问题
选择版本
Dhammasaṅgaṇīpāḷi
Dhammasaṅgaṇīpāḷi

Upādābhājanīyaṃ

作者: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၅၉၅။ ကတမံ၊ သော၊ တံ ရူပံ၊ သည်၊ ဥပါဒါ၊ ဥပါဒါ မည်သနည်း၊
စက္ခာယတနံ၊ စက္ခာယတနသည်လည်းကောင်း၊ပေ၊ ရူပဿအနိစ္စတာ၊ ရူပဿ အနိစ္စတာသည်လည်းကောင်း၊ ကဗဠီကာရအာဟာရော၊ ကဗဠီကာရအာဟာရ သည်လည်းကောင်း၊ (ဥပါဒါ၊ ဥပါဒါမည်၏၊) (ဤ၌ ဟဒယဝတ္ထု မပါခြင်းကို သတိပြုခဲ့ပါ။]
၅၉၆။ ကတမံ တံ ရူပံ စက္ခာယတနံ၊ နမည်သနည်း၊

ယံ စက္ခု၊ အကြင် စက္ခုသည်။(အတ္ထိ)၊ ဣဒံ၊ ဤစက္ခုဟူသော၊ တံရူပံ၊ ထိုရုပ်သည်၊ စက္ခာယတနံ၊ နမည်၏၊ စတုန္နံ၊ န်သော၊ မဟာဘူတာနံ၊ တို့ကို၊ ဥပါဒါယ၊ ကပ်ယူ၍၊ ဝါ၊ စွဲမှီ၍၊ အတ္တဘာဝပရိယာပန္နော၊ အတ္တဘော၌ အကျုံးဝင်သော၊ အနိဒဿနော၊ စက္ခုဝိညာဉ်သည် မမြင်အပ် မမြင်နိုင်သော၊ သပ္ပဋိဃော၊ ထိပါးခြင်းနှင့်တကွ ဖြစ်သော၊ (ယော) ပသာဒေါ၊ အကြင်ပလာဒသည်၊ ဝါ၊ အကြင် ကြည်လင်ခြင်းသဘောသည်၊ (အတ္ထိ)၊ အနိဒဿနေန၊ သော၊ သပ္ပဋိဃေန၊ သော၊ ယေန စက္ခုနာ၊ အကြင်စက္ခုဖြင့်၊ သနိဒဿနံ၊ မြင်အပ်သည်၏အဖြစ်နှင့်တကွဖြစ်သော၊ သပ္ပဋိဃံ၊ ထိပါးတတ်သည်၏အဖြစ်နှင့်တကွဖြစ်သော၊ ရူပံ၊ ရူပါရုံကို၊ ပဿိ ဝါ၊ အတိတ်၌လည်း မြင်ဖူးပြီ၊ ပဿတိ ဝါ၊ ပစ္စုပ္ပန်၌လည်း မြင်ရ၏၊ ပဿိဿတိ ဝါ၊ အနာဂတ်၌လည်း မြင်ရလတ္တံ့၊ ပဿ ဝါ၊ အကြောင်း ညီညွတ်လျှင်လည်း မြင်ရာ၏။

ဧတံ၊ ဤသဘောသည်၊ စက္ခုံပိ၊ မြင်ခြင်းကိစ္စ၌ ရှေ့ဆောင်အကြီးအကဲ၏ အဖြစ်ကြောင့် စက္ခုလည်းမည်၏၊ [စက္ခုံ၌ ဝါစာသိလိဋ္ဌ နိဂ္ဂဟိတ်၊] ဧတံ၊ ဤသဘောသည်၊ စက္ခာယတနံပိ၊ ဖဿစသော တရားတို့၏ ပေါက်ဖွားရာ၏ အဖြစ်, ပေါင်းဆုံရာ၏အဖြစ်ကြောင့် စက္ခာယတနလည်းမည်၏၊ ဧသာ၊ ဤသဘောသည်၊ စက္ခုဓာတုပိ၊ အတ္တမှကင်းဆိတ်သည်၏အဖြစ်, ပရမတ္ထ သဘာဝ၏အဖြစ်, သတ္တဝါမဟုတ်သည်၏အဖြစ်ကြောင့် စက္ခုဓာတ်လည်းမည်၏၊ ဧတံ၊ ဤသဘောသည်၊ စက္ခုန္ဒြိယံပိ၊ မြင်ခြင်းလက္ခဏာဝယ် မိမိ၏ အစိုးရအဖြစ်ကို စက္ခုသမ္ဖဿစသော တရားတို့ကို ပြုစေတတ်သည်၏အဖြစ် ကြောင့် စက္ခုန္ဒြေလည်း မည်၏၊ ဧသော၊ သည်၊ လောကောပိ၊ ပျက်တတ်, အပြားအားဖြင့် ပျက်တတ်သည်၏အဖြစ်ကြောင့် လောကလည်းမည်၏။ ဧသာ၊ ဤသဘောသည်၊ ဒွါရာပိ၊ အထွက်အဝင်, အစဉ်အမြဲ သုံးစွဲကြောင်း ၏ အဖြစ်ကြောင့် တံခါးလည်းမည်၏၊ ဧသော၊ ဤသဘောသည်၊ သမုဒ္ဒေါ ပိ၊ ရူပါရုံအတန်တန်, မပြည့်မလျှံသည်၏အဖြစ်ကြောင့် သမုဒ္ဒရာလည်း မည်၏၊ ဧတံ၊ ဤသဘောသည်၊ ပဏ္ဍရံပိ၊ ထက်ဝန်းကျင် ဖြူစင်သောတရားလည်း ဟုတ်၏၊ ဧတံ၊ သည်၊ ခေတ္တံပိ၊ ဖဿစသောမျိုးစေ့တို့၏ ပေါက်ဖွားရာ လယ်နှင့်လည်း တူ၏၊ ဧတံ၊ သည်၊ ဝတ္ထုံပိ၊ ဖဿစသောမျိုးစေ့တို့၏ ပေါက်ဖွားရာ ယာနှင့်လည်း တူ၏၊ ဧတံ၊ သည်၊ နေတ္တံပိ၊ သမ,ဝိသမကို ပြလျက် အတ္တဘောကို ဆောင်တတ်သည်၏အဖြစ်ကြောင့် နေတ္တမည်သော မျက်လုံးနှင့်လည်းတူ၏၊ ဧတံ၊ ဤသည်၊ နယနံပိ၊ နယနမည်သောမျက်လုံးနှင့် လည်း တူ၏၊ ဧတံ၊ သည်၊ သြရိမတီရံပိ၊ သက္ကာယ၌ အကျုံးဝင်သည်၏အဖြစ်ကြောင့် ဤဘက်ကမ်းနှင့်လည်း တူ၏၊ ဧသော၊ ဤသသဘောသည်၊ သုညော ဂါမောပိ၊ အများနှင့် ဆက်ဆံသည်၏အဖြစ်, ပိုင်ရှင်မရှိသည်၏အဖြစ်ကြောင့် လူတို့မှ ကင်းဆိတ်သော ရွာနှင့်လည်း တူ၏၊ ဣဒံ၊ ဤသို့သော၊ တံ ရူပံ၊ သည်၊ စက္ခာယတနံ၊ စက္ခာယတန မည်၏။

၅၉၇။ ကတမံ တံ ရူပံ စက္ခာယတနံ၊ပေ၊
အနိဒဿနမှိ၊ သော၊ သပ္ပဋိဃမှိ၊ သော၊ ယမို စက္ခုမှိ၊ ၌၊ သနိဒဿနံ၊ သော၊ သပ္ပဋိဃံ၊ သော၊ ရူပံ၊ ရူပါရုံ သည်၊ ပဋိဟညိ ဝါ၊ အတိတ်၌လည်း ထိခိုက်ဖူးပြီ၊ ပဋိဟညတိ ဝါ၊ ပစ္စုပ္ပန် ၌လည်း ထိခိုက်၏၊ ပဋိဟညိဿတိ ဝါ၊ အနာဂတ်၌လည်း ထိခိုက်လတ္တံ့၊ ပဋိဟညေ ဝါ၊ အကြောင်း ညီညွတ်လျှင်လည်း ထိခိုက်ရာ၏၊ပေ၊ ဣဒံ တံ ရူပံ၊ သည်၊ စက္ခာယတနံ၊ မည်၏။ [၅၉၈-အနက်လွယ်ပြီ။]
၅၉၉။ ကတမံ တံ ရူပံ စက္ခာယတနံ၊
ယံ စက္ခုံ၊ အကြင် စက္ခုကို၊ နိဿာယ၊ မှီ၍၊ ရူပံ၊ ရူပါရုံကို၊ အာရဗ္ဘ၊ အာရုံပြု၍၊ စက္ခုသမ္ဖဿာ၊ စက္ခုသမ္ဖဿသည်၊ ဥပ္ပဇ္ဇိ ဝါ၊ အတိတ်၌လည်း ဖြစ်ဖူးပြီ” စသည်ဖြင့် ပေးပါ။
၆၀၀။ ကတမံ တံ ရူပံ သောတာယတနံ၊ပေ၊
“ဧတံ၊ ဤသဘောသည်၊ သောတံ ပိ၊ ကြားတတ်သည်၏အဖြစ်ကြောင့် သောတလည်း မည်၏”စသည် ပေးပါ။
၆ဝ၄။ ကတမံ တံ ရူပံ ဃာနာယတနံ၊ပေ၊
ဃာနံပိ၊ အနံ့ကို ယူတတ်သည်၏ အဖြစ်ကြောင့် ဃာနလည်း မည်၏၊ ...စသည် ပေးပါ။
၆ဝ၈။ ကတမံ တံ ရူပံ ဇိဝှာယတနံ၊ပေ၊
ဇိဝှာပိ၊ အရသာကို သာယာတတ် သည်၏အဖြစ်ကြောင့် ဇိဝှာလည်း မည်၏၊...စသည် ပေးပါ။
၆၁၂။ ကတမံ တံ ရူပံ ကာယာယတနံ၊ပေ၊
ဧသော၊ သည်၊ ကာယောပိ၊ တစ်ကိုယ်လုံး၌ ပျံ့နှံ့သည်၏အဖြစ်ကြောင့် ကာယလည်း မည်၏၊...စသည်။
၆၁၆။ ကတမံ တံ ရူပံ ရူပါယတနံ၊
စတုန္နံ မဟာဘူတာနံ ဥပါဒါယ၊ ၍၊ (ပဝတ္တာ၊ သော၊) ၀ဏ္ဏနိဘာ၊ တောက်ပတတ်သော အဆင်းအရောင်ဖြစ်သော၊ သနိဒဿနံ၊ မြင်အပ်သည်၏အဖြစ်နှင့်တကွဖြစ်သော၊ သပ္ပဋိဃံ၊ ထိပါးတတ် သည်၏အဖြစ်နှင့်တကွဖြစ်သော၊ နီလံ၊ အညိုမူလည်းဖြစ်သော၊ ပီတကံ၊ အရွှေမူလည်းဖြစ်သော၊ လောဟိတကံ၊ အနိမူလည်းဖြစ်သော၊ သြဒါတံ၊ အဖြူမူလည်းဖြစ်သော၊ ကာဠကံ၊ အမည်းအနက်မူလည်းဖြစ်သော၊ မဉ္ဇိဋ္ဌကံ၊ မောင်းသောအရောင်မူလည်းဖြစ်သော၊ ဟရိ၊ ဝါသောအဆင်းမူလည်းဖြစ်သော၊ ဟရိဝဏ္ဏံ၊ စိမ်းသောမြက်တော၏အဆင်းမူလည်းဖြစ်သော၊ အမ္ဗင်္ကုရဝဏ္ဏ၊ သရက်ညွန့်၏အဆင်းနှင့်တူသော အဆင်းမူလည်းဖြစ်သော၊ ဒီဃ၊ ရှည်သော အဆင်းမူလည်းဖြစ်သော၊ ရဿံ၊ တိုသော(ပုသော)အဆင်းမူလည်းဖြစ်သော၊ အဏုံ၊ သေးငယ်သောအဆင်းမူလည်းဖြစ်သော၊ ထူလံ၊ တုတ်သော(ဝသော) အဆင်းမှုလည်းဖြစ်သော၊ ဝဋ္ဋံ၊ လုံးသောအဆင်းမူလည်းဖြစ်သော၊ ပရိမဏ္ဍလံ၊ ဝန်းဝိုင်းသောအဆင်းမူလည်းဖြစ်သော၊ စတုရံသံ(စတုရဿံ)၊ လေးထောင့် (၄ မြှောင့်)အဆင်းမူလည်းဖြစ်သော၊ ဆဠံသံ၊ ၆ ထောင့် (၆ မြှောင့်)အဆင်း မူလည်းဖြစ်သော၊ အဋ္ဌသံ၊ ရှစ်ထောင့်(၈ မြှောင့်)အဆင်းမူလည်းဖြစ်သော၊ သောဠသံသံ၊ တစ်ဆယ်ခြောက်ထောင့်(၁၆ မြှောင့်)အဆင်းမူလည်းဖြစ်သော၊ နိန္နံ၊ နိမ့်သော(ဝှမ်းသော)အဆင်းမူလည်းဖြစ်သော၊ ထလံ၊ ကုန်းမြင့်အဆင်း မူလည်းဖြစ်သော၊ [“ဒီဃံ”စသည်ဖြင့် ပုံသဏ္ဌာန်ကို ပြသော်လည်း ရူပါရုံကို ပြသော အရာဌာနဖြစ်သောကြောင့် ထိုပုံသဏ္ဌာန်၌တည်သောအဆင်းတိုင် အောင် ယူရသည်။] ဆာယာ၊ အရိပ်အဆင်းမူလည်းဖြစ်သော၊ အာတပေါ၊ နေပူအဆင်းမူလည်း ဖြစ်သော၊ အာလောကော၊ အရောင်အလင်းအဆင်းမူလည်းဖြစ်သော၊ အန္ဓကာရော၊ အမိုက်မှောင်အဆင်းမူလည်းဖြစ်သော၊ အဗ္ဘာ၊ တိမ်တိုက်အဆင်း မူလည်းဖြစ်သော၊ မဟိကာ၊ ဆီးနှင်းအဆင်းမူလည်းဖြစ်သော၊ ဓူမော၊ မီးခိုး အဆင်းမူလည်းဖြစ်သော၊ ရဇော၊ မြူအဆင်းမူလည်းဖြစ်သော၊ စန္ဒမဏ္ဍလဿ၊ လဝန်း၏၊ ဝဏ္ဏနိဘာ၊ တောက်ပထင်ရှားသောအဆင်းမူလည်းဖြစ်သော၊ သူရိယမဏ္ဍလဿ၊ နေဝန်း၏၊ ဝဏ္ဏနိဘာ၊ တောက်ပထင်ရှားသောအဆင်းမူလည်းဖြစ်သော၊ တာရကရူပါနံ၊ ကြယ်တာရာအပေါင်းတို့၏၊ ဝဏ္ဏနိဘာ၊ တောက်ပထင်ရှားသောအဆင်းမူလည်းဖြစ်သော၊ အာဒါသမဏ္ဍလဿ၊ ကြေးမုံမှန်ဝိုင်း၏၊ ဝဏ္ဏနိဘာ၊ တောက်ပထင်ရှားသောအဆင်းမူလည်းဖြစ်သော၊ မဏိသင်္ခမုတ္တာဝေဠုရိယဿ၊ ပတ္တမြား, ခရုသင်း, ပုလဲ, ကြောင်မျက်ရွဲ၏၊ ဝဏ္ဏနိဘာ၊ တောက်ပထင်ရှားသောအဆင်းမူလည်းဖြစ်သော၊ ဇာတရူပရဇတဿ၊ ရွှေငွေ၏၊ ဝဏ္ဏနိဘာ၊ တောက်ပထင်ရှားသောအဆင်းမူလည်းဖြစ်သော၊ ယံ ရူပံ၊ အကြင် ရူပါရုံသည်၊ ဝါ၊ အကြင်ရုပ်သည်၊ (အတ္ထိ)။ ဝါ ပန၊ သည်သာမကသေး၊ စတုန္နံ၊ န်သော၊ မဟာဘူတာနံ၊ တို့ကို၊ ဥပါဒါယ၊ ၍၊ (ပဝတ္တာ၊ သော၊) ဝဏ္ဏနိဘာ၊ တောက်ပတတ်သောအဆင်းဖြစ်သော၊ သနိဒဿနံ၊ သော၊ သပ္ပဋိဃံ၊ သော၊ အညမ္ပိ၊ အခြားလည်းဖြစ်သော၊ ယံ ရူပံ၊ အကြင်ရုပ်သည်၊ အတ္ထိ၊ ရှိ၏၊ အနိဒဿနံ၊ သော၊ သပ္ပဋိဃံ၊ သော၊ ယံ ရူပံ၊ အကြင်ရုပ်ကို၊ အနိဒဿနေန၊ မြင်အပ်သည်၏အဖြစ် မရှိသော၊ သပ္ပဋိဃေန၊ ထိပါးတတ်သည်၏အဖြစ်နှင့်တကွဖြစ်သော၊ စက္ခုနာ၊ စက္ခု ပသာဒဖြင့်၊ ပဿိ ဝါ၊ပေ၊ပဿ ဝါ [ရှေ့အတိုင်းပေးပါ၊] ဧတံ၊ ဤရုပ်သည်၊ ရူပံပိ၊ ထင်ရှားပြတတ်သည်၏အဖြစ်ကြောင့် ရူပလည်းမည်၏၊ ဧတံ၊ သည်၊ ရူပါယတနံပိ၊ ဖဿစသောတရားတို့၏ ပေါက်ဖွားရာ,စုဝေးရာ၏အဖြစ်ကြောင့် ရူပါယတနလည်း မည်၏၊ ဧသာ၊ ဤရုပ်သည်၊ ရူပဓာတုပိ၊ သတ္တဇီဝမဟုတ်, မိမိသဘောကိုဆောင်တတ်သောကြောင့် ရူပဓာတ်လည်းမည်၏၊ ဣဒံ၊ ဤသို့ သော၊ တံ ရူပံ၊ သည်၊ ရူပါယတနံ၊ မည်၏။[၆၁၇,၆၁၈,၆၁၉တို့၌လွယ်ပြီ။]
၆၂၀။ ကတမံ ရူပံ သဒ္ဒါယတနံ၊ မည်သနည်း၊
စတုန္နံ မဟာဘူတာနံ ဥပါဒါယ(ပဝတ္တော) အနိဒဿနော၊ သော၊ သပ္ပဋိဃော၊ သော၊ ဘေရိသဒ္ဒေါ၊ စည်ကြီးသံမူလည်းဖြစ်သော၊ မုဒိင်္ဂသဒ္ဒေါ၊ မရိုးစည်သံမူလည်းဖြစ်သော၊ သင်္ခသဒ္ဒေ၊ ခရုသင်းသံမူလည်းဖြစ်သော၊ ပဏဝသဒ္ဒေါ၊ ထက်စည်သံမူလည်းဖြစ်သော၊ ဂီတသဒ္ဒေါ၊ သီချင်းသမူလည်းဖြစ်သော၊ ဝါဒိတသဒ္ဒေါ၊ တီးမှုတ်သံ မူလည်းဖြစ်သော၊ သမ္မသဒ္ဒေါ၊ ကြေးမောင်း,ကြေးနောင်, သစ်သားချပ်တို့၏ အသံမူလည်းဖြစ်သော၊ ပါဏိသဒ္ဒေါ၊ လက်ခုတ်တီးသံမူလည်းဖြစ်သော၊ သတ္တာနံ၊ သတ္တဝါတို့၏၊ နိဂ္ဃေါသသဒ္ဒေါ၊ ကြွေးကြော်သံမူလည်းဖြစ်သော၊ ဓာတူနံ၊ သစ်ပင်စသောဓာတ်တို့၏၊ သန္နိဃာတသဒ္ဒေါ၊ ပေါင်းဆုံ၍ပွတ်တိုက် သံမူလည်းဖြစ်သော၊ ဝါတသဒ္ဒေါ၊ လေသံမူလည်းဖြစ်သော၊ ဥဒကသဒ္ဒေါ၊ စီးသွားသောရေသံမူလည်းဖြစ်သော၊ ဝါ၊ လေတိုက်ခတ်အပ်သောရေ၏အသံ မူလည်းဖြစ်သော၊ မနုဿသဒ္ဒေါ၊ လူ၏အသံမူလည်းဖြစ်သော၊ အမနုဿ သဒ္ဒေါ၊ လူ၏အသံမှတစ်ပါးသောအသံမူလည်းဖြစ်သော၊ ယော သဒ္ဒေါ၊ အကြင် အသံသည်၊ (အတ္ထိ) [ယော ဝါ ပနညောပိစသော ပုဒ်များ၏အနက်လွယ်ပြီ။]
၆၂၄။ ကတမံ တံ ရူပံ ဂန္ဓာယတနံ၊
စတုန္နံ၊ပေ၊သပ္ပဋိဃော၊ သော၊ မူလ ဂန္ဓော၊ အမြစ်၏အနံ့မူလည်းဖြစ်သော၊ သာရဂန္ဓော၊ အနှစ်၏အနံ့မူလည်းဖြစ်သော၊ တစဂန္ဓော၊ အခွံ,အခေါက်၏အနံ့မူလည်းဖြစ်သော၊ ပတ္တဂန္ဓော၊ အရွက် ၏အနံ့မူလည်းဖြစ်သော၊ ပုပ္ဖဂန္ဓော၊ အပွင့်၏အနံ့မူလည်းဖြစ်သော၊ ဖလဂန္ဓော၊ အသီး၏အနံ့မူလည်းဖြစ်သော၊ အာမကဂန္ဓော၊ ဟင်းရွက်စသည်တို့၏ စိမ်းသောအနံ့မူလည်းဖြစ်သော၊ ဝိဿဂန္ဓော၊ ညှီစော်အနံ့မူလည်းဖြစ်သော၊ သုဂန္ဓော၊ ကောင်းသောအနံ့မူလည်းဖြစ်သော၊ ဒုဂ္ဂန္ဓော၊ မကောင်းသောအနံ့ မူလည်းဖြစ်သော၊ ယော ဂန္ဓော၊ အကြင် အနံ့သည်၊ (အတ္ထိ)၊ [ယော ဝါ ပနညောပီ စသည်အနက် လွယ်ပြီ။]
၆၂၈။ ကတမံ၊ပေ၊ရသာယတနံ၊ပေ၊
