ဓာကိုယ်မှ ဆွဲခွါထားသော အရေတို့ကို စီရက (အဝတ်) ဟု ဆိုလိုသည်။ ဝါသာပနံ ဝါသိကာ၊ စီရကေဟိ ဝါသိကာ စီရကဝါသိကာ- အရေဟူသော အဝတ်တို့ဖြင့် (အဝတ်တို့ကို) ဝတ်စေခြင်း၊ စီရကဝါသိကကမ္မကာရဏန္တိ သရီရတော ဥပ္ပါဋ္ဋိတဝတ္ထစီရကေဟိ နိဝါသာပနကမ္မကာရဏံ။
ခန္ဓာကိုယ်မှ ဆွဲခွါထားအပ်သော အရေတည်းဟူသော အဝတ်တို့ကို ဝတ်စေခြင်းကိုလည်း။
ပ။
ဧဏေယျကမ္ပိ
**ဧဏေယျကာ**။ ။ "ဧဏေယျော ဧဏီမိဂေါစ" ဟူသော အဘိဓာန်ဂါထာ(၆၁၈) နှင့်အညီ ဧဏီမည်သော သားကောင်ကို ဧဏေယျဟုခေါ်၏။ ဧဏေယျော ဝိယာတိ ဧဏေယျကာ- ဧဏီသားကောင်နှင့်တူသော ညှဉ်းဆဲခြင်း။
၊ ဧဏီသားကောင်ပမာ လေးဖက်ထောက် ဝပ်တွားစေပြီးနောက် ပတ်ပတ်လည် မီးဖြင့်ရံလျက် ဖုတ်မြှိုက်လောင်ကျွမ်းစေခြင်းကိုလည်း။
["တစ်ထောင်နှစ်ဖက် ဒူးနှစ်ဖက်တို့၌ စွပ်ထားအပ်သော သံကွင်းအတွင်းဝယ် သံချွန်တို့ကို သွင်းလျှိုစိုက်နှက်ခြင်းဖြင့် ဧဏီသားကောင်ပမာ လေးဖက်ထောက်.... ကျွမ်းစေခြင်းကိုလည်း" ဟု အကျယ်ဆိုပါ]။
ပ။
ဗဠိသမံသိကမ္ပိ
ဗဠိသမံသိကာ။ ။ မံသဿ ဥပ္ပါဋ္ဋနံ မံသုပ္ပါဋ္ဋနံ- အသားကိုဆွဲချိတ်ခွါယူခြင်း၊ (အသားကိုသာမက အရေ အကြောတို့ကိုပါ ဆွဲချိတ်ခွါယူခြင်း)။ ဗဠိသေဟိ (သံချိတ်တို့ဖြင့်) မံသုပ္ပါဋ္ဋနံ ဗဠိသမံသုပ္ပါဋ္ဋနံ- ဟုဆိုလိုလျက် ဥပ္ပါဋ္ဋနပုဒ်ကိုချေ၊ ဗဠိသမံသံ ဗဠိသမံသိကာ- အချွန်နှစ်ခုရှိသောသံချိတ်တို့ဖြင့် အရေ, အသား, အကြောတို့ကို ဆွဲချိတ်ခွါယူခြင်း၊ (တစ်နည်း) ဗဠိသေဟိ ဥပ္ပါဋ္ဋိတံ မံသံ ဗဠိသမံသံ၊ တံ ဧတိဿာ အတ္ထီတိ ဗဠိသမံသိကာ- သံချိတ်တို့ဖြင့် ဆွဲချိတ်ခွါယူအပ်သော အရေ, အသား, အကြောရှိသောညှဉ်းဆဲခြင်း၊ ဗဠိသမံသိကန္တိ ဗလိသေဟိ မံသုပ္ပါဋ္ဋနကမ္မကာရဏံ။ ဋ္ဋီကာ။ ဗလိသမံသိကာ- ဟု လငယ်ဖြင့်လည်းပါဌ်ရှိ၏။
၊ အချွန်နှစ်ခုရှိသောသံချိတ်တို့ဖြင့် အရေအသားအကြောတို့ကို ဆွဲချိတ်ခွာယူခြင်းကိုလည်း။
ပ။
ကဟာပဏိကမ္ပိ
**ကဟာပဏိကာ**။ ။ ကဟာပဏသော (ကဟာပဏမတ္တသော) ဆိန္ဒနံ ကဟာပဏံ၀- တစ်ကျပ်သားစီ, တစ်ကျပ်သားစီ ခုတ်စင်းခြင်း။ ကဟာပဏသော- ၌ သောပစ္စည်းကို ဝိစ္ဆာအနက်၌သက်။ ကဟာပဏဆိန္ဒနံ- ၌ ဆိန္ဒနပုဒ်ကိုလည်းချေ။ ကဟာပဏံ ဧဝ ကဟာပဏိကာ- တစ်ကျပ်သားချင်းခုတ်စင်းချခြင်း။ ကဟာပဏိကန္တိ ကဟာပဏမတ္တသော ဆိန္ဒနကမ္မကာရဏံ။ ဋ္ဋီကာ။
၊ ခန္ဓာကိုယ်တစ်ခုလုံးကိုထက်စွာသော ဓားတို့ဖြင့် တစ်ကျပ်သားချင်း ခုတ်စဉ်းချခြင်းကိုလည်း။
ပ။
ခါရာပတိစ္ဆိကမ္ပိ
ခါရာပတိစ္ဆိကာ။ ။ ပတိစ္ဆိကာ၌ "ပတိ+ ဣသု+ ဏျ" ဟုခွဲ၊ သမ္ပဋ္ဋိစ္ဆနပုဒ်နှင့် ဓာတ်ချင်းတူ၏။ တစ္ဆေတွာ ခါရပက္ခိပနံ ခါရာပဋ္ဋိစ္ဆကံ (ဝိဘင်းမူလဋ္ဋီ၊ ၆၂) တစ္ဆေတွာ ခါရာဝသေစနကမ္မကာရဏံ (ဤသုတ်ဋ္ဋီကာ)ခါရာပတိစ္ဆိကန္တိ သတ္တိဟိ ပသရိတွာ ခါရာဟိ ပတိစ္ဆိကံ ကရောထ (ဇာတ်အဋ္ဌကထာ၊ ဆ၊ ၂၁၊ တေမိယဇာတ်) ဟို့ကို ထောက်၍ ဣသုဓာတ်ကိုပက်ဖျန်းသွန်းလောင်းခြင်းအနက်ဟောကြံ၊ ဤသုတ်၌ ဝစနတ္ထကိုလည်း- ပတိစ္ဆနံပတိစ္ဆိကာ ခါရဟိ ပတိစ္ဆိကာ ခါရာပတိစ္ဆိကာ (အငန်ရည်တို့ဖြင့် ပက်ဖျန်းလောင်းချခြင်း) ဟုပြု။
၊ ခန္ဓာကိုယ် ထိုထိုနေရာတို့၌ လက်နက်တို့ဖြင့် ရိုက်နက်ခုတ်မွှမ်း၍ အရေအသား အကြောတို့ကို ဘီးကြမ်းဖြင့် ပွတ်ခြစ်ကာ ဆားငန်ရေဖြင့်လောင်းချခြင်းကိုလည်း။
ပ။
ပလိဃပရိဝတ္တိကမ္ပိ
**ပလိဃပရိဝတ္တိကာ**။ ။ ပလိဃ- တံခါးကျည်။ ပရိဝတ္တနံ ပရိဝတ္တိကာ၊ ပလိဃဿ ဝိယ ပရိဝတ္တိကာ ပလိဃပရိဝတ္တိကာ- တံခါးကျည်ပမာချာချာလည်စေခြင်း (ချာချာလည်အောင်ဆွဲလှည့်ခြင်း)။
၊ တံခါးကျည်ပမာ ချာချာလည်အောင် ခြေထောက်ကို ဆွဲလှည့်ခြင်းကိုလည်း။
