Issues
選擇版本
Dhammasaṅgaṇīpāḷi
Dhammasaṅgaṇīpāḷi

Suttantikadukanikkhepaṃ

作者: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

၁၃၁၃။ ကတမေ ဓမ္မာ, အဓိဝစနာ၊ သဒ္ဒါကို စွဲမှီရည်စူး၍ဖြစ်သော နာမည်ပညတ် ဖြစ်ကုန်သနည်း၊
တေသံ တေသံ ဓမ္မာနံ၊ ထိုထိုတရားတို့၏၊ ယာ သင်္ခါ၊ အကြင် ကောင်းစွာပြောဆိုအပ်သောအမည်သည်၊ (အတ္ထိ)၊ ယာ သမညာ၊ အကြင် အထူးသဖြင့် သိအပ်သော အမည်သည်၊ (အတ္ထိ)၊ ယာ ပညတ္တိ၊ အကြင် အပြားအားဖြင့် သိစေအပ်သောအမည်သည်၊ (တစ်နည်း) ယာ ပညတ္တိ၊ အကြင် အပြားအားဖြင့် ထားအပ်သောအမည်သည်၊ (အတ္ထိ)၊ ယော ဝေါဟာရော၊ အကြင် ခေါ်ဝေါ်ပြောဆိုအပ်သောအမည်သည်၊ (အတ္ထိ)၊ ယံ နာမံ၊ အကြင် အနက်သို့ ညွတ်တတ်သောနာမည်သည်၊ (အတ္ထိ)၊ ယံ နာမကမ္မံ၊ အကြင်ပြုအပ် မှည့်ခေါ်အပ်သောနာမည်သည်၊ ဝါ၊ အကြင် ပြုကြောင်း(မှည့်ခေါ်ကြောင်း) နာမည်သည်၊ ဝါ၊ အကြင် နာမည်ကို ပြုလုပ်ထားခြင်းသည်၊ (အတ္ထိ)၊ ယံ နာမ ဓေယျံ၊ အကြင် ထားအပ်သောနာမည်သည်၊ ဝါ၊ အကြင်ထားကြောင်းဖြစ်သော နာမည်သည်၊ ဝါ၊ နာမည်ကို ပညတ်ထားခြင်းသည်၊ (အတ္ထိ)၊ ယာ နိရုတ္တိ၊ အကြင် အနက်ကို ထုတ်ဖော်၍ ဟောတတ်သောနာမည်သည်၊ (အတ္ထိ)၊ ယံ ဗျဉ္စျနံ၊ အကြင်အနက်ကို ထင်ရှားပြတတ်သောနာမည်သည်၊ (အတ္ထိ)၊ ယော အဘိလာပေါ၊ အကြင် အနက်သို့ ရှေ့ရှုရွတ်ဆိုအပ်သောနာမည်သည်၊ (အတ္ထိ)၊ ဣမေ ဓမ္မာ အဓိဝစနာ၊.
သဗ္ဗေဝ၊ အလုံးစုံသာလျှင် ဖြစ်ကုန်သော၊ ဓမ္မာ၊ တို့သည်၊ အဓိဝစနပထာ၊ သဒ္ဒါကို စွဲမှီရည်စူး၍ဖြစ်သော နာမည်ပညတ်၏ အကြောင်းဖြစ်သောတရားတို့တည်း။ [နိရုတ္တိဒုက်, ပညတ္တိဒုက်တို့၌လည်း နည်းတူ။]
၁၃၁၄။ ကတမေ ဓမ္မာ နိရုတ္တိ၊ ထိုထိုအနက်ကို ဖော်ထုတ်၍ ဟောပြတတ် သော သဒ္ဒါဖြစ်သနည်း၊
ပေ သဗ္ဗေဝ ဓမ္မာ နိရုတ္တိပထာ။
၁၃၁၅။ ကတမေ ဓမ္မာ, ပညတ္တိ၊ အနက်ကို အပြားအားဖြင့် သိစေတတ်သော နာမည်ပညတ် ဖြစ်သနည်း၊ ဝါ၊ အပြားအားဖြင့် ထားအပ်သော နာမည်ပညတ်ဖြစ်သနည်း၊ပေ၊ သဗ္ဗေဝ ဓမ္မာ ပညတ္တိပထာ။
၁၃၃၂။ တတ္ထ၊ ထို ဒေါဝစဿတာ, သောဝစဿတာ, ပါပမိတ္တတာ, ကလျာဏမိတ္တတာတို့တွင်၊ ကတမာ၊ အဘယ်သည်၊ ဒေါဝစဿတာ၊ တာ မည်သနည်း၊ ဝါ၊ ခဲယဉ်းသောစကားရှိသူ၏ အလုပ်၏ ဖြစ်ကြောင်းဖြစ်ရာ မည်သနည်း၊
သဟဓမ္မိကေ၊ အတူတကွ ကျင့်ထိုက်သော အဓိသီလ စသည်၌ ဖြစ်သော သိက္ခပုဒ်ကို၊ ဝုစ္စမာနေ၊ ပြောဆိုအပ်သော်၊ ဒေါဝစဿာယံ၊ ခဲယဉ်းစွာ ပြောဆိုအပ်သောစကားရှိသူ၏ အလုပ်သည်၊ ဒေါဝစဿိယံ၊ ခဲယဉ်းစွာ ပြောဆိုအပ်သောစကားရှိသူ၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ ဒေါဝစဿတာ၊ ခဲယဉ်းစွာ ပြောဆိုအပ်သောစကားရှိသူ၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ ဝိပ္ပဋိကူလဂ္ဂါဟိတာ၊ ဆန့်ကျင်ဘက်ကို ယူလေ့ရှိသူ၏ဖြစ်ကြောင်းဖြစ်ရာသည်၊ ဝိပစ္စနီကသာတတာ၊ ဆန့်ကျင်ဘက်ကို ယူခြင်းအားဖြင့် သာယာခြင်းရှိသော ပုဂ္ဂိုလ်၏ဖြစ်ကြောင်းဖြစ်ရာသည်၊ အနာဒရိယံ၊ သြဝါဒကို လေးစားခြင်း မရှိသောပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ အနာဒရတာ၊ သည်၊ အဂါရဝတာ၊ ရိုသေလေးစားခြင်းမရှိသော ပုဂ္ဂိုလ်၏ဖြစ်ကြောင်းဖြစ်ရာသည်၊ အပ္ပဋိဿဝ တာ၊ ရှေးရှုနားထောင်ခြင်း မရှိသူ၏ဖြစ်ကြောင်းဖြစ်ရာသည်၊ (အတ္ထိ)၊ အယံ၊ ဤသို့သဘောရှိသောတရားကို၊ ဒေါဝစဿတာ၊ ဟူ၍၊ ဝုစ္စတိ။
