အထခေါ။
ပ။
တဒ ဝသရိ၊ [ ပုဒ်စဉ် နံပါတ် ၁၄၃– ၌ အနက်ရေးခဲ့ပြီ။
" ပါဋလိဂါမော၊ ပါဋလိ– ရွာသည်။" ဟုဆိုပါ။]
ပါဋလိဂါမိကာ၊ ပါဋလိ– ရွာ၌ နေကုန်သော။
ဥပါသကာ၊ ဥပါသကာတို့သည်။
( ရတနာသုံးပါးကိုဆည်း ကပ်သူတို့သည်။)
အဿောသုံ၊ ကြားကုန်ပြီ။
( ကိံ၊ အဘယ်သို့ ကြားကုန်သနည်း။)
ဘဂဝါ၊ သည်။
ပါဋလိဂါမံ၊ သို့။
အနုပ္ပတ္တော ကိရ၊ အစဉ်ရောက်တော်မူလာသကဲ့သို့။
ဣတိ၊ ဤသို့ကြားကုန်ပြီ။
အထ ခေါ၊ ၌။
( ကြားသိကြရာ ထိုအခါ၌။)
ပါဋလိဂါမိကာ။
ဥပါသကာ၊ တို့သည်။
ပ။
အဝေါစုံ။
( ကိံ၊ အဘယ်သို့ လျှောက်ကုန်သနည်း။)
ဘန္တေ။
ဘဂဝါ၊ သည်။
နော၊ တပည့်တော်တို့၏။
အာဝသထာဂါရံ၊ ဧည့်သည်တို့ တည်းခိုရာ အိမ်ကို။
[ မင်းမှုထမ်းတို့ ရောက်လာလျှင် တည်းခိုဖို့ရာ ဆောက်လုပ်အပ်သော ဇရပ်ကို။]
အဓိဝါသေတု၊ လက်ခံတော်မူပါ။
ဣတိ၊ ဤသို့လျှောက်ကုန်ပြီ။
ဘဂဝါ၊ သည်။
တုဏှီဘာဝေန၊ ဆိတ်ဆိတ်၏အဖြစ်ဖြင့်။
( ဆိတ်ဆိတ် နေတော်မူခြင်းဖြင့်။)
အဓိဝါသေသိ၊ လက်ခံတော်မူပြီ။
[ အဓိ+ ဝါသေသိ၊ ဥပါသကာတို့၏ စကားကို မပယ်ရှားပဲ မိမိအထက်၌ သက်ဝင်တည်နေစေပြီ။
ဤသို့ သဒ္ဒတ္ထ– ပေးပါ။]
အထ ခေါ၊ ၌။
( လက်ခံတော်မူရာ ထိုအခါ၌။)
။ပ။
ဘဂဝတော၊ ၏။
အဓိဝါသနံ၊ လက်ခံတော်မူခြင်းကို။
ဝိဒိတွာ၊ သိ၍။
အာသနာ၊ နေရာမှ။
ဥဋ္ဌာယ၊ ထ၍။
ဘဂဝန္တံ၊ ကို။
အဘိဝါဒေတွာ၊ ရှိခိုး၍။
ပဒက္ခိဏံ
၁။ပဒက္ခိဏံ။ ။ ဤပုဒ်၏အဖွင့်ကို သီလက္ခန် ဘာသာဋီကာ (တ) အုပ်၊ စာမျက်နှာ (၂၆၉) ၌ပြထားပြီ။ " ပဒက္ခိဏဂ္ဂါဟိ အနုသာသနိံ၊ အဆုံးအမကို ရိုရိုသေသေ ယူလေ့ရှိ၏" ဟူရာ၌ ပဒက္ခိဏ– သဒ္ဒါကဲ့သို့ ဤ၌လည်း " ပဒက္ခိဏံ၊ အရိုအသေကို။ ကတွာ" ဟုပေးပါသည်။ ဝပ်ချပြီးနောက်လှည့်မပြန်သေးပဲ လက်အုပ်ချီ၍အတော်ဝေးအောင် နောက်နောက်ဆုတ်ဆုတ် ထ ကာ အရိုအသေပြုလျက် ပြန်သွားသည်ဟုဆိုလိုသည်။ ဤနေရာမျိုးဝယ် ရှေးဆရာတော်များကား " ပဒက္ခိဏံ၊ လက်ယာရစ်လှည့်သည်ကို" ဟုပေးတော်မူကြ၏။
၊ အရိုအသေကို။
ကတွာ၊ ပြု၍။
ပ။
သဗ္ဗသန္ထရိံ၊ အလုံးစုံ ခင်းအပ်သည်မည်လောက်အောင်။
အာဝသထာဂါရံ၊ ကို။
