အာဝုသော၊ တို့။
ဣဓ၊ ဤ သာသနာတော်၌။
ဘိက္ခု၊ ရဟန်းသည်။
သီလဝါ၊ ပါတိမောက္ခသံဝရသီလရှိသည်။
ဟောတိ၊ ၏။
ပါတိမောက္ခသံဝရသံဝုသော၊ ပါတိမောက် သီလတည်းဟူသော အပိတ်အဆီးဖြင့် ကာယဒွါရ, ဝစီဒွါရတို့ကို ပတ်သို့ စောင့်စည်းလျက်။
အာစာရဂေါစရသမ္ပန္နော။ ။ ကာယဒွါရ ဝစီဒွါရတို့၌ ဖြစ်သော မလွန်ကျူးခြင်းတည်းဟူသော ကာယသုစရိုက်သုံးပါး, ဝစီသုစရိတ်လေးပါး တို့သည်လည်းကောင်း, ပစ္စည်းလာဘ်ကို မျှော်ကိုး၍ လူတို့အား သစ်သီးပေးခြင်း, ပန်းပေးခြင်းစသော မိစ္ဆာဇီဝမှ ရှောင်ကြဉ်ခြင်းသည်လည်းကောင်း ရဟန်းတို့အား လျောက်ပတ်သော အကျင့် (အာစာရ) မည်၏။**ပါတိမောက္ခသံဝရသံဝုသော**။ ။ ပါတိ- မိမိကို စောင့်ရှောက်သော သူကို+ မောက္ခ- အပါယ်ဆင်းရဲ စသည်တို့မှ လွတ်မြာက်စေတတ်သော သီလတည်းဟူသော+သံဝရ- အပိတ်အဆီးဖြင့်+ သံဝုတ- ပိတ်ဆို့စောင့်စည်းသော ရဟန်း (လာပတ်လွန်ကျူးမှုဝိတိက္ကမ အကုသိုလ်မဝင်လာအောင် ကာယဒွါရ ဝစီဒွါရတို့ကို ပိတ်ဆို့စောင့်စည်းသော ရဟန်း)။
ဝါ၊ ပါတိမောက္ခသံဝရသီလနှင့် ပြည့်စုံလျက်။
အာစာရဂေါစရသမ္ပန္နော၊ အကျင့်, ကျက်စားရာဌာန နှင့် ပြည့်စုံလျက်။
ဂါဝေါ စရန္တိ စတ္တာတိ ဂေါစရော။ ။ နွားတို့ကျက်စားရာ နွားစားကျက်မြက်ခင်း,ဂေါစရော ဝိယာတိ ဂေါစရော- နွားစားကျက်နှင့်တူသော သွားလာ ဝင်ထွက် ဆက်ဆံရာဌာန။ [ဂါဝေါ ဣန္ဒြိယာနိ စရန္တီ ပတ္ထာတိ ဂေါစရော- စက္ခုစသော ဣန္ဒြေတို့၏ ကျက်စားရာဌာန- ဟု ဂေါစဒ္ဒါကို ဣန္ဒြေအနက်ဟောကြံလျှင်ကား ဥပမာတဒ္ဓိတ် သင့်ဖွယ်မလို] အကျွမ်းတဝင် ရောနှော ဆက်ဆံ ရသော ပြည့်တန်ဆာမ, မုဆိုးမစသော ဂေါစရတို့သည် ရဟန်းတို့ အတွက် မသင့်လျော်သော ကျက်စားရာဌာန (အဂေါစရ) မည်၏။ ရတနာ သုံးပါး၌ ကြည်ညိုသော အကျိုးလိုလားသော ဒါယကာ ဒါယိကာမတို့ကား ဆွမ်း စသည်အတွက် ရဟန်းတို့ ဆက်ဆံသင့်သော ကျက်စားရာဌာန (ဂေါစရ) မည်၏။ အကျယ်ကို ဈာနဝိဘင်းပုဒ် ဝိသုဒ္ဓိမဂ်တို့၌ ကြည့်ပါ။