၁၃၃၃။ တတ္ထ ကတမာ ပါပမိတ္တတာ၊
ယေ တေ ပုဂ္ဂလာ၊ တို့သည်၊ အသဒ္ဓါ၊ ဘုရားစသော ဝတ္ထုတို့ကို ယုံကြည်တတ်သော သဒ္ဓါမရှိကုန်၊ ဒုဿီလာ၊ သီလမရှိကုန်၊ အပ္ပဿုတာ၊ အာဂမ အဓိဂမ၌ ကြားနာအပ်ပြီးသော သုတမရှိကုန်၊ [ပိဋကတ်တော်၌လည်းကောင်း, ပဋိဝေဓ(မဂ်ဖိုလ်နိဗ္ဗာန်)၌လည်းကောင်း အကြားအမြင် မရှိကုန်၊] မစ္ဆရိနော၊ ဝန်တိုခြင်း ရှိကုန်၏၊ ဒုပ္ပညာ၊ ပညာမရှိကုန်၊ တေသံ၊ ထို အသဒ္ဓါစသောပုဂ္ဂိုလ်တို့ကို၊ ယာ သေဝနာ၊ အကြင် မှီဝဲခြင်းသည်၊ (အတ္ထိ)၊ ယာ နိဝေသနာ၊ အကြင် အားကြီးသောမှီဝဲခြင်းသည်၊ ယာ သံသေဝနာ၊ အကြင် အလုံးစုံသောအဖို့အားဖြင့် မှီဝဲခြင်းသည်၊ [တစ်နည်း-သုံးပုဒ်လုံး၌ပင် နိ+သံ ပုဒ်တို့ကို အနက်မရှိကြံ၍ “မှီဝဲခြင်းသည်”ဟုပေးပါ၊] ယာ ဘဇနာ၊ အကြင် ချဉ်းကပ်ခြင်းသည်၊ ယာ သံဘဇနာ၊ အကြင် ထက်ဝန်းကျင် ချဉ်းကပ်ခြင်းသည်၊ [တစ်နည်း-သံအနက်မရှိ၊ “ချဉ်းကပ်ခြင်း”ဟုသာ အနက်ပေးပါ၊] ယာ ဘတ္တိ၊ အကြင် ခိုင်မြဲသော ဆည်းကပ်ခြင်းသည်၊ ယာ သမ္ဘတ္တိ၊ အကြင် ထက်ဝန်းကျင်အဖို့အားဖြင့် ဆည်းကပ်ခြင်းသည်၊ [တစ်နည်း-သံအနက်မရှိ၊] ယာ သမ္ပဝင်္ကတာ၊ အကြင် ထို ပါပမိတ္တတို့၌ ကိုယ်စိတ်အားဖြင့် ညွတ်ကိုင်းသည်၏အဖြစ်သည်၊(အတ္ထိ)၊ အယံ ဝုစ္စတိ ပါပမိတ္တာ။ [သောဝစဿတာ, ကလျာဏမိတ္တတာတို့ကို ပြောင်းပြန်အားဖြင့် သိပါ။]
၁၃၃၆။ တတ္ထ ကတမာ၊ အာပတ္တိကုသလတာ၊ အာပတ်တို့၌ ကျွမ်းကျင်သူ၏အဖြစ်မည်သနည်း၊
ပဉ္စပိ၊ ငါးပါးလည်းဖြစ်ကုန်သော၊ အပတ္တိက္ခန္ဓာ၊ ဒွေမာတိကာ၌လာသော အာပတ်အစုတို့သည်၊ အာပတ္တိယော၊ အာပတ်တို့ မည်၏၊ သတ္တပိ၊ ၇ ပါးလည်းဖြစ်ကုန်သော၊ အာပတ္တိက္ခန္ဓာ၊ ဥဘတောဝိဘင်း, ခန္ဓကတို့၌လာသော အာပတ်အစုတို့သည်၊ အာပတ္တိယော၊ တို့မည်၏၊
တာသံ အာပတ္တိနံ၊ ထို အာပတ်တို့၏၊ ယာ အာပတ္တိကုသလတာ၊ အကြင်အာပတ် အပိုင်းအခြား၌ ကျွမ်းကျင်သူ၏အဖြစ်သည်၊ ယာ ပညာ၊ အကြင် အပြားအား ဖြင့် သိတတ်သော ဉာဏ်သည်၊ပေ၊ ယာ သမ္မာဒိဋ္ဌိ (အတ္ထိ)၊ အယံ ဝုစ္စတိအာပတ္တိကုသလတာ။
၁၃၃၇။ တတ္ထ ကတမာ၊ အာပတ္တိဝုဋ္ဌာနကုသလတာ၊ အာပတ်မှ ထခြင်း၌ ကျွမ်းကျင်သူ၏အဖြစ် မည်သနည်း၊
တာဟိ အာပတ္တီဟိ၊ တို့မှ၊ ယာ ဝုဋ္ဌာန ကုသလတာ၊ အကြင် ထခြင်း၌ ကျွမ်းကျင်သူ၏အဖြစ်သည်၊ (အတ္ထိ)၊ပေ၊ အယံ ဝုစ္စတိ အာပတ္တိဝုဋ္ဌာနကုသလတာ။
၁၃၃၈။ ကတမာ၊ သမာပတ္တိကုသလတာ၊ သမာပတ်၌ကျွမ်းကျင်သူ ၏ အဖြစ်မည်သနည်း [နောက်ဝါကျ၌ သမာပတ္တိဝုဋ္ဌာနကုသလတာ၊ သမာပတ် မှ ထခြင်း၌ ကျွမ်းကျင်သူ၏အဖြစ် မည်သနည်း၊ ဓာတုကုသလတာ၊ ဓာတ်တို့ ၌ ကျွမ်းကျင်သူ၏အဖြစ် မည်သနည်း၊ မနသိကာရကုသလတာ၊ ဓာတ်တို့ကို နှလုံးသွင်းခြင်း၌ ကျွမ်းကျင်သူ၏အဖြစ် မည်သနည်း”စသည်ဖြင့် ပေးပါ။]
