Select Version
Bhikkhu Bodhi
English
sāsanāre-သာသနာရေး
မြန်မာဘာသာ
莊春江讀經站
繁体中文
Dukanipātapāḷi

1. Vajjasuttaṃ

Author: sāsanāre-သာသနာရေး @ IAPT

(ဘန္တေ၊ အရှင်ဘုရား။ ဣဒံ သုတ္တံ၊ ဤဝဇ္ဇသုတ်ကို) ဧဝံ၊ ဤသို့။ ဝါ၊ ဤယခုလျှောက်ထားမည့်အတိုင်း။ မေ၊ တပည့်တော်သည်။ သုတံ၊ (မြတ်စွာဘုရားအထံတော်မှ) နာယူ မှတ်ထား အပ်ပါပြီ။ (ကတံ၊ အဘယ်သို့။ သုတံ၊ ဟူမူ၊) [ဧကကနိပါတ် ပဌမသုတ်ကြည့်ပါ]။ ပ။
ဘဂဝါ၊ သည်။ ဧတံ၊ ကို။ အဝေါစ၊ ပြီ။ (ကိန္တိ၊ သို့။ အဝေါစ၊ မူ။)
ဘိက္ခဝေ၊ ရဟန်းတို့။ ဝဇ္ဇာနိ၊ အပြစ်တို့သည်။
ဣမာနိ ဒွေ၊ ဤနှစ်မျိုးတို့တည်း။
ဒွေ၊ နှစ်မျိုးတို့ဟူသည်။ ကတမာန်၊ အဘယ်တို့နည်းဟူမူ။
ဒိဋ္ဌိဓမ္မိကံ၊ ယခုတွေကြုံနေရသော အတ္တဘော၌ဖြစ်သော အကျိုးဟူသော။ ဝါ၊ ယခုမျောက်မှောက်ဘဝ၌ဖြစ်သော အကျိုးဟူသော။ ဝဇ္ဇံစ၊ အပြစ်လည်းကောင်း။ သမ္ပရာယိကံ၊ နောက်ထပ် လားရောက်အပ်သောအနာဂတ်အတ္တဘော၌ဖြစ်သော အကျိုးဟူသော။ ဝါ၊ တမလွန်ဘဝ၌ဖြစ်သောအကျိုးဟူသော။ ဝဇ္ဇံ စ၊ အဖြစ်လည်းကောင်းတည်း။
ဘိက္ခဝေ၊ တို့။ ဒိဋ္ဌဓမ္မကံ၊ လော။ ဝဇ္ဇံ၊ အပြစ်ဟူသည်။ ကတမဉ္စ၊ အဘယ်နည်း။ ဘိက္ခဝေ၊ တို့။ ဣဓ၊ ဤလောက၌။ အာဂုစာရိံ၊ ပြစ်မှုကျူးလွန်သော။ စောရံ၊ သူခိုးကို။ ရာဇာနော၊ မင်းတို့သည်။ ဂဟေတွာ၊ ဖမ်းချုပ်ကြကုန်၍။ ဝိဝိဓာ၊ အမျိုးမျိုးကုန်သော။ ကမ္မကာရဏာ၊ ညှင်းပန်း နှိပ်စက်ခြင်းအမှုတို့ကို။ ကာရေန္တေ၊ ပြုလုပ်စေသည်တို့ကို။ ဝါ၊ ပြုလုပ်ခိုင်းနေသည်တို့ကို။ ဧကစ္စော၊ အချို့သောသူသည်။ ပဿတိ၊ မြင်ရ၏။ [အဓိပ္ပါယ်ပေါ်လွင်မှုကိုအဓိကထား၍ ရာဇာနောပုဒ်ကို ဂဟေတွာ၏ ကတ္တားအနေအားဖြင့် အနက်ပြန်ဆိုခြင်းဖြစ်။ သဒ္ဒါစည်းကမ်းကို အဓိကထား၍ အနက်ပေးလိုလျှင်ကား "ဘိက္ခဝေ၊ တို့။ ဣဓ၊ ၌။ ရာဇာနော၊ မင်းတို့ကို။ (ပဿတိ၌စပ်) အာဂုစာရိံ၊ သော။ စောရံ၊ ကို။ ဂဟေတွာ၊ ၍။ ဝိဝိဓာ၊ ကုန်သော။ ကမ္မကာရဏာ၊ တိုကို။ ကာရေန္တေ၊ တို့ကို။ ဧကစ္စော၊ သည်။ ပဿတိ၊ ၏။" ဟုဆိုပါ။ ရာဇာနောကားပဿတိ၏ ပကတိကံတည်း။ ကာရေန္တေကား ဝိကတိကံတည်း။] ကသာဟိပိ၊ နှင်းတံတို့ဖြင့်လည်း။ တာဠေန္တေ၊ ရိုက်နှက်နေသည်တို့ကိုလည်းကောင်း။ ဝေတ္တေဟိပိ၊ ကြိမ်လုံးတို့ဖြင့်လည်း။ တာဠေန္တေ၊ လည်းကောင်း။ အဒ္ဓဒဏ္ဍကေဟိပိ၊ လေးတောင်ထက်ဝက် နှစ်တောင်ရှိသော တုတ်တို့ဖြင့်လည်း[အဒ္ဓ= ထက်ဝက်+ ဒဏ္ဍက- တုတ်] ဝါ၊ ဆောက်ပုတ်တို့ဖြင့်လည်း။ ပ။ ဟတ္ထမ္ပိ၊ လက်ကိုလည်း။ ဆိန္ဒန္တေ၊ ဖြတ်နေသည်တို့ကိုလည်းကောင်း။ ပါဒမ္ပိ၊ ခြေကိုလည်း။ ပ။ ဟတ္ထပါဒမ္ပိ၊ လက်ခြေကိုလည်း။ ပ။ ကဏ္ဏမ္ပိ၊ နားရွက်ကိုလည်း။ ပ။ နာသမ္ပိ၊ နှခေါင်းကိုလည်း။ ပ။ ကဏ္ဏနာသမ္ပိ၊ နားရွက် နှာခေါင်းကိုလည်း။ ဆိန္ဒန္တေ၊ လည်းကောင်း။ ဗိလင်္ဂထာလိကမ္ပိ၊ ပုန်းရည်အိုးနှင့်တူအောင် ညှဉ်းပန်းနှိပ်စက်ခြင်းကိုလည်း [အကျဉ်းချုပ်သဒ္ဒါ နက်မျှသာတည်း။ ဗိလင်္ဂဿ၊ ပုန်းရည်၏+ ထာလီ= ထာလိကာ- အိုး။ ဗိလင်္ဂိထာလိကာ ဝိယာတိ ဗိလင်္ဂထာလိကာ။ အကျယ်တဝင့်အနက်ပေးလိုလျှင်ကား- "ဗိလင်္ဂထာလိကမ္ပိ၊ ဉီးခေါင်းခွံကို အပေါက်ဖေါက်ကာသံပူခဲရဲရဲကို ထည့်သွင်း၍ ပုန်းရည်အိုးမှ ပုန်းရည်ဆူပွက် လျှံတက်သကဲ့သို့ဉီးနှောက်ဆူပွက် လျှံတက်လာအောင် ညှဉ်းပန်းနှိပ်စက်ခြင်းလည်း" ဟုဆိုပါ] ကရောန္တေ၊ ပြုလုပ်နေသည်တို့ကိုလည်းကောင်း။ သင်္ခမုဏ္ဍိကမ္ပိ **သင်္ခမုဏ္ဍိကာ**။ ။ မုဏ္ဍနံ မုဏ္ဍိကာ- ဉီးပြည်းခြင်း၊ ခေါင်းတုံးခြင်း၊ ခေါင်းရိတ်ခြင်း၊ မုဏ္ဍဓာတ်၊ ဏျပစ္စည်း၊ ဣလာ၊ ယကို ကပြု၊ (တစ်နည်း) မုဏ္ဍနံ မုဏ္ဍော ၊ မုဏ္ဍော ဧဝ မုဏ္ဍိကာ- ခေါင်းတုံးခြင်း။ မုဏ္ဍပုဒ်၊ တဒ္ဓိတ်ဣကပစ္စည်းကြံ။ "စရဏံ စာရိကာ၊ စရဏံ ဝါ စာရော၊ စာရော ဧဝစာရိကာ" ဟူသော သီလက္ခန် အမ္ဗဋ္ဌသုတ်ဋ္ဋီကာ (နှာ- ၂၈၆)ဝိဂြိုလ်နှင့် အလားတူကြံခြင်းဖြစ်၏။ ထို့နောက် "သင်္ခံ ဝိယ မုဏ္ဍိကာ သင်္ခမုဏ္ဍိကာ- ခရုသင်းနှင့်တူအောင် ဉီးပြည်းခေါင်းတုံးခြင်း" ဟူ၍ အကျဉ်းချုပ်ဝိဂြိုဟ်အနက်ဆိုလေ။ သင်္ခံ ဝိယ မုဏ္ဍကရဏံ ကမ္မကာရဏံ။ ဋ္ဋီကာ။ ၊ ခရုသင်းအတူ ဖွေးဖွေးဖြးအောင် ဉီးပြည်းခေါင်းတုံးခြင်းကိုလည်း။ [သင်္ခမုဏ္ဍိကမ္ပိ၊ အထက် နှုတ်ခမ်း နားရင်းနှစ်ဘက်နှင့် လည်ချိုင့်တိုင်အောင် နယ်ပယ်ကန့်သတ်ရစ်ပတ်ကာ အရေကိုဖြတ်တောက်ပြီးလျှင် ဆံပင်အားလုံး သိမ်းကျုံးပေါင်းစု၍ တုတ်ဖြင့်ရစ်ပတ်ကာ ဆွဲဆောင့်သဖြင့် ဆံပင်နှင့်တကွ ဉီးခေါင်းခွံ အရေကြွတက် ကျွတ်ပါလာစေပြီးနောက် ခရုသင်းအတူ ဖွေးဖွေးဖြူအောင် ကြမ်းတမ်းသော ကျောက်ခဲတို့ဖြင့် ပွတ်တိုက်ဆေးကြောလျက် ဉီးပြည်းခေါင်းတုံးခြင်းကိုလည်း" ဟု အကျယ်ဖွင့် အနက်ဆိုပါ။] ကရောန္တေ၊ ပြုလုပ်နေသည်တို့ကိုလည်းကောင်း။ ရာဟုမုခမ္ပိ **ရာဟုမုခါ**။ ။ ရာဟုမုခေ ဂတော ရာဟုမုခဂတော- ရာဟုခံတွင်း၌ရောက်နေသော နေလုံး၊ ရာဟုမုခဂတော ဝိယာတိ ရာဟုမုခါ- ရာဟုခံတွင်း၌ရောက်နေသော နေလုံးနှင့်တကွ(တူအောင်) ညှင်းဆဲခြင်း (အကျဉ်းချုပ်ဝိဂြိုဟ်အနက်)။ ဂတပုဒ်အကျေကြံ။ "ရာဟုမုခတသူရိယသဒိသကမ္မကာရဏံ" ဟူသော ဋ္ဋီကာအဖွင့်အတိုင်း ဝိဂြိုဟ်ပြုသည်။ "ရာဟုနေနာ ဝိယ မုခံ ယဿာတိ ရာဟုမုခေါ" ဟုလည်း ဝိဂြိုဟ်ပြုတော်မူကြ၏။ ၊ ပါးစပ်ကို သံငုတ်ဖြင့်ဖွင့်ထောက်ကာ ဟထားစေ၍ ရာဟုခံတွင်း၌ရောက်နေသော နေလုံးနှင့်တူအောင် အာခေါင်ခံတွင်း၌ မီးထွန်းခြင်းကိုလည်း။ ဝါ၊ နားရင်းနှစ်ဖက်မှစ၍ ပါးစပ်ကို ဆောက်ဖြင့်ထွင်းကာ ကျယ်စွာချဲ့၍ရာဟုခံတွင်း၌ ရောက်နေသော နေလုံးနှင့်တူအောင် အရောင်အဆင်း နီးခြင်းခြင်းသွေးတို့ဖြင် ခံတွင်းကို ပြည့်စေခြင်းကိုလည်း။ ကရောန္တေ၊ လည်းကောင်း။ ဇောတိမာလိကမ္ပိ **ဇောတိမာလိကာ**။ ။ ဇောတိ ဧဝမာလာ ဇောတိမာလာ- မီးသည်ပင်လျှင် ပန်း(မီးပန်း)၊ ဇောတိမာလာ ယဿ အတ္ထီတိ ဇောတိမာလိကာ- မီးပန်းရှိသော ညှဉ်းဆဲခြင်း၊ ဝါ- မီးပန်းရှိအောင် ညှဉ်းဆဲခြင်း၊ ဇာတိမာလိကန္တိဇောတိမာလာဝန္တံ ကမ္မကာရဏံ။ ဋ္ဋီကာ။ ၊ ဆီစိမ်အဝတ်တို့ဖြင့် တကိုယ်လုံးရစ်ပတ်၍ မီးရှို့ခြင်းဖြင့် မီးပန်းရှိအောင် ညှဉ်းပန်းခြင်းကိုလည်း။ ပ။ ဟတ္ထပဇ္ဇောတိကမ္ပိ **ဟတ္ထဟဇ္ဇောတိကာ**။ ။ ပဇ္ဇောတနံ ပဇ္ဇောတိကာ- အရောင်တောက်စေခြင်း။ ပ+ ဇုတ+ ဏျ+ ဣလာ၊ ယကိုကပြု။ (တစ်နည်း) "ပဇ္ဇောတနံ ပဇ္ဇောတော၊ ပဇ္ဇေတော ဧဝ ပဇ္ဇောတိကာ" ဟု ပဇ္ဇေတပုဒ် တဒ္ဓိတ်ဣကပစ္စည်းသော်လည်းကြံပါ၊ ဟတ္ထဿ ပဇ္ဇောတိကာ တ္ထပဇ္ဇောတိကာ- လက်ကိုအရောင်တောက်စေခြင်း (အရောင်တောက်မီးရှိို့ခြင်း)။ ဟတ္ထပဇ္ဇောတိကန္တိ ဟတ္ထဿပဇ္ဇောတနကမ္မကာရဏံ။ ဋ္ဋီကာ။ ၊ ဆီစိမ်အဝတ်တို့ဖြင့် လက်ကိုရစ်ပတ်ကာ မီးတိုင်ပမာ အရောင်အဝါလင်းအောင်မီးရှို့ခြင်းကိုလည်း။ ဤနေရာ၌ ညှင်းဆဲခြင်းအနက်ဟောဖြစ်သော ကာရဏပုဒ်၏ ဣတ္ထိလိင်သို့လိုက်၍ ဗိလင်္ဂထာလိကာ, သင်္ခမုဏ္ဍိကာ- စသည်ဖြင့် ဣတ္ထိလိင်ရုပ်ရှိရသည်။ ဤသုတ်အဋ္ဌကထာဋ္ဋီကာတို့၌မူ ဒတိယာဝိဘတျန္တဖြင့်ရှိသော ပါဠိတော်အတိုင်း ဒုတိယာဝိဘတ်ဖြင့်ချည်းရှိသည်။ ပ။ ဧရကပတ္တိကမ္ပိ ဧရကပတ္တိကာ။ ။ အရွက်ဟူသောအနက်ကို ဟောသော ပတ္တသဒ္ဒါဖြင့် "ဧရကပတ္တိကာ" ဟူ၍လည်း စာမူတွေ့ရ၏။ ထိုအတိုင်းကောင်းသည်ဟုယူဆ၏။ ဧရကဿ ပတ္တ့ ဧရကပတ္တံ- ပြိန်းမြက်ပင်၏ အရွက် (ပြိန်းရွက်)။ ဧရကပတ္တံ ဝိယာတိ ဧရကပတ္တံ (စမ္မပတ္တံ)- ပြိန်းရွက်နှင့်တူသော အရေလွှာ၊ ဧရကပတ္တဿ ဥပ္ပါဋ္ဋနံ ဧရကပတ္တဥပ္ပါဋ္ဋနံ- (ပြိန်းရွက်ပမာ အရေလွှာကို ဆွဲခွါခြင်း) ဟု ဆိုလိုလျက် ဥပ္ပါဋ္ဋနပုဒ်ကို ချေ၍ "ဧရမပတ္တ" ဟုပင်ရှိရ၏။ အာပူပိကော၌ "အပူပခါဒန" မှခါဒနပုဒ်ချေထားသည်နှင့်တူ၏။ ထို့နောက် "ဧရကပတ္တံ ဧဝ ဧရကပတ္တိကာ" ဟူ၍ ဣကပစ္စည်း အနက်မရှိကြံပါ။ ဧရကပတ္တဒိသေ သရီရတော စမ္မပတ္တေ ဥပ္ပါဋ္ဋနကမ္မကာရဏံ။ ဋ္ဋီကာ။ ၊ ပြိန်းရွက်ပမာ ကိုယ်အရေလွှာကို ဆွဲခွါခြင်းကိုလည်း။ ["လည်းပင်းအောက်မှစ၍ ခြေမျက်စိ တိုင်အောင် ပြိန်းရွက်ပမာကိုယ်အရေလွှာကို ဆွဲခွာပြီးနောက် ကြိုးဖြင့်ချည်ကာ ဆွဲငင်သွားခြင်းဖြင့် မိမိအရေလွှာကိုနင်းမိတိုင်း လဲကျစေခြင်းကိုလည်း" ဟုအကျယ်ဆိုလို၀က ဆိုပါ]။ ပ။ စီရကဝါသိကမ္ပိ **စီရကဝါသိကာ**။ ။ စီရက- အဝတ်၊ ဤ၌မူ ခန္ဓာကိုယ်မှ ဆွဲခွါထားသော အရေတို့ကို စီရက (အဝတ်) ဟု ဆိုလိုသည်။ ဝါသာပနံ ဝါသိကာ၊ စီရကေဟိ ဝါသိကာ စီရကဝါသိကာ- အရေဟူသော အဝတ်တို့ဖြင့် (အဝတ်တို့ကို) ဝတ်စေခြင်း၊ စီရကဝါသိကကမ္မကာရဏန္တိ သရီရတော ဥပ္ပါဋ္ဋိတဝတ္ထစီရကေဟိ နိဝါသာပနကမ္မကာရဏံ။ ခန္ဓာကိုယ်မှ ဆွဲခွါထားအပ်သော အရေတည်းဟူသော အဝတ်တို့ကို ဝတ်စေခြင်းကိုလည်း။ ပ။ ဧဏေယျကမ္ပိ **ဧဏေယျကာ**။ ။ "ဧဏေယျော ဧဏီမိဂေါစ" ဟူသော အဘိဓာန်ဂါထာ(၆၁၈) နှင့်အညီ ဧဏီမည်သော သားကောင်ကို ဧဏေယျဟုခေါ်၏။ ဧဏေယျော ဝိယာတိ ဧဏေယျကာ- ဧဏီသားကောင်နှင့်တူသော ညှဉ်းဆဲခြင်း။ ၊ ဧဏီသားကောင်ပမာ လေးဖက်ထောက် ဝပ်တွားစေပြီးနောက် ပတ်ပတ်လည် မီးဖြင့်ရံလျက် ဖုတ်မြှိုက်လောင်ကျွမ်းစေခြင်းကိုလည်း။ ["တစ်ထောင်နှစ်ဖက် ဒူးနှစ်ဖက်တို့၌ စွပ်ထားအပ်သော သံကွင်းအတွင်းဝယ် သံချွန်တို့ကို သွင်းလျှိုစိုက်နှက်ခြင်းဖြင့် ဧဏီသားကောင်ပမာ လေးဖက်ထောက်.... ကျွမ်းစေခြင်းကိုလည်း" ဟု အကျယ်ဆိုပါ]။ ပ။ ဗဠိသမံသိကမ္ပိ ဗဠိသမံသိကာ။ ။ မံသဿ ဥပ္ပါဋ္ဋနံ မံသုပ္ပါဋ္ဋနံ- အသားကိုဆွဲချိတ်ခွါယူခြင်း၊ (အသားကိုသာမက အရေ အကြောတို့ကိုပါ ဆွဲချိတ်ခွါယူခြင်း)။ ဗဠိသေဟိ (သံချိတ်တို့ဖြင့်) မံသုပ္ပါဋ္ဋနံ ဗဠိသမံသုပ္ပါဋ္ဋနံ- ဟုဆိုလိုလျက် ဥပ္ပါဋ္ဋနပုဒ်ကိုချေ၊ ဗဠိသမံသံ ဗဠိသမံသိကာ- အချွန်နှစ်ခုရှိသောသံချိတ်တို့ဖြင့် အရေ, အသား, အကြောတို့ကို ဆွဲချိတ်ခွါယူခြင်း၊ (တစ်နည်း) ဗဠိသေဟိ ဥပ္ပါဋ္ဋိတံ မံသံ ဗဠိသမံသံ၊ တံ ဧတိဿာ အတ္ထီတိ ဗဠိသမံသိကာ- သံချိတ်တို့ဖြင့် ဆွဲချိတ်ခွါယူအပ်သော အရေ, အသား, အကြောရှိသောညှဉ်းဆဲခြင်း၊ ဗဠိသမံသိကန္တိ ဗလိသေဟိ မံသုပ္ပါဋ္ဋနကမ္မကာရဏံ။ ဋ္ဋီကာ။ ဗလိသမံသိကာ- ဟု လငယ်ဖြင့်လည်းပါဌ်ရှိ၏။ ၊ အချွန်နှစ်ခုရှိသောသံချိတ်တို့ဖြင့် အရေအသားအကြောတို့ကို ဆွဲချိတ်ခွာယူခြင်းကိုလည်း။ ပ။ ကဟာပဏိကမ္ပိ **ကဟာပဏိကာ**။ ။ ကဟာပဏသော (ကဟာပဏမတ္တသော) ဆိန္ဒနံ ကဟာပဏံ၀- တစ်ကျပ်သားစီ, တစ်ကျပ်သားစီ ခုတ်စင်းခြင်း။ ကဟာပဏသော- ၌ သောပစ္စည်းကို ဝိစ္ဆာအနက်၌သက်။ ကဟာပဏဆိန္ဒနံ- ၌ ဆိန္ဒနပုဒ်ကိုလည်းချေ။ ကဟာပဏံ ဧဝ ကဟာပဏိကာ- တစ်ကျပ်သားချင်းခုတ်စင်းချခြင်း။ ကဟာပဏိကန္တိ ကဟာပဏမတ္တသော ဆိန္ဒနကမ္မကာရဏံ။ ဋ္ဋီကာ။ ၊ ခန္ဓာကိုယ်တစ်ခုလုံးကိုထက်စွာသော ဓားတို့ဖြင့် တစ်ကျပ်သားချင်း ခုတ်စဉ်းချခြင်းကိုလည်း။ ပ။ ခါရာပတိစ္ဆိကမ္ပိ ခါရာပတိစ္ဆိကာ။ ။ ပတိစ္ဆိကာ၌ "ပတိ+ ဣသု+ ဏျ" ဟုခွဲ၊ သမ္ပဋ္ဋိစ္ဆနပုဒ်နှင့် ဓာတ်ချင်းတူ၏။ တစ္ဆေတွာ ခါရပက္ခိပနံ ခါရာပဋ္ဋိစ္ဆကံ (ဝိဘင်းမူလဋ္ဋီ၊ ၆၂) တစ္ဆေတွာ ခါရာဝသေစနကမ္မကာရဏံ (ဤသုတ်ဋ္ဋီကာ)ခါရာပတိစ္ဆိကန္တိ သတ္တိဟိ ပသရိတွာ ခါရာဟိ ပတိစ္ဆိကံ ကရောထ (ဇာတ်အဋ္ဌကထာ၊ ဆ၊ ၂၁၊ တေမိယဇာတ်) ဟို့ကို ထောက်၍ ဣသုဓာတ်ကိုပက်ဖျန်းသွန်းလောင်းခြင်းအနက်ဟောကြံ၊ ဤသုတ်၌ ဝစနတ္ထကိုလည်း- ပတိစ္ဆနံပတိစ္ဆိကာ ခါရဟိ ပတိစ္ဆိကာ ခါရာပတိစ္ဆိကာ (အငန်ရည်တို့ဖြင့် ပက်ဖျန်းလောင်းချခြင်း) ဟုပြု။ ၊ ခန္ဓာကိုယ် ထိုထိုနေရာတို့၌ လက်နက်တို့ဖြင့် ရိုက်နက်ခုတ်မွှမ်း၍ အရေအသား အကြောတို့ကို ဘီးကြမ်းဖြင့် ပွတ်ခြစ်ကာ ဆားငန်ရေဖြင့်လောင်းချခြင်းကိုလည်း။ ပ။ ပလိဃပရိဝတ္တိကမ္ပိ **ပလိဃပရိဝတ္တိကာ**။ ။ ပလိဃ- တံခါးကျည်။ ပရိဝတ္တနံ ပရိဝတ္တိကာ၊ ပလိဃဿ ဝိယ ပရိဝတ္တိကာ ပလိဃပရိဝတ္တိကာ- တံခါးကျည်ပမာချာချာလည်စေခြင်း (ချာချာလည်အောင်ဆွဲလှည့်ခြင်း)။ ၊ တံခါးကျည်ပမာ ချာချာလည်အောင် ခြေထောက်ကို ဆွဲလှည့်ခြင်းကိုလည်း။ ["စောင်းလျက်အပ်စေ၍ သံချွန်ကို မြေကြီးထဲသို့နစ်ဝင်အောင် နားပေါက်တွင်းမှ ထိုးစိုက်ရိုက်သွင်းကာ တံခါးကျည်ပမာချာချာလည်အောင် ခြေထောက်ကို ဆွဲလှည့်ခြင်းကိုလည်း" ဟု အကျယ်ဆို။ ပလာလပီဌကမ္ပိ **ကလာလပီဌကာ**။ ။ ပလာလပီဌံ ဝိယာတိ ပလာလပီဌကာ(ပလာလပီဌိကာ)- ကောက်ရိုးအင်းပျဉ်းနှင့်တူအောင် ညှဉ်းဆဲခြင်း။ (ခန္ဓာကိုယ်ကိုခေါက်လိပ်ခြင်းတည်း)။ ပလာလပီဌကန္တိ ပလာလပီဌဿ ဝိယ သရီရဿ သံဝေလ္လနကမ္မကာရဏံ။ ဋ္ဋီကာ။ ၊ ကောက်ရိုးအင်းပျဉ်းပမာ ခန္ဓာကိုယ်ကိုခေါက်လိပ်ခြင်းလည်း။ [အရေတို့ကို မစုတ်ပြတ်စေဘဲ ကျောက်တုံးဖြင့် အရိုးတို့ကို ကျေမွအောင်ထုရိုက်ပြီးနောက် ဆံပင်မှ ဆွဲမြှောက်၍ အရိုးတို့ကို ခါချလိုက်သဖြင့် အသားစုချည်း ကျန်သောအခါ ကောက်ရိုးထုံးကဲ့သို့ ထိုအသားစုကို ဆံပင်တို့ဖြင့်ရစ်ပတ်ခေါက်လိပ်ခြင်းကိုလည်း] ကရောန္တေ၊ ပြုလုပ်နေသည်တို့ကိုလည်းကောင်း။ တတ္တေန၊ ပူလောင်လှစွာသော။ တေလေနပိ၊ ဆီးဖြင့်လည်း။ ဩသိဉ္စန္တေ၊ သွန်းလောင်းချသည်တို့ကိုလည်းကောင်း။ သုနခေဟိပိ၊ (နှစ်ရက်သုံးရက် အစာမကျွေးဘဲ ထားအပ်သော)ခွေးငတ်တို့ကိုလည်း။ ခါဒါပေန္တေ၊ ကိုက်ဝါးခဲစားစေသည်တို့ကို လည်းကောင်း။ ဇီဝန္တမ္ပိ၊ အရှင်လတ်လတ်ပင်လျှင်လည်း။ သူလေ၊ တံကျင်၌။ ဥတ္တာသေန္တေ၊ သွင်းလျှိုနေသည်တို့ကိုလည်းကောင်း။ အသိနာပိ၊ သန်လျင်ဖြင့်လည်း။ သိသံ၊ ဉီးခေါင်းကို။ ဆိန္ဒန္တေ၊ ဖြတ်နေသည် တို့ကိုလည်းကောင်း။ ပဿတိ၊ မြင်၏။
တဿ၊ ထိုသူမှာ။ (သူခိုးကိုဖမ်း၍ ညှဉ်းဆဲနေသည်ကို မြင်နေရသောထိုသူမှာ) ဧဝံ၊ ဤသို့တွေးတော ကြောက်ရွှံ့ခြင်းသည်။ ဟောတိ၊ ဖြစ်၏။
(ကိန္တ အဘယ်သို့ တွေးတော ကြောက်ရွှံ့ခြင်းသည်။ ဟောတိ၊ ဖြစ်သနည်းဟူမူ) ယထာရူပါနံ၊ အကြင်သို့ သဘောရှိကုန်သော။ ပါပကာနံ၊ ယုတ်မာကုန်သော။ ကမ္မာနံ **ကမ္မာနံ ဟေတု**။ ။ ကမ္မာနံဟူသော ဆဋ္ဌ ၂န္တ ပုဒ်သည် ဟေတုဟူသော ပဌမန္တပုဒ်နှင့် (ဝိဘတ်မတူဘဲ) အရကောက် အနက်တူသော တုလျာဓိကရဏဝိသေသနတည်း၊ ၎င်း၌ ဆဋ္ဌီဝိဘတ်သည် သာမီအနက်ကို မဟော (ဆဋ္ဌီဟေတွတ္ထေဟိ- ဟူသော မောဂ္ဂလ္လာန် ၂၊ ၂၂သုတ်နှင့်အညီ) ဟိတ်အနက်ကိုဟော၏။ ဥဒရဿ ကာရဏာ- ကဲ့သို့တည်း။ အကယ်၍ သာမီအနက်ဟော ယူလျှင်ကား အဘေဒဘေဒူပစာရ ကြံရလိမ့်မည်။ ၊ ပြစ်မှုတို့၏။ ဝါ၊ ပြစ်မှုတို့တည်းဟူသော။ ဟေတု၊ အကြောင်းကြောင့်။ အာဂုစာရိံ၊ သော။ စောရံ၊ ကို။ ရာဇာနော။ ပ။ ကာရေန္တိ၊ ပြုလုပ်စေကြကုန်၏။ ပ။ တာဠေန္တိ၊ ရိုက်နှက်ကြကုန်၏။ ပ။ ဆိန္ဒန္တိ၊ ခုတ်ဖြတ်ကြကုန်၏။ ပ။ ကရောန္တိ၊ ပြုလုပ်ကြကုန်၏။ ပ။ ဩသိဉ္စန္တိ၊ သွန်လောင်းကြကုန်၏။ ပ။ ခါဒါပေန္တိ၊ ကိုက်ဝါးခဲစားစေကြကုန်၏။ ပ။ ဥတ္တာသေန္တိ၊ သွင်းလျှိုကုန်၏။ ပ။ [အဟဉ္စေဝ၊ အဟံ+ စေ+ ဧဝ။ ဧဝ နင့် ခေါပန အနက်မရှိ]