["စောင်းလျက်အပ်စေ၍ သံချွန်ကို မြေကြီးထဲသို့နစ်ဝင်အောင် နားပေါက်တွင်းမှ ထိုးစိုက်ရိုက်သွင်းကာ တံခါးကျည်ပမာချာချာလည်အောင် ခြေထောက်ကို ဆွဲလှည့်ခြင်းကိုလည်း" ဟု အကျယ်ဆို။
ပလာလပီဌကမ္ပိ
**ကလာလပီဌကာ**။ ။ ပလာလပီဌံ ဝိယာတိ ပလာလပီဌကာ(ပလာလပီဌိကာ)- ကောက်ရိုးအင်းပျဉ်းနှင့်တူအောင် ညှဉ်းဆဲခြင်း။ (ခန္ဓာကိုယ်ကိုခေါက်လိပ်ခြင်းတည်း)။ ပလာလပီဌကန္တိ ပလာလပီဌဿ ဝိယ သရီရဿ သံဝေလ္လနကမ္မကာရဏံ။ ဋ္ဋီကာ။
၊ ကောက်ရိုးအင်းပျဉ်းပမာ ခန္ဓာကိုယ်ကိုခေါက်လိပ်ခြင်းလည်း။
[အရေတို့ကို မစုတ်ပြတ်စေဘဲ ကျောက်တုံးဖြင့် အရိုးတို့ကို ကျေမွအောင်ထုရိုက်ပြီးနောက် ဆံပင်မှ ဆွဲမြှောက်၍ အရိုးတို့ကို ခါချလိုက်သဖြင့် အသားစုချည်း ကျန်သောအခါ ကောက်ရိုးထုံးကဲ့သို့ ထိုအသားစုကို ဆံပင်တို့ဖြင့်ရစ်ပတ်ခေါက်လိပ်ခြင်းကိုလည်း]
ကရောန္တေ၊ ပြုလုပ်နေသည်တို့ကိုလည်းကောင်း။
တတ္တေန၊ ပူလောင်လှစွာသော။
တေလေနပိ၊ ဆီးဖြင့်လည်း။
ဩသိဉ္စန္တေ၊ သွန်းလောင်းချသည်တို့ကိုလည်းကောင်း။
သုနခေဟိပိ၊ (နှစ်ရက်သုံးရက် အစာမကျွေးဘဲ ထားအပ်သော)ခွေးငတ်တို့ကိုလည်း။
ခါဒါပေန္တေ၊ ကိုက်ဝါးခဲစားစေသည်တို့ကို လည်းကောင်း။
ဇီဝန္တမ္ပိ၊ အရှင်လတ်လတ်ပင်လျှင်လည်း။
သူလေ၊ တံကျင်၌။
ဥတ္တာသေန္တေ၊ သွင်းလျှိုနေသည်တို့ကိုလည်းကောင်း။
အသိနာပိ၊ သန်လျင်ဖြင့်လည်း။
သိသံ၊ ဉီးခေါင်းကို။
ဆိန္ဒန္တေ၊ ဖြတ်နေသည် တို့ကိုလည်းကောင်း။
ပဿတိ၊ မြင်၏။**ကမ္မာနံ ဟေတု**။ ။ ကမ္မာနံဟူသော ဆဋ္ဌ ၂န္တ ပုဒ်သည် ဟေတုဟူသော ပဌမန္တပုဒ်နှင့် (ဝိဘတ်မတူဘဲ) အရကောက် အနက်တူသော တုလျာဓိကရဏဝိသေသနတည်း၊ ၎င်း၌ ဆဋ္ဌီဝိဘတ်သည် သာမီအနက်ကို မဟော (ဆဋ္ဌီဟေတွတ္ထေဟိ- ဟူသော မောဂ္ဂလ္လာန် ၂၊ ၂၂သုတ်နှင့်အညီ) ဟိတ်အနက်ကိုဟော၏။ ဥဒရဿ ကာရဏာ- ကဲ့သို့တည်း။ အကယ်၍ သာမီအနက်ဟော ယူလျှင်ကား အဘေဒဘေဒူပစာရ ကြံရလိမ့်မည်။