၁၃၄၄။ တတ္ထ ကတမာ၊ ဌာနကုသလတာ၊ အကြောင်း၌ ကျွမ်းကျင်သူ၏ အဖြစ် မည်သနည်း၊
ယေ ယေ ဓမ္မာ၊ အကြင် အကြင် တရားတို့သည်၊ ယေသံ ယေသံ ဓမ္မာနံ၊ တို့၏၊ ဥပ္ပာဒါယ၊ ဖြစ်ခြင်းငှာ၊ ဟေတူ၊ ဟိတ်ဖြစ်သောအကြောင်း တို့သည်၊ ပစ္စယာ၊ ပစ္စည်းဖြစ်သော အကြောင်းတို့သည်၊ (ဟောန္တိ)၊ တံ တံ၊ ထိုထို အကျိုးတရားတို့၏ ထိုထိုအကြောင်းသည်၊ ဌာနံ၊ ဌာနတည်း၊ ဣတိ၊ သို့၊ တတ္ထ၊ ထိုအကျိုးတရား,အကြောင်းတရားတို့၌၊ ယာ ပညာ(အတ္ထိ)၊ပေ၊ အယံ ဝုစ္စတိ ဌာနကုသလတာ။ [အဋ္ဌာနကုသလတာလည်း နည်းတူသိပါ။]
၁၃၄၇။ တတ္ထ ကတမော မဒ္ဒဝေါ၊
ယာ နီစ စိတ္တတာ၊ အကြင် နိမ့်ကျသော စိတ်ရှိသူ၏ဖြစ်ကြောင်းဖြစ်ရာသည်၊ (အတ္ထိ)၊ ဤတစ်ပုဒ်သာ ထူး၏၊ ကြွင်းပုဒ် များသည် စိတ္တမုဒုတာနိဒ္ဒေသအတိုင်းပင်တည်း။
၁၃၄၈။ တတ္ထ ကတမာ ခန္တိ၊
ယာ ခန္တိ၊ အကြင် သည်းခံခြင်းသည်၊ (အတ္ထိ)၊ ယာ ခမနတာ၊ အကြင် သည်းခံခြင်းသည်၊ တာပစ္စည်း အနက်မရှိ၊] ယာ အဓိဝါသနတာ၊ အကြင် မိမိအထက်၌ တက်ရောက်နေစေကြောင်းသဘော သည်၊ [တာပစ္စည်း အနက်မရှိ၊] ယံ အစဏ္ဍိက္ကံ၊ အကြင် မကြမ်းတမ်းသူ၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ ယော အနသုရောပေါ၊ ကောင်းစွာ မတက်ရောက်စေ အပ်သော စကား၏ဆန့်ကျင်ဘက်သည်၊ စိတ္တဿ၊ ၏၊ ယာ အတ္တမနတာ၊ အကြင် မိမိစိတ်၏ဖြစ်ကြောင်းဖြစ်ရာသည်၊ (အတ္ထိ)၊ အယံ ဝုစ္စတိ ခန္တိ။
၁၃၅ဝ။ တတ္ထ၊ ထိုမာတိကာပုဒ်တို့တွင်၊ ကတမံ၊ သည်၊ သာခလျံ၊ ပြေပြစ် သူ၏ဖြစ်ကြောင်းဖြစ်ရာသည်၊ (ဟောတိ၊ နည်း၊)
ယာ သာ ဝါစာ၊ အကြင် စကားသည်၊ အဏ္ဍကာ၊ ခုံသန ဝမ္ဘနစသောစကားတို့ဖြင့် သစ်ပင်၏ အမှုန်, အဖု,အဥနှင့်တူသည်၊ ကက္ကသာ၊ ကြမ်းတမ်းသည်၊ ပရကဋုကာ၊ သူတစ်ပါး တို့အတွက် ခါးစပ်သောအရသာနှင့် တူသည်၊ ပရာဘိသဇ္ဇနီ၊ သူတစ်ပါးတို့၏ စိတ်၌ ထိုးဆွ၍ ထိုးဆွ၍ လွန်စွာငြိကပ်တတ်သည်၊ ကောဓသာမန္တာ၊ ဒေါသ၏ အနီးအပါးဖြစ်သည်၊ အသမာဓိသံဝတ္တနိကာ၊ ဥပစာရသမာဓိ,အပ္ပနာသမာဓိကို မဖြစ်စေတတ်သည်၊ (ဟောတိ)၊ တထာရူပိံ၊ ထိုသို့ သဘောရှိသော၊ ဝါစံ၊ စကားကို၊ ပဟာယ၊ ပယ်စွန့်၍၊ ယာ သာ ဝါစာ၊ သည်၊ နေလာ၊ ဒေါသတည်း ဟူသောအပြစ်မရှိသည်၊ ကဏ္ဏသုခါ၊ နားတို့၏ နားတို့၏ချမ်းသာကြောင်းသည်၊ (နားဝင် ချိုသည်၊) ဟဒယင်္ဂမာ၊ စိတ်နှလုံးသို့ သက်ရောက်သည်၊ သက်ရောက်သည်၊ ပေါရီ၊ မြို့ ပြည်ကြီး၌ ဖြစ်သည်၊ ဝါ၊ မြို့သူသဖွယ်, နုနယ်သည်၊ ဝါ၊ မြို့သူမြို့သား လူအများ၏ ဥစ္စာသည်၊ ဗဟုဇနကန္တာ၊ များစွာသောလူအပေါင်းသည် နှစ်သက်အပ်သည်၊ ဗဟုဇနမနာပါ၊ များစွာသောလူအပေါင်း၏စိတ်ကို တိုးပွားစေတတ်သည်။(များစွာသောလူအပေါင်းသည် မြတ်နိုးအပ်သည်၊)(ဟောတိ)၊ တထာရူပိံဝါစံ, ဘာသိတာ၊ ပြောဆိုလေ့ရှိသည်၊ ဟောတိ၊