မူလရသော၊ အမြစ်၏အရသာမူလည်း ဖြစ်သော၊ပေ၊ ဖလရသော၊ အသီး၏အရသာမူလည်းဖြစ်သော၊ အမ္ဗိလံ၊ ချဉ်သောအရသာမူလည်းဖြစ်သော၊ မဓုရံ၊ ချိုသောအရသာမူလည်းဖြစ်သော၊ တိတ္တကံ၊ ခါးသောအရသာမူလည်းဖြစ်သော၊ ကဋုကံ၊ စပ်သောအရသာ မူလည်းဖြစ်သော၊ လောဏိကံ၊ ငန်သောအရသာမူလည်းဖြစ်သော၊ ခါရိကံ၊ ငန်ခါးသော အရသာမူလည်းဖြစ်သော၊ လမ္ဗိလံ၊ ချိုချဉ်အရသာမူလည်း ဖြစ်သော၊ ကသာဝေါ၊ ဖန်ရည်အရသာမူလည်းဖြစ်သော၊ သာဒု၊ သာယာအပ်သော, ကောင်းမြတ်သောအရသာမူလည်းဖြစ်သော၊ အသာဒု၊ မသာယာအပ်သော, မကောင်းမြတ်သောအရသာမူလည်းဖြစ်သော၊ ယော ရသော၊ သည်၊ (အတ္ထိ)၊ [ယော ဝါ ပနညောပိ စသည်လွယ်ပြီ။]
၆၃၂။ ကတမံ တံ ရုပ် ဣတ္ထိန္ဒြိယံ၊ နည်း၊
ယံ(ယေန ကာရဏေန)၊ အကြင် အကြောင်းကြောင့်၊(ဟောတိ၌စပ်၊) ဣတ္ထိယာ၊ မိန်းမ၏၊ ဣတ္ထိလိင်္ဂံ၊ မိန်းမ၏ အသွင်သဏ္ဌာန်သည်လည်းကောင်း၊ ဣတ္ထိနိမိတ္တံ၊ မိန်းမ၏အမှတ်အသားသည် လည်းကောင်း၊ ဣတ္ထိကုတ္တံ၊ မိန်းမ၏ပြုအပ်သောအမှုသည်လည်းကောင်း၊ ဣတ္ထာကပ္ပေါ၊ မိန်းမ၏အခြင်းအရာသည်လည်းကောင်း၊ ဣတ္ထတ္တံ၊ မိန်းမ၏ ဖြစ်ကြောင်းဖြစ်ရာသည်လည်းကောင်း၊ ဣတ္ထိဘာဝေါ၊ မိန်းမ၏ဖြစ်ကြောင်း ဖြစ်ရာဘာဝရုပ်သည်လည်းကောင်း၊ (ဟောတိ၊ ဖြစ်၏၊) ဣဒံ၊ ဤသို့သဘော ရှိသော၊ တံ ရူပံ၊ ထိုရုပ်သည်၊ ဣတ္ထိန္ဒြိယံ၊ ဣတ္ထိန္ဒြိယမည်၏၊ [ပုရိသိန္ဒြိယ၌ လည်း နည်းတူပေးပါ။]
၆၃၄။ ကတမံ တံ ရူပံ ရူပဇီဝိတိန္ဒြိယံ၊
ရူပီနံ၊ ဖောက်ပြန်ခြင်းရှိကုန်သော၊ တေသံ ဓမ္မာနံ၊ ထိုတရားတို့၏၊ ယော အာယု၊ အကြင်အသက်သည်၊(အတ္ထိ)၊ ဣဒံ၊ ဤသို့သော၊ ဝါ၊ ဤသို့သဘောရှိသော၊ တံ ရူပံ၊ သည်၊ ဇီဝိတိန္ဒြိယံ၊ မည်၏၊ … ဤသို့စသည်ဖြင့် အနိယမရှိတိုင်း နိယမဝါကျတွဲ၍ ကာမာဝစရ ကုသိုလ်ပဌမစိတ် နာမ်ဇီဝိတိန္ဒိယနိဒ္ဒေသအတိုင်း ပေးပါ။
၆၃၅။ ကတမံ တံ ရူပံ ကာယဝိညတ္တိ၊
ကုသလစိတ္တဿ ဝါ၊ ကုသိုလ်စိတ် ရှိသည်မူလည်းဖြစ်သော၊ အကုသလစိတ္တဿ ဝါ၊ သော၊ အဗျာကတစိတ္တဿ ဝါ၊ သော၊ အဘိက္ကမန္တဿ ဝါ၊ ရှေ့သို့သွားသောပုဂ္ဂိုလ်၏လည်းကောင်း၊ ပဋိက္ကမန္တဿ ဝါ၊ ပြန်သောပုဂ္ဂိုလ်၏လည်းကောင်း၊ ဝါ၊ နောက်ဆုတ်သော ပုဂ္ဂိုလ်၏လည်းကောင်း၊ အာလောကေန္တဿ ဝါ၊ ရှေးရှုဖြောင့်ဖြောင့်, ကြည့်သော ပုဂ္ဂိုလ်၏လည်းကောင်း၊ ဝိလောကေန္တဿ ဝါ၊ ဟိုဟိုဒီဒီ ကြည့်သောပုဂ္ဂိုလ်၏သော်လည်းကောင်း၊ သမဉ္ဆန္တဿ ဝါ၊ လက်ခြေစသည်တို့ကို ကွေးသောပုဂ္ဂိုလ် ၏သော်လည်းလည်းကောင်း၊ ပသာရေန္တဿ ဝါ၊ လက်ခြေစသည်တို့ကို ဆန့်သောပုဂ္ဂိုလ်၏သော်လည်းကောင်း၊ ကာယဿ၊ ကိုယ်ကို၊ ယာ ထမ္ဘန၊ အကြင် ထောက်ပံ့ခြင်းသည်၊ ယာ သံထမ္ဘနာ၊ အကြင် အားကြီးစွာထောက်ပံ့ခြင်းသည် ၊ ယံ သံထမ္ဘိတတ္တံ၊ အကြင် ထောက်ပံ့အပ်သောကိုယ်၏ဖြစ်ကြောင်း ဖြစ်ရာသည်၊ ယာ ဝိညတ္တိ၊ အကြင် မိမိအလိုဆန္ဒကို သိစေတတ်သောသဘောသည်၊ ယာ ဝိညာပနာ၊ အကြင်အလိုဆန္ဒကို သိစေခြင်းသည်၊ ယံ ဝိညာပိတတ္တံ၊ အကြင် သိစေအပ်သောအလိုဆန္ဒ၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ (အတ္ထိ)၊ ဣဒံ တံ ရူပံ ကာယဝိညတ္တိ။ [“ယာ ဝိညတ္တိ အတ္ထိ၊ ဣဒံ တံ ရူပံ ကာယဝိညတ္တိ” ဟု နိယမ အနိယမ အသီးအသီးတွဲ၍ ပေးပါ၊ နောက်၌လည်း နည်းတူ။]
၆၃၆။ ကတမံ တံ ရူပံ ဝစီဝိညတ္တိ၊
ကုသလစိတ္တဿ ဝါ၊ ကုသိုလ်စိတ်ရှိ သော ပုဂ္ဂိုလ်သော်၏လည်းကောင်း၊ပေ၊ အဗျာကတစိတ္တဿဝါ၊ ၏သော်လည်းကောင်း၊ ယာ ဝါစာ၊ အကြင် ပြောဆိုအပ်သော စကားသံသည်၊ ယာဂိရာ၊ အကြင် မြွက်ဆိုအပ်သော စကားသံသည်၊ ယော ဗျပ္ပထော၊ အကြင် သိလို သောသူ, သိစေလိုသောသူတို့၏အကြောင်းဖြစ်သော စကားသံသည်၊ ယံ ဥဒီရဏံ၊ အကြင်မြွက်ဆိုအပ်သော စကားသံသည်၊ ယော ဃောသော၊ အကြင် ကျယ်ကျယ်လောင်လောင် ပြောဆိုအပ်သော စကားသံသည်၊ ယံ ဃောသကမ္မံ၊ အကြင် ကျယ်ကျယ်လောင်လောင် ပြောဆိုအပ်, အမျိုးမျိုးပြုအပ်သော စကားသံသည်၊ ဝါစာ၊ ဝါစာဟုဆိုအပ်သော၊ ယော ဝစီဘေဒေါ၊ အကြင် အမျိုးမျိုး အစားစား, ကွဲပြားသော စကားလုံးသည်၊(အတ္ထိ)၊ အယံ၊ ဤစကားသံကို၊ ဝါစာ၊ ဝါစာဟူ၍၊ ဝုစ္စတိ၊ အပ်၏၊
တာယ ဝါစာယ၊ ထိုစကားသံဖြင့်၊ ယာဝိညတ္တိ၊ပေ၊ယံ ဝိညာပိတတ္တံ (အတ္ထိ)၊ ဣဒံ တံ ရူပံ ဝစီဝိညတ္တိ။
၆၃၇။ ကတမံ တံ ရုပ် အာကာသဓာတု၊
ယော အာကာသော၊ အကြင် မရေးမခြစ်အပ်သောအရပ်သည်၊ ယံ အာကာသဂတံ၊ အကြင် မရေးမခြစ်အပ်သော အရပ်သည်။[ဂတ အနက်မရှိ၊] ဝါ၊ အာကာသဟု အသိအမှတ်ပြုအပ်သောအရပ်သည် [ဂတသဒ္ဒါ သိခြင်းအနက်ဟော၊] ယံ အဃံ၊ အကြင်မထိ မစိုက်အပ်သောအရပ်သည်၊ ယံ အဃဂတံ၊ သည်၊ ဝါ၊ အကြင်မထိမခိုက်အပ်ဟု အသိအမှတ်ပြုအပ်သောအရပ်သည်၊ ယော ဝိဝရော၊ အကြင် အပေါက်အကြားသည်၊ ယံ ဝိဝရဂတံ၊ သည်၊ စတူဟိ၊ န်သော၊ မဟာဘူတေဟိ၊ တို့သည်၊ ယံ အသံဖုဋ္ဌံ၊ အကြင် မတွေ့မထိအပ်သောအရပ်သည်၊ (အတ္ထိ)၊ ဣဒံ တံ ရူပံ အာကာသဓာတု။
၆၃၈။ ကတမံ တံ ရူပံ ရူပဿ လဟုတာ၊
ရူပဿ၊ တိဇနိပ္ဖန္နရုပ်၏၊ ယာ လဟုတာ စသည်ကို ကာယလဟုတာနိဒ္ဒေသအတိုင်း ပေးပါ၊ မုဒုတာ ကမ္မညတာတို့၌လည်း နည်းတူ။
၆၄၁။ ကတမံ တံ ရူပံ, ရူပဿ ဥပစယော၊ ရူပဿဥပစယ မည်သနည်း၊
အာယတနာနံ၊ အခွဲအားဖြင့် တစ်ဆယ့်တစ်ပါးကုန်သော ရုပ်အာယတနတို့၏၊ ယော အာစယော၊ အကြင်ဖြစ်ခြင်းသည်၊ (အတ္ထိ၊ ရှိ၏၊ ပုနပ္ပုနံ၊ အဖန်ဖန်၊ နိဗ္ဗတ္တမာနာနံ၊ ဖြစ်ကုန်သော၊ အာယတနာနံ၊ တို့၏၊) သာ၊ ထိုဖြစ်ခြင်းသည်၊ ရူပဿ ဥပစယော၊ ရူပဿ ဥပစယ မည်၏၊ ဣဒံ တံ ရူပံ, ရူပဿ ဥပစယော၊ ရူပဿ ဥပစယ မည်၏။
