ဧဝံ၊ သို့။
ဝုတ္ထေ၊ မိန့်တော်မူအပ်ပြီးသော်။
ပ။
အဝေါစ။
( ကိံ။)
ဘန္တေ။
ဘဂဝါ၊ သည်။
ဣမသ္မိံ ခုဒ္ဒကနဂရကေ
၁။ခုဒ္ဒကနဂရကေ။ ။ ဋီကာ၌ ခုဒ္ဓက– သဒ္ဒါ ပတိရူပ– အနက်ဟောဟုဖွင့်၏။ ထိုအလို " ခုဒ္ဒကနဂရကေ၊ အတုအယောင်ဖြစ်သော မြို့ကလေး၌။ ဝါ၊ မြို့အစစ်မဟုတ်သော မြို့ကလေး၌။" ဟု ဆိုပါ။
၊ ဤငယ်သော မြို့ကလေး၌။
( ဤ မြို့ငယ်ကလေး၌။)
( ဣမသ္မိံ) ဥဇ္ဇင်္ဂလနဂရကေ၊ ဤ မြေအနေအထား မညီညွတ်သော မြို့ငယ်၌။
( ဣမသ္မိံ) သာခါနဂရကေ၊ ဤ မြို့ကြီးတို့၏ အခက်အလက်သဖွယ်ဖြစ်သော မြို့ငယ်၌။
မာ ပရိနိဗ္ဗာယိ၊ ပရိနိဗ္ဗာန်စံတော်မမူပါနှင့်။
ဘန္တေ။
အညာနိ၊ ဤ ကုဿိန္နာရုံ– မြို့ကလေးမှ အခြားကုန်သော။
မဟာနဂရာနိ၊ မြို့ကြီးတို့သည်။
သန္တိ၊ ရှိပါကုန်၏။
သေယျထိဒံ၊ ထိုမြို့ကြီးတို့ဟူသည် အဘယ်နည်း။
စမ္ပာ၊ စမ္ပာ– မြို့လည်းကောင်း။
ပ။
ဗာရာဏသီ၊ လည်းကောင်းတည်း။
ဧတ္ထ၊ ဤမြို့ကြီးတို့၌။
ဘဂဝါ။
ပရိနိဗ္ဗာယတု၊ ပါ။
ဧတ္ထ၊ ဤမြို့ကြီးများ၌။
ဗဟူ၊ များစွာကုန်သော။
ခတ္တိယမဟာသာလာ၊ ခတ္တိယမဟာသာလ– တို့သည်လည်းကောင်း။
( များသော ဥစ္စာနှစ်ရှိသော မင်းမျိုးမင်းနွယ်တို့သည်လည်းကောင်း။)
ဗြာဟ္မဏမဟာသာလာ၊ တို့သည်လည်းကောင်း။
ဂဟပတိမဟာသာလာ၊ တို့သည်လည်းကောင်း။
တထာဂတေ၊ ၌။
အဘိပ္ပသန္နာ၊ အလွန်ကြည်ညိုကြပါ၏။
တေ၊ ထိုသူတို့သည်။
တထာဂတဿ၊ ၏။
သရီရပူဇံ၊ ကို။
ကရိဿန္တိ၊ ပြုကြပါလိမ့်မည်။
ဣတိ၊ ဤသို့လျှောက်ပြီ။
အာနန္ဒ။
ခုဒ္ဒကနဂရကံ။
ပ။
သာခါနဂရကန္တိ၊ ဟူ၍။
ဧဝံ၊ သို့။
မာ အဝေစ၊ မပြောနှင့်။
ပ။
အာနန္ဒ။
ဘူတပုဗ္ဗံ၊ ရှေး၌ဖြစ်ဖူးသော အကြောင်းကား။
( ဝတ္ထုကား။)
စက္ကဝတ္တီ၊ သော။
ပ။
သတ္တရတနသမန္နာဂတော၊ သော။
မဟာသုဒဿနောနာမ၊ သော။
ရာဇာ။
အဟောသိ၊ ပြီ။
[ ပထမအုပ်၊ ပုဒ်စဉ် ၃၃– ၌ အနက်ရေးခဲ့ပြီ။]
အာနန္ဒ။
အယံ ကုသိနာရာ၊ ဤ ကုဿိန္နာရုံ– မြို့သည်။
မဟာသုဒဿနဿ၊ သော။
ရညော၊ ၏။
ကုသဝတီ နာမ၊ သော။
ရာဇဓာနီ၊ မင်းနေပြည်တော်သည်။
