Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
莊春江讀經站
繁体中文
Bhikkhu Bodhi
English
Dukanipātapāḷi

10. Vassūpanāyikasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

ဘိက္ခဝေ၊ တို့။ ဝဿူပနာယိကာ၊ မိုးလပတ်လုံး သီတင်းသုံးမှီတင်းကပ်ရောက်ခြင်းတို့သည်။ ဝါ၊ ဝါကပ်ခြင်းတို့သည်။ ဣမာ ဒွေ၊ ဤနှစ်ပါးတို့တည်း။ [ဝဿံ အာဝါသော ဝဿာဝါသော၊ မိုးလပတ်လုံး နေထိုင်ခြင်း။ ဥပနယနံ ဥပဂမနံ ဥပနာယော။ ဝဿာဝါသဿ ဥပနာယော ဝဿူပနာယော။ အာဝါသပုဒ်ကျေ၏။ သော ဧဝ ဝဿူပနာယိကာ- မိုးလပတ်လုံးနေခြင်းသို့ကပ်ရောက်ခြင်း]
ပုရိမိကာ စ၊ ရှေ့၌ဖြစ်သော ဝါကပ်ခြင်းလည်းကောင်း။ ဝါ၊ ပုရိမဝါကပ်ခြင်းလည်းကောင်း။ ပစ္ဆိမိကာ စ၊ နောက်၌ဖြစ်သော ဝါကပ်ခြင်းလည်းကောင်းတည်း။ ဝါ၊ ပစ္ဆိမဝါကပ်ခြင်းလည်းကောင်းတည်း။ ပ။
ဣတိ (အဝေါစ) ဒသမံ၊ ဆယ်ခုမြောက်သုတ်တည်း။
ပဌမော၊ ရှေးဉီးစွာသော။ ကမ္မကရဏဝဂ္ဂေါ၊ ကမ္မကရဏဝဂ်တည်း။
တဿ၊ ထိုကမ္မကရဏဝဂ်၏။ ဥဒ္ဒါနံ၊ ဥဒ္ဒါန်းကား။ ဝါ၊ ဆိုအပ်ခဲ့ပြီးသောသုတ်တို့ကို နောက်ကာလ၌ မမေ့ပျောက်အောင် စောင့်ရှောက်တတ်သော ခေါင်းစဉ်ကား။ [ဥဒ္ဓံ၊ အထက်(နောက်ကာလ)၌။ ဒါတိ ရက္ခတီတိ ဥဒ္ဒါနံ]
ဝဇ္ဇာ၊ ဝဇ္ဇသုတ်လည်းကောင်း။ ပဓာနာ၊ ပဓာနသုတ်လည်းကောင်း။ ဒွေ၊ နှစ်ပါးကုန်သော။ တပနီယာ၊ တပနီယသုတ်, အတပနီီယသုတ်တို့ လည်းကောင်း။ ပဉ္စမံ၊ ငါးခုမြောက်သော။ ဥပညာတေန၊ ဥပညာတသုတ် လည်းကောင်း။ သံယောဇနဉ္စ၊ သံယောဇနသုတ်လည်းကောင်း။ ကဏှဉ္စ၊ ကဏှသုတ်လည်းကောင်း။ သုက္ကဉ္စ၊ သုက္ကသုတ်လည်းကောင်း။ စရိယာ၊ စရိယသုတ်လည်းကောင်း။ ဝဿူပနာယိကာ၊ ဝဿူပနာယိကာသုတ် လည်းကောင်းတည်း။ ဝဂ္ဂေါ၊ ကမ္မကရဏဝဂ်တည်း။ [ပြခဲ့သော သုတ်တို့၏ ရှေ့နောက်အစဉ်ကို ပါဠိကျက်သူတို့ မမေ့ပျောက်နိုင်အောင်ဖြစ်သလို စီစဉ်ထားသော ခေါင်းစဉ်ဂါထာမျှသာ ဖြစ်၏။ ထို့ကြောင့် ဤဥဒ္ဒါန်းဂါထာကို အနက်ပေးရာ၌ ဝိဘတ်ကို ဂရုစိုက်စရာ မလိုပါ။ သိပ်လည်းအကျိုးမများလှသောကြောင့် နောက်ဝဂ်များ၌ အနက်ပေးပြတော့မည် မဟုတ်]