Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
(SN)Nidānavaggo
(SN)Nidānavaggo

၃-ကမ္မပထဝဂ်

Author: sāsanāre-သာသနာရေး @ IAPT

၃-ကမ္မပထဝဂ်

၁-အသမာဟိတသုတ်

၁၀၇။
အသမာဟိတာ၊ မတည်ကြည်သူတို့သည်။ မသမာဟိတေဟိ၊ တို့နှင့်။ (ဥပစာရသမာဓိ-အပ္ပနာသမာဓိ မရှိသူတို့ဟူလို။ ထူးရာကိုသာပေးလိုက်သည် ကြွင်းရှေ့ဆိုအပ်ပြီး ဝဂ်အတိုင်းပင်။ )

၂-ဒုဿီလသုတ်

၁၀၈။
ဒုဿီလာ၊ သီလမရှိသူတို့သည်။ ဒုဿီလေဟိ၊ တို့နှင့်။ (ကြွင်းမထူး။ )

၃-ပဉ္စသိက္ခာပဒသုတ်

၁၀၉။
ပါဏာတိပါတိနော၊ အသက်ကို လျင်မြန်စွာကျစေသူတို့သည်။ ပါဏာတိပါတီဟိ၊ တို့နှင့် (သတ္တဝါတို့ကို သတ်ဖြတ်လေ့ရှိသူတို့ ဟူလို) ။
အဒိန္နာဒါယိနော၊ အရှင်သည် မပေးအပ်သော သူ့ဥစ္စာကို ယူသူတို့သည်။ အဒိန္နာဒါယီဟိ၊ တို့နှင့် (ခိုးလေ့ရှိသူတို့ဟူလို) ။
ကာမေသုမိစ္ဆာစာရိနော၊ မေထုန်ကာမတို့၌ မှားယွင်းစွာ ပြုကျင့်သူတို့သည်။ ကာမေသုမိစ္ဆာစာရီဟိ၊ တို့နှင့် (သူတစ်ပါးသားမယားကို မတရားပြုကျင့်လေ့ရှိသူတို့ဟူလို) ။
မုသာဝါဒိနော၊ အမှားကိုပြောဆိုသူတို့သည်။ မုသာဝါဒီဟိ၊ တို့နှင့် (မုသားပြောလေ့ရှိသူတို့ဟူလို) ။
သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာယိနော၊ မူးယစ်စေတတ်သော သေရည်သေရက်တို့ကို သောက်ကြောင်း စေတနာဟူသော ပမာဒတရား၌တည်သူတို့သည်။ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာယီဟိ၊ မူးယစ်စေတတ်သော သေရည်သေရက်တို့ကို သောက်ကြောင်း စေတနာဟူသော ပမာဒတရား၌ တည်သူတို့နှင့်။ သဒ္ဓိံ၊ တကွ။ သံသန္ဒန္တိ၊ တစ်ပေါင်းတည်းဖြစ်ကုန်၏ ။ သမေန္တိ၊ တစ်သားတည်းအဖြစ်သို့ ရောက်ကုန်၏ ။
ပါဏာတိပါတာ၊ သူ့အသက်ကို လျင်စွာကျစေခြင်းမှ။ ပဋိဝိရတာ၊ ရှောင်ကြဉ်သူတို့သည်။ ပါဏာတိပါတာ၊ မှ။ ပဋိဝိရတေဟိ၊ တို့နှင့်။
အဒိန္နာဒါနာ၊ အရှင်သည် မပေးအပ်သောသူတစ်ပါးဥစ္စာကိုယူခြင်းမှ။ ပဋိဝိရတာ၊ ရှောင်ကြဉ်သူတို့သည်။ အဒိန္နာဒါနာ၊ မှ။ ပဋိဝိရတေဟိ၊ တို့နှင့်။
ကာမေသုမိစ္ဆာစာရာ၊ ကာမဂုဏ်တို့၌မှားယွင်းစွာပြုကျင့်ခြင်းမှ။ ပဋိဝိရတာ၊ တို့သည်။ ကာမေသုမိစ္ဆာစာရာ၊ မှ။ ပဋိဝိရတေဟိ၊ တို့နှင့်။
မုသာဝါဒါ၊ မှားမှားယွင်းယွင်းပြောဆိုခြင်းမှ။ ပဋိဝိရတာ၊ တို့သည်။ မုသာဝါဒါ၊ မှ။ ပဋိဝိရတေဟိ၊ တို့နှင့်။
သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ၊ မူးယစ်စေတတ်သော သေရည်သေရက်ကို သောက်ကြောင်းစေတနာဟူသော မေ့လျော့ခြင်း၏အကြောင်းမှ။ ပဋိဝိရတာ၊ တို့သည်။ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာ၊ မှ။ ပဋိဝိရတေဟိ၊ တို့နှင့်။ဤအနက်ကား သုရာမေရယမဇ္ဇာနံ ပါနစေတနာသင်္ခါတံ ပမာဒကာရဏံ ဟူသော အံ၊ ဋ္ဌ-၂၊ ဥပေါသထသုတ် စာပိုဒ် ၇၁-နှင့် ဤအဋ္ဌကထာ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာယိနောပုဒ်၏ အဖွင့်ကိုမှီ၍‌ ပေးခြင်းဖြစ်သည်။ ပမာဒဋ္ဌာနန္တိ ယာယ စေတနာယ တံ ပိဝတိ အဇ္ဈောဟရတိ၊ သာ စေတနာ ပမာဒဟေတုတော ပမာဒဋ္ဌာနန္တိ ဝုစ္စတိ၊ ယတော အဇ္ဈောဟရဏာဓိပ္ပါယေန ကာယဒွါရပဝတ္တာ သုရာမေရယမဇ္ဇာနံ အဇ္ဈောဟရဏစေတနာ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနန္တိ ဝေဒိတဗ္ဗာ ဟူသော ခုဒ္ဒကပါဌ-ဋ္ဌ ၂-စာမျက်နှာ ၁၇-အလို မူးယစ်စေတတ်သော သေရည်သေရက်တို့ကို သောက်မျိုကြောင်း စေတနာဟူသော မေ့လျော့ခြင်း၏ အကြောင်းမှဟုပေး။ တံ သဗ္ဗမ္ပိ မဒကရဝသေန မဇ္ဇံ ပိဝန္တံ မဒယတီတိ ကတွာ၊ ပမာဒဋ္ဌာနန္တိ ပမာဒကာရဏံ၊ ကာယ စေတနာယ တံ မဇ္ဇံ ပိဝန္တိ၊ တဿာ ဧတံ အဓိဝစနံ သုရာမေရယမဇ္ဇေ ပမာဒဋ္ဌာနံ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနံဟူသော သာရတ္ထ ဋီ ၃၊ စာပိုဒ် ၁၀၆-အလို မူးယစ်စေတတ်သော သေရည်သေရက်ကြောင့် (ဝါ-ပတ်သက်၍) မေ့လျော့ကြောင်း ပါနစေတနာမှ ဟုပေး။
အထက်ပါ အံ-ဋ္ဌ၊ ခုဒ္ဒကပါဌ-ဋ္ဌတို့၌ သုရာမေရယမဇ္ဇာနံဟု ဆဋ္ဌုန္တဖွင့်ဆိုခြင်းသည် ပါနအဇ္ဈောဟရဏပုဒ်တို့၌ ဆဋ္ဌီကံအဖြစ်ဖြင့် စပ်စေလို၍ဖြစ်သည်။ သုရာမေရယမဇ္ဇနှင့် ပမာဒကို၊ သို့မဟုတ် ပမာဒဋ္ဌာနကို ဆဋ္ဌီတပ္ပုရိသ် တွဲစပ်စေလို၍မဟုတ်။ သာရတ္ထဋီ၌ကဲ့သို့ သတ္တမီသာ တွဲစပ်ရမည်။ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာယိနော သုရာမေရယ-မဇ္ဇပ္ပမာဒဋ္ဌာယီဟိ ပုဒ်တို့၌ မူးယစ်စေတတ်သော သေရည်သေရက်တို့ကို သောက်ကြောင်း စေတနာဟူသော် ပမာဒတရား၌ တည်သူတို့သည်, တို့နှင့်ဟု ဤအဋ္ဌကထာနှင့် အံ-ဋ္ဌ ခုဒ္ဒကပါဌတို့ အလိုပေး။ သာရတ္ထအလို-မူးယစ်စေတတ်သော သေရည်သေရက်ကြောင့် မေ့လျော့ကြောင်း ပါနစေတနာ၌ တည်သူတို့သည်, တို့နှင့် ဟု ပေးလေ။
ပိဝန္တံ မဒယတီဟိ မဇ္ဇံ၊ သုရာမေရယဉ္စ မဇ္ဇဉ္စာတိ သုရာမေရယမဇ္ဇံ၊ ပမဇ္ဇတိ ဧတေနာတိ ပမာဒေါ။ ပါနစေတနာ, သို့မဟုတ် အဇ္ဈောဟရဏစေတနာကောက်။ သုရာမေရယမဇ္ဇေ ပမာဒေါ သုရာမေရယမဇ္ဇပ္ပမာ‌ဒေါ၊ တသ္မိံ တိဋ္ဌန္တီတိ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာယိနော ဟု ဝစနတ္ထပြု။
သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနံ၌ကား ပမာဒဿ ဌာနံ ပမာဒဋ္ဌာနံ။ သုရာမေရယမဇ္ဇေ ပမာဒဋ္ဌာနံ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနံဟု ပြု ။
သဒ္ဓိံ၊ ကွ။ သံသန္ဒန္တိ၊ တစ်ပေါင်းတည်း ဖြစ်ကုန်၏ ။ သမေန္တိ၊ တစ်သားတည်း အဖြစ်သို့ ရောက်ကုန်၏ ။ ဣတိ၊ ဤသို့ မိန့်တော်မူ၏ ။ (ထူးရာကိုသာ ပေးလိုက်သည်။ )
တတိယံ၊ သုံးခုမြောက်သောသုတ်တည်း။