(ရဟန်းတို့အား လျောက်ပတ်သော အကျင့်နှင့် လည်းကောင်း, ဆွမ်းစသည်အတွက် သွားလာဝင်ထွက် ကျက်စားသင့်ရာ ဌာနနှင့်လည်းကောင်း ပြည့်စုံလျက်)။ ဝိဟရတိ၊ နေ၏။ အဏုမတ္တေသု၊ အဏုမြူအတိုင်း အရှည်ရှိကုန်သော။ ဝါ၊ အဏုမြူသဖွယ်သေးငယ်ကုန်သော။ ဝဇ္ဇေသု၊ အကုသိုလ် အပြစ်တို့၌။ ဘယဒဿာဝိ၊ ကြောက်ဖွယ်ဘေးဟု ရှုလေ့ရှိလျက်။ သိက္ခာပဒေသု၊ သိက္ခာပုဒ်တို့တွင်။ (တံ တံ သိက္ခာပဒံ၊ ထိုထိုသိက္ခာ ပုဒ်ကို)။ သမာဒါယ၊ ကောင်းစွာခံယူ၍။ ဝါ၊ ဆောက်တည်၍။ သိက္ခတိ၊ ဖြည့်ကျင့်၏။ [တနည်း- သိက္ခာပဒေသု၊ သီလသိက္ခာအဖို့တို့၌။ (သိက္ခိတဗ္ဗံ၊ ဖြည့်ကျင့်ဖွယ်ရာ သီလသိက္ခာအားလုံးကို)။ သမာဒါယ၊ ၍။ သိက္ခတိ၊ ၏။]သော၊ ထို ပုဂ္ဂိုလ်သည်။
တတော၊ ထို ကာမာဝစရ နတ် အပေါင်းမှ။
စုတော၊ စုတေ သေလွန်ပြီးသည်။
(သမာနော၊ ဖြစ်လသော်)။
အာဂါမိ၊ (ပဋိသန္ဓေနေသောအားဖြင့်) ပြန်လာလေ့ရှိသည်။
။
ဣတ္ထတ္ထံ၊ ဤ လူ့ဘဝသို့။
ဣတ္ထိတ္တံဝုဒ် အရကောက်။ ။ အယံ ပကာရော ဣတ္ထံ- ဤလူ့ခန္ဓာငါးပါးအပြား (ဤလူခန္ဓာ ငါးပါးအမျိုးအစား) ဣတ္ထံ ဘာဝေါ ဣတ္ထတ္တံ- ဤလူ့ခန္ဓာ ငါးပါးအပြား၏ ဖြစ်ကြောင်းဖြစ်သော လူ့ဘဝ။ ဤ ၌ ဣတ္ထံအရ "ဤမည်သော လူ့ခန္ဓာဟု အထူးညွှန်ပြအပ်သော ခန္ဓငါးပါး (မာနုသကပဉ္စက္ခန္ဓဝိသေသ)" ကို ယူရ၏။ ဣတ္ထတ္တံအရကား ထိုပဉ္စက္ခန္ဓဝိသေသ၏ ဖြစ်ကြောင်းဖြစ်သော အများဆိုင် လူ့ခန္ဓာငါးပါး (ထိုကဲ့သို့ အထူးမညွှန်ပြအပ်သဖြင် လူ့အားလုံးနှင့် သက်ဆိုင်၍ သာမညဖြစ်သော လူ့ခန္ဓာဇာတ်, လူအမျိုးဇာတ်, လူဘဝ) တည်းဟူသော သဒ္ဒပ္ပဝတ္တိနိမိတ်အနက်ကို ယူရ၏။
