Issues
Select Version
巴宙
中文
玛欣德尊者
中文
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
(DN) Mahāvaggapāḷi
(DN) Mahāvaggapāḷi

Ānandapucchākathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဘန္တေ။ ကထံ၊ အဘယ်နည်းဖြင့်။ မယံ။ မာတုဂါမေ၊ ၌။ ( အမျိုးသမီး၌။) ပဋိပဇ္ဇာမ၊ ကျင့်ကြရပါမည်နည်း။ ဣတိ၊ ဤသို့လျှောက်ပြီ။ ပ။
အဒဿနံ ၁။အဒဿနံ။ ။ မိမိ၏ပရိတ်ယတ် ပဋိပတ်တရား၌ စိတ်ဝင်စား၍ ကြိုးစားနေသောရဟန်းမှာ မာတုဂါမ– ကိုမမြင်ရလျှင် လောဘစိတ်လည်းမဖြစ်၊ စိတ်လှုပ်ရှားမှုလည်းမဖြစ်၊ မိမိ၏ပရိယတ် ပဋိပတ်တရားအပေါ်၌သာ စိတ်ဝင်စား၍ နေသောကြောင့် " မမြင်ရခြင်းကို" အကောင်းဆုံးအကျင့်ဟု ပထမ– စည်းတားတော်မူသည်။ [ နဂိုက– ပင် စိတ်မထိန်းပဲ ကြံချင်ရာကြံနေသူအတွက် မမြင်ရသော်လည်း စိတ်အားဖြင့် သွားနေမည်ဖြစ်သောကြောင့် " မမြင်ရရုံမျှ" ကို အကောင်းဆုံးအကျင့်ဟု မဆိုထိုက်သေးပါ။] ၊ မာတုဂါမ– ကိုမတွေ့ မမြင်ရခြင်းသည်။ ( ဥတ္တမ၊ မြတ်သော။ ပဋိဝတ္တိ၊ အကျင့်တည်း။) ဣတိ၊ ပြီ။
ဘဂဝါ၊ မြတ်စွာဘုရား။ ဒဿနေ၊ တွေ့ရမြင်ရခြင်းသည်။ ( ဆွမ်းခံသွားရာဌာန– စသည်တို့၌ တွေ့ရမြင်ရခြင်းသည်။) သတိ၊ ရှိလတ်သော်။ ကထံ၊ အဘယ်နည်းဖြင့်။ ပဋိပဇ္ဇိတဗ္ဗံ၊ ကျင့်ရာပါသနည်း။ ( ကျင့်ရပါမည်နည်း။) ။ပ။
အနာလာပေါ ၂။အနာလာပေါ။ ။ စကားပြောမိလျှင် ရင်းနှီးမှုဖြစ်၏။ ရင်းနှီးမှုဖြစ်လျှင် စိတ်ဖောက်ပြန်မှု ဖြစ်တတ်၏။ ဖောက်ပြန်မှုဖြစ်လျှင် သီလပျက်၍ အပေါယ်လေးပါးသို့ ရောက်တတ်သည်။ ထို့ကြောင့် " စကားမပြောမိခြင်း" ကို အကောင်းဆုံးအကျင့်ဟု ဒုတိယ– စည်းတားတော်မူသည်။ ၊ စကားမပြောခြင်းသည်။ ( ဥတ္တမာ ပဋိပတ္တိ။) ။ပ။
အာလပန္တေန၃။အာလပန္တေန။ ။ မာတုဂါမ– က " ယနေ့ ဘာနေ့ပါလဲ" ဟု မေးလျှင် ပြန်၍ ဖြေရလိမ့်မည်။ " သီလ ပေးပါ" ဟု တောင်းလျှင် ပေးရလိမ့်မည်။ " တရားနာလိုပါသည်" ဟုလျှောက်လျှင် တရားစကား ပြောရလိမ့်မည်။ ပြဿနာမေးလျှင် ဖြေရလိမ့်မည်။
စကားမပြောလျှင် ကဲ့ရဲ့ခံရ။ ။ ဤသို့ ရဟန်းကောင်းများ ပြုထိုက်သော အလုပ်ဖြစ်၍ စကားမပြောပဲ နေသောပုဂ္ဂိုလ်ကို ဒီကိုယ်တော်က " အ– အ – ကြီးပဲ" ဒီကိုယ်တော်က " အထိုင်းကြီးပဲ" ဒီကိုယ်တော်က " စားပြီးတော့ ပါးစပ်ကို ကြိုးနှင့်တုပ်ထားသလို ထိုင်နေတာပဲ့" ဤသို့စသည်ဖြင့်အပြစ်တင်ကာ အကုသိုလ်ဖြစ်စရာရှိ၏။ ထို့ကြောင့် စကားပြောခွင့်ကြုံလျှင်။