သန္ထရိတွာ၊ ခင်းပြီး၍။
အာသနာနိ၊ နေရာတို့ကို။
ပညာပေတွာ၊ ခင်း၍။
ဥဒကမဏိကံ၊ ရေအိုးကြီးကို။
ပတိဋ္ဌာပေတွာ၊ တည်စေ၍။
တေလပဒီပံ၊ ဆီမီးကို။
အာရောပေတွာ၊ ညှိထွန်း၍။
ပ။
အဝေါစုံ။
( ကိံ။)
ဘန္တေ။
သဗ္ဗသန္ထရိံ၊ အောင်။
အာဝသထာဂါရံ၊ ကို။
သန္ထကံ၊ ခင်းအပ်ပါပြီ။
အာသနာနိ၊ တို့ကို။
ပညတ္တာနိ၊ ခင်းအပ်ပါ ကုန်ပြီ။
ဥဒကမဏိကော၊ ကို။
ပတိဋ္ဌာပိတော၊ တည်စေအပ်ပါပြီ။
( တည်ထားအပ်ပါပြီ။)
တေလပဒီပေါ။
အာရောပိတော၊ ညှိထွန်းအပ်ပါပြီ။
ဘန္တေ။
ဒါနိ၊ ယခုအခါ၌။
ဘဂဝါ၊ သည်။
ယဿ၊ အကြင် ကြွတော်မူခြင်း၏။
ကာလံ၊ အချိန်ကို။
မညတိ၊ သိတော်မူ၏။
တံ၊ ထို ကြွတော်မူချိန်ကို။
ကရောတု၊ ပြုတော်မူပါ။
ဣတိ၊ ဤသို့လျှောကုန်ပြီ။
ပ။
အထ ခေါ၊ ၌။
( ဥပါသကာတို့က လျှောက်ကြရာ ထိုအခါ၌။)
ဘဂဝါ၊ သည်။
သာယနှ သမယံ၊ ညနေချမ်းအခါ၌။
နိဝါသေတွာ၊ သင်းပိုင်ကိုပြင်ဆင်ကာ ဝတ်တော်မူ၍။
ပတ္တစီဝရံ၊ သပိတ် သင်္ကန်းကို။
အာဒါယ၊ ယူ၍။
သင်္ကန်းကို ကိုယ်၌ ရုံတော်မူ၍။
သပိတ်ကို လက်တော်ဖြင့် ပွေ့ယူတော်မူ၍။]
ဘိက္ခုသံဃေန၊ ရဟန်းအပေါင်းနှင့်။
သဒ္ဓိံ၊ အတူ။
ယေန၊ ၌။
အာဝသထာဂါရံ၊ သည်။
( အတ္ထိ။)
တေန၊ အာဝါသထာဂါရ– ရှိရာ ထိုအရပ်သို့။
ဥပသင်္ကမိ၊ ကြွတော်မူပြီ။
ဥပသင်္ကမိတွာ၊ ကြွတော်မူပြီး၍။
ပါဒေ၊ ခြေတော်တို့ကို။
ပက္ခာလေတွာ၊ ဆေးတော်မူ၍။
အာဝသထာဂါရံ၊ သို့။
ပဝိသိတွာ၊ ဝင်၍။
မဇ္ဈိမံ၊ အလယ်၌ဖြစ်သော။
ထမ္ဘံ၊ တိုင်ကို။
နိဿာယ၊ မှီ၍။
ပုရတ္ထာဘိမုခေါ၊ အရှေ့အရပ်၌ ရှေးရှုမျက်နှာရှိတော်မူသည်။
( အရှေ့အရပ်၌ မျက်နှာမူတော်မူသည်။
ဟုတွာ။)
နိသီဒိ၊ ထိုင်တော်မူပြီ။
ဘိက္ခုသံဃော ပိ။
ပ။
ပစ္ဆိမံ၊ အနောက်အရပ်၌ဖြစ်သော။
ဘိတ္တိံ၊ နံရံကို။
နိဿာယ၊ ၍။
ဘဂဝန္တံ ယေဝ၊ ကိုသာ။
ပုရက္ခတွာ၊ ရှေ့၌ပြု၍။
( ရှေ့ကထား၍။)
ပုရတ္ထာဘိမုခေါ၊ သည်။
( ဟုတွာ။)
နိသီဒိ။
ပါဋလိဂါမိကာ၊ ကုန်သော။
ဥပါသကာပိ၊ တို့သည်လည်း။
ပ။
ပုရတ္ထိမံ၊ အရှေ့အရပ်၌ဖြစ်သော။
ဘိတ္တိံ နိဿာယ ဘဂဝန္တမေဝ ပုရက္ခတွာ။
ပစ္ဆိမာဘိမုခါ၊ အနောက်အရပ်၌ ရှေးရှု မျက်နှာရှိကုန်သည်။