အဋ္ဌကထာ၌ ဣတ္ထတ္တံပုဒ်ကို မာနုသကပဉ္စက္ခန္ဓာဘာဝံ- ဟု ဖွင့်၏။ထို့အဖွင့်သည် ဣတ္ထိဘာဝံ မနုဿကံ ( ဒိ,ပါထိကဝဂ်, အဋ္ဌကထာ၊ ၄၉) ဣမံ ပကာရတံ မနုဿဘာဝံ( ၎င်းဋီကာ၊ ၄၂) တို့နှင့် အတူတူပင်ဖြစ်၏။ ထို့ကြောင့် မနုဿတ္တံ (လူ၏ဖြစ်ကြောင်းဖြစ်ရာ လူအမျိုးဇာတ်) ၌ ကဲ့သို့ပင် ဣတ္ထတ္တံ၌ တ္တပစ္စည်းအရ လူအမျိုးဇာတ်ကို ကောက်ယူရသည်။ စတုတ္ထနိပါတ်စာပိုဒ် ၁၇၁ သုတ်၌လည်း ကြည့်ပါ။
အာဂန္တာ၊ (ပဋိသန္ဓေနေသော အားဖြင့်) ပြန်လာသည်။ ဟောတိ၊ ၏။အထခေါ၊ ထိုအခါ၌။
သမ္ဗဟုလာ၊ များစွာကုန်သော။
သမစိတ္တာ၊ သမစိတ္တမည်ကုန်သော။
သမစိတ္တပုဒ်အနက်များ။ ။ "စိတ္တဿ သုခုမဘာဝဿမတာယ သမစိတ္တာ" စသော အဋ္ဌကထာအတိုင်း (၁) "သမစိတ္တ,- နူးညံ့သိမ်မွေ့သည်အဖြစ်အားဖြင့် ခန္ဓာကိုယ်နှင့်တူသော စိတ်ရှိကြကုန်သည် အဖြစ်ကြောင့် သမစိတ္တမည်ကုန်သော" ဟု နာမလာဘဟိတ်နှင့်တကွ အနက်ဆိုနိုင်၏။ ထိုဗြဟ္မာတို့သည် ခန္ဓာကိုယ်ကို စိတ်ကဲ့သို့ နူးညံ့သိမ်မွေ့အောင် ဖန်ဆင်းထားကြ၏။ ထို့ကြောင့် သူတို့၏ ခန္ဓာကိုယ်နှင့် စိတ်သည် နူးညံ့ပုံချင်း တူကြ၏။ [စိတ်တဿ သုခုမဘာဝေါ ဣဓ သုခုမတ္တဘာဝမာပနေန ဒဋ္ဌဗ္ဗော။ ဋီကာ။] "အတ္တဘာဝေန သမံ စိတ္တံ ယာယံ ဒေဝနာနန္တိ သမစိတ္တာ" ဟု ဝစနတ္ထပြု။
(တနည်း) သမစိတ္တာ- (၂) မြတ်စွာဘုရားကို သမာပတ်၏ အစွမ်းကို ဟောစေလိုခြင်းအားဖြင့်။ (၃) ဝါ- ပရိသတ်စုံလင်အောင် မြတ်စွာဘုရားကို ပင့်လိုခြင်းအားဖြင့် (၄) ဝါ- အရှင်သာရိပုတြာ ဟောတော်မူအပ်သော သာဝက ဘာသိတ တရားဒေသနောတော်ကို သဗ္ဗသုဘာသိတ ဖြစ်စေလိုခြင်းအားဖြင့်- အချင်းချင်း တူညီသော စိတ်ရှိကြသည် အဖြစ်ကြောင့် သမစိတ္တမည်ကုန်သော။ (တနည်း) သမစိတ္တာ- (၅) သမာပတ်အမျိုးကိုသာ ရခြင်းအားဖြင့် (၆) ဝါ- သမာပတ် အာရုံတမျိုးကိုသာ ရခြင်းအားဖြင့်- အချင်းချင်း တူညီသော သမာပတ်နှင့်ယှဉ်သော စိတ်ရှိကြသည် အဖြစ်ကြောင့် သမစိတ္တမည်ကုန်သော ။[အနက် ၆ နက်။]