၊ ပြစ်မှုတို့၏။
ဝါ၊ ပြစ်မှုတို့တည်းဟူသော။
ဟေတု၊ အကြောင်းကြောင့်။
အာဂုစာရိံ၊ သော။
စောရံ၊ ကို။
ရာဇာနော။
ပ။
ကာရေန္တိ၊ ပြုလုပ်စေကြကုန်၏။
ပ။
တာဠေန္တိ၊ ရိုက်နှက်ကြကုန်၏။
ပ။
ဆိန္ဒန္တိ၊ ခုတ်ဖြတ်ကြကုန်၏။
ပ။
ကရောန္တိ၊ ပြုလုပ်ကြကုန်၏။
ပ။
ဩသိဉ္စန္တိ၊ သွန်လောင်းကြကုန်၏။
ပ။
ခါဒါပေန္တိ၊ ကိုက်ဝါးခဲစားစေကြကုန်၏။
ပ။
ဥတ္တာသေန္တိ၊ သွင်းလျှိုကုန်၏။
ပ။
[အဟဉ္စေဝ၊ အဟံ+ စေ+ ဧဝ။ ဧဝ နင့် ခေါပန အနက်မရှိ]**တပနီယာ**။ ။ (ဣဓ စေဝ သမ္ပရာယေ ဏ) တပန္တိ ဝိဗာစေန္တိဝိဟေဌေန္တီတိ တပနီယာ- (ဤယခုမျက်မှောက်ဘဝနှင့် နောင်တမလွန်ဘဝ၌) ညှဉ်းပန်းနှိပ်စက်တတ်သော တရားများ (ဒုစ္စရိတ်အကုသိုလ်ကိုပြုပြီးခြင်းသဘောနှင့်သုစရိတ်ကုသိုလ်ကို မပြုရသေးခြင်းသဘောတရားများ)။ တပဓာတ်, ကတ္တားဟော အနီယပစ္စည်းတို့ဖြင့် တပနီယ- ဟုရုပ်ပြီး၏။
၊ (မျက်မှောက်,တမလွန်၊ နှစ်တန်သောဘဝ၌) နှိပ်စက်တတ်ကုန်သော။
ဝါ၊ ညှဉ်းပန်းနှိပ်စက်တတ်သော ဒုက္ခ၏အစီးအပွားဖြစ်ကုန်သော။
ဝါ၊ ညှဉ်းပန်းနှိပ်စက်ကြောင်းဖြစ်သော နောင်တ တစ်ဖန်ပူပန်မှု၏ အစီးအပွားဖြစ်ကုန်သော။
ဓမ္မာ၊ တရားတို့လည်။
ဣမေ ဒွေ၊ ဤနှစ်မျိုးတို့တည်း။ဘိက္ခဝေ၊ တို့။
ကုသလေသု၊ ကုသိုလ်ဖြစ်ကုန်သော။
ဓမ္မေသု၊ တရားတို့၌။
ယာ အသန္တုဋ္ဌိတာ၊ (အရဟတ္တမဂ်ကို မရသေးသမျှ) အကြင် ရောင့်ရဲတင်းတိမ်ခြင်း မရှိသည် အဖြစ်သည်။
(တစ်နည်း) "တပနံ ဝါ ဒုက္ခံ" ဟသော ဋ္ဋီကာနှင့်အညီ တပဓာတ်, ယုပစ္စည်းဖြင့်ပြီးသော တပနသဒ္ဒါသည် ညှဉ်းပန်းနှိပ်စက်တတ်သော ဒုက္ခဟူသောအနက်ကိုဟော၏။ တပနဿ ဒုက္ခဿ ဟိတာတိ တပနီယာ- ညှဉ်းပန်းနှိပ်စက်တတ်သော ဒုက္ခ၏ စီးပွားဖြစ်သောတရားများ၊ (မျက်မှောက်, တမလွန်၊ နှစ်တန်သောဘဝ၌ ဒုက္ခကိုဖြစ်စေခြင်း, ထိုဒုက္ခကိုအားပေးအားမြှောက် အထောက်အကူပြုခြင်းအားဖြင့် ဒုက္ခ၏စီးပွားဖြစ်သောတရားများဟုဆိုလို၏)