အဟံ၊ ငါသည်။ ဧဝရူပံ၊ ဤသို့သဘောရှိသော။ ပါပကမ္မံ၊ ယုတ်မာသော အမှုကို။ စေ ကရေယျံ၊ အကယ်၍ပြုငြားအံ့။ (ဧဝံ သတိ၊ ဤသို့ပြုသည်ရှိသော်) မံပိ၊ ငါ့ကိုလည်း။ ပ။ ဧဝရူပါ၊ ကုန်သော။ ပ။ ကာရေယျုံ၊ ပြုလုပ်စေကုန်ရာ၏။ ပ။ တာဠေယျုံ၊ ရိုက်နှက်ကြကုန်ရာ၏။ ပ။ ဆိန္ဒေယျုံ၊ ဖြတ်ကုန်ရာ၏။ ဣတိ၊ ဤသို့ တွေးတောကြောက်ရွံ့ခြင်းသည်။ (ဟောတိ၊ ဖြစ်၏)
သော၊ ထိုသူသည် (သူခိုးဖမ်း၍ အမျိုးမျိုးညှဉ်းဆဲနေသည်ကိုမြင်ရသဖြင့် တွေးတောကြောက်ရွံ့နေသော ထိုသူသည်) ဒိဋ္ဌဓမ္မိကဿ၊ သော။ ဝဇ္ဇဿ၊ အပြစ်မှ။ ဘီတော၊ ကြောက်သည်။ (ဟုတွာ၊ ဖြစ်၍) ပရေသံ၊ သူတစ်ပါးတို့၏။ ပါဘတံ၊ ပစ္စည်းဥစ္စာကို။ ဝိလုမ္ပန္တော၊ လုယက်ခိုးဝှက်လျက်။ နစရတိ၊ မလှည့်လည်။
ဘိက္ခဝေ၊ တို့။ ဣဒံ၊ ဤအပြစ်ကို။ (ဤအမျိုးမျိုးညှဉ်းပန်းခံရခြင်းဟူသော အပြစ်ကို) ဒိဋ္ဌိဓမ္မကံ၊ သော။ ဝဇ္ဇံ၊ အပြစ်ဟူ၍။ ဝုစ္စတိ၊ အခေါ်ဆိုအပ်၏။
ဘိက္ခဝေ၊ တို့။ သမ္ပရာယိကံ၊ သော။ ဝဇ္ဇံ၊ အပြစ်ဟူသည်။ ကတမဉ္စ၊ နည်း။
ဘိက္ခဝေ၊ တို့။ ဣဓ၊ ၌။ ဧကစ္စော၊ သည်။ ဣတိ၊ ဤသို့။ ပဋ္ဋိသဉ္စိက္ခတိ၊ ဆင်ခြင်စဉ်းစား၏။ (ကိန္တိ၊ အဘယ်သို့။ ပဋ္ဋိသဉ္စိက္ခတိ၊ ဆင်ခြင်စဉ်းစားသနည်းဟူမူ။)
အဘိသမ္ပရာယံ၊ နောက်ထပ်လားရောက်ရမည့် ဘဝ၌။ ဝါ၊ နောင်တမလွန်ဘဝ၌။ ကာယဒုစ္စရိတဿ၊ ကာယဒုစ္စရိတ် အကုသိုလ်၏။ ဝါ၊ ၏။ [ဧကကနိပါတ်၊ စာပိုဒ် ၂၈၄- သုတ် စသည်ကြည့်] ပါပကော၊ ယုတ်ညံ့ဆိုးဝါးသော။ ဒုက္ခော၊ ဒုက္ခဖြစ်သော။ ဝိပါကော၊ အကျိုးဝိပါက်သည်။ (ဟောတိ၊ ဖြစ်၏။) အဘိသမ္ပရာယံ၊ ၌။ ဝစီဒုစ္စရိတဿ၊ ၏။ ပ။ ဝိပါကော၊ သည်။ (ဟောတိ) အဘိသမ္ပိရာယံ၊ ၌။ မနောဒုစ္စရိတဿ၊ ၏။ ဝါ၊ ၏။ ပ။
အဟံ၊ ငါသည်။ ကာယေန၊ ကိုယ်ဖြင့်။ ဝါ၊ ကာယဒွါရဖြင့်။ ဝါ၊ ကာယဝိညတ်ဖြင့်။ ဒုစ္စရိတံ၊ ဒုစရိုက်အကုသိုလ်ကို။ ဝါ၊ မကောင်းသဖြင့် ပြုကျင့်အပ်သော အကုသိုလ်ကံကို။ စေ စရေယျံ၊ အကယ်၍ ပြုကျင့်ငြားအံ့။ ဝါစာယ၊ နှုတ်ဖြင့်။ ဝါ၊ ဝစီဒွါရဖြင့်။ ဝါ၊ ဝစီဝိညတ်ဖြင့်။ ဒုစ္စရိတံ၊ ကို။ ဝါ၊ ကို။ စေ စရေယျံ၊ အံ့။ မနသာ၊ စိတ်ဖြင့်။ ဝါ၊ မနောဒွါရဖြင့်။ ပ။ စေ စရေယျံ၊ အံ့။ (ဧဝံ သတိ၊ ဤသို့ပြုကျင့်သည်ရှိသော်) [ယာဟံ၊ ယံ+ အဟံ]