တတ္ထ၊ ထိုပြောဆိုလေ့ရှိသော ပုဂ္ဂိုလ်၌၊ ယာ သဏှဝါစတာ၊ အကြင်သိမ်မွေ့သော စကားရှိသူ၏ဖြစ်ကြောင်း ဖြစ်ရာသည်၊ ယာ သခိလဝါစတာ၊ အကြင် ပြေပြစ်သောစကားရှိသူ၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ ယာ အဖရုသဝါစတာ၊ အကြင် မကြမ်းတမ်းသော စကားရှိသူ၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ (အတ္ထိ)၊ ဣဒံ၊ ဤသိမ်မွေ့ညက်ညော, ချောမောသောစကားရှိသူ၏ဖြစ်ကြောင်းဖြစ်ရာကို၊ သာခလျံ ဝုစ္စတိ။
၁၃၅၁။ တတ္ထ ကတမော ပဋိသန္တာရော၊
ပဋိသန္တာရာ၊ ပဋိသန္ထာရတို့သည်၊ ဝါ၊ အပေါက်အကြားမရှိအောင် ပိတ်ဆို့ဖာထေးခြင်းတို့သည်၊ အာမိသပဋိသန္တာ ရော စ၊ အာမိသဖြင့် ပိတ်ဆို့ ဖာထေးခြင်းလည်းကောင်း၊ ဓမ္မပဋိသန္ထာရော စ၊ ဓမ္မဖြင့် ပိတ်ဆို့ ဖာထေးခြင်းလည်းကောင်း၊ (ဣတိ၊ သို့၊) ဒွေ၊ နှစ်ပါးတို့ တည်း၊
ဣဓ၊ ဤလောက၌၊ ဧကစ္စော၊ အချို့ ပုဂ္ဂိုလ်သည်၊ အာမိသပဋိသန္ထာရေန၊ အာမိသဖြင့် ပိတ်ဆို့ ဖာထေးခြင်းအားဖြင့်သော်လည်းကောင်း၊ ဝါ၊ အာမိသဖြင့် ပိတ်ဆို့ ဖာထေးခြင်းအားဖြင့်သာ်လည်းကောင်း၊ ဝါ၊ ပိတ်ဆို့ ဖာထေးကြောင်းဖြစ်သော အာမိသဖြင့်သော်လည်းကောင်း၊ ဓမ္မပဋိသန္ထာရေန ဝါ၊ ဓမ္မဖြင့် ပိတ်ဆို့ ဖာထေးခြင်းအားဖြင့်သော်လည်းကောင်း၊ ဝါ၊ ပိတ်ဆို့ ဖာထေးကြောင်းဖြစ်သော ဓမ္မဖြင့်သော်လည်းကောင်း၊ ပဋိသန္ထာရကော၊ အပေါက်အကြားမရှိအောင် ပိတ်ဆို့ ဖာထေးတတ်သည်၊ ဟောတိ၊ အယံ၊ ဤပိတ်ဆို့ ဖာထေးခြင်းကို၊ ပဋိသန္ထာရော၊ ရဟူ၍၊ ဝုစ္စတိ။
၁၃၅၂။ တတ္ထ ကတမာ ဣန္ဒြိယေသု အဂုတ္တဒွါရတာ (ဟောတိ၊ နည်း၊)
(က) ဣဓ၊ ဤလောက၌၊ ဧကစ္စော၊ အချို့ပုဂ္ဂိုလ်သည်၊ စက္ခုနာ၊ စက္ခုပသာဒဖြင့်၊ ဝါ၊ အကြောင်းစက္ခု, တင်စားပြုသည့်, စက္ခုဝိညာဉ်ဖြင့်၊ ရူပံ၊ ရူပါရုံကို၊ ဒိသွာ၊ မြင်ရ၍၊ ဝါ၊ မြင်ရသည်ရှိသော်၊ ဝါ၊ မြင်ရခြင်းကြောင့်၊ နိမိတ္တဂ္ဂါဟီ၊ ယောက်ျားဟုလည်းကောင်း, မိန်းမဟုလည်းကောင်း သိမှတ်ကြောင်းဖြစ်သော ပုံသဏ္ဌာန်နိမိတ်ကို ကိလေသာစိတ်ဖြင့် ယူလေ့ရှိသည်၊ အနုဗျဉ္ဇနဂ္ဂါဟီ၊ ကိလေသာတို့ကို ထင်စွာဖြစ်စေတတ်သော လက်ခြေသဏ္ဌာန်, စကားပြောသံ, ပြုံးရယ်ဟန်စသော အခြင်းအရာကို ကိလေသာစိတ်ဖြင့်ယူလေ့ရှိသည်၊ဟောတိ၊
ယတွာဓိကရဏံ၊ အကြင် မစောင့်စည်းအပ်သော စက္ခုန္ဒြေဟူသောအကြောင်း ကြောင့်၊ စက္ခုန္ဒြိယံ၊ ကို၊ အသံဝုတံ၊ မစောင့်စည်းသည်ဖြစ်၍၊ ဝိဟရန္တံ၊ နေသော၊ ဧနံ၊ ထိုပုဂ္ဂိုလ်ကို၊ အဘိဇ္ဈာဒေါမနဿာ၊ အဘိဇ္ဈာ ဒေါမနဿဟူကုန်သော၊ ပါပကာ၊ ယုတ်မာကုန်သော၊ ဝါ၊ မိမိကိန်းရာ,သတ္တဝါကို, အပါယ် လေးရွာသို့ ကျရောက်စေတတ်ကုန်သော၊ အကုသလာ၊ အကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မာ၊ တရားတို့သည်၊ အနွာဿဝေယျုံ၊ အစဉ်တစိုက်, လိုက်ကုန်ရာ၏၊ ဝါ၊ လွှမ်းမိုးကုန်ရာ၏၊ တဿ၊ ထိုစက္ခုန္ဒြေကို၊ သံဝရာယ၊ စောင့်စည်းခြင်းငှာ၊ န ပဋိပဇ္ဇတိ၊ မကျင့်၊ စက္ခုန္ဒြိယံ၊ ကို၊ န ရက္ခတိ၊ မစောင့်ရှောက်၊ စက္ခုန္ဒြိယေ၊ ၌၊ သံဝရံ၊ စောင့်စည်းခြင်းသို့၊ န အာပဇ္ဇတိ၊ မရောက်။
