ဘောဂနဂရေ၊ ၌။ အာနန္ဒေ၊ အာနန္ဒ– မည်သော။ စေတိယေ၊ စေတီ၌။ ( လူတို့သိမှတ် သစ်ပင်မြတ်ဟု ဆည်းကပ်မြတ်နိုး ကိုးကွယ်အပ်သော နတ်ရဲသစ်ပင်၌။) ဝိဟရတိ။
အမှာ။ ။ ဗုဒ္ဓမြတ်စွာသည် ဘဏ္ဍရွာ၌ နေသင့်သမျှ နေတော်မူပြီး၍ ဟတ္ထိရွသို့လည်းကောင်း၊ အမ္ဗရွာသို့လည်းကောင်း၊ ဇမ္ဗုရွာသို့လည်းကောင်း ဘောဂမြို့သို့ လည်းကောင်းကြွတော်မူသည်။ ဘောဂမြို့သို့ ရောက်တော်မူ၍ အာနန္ဒစေတီ၌ သီတင်းသုံးတော််မူသည်။
တနည်း။ ။ [ မဟာ+ အပဒေသ။] အပဒိသီယန္တေတိ အပဒေသာ။ ညွှန်ပြအပ်သော ဘုရားအစရှိသော ပုဂ္ဂိုလ်တို့။ မဟန္တာ+ အပဒေသာ ယေသန္တိ မဟာပဒေသာ၊ ဘုရားအစရှိသော ကြီးကျယ်မြင့်မြတ်သော ညွှန်ပြအပ်သော ပုဂ္ဂိုလ်ရှိသော အကြောင်းအရာတို့။ [ ညွှန်ပြအပ်သော ပုဂ္ဂိုလ်များကား ပါဋိတော်၌ ထင်ရှားပြီ။] ၊ မဟာပဒေသ– တို့ကို။ ဒေသေဿာမိ၊ ဟောတော်မူမည်။ [ " မဟာပဒေသေ၊ ကျယ်ဝန်းသော တရားတော်၏ တည်ရာဌာနတို့ကို။ ( တနည်း) ကြီးမြတ်သော ညွှန်ပြအပ်သော ပုဂ္ဂိုလ်ရှိသော အကြောင်းတို့ကို" ဟု သဒ္ဒတ္ထ– ဆိုပါ။] တံ၊ ထိုမဟာပဒေသ– လေးပါးကို။ သုဏာထ၊ နားစိုက်ကြကုန်။ သာဓုကံ၊ ကောင်းမွန်စွာ။ မနသိ၊ စိတ်၌။ ကရောထ၊ ပြုကြကုန်။ ( တနည်း) မနသိကရောထ၊ နှလုံးသွင်းကြကုန်။ ဘာသိဿာမိ၊ အကျယ်ဟောတော်မူမည်။ ဣတိ၊ ဤသို့ မိန့်တော်မူပြီ။
**တတိယမဟာပဒေသ**။ ။ အမုကသ္မိံ နာမ၊ သော။ အာဝါသေ၊ ၌။ ဗဟုဿုတာ၊ များစွာကြားနာအပ်ပြီးသော ဗုဒ္ဓဝစန– ရှိကုန်သော။ အာဂတာဂမာ၊ နှုတ်၌လာသော ပရိယတ္တိဓမ္မ– ရှိကုန်သော။ ဓမ္မဓရာ၊ သုတ္တ အဘိဓမ္မ– ကို ဆောင်နိုင်ကုန်သော။ ဝိနယဓရာ၊ ဝိနည်းကို ဆောင်နိုင်ကုန်သော။ မာတိကာရော၊ မာတိကာကို ဆောင်နိုင်ကုန်သော။ သမ္ဗဟုလာ၊ များစွာကုန်သော။ ထေရာ၊ ထေရ်ဖြစ်ကုန်သော။ ဘိက္ခူ ဝိဟရန္တိ။ ပ။
အမှာ။ ။ ဗသုဿုတ– စသော ပုဒ်တို့၏ အနက်ကို၊ ဆက္ကင်္ဂုတ္တရ ပဌမပဏ် ၅– ဝဂ် ၉– သုတ် အဖွင့်ဋီကာကို ကြည့်ပေးပါသည်။ တိကင်္ဂုတ္တရဋ္ဌ၊ ပဌမ– ပဏ် ၂– ဝဂ် ၁၀– သုတ်၌မူ တစ်မျိုးဖွင့်ထားသည်။
အဝိဇ္ဇာသဝါတိ။ [ ပုဒ်စဉ် ၁၄၂– ၌ အနက်ရေးခဲ့ပြီ။]
မဟာပဒေသလေးပါး၌ မိန့်တော်မူလိုရင်း။ ။ ဤ မဟာပဒေသ– လေးပါးကို ဟောတော်မူခြင်း၌ လိုရင်းကား– " မည်သူ့ အထံ၌ ကြားရသည်ဟု ပြောသည်ဖြစ်စေ ပိဋကသုံးပုံ ပါဠိတော်နှင့် ညီမှသာ သို့မဟုတ် ရာဂ– စသော ကိလေသတို့၏ ငြိမ်းအေးကြောင်းဖြစ်မှသာ လက်ခံရမည်" ဟု မိန့်တော်မူလိုရင်းဖြစ်သည်။