အဟောသိ၊ ဖြစ်ခဲ့ပြီ။
အာယာမေန၊ အလျားအားဖြင့်။
ပုရတ္ထိမေန စ၊ အရှေ့အရပ် အဖို့အားဖြင့်လည်းကောင်း။
ပစ္ဆိမေန စ၊ အနောက်အရပ် အဖို့အားဖြင့် လည်းကောင်း။
ဒွါဒသယောဇနာနိ၊ တစ်ဆယ့်နှစ်ယူဇနာတို့တည်း။
ဝိတ္ထာရေန၊ အနံအားဖြင့်။
( အကျယ်အားဖြင့်။)
ဥတ္တရေန စ၊ မြောက်အရပ် အဖို့အားဖြင့်လည်းကောင်း။
ဒက္ခိဏေန စ၊ တောင်အရပ် အဖို့အားဖြင့်လည်းကောင်း။
သတ္တယောဇနာနိ၊ တို့တည်း။
အာနန္ဒ။
ကုသဝတီ၊ သော။
ရာဇဓာနီ၊ သည်။
ဣဒ္ဓါ စေဝ၊ ပြည့်စုံသည်လည်းကောင်း။
ဖီတာ စ၊ စည်ပင်သည်လည်းကောင်း။
( ကြီးပွားသည်လည်းကောင်း။)
ဗဟုဇနာ စ၊ များသော လူရှိသည်လည်းကောင်း။
အာကိဏ္ဏမနုဿာစ၊ ရောပြွမ်းသော လူရှိသည်လည်းကောင်း။
သုဘိက္ခာ စ၊ ပြည့်စုံသော ထမင်းရှိသည်လည်းကောင်း။
( သာယာဝပြော အစာပေါသည်လည်းကောင်း။)
အဟောသိ၊ ပြီ။
အာနန္ဒ။
ဒေဝါနံ၊ စာတုမဟာရာဇ်နတ်တို့၏ အာဠကမန္ဒာ နာမ၊ အာဠကမန္ဒာ– မည်သော။
ရာဇဓာနီ။
ပ။
အာကိဏ္ဏယက္ခာစ၊ ရောပြွမ်းသော နတ်ဘီလူးရှိသည်လည်းကောင်း။
သုဘိက္ခာ စ၊ လည်းကောင်း။
ဟောတိ သေယျထာပိ၊ ကဲ့သို့။
အာနန္ဒ။
ဧဝ မေဝ။
ပ။
အဟောသိ။
အာနန္ဒ။
ပ။
ဒိဝါ စေဝ၊ နေ့၌လည်းကောင်း။
ရတ္တိံစ၊ ညဉ့်၌လည်းကောင်း။
ဒသဟိ၊ ဆယ်မျိုးကုန်သော။
သဒ္ဒေဟိ၊ အသံတို့ဖြင့်။
ဝါ၊ တို့မှ။
အဝိဝိတ္တာ၊ မတိတ်ဆိတ်သည် အဟောသိ။
သေယျထိဒံ၊ ထိုအသံဆယ်မျိုးဟူသည် အဘယ်နည်း။
ဟတ္ထိသဒ္ဒေန၊ ဆင်သံဖြင့် လည်းကောင်း။
ဝါ၊ မှလည်းကောင်း။
ပ။
ဘေရိ သဒ္ဒေန၊ စည်သံဖြင့် လည်းကောင်း။
မုဒိင်္ဂသဒ္ဒေန၊ မရိုးစည်သံဖြင့် လည်းကောင်း။
ဝီဏာသဒ္ဒေန၊ စောင်းသံဖြင့် လည်းကောင်း။
ဂီတသဒ္ဒေန၊ သီချင်းသံဖြင့် လည်းကောင်း။
သင်္ခသဒ္ဒေန၊ ခရုသင်းသံဖြင့် လည်းကောင်း။
သမ္မသဒ္ဒေန၊ မောင်း ကြေးနောင်သံဖြင့် လည်းကောင်း။
[ ကြေးဖြင့် ပြုအပ်သော မောင်းကြေးနောင် စသောတူရိယာတို့၏ အသံတည်း။]
