Issues
Select Version
🙏日光的法宝🙏
中文
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
zhen qiu
English
中文翻译1
中文
Dhammasaṅgaṇīpāḷi
Dhammasaṅgaṇīpāḷi

Nīvaraṇagocchakaṃ

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၁၁၆၂။ တတ္ထ၊ ထို ထိနမိဒ္ဓတို့တွင်၊ ကတမံ ထိနံ၊
စိတ္တဿ၊ ၏၊ ယာ အကလ္လတာ၊ အကြင် မကျန်းမာသည်၏အဖြစ်သည်၊ ယာ အကမ္မညတာ၊ အကြင် ထိုထိုအမှု၌ မကောင်းသည်၏အဖြစ်သည်၊ ယာ သြလီယနာ၊ အကြင် တွဲရရွဲဆွဲသကဲ့သို့ ဖြစ်ခြင်းသည်၊ ယာ သလ္လီယနာ၊ အကြင် တွဲရရွဲဆွဲသကဲ့သို့ ဖြစ်ခြင်းသည်၊ [သံ အနက်မရှိ၊ “သမောလီယနာ”ဟု ရှိလျှင် ကောင်း၏၊] ယံ လီနံ၊ အကြင် တွန့်ဆုတ်ခြင်းသဘောသည်၊ ယာ လီယနာ၊ အကြင် တွန့်ဆုတ်ခြင်းသဘောသည်၊ ယံ လီယိတတ္တံ၊ အကြင် တွန့်ဆုတ်သောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ ယံ ထိနံ၊ အကြင့် တစ်ခဲနက်အဖြစ်ဖြင့် တည်တတ်သော သဘောသည်၊ ယာ ထိယနာ၊ အကြင် တစ်ခဲနက်အဖြစ်ဖြင့် တည်ခြင်းသည်၊ စိတ္တဿ၊ ၏၊ ယံ ထိယိတတ္တံ၊ အကြင် တစ်ခဲနက်တည်သောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ (အတ္ထိ)၊ ဣဒံ ဝုစ္စတိ ထိနံ။
၁၁၆၃။ တတ္ထ ကတမံ မိဒ္ဓံ၊
ကာယဿ၊ နာမကာယ၏၊ ဝါ၊ စေတသိက် အပေါင်း၏၊ ယာ အကလ္လတာ၊ အကြင် မကျန်းမာသည်၏အဖြစ်သည်၊ ယာ အကမ္မညတာ၊ အကြင် ထိုထိုအမှု၌ မကောင်းသည်၏အဖြစ်သည်၊ ယော သြနာဟော၊ အကြင် နာမကာယကို ဖုံးထားတတ်သောသဘောသည်၊ ယော ပရိယောနာဟော၊ အကြင် နာမကာယကို ထက်ဝန်းကျင်ဖုံးထားတတ်သော သဘောသည်၊ ယော အန္တောသမောရောဓော၊ အကြင် အတွင်းဖြစ်သောစိတ်၌ ထက်ဝန်းကျင်ပိတ်ချုပ်ထားတတ်သောသဘောသည်၊ ယံ မိဒ္ဓံ၊ အကြင် ညှဉ်းဆဲ တတ်သောသဘောသည်၊ ယံ သောပ္ပံ၊ အကြင် အိပ်ငိုက်ကြောင်းသဘောသည်၊ ယာ ပစလာယိကာ၊ အကြင် အထက်အောက် မျက်လွှာစသည်တို့၏ တလှုပ်လှုပ် အဖြစ်ကို ပြတတ်သောသဘောသည်၊ သောပ္ပံ၊ သောပ္ပဟူသော၊ ယာ သုပနာ၊ အကြင် အိပ်ငိုက်ကြောင်းသဘောသည်၊ ယံ သုပိတတ္တံ၊ အကြင် အိပ်ငိုက်သော ပုဂ္ဂိုလ်၏ဖြစ်ကြောင်းဖြစ်ရာသည်၊ (အတ္ထ)၊ ဣဒံ ဝုစ္စတိ မိဒ္ဓံ၊