၊ စကားပြောရသော ရဟန်းသည်။ ( စကားမပြော မဖြစ်၍ ပြောရသော ရဟန်းသည်။) ။ပ။
သတိ ၄။သတိ ဥပဋ္ဌာပေတဗ္ဗာ။ ။ အမိလို့– သတိထားလိုက်၊ အမ နှမလို့ – သတိထားလိုက်၊ သမီးလို့– သတိထားလိုက်၊ ဤသို့ သတိထားနိုင်လျှင် မေတ္တာစိတ်သာ ဖြစ်ဖို့ရှိ၏။ ဖောက်ပြန်သောစိတ်ကား မဖြစ်နိုင်တော့။ ထို့ကြောင့် – စကားပြောခွင့် ကြုံလာလျှင် သတိထားဖို့ရာ တတိယ– စည်းတားတော်မူသည်။ – အဋ္ဌကထာ။ ၊ အမိ၊ အမ၊ နှမ– ၌ ကဲ့သိုသော သတိကို။ ( အမိ၊ အမ ၊ နှမ– လို သဘောထားသောသတိကို။) ဝါ ၁။တနည်း။ ။ ဆံပင်၊ မွေးညင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေ- စသော ၃၂– ပါးသော ကောဋ္ဌာသ– အစုအဝေးသာတည်း။ ယောက်ျား၊ မိန်းမ- မဟုတ်ဟုသတိထားရမည်။ – ဋီကာ။ ဤ ဋီကာအဖွင့်သည် " သတိ ကာယဂတာ တျတ္ထု" ဟူသော ပါဠိတော်နှင့်ညီ၏။ ၊ ကာယဂတာ သတိ– ကို။ ဥပဋ္ဌာပေတဗ္ဗာ၊ ကပ်၍ တည်စေထိုက်၏။ ( ဖြစ်စေထိုက်၏။) ဣတိ၊ ပြီ။
ကထံ။ ပ။ တထာဂတဿ၊ ၏။ သရီရေ၊ ကိုယ်တော်၌။ ( ရုပ်ကလာပ်တော်၌။) ပဋိပဇ္ဇာမ၊ ပါမည်နည်း။ ပ။
တထာဂတဿ၊ ၏။ သရီရပူဇာယ၊ ကိုယ်တော်ကိုပူဇော်ခြင်းငှာ။ ( ရုပ်ကလာပ်တော်ကို ပူဇော်ဖို့ရန်။) အဗျာဝဋာ၊ ကြောင့်ကြ မစိုက်ကြကုန်သည်။ ဟောထ၊ ဖြစ်ရစ်ကြကုန်လော့။
အာနန္ဒ။ ဣဃံ၊ တိုက်တွန်းတော်မူ၏။ တုမှေ။ သာရတ္ထေ၊ မြတ်သော စီးပွားဖြစ်သော အရဟတ္တဖိုလ်၌။ ဃဋထ၊ စေ့ဆော်ကြကုန်လော့။ ( လှုံ့ဆော်ကြကုန်လော့။) အနုယုဉ္ဇထ၊ အဖန်ဖန် အားထုတ်ကြကုန်လော့။ သာရတ္ထေ၊ ၌။ အပ္ပမတ္တာ၊ မမေ့မလျော့ကုန်သည်။ အာတာပိနော၊ ကိလေသာတို့ကို လောင်မြိုက်တတ်သော သမ္မပ္ပဓာန ဝီရိယ– ရှိကုန်သည်။ ပဟိတတ္တာ၊ ကိုယ်နှင့်အသက် မငဲ့ကွက်ပဲ နိဗ္ဗာန်သို့စေလွှတ်အပ်သော စိတ်ရှိကုန်သည်။ ( ဟုတွာ။) ဝိဟရထ၊ ကုန်လော့။
အာနန္ဒ။ တထာဂတေ၊ ၌။ အတိပ္ပသန္နာ၊ အလွန်ကြည်ညိုကုန်သော။ ခတ္တိယပဏ္ဍိတာပိ၊ မင်းမျိုး ပညာရှိသူတို့သည်လည်းကောင်း။ ဂဟပတိပဏ္ဍိတာပိ၊ အိမ့်ရှင်သူကြွယ်မျိုး ပညာရှိသူတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ တေ၊ ထိုသူတို့ သည်။ တထာဂတဿ၊ ၏။ သရီရပူဇံ၊ ကိုယ်တော်ကို ပူဇော်မှုကို။ ( ရုပ်ကလာပ်တော်ကိုပူဇော်မှုကို။) ကရိဿန္တိ၊ ပြုကြလိမ့်မည်။ ပ။