၄-သတ္တကမ္မပထသုတ်

၁၁၀။
ပိသုဏဝါစာ၊ ချောပစ်ကုန်းတိုက်သောစကားရှိသူတို့သည်။ ပိသုဏဝါစေဟိ၊ ‌ချောပစ်ကုန်းတိုက်သော စကားရှိသူတို့နှင့်။ သဒ္ဓိံ၊ ကွ။ သံသန္ဒန္တိ၊ တစ်ပေါင်းတည်းဖြစ်ကုန်၏ ။ သမေန္တိ၊ တစ်သားတည်းအဖြစ်သို့ ရောက်ကုန်၏ ။
ဖရုသဝါစာ၊ ကြမ်းထမ်းသော စကားရှိသူတို့သည်။ ဖရုသဝါစေဟိ၊ တို့နှင့်။
သမ္ဖပ္ပလာပိနော၊ ပြိန်ဖျင်းသော စကားရှိသူတို့သည်။ သမ္ဖပ္ပလာပီဟိ၊ တို့နှင့်။ သံသန္ဒန္တိ၊ ကုန်၏ ။ သမေန္တိ၊ ကုန်၏ ။
ပိသုဏာယ၊ ချောပစ်ကုန်းတိုက်သော။ ဝါစာယ၊ စကားမှ။ ပဋိဝိရတာ၊ ရှောင်ကြဉ်သူတို့သည်။ ပိသုဏာယ၊ သော။ ဝါစာယ၊ မှ။ ပဋိဝိရတေဟိ၊ သူတို့နှင့်။
ဖရုသာယ၊ ကြမ်းထမ်းသော။ ဝါစာယ၊ စကားမှ။ ပဋိဝိရတာ၊ ရှောင်ကြဉ်သူတို့သည်။ ဖရုသာယ၊ သော။ ဝါစာယ၊ မှ။ ပဋိဝိရတေဟိ၊ တို့နှင့်။
သမ္ဖပ္ပလာပါ၊ ပြိန်ဖျင်း‌သောစကားမှ။ ပဋိဝိရတာ၊ ရှောင်ကြဉ်သူတို့သည်။ သမ္ဖပ္ပလာပါ၊ မှ။ ပဋိဝိရတေဟိ၊ တို့နှင့်။ သဒ္ဓိံ၊ ကွ။ သံသန္ဒန္တိ၊ ကုန်၏ ။ သမေန္တိ၊ ကုန်၏ ။ ဣတိ၊ ဤသို့ မိန့်တော်မူ၏ ။ (ထူးရာကိုသာပေးသည်။ )
စတုတ္ထံ၊ လေးခုမြောက်သောသုတ်တည်း။

