Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
中文翻译1
中文
🙏日光的法宝🙏
中文
Dhammasaṅgaṇīpāḷi
Dhammasaṅgaṇīpāḷi

[ကောဋ္ဌာသဝါရဟုလည်း ခေါ်ကြ၏၊ အဋ္ဌကထာ၌ “သင်္ဂဟဝါရော အာရဒ္ဓေါ”ဟု ဆိုသည်။] အနုသန္ဓေ။ ။ဓမ္မဝဝတ္ထာနဝါရ၌ ဟောတော်မူအပ်ပြီးသော ဖဿ ဝေဒနာ စသော တရားတို့ကို ခန္ဓာအားဖြင့် ၄ ပါး, အာယတနအားဖြင့် ၂ ပါး, ဓာတ်အားဖြင့် ၂ ပါး, အာဟာရအားဖြင့် ၃ ပါး ဤသို့စသည်ဖြင့် သိမ်းယူ ရေတ

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

[ကောဋ္ဌာသဝါရဟုလည်း ခေါ်ကြ၏၊ အဋ္ဌကထာ၌ “သင်္ဂဟဝါရော အာရဒ္ဓေါ”ဟု ဆိုသည်။]

အနုသန္ဓေ။ ။ဓမ္မဝဝတ္ထာနဝါရ၌ ဟောတော်မူအပ်ပြီးသော ဖဿ ဝေဒနာ စသော တရားတို့ကို ခန္ဓာအားဖြင့် ၄ ပါး, အာယတနအားဖြင့် ၂ ပါး, ဓာတ်အားဖြင့် ၂ ပါး, အာဟာရအားဖြင့် ၃ ပါး ဤသို့စသည်ဖြင့် သိမ်းယူ ရေတွက်၍ပြရာဝါ ရကို “သင်္ဂဟဝါရ”ဟု ခေါ်၏၊ ထို သင်္ဂဟဝါရသည် ခန္ဓာ တစ်စု, အာယတနတစ်စု, ဓာတ်တစ်စု, အာဟာရတစ်စု စသောအားဖြင့် ၂၃ စု ရှိ၏၊ ဥဒ္ဒေသ, နိဒ္ဒေသ, ပဋိနိဒ္ဒေသအားဖြင့် ၃ ပါးရှိ၏၊ ထိုတွင် “တသ္မိံ ခေါပန သမယေ စတ္တာရော ခန္ဓာ ဟောန္တိ” စသည်ဖြင့် ခန္ဓာ ၄ ပါးဟု အကျဉ်းပြရာဝါရသည် “ဥဒ္ဒေသဝါရ”မည်၏၊ ကတမေ တသ္မိံ သမယေ စတ္တာရော ခန္ဓာ ဟောန္တိ၊ ဝေဒနာက္ခန္ဓော၊ပေ၊ဝိညာဏက္ခန္ဓော”ဟု အကျယ်ပြရာ ဝါရသည် “နိဒ္ဒေသဝါရ”မည်၏၊ ထိုနိဒ္ဒေသဝါရကိုပင် “ကတမော တသ္မိံ သမယေ ဝေဒနာက္ခန္ဓော ဟောတိ၊ ယံ တသ္မိံ သမယေ စေတသိကံ၊ပေ၊အယံ တသ္မိံ သမယေ ဝေဒနာက္ခန္ဓော ဟောတိ”စသည်ဖြင့် တစ်ဖန်ထပ်၍ ချဲ့ပြရာဝါရသည် “ပဋိနိဒ္ဒေသဝါရ”မည်၏၊ ထို ၃ ဝါရတို့ဖြင့် တန်ဆာဆင်အပ်သော သင်္ဂဟဝါရကို ဟောတော်မူခြင်းငှာ “တသ္မိံ” ခေါ ပန သမယေ စတ္တာရော ခန္ဓာ ဟောန္တိ”စသည်ကို မိန့်တော်မူသည်။

/နိဿယ ။ ။ (ယသ္မိံ သမယေ ကာမာဝစရံ ပဌမံ မဟာကုသလစိတ္တံ ဥပ္ပဇ္ဇတိ၊ ဤသို့ အဋ္ဌကထာ၌ အနိယမဝါကျ ထည့်သည်၊ ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ စသော ပါဠိတော်ကို အကျဉ်းချုံး၍ ထည့်ထားခြင်းပင်တည်း၊) တသ္မိံ သမယေ၊ ကာမာဝစရ ပဌမ မဟာကုသိုလ် စိတ်ဖြစ်ရာ ထိုအခါ၌၊ စတ္တာရော၊ လေးပါးသာလျှင်ဖြစ်ကုန်သော၊ ခန္ဓာ၊ ခန္ဓာတို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဤသို့ စသည်ဖြင့် ပေးပါ။ အမှာ။ ။ဆရာတို့သည် အဋ္ဌကထာမှယူ၍ “ရာသငွေန-အစု၏အဖြစ်ဟူသော အနက်အားဖြင့်၊ စတ္တာရော ခန္ဓာ ဟောန္တိ”ဟု ထည့်၍ ပေးတော်မူကြ၏၊ ထိုအတိုင်း ပေးလိုလျှင်လည်း “အာယတနဋ္ဌေန, သုညတဋ္ဌေန, နိဿတ္တဋ္ဌေန, အာဟာရဋ္ဌေန” စသော ဝိသေသနပုဒ်များကို ယူ၍ ပေးကြပါလေ၊ ထိုပုဒ်တို့၏ အနက်ကို အဋ္ဌကထာ နိဿယ၌ ကြည့်ပါ။
သင်္ဂဟဝါရ ပြီး၏။