၆၄၂။ ကတမံ တံ ရူပံ ရုပဿ သန္တတိ၊
ရူပဿ၊ ရုပ်၏၊ ယော ဥပစယော၊ အကြင် အထက်အထက်၌ဖြစ်ခြင်းသည်၊ (အတ္ထိ)၊ သာ၊ ထိုအထက်အထက်၌ ဖြစ်ခြင်းသည်၊ ရူပဿ သန္တတိ၊ မည်၏၊ ဣဒံ တံ ရူပံ ရူပဿ သန္တတိ။
၆၄၃။ ကတမံ တံ ရူပ် ရူပဿ ဇရတာ၊ မည်သနည်း၊
ရူပဿ၊ ရုပ်၏၊ ဇရာ၊ အကြင်ဆွေးမြေ့ ယိုယွင်း, အိုမင်းခြင်းသည် ၊ ယာ ဇီရဏာ၊ အကြင် ဆွေးမြေ့ ယိုယွင်း, အိုမင်းခြင်းသည်၊ ယံ ခဏ္ဍိစ္စံ၊ အကြင် ကျိုးသောသွားရှိသူ၏ အဖြစ်သည်၊ ယံ ပါလိစ္စံ၊ အကြင် ဖြူသောဆံရှိသူ၏အဖြစ်သည်၊ ယာဝလိတ္တစတာ၊ အကြင် တွန့်သောအရေရှိသူ၏အဖြစ်သည်၊ အာယုနော၊ အသက်၏၊ ယံ သံဟာနိ၊ အကြင် ဆုတ်ယုတ်ခြင်းသဘောသည်၊ ဣန္ဒြိယာနံ၊ စက္ခုစသော ဣန္ဒြေတို့၏၊ ယော ပရိပါကော၊ အကြင် ရင့်ကျက်ခြင်းသဘောသည်၊ (အတ္ထိ)၊ ဣဒံ တံ ရှုပ် ရှုပဿ ဇရတာ၊ မည်၏။
၆၄၄။ ကတမံ တံ ရူပံ ရူပဿ အနိစ္စတာ၊
ရူပဿ၊ ၏၊ ယော ခယော၊ အကြင် ကုန်ခြင်းသည်၊ ယော ဝယော၊ အကြင် ကင်းခြင်းသည်၊ ယော ဘေဒေါ၊ အကြင် ပျက်ခြင်းသည်၊ (တစ်နည်း) ယော ခယော၊ အကြင် ကုန်ရာသည်၊ ဝါ၊ ကုန်ကြောင်းသည်၊ ယော ဝယော၊ အကြင် ကင်းရာသည်၊ ဝါ၊ အကြင် ကင်းကြောင်းသည်၊ ယော ဘေဒေါ၊ အကြင် ပျက်ရာသည်၊ ဝါ၊ ပျက်ကြောင်းသည်၊ [ပရိ အနက်မရှိ၊] ယာ အနိစ္စတာ၊ အကြင် မမြဲသည်၏အဖြစ်သည်၊ ယံ အန္တရဓာနံ၊ အကြင် ကွယ်ပျောက်ခြင်းသည်၊ (အတ္ထိ)၊ ဣဒံ တံ ရူပံ, ရူပဿ အနိစ္စတာ၊ ရူပဿ အနိစ္စတာ မည်၏။
၆၄၅။ ကတမံ၊ အဘယ်သို့သော၊ တံ ရူပံ၊ ထိုရုပ်သည်၊ ကဗဠီကာရော၊ အလုတ်အသွေးကို ပြုအပ်သော၊ အာဟာရော၊ အာဟာရ မည်သနည်း၊
သြဒနော၊ ထမင်းသည်လည်းကောင်း၊ ကုမ္မာသော၊ တစ်ဝက်ကျက်ပြုတ်အပ်သောအစာသည်လည်းကောင်း၊ သတ္တု၊ မုန့်မှုန့်သည်လည်းကောင်း၊ မစ္ဆော၊ ငါးသည်လည်းကောင်း၊ မံသံ၊ အသားသည်လည်းကောင်း၊ပေ၊ ဖာဏိတံ၊ တင်လဲ သည်လည်းကောင်း၊(အတ္တိ)၊ ဝါ ပန၊ သည်သာမကသေး၊ ယမို ယမို ဇနပဒေ၊ အကြင် အကြင် ဇနပုဒ်၌၊ တေသံ တေသံ သတ္တာနံ၊ ထိုထို သတ္တဝါတို့၏၊ မုခါ သိယံ၊ ခံတွင်းဖြင့် စားထိုက်သော၊ ဒန္တဝိခါဒနံ၊ သွားတို့ဖြင့် ခဲထိုက်သော၊ ဂလဇ္ဈောဟရဏီယံ၊ လည်မျိုဖြင့် ရှေ့ရှုဆောင်ထိုက်သော၊ ဝါ၊ လည်ပင်းဖြင့် မျိုထိုက်သော၊ ကုစ္ဆိဝိတ္တမ္ဘနံ၊ ဝမ်းကို တောင့်တင်းစေနိုင်သော၊ အညမ္ပိ၊ အခြားလည်းဖြစ်သော၊ ယံ ရူပံ၊ အကြင်ရုပ်သည်၊ အတ္ထိ၊ ၏၊ ယာယ ဩဇာယ၊ အကြင် သြဇာဖြင့်၊ သတ္တာ၊ သတ္တဝါတို့သည်၊ ယာပေန္တိ၊ ရှည်သောအဓွန့်သို့ ရောက်စေကြရကုန်၏၊ (မျှတကြရကုန်၏။) ဣဒံ၊ ဤသို့သော(ဤသို့သဘော ရှိသော)၊ တံ ရူပံ၊ သည်၊ ကဗဠီကာရော၊ သော၊ အာဟာရော၊ အာဟာရမည်၏။