ဒေဝတာ၊ ဗြဟ္မာတို့သည်။ ယေန၊ အကြင်အရပ်၌။ ဘဂဝါ၊ သည်။ (အတ္ထိ) ယေန၊ ၌။ ဝါ၊ သို့။ ဥပသင်္ကမိံ သု၊ ရောက်လာကြကုန်၏။ ဥပသင်္ကမိတွာ၊ ရောက်လာကြပြီး၍။ ။ပ။၊**သိယာနိပါတ်ပုဒ် အနက်နှစ်မျိုး**။ ။ သိယာတိ "သိယာ ခေါ ပန တေ ဗြဟ္မဏ ဧဝမဿာ" တိ, အာဒီသု ဝီယ" ကဒါစိ" တိ ဣမိနာ သမာနတ္ထော နိပါတော။ ကင်္ခါဋီကာသစ် (၁၀၀) ထို ဋီကာသစ် ထုတ်ပြထားသော ဥဒါဟရုဏ်သည် ဤနေရာနှင့် အသွားတူ၏။ ထို့ကြောင့် ဤ၌လည်း သိယာကို ကဒါစိ အနက်ဟော နိပါတ်ကြံပါ။ (တနည်း) သိယာပိ တံ အဓိကရဏံ စသော စူဠသမထက္ခန္ဓ ကပါဠိတော်၌ "သိယာတိ အဝဿံ" ဟု ကင်္ခါ ဋီကာသစ် (၄၄၉) ဖွင့်၏။ ဤ၌လည်း ထို အနက်ဖြစ်သင့်သည်ပင်။
ဝါ၊ မချွန်ဧကန် အမှန်ပင်။
ကဿစိ၊ တစုံတယောက်သော သူ့မှာ။
ဧဝံ၊ ဤသို့ တွေးတောခြင်းသည်။
အဿ၊ ဖြစ်ရာ၏။
(ကိန္တိ၊ အဘယ်သို့တွေးတောခြင်းည်။
အဿ၊ ဖြစ်ရာ သနည်းဟူမူ)။**ကာမရာဂ... ဟေတု**။ ။ ကာမ- ရူပါရုံးစသော ငါးပါးအားရုံ ကာမဂုဏ်တို့၌+ရာဂ- တပ်မက်မှု။ အ ဘိ- လွန်ကဲစွာ +နိဝေသ- ဝင်ရောက်ခြင်း (ပူးဝင်ခြင်း)။ ဝိနိဗန္ဓ- ချည်နှောင်ခြင်း၊ ပလိဂေဝ- ငြိကပ်နစ်ဝင်ခြင်း။ ပရိယုဋ္ဌာန- ထကြွသောင်းကျန်းခြင်း။ အဇ္ဈောသနေ - အာရုံကို ဝါးမျိုချလိုက်သကဲ့သို့ အပြီးသတ်ဖမ်းချုပ်ယူငယ်ခြင်း။ အဓိ+အဝ+သာဓာတ် ပြီးဆုံးခြင်း အနက်ဟော+ ကာရိတ်ဏာပေပစ္စည်းကျေ+ ယုပစ္စည်းဖြင့် အဇ္ဈောသာနဟု ဖြစ်၏။
ခတ္တိယာပိ ။ပေ။ ဂဟပတိကေဟိ ဝိဝဒန္တိ၊ ကုန်၏။
ဣတိ( အဝေါစ၊ ဖြေကြားမိန့်ဆိုပြီ)။ဘော ကစ္စာန၊ န။
မေ၊ အကျွန်ုပ်သ်ည။
ဧတံ၊ ဤအကြောင်းကို။
သုတံ၊ ကြားအပ်ဖူးပါပြီ။
(ကိန္တိ၊ = အဘယ်သို့။
သုတံ၊ ဟူမူ)။
သမဏော ကစ္စာနော၊ ရဟန်းကစ္စာနသည်။