(ခ) သောတေန၊ သောတပသာဒဖြင့်၊ ဝါ၊ အကြောင်းသောတ, တင်စားရသည့်, သောတဝိညာဉ်ဖြင့်၊ပေ၊ (ဂ) ဃာနေန၊ ဃာနပသာဒဖြင့်၊ ဝါ၊ အကြောင်း ဃာန, တင်စားရသည့်, ဃာနဝိညာဉ်ဖြင့်၊ပေ၊ ဂန္ဓံ၊ ဂန္ဓာရုံကို၊ ဃာယိတွာ၊ နမ်းရှူ၍၊ ဝါ၊ နမ်းရှူရခြင်းကြောင့်၊ပေ၊ (ဃ) ဇိဝှာယ၊ ဇိဝှာပသာဒဖြင့်၊ ဝါ၊ အကြောင်းဇိဝှာ, တင်စားရာသည့်, ဇိဝှာဝိညာဉ်ဖြင့်၊ ရသံ၊ အရသာကို၊ သာယိတွာ၊ သာယာ၍၊ (င) ကာယေန၊ ကာယပသာဒဖြင့်၊ ဝါ၊ အကြောင်း ကာယ, တင်စားရသည့်, ကာယဝိညာဉ်ဖြင့်၊ ဖောဋ္ဌဗ္ဗံ၊ ဖောဋ္ဌဗ္ဗာရုံကို၊ ဖုသိတွာ၊ တွေ့ထိ၍၊ ဝါ၊ တွေ့ထိရသည်ရှိသော်၊ ဝါ-တွေ့ထိရခြင်းကြောင့်၊ပေ၊ (စ) မနသာ၊ မနောဒွါရဖြင့်၊ ဝါ၊ အကြောင်းမနော, တင်စားပြောသည့်, မနော ဝိညာဉ်ဖြင့်၊ ဓမ္မံ၊ ဓမ္မာရုံကို၊ ဝိညာယ၊ သိ၍၊ ဝါ၊ သိသည်ရှိသော်၊ ဝါ၊ သိခြင်းကြောင့်၊ပေ၊
သံဝရံ န အာပဇ္ဇတိ၊
ဆန္ဒံ၊ ၆ပါးကုန်သော၊ ဣမေသံ ဣန္ဒြိယာနံ၊ ဤ ဣန္ဒြေတို့ကို၊ ယာ အဂုတ္တိ၊ အကြင် မစောင့်ရှောက်ခြင်းသည်၊ ယာ အဂေါပနာ၊ အကြင် မလုံခြုံစေခြင်းသည်၊ ယော အနာရက္ခော၊ အကြင် မစောင့်ရှောက်ခြင်းသည်၊ ယော အသံဝရော၊ အကြင် မစောင့်စည်းခြင်းသည်၊ (အတ္ထိ)၊ အယံ၊ ဤ ဣန္ဒြေ ၆ ပါးတို့ကို မစောင့်စည်းခြင်းကို၊ ဣန္ဒြိယေသု အဂုတ္တဒွါရတာ၊ ဟူ၍၊ ဝုစ္စတိ။
၁၃၅၃။ တတ္ထ ကတမာ, ဘောဇနေ၊ ဘောဇဉ်၌၊ အမတ္တညုတာ၊ အတိုင်းအရှည် မသိသူ၏အဖြစ်သည်၊ (ဟောတိ၊ နည်း၊)
ဣဓ၊ ဤ သတ္တ လောက၌၊ ဧကစ္စော၊ အချို့သောပုဂ္ဂိုလ်သည်၊ အပ္ပဋိသင်္ခါ၊ ဆင်ခြင်တတ်သော ပညာဖြင့် မစူးစမ်း မဆင်ခြင်မူ၍၊ အယောနိသော၊ မသင့်သောအကြောင်းအားဖြင့်၊ အာဟာရံ၊ အာဟာရကို၊ ဝါ၊ စားမျိုထိုက်သော စားဖွယ်သောက်ဖွယ်ကို၊ အာဟာရေတိ၊ အာဟာရကို ပြု၏၊ ဝါ၊ စားသောက်၏၊ ဒဝါယ၊ ရွှင်လန်းခြင်း အကျိုးငှာ၊ (အာဟာရေတိ၊ ၏၊ ဝါ၊ ၏၊) မဒါယ၊ မာနမဒ, ပုရိသမဒအကျိုးငှာ၊ (အာဟာရေတိ)၊ မဏ္ဍနာယ၊ ပြေပြစ်ပြည့်ဝင်း, အဆင်းလှခြင်းအကျိုးငှာ၊ (အာဟာရေတိ)၊ ဝိဘူသနာယ၊ အသား ပြည့်ဖြိုး, ပွားတိုးခြင်း အကျိုးငှာ၊ (အာဟာရေတိ၊ အာဟာရကို ပြု၏၊ ဝါ၊ စားသောက်၏၊)
တတ္ထ၊ ထိုသို့ စားသောက်ရာ၌၊ ဝါ၊ ထိုသို့ စားသောက်သောပုဂ္ဂိုလ်၌၊ ယာ အသန္တုဋ္ဌိတာ၊ အကြင် တင်းတိမ်ရောင့်ရဲခြင်း မရှိသူ၏ဖြစ်ကြောင်းဖြစ်ရာသည်။ ယာ အမတ္တညုတာ၊ အကြင် အတိုင်းအရှည်မသိသူ၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ ဘောဇနေ၊ ဘောဇဉ်၌၊ ယာ အပ္ပဋိသင်္ခါ၊ အကြင် ပညာဖြင့် မဆင်ခြင်ခြင်းသည်၊ (အတ္ထိ)၊ အယံ၊ ဤအသန္တုဋ္ဌိတာစသည်ကို၊ ဘောဇနေ အမတ္တညုတာ၊ ဘောဇနေ အမတ္တညုတာဟူ၍၊ ဝုစ္စတိ၊ [ဣန္ဒြိယေသု ဂုတ္တဒွါရတာနိဒ္ဒေသကို ဆိုအပ်ပြီးသောနည်းမှ ပြောင်းပြန်အားဖြင့် သိပါ။]
၁၃၅၅။ [နေဝ ဒဝါယ စသည်ကို ဆိုအပ်ပြီးသောနည်းမှ ပြောင်းပြန် အားဖြင့် သိပါ၊]