ယံ (ယေနကာရဏေန)၊ အကြင်အကြောင်းကြောင့်။ အဟံ၊ ငါသည်။ ကာယဿ၊ ၏။ [ဧကကနိပါတ် စာပိုဒ် ၄၃- ကြည့်]။ ပ။ နိရယံ၊ သို့။ န ဥပပဇ္ဇေယျံ၊ မလားရောက်နိုင်ရာ။ ကိဉ္စ၊ အဘယ်မည်သော။ တံ (ကာရဏံ)၊ ထိုမလားရောက်နိုင်ခြင်းဟူသော အကြောင်းသည်။ (ဘဝေယျ၊ ဖြစ်နိုင်ပါမည်နည်း။ န ဘဝတိဧဝ၊ ဧကန်စင်စစ် မဖြစ်နိုင်သည်သာတည်း) ဣတိ၊ ဤသို့။ (ပဋ္ဋိသဉ္စိက္ခတိ၊ ဆင်ခြင်းစဉ်းစား၏။) [ပြန်စပ်]
သော၊ ထိုသူသည် (ထိုဆင်ခြင်စဉ်းစားသောသူသည်) သမ္ပရာယိကဿ၊ သော။ ဝဇ္ဇဿ၊ မှ။ ဘီတော၊ သည်။ (ဟုတွာ၊ ၍) ကာယဒုစ္စရိတံ၊ ကာယဒုစရိုက် အကုသိုလ်ကို။ ဝါ၊ ကို။ ပဟာယ၊ ပယ်ရှား၍။ ကာယသုစရိတံ၊ ကာယသုစရိုက်ကုသိုလ်ကို။ ဝါ၊ ကို။ [ဧကကနိပါတ်စာပိုဒ် ၂၈၇- စသည်ကြည့်] ဘာဝေတိ၊ ဖြစ်ပွားစေ၏။ ပ။ ဝစီသုစရိတံ၊ ဝစီသုစရိုက်ကုသိုလ်ကို။ ဝါ၊ ကို။ ပ။ မနောသုစရိတံ၊ မနောသုစရိုက်ကုသိုလ်ကို။ ဘာဝေတိ၊ ၏။ သုဒ္ဓံ၊ စင်ကြယ်အောင်။ အတ္တာနံ၊ မိမိကိုယ်စိတ်ကို။ ပရိဟရတိ၊ သုတ်သင်စောင့်ရှောက်၏။
ဘိက္ခဝေ၊ တို့။ ဣဒံ၊ ဤအပြစ်ကို။ (သေပြီးနောက် ငရဲ၌ဖြစ်ရခြင်းဟူသောဤအပြစ်ကို) သမ္ပရာယိကံ၊ သော။ ဝဇ္ဇံ၊ ၍။ ဝုစ္စတိ၊ ၏။
ဘိက္ခဝေ၊ တို့။ ဝဇ္ဇာနိ၊ အပြစ်တို့ဟူသည်။ ဣမာနိ ဒွေ၊ ဤနှစ်မျိုးတို့ပေတည်း။
ဘိက္ခဝေ၊ တို့။ တသ္မာ၊ ထို့ကြောင့်။ (ထိုသို့ ဤနှစ်မျိုးတို့ အပြစ်စင်စစ်ဧကန်ဖြစ်ကြခြင်းကြောင့်) ဣဟ၊ ၌။ [ဧကကနိပါတ်စာပိုဒ် ၇၇- ကြည့်။] (ဝေါ၊ တို့သည်) ဧဝံ၊ ၍။ သိက္ခိတဗ္ဗံ၊ မည်။ (ကိန္တိ၊ ၍။ သိက္ခိတဗ္ဗံ၊ မူ။ မယံ၊ ငါတို့သည်။)
ဒိဋ္ဌိဓမ္မိကဿ၊ သော။ ဝဇ္ဇဿ၊ မှ။ ဘာယိဿာမ၊ ကြောက်ကုန်အံ့။ ပ။ ဝဇ္ဇဘီရုနော၊ အပြစ်မှ ကြောက်ကုန်သည်။ ဝဇ္ဇဘယဒဿာဝိနော၊ အပြစ်ကို ဘေးဟုရှုလေ့ရှိကုန်သည်။ ဘဝိဿာမ၊ ဖြစ်ကုန်အံ့။ ဣတိ၊ ဤသို့နှလုံးသွင်း၍။ (သိက္ခိတဗ္ဗံ၊ မည်)
ဘိက္ခဝေ၊ တို့။ ဧဝံဟိ၊ လျှင်။ ဝေါ၊ သင်တို့သည်။ သိက္ခိတဗ္ဗံ၊ မည်။
ဘိက္ခဝေ၊ တို့။ ယံ (ယေန ကာရဏေန)၊ အကြင်အကြောင်းကြောင့်။ သဗ္ဗဝဇ္ဇေဟိ၊ အားလုံးသော အပြစ်တို့မှ။ ပရိမုစ္စိဿတိ၊ (အရဟတ္တမဂ်ဖိုလ်တို့ကြောင့်) လွတ်မြောက်လတ္တံ့။ ဧတံ (ကာရဏံ)၊ ဤလွတ်မြောက်ခြင်းဟူသောအကြောင်းကို။ ဝဇ္ဇဘီရုနော၊ အပြစ်မှကြောက်သောသူသည်။ [ဆဋ္ဌီ သဝိဘတ်] ဝဇ္ဇဘယဒဿာဝိနော၊ ရှိသူသည်။ ပါဋ္ဋိကင်္ခံ၊ အလိုရှိထိုက်၏။ [တစ်နည်း- ဧတံ (ကာရဏံ)၊ ဤလွတ်မြောက်ခြင်းဟူသောကြောင်းသည်။ ဝဇ္ဇဘီရုနော၊ သူ၏။ ဝဇ္ဇဘယဒဿာဝိနော၊ ရှိသူ၏။ ပါဋ္ဋိကင်္ခံ၊ မလွဲဧကန်ဖြစ်မည့် အကြောင်းပေတည်း။] ဣတိ၊ ဤသို့။ (အဝေါစ၊ မိန့်တော်မူပြီ။)
ပဌမံ၊ ပဌမသုတ်တည်း။