၅-ဒသကမ္မပထသုတ်

၁၁၁။
အဘိဇ္ဈာလုနော၊ သူတစ်ပါးပစ္စည်းတို့၌ ရှေးရှူကြံဖန်ခြင်း များသူတို့သည်။ အဘိဇ္ဈာလူဟိ၊ တို့နှင့်။
ဗျာပန္နစိတ္တာ၊ ဖောက်ပြန်ခြင်းသို့‌ရောက်သော စိတ်ရှိသူတို့သည်။ ဗျာပန္နစိတ္တေဟိ၊ တို့နှင့်။
မိစ္ဆာဒိဋ္ဌိကာ၊ မှားသောအယူရှိသူတို့သည်။ မိစ္ဆာဒိဋ္ဌိကေဟိ၊ တို့နှင့်။ သဒ္ဓိံ၊ ကွ။ သံသန္ဒန္တိ၊ တစ်ပေါင်းတည်းဖြစ်ကုန်၏ ။ သမေန္တိ၊ တစ်သားတည်းအဖြစ်သို့ရောက်ကုန်၏ ။ ဣတိ၊ ဤသို့ မိန့်တော်မူ၏ ။ (ထူးရာကိုသာပေးသည်။ )
ပဉ္စမံ၊ ငါးခုမြောက်သောသုတ်တည်း။

၆-အဋ္ဌင်္ဂိကသုတ်

၁၁၂။
မ်ိစ္ဆာသင်္ကပ္ပါ၊ မှားသော ကြံစည်ခြင်းရှိသူတို့သည်။ ပ။ မိစ္ဆာဝါစာ၊ မှားသောစကားရှိသူတို့သည်။ မိစ္ဆာကမ္မန္တာ၊ မှားသောအမှုရှိသူတို့သည်။ မိစ္ဆာအာဇီဝါ၊ မှားသောအသက်မွေးမှုရှိသူတို့သည်။ မိစ္ဆာဝါယာမာ၊ မှားသောလုံ့လရှိသူတို့သည်။ မိစ္ဆာသတိနော၊ မှားသောသတိရှိသူတို့သည်။ မိစ္ဆာသမာဓိနော၊ မှားသော သမာဓိရှိသူတို့သည်။ မိစ္ဆာသမာဓီဟိ၊ မှားသောသမာဓိရှိသူတို့နှင့်။ သဒ္ဓိံ၊ ကွ။ သံသန္ဒန္တိ၊ တစ်ပေါင်းတည်း ဖြစ်ကုန်၏ ။ သမေန္တိ၊ တစ်သားတည်းအဖြစ်သို့ရောက်ကုန်၏ ။ (မိစ္ဆာသင်္ကပ္ပါ၊ ဖောက်ပြန်သောအကြံရှိသူတို့သည် စသည်ဖြင့်လည်းပေးနိုင်၏ ။ )
သမ္မာဒိဋ္ဌိကာ၊ မှန်ကန်သော အယူရှိသူတို့သည်။ သမ္မာဒိဋ္ဌိကေဟိ၊ တို့နှင့်။
သမ္မာသင်္ကပ္ပါ၊ မှန်ကန်သောအကြံရှိသူတို့သည်။ သမ္မာဝါစာ၊ မှန်ကန်သောစကားရှိသူတို့သည်။ သမ္မာကမ္မန္တာ၊ မှန်ကန်သောအမှုရှိသူတို့သည်။ သမ္မာအာဇီဝါ၊ မှန်ကန်သောအသက်မွေးမှုရှိသူတို့သည်။ သမ္မာဝါယာမာ၊ မှန်ကန်သောလုံ့လရှိသူတို့သည်။ သမ္မာသတိနော၊ မှန်ကန်သောသတိရှိသူတို့သည်။ သမ္မာသမာဓိနော၊ မှန်ကန်သော သမာဓိရှိသူတို့သည်။ သမ္မာသမာဓီဟိ၊ တို့နှင့်။ သဒ္ဓိံ၊ ကွ။ သံသန္ဒန္တိ၊ တစ်ပေါင်းတည်းဖြစ်ကုန်၏ ။ သမေန္တိ၊ တစ်သားတည်းအဖြစ်သို့ ရောက်ကုန်၏ ။ ဣတိ၊ ဤသို့ မိန့်တော်မူ၏ ။ (ထူးရာကိုသာပေးသည်။ )
ဆဋ္ဌံ၊ ခြောက်ခုမြောက်သောသုတ်တည်း။

