ဣတိ၊ ဤကားအမေးတည်း။
ယဿ၊ အကြင်ကထိန်နုတ်ခြင်း၏။
အတ္ထာရမူလကော၊ ကထိန်ခင်းခြင်းလျှင် အကြောင်းရင်းရှိသော။
အာနိသံသော၊ အာနိသင်ပစ္စည်းသည်။
မဟာ၊ များ၏။
ယဿ ၊ပေ၊ န ဒါတဗ္ဗော။ ။ ပဌမကထိန်ခင်းစဉ်က တစ်ပါးတစ်ပါး၌ ရထိုက်သော အာနိသင် (လာဘ်က) က များနေ၍ ကထိန်နုတ်ခြင်းကြောင့် (တစ်ပါးတစ်ပါး၌ ရထိုက်သောလာဘ်က) နည်းနေလျှင် ထိုကထိန်ကို နုတ်ခွင့် မပေးရ၊ [ဆိုလိုရင်းကား -ကထိန်မနုတ်ဘဲထားလျှင် ပုရိမဝါကျွတ်သော ဘိက္ခုနီတို့သာ သင်္ကန်းရသမျှကို ဝေယူရမည်ဖြစ်၍, ကထိန်နုတ်လိုက်လျှင်ကား ဝါကျွတ်မှ ရောက်လာသူများပါ ဝေယူရမည်ဖြ်၏၊ ထိုသို့ဝေယူရာ၌ ပုရိမဝါကပ်သူ ဘိက္ခုနီတို့မှာ အရနည်းသွားမည်ဖြစ်လျှင် ကထိန်နုတ်ခွင့် မပေးရ- ဟူလို။]
**ယဿ ပန၊ ပေ၊ ဒါတဗ္ဗော **။ ။ နောက်မှ ရောက်လာသော ဘိက္ခုနီတို့နှင့် အညီအမျှဝေ၍ ကထိန်နုတ်ဖို့ တောင်းပန်သော ဒါယကာ၏ လှူဒါန်းမှုကြောင့် ပုရိမဝါကျွတ်သော ဘိက္ခုနီတို့မှာ လာဘ်အရ မနည်းလျှင် ကထိန်နုတ်ခွင့် ပေးနိုင်သည်။
မှတ်ချက်။ ။ ကထိန်နုတ်ခြင်း၏ ဝတ္ထုရင်းမှာ ပုရိမဝါသား မဟုတ်သော သံဃာများနှင့် ပုရိမဝါသား သံဃာများတို့ သင်္ကန်းလာဘ်ကို အညီအမျှ ရစေလိုခြင်းတည်း၊ ထိုသို့နုတ်သော်လည်း ပုရိမဝါသားတို့မှာ သင်္ကန်းလာဘ် အရလည်း မလျော့စေရ၊ ထိုသို့ မဟုတ်ဘဲဒုတိယတစ်ကြိမ် ကထိန်ခင်းလိုသောကြောင့် ပဌမကထိန်ကို နုတ်လျှင်ကား ဘုရားအလိုတော်နှင့် ဆန့်ကျင်ကာ လာဘသက္ကာရကို မြှော်ငဲ့ရာရောက်သည်ဟု မှတ်ပါ။
ဥဗ္ဘာရမူလကော၊ ကထိန်နုတ်ခြင်းလျှင် အကြောင်းရင်းရှိသော။ (အာနိသံသော၊ သည်။) အပ္ပေါ၊ နည်း၏။ ဧဝရူပေါ၊ သော။ (ကထိနုဒ္ဓါရော၊ ကို။) န ဒါတဗ္ဗော၊ မပေးထိုက်။