Issues
Select Version
莊春江讀經站
繁体中文
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
元亨寺·CBETA
中文
巴宙
中文
玛欣德尊者
中文
(DN) Mahāvaggapāḷi
(DN) Mahāvaggapāḷi

Aṭṭha parisā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

အာနန္ဒ။ ပရိသာ၊ ပရိသတ်တို့သည်။ ဣမာ အဋ္ဌ၊ ဤရှစ်မျိုးတို့တည်း။
ကတမာ အဋ္ဌ၊ အဘယ်ရှစ်မျိုးတို့နည်း။
ခတ္တိယပရိသာ၊ မင်းပရိသတ်လည်းကောင်း။ ( မင်းမျိုးမင်းနွယ် ပရိသတ်လည်းကောင်း။) ဗြာဟ္မဏပရိသာ၊ ဗြာဟ္မဏ– ပရိသတ်လည်းကောင်း။ [ ဂဟပတိ၊ အိမ်ရှင်သူကြွယ်။ သမဏ၊ ရဟန်း။ စာတုမဟာရာဇိကာ၊ စတုမဟာရာဇ်နတ်။ ပ။] ဗြဟ္မပရိသာ၊ ဗြဟ္မာပရိသတ်လည်းကောင်းတည်း။
အာနန္ဒ။ အဟံ၊ ငါသည်။ အနေကသတံ၊ တစ်ရာမက များသော။ ( ရာပေါင်းများစွာသော။) ခတ္တိယပရိသံ၊ သို့။ ဥပသင်္ကမိတာ ၂။ဥပသင်္ကမိတာ။ ။ ဤပုဒ်သည် " အဟံ" ဟူသော ကတ္တားနှင့် အရတူ၏။ အဘိဇာနာမိ- ၏ ပဓာန– ကတ္တားသည် အဟံတည်း။ အပဓာန– ကား ဥပသင်္ကမိတာ– တည်း။ အဘိဇာနာမိ– ၌ အဟံ– ဟူသော ကတ္တားအပြင် ဥပသင်္ကမိတာ– ဟုကတ္တားတစ်ပုဒ် အပိုပါနေ၊ ပိုလွန်နေ၏။ ထိုပိုလွန်နေသော ကတ္တား၏ စပ်ရာပုဒ်မပါသော ကြောင့် " ဥပသင်္ကမိတာ၊ သည်။ ဟုတွာ၊ ၍။" ဟု " ဟုတွာ" ထည့်ရသည်။ [ ကတ္တားလွန်လို့၊ စပ်စေဖို့ရာ၊ ပု‌ဒ်မပါ၊ ဟုတွာ– ထည့်မြဲတည်း။] မြန်မာလို " အဘိဇာနာမိဥပသင်္ကမိတာ၊ ချဉ်းကပ်ဖူးသည်ကို အမှတ်ရတော်မူ၏။" ဟုအဓိပ္ပာယ်ရသော်လည်း သဒ္ဒါနည်းအားဖြင့် မူ ဥပသင်္ကမိတာ– သည် " ကံ" ပုဒ်မဟုတ်ပါ။ [ ဤ စာသွားမျိုး ပါဠိတော် အဋ္ဌကထာ– တို့၌ တွေ့ရတတ်၏၊ သတိပြုပါ။] ၊ ချဉ်းကပ်ဖူးသည်။ ( ဟုတွာ။) အဘိဇာနာမိ၊ သိတော်မူ၏။ ( အမှတ်ရတော်မူ၏။)
တတြပိ၊ ထိုမင်းပရိသတ်၌လည်း။ မယာ၊ ငါသည်။ သန္နိသိန္နပုဗ္ဗဉ္စေဝ၊ ကောင်းစွာလည်း နေထိုင်ဖူးပြီ။ သလ္လပိတပုဗ္ဗဉ္စ၊ အတူလည်းစကားပြော အပ်ဖူးပြီ။ သာကစ္ဆာ စ၊ အတူပြောဆိုခြင်းသို့လည်း။ ( ဆွေးနွေးခြင်းသို့လည်း။) သမာပဇ္ဇိတဗ္ဗပုဗ္ဗာ၊ ကောင်းစွာ ရောက်အပ်ဖူးပြီ။
တတ္ထ၊ ထိုမင်းပရိသတ်၌။ တေသံ၊ ထိုမင်းတို့၏။ ဝဏ္ဏော၊ ပုံသဏ္ဌာန်သည်။ ယာဒိသကော၁။ယာဒိသကော တေသံ ဝဏ္ဏော။ ။ ဗုဒ္ဓမြတ်စွာသည် မင်းပရိသတ်၌ တရားဟောတော််မူလျှင် ပတ္တမြားနားထောင်းစသော တန်ဆာဝတ်ဆင်၍ ဟောတော်မူသည်မဟုတ်ပါ။ ဘုရားရှင်၏ အသွင်သဏ္ဌာန်ဖြင့်သာ ထိုင်၍ ဟောတော်မူပါသည်။ သို့ရာတွင် တရားနာသော ပရိသတ်က မိမိတို့၏ ပုံသဏ္ဌာန်အတိုင်းပင် ဖူးမြင်ရ၍ မိမိတို့၏ စကားဖြင့်ပင် နာကြားရပေသည်။