၇-ဒသင်္ဂသုတ်

၁၁၃။
မိစ္ဆာဉာဏိနော၊ မှားသောဆင်ခြင်ဉာဏ်ရှိသူတို့သည် မိစ္ဆာဉာဏိနော၌ မိစ္ဆာဉာဏ်ဟူသည် မှားသောဆင်ခြင်ဉာဏ်တည်း၊ မသင့်သောအားဖြင့် ဖြစ်သော အကုသိုလ်စိတ္တုပ္ပါဒ်ကိုကောက်။ တစ်နည်း မကောင်းမှုပြုရာတို့၌ သင့်လျော်သောနည်းလမ်း ရှာကြံသည်၏ အစွမ်းအားဖြင့် နှလုံးမသာယာကြောင်း မကောင်းမှုကိုပြု၍ သို့မဟုတ် ငါသည် ကောင်းစွာပြုအပ်ပြီဟု ဝမ်းသာကြောင်း မကောင်းမှုကိုပြု၍ ဆင်ခြင်ခြင်းအခြင်းအရာအားဖြင့်ဖြစ်သော မောဟကိုကောက်။ ၎င်းမောဟကား အဉာဏပင်ဖြစ်သော်လည်း နတ်စစ်မဟုတ် နတ်ရုပ်၌ နတ်ဟုခေါ်သကဲ့သို့ မိစ္ဆာဉာဏဟုခေါ်သည်။ မ-ဋ္ဌ-၁၊ ၁၉၂။ မ-ဋီ-၂၊ ၂၉၀။ ဤ ဋ္ဌ-ဋီ၊ တို့ကိုရှု။။ မိစ္ဆာဉာဏီဟိ၊ တို့နှင့်။
မိစ္ဆာဝိမုတ္တိနော၊ မှား‌သော ဝိမုတ္တိ (ရူပါရူပသမာပတ်) ရှိသူတို့သည် မိစ္ဆာဝိမုတ္တိနော၌ မိစ္ဆာဝိမုတ္တိဟူသည် ရူပ အရူပ သမာပတ်ကို ရကာမျှဖြင့် ဝဋ်မှလွတ်မြောက်ပြီးသူမဟုတ်ဘဲ ဝဋ်မှလွတ်မြောက်ပြီးသူဟု မှတ်ထင်သော အခြင်းအရာအားဖြင့်ဖြစ်သော တစ်နည်း-ပကတိပုရိသ အထူးကိုသိခြင်း‌စသော အဓိမုတ္တိ၌ ဝိမုတ္တိဟု မှတ်ထင်သော အခြင်းအရာအားဖြင့်ဖြစ်သော အကုသိုလ်အစုတည်း။ ၎င်း-ဋ္ဌ-ဋီတို့ကိုရှု။။ မိစ္ဆာဝိမုတ္တီဟိ၊ တို့နှင့်။ သဒ္ဓိံ၊ ကွ။ သံသန္ဒန္တိ၊ ကုန်၏ ။ သမေန္တိ၊ ကုန်၏ ။
သမ္မာဉာဏိနော၊ မှန်ကန်သော ဆင်ခြင်ဉာဏ်ရှိသူတို့သည် သမ္မာဉာဏိနော၌ သမ္မာဉာဏ်ဟူသည် (‌အောက်ဖလ ပုဂ္ဂိုလ်သုံးယောက်တို့၏ မဂ်ဖိုလ် နိဗ္ဗာန် ပဟီန ကိလေသာ အပ္ပဟီနကိလေသာတို့ကို ရဟန္တာပုဂ္ဂိုလ်၏ ရှေ့လေးပါးတို့ကို ဆင်ခြင်အားဖြင့်) တစ်ဆယ့်ကိုးပါးသော ပစ္စဝေက္ခဏာ ဉာဏ်တည်း။ ၎င်း-ဋ္ဌ-ဋီတို့ကိုပင်ရှု။။ သမ္မာဉာဏီဟိ၊ တို့နှင့်။
