ဘိက္ခဝေ၊ တို့။
ဒါနာနိ၊ အလှူဒါနတို့သည်။
[သာမညအနက်တည်း။]
ဝါ၊ ပေးလှူဖွယ် အရာဝတ္ထုတို့သည်။
[ဝတ္ထုဒါနတည်း၊ ဒီယတေတိ ဒါနံ။]
ဝါ၊ လှူဖွယ်ဝတ္ထုကို ပေးလှူကြောင်း စေတနာတို့သည်။
[စေတနာဒါနတည်း။
ဒီယတေ အနှေနာတိ ဒါနံ။]
ဣမာနိ ဒွေ၊ ဤနှစ်မျိုးတို့တည်း။
။ပ။၊
အာမိသဒါနဉ္စ၊ အာမိသအလှူလည်းကောင်း။
ဝါ၊ (ဆွမ်း၊ သင်္ကန်း၊ ကျောင်း ၊ဆေး) လေးမျိုးသော ပစ္စည်းအာမိသဟူသော ပေးလှူဖွယ် ဝတ္ထုလည်းကောင်း။
ဝါ၊ လေးမျိုးသော ပစ္စည်းအာမိသကို ပေးလှူကြောင်း စေတနာလည်းကောင်း။
ဓမ္မဒါနဉ္စ၊ တရားအလှူလည်းကောင်းတည်း။
ဝါ၊ နိဗ္ဗာန်ရောက်ကြောင်း မှန်ကန်သော အကျင့်တရားဟူသော ပေးလှူဖွယ်လည်းကောင်းတည်း။
ဝါ၊ နိဗ္ဗာန်ရောက်ကြောင်း မှန်ကန်သော အကျင့်တရားကို ပေးလှူကြောင်း စေတနာလည်းကောင်းတည်း။
။ပ။၊
ဘိက္ခဝေ၊ တို့။
ဒွိန္နံ၊ နှစ်မျိုးကုန်သော။
ဣမေသံ ဒါနာနံ၊ ဤအလှူဒါနတို့တွင်။
ယဒိဒံ ဓမ္မဒါနံ၊ အကြင်တရားအလှူသည်။
(အတ္ထိ၊ ရှိ၏)။
ဧတံ၊ ဤတရားအလှူသည်။
အဂ္ဂံ၊ အမြတ်ဆုံးပေတည်း။
ဣတိ (အဝေါစ)၊
[နောက်သုတ်များ၌လည်း ဝတ္ထုနှင့် စေတနာ နှစ်ဖြာခွဲ၍ အနက်ဆိုနိုင်၏။]
ယာဂါ၊ ပူဇော်ဖွယ် အမျိုးအစားတို့သည်။
။ပ။၊
အာမိသယာဂေါစ၊ လေးမျိုုးသော ပစ္စည်းအာမိသဟူသော ပူဇော်ဖွယ် အမျိုးအစားလည်းကောငး်။
ဓမ္မယာဂေါစ၊ နိဗ္ဗာန်ရောက်ကြောင်း မှန်ကန်သော အကျင့်ရားဟူသော ပူဇော်ဖွယ် အမျိုးအစားလည်းကောင်းတည်း။
။ပ။၊
ဒွိန္နံ၊ ကုန်သော။
ဣမေသံ ယာဂါနံ၊ ဤပူဇော်ဖွယ် အမျိုးအစားတို့တွင်။
။ပ။၊
စာဂါ၊ စွန့်ကြဲခြင်းတို့သည်။
။ပ။၊
အာမိသစာဂေါစ၊ ပစ္စည်းအာမိသကို စွန့်ကြဲခြင်းလည်းကောင်း။
ဓမ္မစာဂေါ စ၊ တရားကို စွန့်ကြံခြင်းလည်းကောင်းတည်း။
ဝါ၊ တရားဟောခြင်းလည်းကောင်းတည်း။
။ပ။၊
ပရိစ္စာဂါ၊ စွန့်ကြဲခြင်းတို့သည်။
[စားနှင့် အားလုံးတူ၏။]
။ပ။၊
ဘောဂါ၊ သုံးဆောင်ခြင်းတို့သည်။
။ပ။၊
အာမိသဘောဂေါ စ၊ အာမိသကို သုံးဆောင်ခြင်းလည်းကောင်း။
ဓမ္မဘောဂေါစ၊ တရားကို သုံးဆောင်ခြင်းလည်းကောင်းတည်း။
။ပ။၊
သမ္ဘောဂါ၊ သုံးဆောင်ခြင်းတို့သည်။
။ပ။၊
သံဝိဘာဂါ၊ ခွဲခြမ်းဝေဖန်ခြင်းတို့သည်။
။ပ။၊
သင်္ဂဟာ၊ ချီးမြှောက်ထောက်ပင့်ခြင်းတို့သည် ။
။ပ။၊
အာမိသသင်္ဂဟော စ၊ အာမိသဖြင့် ချီးမြှောက်ထောက်ပင့်ခြင်း လည်းကောင်း။
ဓမ္မသင်္ဂဟော စ၊ တရားဖြင့် ချီးမြှောက်ထောက်ပင့်ခြင်း လည်းကောင်းတည်း။
။ပ။၊
[အနုဂ္ဂဟာ၌လည်း သင်္ဂဟာအတိုင်း ဆိုပါ။]
။ပ။၊
အနုကမ္မာ၊ ငဲ့ညှာထောက်ထား သနားခြင်းတို့သည်။
။ပ။၊
အာမိသနုကမ္မာ စ၊ အာမိသဖြင့် ငဲ့ညှာထောက်ထား သနားခြင်းလည်းကောင်း။
။ပ။၊