Issues
Select Version
sāsanāre-သာသနာရေး
မြန်မာဘာသာ
(SN)Nidānavaggo
(SN)Nidānavaggo

၆-အသနိသုတ်

Author: sāsanāre-သာသနာရေး @ IAPT

၆-အသနိသုတ်

၁၆၂။ (သာဝတ္ထိယံ ဝိဟရတိ။ ဒါရုဏော။ ပ။ အဓိဂမာယ ‌ပေးမြဲ။ ) ဘိက္ခဝေ၊ တို့။ အသနိဝိစက္ကံ၊ မိုးကြိုးစက်သည်။ (မိုးသားမရှိဘဲ အခြောက်တိုက်ပစ်ချတတ်သော မိုးကြိုးနှင့်တူသော လာဘသက္ကာရသိလောကကိုယူ။ ) ကံ၊ အဘယ်ပုဂ္ဂိုလ်သို့။ အာဂစ္ဆတု၊ လာရောက်နိုင်သနည်း။ လာဘသက္ကာရသိလောကော၊ လာဘ်ပူဇော်် အကျော် အစောသည်။ အပတ္တမာနသံ၊ အရဟတ္တဖိုလ်သို့ ‌မရောက်သေးသော။ သေခံ၊ သေခပုဂ္ဂိုလ်သို့။ အနုပါပုဏာတု၊ ရောက်နိုင်၏ ။ကံ။ ပ။ အာဂစ္ဆတု ကို ပုစ္ဆာဝါကျ၊ သေခံ။ ပ။ အနုပါပုဏာတုကို ဝိဿဇ္ဇနာဝါကျအဖြစ်ဖြင့် ယောဇနာသည်။ ကံ။ ပ။ အာဂစ္ဆတုဝါကျကို အကယ်၍ ပုစ္ဆာဝါကျအဖြစ်လက်ခံခဲ့လျှင် ပါဠိတော် အောက်ခြေ၌ ဧတ္ထ ဟိ ကိံ သဒ္ဒေန ပဋိက္ခေပတောပိ သက္ကာ ဉာတုံ ဟု ပါရှိသော မာ နိပါတ်သည် ပဋိသေဓဖြစ်သကဲ့သို့ ကိံ သဒ္ဒါဖြင့်လည်း ပဋိသေဓအနက် သိနိုင်သည် ဟူသော မှတ်ချက်အတိုင်း မဖြစ်နိုင်၊ သယံ အဘိညာယ ကမုဒ္ဒိသေယျ၌ ကံဖြင့် ပဋိသေဓ အနက်ကို သိစေနိုင်သည်ကား မှန်၏ ။ သို့သော် ၎င်းဝါကျသည် ပုစ္ဆာဝါကျမဟုတ်၊ ဤကံ၊ ပ။ အာဂစ္ဆတုဝါကျကား၊ ပုစ္ဆာဝါကျဖြစ်ရကား အောက်ခြေမှတ်ချက်၌ ပါရှိသော သာဓကသည် ဤပါဠိမူ၌ ပါရှိသော သာဓျဝါကျနှင့် ဆန့်ကျင်၏ ။
ကံ ။ ပ။ အာဂစ္ဆတုဝါကျသည် ပုစ္ဆာဝါကျဖြစ်ခဲ့လျှင် အာဂစ္ဆတိ အနုပါပုဏာတိဟု ဝတ္တမာန် ဝိဘတ်ဖြင့်ရှိသင့်၏ ၊ ပဉ္စမီဝိဘတ်ဖြင့် မရှိသင့်၊ ထိုကြောင့် အာဂစ္ဆတု အနုပါပုဏာတုဟု ရှိနေခြင်းကိုလည်း စဉ်းစားသင့်၏ ။ အောက်ခြေမှတ်ချက်နှင့် အညီ ပေးလိုသော်-ဘိက္ခဝေ၊ တို့။ ကံ၊ အဘယ််ပုဂ္ဂိုလ်သို့။ အသနိဝိစက္ကံ၊ သည်။ အာဂစ္ဆတု၊ လာရောက်နိုင်ပါအံံ့နည်း။ (အသနိဝိစက္ကသည် မည်သည့် ပုဂ္ဂိုလ်သို့မှ မလာရောက်နိုင်ဟူလို။ ) အပတ္တမာနသံ၊ သော။ ကံ သေမံ၊ အဘယ်သေခပုဂ္ဂိုလ်သို့။ လာဘသက္ကာရသိလောကော၊ သည်။ အနုပါပုဏာတု၊ ရောက်နိုင်အံ့နည်း။ (မည့်သည့်သေခပုဂ္ဂိုလ်သို့မှ လာဘသက္ကာရသိလောက မရောက်နိုင်ဟူလို။ ) ဟု ပေးရာ၏ ။ လာဘသက္ကာရသိလောကတို့၏ အစွမ်းထက်ပုံ အန္တရာယ်ကြီးမားပုံကို ဟောကြားကြောင်း နောက်နောက်သုတ်တို့နှင့် တွဲစပ်ကြည့်လျှင် အလွန်ထင်ရှားသည်၊ ထိုကြောင့် ဤအောက်ခြေမှတ်ချက်နှင့် အညီပေး‌သော အနက်လည်း သင့်အံ့မထင်။ အမှားအမှန်ချိန်ဆနိုင်စေရန် ၂-နည်းလုံး ရေးသားဖော်ပြလိုက်သည်။
ဘိက္ခဝေ၊ တို့။ အသနိဝိစက္ကန္တိ ဧတံ၊ အသနိဝိစက္ကံဟူသော ဤအမည်သည်။ လာဘသက္ကာရ သိလောကဿ၊ ၏ ။ အဓိဝစနံ၊ အမည်တည်း။ (ကြွင်းပေးမြဲ။ )
ဆဋ္ဌံ၊ ခြောက်ခုမြောက်သောသုတ်တည်း။