သမ္မာဝိမုတ္တိနော၊ မှန်ကန်သော ဝိမုတ္တိ (ဖိုလ်စိတ္တုပ္ပါဒ်) ရှိသူတို့သည် သမ္မာဝိမုတ္တိနော၌ သမ္မာဝိမုတ္တိ ဟူသည် ဖိုလ်စိတ္တုပ္ပါဒ်အားလုံးတည်း။ မ-ဋ္ဌ-၂၊ ၁၉၂။ မ-ဋ္ဌ-၃၊ ၉၄တို့၌ ဖလင်ရှစ်ပါးကို ကြဉ်ထားသော်လည်း မ-ဋီ-၂၊ ၁၉၀၊ ၌ သဗ္ဗေပိ ပန ဖလဓမ္မေ ဝိမုတ္တိက္ခဏ သင်္ဂဟတော ဝိမုတ္တီတိ ဝုစ္စမာနေန ကောစိ ဝိရောဓောဟု အစစ်မုချရသည်ကို ပြထားသောကြောင့် ဖိုလ်စိတ္တုပ္ပါဒ်အားလုံးကောက်လိုက်သည်၊ မ-ဋ္ဌ-၂၊ ၁၉၂။ မ-ဋီ-၂၊ ၂၉၁၊ ဤ-ဋ္ဌ-ဋီ တို့ကိုရှု။။ သမ္မာဝိမုတ္တီဟိ၊ တို့နှင့်။ သဒ္ဓိံ၊ ကွ။ သံသန္ဒန္တိ၊ ကုန်၏ ။ သမေန္တိ၊ ကုန်၏ ။ ဣတိ၊ ဤသို့ မိန့်တော်မူ၏ ။ (ထူးရာကို သာပေးလိုက်သည်။ )
သတ္တမံ၊ ခုနစ်ခုမြောက်သောသုတ်တည်း။ (သဗ္ဗတ္ထ၊ အသမာဟိတစသော အလုံးစုံသော သုတ်တို့၌။ အတီတာနာဂတပစ္စုပ္ပန္နံ၊ အတိတ် အနာဂတ် ပစ္စုပ္ပန်ကာလကို။ ကာတဗ္ဗံ၊ ပြုထိုက်၏ ။ )
တဿ၊ ထိုကမ္မပထဝဂ်၏ ။ ဥဒ္ဒါနံ၊ ဥဒ္ဒါန်းကား။
အသမာဟိတံ၊ အသမာဟိတသုတ်၎င်း။ ဒုဿီလံ၊ ဒုဿီလသုတ်၎င်း။ ပဉ္စ၊ ငါးပါးကုန်သော။ သိက္ခာပဒါနိ စ၊ သိက္ခာပုဒ်တို့ကိုလည်း။ (ဝုတ္တာနိ၊ ဟောတော်မူအပ်ကုန်၏ ။ ) တစ်နည်း- ပဉ္စသိက္ခာပဒါနိ စ၊ ပဉ္စသိက္ခာပဒသုတ်၎င်း (အဘိ‌ဓေယျတ္ထ) ။
သတ္တ၊ ခုနစ်ပါးကုန်သော။ ကမ္မပထာ၊ ကမ္မပထတို့ကို။ ဝုတ္တာ၊ ဟောတော်မူအပ်ကုန်၏ ။ တစ်နည်း- သတ္တကမ္မပထာ ဝုတ္တာ၊ သတ္တကမ္မပထသုတ်၎င်း။ ဒသကမ္မပထေန စ၊ ဒသကမ္မပထသုတ်နှင့်တကွ။
ဆဋ္ဌံ၊ ခြောက်ခုမြောက်။ ဝုတ္တော၊ ဟောတော်မူအပ်သော။ အဋ္ဌင်္ဂိကော၊ အဋ္ဌင်္ဂိကသုတ်၎င်း။ ဒသင်္ဂေန စ၊ ဆယ်ပါးသော အင်္ဂါဖြင့်လည်း။ သတ္တမံ၊ ခုနစ်ခုမြောက်။ (ဝုတ္တံ၊ ဟောတော်မူအပ်သော ဒသင်္ဂသုတ်၎င်းတည်း။ ) (သတ္တန္နံ သုတ္တန္တာနံ ဥဒ္ဒါနံ ဟု ရှေ့မှ ဖော််ပြခြင်းသည်၎င်း တတိယော ကမ္မပထဝဂ္ဂေါဟု ဥဒ္ဒါန်းဂါထာ နောက်မှထားခြင်းသည်၎င်း ရှေ့ဝဂ်တို့နှင့် မညီ၊ သို့ဖြစ်၍ တတိယော ကမ္မပထဝဂ္ဂေါ တဿုဒ္ဒါနံဟု ပြင်၍ အနက်သမ္ဗန်လိုက်သည်။ )
တတိယော၊ သော။ ကမ္မပထဝဂ္ဂေါ၊ သည်။ နိဋ္ဌိတော၊ ပြီးပြီ။