(တစ်နည်း) တပန္တိ တေနာတိ တပနံ- ညှဉ်းပန်းနှိပ်စက်ကြောင်းဖြစ်သောနောင်တ တစ်ဖန်ပူပန်ခြင်းသဘော၊ တပနဿ ဟိတာတိ တပနီယာ- ထိုပူပန်ခြင်း၏ စီးပွားဖြစ်သောတရားများ ( ပူပန်ခြင်းကိုဖြစ်စေတတ်သောကြောင့် ပူပန်ခြင်း၏စီးပွားဟု ဆိုလို၏)။ ဤဒုတိယနည်းနှင့် တတိယနည်းတို့၌ သဒ္ဒနီတိ၊ တဒ္ဓိတ်- ၇၇၅- သုတ်မှ ဒဿနီယာပုဒ်ကဲ့သို့ "တပန+ ဤယ- တပနီယ" ဟုဒီဃဖြင့်သော်လည်းကောင်း သုတ္တန္တိက ဒုကမာတိကာ မူလဋ္ဋီကာ မဓုဋ္ဋီကာအတိုင်း "တပန+ ဣယ- တပနိယ" ဟု ဣရဿဖြင့်သော်လည်းကောင်းရှိနိုင်၏။
(အတ္ထိ၊ ရှိ၏။ တာယ အသန္တုဋ္ဌိုတာယစ၊ ထို ကုသိုလ်တရားတို့၌ ရောင့်ရဲတင်းတိမ်ခြင်း မရှိသည်အဖြစ်၏ လည်းကောင်း။) ပဓာနသ္မိံ၊ လုံ့လဝီရိယ၌။ ယာ အပ္ပဋ္ဋိဝါနိတာ အပ္ပဋ္ဋိဝါနိတာ။ ။ ဝီရိယပ္ပဝါဟေ- ဝီရိယအယဉ်သည်၊ ဝတ္တမာနေ- ဖြစ်လသော်၊ အန္တရာဧဝ- အလုပ်ကိစ္စမပြီးပြတ်ပီ အကြားကာလ၌သာလျှင်၊ ပဋ္ဋိဂမနံ နိဝတ္တနံ ပဋ္ဋိဝါနံ- နောက်သို့တွန်းဆုတ်ခြင်း၊ ပဋ္ဋိဝါနံ အဿ အတ္ထီတိပဋ္ဋိဝါနီ- နောက်သို့တွန့်ဆုတ်ခြင်းရှိသောသူ၊ နပဋ္ဋိဝါနီ၊ အပ္ပဋ္ဋိဝါနိနောဘာဝေါ အပ္ပဋ္ဋိဝါနိတာ- နောက်သို့တွန်းဆုတ်ခြင်းမရှိသူ၏အဖြစ်၊ အနောသက္ကနာ- နောက်သို့မတွန့်ဆုတ်ခြင်း၊ဋ္ဋီကာအဖွင့်။ ၊ (အလုပ်ကိစ္စ မပြီးပြတ်မီအတွင်း၌) အကြင်နောက်သို့ တွန့်ဆုတ်ခြင်း မရှိသည်အဖြစ်သည် (အတ္ထိ၊ ၏။ တာယ အပ္ပဋ္ဋိဝါနိတာယ စ၊ ထို့နောက်သို့ တွန့်ဆုတ်ခြင်း မရှိသည်အဖြစ်၏လည်းကောင်း။ ဣတိ၊ ဤသို့။) ဒွိန္နံ၊ နှစ်ပါးကုန်သော။ ဓမ္မာနံ၊ တရားတို့၏။ (ဂုဏံ၊ ဂုဏ်ကို၊) အဟံ၊ ငါသည်။ ဥပညာသိံ၊ (နီးနီးစပ်စပ်) ကပ်ရောက်၍သိတော်မူပြီ။သံယောဇနိယေသု၊ သံယောဇဉ်ဆယ်ပါးတို့၏ အကြောင်းတရားစီးပွားဖြစ်ကုန်သော။