( ဟုတွာ။)
နိသီဒိံ သု။
အထ ခေါ၊ ၌။
( အာဝသထာဂါရ– ဝယ် ထိုင်နေတော်မူပြီးရာ ထိုအခါ၌။)
ဘဂဝါ၊ သည်။
ပါဋလိဂါမိကေ။
ဥပါသကေ၊ တို့ကို။
အာမန္တေသိ။
( ကိံ။)
ဂဟပတယော၊ အိမ့်ရှင် ဒါယကာတို့။
ဒုဿီလဿ၊ သီလမရှိသူ၏။
သီလဝိပတ္တိယာ၊ သီလ၏ ပျက်စီးခြင်း၌။
( သီလပျက်ခြင်း၌။)
အာဒီနဝါ၊ အပြစ်တို့သည်။
ဣမေ ပဉ္စ၊ ဤငါးပါးတို့တည်း။
ဂတမေပဉ္စ၊ အဘယ်ငါးပါးတို့နည်း။
ဂဟပတယော၊ တို့။
ဣဓ၊ ဤလောက၌။
ဒုဿီလော
၁။ဒုဿီလော။ ။ နတ္ထိ+ သီလံ+ ယဿာတိ ဒုဿီလော၊ ( သီလလုံးလုံးမရှိသူ။) ဒုပ္ပညော– ၌ ဒု– သဒ္ဒါကဲ့သို့ ဤ၌ ဒု– သဒ္ဒါသည် အဘာဝ ( မရှိခြင်း) အနက်ဟော။ ဂရဟာ အနက်ဟော မဟုတ်။
၊ သော။
သီလဝိပန္နော
၂။သီလဝိပန္နော။ ။ သီလဆောက်တည်ပြီး၍ ( သီလယူပြီး၍) တစ်စုံတစ်ခုသောအကြောင်းကြောင့် သီလပျက်သူသည်လည်းကောင်း၊ လုံးလုံးသီလမဆောက်တည်ပဲ သီလအကျင့်မှ ယုတ်လျော့သူသည်လည်းကောင်း သီလဝိပန္နမည်၏။ မှန်၏၊ ထိုလုံးလုံး သီလ မဆောက်တည်သူသည်လည်း မဆုတ်ယုတ်ကြောင်းဖြစ်သော သူတော်ကောင်းတို့ကျင့်ထိုက်သော ကောင်းသော အကျင့်ကို ဖျက်ဆီးသောကြောင့် သီလ ဝိပန္န ( ပျက်စီးသော သီလရှိသူ) ပင်မည်သည်။ [ သီလပျက်ခြင်းကြောင့် ဥစ္စာပျက်စီးပုံကို အဋ္ဌကထာ၌ ကြည့်ပါ။]
၊ ပျက်သော သီလရှိသူသည်။
ပမာဒါဓိကရဏံ၊ မေ့လျော့ခြင်းဟူသော အကြောင်းကြောင့်။
[ သီလမပျက်အောင် စောင့်စည်းနိုင်သော သတိ– မရှိခြင်းကိုပင် " မေ့လျော့ခြင်း" ဟု ဟောတော်မူသည်။]
မဟတိံ၊ ကြီးစွာသော။
( အကြီးအကျယ်ဖြစ်သော။)
ဘောဂဇာနိံ၊ စည်းစိမ် ဥစ္စာ၏ ဆုံးရှုံးခြင်းသို့။
( ဆုတ်ယုတ်ပျက်စီးခြင်းသို့။)
နိဂစ္ဆတိ၊ ရောက်ရ၏။
အယံ၊ ဤ ဥစ္စာ၏ဆုံးရှုံးခြင်းသည်။
ဒုဿီလဿ၊ ၏။
သီလဝိပတ္တိယာ၊ ၌။
ပဌမော၊ ရှေးဦးစွာသော။
အာဒီနဝေါ၊ အပြစ်တည်း။
[ နောက်ဝါကျတို့၌ ဤသို့ အပြည့်အစုံ ပေးပါ။
ထူးရာ၌သာရေးပါမည်။]
ဂဟပတယော၊ တို့။
ပုန စ၊ တဖန်လည်း။
အပရံ၊ တစ်မျိူးကား။
( တစ်မျိုးသော အာဒီနဝ– ကား။)
ဒုဿီလဿ။
သီလဝိပန္နဿ၊ ၏။
ပါပကော၊ မကောင်းသော။
ကိတ္တိသဒ္ဒေါ၊ ပြောဆိုအပ်သော ဂုဏ်သီတင်းသည်။