ဇိဏ္ဏေ၊ ဇရာဇီးနင်း, အိုမင်းကုန်သော။
ဇိဏ္ဏေ ဝုဒ္ဒေ မဟလ္လကေ အဒ္ဓဂတေ။ ။ ဤသုတ်နှင့် တိကနိပါတ်စာပိုင် ၅၂ သုတ်, စတုက္ကနိပါတ် စာပိုဒ် ၂၂ သုတ်ဋ္ဌ, ဋီကာအဖွင့်အတိုင်း ဇိဏ္ဏေစသော ငါးပုဒ်ကို တပုဒ်နှင့်တပုဒ် အနက်ချင်းထပ်တူ ဖြစ်မသွားအောင် အနက်ပြန်ဆိုရ၏။ မဟတ္တ လန္တိ ဂဏှန္တိ တိ မဟလ္လကာ( မဟတ္တ+ လာ+ ဏွု) မဟတ္တ (မဟန္တ+ တ္တ)၌ တ္တကိုချေ။ မဟန္တ သဒ္ဒါသည် ပစုရ (အများ) အနက်ကို ဟော၏။
"ဇာတိယာ မဟန္တတာယ စီရရတ္တကာယ (စိရရတ္တညုတာယ) မဟလ္လကာ၊ န ဘောဂပရိဝါရာဒီဟိ" ဟူသော ဋီကာအဖွင့်အတိုင်း မွေးဖွားချိန် မှစ၍ ရေတွက်ခြင်းဖြင့် ညဉ့်ရက်များပြား ကာလရှည်လျား၍ အဘိုးကြီးအိုဖြစ်နေသူကို မဟလ္လကဟု ခေါ်၏။ထို့ကြောင့် "အဟလ္လကေ- မွေးဖွားချိန်မှ စ၍ ရေတွက်ညဉ့်ရပ်တိုးပွား များသည်အဖြစ်ကို ယူကုန်သော" ဟု ဝိဂြိုလ်အနက် စွက်၍ အနက်ဆိုနိုင်၏။
တနည်း- ဇိဏ္ဏေ- ကာလကြာညောင်း ဆွေးဟောင်းမျိုးဟောင်း၌ ဖြစ်ကုန်သော၊ ဝါ- ရှေး အဆက်ဆက် ဆွေးမျိုးကြီးအဆက်ဆက်မှ ဆင်းသက်လာကုန်သော [အဇီရိတိ မိဏ္ဏံ၊ ဇိဏ္ဏေ ပုရေ ဥစ္စကုလေ ဘဝါ ဇိဏ္ဏာ] ဝုဒ္ဓေ- သီလစသော ဂုဏ်အားဖြင့် ကြီးမြင့်ကုန်သော ၊ မဟလ္လကေ- စည်းစိမ်ဥစ္စာ ပေါများသည်အဖြစ်ကို ယူကုန်သော၊ ဝါ- ပေါများသော စည်းစိမ်ဥစ္စာရှိကုန်သော[ဤနည်း၌ မဟဒ္ဓနာ မဟာကောဂါဟု ဖွင့်ဆိုသည့်အတိုင်း ဝိဘဝမဟန္တ (စည်းစိမ်ဥစ္စာ ပေါများသူ) ကို မဟလ္လကဟု ခါ်သည််] အဒ္ဓဂတေ- ပုဏ္ဏား စည်းကမ်း ကျင့်စဉ်လမ်းသို့ ဖြောင့်တန်းမတ်မတ် ကျင့်သွားတတ်ကုန်သော၊ [ဤနည်း၌ အဒ္ဒသဒ္ဒါ ခရီလမ်းကြောင်း အနက်ဟောတည်း၊ ယခင်ပဌမနည်းတုန်းကမူ အဒ္ဓသဒ္ဒါ ဒိဃကာလ အနက်ဟောတည်း။] ဝယောအနုပ္ပတ္တေ- ၆၇ နှစ်ကုန်သော၊ ဗြဟ္မဏေ- တို့ကို" ဟု အနက်ဆိုပါ။