ဝိဘူသနာယ၊ ငှာ၊ နေဝ အာဟာရေတိ၊ အာဟာရကို ပြုသည် မဟုတ်၊ ဝါ၊ စားသောက်သည်မဟုတ်၊ ဣမဿ ကာယဿ၊ ဤ ကရဇကာယ၏၊ ဝါ၊ ခန္ဓာကိုယ်၏၊ ယာဝ ဌိတိယာဧဝ၊ တည်တံ့ခြင်းတိုင်အောင်အကျိုးငှာသာ ယာဝ ယာပနာယဧဝ၊ ဇီဝိတိန္ဒြေကို ရှည်သောအဓွန့်သို့ ရောက်စေခြင်း တိုင်အောင်သော အကျိုးငှာသာ၊ ယာဝ ဝိဟိံသူပရတိယာဧဝ၊ ပင်ပန်းခြင်း၏ ကင်းခြင်းတိုင်အောင်သော အကျိုးငှာသာ၊ ယာဝ ဗြဟ္မစရိယာနုဂ္ဂဟာယဧဝ၊ သိက္ခာသုံးဝ, သာသနဗြဟ္မစရိယကို ချီးမြှောက်ခြင်းတိုင်အောင်သောအကျိုး ငှာသာ၊ (အာဟာရံ အာဟာရေတိ)၊ ဣတိ၊ ဤ ပြဆိုအပ်ခဲ့သော အကျိုးတည်း ဟူသောအကြောင်းကြောင့်၊ (အာဟာရံ အာဟာရေတိ)၊ ပုရာဏံ၊ အဟောင်း ဖြစ်သော၊ ဝေဒနဉ္စ၊ မစားရခြင်းအကြောင်းရင်းရှိသော ဝေဒနာကိုလည်း၊ ပဋိဟင်္ခါမိ၊ ပယ်ဖျောက်အံ့၊ နဝံ၊ အသစ်ဖြစ်သော၊ ဝေဒနဉ္စ၊ အလွန်စားခြင်း ကြောင့်ဖြစ်သော ဝေဒနာကိုလည်း၊ န ဥပ္ပာဒေဿာမိ၊ မဖြစ်စေအံ့၊(အဋ္ဌကထာ ၌ နောက်တစ်နည်း၌လည်း ဖွင့်သေး၏။] မေ၊ ငါ၏၊ ယတြာစ၊ ဣရိယာပုထ် လေးပါး, ပြတ်မသွားဘဲ, ရှည်လျားသောကာလသို့ ရောက်စေခြင်းသည်လည်းကောင်း၊ ဝါ၊ မျှတခြင်းသည်လည်းကောင်း၊ အနဝဇ္ဇတာစ၊ အပြစ်မရှိသူ၏ အဖြစ်သည်လည်းကောင်း၊ ဖာသု ဝိဟာရောစ၊ ချမ်းသာစွာ နေရကြောင်းသည် လည်းကောင်း၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ (ဣတိ၊ ဤသို့နှလုံးသွင်း၍၊ အာဟာရံ အာဟာရေတိ)
တတ္ထ၊ ထိုသို့စားသောက်ရာ၌၊ ဝါ၊ ထိုပုဂ္ဂိုလ်၌၊ ယာ သန္တုဋ္ဌိတာ၊ အကြင် ရောင့်ရဲတင်းတိမ်ခြင်းရှိသူ၏ ဖြစ်ကြောင်းဖြစ်ရာသည်၊ ယာ မတ္တညုတာ၊ အကြင် အတိုင်းအရှည်ကို သိသူ၏ဖြစ်ကြောင်းဖြစ်ရာသည်၊ ဘောဇနေ၊ ၌၊ ယာ ပဋိသင်္ခါ၊ အကြင် ပညာဖြင့် ဆင်ခြင်ခြင်းသည်၊(အတ္ထိ)၊ အယံ၊ ဤ သန္တုဋ္ဌိတာစသည်ကို၊ ဘောဇနေမတ္တညုတာ၊ ဟူ၍၊ ဝုစ္စတိ၊[မုဋ္ဌသစ္စံ ကို သတိနိဒ္ဒေသ၏ပြောင်းပြန်အားဖြင့် သိပါ၊ အသမ္ပဇညံစသည်လွယ်ပြီ။]
၁၃၆၁။ တတ္ထ ကတမံ ဘာဝနာဗလံ၊
ကုသလာနံ၊ ကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မာနံ၊ ဗောဓိပက္ခိယတရားတို့ကို၊ ယာ သေဝနာ၊ အကြင် အစစွာမှီဝဲခြင်းသည်၊ ယာ ဘာဝနာ၊ အကြင် တိုးပွားစေခြင်းသည်၊ ယံ ဗဟုလီကမ္မံ၊ အကြင် မများသော်လည်း များသကဲ့သို့ ပြုခြင်းသည်၊ ဝါ၊ အကြင် ကြိမ်ဖန်များစွာ အလေ့ အလာ ပြုခြင်းသည်၊ (အတ္ထိ)၊ပေ။
၁၃၇၃။ တတ္ထ ကတ ကတမာ ဒိဋ္ဌိဝိသုဒ္ဓိ၊
ကမ္မဿကတာညာဏံ၊ ကမ္မဿကတာ ဉာဏ်သည်လည်းကောင်း၊ ဝါ၊ ကုသိုလ်ကံ၏ မိမိဥစ္စာ၏အဖြစ်, အကုသိုလ်ကံ၏ မိမိဥစ္စာ မဟုတ်သည်၏အဖြစ်ကို သိတတ်သောဉာဏ်သည်လည်းကောင်း၊ သစ္စာနုလောမိကံ၊ လေးပါးသော သစ္စာတို့အား လျော်သောဝိပဿနာဉာဏ် သည်လည်းကောင်း၊ မဂ္ဂသမင်္ဂိဿ၊ မဂ်နှင့်ပြည့်စုံသောပုဂ္ဂိုလ်၏၊ ဉာဏံ၊ မဂ်ဉာဏ်သည်လည်းကောင်း၊ ဖလသမင်္ဂိဿ၊ ဖိုလ်နှင့်ပြည့်စုံသောပုဂ္ဂိုလ်၏၊ ဉာဏံ၊ ဖိုလ်ဉာဏ်သည်လည်းကောင်း၊ (ဒိဋ္ဌိဝိသုဒ္ဓိ၊ မည်၏၊ ဝါ၊ စင်ကြယ်သော အသိဉာဏ်မည်၏။)