မှတ်ချက်။ ။ ဤစကားကို ထောက်၍ ဗုဒ္ဓမြတ်စွာသည် မြန်မာလူမျိုးတို့အား တရားဟောတော်မူလျှင်လည်း တရားနာပရိသတ်ကအလွန်တင့်တယ်သော မြန်မာ့ပုံသဏ္ဌာန်၊ အလွန်သာယာသော မြန်မာ့စကားသံဖြင့် ဟောတော်မူနေ၏ဟု ထင်ကြရပေလိမ့်မည်။
၊ အကြင်ကဲ့သို့ ရှုအပ်သည်။ ( အကြင်သို့ သဘောရှိသည်။) ဟောတိ၊ ဖြစ်၏။ မယှံ၊ ၏။ ဝဏ္ဏော၊ သည်။ တာဒိသကော၊ ထိုကဲ့သို့ ရှုအပ်သည်။ ( ထိုသို့ သဘောရှိသည်။) ဟောတိ။ [ ဝဏ္ဏ– သဒ္ဒါသည် သဏ္ဌာန– ၏ ပရိယာယ်တည်း။]
တေသံ၊ တို့၏။ ယာဒိသကော၊ သော။ သရော၊ အသံသည်။ ဟောတိ။ မယှံ၊ ၏။ တာဒိသကော သရော ဟောတိ။
ဓမ္မိယာ ကထာယ။ ပ။ သမ္ပဟံသေမိ၊ ကောင်းစွာ အပြားအားဖြင့် ရွှင်လန်းစေတော်မူ၏။ [ ပုဒ်စဉ် ၁၆၁– ၌ အနက်ရေးခဲ့ပြီ။]
ဘာသမာနံ စ၊ ဟောပြောတော်မူနေစ‌ဉ်လည်း။ ဝါ၊ ဟောပြောတော်မူနေသည်လည်း ဖြစ်သော။ မံ၊ ကို။ န ဇာနန္တ ၂။မသိသော်လည်းတရားဟော။ ။ ကိုယ်တော်မြတ်ကို ကွဲကွဲပြားပြား မသိသူတို့အား နောင်‌အခါ၌ အထုံဝါသနာပါခြင်းအကျိုးငှာ တရားဟောတော်မူ၏။ ကိုယ်တော်မြတ်ကို သိအောင်ပြုလျက် တရားဟောတော်မူလျှင် ထိုသူတို့မှာ သာ၍ ကြည်ညိုမှုသဒ္ဓါ– မဖြစ်ပေဘူးလားဟု မေးစရာရှိ၏။ ကိုယ်တော်ကိုသိအောင် မပြုပဲ တရားဟောမှ ပို၍ ကြည်ညိုမှု သဒ္ဓါ– ဖြစ်မည့် သူတို့အား ( သိစေလျက် တရားဟောလျှင် သဒ္ဓါ– မဖြစ်မည့်သူတို့အား) ထိုသို့ မသိစေပဲ တရားဟောတော်မူရသည်ဟု မှတ်ပါ။ ၊ မသိကြကုန်။ ( ကိံ။)
အယံ၊ ဤသူသည်။ ဘာသတိ၊ ပြောဟောနေ၏။ ကော နုခေါ ၁။ကော နု ခေါ အယံ ဘာသတိ။ ။ " ကော မေ ဝန္ဒတိ ပါဒါနိ" ၌ ဝန္ဒတိ– ကို နာမ်ပုဒ်အဖြစ်ဖြင့် အနက်ပေးသကဲ့သို့၊ ဤ၌လည်း " ဘာသတိ၊ ပြောဟောနေသော။ အယံ၊ ဤသူကား။ ကော နု ခေါ၊ အဘယ်သူပါနည်း။ " ဤသို့– တနည်းပေးနိုင်ပါသည်။ ၊ အဘယ်သူနည်း။ ဒေဝေါဝါ၊ နတ်လေလော။ မနုဿော ဝါ၊ လူလေလော။ ဣတိ၊ ဤသို့ မသိကြကုန်။ [ လူလား နတ်လားဟု စဉ်းစားသော်လည်း မသိကြ– ဟူလို။]
ဓမ္မိယာ။ ပ။ သမ္ပဟံသေတွာ၊ ၍။ အန္တရဓာယာမိ၊ ကွယ်ပျောက်တော်မူ၏။ [ ပုဒ်စဉ် ၁၅၁– အတိုင်း အကျယ်ဆိုပါ။]
အန္တရဟိတံ စ၊ ကွယ်ပျောက်သွားသည်လည်း ဖြစ်သော။ မံ၊ န ဇာနန္တိ။
ပ။ မနုဿော ဝါ' တိ။ [ ဗြဟ္မဏပရိသံ– စသော နောက်နောက်ဝါရ– တို့၌ ဤနည်းအတိုင်း ပေးပါ။]
အာနန္ဒ။ ပရိသာ၊ တို့သည်။ ဣမာအဋ္ဌ၊ တို့တည်း။