[ဗျာဓိမပါ, ဇရာသက်သက်, နှိပ်စက်ယိုယွင်း, အိုးမင်းကုန်သော။ ဇိရန္တီတိ ဇိဏ္ဏာ၊ အိုမင်းကြီးရင့်သူများ။] ဝုဒ္ဓေ၊ အရွယ်အားဖြင့် ကြီးရင့်ကုန်သော။ [သီလစသော ဂုဏ်အားဖြင့် ကြီးရင့်သည် မဟုတ်ဟူလို။] မဟလ္လကေ၊ မွေးဖွားခဲ့ရာ, ကာလကြာပြီး, အဘိုးကြီးဖြစ်ကုန်သော။ အဒ္ဓဂတေ၊ ရှည်လျားသော ကာလကို ကျော်လွန်ကုန်သော။ ဝါ၊ ကာလရှည်လျား, အရွယ်သုံးပါးကို ကျော်လွန်ကုန်သော။ ဝယော အနုပ္ပတ္တေ၊ (၆၇ နှစ် ပလစ်ချိန်လောက်) နောက်ဆုံးအရွယ်သို့ ရောက်ကုန်သော။ ဗြဟ္မဏေ၊ ပုဏ္ဏားတို့ကို။ န အဘိဝါဒေတိဝါ၊ ရှိခိုးထိုက်၏ဟု မမှတ်ထင်။ ဝါ၊ ရှိခိုးထိုက်၏ ဟု မမှတ်ထင် မယူဆသည့်, ပင်ကိုယ်သဘာဝ ရှိ၏။ (ဒိသွာ၊ တွေ့မြင်၍။ ဝါ၊ တွေ့မြင်လသော်)။ ``**ဒိသွာ ဟူသော ပါဌသေသ**။ ။ ဒိသွာပုဒ် မထည့်ဘဲ အနက်ပေးလျှင် "ဗြဟ္မဏေ န ပစ္စုဋ္ဌေတိ- ပုဏ္ဏားတို့ကို နေရာမှ မထ" ဟု အဓိပ္ပါယ်ပျက်၏။ ဗြဟ္မဏေပုဒ်သည် န ပစ္စုဋ္ဌေတိ၌ မခပ်နိုင်၊ ထို့ကြောင့် "ဗြဟ္မဏေ ဒိသွာ န ပစ္စုဋ္ဌေတိ- ပုဏ္ဏားတို့ကို မြင်၍ နေရာမှ မထ" ဟု ဒိသွာပုဒ် ထည့်ရသည်။ တနည်း" န ပစ္စုဋ္ဌေတိ ဝါ- ထ၍ ခရီဦးကြိုဆိုထိုက်၏ဟု မမှတ်ထင်၊ ဝါ- ထ၍ ခရီးဦးကြိုဆိုထိုက်၏ဟု မမှတ်ထင် မယူဆသည်။ ပင်ကိုသဘာဝရှိ၏" ဤသို့ အနက်ပေးလျှင် ဒိသွားပုဒ်မထည့်ရ" ပုဏ္ဏားတို့ကို ခရီးဦး မကြိုဆို" ဟုတိုက်ရိုက်စပ်နိုင်၏။ ဝါ- သဒ္ဒါ၏ အနက်ကို အဋ္ဌကနိပါတ်ဝေရဉ္စသုတ်ကြည့်။ `` န ပစ္စုဋ္ဌေတိဝါ၊ နေရာမှ ထထိုက်၏ဟု မမှတ်ထင်။ ဝါ၊ နေရာမှ ထပေးထိုက်၏ဟု မမှတ်ထင် မယူဆသည့် ပင်ကို သဘာဝရှိ၏။ အာသနေန၊ နေရာဖြင့်။ နနိမန္တေတိဝါ၊ ဖိတ်မန်ထိုက်၏ဟု မမှတ်ထင်။ ဝါ၊ ဖိတ်မန်ထိုက်၏ဟု မမှတ်ထင် မယူဆသည့် ပင်ကိုယ်သဘာဝရှိ၏။ ဣတိ၊ ဤသို့။ (သုတံ၊ ကြားအပ်ဖူးပါပြီ)။