ဣဒံ၊ ဤဆိုအပ်ပြီးသော၊ တံ ရူပံ၊ ထိုစက္ခာယတနစ ကဗဠိကာရအာဟာရ အဆုံးရှိသောရုပ်သည်၊ ဥပါဒါ၊ ဥပါဒါရုပ်မည်၏၊
ဥပါဒါဘာဇနိယံ၊ ဥပါဒါရုပ်တို့ကို ဝေဖန်ရာ ပဒဘာဇနီသည်၊ (နိဋ္ဌိတံ)။
ရူပကဏ္ဍေ၊ ၌၊ ပဌမဘာဏဝါရော၊ တည်း။
၆၄၆။ ကတမံ တံ ရူပံ, နော ဥပါဒါ၊ ဥပါဒါ မမည်သနည်း၊
ဖောဋ္ဌဗ္ဗာ ယတနံ၊ ဖောဋ္ဌဗ္ဗာယတနသည်လည်းကောင်း၊ အာပေါဓာတု၊ အာပေါဓာတ်သည် လည်းကောင်း၊ ဣဒံ၊ ဤသို့သော၊ တံ ရူပံ၊ သည်၊ နော ဥပါဒါ၊ ဥပါဒါမမည်... [ဤသို့ထည့်၍စပ်ပါ၊ မဟာဘုတ် ၄ ပါးကို “နော ဥပါဒါ”ဟု ဆိုသည်။]
၆၄၇။ ကတမံ တံ ရူပံ ဖောဋ္ဌဗ္ဗာယတနံ၊
ကက္ခဠံ၊ ခက်မာသည်မူလည်းဖြစ်သော၊ မုဒုကံ၊ နူးညံ့သည်မူလည်းဖြစ်သော၊ သဏှံ၊ သိမ်မွေ့ညက်ညောသည် မူလည်းဖြစ်သော၊ ဖရုသံ၊ ကြမ်းတမ်းသည်မူလည်းဖြစ်သော၊ သုခသမ္ဖဿံ၊ သုခဝေဒနာ၏အကြောင်းကောင်းသောအတွေ့မူလည်းဖြစ်သော၊ ဒုက္ခသမ္ဖဿံ၊ ဒုက္ခဝေဒနာ၏အကြောင်း မကောင်းသော အတွေ့ မူလည်းဖြစ်သော၊ ဂရုကံ၊ လေးလံသည်မူလည်းဖြစ်သော၊ လဟုကံ၊ ပေါ့သည်မူလည်းဖြစ်သော၊ ပထဝီ ဓာတု၊ ပထဝီဓာတ်သည်လည်းကောင်း၊ တေဇောဓာတု၊ သည်လည်းကောင်း၊ ဝါယောဓာတု၊ သည်လည်းကောင်း၊ (ဖောဋ္ဌဗ္ဗာယတနံ၊ နမည်၏။) အနိဒဿနံ၊ သော၊ သပ္ပဋိယံ၊ သော၊ ယံ ဖောဋ္ဌဗ္ဗ၊ ကို၊ပေ၊ဖုသေ ဝါ ၊ ... စသည်ပေးပါ။
၆၄၈။ ကတမံ တံ ရူပံ ဖောဋ္ဌဗ္ဗာယတနံ၊ပေ၊အနိဒဿနမှိ၊ သော၊
သပ္ပဋိဃမှိ၊ သော၊ ယမှိ ဖောဋ္ဌဗ္ဗမှိ၊ အကြင် ဖောဋ္ဌဗ္ဗရုပ်၌၊ပေ၊ ဣဒံ တံ ရူပံ ဖောဋ္ဌဗ္ဗာယတနံ။
၆၅၁။ ကတမံ တံ ရူပံ အာပေါဓာတု၊
ယံ အာပေါ၊ အကြင်တကွဖြစ်ဖက် ရုပ်တို့ကို ပျံ့နှံ့တတ်သောရေသည်၊ ယံ အာပေါဂတံ၊ အကြင်တကွဖြစ်ဖက် ရုပ်တို့ကို ပျံ့နှံ့တတ်သောရေသည်၊ [ဂတ အနက်မရှိ၊] ဝါ၊ ရေဟုသိအပ်သော သဘောသည်၊ ယော သိနေဟော၊ အကြင် စေးကပ် စိုစွတ်တတ်သောသဘောသည်၊ ယံ သိနေဟဂတံ၊ သည်၊ ရူပဿ၊ ဘူတရုပ်ကို၊ ယံ ဗန္ဓနတ္တံ၊ အကြင် ဖွဲ့စည်းတတ်သောရုပ်၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ (အတ္ထိ)၊ ဣဒံ တံ ရူပံ အာပေါဓာတု၊
ဣဒံ၊ ဤသို့သော၊ တံ ရူပံ၊ ထိုဖောဋ္ဌဗ္ဗာယတနနှင့်အာပေါဓာတ် သည်၊ နော ဥပါဒါ၊ ဥပါဒါ မမည်။
၆၅၂။ ကတမံ တံ ရုပ် ဥပါဒိန္နံ၊ စသောပုဒ်တို့၏ အနက်များကို မာတိကာ အတိုင်း သိပါ ၊ ဒုကနိဒ္ဒေသကုန်အောင် အနက်ထူး မရှိ၊ တိကနိဒ္ဒေသ၌လည်း မထူးပြီ။