ဓမ္မေသု၊ တေဘူမကတရားတို့၌။
ယာ အဿာဒါနုပဿိတာ၊ အကြင်သာယာဖွယ် အနေအားဖြင့် ရှုလေ့ရှိသည် အဖြစ်သည်။
(အတ္ထိိ၊ ရှိ၏။ သာ အဿာ ဒါနုပဿိတာ စ- ထိုသာယာ.... အဖြစ်လည်းကောင်း၊)
သမ္မဒေဝါတိ န ဣဏဋ္ဋာ န ဘယဋ္ဋာ န ဇီဝိတပကတာ ဟုတွာ၊ ယထာဝါ တထာဝါ ပဗ္ဗဇိတာပိ ယေ အနုလောမပဋ္ဋိပဒံ ပူရေန္တိ၊ တေသမ္မဒေဝ အဂါရသ္မာ အနဂါရိယံ ပဗ္ဗဇန္တိ နာမ။ သဂါထာဝဂ္ဂသံယုတ်အဋ္ဌကထာ(သံယုတ်ဋ္ဌ၊ ပ- ၁၈၇။ ဗြဟ္မဒေဝသုတ်အဖွင့်)။
သမ္မဒေဝါတိ ဉာယေနေဝ၊ သော ပန ယဒိ အာဂမနတော ပဋ္ဌာယလဗ္ဘတိ၊ ဝတ္တဗ္ဗမေဝ နတ္တိ၊ အထ ပဋ္ဋိပဒါရမ္ဘတော ပဋ္ဌာယ လဗ္ဘတိ၊ ဧဝမ္ပိဝဋ္ဋတေဝါတိ ဒဿေတုံ "ယထာဝါ တထာဝါ" တိ အာဒိ ဝုတ္တံ။ ၎င်းဋ္ဋီကာ၊ ပ-
သံယောဇနိယေသု၊ ကုန်သော။ ဓမ္မေသု၊ တို့၌။ ယာ နိဗ္ဗိဒါနုပဿိတာ၊ အကြင်ငြီးငွေ့ခြင်းသဘောအားဖြင့်ရှုလေ့ရှိသည် အဖြစ်သည် (အတ္ထိ၊ ၏။ သာ နိဗ္ဗိဒါနုပဿိတာစ၊ ထိုငြီးငွေ့....ဖြစ်လည်းကောင်းတည်း။)အဋ္ဌမံ။
နောက်တနည်းအဖွင့်။ ။ တနည်းအားဖြင့် အကုသိုလ်တရား အားလုံးတို့သည် အပ္ပဘဿရဘာဝရဏတော- စိတ်ကိုမတောက်မပြောင် မဲမှောင်မည်းညစ်အောင်ပြုတတ်သောကြောင့် ပင်ကိုမူလသဘောအားဖြင့်ပင် မည်းညစ်သော တရားများဖြစ်၏။ ထို့ကြောင့် အကုသိုလ်တရားတို့ကို ကဏှာဟုဟောတော်မူသည်၊ နိဿယခန်း၌ ဤဒုတိယနည်းကို ရှေးဉီးစွာ အနက်ပြန်ဆိုထားသည်။
ထို့အပြင် ကုသိုလ်တရားတို့သည် သုက္ကာဘိဇာတိ(ဖြူစင်ဘုန်းရှိသုဂတိဘဝ)၏ အကြောင်းဖြစ်သောကြောင့်(ဝါ- ထိုသုက္ကာဘိဇာတိသို့ ပို့ဆောင်တတ်သောကြောင့်) ဖလူပစာရအားဖြင့် သုက္ကအမည်ရပုံနှင့် စိတ်ကို ဖြူစင်တောက်ပြောင်အောင် ပြုတတ်သောကြောင့် ပင်ကိုမူလ သဘောအားဖြင့်ပင်သုက္ကအမည်ရပုံကိုလည်းသိပါလေ။