ကထံ။ ပ။
ယထာ၊ အကြင်အခြင်းအရာအားဖြင့်။ စက္ကဝတ္တိဿ၊ စကြာရတနာကို လည်စေနိုင်သော။ ရညော၊ ၏။ သရီရေ ပဋိပဇ္ဇန္တိ။ ဧဝံ၊ ဤ အခြင်းအရာအားဖြင့်။ ပ။ ပဋိပဇ္ဇတဗ္ဗံ၊ ကျင့်ရာ၏။ ( ကျင့်ရမည်။) ။ပ။
အဟတေန၊ မထုမရိုက် အပ်သေးသော။ ( အသစ်ဖြစ်သော။) ဝတ္ထေန၊ ကာသိတိုင်းဖြစ် အဝတ်ဖြင့်။ ဝေဌေန္တိ၊ ရစ်ပတ်ကြကုန်၏။ ပ။ ဝေဌေတွာ၊ ရစ်ပတ်ပြီး၍။ ဝိဟတေန၊ ကောင်းစွာ ဖတ်အပ်သော။ ( ဝါ ဂွမ်းတို့ကို အရှုပ်အထွေးမရှိအောင် ဖြေရှင်းလျက် ညက်စွာဖတ်ထားအပ်သော။) ကပ္ပာသေန၊ ဝါဂွမ်းဖြင့်။ ဝေဌေန္တိ။ ပ။
ဧတေနုပါယေန၊ ဤနည်းအားဖြင့်။ ( ဤ ကပ်၍ သိကြောင်းဖြစ်သော နည်းဖြင့်။) ပဉ္စဟိ ယုဂသတေဟိ၊ ငါးရာသော အဝတ်အစုံတို့ဖြင့်။ ပ။ ဝေဌေတွာ၊ ရစ်ပတ်၍။ အာယသာယ၊ ရွှေဖြင့်ပြုအပ်သော။ တေလ ဒေါဏိယာ၊ ဆီထည့်ထားအပ်သော အခေါင်း၌။ ( သေတ္တာ၌။) ပက္ခိပိတွာ၊ ထည့်၍။ အညိဿာ၊ အခြားသော။ အာယသာယ၊ သော။ ဒေါဏိ‌ယာ၊ သေတ္တာဖြင့်။ ပဋိကုဇ္ဇိတွာ၊ မှောက်၍။ ( ဖုံး၍။) သဗ္ဗဂန္ဓာနံ၊ အလုံးစုံသော နံ့သာတို့၏။ စိတကံ၊ စီအပ်သော ထင်းပုံကို။ ကရိတွာ၊ ပြု၍။ ( ထို ထင်းပုံပေါ်၌ တင်၍။) ။ပ။ သရီရံ၊ ကို။ ဈာပေန္တိ၊ မီးလောင်စေကြကုန်၏။ ( မီးရှို့ကြကုန်၏။)
စတုမဟာပထေ၊ လမ်းလေးခွတို့၏ လမ်းမကြီး၌။ ပ။ ထူပံ၊ ပုထိုးကို။ ( စေတီကို။) ကရောန္တိ။
ဧဝံ၊ ဤသို့လျှင်။ ပ။ ပဋိပဇ္ဇန္တိ။ ပ။
ပဋိပဇ္ဇတဗ္ဗံ။
စတုမဟာပထေ၊ ၌။ ပ။ ထူပေါ ကာတဗ္ဗော။
တတ္ထ၊ ထိုစေတီ၌။ ( ပုထိုး၌။) ယေ၊ အကြင်သူတို့သည်။ မာလံ ဝါ၊ ပန်းကိုသော်လည်းကောင်း။ ဂန္ဓံ ဝါ၊ နံ့သာကိုသော်လည်းကောင်း။ စုဏ္ဏကံ ဝါ၊ နံ့သာမှုန့်ကိုသော်လည်းကောင်း။ အာရောပေဿန္တိ ဝါ၊ တင်မှုလည်းတင်ကြလိမ့်မည်။ အဘိဝါဒေဿန္တိ ဝါ၊ ရှိခိုးမူလည်း ရှိခိုးကြလိမ့်မည်။ စိတ္တံ ဝါ၊ စိတ်ကိုသော်လည်း။ ပသာဒေဿန္တိ၊ ကြည်ညိုစေကြလိမ့်မည်။ တေသံ၊ ထိုသူတို့၏။ တံ၊ ထိုပန်းစသည်ဖြင့် ပူဇော်မှုကို ပြုခြင်းသည်။ ဒီဃရတ္တံ၊ ပတ်လုံး။ ဟိတာယ၊ စီးပွားအလို့ငှာ။ သုခါယ၊ ချမ်းသာခြင်းငှာ။ ဘဝိဿတိ၊ ဖြစ်လိမ့်မည်။