၁၃၇၄။ ဒိဋ္ဌိဝိသုဒ္ဓိ ခေါပနာတိ၊ ဒိဋ္ဌိဝိသုဒ္ဓိ ခေါပနဟူသည်ကား၊ ယာ ပညာ၊ အကြင် အပြားအားဖြင့် သိတတ်သောဉာဏ်သည်၊ပေ၊ ယာ သမ္မာဒိဋ္ဌိ၊ သည်၊ (အတ္ထိ)၊ အယံ၊ ဤဉာဏ်ပညာသည်၊ ဒိဋ္ဌိဝိသုဒ္ဓိ ခေါပန၊ ဒိဋ္ဌိဝိသုဒ္ဓိ ခေါပန မည်၏။
၁၃၇၅။ ယထာဒိဋ္ဌိဿစ ပဓာနံတိ၊ ယထာဒိဋ္ဌိဿစ ပဓာနံဟူသည်ကား၊ စေတသိကော၊ စိတ်၌ဖြစ်သော၊ ယော ဝီရိယာရမ္ဘော၊ အကြင် ဝီရိယကို အားထုတ်ခြင်းသည်၊ပေ၊ ယော သမ္မာဝါယာမော၊ အကြင် သမ္မာဝါယာမသည်၊ (အတ္ထိ)၊ အယံ၊ ဤဝီရိယသည်၊ ယထာဒိဋ္ဌိဿ၊ အကြင် အကြင် မှန်ကန်သော ဉာဏ်ရှိသူ၏၊ ပဓာနံစ၊ အားထုတ်ကြောင်း လုံ့လလည်း မည်၏။
၁၃၇၆။ သံဝေဂေါတိ၊ သံဝေဂေါဟူသည်ကား၊ ဇာတိဘယ၊ ဇာတိကို ဘေးဟု ရှုတတ်သောဉာဏ်သည်လည်းကောင်း၊ ဇရာဘယံ၊ သည်လည်း ကောင်း၊ ဗျာဓိဘယံ၊ သည်လည်းကောင်း၊ မရဏဘယံ၊ သည်လည်းကောင်း၊ (သံဝေဂေါ၊ သံဝေဂမည်၏။)
သံဝေဇနိယံ ဌာနံတိ၊ သံဝေဇနိယံ ဌာနံဟူသည်ကား၊ ဇာတိ၊ သည်လည်းကောင်း၊ပေ၊ မရဏံ၊ မရဏသည်လည်းကောင်း၊ (သံဝေဇနိယံ၊ ထိတ်လန့်ခြင်း၏အကြောင်းဖြစ်သော၊ ဌာနံ၊ ဌာနတည်း။)
၁၃၇၇။ သံဝိဂ္ဂဿစ ယောနိသော ပဓာနံတိ၊ ဟူသည်ကား၊ ဣဓ၊ ဤ သာသနာတော်၌၊ ဘိက္ခု၊ ရဟန်းသည်၊ အနုပ္ပန္နာနံ၊ ဤဘဝ၌ လုံးဝမဖြစ်ဖူးကုန်သေးသော၊ ဝါ၊ အာရုံသစ်ကြောင့် မဖြစ်ဖူးကုန်သေးသော၊ ပါပကာနံ၊ န်သော၊ အကုသလာနံ၊ န်သော၊ ဓမ္မာနံ၊ တို့၏၊ အနုပ္ပာဒါယ၊ မဖြစ်ခြင်းငှာ၊ ဆန္ဒံ၊ ဆန္ဒကို၊ ဇနေတိ၊ ဖြစ်စေ၏၊ ဝါယမတိ၊ လုံ့လပြု၏၊ ဝီရိယံ၊ ဝီရိယကို၊ အာရဘတိ၊ အားထုတ်၏၊ စိတ္တံ၊ ကို၊ ပဂ္ဂဏှာတိ၊ ချီးမြှောက်၏၊ ပဒဟတိ၊ အားထုတ်၏၊ ဥပ္ပန္နာနံ၊ ဖြစ်ပြီးကုန်သော၊ ဝါ၊ ဖြစ်ပြီးအကုသိုလ်နှင့်တူကုန် သော၊ ပါပကာနံ အကုသလာနံ, ဓမ္မာနံ၊ တို့ကို၊ ပဟာနာယ၊ပေ၊ပဒဟတိ၊ အနုပ္ပန္နာနံ၊ ဤဘဝ၌ မဖြစ်ဖူးကုန်သေးသော၊ ကုသလာနံ၊ လောကီကုသိုလ် ဖြစ်ကုန်သော၊ (တစ်နည်း) အနုပ္ပန္နာနံ၊ သံသရာ၌ တစ်ရံတစ်ခါမျှ မဖြစ်ဖူးကုန်သေးသော၊ ကုသလာနံ၊ လောကုတ္တရာကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မာနံ ဥပ္ပာဒါယ ၊ပေ၊ ပဒဟတိ၊ ဥပ္ပန္နာနံ၊ ဤဘဝ ထိုဘဝ၌ ဖြစ်ကုန်ပြီးသော၊ ကုသလာနံ၊ လောကီကုသိုလ်ဖြစ်ကုန်သော၊ ဓမ္မာနံ၊ တို့၏၊ ဌိတိယာ၊ တည်တံ့ခြင်းငှာလည်းကောင်း၊ အသဓမ္မာသာယ၊ မပျောက်ပျက်ခြင်းငှာလည်းကောင်း၊ ဘိယျော ဘာဝါယ၊ လွန်စွာတိုးပွားခြင်းငှာလည်းကောင်း၊ ဝေပုလ္လာယ၊ ပြန့်ပြောကုန် သည်၏အဖြစ်ဟူသော အကျိုးငှာလည်းကောင်း၊ ဘာဝနာယ၊ ဘာဝနာ၏။ ပါရိပူရိယာ၊ ပြည့်စုံသည်၏အဖြစ်ဟူသော အကျိုးငှာလည်းကောင်း၊ ဆန္ဒံ၊ပေ၊ ပဒဟတိ။
၁၃၇၈။ အသန္တုဋ္ဌိတာ စ ကုသလေသု ဓမ္မေသူတိ၊ သုဟူသည်ကား၊ ကုသလာနံ၊ န်သော၊ ဓမ္မာနံ၊ တို့ကို၊ ဘာဝနာယ၊ တိုးပွားစေခြင်း၌၊ အသန္တုဋ္ဌဿ၊ မတင်းတိမ် မရောင့်ရဲသောပုဂ္ဂိုလ်၏၊ ယာ ဘိယျောကမျတာ၊ အကြင် များပြားခြင်းကို အလိုရှိသူ၏အဖြစ်သည်၊ (အတ္ထိ)၊ အယံ၊ ဤကုသိုလ် တရားတို့၏ များပြားခြင်းကို အလိုရှိသူ၏အဖြစ်သည် (ကုသလေသု ဓမ္မေသု၊ တို့၌၊ အသန္တုဋ္ဌိတာ၊ တင်းတိမ်ရောင့်ရဲခြင်း မရှိသူ၏အဖြစ်မည်၏။)