ပါဏိတာဠသဒ္ဒေန၊ လက်ဖြင့် တီးအပ်သော လေးထောင့်ရှိသော ထက်စည်သံဖြင့်လည်းကောင်း။
ဝါ၊ အိုးစည် သံဖြင့်လည်းကောင်း။
အသ္နာထ၊ စားလှည့်ကြပါ။
ပိဝထ၊ သောက်လှည့်ကြပါ။
ခါဒထ၊ ခဲလှည့်ကြပါ။
ဣတိ၊ ဤသို့သော။
ဒသမေန၊ ဆယ်ခုမြောက်သော။
သဒ္ဒေန၊ ဖြင့်လည်းကောင်း။
ဝါ၊ မှ လည်းကောင်းတည်း။
အမှာ။ ။ ဤသို့စသည်ဖြင့် မြတ်စွာဘုရားသည် မဟာသုဒဿန– သုတ်တော် တစ်သုတ်လုံးကို ဟောတော််မူ၏။
သံဂါယနာတင် ထေရ်တို့က မဟာ သုဒဿနသုတ္တ– နာမည်ဖြင့် သီးခြား သံဂါယနာ တင်ထားအပ်သောကြောင့် မဟာပရိနိဗ္ဗာန– သုတ်တော်၌ ဤမျှ လောက်သာပါနေသည်။
အာနန္ဒ။
ဂစ္ဆ၊ သွားချေ။
တွံ၊ သည်။
ကုသိနာရံ၊ သို့။
ပဝိသိတွာ၊ ဝင်၍။
ကောသိ နာရကာနံ၊ ကုဿိန္နာရုံ– မြို့၌ နေကုန်သော။
မလ္လာနံ၊ မလ္လာမင်းတို့အား။
အာရောစေဟိ၊ ပြောချေ။
( ကိံ၊ အဘယ်သို့ ပြောရမည်နည်း။)
ဝါသေဋ္ဌာ၊ ဝါသေဋ္ဌ– တို့။
[ ထို မင်းများကို အနွယ်အားဖြင့်ခေါ်သည်။]
အဇ္ဇ၊ ယနေ့။
ရတ္တိယာ၊ ၏။
ပစ္ဆိမေ ယာမေ၊ မစ္ဆိမ– ယံ၌။
ပ။
ဘဝိဿတိ။
ဝါသေဋ္ဌာ၊ တို့။
အဘိက္ကမထ၊ ရှေးရှု သွားကြကုန်လော့။
[ မြတ်စွာဘုရားထံ ရှေးရှုသွားကြ– ဟူလို။]
ဝါ၊ လာခဲ့ကြကုန်လော့။
ပ။
ပစ္ဆာ၊ နောက်၌။
( နောက်မှ။)
ဝိပ္ပဋိသာရိနော၊ နှလုံး မသာမယာခြင်းရှိသူတို့သည်။
မာ အဟုဝတ္ထ၊ မဖြစ်ကြကုန်နှင့်။
( ကိံ၊ အဘယ်သို့တွေး၍ ဝိပ္ပဋိသာရ–ဖြစ်သနည်း။)
အမှာကံစ၊ ငါတို့၏လည်း။
ဂါမခေတ္တေ၊ ဂါမခေတ်၌။
ပ။
အဟောသိ၊ ပြီ။
[ " နော" သည်နိပါတ်။]
မယံ၊ တို့သည်။
ပစ္ဆိမေ ကာလေ၊ နောက်ဆုံးအချိန်၌။
တထာဂတံ၊ ကို။
ဒဿနာယ၊ ငှာ။
ဝါ၊ ဖူးမြင်ခွင့်ကို။
န လဘိမှာ၊ မရလိုက်ကုန်။
ဣတိ၊ ဤသို့တွေး၍ ဝိပ္ပဋိသာရ– မဖြစ်ကြနှင့်။
ဣတိ၊ ဤသို့ပြောချေ။
ဣတိ၊ ဤသို့မိန့်တော်မူပြီ။
[ ဣတိ– နှစ်လုံး အကျေကြံပါ။]
ဧဝံ ဘန္တေ။
ပ။
အတ္တ ဒုတိယော၊ မိမိဟူသော နှစ်ယောက်မြောက်ရှိသည်။
( အခြားအဖော်မပါပဲ မိမိသာလျှင် အဖော်ဖြစ်သည်။)
( ဟုတွာ။)
ကုသိနာရံ ပါဝိသိ။