သန္ထရာ၊ လောကတံတွာ, ပျူငှာဝတ်ပြု, ချီးမြှောက်မှုတို့သည်။
ဝါ၊ အာမိသ ဓမ္မ, မရကြရာ, သူငါအကြား, ခြားနားပေါက်ပျက်,ကွာဟချက်များ, မထင်ရှားအောင်, တသားတည်းကပ်, ဆဆက်စပ်ဖုံးကာ, ပျူငှာဝတ်ပြု, ချီးမြှောက်မှုတို့သည်။
[ဋီကာအဖွင့်အားလုံး ငုံမိအောင် အနက်ပြန်ထားသည်။ သံပုဗ္ဗ ထရဓာတ်၏ မူရင်းသဒ္ဒတ္ထမှ ပိဒဟန (ဖုံးအုပ်ခြင်း) အနက်တည်း၊ သင်္ဂဏှန(ချီးမြှောက်ခြင်း) အနက်ကား အဓိပ္ပါယတ္ထတည်း။]
။ပ။၊
အာမိသသန္တာရောစ၊ ပစ္စည်းအာမိသဖြင့် လောကတံတွာ ပျူငှာဝတ်ပြုချီးမြှောက်မှု လည်းကောင်း။
[မိမိထံ ရောက်လာသော အာဂန္တုက ရဟန်းစသည်တို့အား ခရီးဦးကြိုဆိုခြင်းမှစ၍ တတ်စွမ်းသမျှ ကျွေးမွေးဧည့်ခံခြင်းတည်း။]
ဓမ္မသန္ထာရော စ၊ တရားဖြင့် လောကတံတွာ ပျူငှာဝတ်ပြု ချီးမြှောက်မှုလည်းကောင်းတည်း။
[တပည့်တို့အား စာပေကျမ်းဂန် ပို့ချခြင်း, ကမ္မဋ္ဌာန်းပေးခြင်း၊ ရှင်ရဟန်းပြု ပေးခြင်း စသည်တည်း၊ ပုံဝတ္ထုနှင့်တကွ အဓိပ္ပါယ်အကျယ်ကို အဋ္ဌသာလိနီ ၄၂၆ ၌ ကြည့်ပါ။]
ပဋိသန္တာရပုဒ်သည် ဤသန္တာရပုဒ်နှင့် အနက်တူ၏။
။ပ။၊
ဧသနာ၊ ရှားမှီးခြင်းတို့သည်။
။ပ။၊
အာမိသေသနာ စ၊ ပစ္စည်းအားမိသကို ရှာမှီးခြင်းလည်းကောင်း။
ဓမ္မေသနာ စ၊ တရားကို ရှာမှီးခြင်း လည်းကောင်းတည်း။
[ပရိယေသနာကိလည်း သေနာအတိုင်းဆို။]
။ပ။၊
ပရိယေဋ္ဌိယော၊ ထိပ်ဆုံးသို့ ရောက်သော ရှာမှီးခြင်းတို့သည်။
။ပ။၊
အာမိသပရိယေဋ္ဌိ စ၊ ထိပ်ဆုံးသို့ ရောက်အောင် အာမိသကို ရှားမှီးခြင်းလည်းကောင်း။
ဓမ္မပရိယေဋ္ဌိစ၊ ထိပ်ဆုံးသို့ ရောက်အောင် တရားရှာမှီးခြင်း လည်းကောင်းတည်း။
။ပ။၊
ပူဇာ၊ ပူဇော်ခြင်းတို့သည်။
။ပ။၊
အာမိသ ပူဇာ စ၊ အာမိသဖြင့် ပူဇော်ခြင်းလည်းကောင်း။
ဓမ္မပူဇာ စ၊ တရားဖြင့် ပူဇော်ခြင်း လည်းကောင်းတည်း။
။ပ။၊
အာတိထေယျာနိ၊ ဧည့်သည်တို့အား ပေးကမ်းဖွယ် လက်ဆောင်တို့သည်။
။ပ။၊
အာမိသာတိယေယျဉ္စ၊ အာမိသဟူသော ဧည့်သည် လက်ဆောင်လည်းကောင်း။
ဓမ္မတိထေယျဉ္စ၊ တရားဟူသော ဧည့်သည် လက်ဆောင်လည်းကောင်းတည်း။
။ပ။၊
ဣဒ္ဓိယော၊ ပြီးစီးအောင်မြင်ကြောင်းတို့သည်။
။ပ။၊
အာမိသိဒ္ဓိစ၊ အာမိသဟူသော ပြီးစီးအောင်မြင်ကြောင်း လည်းကောင်း။
ဓမ္မိဒ္ဓိစ၊ တရားဟူသော ပြီးစီးအောင်မြင်ကြောင်းလည်းကောင်းတည်း။
။ပ။၊
ဝုဒ္ဓိယော၊ ကြီးပွားတိုးတက်ခြင်းတို့သည်။
။ပ။၊
အာမိသဝုဒ္ဓိ စ၊ အာမိသကြောင့် ကြီးပွားတိုးတက်ခြင်းလည်းကောင်း။
ဓမ္မဝုဒ္ဓိ စ၊ တရားကြောင့် ကြီးပွားတိုးတက်ခြင်း လည်းကောင်းတည်း။
။ပ။၊
ရတနာနိ၊ ရတနာတို့သည်။
ဝါ၊ နှစ်သက်မှုကို ဖြစ်စေတတ်သော အဖိုးတန်ပစ္စည်းတို့သည်။
။ပ။၊
အာမိသ ရတနဉ္စ၊ အာမိသ ဟူသော ရတနာ လည်းကောင်း။
ဝါ၊ အာမိသဟူသော နှစ်သက်မှုကို ဖြစ်စေတတ်သော အဖိုးတန် ပစ္စည်းလည်းကောင်း။
ဓမ္မရတနဉ္စ၊ တရားဟူသော ရတနာလည်းကောင်းတည်း။
ဝါ၊ တည်း။
။ပ။၊
သန္နိစယာ၊ ဆည်းပူးစုဆောင်းခြ်းတို့သည်။
။ပ။၊
အာမိသသန္နိစယောစ၊ အာမိသကို ဆည်းပူးစုဆောင်ခြင်းလည်းကောင်း။
ဓမ္မသန္တိစယော စ၊ တရားကိုဆည်းပူးစုဆောင်ခြင်းလည်းကောင်းတည်း။
။ပ။၊
ဝေပုလ္လာနိ၊ ပြန့်ပွားသည်အဖြစ်တို့သည်။
။ပ။၊
အာမိသဝေပုလ္လံ စ၊ အာမိသ၏ ပြန့်ပွားသည် အဖြစ်လည်းကောင်း။
ဓမ္မဝေပုလ္လံ စ၊ တရား၏ ပြန့်ပွားသည် အဖြစ်လည်းကောင်းတည်း။
။ပ။၊