အဗ္ဘုဂ္ဂစ္ဆတိ၊ ပျံ့နှံ့တက်၏။
( ဟိုအရပ် ဒီအရပ်သို့ ပျံ့နှံ့သွား၏။)
။ပ။
ပုန စ။
ပ။
ယညဒေဝ ပရိသံ ( ယံ ယံ + ဧဝ + ပရိသံ)၊ အကြင် အကြင်ပရိသတ်သို့။
[ ဤပုဒ်ကိုထပ်၍ ဖွင့်ပြတော်မူလိုသောကြောင့်၊ " ယဒိခတ္တိယပရိသံ" စသည်ကို မိန့်တော်မူသည်။]
ယဒိ ခတ္တိယပရိသံ၊ မင်းပရိသတ်သို့သော်လည်းကောင်း။
( မင်းမျိုးမင်းနွယ် ပရိသတ်တို့ သော်လည်းကောင်း။)
ယဒိ ဗြဟ္မဏပရိသံ၊ ဗြာဟ္မဏ– ပရိသတ်သို့ သော်လည်းကောင်း။
ယဒိ ဂဟပတိပရိသံ၊ အိမ့်ရှင် သူကြွယ် ပရိသတ်သို့ သော်လည်းကောင်း။
ယဒိ သမာဏပရိသံ၊ ရဟန်းပရိသတ်သို့ သော်လည်းကောင်း။
ဥပသင်္ကမတိ၊ သွား၏။
( ဝင်၏။)
တံတံ ပရိသံ၊ သို့။
အဝိသာရဒေါ၊ ကင်းသော ကြောက်ရွံ့ခြင်းရှိသူ မဟုတ်သည်။
[ ကြောက်ရွံ့ခြင်း ကင်းသူ– မကြောက်ရွံ့သူ မဟုတ်သည်။]
မင်္ကုဘူတော၊ မျက်နှာ မသာမယာသူဖြစ်၍ ဖြစ်သည်။
( ဟုတွာ။)
ဥပသင်္ကမတိ၊ သွားရ၏။
( ဝင်ရ၏။)
။ပ။
သမ္မူဠှော၊ လွန်စွာတွေဝေသည်။
( ဟုတွာ။)
ကာလံ၊ သေခြင်းကို။
ဝါ၊ သေချိန်ကို။
ကရောတိ၊ ပြုရ၏။
[ မိမိ ပြုခဲ့သော မကောင်းမှူကံနှင့် ထိုကံ၏ အာရုံများ ထင်လာသောကြောင့်လည်းကောင်း၊ မကောင်းသော ဂတိနိမိတ်များ ထင်လာသောကြောင့်လည်းကောင်း။
တွေဝေမိန်းမော လျက်ဆင်းရဲစွာ သေရသည်။]
။ပ။
ကာယဿ၊ ဥပါဒိန္နက– ခန္ဓာကိုယ်၏။
ဘေဒါ၊ ပျက်ခြင်း ဟူသော။
မရဏာ၊ သေခြင်းမှ။
( သေရာအခါမှ။)
ပရံ၊ နောက်၌။
( နောက်ဖြစ်သော အသစ်ခန္ဓာကို ယူရာအခါ၌။)
အပါယံ၊ သုခ၏ ဖြစ်ကြောင်းကောင်းမှုမှကင်းသော။
ဒုဂ္ဂတိံ၊ ဒုက္ခအပေါင်း၏ လဲလျောင်းရာ ဖြစ်သော။
( ဒုက္ခ– ရောက်ရာဖြစ်သော။)
ဝိနိပါတံ၊ ကင်းသော အလိုရှိသည် ဖြစ်၍ ကျရောက်ရာဖြစ်သော။
( ကျရောက်လိုသော ဆန္ဒမရှိပဲ ကျရောက်ရာဖြစ်သော။)
နိရယံ၊ သာယာအပ်သော အဿာဒ– တရားတို့ မရှိရာ ငရဲသို့။
( သာယာအပ်သော သုခ သောမနဿ ဝေဒနာနှင့် ဣဋ္ဌာရုံများမရှိရာ ငရဲသို့။)
ဥပပဇ္ဇတိ၊ ကပ်ရောက်ရ၏။
[ ပါရာဇိကဋ္ဌကထာ ဝေရဉ္ဇကဏ္ဍ ဒိဗ္ဗစက္ခုဉာဏကထာ– အဖွင့်အတိုင်း အနက်ပေးပါသည်။]
။ပ။