ဣတိ၊ ဤသို့လျှင်၊ ဣဒဉ္စ ထိနံ၊ ဤထိနသည်လည်းကောင်း၊ ဣဒဉ္စ မိဒံ၊ သည်လည်း ကောင်း၊ (အတ္ထိ)၊ ဣဒံ၊ ဤ ထိနမိဒ္ဓ နှစ်ပါးပေါင်းကို၊ ထိနမိဒ္ဓနီဝရဏံ၊ ဟူ၍၊ ဝုစ္စတိ၊ [ဥဒ္ဓစ္စကို အကုသိုလ်စိတ် ဥဒ္ဓစ္စနိဒ္ဒေသ၌ ပြခဲ့ပြီ။]
၁၁၆၆။ တတ္ထ ကတမံ ကုက္ကုစ္စံ၊
အကပ္ပိယေ၊ မအပ်သောအရာ၌၊ ကပ္ပိယ သညိတာ၊ အပ်၏ဟု အမှတ်ရှိသူ၏ဖြစ်ကြောင်းဖြစ်ရာသည်လည်းကောင်း၊ ကပ္ပိယေ၊ အပ်သောအရာ၌၊ အကပ္ပိယသညိတာ၊ မအပ်ဟု အမှတ်ရှိသူ၏ဖြစ်ကြောင်းဖြစ်ရာသည်လည်းကောင်း၊ အဝဇ္ဇေ၊ အပြစ်မဟုတ်သည်၌၊ ဝဇ္ဇသညိတာ၊ အပြစ်ဟု အမှတ်ရှိသူ၏ဖြစ်ကြောင်းဖြစ်ရာသည်လည်းကောင်း၊ ဝဇ္ဇေ၊ အပြစ်၌ အဝဇ္ဇသညိတာ၊ အပြစ်မဟုတ်ဟု အမှတ်ရှိသည်၏ဖြစ်ကြောင်း ဖြစ်ရာသည်လည်းကောင်း၊ (အတ္ထိ၊)
ဧဝရူပံ၊ သော၊ ယံ ကုက္ကုစ္စံ၊ အကြင် စက်ဆုပ်အပ်စွာ ပြုအပ်သော အမူအရာသည်၊ ယာ ကုက္ကုစ္စာယနာ၊ အကြင် ကုက္ကုစ္စဖြင့် ဖြစ်ခြင်းသည်၊ ဝါ၊ အကြင် ကုက္ကုစ္စကို ပြုခြင်းသည်၊ ယံ ကုက္ကုစ္စာယိတတ္တံ၊ အကြင် ကုက္ကုစ္စဖြင့်ဖြစ်သော ပုဂ္ဂိုလ်၏ဖြစ်ကြောင်းဖြစ်ရာသည်၊ စေတသော၊ ၏၊ ယော ဝိပ္ပဋိသာရော၊ အကြင် ပြုအပ်ပြီးသော မကောင်းမှု, မပြုအပ်သေးသော ကောင်းမှုသို့ ဖောက်ဖောက်ပြန်ပြန် ရှေ့ရှု ဖြစ်ခြင်းသည်၊ ဝါ၊ နှလုံးမသာ မယာခြင်းသည်၊ ယော မနောဝိလေခေါ၊ အကြင် စိတ်ကို ရေးခြစ်ခြင်းကဲ့သို့ ဖြစ်ခြင်းသည်၊ (အတ္ထိ၊) ဣဒံ ဝုစ္စတိ ကုက္ကုစ္စံ၊

ဣတိ၊ လျှင်၊ ဣဒဉ္စ ဥဒ္ဓစ္စံ၊ သည်လည်းကောင်း၊ ဣဒဉ္စ ကုက္ကုစံ၊ သည်လည်းကောင်း၊ (အတ္ထိ၊) ဣဒံ၊ ဤ ဥဒ္ဓစ္စ ကုက္ကုစ္စနှစ်ပါးအပေါင်းကို၊ ဥဒ္ဓစ္စ ကုက္ကုစ္စနီဝရဏံ၊ ဟူ၍၊ ဝုစ္စတိ၊ ၏။

နီဝရဏဂေါစ္ဆကပြီးပြီ။