၁၃၇၉။ အပ္ပဋိဝါနိတာစ ပဓာနသ္မိံတိ၊ ဟူသည်ကား၊ ကုသလာနံ၊ ကုသိုလ် ဖြစ်ကုန်သော၊ ဓမ္မာနံ၊ ဗောဓိပက္ခိယတရားတို့ကို၊ ဘာဝနာယ၊ မိမိသန္တာန်၌ ဖြစ်စေခြင်းငှာ၊ ယာ သက္ကစ္စကိရိယတာ၊ အကြင် ရိုရိုသေသေပြုခြင်းရှိသူ အဖြစ်သည်၊ ယာ သာတစ္စကိရိယတာ၊ အကြင် အမြဲမပြတ်, ပြုခြင်းရှိသူ၏ အဖြစ်သည်၊ ယာ အဋ္ဌိတကိရိယတာ၊ အကြင် မရပ်မနား ပြုခြင်းရှိသူ၏အဖြစ် သည်၊ ယာ အနောလီနဝုတ္တိတာ၊ အကြင် မတွန့်မဆုတ်ဖြစ်ခြင်းရှိသူ၏အဖြစ် သည်၊ ယာ အနိက္ခိတ္တဆန္ဒတာ၊ အကြင် မချအပ်သောဆန္ဒရှိသူ၏အဖြစ်သည်၊ ယာ အနိက္ခိတ္တဓုရတာ၊ အကြင် မချအပ်သောတာဝန်ရှိသူ၏ အဖြစ်သည်၊ ယာ အာသေဝနာ၊ အကြင် အစစွာ မှီဝဲခြင်းသည်၊ ယာ ဘာဝနာ၊ အကြင် တိုးပွားစေခြင်းသည်၊ ယံ ဗဟုလီကမ္မံ၊ အကြင် မများသော်လည်း များသကဲ့သို့ ပြုခြင်းသည်၊ ဝါ၊ ကြိမ်ဖန်များစွာ အလေ့အလာပြုခြင်းသည်၊ (အတ္ထိ)၊ အယံ၊ ဤသဘောတရားသည်၊ ပဓာနသ္မိံ၊ အားထုတ်ခြင်း၌၊ အပ္ပဋိဝါနိတာ၊ ဆုတ်နစ် စေခြင်း မရှိသူ၏အဖြစ်မည်၏။
၁၃၈၀။ ဝိဇ္ဇာတိ-ဝိဇ္ဇာဟူသည်ကား၊ ဝိဇ္ဇာ၊ တို့သည်၊ ဝါ၊ သိတတ်သော ဉာဏ်တို့သည်၊ တိဿာ၊ သုံးပါးတို့တည်း၊ ပုဗ္ဗေနိဝါသာနုဿတိညာဏံ၊ ပုဗ္ဗေနိဝါသာနုဿတိဉာဏ်ဟူသော၊ ဝါ၊ ရှေး၌ နေအပ်ဖူးသော ခန္ဓာအစဉ်ကို အောက်မေ့နိုင်သော သတိနှင့်ယှဉ်သော ဉာဏ်ဟူသော၊ ဝိဇ္ဇာ၊ ဝိဇ္ဇာလည်းကောင်း၊ သတ္တာနံ၊ သတ္တဝါတို့၏၊ စုတူပပါတေ၊ စုတုပဋိသန္ဓေ၌၊ ဉာဏံ၊ သိတတ်သော၊ ဝိဇ္ဇာ၊ လည်းကောင်း၊ အာသဝါနံ၊ ကိလေသာအာသဝေါတို့၏၊ ခယေ၊ ကုန်ရာမင်္ဂခဏ၌၊ ဝါ၊ ကုန်ကြောင်းတရားအပေါင်း၌၊ ဉာဏံ၊ ဉာဏ်ဟူသော၊ ဝိဇ္ဇာ၊ ဝိဇ္ဇာလည်းကောင်းတည်း။ [ဒိဗ္ဗစက္ခုဉာဏ်ကို ရပြီးမှ စုတူပ ပါတဉာဏ်ကို ရနိုင်၏၊ ထို့ကြောင့် တချို့ ပါဠိတော်၌ ဒိဗ္ဗစက္ခုကို ဝိဇ္ဇာဟု ဟောတော်မူသည်။]
၁၃၈၁။ ဝိမုတ္တီတိ၊ ဝိမုတ္တိဟူသည်ကား၊ ဝိမုတ္တိယော၊ တို့သည်၊ ဒွေ၊ နှစ်ပါးတို့တည်း၊ စိတ္တဿ၊ ၏၊ အဓိမုတ္တိ၊ အာရုံ၌ ကျွတ်ကျွတ်လွတ်လွတ် သက်ဝင်တတ်သော သမာပတ်တရားသည်လည်းကောင်း၊ ဝါ၊ ဆန့်ကျင်ဘက် တို့မှ ကောင်းစွာလွတ်မြောက်တတ်သော သမာပတ်တရားသည်လည်းကောင်း၊ နိဗ္ဗာနဉ္စ၊ အလုံးစုံသော ကိလေသာတို့မှ လွတ်မြောက်တတ်သော နိဗ္ဗာန်သည်လည်းကောင်းတည်း။
၁၃၈၂။ ခယေဉာဏန္တိ၊ ခယေ ဉာဏံဟူသည်ကား၊ မဂ္ဂသမင်္ဂိဿ၊ မဂ်နှင့် ပြည့်စုံသောပုဂ္ဂိုလ်၏၊ ဉာဏံ၊ မဂ်ဉာဏ်သည်၊ (ခယေ၊ ကိလေသာတို့၏ ကုန်ကြောင်းဖြစ်သောမဂ်၌၊ ဉာဏံ၊ ဉာဏ်မည်၏။)
၁၃၈၃။ အနုပ္ပာဒေ ဉာဏန္တိ၊ ကား၊ ဖလသမင်္ဂိဿ၊ ဖိုလ်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်၏၊ ဉာဏံ၊ ဖိုလ်ဉာဏ်သည်၊ (အနုပ္ပာဒေ၊ ကိလေသာတို့၏မဖြစ်ကြောင်း မဂ်၏အဆုံး၌၊ ဉာဏံ၊ ဉာဏ်မည်၏။)
နိက္ခေပကဏ္ဍော၊ နိက္ခေပကဏ္ဍသည်၊ နိဋ္ဌိတော၊ ပြီးပြီ။